Thursday, December 9, 2010

မလိုချင်တဲ့ Mail တွေမရောက်အောင် ဘယ်လိုလုပ်မလဲ

mgmg: မလိုချင်တဲ့ မေးတွေ မရောက်အောင် ဘယ်လိုလုပ်ရမလဲမသိလို့ ပြောပြပေးပါခင်ဗျား
cbox မှာ ကိုမောင်မောင်ရဲ့  မေးမြန်းထားချက်ကို ပြန်ကြားပေးခြင်းဖြစ်ပါတယ်။


ကိုယ့်ရဲ့  Gmail အကောင့်ထဲကို ကိုယ်လက်မခံချင်သူရဲ့  Mail တွေရောက်မလာအောင်၊ ကိုယ်လက်မခံချင်တဲ့ စကားလုံးမျိုးတွေပါတဲ့ Mail တွေရောက်မလာအောင် ပိတ်ပင်တားဆီးလို့ရပါတယ်။ အောက်ပါအတိုင်း အဆင့်ဆင့် လုပ်ဆောင်ပါ။

၁။ မိမိရဲ့  Gmail အကောင့် ကို ဖွင့်လိုက်ပါ။

၂။ ညာဘက် ထိပ်ထောင့်နားက Setting ဆိုတာလေးကို Click လိုက်ပါ။



၃။ Filters ဆိုတာကို Click ပါ။



၎။ အောက် အလယ်နားက Create a new Filter ဆိုတာကို Click ပါ။



၅။ From ဆိုတဲ့နေရာမှာ ကိုယ်လက်မခံချင်တဲ့ သူရဲ့  အီးမေးလ် လိပ်စာထည့်ပါ။ (သို့မဟုတ် ကိုယ်လက်မခံနိုင်တဲ့စကားလုံး မျိုးကို တားဆီးချင်ရင် Has the words ဆိုတဲ့အကွက်မှာ တားဆီးချင်တဲ့ စကားလုံးကို ရိုက်ထည့်ပါ။)



၆။ ပြီးရင် Next Step ဆိုတဲ့ Button ကို Click ပါ။ Delete it ဆိုတဲ့ Check box လေးကို အမှန်ခြစ်ဖြစ်အောင် ကလစ်ပါ။ ပြီးရင် Create Filter ဆိုတဲ့ Button လေးကို ကလစ်ပါ။



၇။ ဒါဆိုရင် Filter တစ်ခုဖန်တီးပြီးသွားပြီ ဖြစ်ပါတယ်။ ကိုယ့်ဆီကို အဲဒီလိပ်စာက မေးလ် (သို့မဟုတ် စကားလုံးပါသောမေးလ်) ၀င်လာရင် ပို့လိုက်သူမသိစေပဲ တားဆီးဖျောက်ဖျက်သွားပါလိမ့်မယ်ဗျာ။ စိတ်ချမ်းမြေ့ပါစေ။


ဧကရီပြောသော Alarm Clock


ကျွန်တော် အင်တာနက်သုံးမိရင် အကုန်မေ့ကုန်တယ်ဗျ။ အချိန်တွေလဲ ဘယ်လိုကုန်သွားမှန်းမသိဘူး။ ဧကရီပြောတဲ့ Online Alarm Clock လေးတွေ့တော့ ကျွန်တော့်အတွက် ဟန်ကျသွားပြီ။ ဟဲ။ သဘောကျလို့ အဲဒီနာရီလေးကို အပိုင်ယူပြီး သိမ်းထားလိုက်ပါတယ်။ လက်တွေ့သုံးရမယ်လေ။ နာရီလေးကို ညွန်ပေးတဲ့ ဧကရီကို ကျေးဇူးတင်ပါတယ်ဗျာ။



