Monday, October 18, 2010

တရုတ်နိုင်ငံရှိ ရုပ်ရှင်ပွဲတော်တွင် မြန်မာနိုင်ငံမှ ရုပ်ရှင်ဇာတ်ကား တစ်ကား ပါဝင်ပြသမည်

တရုတ်နိုင်ငံ၏ ၁၉ ကြိမ်မြောက် Golden Rooster and Hundred Flowers ရုပ်ရှင်ပွဲတော်သို့  မြန်မာနိုင်ငံမှ ရုပ်ရှင်ဇတ်ကား တစ်ကား ပါဝင်ပြသမည် ဖြစ်ကြောင်း မြန်မာ့ရုပ်ရှင် အသိုင်းအဝိုင်းနှင့် နီးစပ်သူများက ပြောကြားကြောင်း သိရသည်။

အင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့် ရိုက်ကူးထားသော  မြန်မာ ရုပ်ရှင်ဇတ်ကား “အတိတ်၏အရိပ်” (Shadows of the Past) ကို အောက်တိုဘာလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ ၅ ရက်ကြာ ကျင်းပမည့် တရုတ် ရုပ်ရှင်ပွဲတော်တွင် ပြသမည် ဖြစ်သည်။
ထိုရုပ်ရှင်ဇတ်ကားသည် ဆွတ်ဇာလန် နိုင်ငံ၏ ရှုခင်းအလှ အပများပေါ်တွင် ဇတ်အိမ်ဖွဲ့ကာ ဒါရိုက်တာ ဇင်ယော်မောင်မောင် ကရိုက်ကူးထားပြီး မြန်မာ သရုပ်ဆောင်သစ် အောင်သူရ နှင့် နာမည်ကျော် သရုပ်ဆောင် အိဒ္နြာကျော်ဇင်တို့ ပါဝင်သရုပ်ဆောင်ထားသော ဒရာမာ ဇတ်ကားဖြစ်သည်။

ရုပ်ရှင်ပွဲတော်သို့ သွားရောက် ပြသသည့် မြန်မာ ကိုယ်စားလှယ် အဖွဲ့တွင် အဆိုပါ ဇတ်ကား၏ ထုတ်လုပ်သူ၊ ဒါရိုက်တာ နှင့် မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ တာဝန်ရှိသူများ ပါဝင်ကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ Golden Rooster and Hundred Flowers ရုပ်ရှင်ပွဲတော်သို့ မြန်မာနိုင်ငံသည် ၂၀၀၉ ခုနှစ်က “ကြိုးတန်း” (Piece of String) နှင့် “မျှော်လင့်ခြင်းများစွာ” (Much Expectation) ရုပ်ရှင်ဇတ်ကားများနှင့် လည်ကောင်း၊ ၂၀၀၇ ခုနှစ်တွင် “ဆဋ္ဌဂံ” (Hexagon) ရုပ်ရှင်ဇတ်ကားဖြင့် လည်းကောင်း၊ ၂၀၀၅ ခုနှစ်တွင် “လှို့ဝှက်သောနှင်း” (Mystery of the Snow) ရုပ်ရှင်ဇာတ်ကားဖြင့် လည်ကောင်း ပါဝင်ပြသခဲ့ဖူးသည်။

ယခုလကုန်တွင် မန္တလေးမြို့၌ တစ်နိုင်ငံလုံး သယ်ဆောင်အသုံးပြုနိုင်သော ငါးသိန်းတန်ဖုန်းများ ချပေးတော့မည်

တစ်နိုင်ငံလုံးတွင် အသုံးပြုနိုင်မည့် CDMA 450 MHz (ငါးသိန်းတန်) ဖုန်းများကို မန္တလေးမြို့တွင် ယခု အောက်တိုဘာ လကုန်ပိုင်း၌ စတင်ချထားပေးတော့မည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ကြားသိရသည်။ ထိုသို့ ချပေးရာတွင် နေပြည်တော်ဖုန်းများ ကဲ့သို့ ၀၉xxxx ဖြင့် စသည့် နံပတ်များ ဖြစ်မည် ဖြစ်ပြီး မန္တလေးမြို့အတွက် မကြာခင် ချပေးနိုင်ရန် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ စီစဉ်ဆောင်ရွက်နေကြောင်း ကြားသိရသည်။

မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့ကြီး ဖြစ်သလို လူဦးရေ အလွန်များပြားလှပြီး ဖုန်းဝယ်လိုအားလည်း အထူးကောင်းမွန်တိုးတက် နေကြောင်း၊ နေပြည်တော်ဖုန်းများကို မန္တလေးမြို့တွင် အစိုးရထုတ်ဈေး ၅ သိန်းကျပ်အပြင် အမြတ် ၆ သောင်းမှ တစ်သိန်းအထိ ပေး၍ ၀ယ်ယူနေကြကြောင်း၊ ယခုကဲ့သို့ မန္တလေးမြို့တွင် နေပြည်တော်ဖုန်းကဲ့သို့ တစ်နိုင်ငံလုံး သယ်ဆောင်အသုံးပြုနိုင်သော ဖုန်းများ ချထားပေးမည်ဆိုခြင်းကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း မန္တလေးမြို့ခံ တစ်ဦးက ပြောကြားခဲ့သည်။


ပြည်တွင်းတွင် တစ်နိုင်ငံလုံး သယ်ဆောင် အသုံးပြုနိုင်သော CDMA 450 MHz ဖုန်းများကို ယခုနှစ် စက်တင်ဘာလက နေပြည်တော်တွင် စတင်ချပေးခဲ့သော်လည်း တစ်နိုင်ငံလုံးမှ လာရောက်လျှောက်ထားမှုများ အထူး များပြားခဲ့ပြီးနောက် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပြန်လည်ရပ်နားခဲ့သည်။

မြန်မာလူငယ်များ မန်စီးတီးအသင်းမှာ ဘောလုံးသမား ဖြစ်လာဖို့ အခွင့်အလမ်းကောင်း ပေါ်လာပြီ


အင်္ဂလန် ပရီးမီးယားလိဂ်၏ နာမည်ကျော် ကလပ်အသင်းတစ်သင်း ဖြစ်သည့် မန်ချက်စတာစီးတီး အသင်းသည် ကမ္ဘာတစ်လွှားရှိ ဘောလုံးအားကစား ၀ါသနာပါသူ လူငယ်များအတွက် အွန်လိုင်း ဘောလုံး အကယ်ဒမီကို နိုဝင်ဘာလ ၇ ရက်နေ့တွင် စတင်တော့မည်ဟု အသင်း၏ official ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

မန်စီးတီး အသင်း၏ official ၀က်ဘ်ဆိုက်မှာ http://ecademy.mcfc.co.uk/  ဖြစ်ပြီး အဆိုပါဆိုက်တွင် မန်စီးတီးအသင်း၏ အကျော်အမော် ဘောလုံးသမားများ၏ တစ်ဦးချင်း ဘောလုံးကျွမ်းကျင်မှု လေ့ကျင့်ခန်းများကို ဗီဒီယို ရိုက်၍ တင်ပေးထားကာ ဘောလုံးပညာ မျှဝေသွားမည် ဖြစ်ပြီး ဆိုက်တွင် Sign Up ပြုလုပ်ထားသော မန်ဘာများအနေဖြင့်လည်း မိမိတို့၏ ကျွမ်းကျင်စွာ လေ့ကျင့်ပုံများကို ဆိုက်တွင် ပြန်လည်တင်နိုင်ကြောင်း၊ ဤသို့ စဉ်ဆက်မပြတ် သင်ယူသွားရင်း မိမိ၏ ကျွမ်းကျင်မှုအဆင့်ကို အွန်လိုင်းမှ တင်ပြကာ အကဲဖြတ်အဖွဲ့၏ အမှတ်များကို ရယူနိုင်ကြောင်း၊ သတ်မှတ် အမှတ်အဆင့်အတန်း ရသူများကို မန်စီးတီးအသင်းမှ အရည်အချင်း အသိအမှတ်ပြု လက်မှတ် ပေးအပ်သွားမည် ဖြစ်ပြီး ထူးချွန်သူများကို မန်စီးတီး လေ့ကျင့်ရေးကျောင်းသို့ ခေါ်ယူလေ့ကျင့်ပေးခြင်း ပြုမည်ဖြစ်ပြီး မန်စီးတီးအသင်း၏ အရန်အသင်းများတွင် စတင်ပါဝင်ကစားစေမည် ဖြစ်သည်ဟု ဆိုက်တွင် ရေးသားဖော်ပြထားသည်။



