Friday, September 17, 2010

အင်တာနက်သုံးစွဲသူများပြားလာသော်လည်း ချက်တင်ထိုင်ခြင်းမျိုးဖြင့်သာအချိန်ဖြုန်းသူများနေ

လက်ရှိမြန်မာနိုင်ငံတွင်အင်တာနက်သုံးစွဲသူများပြားလာသော်လည်း အင်တာနက်မှ လက်တွေ့အကျိုးရရှိမည့် ကိစ္စ ရပ်များကိုဆောင်ရွက်ခြင်းမပြုဘဲ မလိုအပ်သော ချက်တင်ထိုင်ခြင်းမျိုးနှင့်သာ အချိန်ဖြုန်းနေသူများပြားစွာ ရှိနေ သေးသည်ဟု ပြည်တွင်းအိုင်တီပညာရှင်များထံမှ စုံစမ်းသိရှိရသည်။ ၎င်းအင်တာနက်အားသုံးစွဲသူ အများစုမှာ လည်း လူငယ်များပင်ဖြစ်သည်။ သုံးစွဲသူများထဲတွင်အွန်လိုင်းမှ တစ်ဆင့် ချက်တင်များထိုင်ရုံတင်မက Online ဂိမ်းများကိုပင်ဆော့ကစားနေသူဦးရေမှာလည်း များပြားလာခဲ့သည်။ သို့သော် အင်တာနက် သုံးစွဲသူဦးရေမှာ တစ်နိုင်ငံလုံးအတိုင်းအတာ တစ်ရပ်နှင့် နှိုင်းယှဉ်ကြည့်ပါက  လွန်စွာနည်းနေသေးသည်မှာတော့အမှန်ပင်ဖြစ်သည်။ သုံးစွဲသူဦးရေအလွန်နည်းနေသေးသည့် အချိန်မှာပင် သုံးစွဲသူသုံးပုံနှစ်ပုံခန့်မှာ ချက်တင်နှင့်ဂိမ်းများတွင်သာ အချိန် ကုန် နေသူများဖြစ်သည်။ ထိုနည်းတူ ရတနာပုံတယ်လီပို့မှ အင်တာနက်ဝန်ဆောင်မှုစနစ်တစ်ခုအဖြစ် မြန်နှုန်း မြင့်ဖိုင်ဘာဆက်ကြောင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝန်ဆောင်မှုများပေးတော့မည်ဖြစ်သည်။ ထိုနည်းတူ အင်တာနက်သုံးစွဲမှု အများဆုံးမှာ မြန်မာနိုင်ငံ၏ အဓိက မြို့တော်ကြီးများဖြစ်သည့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးအစရှိသော မြို့များတွင်သာ သုံးစွဲ မှုကျယ်ကျယ်ပြန့်ပြန့်သာရှိသေးသည်။ လူငယ်များ အနေ နှင့်နိုင်ငံ၏ နည်းပညာဖွံ့ဖြိုးတိုးတက်လာမှု အပေးအမှီပြု၍ ကိုယ်ပိုင်အသိပညာ ကဏ္ဍအားတိုးမြှင့် သင့်သော်လည်း ယနေ့ခေတ် လူငယ်အချို့လက်တွေ့တွင် အင်တာနက်မှ တစ်ဆင့် လမ်းလွဲတစ်ခုနှင့်ကြုံတွေ့နေရသည်ဟု အင်တာ နက်ကျွမ်းကျင်သူတို့ကဆိုကြောင်း ၂၀၁၀ခုနှစ်စက်တင်ဘာ ၁၉ရက်နေ့ ထုတ် 24/7 News ဂျာနယ်တွင် ဖော်ပြ ထားပါသည်။

ကျောင်းမနေခဲ့ဖူးသော မြန်မာကလေးငယ်များ အတွက် ကျောင်းပြင်ပ ပညာရေး ၂ နှစ်သင်ယူပြီးသည်နှင့် ကျောင်းတွင်း ပဉ္စမတန်း တိုက်ရိုက် တက်ရောက်နိုင်မည့် အခွင့်အရေး ရရှိနေပြီ

