Wednesday, November 24, 2010

ဗုဒ္ဓဥာဏ်တော်ကို ဝေဖန်သော ဘာသာခြား

ဘာသာခြားတစ်ယောက်က ဆရာတော်တစ်ပါးအား မေးလာသောမေးခွန်းတစ်ခုမှာ

ဗုဒ္ဓဘာသာတိုင်း ကြိုသိထားသင့်သဖြင့် သတိရတုန်း ဖော်ပြလိုက်ပါတယ် ။

ဒကာ ။ ။ ဆရာတော် ၊ ဆရာတော်တို့
ဗုဒ္ဓဘုရားက သဗ္ဗညုတ သိစရာမှန်သမျှ အကုန်

သိတယ် လို့လည်း ပြောကြတယ် ။ တစ်ခါ အခုလို သာသနာနှစ် ကြာလာ

တဲ့အချိန်မှာ အဆိုးဆုံး ဘာသာခြားတစ်ခု ပေါ်လာလိမ့်မယ် ။အဲဒီဘာသာ

ခြားတွေက ဗုဒ္ဓဘာသာကို လူဖောက် သာသနာပြုပြီး ဖျက်ဆီးကြလိမ့်မည်

လို့ ဟောခဲ့တယ်လို့လည်း တပည့်တော် မကြားဖူးပါ ဘုရား ။ဒီတော့ အကုန်

သိတယ်ဆိုရင်လည်း ဒီအကြောင်းတွေ ဟောခဲ့ရမယ် ။ အခု မဟောခဲ့ပုံကို

ထောက်သောအားဖြင့် ဒီအကြောင်းတွေဖြစ်လာမယ်ဆိုတာ မသိလို့ဆိုတဲ့

သဘော သက်ရောက်မနေဘူးလား ဘုရား ။

ဆရာတော် ။ ဒကာ ၊ ဒကာတို့အိမ်ဝိုင်းမှာ သရက်ပင် ၊ ဘယ်နှစ်ပင်ရှိတုန်း ။

ဒကာ ။ လေးပင်ရှိပါတယ်ဘုရား ။

ဆရာတော် ။ အုန်းပင်ရော ဘယ်နှစ်ပင်ရှိတုန်း ။

ဒကာ ။ ငါးပင်ရှိပါတယ် ဘုရား ။

ဆရာတော် ။ ဒါနဲ့ မြက်ပင်တွေရော ဘယ်နှစ်ပင်ရှိတုန်း ။

ဒကာ ။ ဟာ.....မြက်ပင်တွေတော့ တပည့်တော် ဘယ်ရေတွက်ထားမလဲဘုရား။

ဆရာတော် ။ သရက်ပင် ၊ အုန်းပင် ကျတော့ ရေတွက်ထားပြီး မြက်ပင်ကျတော့ဘာလို့

ရေတွက်မထားတာလဲ ။

ဒကာ ။သရက်ပင် ၊ အုန်းပင် ကတော့ တန်ဘိုးရှိတဲ့အပင်ဆိုတော့ မှတ်ထားတာပေါ့

ဘုရား ။ မြက်ပင်တွေကတော့ ကောင်းကျိုးမပြုတဲ့ အပင်တွေဆိုတော့ ဘယ်

ရေတွက်ပြီး မှတ်ထားတော့မလဲ ဘုရား ။

ဆရာတော် ။ ဒကာ ၊ အဲဒီဥပမာအတိုင်းပဲ ၊ ဗုဒ္ဓက မသိလို့မဟုတ်ဘူး သိတယ် ။ဒါပေမယ့်

ဒကာကိုယ်တိုင် တန်ဘိုးမရှိတဲ့ မြက်ပင်တွေကို ရေတွက်ပြီးမှတ်မထားသလို

ဗုဒ္ဓကလည်း တန်ဘိုးမရှိတဲ့ မြက်အမှိုက်လောက်အဆင့်သာရှိတဲ့ ဒကာတို့

ဘာသာဝင်တွေကိုလည်း လူစာရင်းမသွင်းတဲ့ အတွက် တကူးတက ထည့်

မဟောခဲ့တာ ။

အတွေးအခေါ် အသိဥာဏ် ရှိတဲ့လူသားတွေ လက်မခံတဲ့ ဒကာတို့ဘာသာ

ဟာလည်း ကြာလေ ကမ္ဘာက ပျောက်လေ ဖြစ်သွားမှာကို ကြိုသိလို့ ဘာမှ

ပူစရာမရှိလို့ ဗုဒ္ဓက ကြိုမဟောခဲ့တာပဲ ဒကာ ။

ထို ဘာသာခြားဒကာကား ခေါင်းငိုက်စိုက်ချလျက် ဘာမှ ဆက် မပြောနိုင်တော့ပေ။