ယခုသတင်းသည် ကမ္ဘာကျော် ဘောလုံးအသင်း တစ်သင်းတွင် ဘောလုံးသမား ဖြစ်ချင်သည့် အိပ်မက်ပိုင်ရှင် လူငယ်များအတွက် အထူးအခွင့်အရေး တစ်ရပ်ဟု ဆိုနိုင်ပြီး မြန်မာ့လက်ရွေးစင် ဘောလုံးသမားများ၊ နေရှင်နယ်လိဂ် ဘောလုံးသမားများ၊ ပြည်တွင်းရှိ ဘောလုံးအားကစား ၀ါသနာပါသူများအတွက် ပညာတိုးတက်မည့် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်နေသောကြောင့် ဖော်ပြပေးလိုက်ရပါသည်။

ကုလားကားတွေ/တရုတ်သိုင်းကားတွေမရှိရင် ဘယ်တော့မှမသိနိုင်မယ့်အချက်တွေကတော့

ကုလားကားတွေမရှိရင် ဘယ်တော့မှမသိနိုင်မယ့်အချက်တွေကတော့
  • မင်းသားဟာ အပြင်းထန်ဆုံး အရိုက်အနှက်ခံနေရချိန်မှာတောင် နာကျင်ပုံမပြပေမယ့် မင်းသမီးက အနာကို သန့်စင်ပြီးဆေးထည့်ပေးတဲ့ အခါမှာတော့ နာကျင်ပြီးတွန့်သွားတတ်ပါတယ်။
  • မင်းသားနဲ့မင်းသမီးဟာ မိုးရေထဲမှာ အရင်မ"က"ရသေးသရွေ့ ချစ်သူမဖြစ်ရပါဘူး။
  • မိတ်ကပ်တွေဟာလည်း တစ်ခါလိမ်းပြီးရင် မိုးရွာရွာ နေပူပူ ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် ဒီအတိုင်းပဲရှိနေပါတယ်။
  • မင်းသားနဲ့မင်းသမီး ချစ်သူနှစ်ယောက် ကွင်းပြင်ထဲမှာ ကနေတုန်း ရုတ်တရက် (ဘယ်ကရောက်လာသလဲဆိုတာ ဘုရားပဲ သိနိုင်တဲ့) လူ(၁၀၀)လောက် ထွက်လာပြီး သူတို့နဲ့အတူ ၀င်ကလေ့ရှိပါတယ်။
  • ဇာတ်သိမ်းခန်းကျရင် မင်းသားဟာ သူနဲ့တိုက်ခိုက်နေတဲ့လူဆိုးက သူ့အစ်ကိုဖြစ်ကြောင်း၊ သူ့ကိုကြည့်ရှုစောင့်ရှောက်နေတဲ့ အိမ်ဖော်မိန်းမကြီးက သူ့အမေဖြစ်ကြောင်း၊ ရဲအရာရှိကြီးက သူ့အဖေဖြစ်ကြောင်း၊ တရားသူကြီးက သူ့ဦးလေးဖြစ်ကြောင်း စသည်ဖြင့် စသည်ဖြင့် ဖော်ထုတ်သိရှိသွားတတ်ပါတယ်။
  • ရုပ်ရှင်ထဲက စကားတွေကြားမှာ ခပ်ကျယ်ကျယ်ပြောပြီး အများဆုံးညှပ်သုံးတတ်တဲ့ အင်္ဂလိပ်စကားလုံးတွေကတော့ "No Problem", "My God!", "Get Out!", "Shut Up!", "Impossible" နဲ့ "Please forgive me!" တို့ဖြစ်ပါတယ်။
  • မင်းသား မင်းသမီးတွေဟာ သီချင်းဆိုနေတုန်းမှာပဲ မြေကြီးပေါ်လှဲချပြီး လူးလှိမ့်နိုင်သလို အ၀တ်အစားတွေလဲ အမျိုးမျိုးပြောင်းနိုင်ကြပါတယ်။
  • သူတို့တွေဟာ အုန်းပင်တွေကြားမှာ ပြေးလွှားခြင်း၊ သီချင်းဆိုခြင်း၊ မျက်တောင်များ ပုတ်ခတ်ပုတ်ခတ်လုပ်ခြင်း၊ တစ်ယောက်နဲ့တစ်ယောက် ဖြတ်ကနဲ အကြည့်ချင်းဖလှယ်ခြင်း၊ အ၀တ်အစားလဲခြင်းများကို တပြိုင်ထဲမှာ လုံးဝမမောမပန်းဘဲ လုပ်နိုင်ကြပါတယ်။
တရုတ်သိုင်းကားတွေမရှိရင် ဘယ်တော့မှမသိနိုင်မယ့်အချက်တွေကတော့

