Sunday, November 28, 2010

ညီမလေး

အောင်မလေး အောင်မလေး
အောင်မလေးလေး ညီမလေး
မြန်မာမလေး ညီမလေး
မလေးမှာ လုပ်တဲ့ ညီမလေး
မလေးမလေး လုပ်နေတဲ့ ညီမလေး
ဖင်မလေးတဲ့ ညီမလေး
ဘ၀င်မအေးတဲ့ ညီမလေး
အလုပ်လေးစားတဲ့ ညီမလေး
တစ်လုပ်လေးစားတဲ့ ညီမလေး
တစ်မှေးလေးအိပ်တဲ့ ညီမလေး
ညအခါ မသဲမကွဲတွေးတဲ့ ညီမလေး
လစာ နည်းနည်းလေးနဲ့ ညီမလေး
ကျေးဇူးသိတဲ့ ညီမလေး
အိမ်ကိုခင်တဲ့ ညီမလေး
ညီမလေးတွေ ချစ်တဲ့ ညီမလေး
မောင်ကြီး ချစ်တဲ့ ညီမလေး
ကိုကိုလေးက တမေးမေး
အန်တီလေးက တမေးမေး
မမလေးကို တမေးမေး
အရီးလေးကို တမေးမေး
ဖုန်လေးတဆက်ဆက် ညီမလေး
အပြုံးလေး မပျက်တပျက် ညီမလေး
နှုတ်ကလေးလေး ညီမလေး
အထုပ်ကလေးလေး ညီမလေး
ကိုယ်လေးလက်ဝန်မလေး ညီမလေး
အောင်မလေးလေး ညီမလေး


ငြိမ်းချမ်းကြပါစေ
ရှင်အာစာရ

စပ်လျဉ်း

၂၀၁၀ အောက်တိုဘာ (၁၃)ရက်တုန်းက ရင်းနှီးတဲ့ ဆရာတော်တစ်ပါးကို ကဗျာတစ်ပုဒ် မျှဝေခဲ့ဖူးသည်။ တိုက်တိုက်ဆိုင်ဆိုင် သို့မဟုတ် မဆီမဆိုင် ၂၀၁၀ နိုဝင်ဘာ (၂၆)ရက်တုန်းက “မလေးရှားတွင် မြန်မာမိန်းကလေးတစ်ဦး အသတ်ခံရခြင်း”ဆိုတဲ့ သတင်းတစ်ကို ဖတ်ခဲ့ရသည်။