Online Alarm Clock



Aviary kukuklok-com Picture 4.png

အွန်လိုင်းအမြဲသုံးကြတဲ့သူတွေ အတွက် အိပ်ချိန် စားချိန် အလုပ်လုပ်ချိန်မှန်ဖို့ ခက်ခဲပါတယ်။

အင်တာနက် သုံးဖို့ ကွန်ပျူတာရှေ့ ထိုင်လိုက်မိတာနဲ့ ...နာရီ မသိ ၊ အချိန် မရှိတော့ ။
 ဘယ်အချိန်တွေ ဖြစ်လို့ ဖြစ်မှန်းလဲမသိ ။ ဘာလုပ်လို့ လုပ်ရမှန်းလဲ မသိ ။
 ချိန်းထားတာတွေ အကုန်လွဲ ... ။ ဟိုလွဲ ဒီလွဲ ဖြစ်နေသူများအတွက်ပါရှင့်။

ခဏလေးလို့ ထင်လိုက်ပေမဲ့ .. တစ်နာရီ ၊ နှစ်နာရီလောက်ကြာချင်လည်း ကြာနေတတ်တယ် ။
တစ်နေကုန်ကြချင်လည်းကြာသွားတတ်ကြပါတယ်။
အဲလိုတွေ မဖြစ်အောင် အောက်က ဆိုက်ဒ်လေးကို ကလစ်ပြီး ဖွင့်ထားလိုက်ပါ။
အွန်လိုင်း ကနေ alarm ပေးထားမယ်ဆိုရင်အချိန်လေးတိကျလာမှာဖြစ်ပါတယ် ။

Online Alarm Clock ကိုကလစ်ပါ။
 

click တစ်ချက် နှိပ်ပြီး အဲ့ဆိုဒ်လေးကို ဖွင့်ရင်

Digital နာရီလေးတွေ့ရပါလိမ့်မယ်။
အပေါ်မှာ လက်ရှိ ရောက်နေတဲ့ current time ကို ပြနေပြီး
 
ဘေးက ကြက်ဖ ပုံလေးမှာ preview sound ကို နှိပ်ကြည့်လိုက်ပါ ... ။
 အဲ့ဒါဆို မိမိ alarm ပေးထားတဲ့ အချိန်မှာ ကြက်တွန်သံနဲ့ ... alarm လေး ပေးနေပါလိမ့်မယ် ။
ကိုယ်စိတ်ကြိုက်alarm သံလေးပေးချင်ရင်တော့ ကြက်ဖ ပုံလေး ဘေးနားက arrow လေးတွေကို နှိပ်ပြီး ရိုးရိုးနှိုးစက် နာရီသံ ၊
 electronic တတီ...တီ..မြည်သံ ၊ slayer guitar မြည်သံ အကျယ်ကြီးနဲ့ ...၊
 စစ်ချီတေးသံ ... အစရှိတဲ့.. မိမိ ကြိုက်နှစ်သက်ရာ alarm အသံများကိုလည်း ရွေးချယ်ပေးလို့ ရပါသေးတယ်။

ဒါကြောင့်  အဲ့ဆိုဒ်လေး ကိုဖွင့် alarm လေးကို set လုပ်ပေးပြီးး မိမိ သုံးချင်တဲ့ .. အင်တာနက်ကို ကြိုက်သလို ထိုင်သုံးနေပါ... ။
 alarm လေး မြည်လာတဲ့ အချိန်မှာတော့ .. မိမိ တစ်ခုခု လုပ်စရာ ရှိလာပြီ ဆိုတာကို .. အလိုလို alarm မြည်သံ ကြားတာနဲ့ သတိရလာပါလိမ့်မယ်။
အဆင်ပြေပါစေ။
                                      

                                                                            ***ဧကရီ***


မြန်မာ Flash Song လေးများ

Credit: မူရင်းဖန်တီးသူများ...
သီချင်းရပ်ချင်ရင် ဒိုးလုံး --> စိတ်ကူး --> Stop ကိုနှိပ်ပါ။