  • မင်းသားရဲ့ မိဘဖြစ်ရတဲ့သူတွေဟာ ကံမကောင်းတတ်ကြပါဘူး။ မင်းသားငယ်စဉ်ဘ၀မှာ ရန်သူတွေသတ်တာခံရပြီး မင်းသားက မိဘမဲ့ဖြစ်သွားလေ့ရှိပါတယ်။



  • ဒဏ်ရရပြီး သေလုမျောပါးဖြစ်နေတဲ့ လူတွေဟာ အသက်ကိုရအောင်ရှုပြီး သူ့ကိုဘယ်သူသတ်သလဲဆိုတာ ဖော်ထုတ်ဖို့စကားအနည်းငယ်ပြောပြီးမှ (သေကြောင်းပြတဲ့ အနေနဲ့) ခေါင်းကစောင်းကျသွားပါတယ်။



  • သိုင်းပညာရှင်တွေဟာ ခေါင်မိုးတွေ သစ်ပင်တွေပေါ်မှာ အဝေးကြီးကို ချွေးလုံးဝမထွက်ဘဲ ပျံနိုင်ပါတယ်။ ဒါပေမယ့် တခြားမြို့တွေရွာတွေကို ခရီးထွက်တဲ့ အခါတွေမှာတော့ လမ်းလျှောက်ပြီး (ဒါမှမဟုတ်) မြင်းစီးပြီး သွားကြရရှာပါတယ်။



  • မင်းသားသူရဲကောင်းတွေဟာ ပိုက်ဆံရဖို့အတွက် အလုပ်မလုပ်ပေမယ့် ၀ယ်စားတဲ့ အစားအစာတွေအတွက် ပေးဖို့ ရွှေတုံးငွေတုံးတွေ သူတို့မှာ အမြဲ ရှိနေတတ်ပါတယ်။



  • တိုင်းပြည်က ဘယ်လောက်ကြီးကြီး၊ ဘယ်နေရာတွေမှာပဲ ရောက်နေနေ မင်းသားနဲ့လူဆိုးတွေဟာ မကြာခဏ လမ်းမှာဆုံလေ့ရှိကြပါတယ်။



  • အတွင်းဒဏ်ရာတွေ ကုသရတာလည်း အရမ်းလွယ်ကူပါတယ်။ တင်ပလင်ခွေထိုင်၊ ဒူးခေါင်းပေါ်မှာ လက်တွေတင်ပြီးရင် ခေါင်းက မီးခိုးတွေထွက်သွားတာနဲ့ ပျောက်ပါပြီ။



  • သူတို့ဟာ အကျီလက်တွေ ခါးပတ်တွေထဲမှာ ပစ္စည်းတွေအများကြီး (အထူးသဖြင့် ရွှေတုံးငွေတုံးတွေ) ထည့်နိုင်ပြီး ဘယ်တော့မှလည်း ပြုတ်မကျကြပါဘူး။