အခက်အခဲ အမျိုးမျိုးကြောင့် ကျောင်းပညာ မသင်ကြားနိုင်ခဲ့သော ကလေးငယ်များအတွက် ကျောင်းပြင်ပ ပညာရေးစနစ်တစ်ခုကို မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (Unicef)


ထိုပညာရေးစနစ်၏ အကျိုးရလဒ် အနေဖြင့် အသက် ၁၀ နှစ်မှ ၁၂ နှစ်အရွယ် ကလေးငယ်များသည် ကျောင်းပြင်ပ ပညာရေးကို Level-1 နှင့် Level-2 အနေဖြင့် ၂ နှစ် သင်ယူပြီးနောက်တွင် ကျောင်းတွင်း ပညာရေးအဖြစ် ပဉ္စမတန်း (Grade-6) သို့ တိုက်ရိုက် တက်ရောက် သင်ကြားနိုင်မည်ဟု သိရသည်။
တို့မှ ပူးပေါင်း၍ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်လျက် ရှိကြောင်း သတင်းရရှိသည်။

ယခုအခါ အဆိုပါ NFPE ဟု အမည်ပေးထားသော အဆိုပါ စီမံကိန်းကို မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် စတင် အကောင်အထည် ဖော်လျက် ရှိသည်။


ထိုသို့ သင်ကြားပေးရာ၌ ကလေးငယ်များ အဆင်ပြေစေရန် ကျောင်းချိန်ကို ညှိနှိုင်း ဖွင့်လှစ် ထားပေးပြီး ဘာသာရပ်များ အနေဖြင့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ အခြေခံသိပ္ပံ၊ ပထ၀ီ၊ သမိုင်း၊ ဘ၀တွက်တာ ကျွမ်းကျင်စရာ၊ စာရိတ္တနှင့် ပြည်သူနီတိ၊ ပြည်ထောင်စု စိတ်ဓာတ်၊ ကာယနှင့် အားကစားဆိုင်ရာ ဘာသာရပ်များကို အထူးရေးဆွဲထားသော သင်ရိုးညွှန်းတန်း စာအုပ်များနှင့် စနစ်တကျ သင်ကြားပေးလျက် ရှိကြောင်း သတင်းရရှိသည်။

ခြေစုံရပ်ပြီး သစ်ပင်ပေါ်မှ အသီးစားရဖို့ အတွက် ကြိုးစားနေတဲ့ သဘာဝလွန် စွမ်းဆောင်မှုများဖြင့် ဇင်ဘာဘွေ တောအုပ်ထဲက ဆင်ကြီး


အသက် ၄၀ ခန့်ရှိ ဆင်ထီးကြီးတစ်ကောင်သည် စတန့်ထွင် ဖန်တီးမှု တစ်ခုဖြင့် သာမန်ဆင်များ တစ်ကောင်အနေဖြင့် သစ်ပင် ပင်စည်ကို လှုတ်ခါပြီး အသီးရယူလေ့ရှိသော်လည်း သဘာဝကို လွန်ကဲလျက် သူကြားမြင် သင်ကြားခဲ့ဖူးသောပုံစံဖြင့် အသီးခူးရန် ကြိုးစားနေခဲ့ခြင်း သတင်း ယနေ့ ကမ္ဘာ့မီဒီယာများတွင် ထူးထူးခြားခြားအဖြစ် ဖေါ်ပြလျက် ရှိနေသည်။

ဆင်ကြီး၏ လုပ်ဆောင်ချက်ကို ဇင်ဘီးယားနိုင်ငံ လိုးဝါးဇင်ဘယ်ဇီ အမျိုးသားဥယာဉ် အိုးမွန်တို တောတွင်းစခန်း တွင်း စခန်းချလျက်ရှိသည့် အသက် ၂၈ နှစ်ရှိ အန်တီနီမှ လျပ်တစ်ပြတ် ဓါတ်ပုံရိုက်ယူ ခဲ့ခြင်း ဖြစ်သည်။ ဥယာဉ်ထဲတွင် တောတွင်းစခန်းချ နားနေကြသော ဧည့်သည်အများစုသည် မိမိတို့ အုပ်စုအလိုက် စခန်းချနေကြစဉ် ဆင်ကြီး၏ အထင်ကြီးစရာ ကောင်းလောက်သော လုပ်ဆောင်ချက်ကို အံ့သြဖွယ် တွေ့ကြုံခဲ့ရခြင်း ဖြစ်သည်။ 



ဆင်ကြီးသည် အဆိုပါ သစ်သီးပင်ကြီးပေါ်သို့ တစ်ကြိမ်တည်းသာ လှမ်းခူးရန် ကြိုးစားခဲ့ခြင်း မဟုတ်ဘဲ အခြားသော သစ်ပင် အစိတ်အပိုင်းများကိုလည်း ငါးကြိမ်တိုင်တိုင် ခူးယူရန် ကြိုးစားခဲ့သည်။

ဓါတ်ပုံရိုက်ယူခဲ့သော လူငယ်လေးမှ ပြောကြားခဲ့ရာတွင် "ကျွန်တော်သိသလောက် ကျွန်တော်တို့ အရပ်ဒေသနားမှာ ဒီလိုဆင်မျိုးတွေဟာ ဘယ်တော့မှ အခုလို သစ်သီးခူးလေ့မရှိပါဘူး။ သူကတော့ အခုလို ခူးတတ်နေတာ တစ်နေရာရာက မြင်ပြီး သင်ယူလာတာ ဖြစ်ပါလိမ့်မယ်။ ဒီဆင်ကြီးက ဆင်ပျိုတွေ အုပ်စုရဲ့ ခေါင်းဆောင် ဆင်တစ်ကောင်လဲ ဖြစ်ပါတယ်။ အာဖရိက ဆင်တွေဟာ ၁၃ ပေ အမြင့်အထိ မတ်တပ်ရပ်နိုင်ကြပြီး ခြောက်တန်အထက် အလေးချိန်ရှိကြပါတယ်။ သူတို့ရဲ့ လွှသွားနဲ့ တူတဲ့ သွားလေးချောင်းဟာ အလေးချိန် ၁၁ ပေါင်အထိ ရှိပါတယ်။ အတိုင်းအတာ အားဖြင့် ၁၂ လက်မ ရှည်လားလေ့ ရှိပါတယ်။ သူတို့ရဲ့ နှာမောင်းတွေ ကလည်း သူတို့ရဲ့ သွားတွေလိုဘဲ အသုံးပြုနိုင်ပါတယ်။ နှာမောင်းတွေရဲ့ အလေးချိန်က ပေါင် တစ်ရာအထိ ရှိနိုင်ပြီး အတိုင်းအတာအားဖြင့် ရှစ်ပေအထိ ရှည်လျှားကြပါတယ်။ နှာမောင်းတွေမှာ အရိုးအဆစ် ပါဝင်ခြင်း မရှိဘဲ ကြွက်သားပေါင်း တစ်သိန်းကျော် အခန်းတွေနဲ့ တည်ဆောက်ထားတာ ဖြစ်တယ်။ ဒီကြွက်သားတွေရဲ့ ထောက်ကူမှုနဲ့ ဘယ်လောက်သေးငယ်တဲ့ ပစ္စည်းကို မဆို စွဲစွဲ မြဲမြဲ ဆုတ်ကိုင်နိုင်တာကတော့ အံ့ဖွယ်ပါဘဲ။" ဟုပြောကြားခဲ့သည်။


Online banking စတင်တော့မည့် ရတနာပုံ တယ်လီပို့



မြန်မာနိုင်ငံရှိ Online အသုံးပြုသူများ၊ Online Business ဆောင်ရွက်နေသူများ၏ အခက်အခဲ အကြုံရဆုံး ကိစ္စတစ်ခုမှာ Online ပေါ်မှ ငွေပေးချေနိုင်ခြင်း မရှိသည့် အခက်အခဲ ဖြစ်သလို နိုင်ငံတကာရှိ ငွေကြေး ၀န်ဆောင်မှုပေးသော ကုမ္မဏီကြီးများ၏ ၀န်ဆောင်မှု များကိုလည်း ပြည်တွင်းမှ အသုံးပြုသူများ ရယူနိုင်ခြင်း မရှိခဲ့မှုတို့ကြောင့် များစွာ အဆင်မပြေ ဖြစ်ခဲ့ရမှုတို့အတွက် ယခုအခါ သတင်းကောင်း တစ်ခု ကြားသိခဲ့ရပြီ ဖြစ်သည်။

ရန်ကုန်မြို့ ဆာကူရာ တာဝါမှ စက်တင်ဘာလ ၆ ရက်နေ့က ကျင်းပခဲ့သော ရတနာပုံ တယ်လီပို့၏ ပုံနှိပ်မီဒီယာများနှင့် တွေ့ဆုံပွဲ အခမ်းအနားတွင် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း သတင်း နှင့် နည်းပညာ ဌါနမှ  အင်ဂျင်နီယာချူပ် ဦးဇော်မင်းဦးက "ကျွန်တော်တို့ Portal တွေကနေ ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး Online Payment တွေ ဆောင်ရွက်နိုင်ဖို့ စီစဉ်ထားပါတယ်။ ၀န်ဆောင်မှု ပေးမယ့် ဘဏ်တွေအဖြစ် လောလောဆယ် Asia green development ဘဏ် နဲ့ ယူနိုက်တက် အမရာ ဘဏ်တို့နဲ့ ချိတ်ဆက် ဆောင်ရွက်ဖို့ ညှိနှိုင်း ထားပါတယ်။ ရည်ရွယ်ချက်ကတော့ အွန်လိုင်းမှာဘဲ ဈေးဝယ်၊ ငွေချေလို့ ရသည်အထိ စီစဉ်ထားပါတယ်။ Ecommerce အောင်မြင်အောင် အကောင်အထည် ဖေါ်နိုင်ဖို့ Online banking စနစ်ကို ပီပီပြင်ပြင် ဆောင်ရွက်နိုင်မှ ရမှာပါ။ ဘဏ်ရဲ့ လုပ်ထုံးလုပ်နည်းတွေ Transaction တွေကို Online ကနေဆောင်ရွက် နိုင်ဖို့ အချိန်ယူ ညှိနှိုင်းရပါအုံးမယ်။ ဥပမာ ဘဏ်တွေက ညနေ ၃ နာရီဆိုပိတ်ပြီး User က ည ၈ နာရီလောက်မှာ ငွေသွင်းချင်တယ်။ ဒီလိုမျိုးတွေ အဆင်ပြေဖို့အတွက် ဘယ်လို ညှိနှိုင်းဆောင်ရွက်ရမလဲ စသဖြင့် အများကြီးပါဘဲ။"  ဟုပြောကြားခဲ့သည်။



"Online banking တွေရဲ့ အားသားချက်က ငွေစက္ကူအတိုင်း ကိုင်တွယ် သုံးစွဲရတာတွေ လျော့ချပြီး ငွေစက္ကူတွေ နာလို့ Print လုပ်ရတဲ့ ကုန်ကျစရိတ်တွေ မလိုလားအပ်တဲ့ ကုန်ကျစ၇ိတ်တွေကို အများကြီးလျော့ချနိုင်ပါတယ်။ ခေတ်တစ်ခုကနေ တစ်ခုပြောင်းတာဟာ မကြာတော့ပါဘူး။ သူများတွေ ရှေ့က လုပ်ပြီးသား ရှိနေပြီ ဆိုတော့ စမ်းတစ်ဝါးဝါး မဟုတ်ဘဲ အမြန်သွားလို့ မှီပါတယ်။" ဟု ငွေကြေးဆိုင်ရာ စီးပွါးရေး ပညာရှင် ဒေါက်တာ သောင်းဟန်ကလည်း ထောက်ပြ ခဲ့သည်။



လတ်တလော ၀န်ဆောင်မှုများအနေဖြင့် City Mark, Ocean, Blazon, Capital, Orange စသည့် နာမည်ကြီး စူပါ မားကတ် ငါးခုအပြင် အခြားသော စတိုးဆိုင်များမှ ကုန်စည်များကိုလည်း Online ဈေးဝယ် ၀န်ဆောင်မှုအဖြစ် စက်တင်ဘာလ ကုန်တွင် စတင်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဇာတ်ကားလေးများ အပိုင်း (၁)

ဇာတ်ကားအမည်                           ပါဝင်သူများ                                       ဒေါင်းရန်

၁။လူမိုက်တစ်ရာ                ကျော်ဟိန်း၊တင့်တင့်ထွန်း                        အပိုင်း ၁အပိုင်း ၂