Wednesday, December 22, 2010

gtalk skin ( အစိမ်းနဲ့အပြာ)

စီဘောက်ထဲမှာ ကို နိုင်လင်းဦး လာတောင်းထားတဲ့ gtalk အစိမ်းရောင်နဲ့ အပြာရောင် လေး တင်ပေးလိုက်ပါတယ်။ခင်ဗျာ။

အစိမ်းရောင်
ဒေါင်းရန်

http://www.ziddu.com/download/13086538/green_skin_color.rar.html

http://www.mediafire.com/?0rqbjq14o1q47ox

http://ifile.it/w2mf79q/green_skin_color.rar

http://www.zshare.net/download/8422369755167100/

http://oron.com/w7dq750jugce/green_skin_color.rar.html

http://www.mirrorcreator.com/files/W9W7F7VB/

 အပြာရောင်

ဒေါင်းရန်

http://www.ziddu.com/download/13086544/blue_skin_color.rar.html

http://www.mediafire.com/?r7c7l5k71kcks1a

http://ifile.it/rk4c96e/blue_skin_color.rar

http://www.zshare.net/download/84223742998184da/

http://oron.com/e1mp64llkfei/blue_skin_color.rar.html

http://www.mirrorcreator.com/files/BTZRJPOR/


အမြဲတမ်း သုံးမယ်ဆိုရင် download ချထားတဲ့ googletalk.exe လေးကို copy လုပ်ပြီး

“C:\Program Files\Google\Google Talk” ဖိုဒါထဲမှ မူလရှိနေတဲ့

googletalk.exe အား delete လုပ်ပြီး copy ယူလာသော googletalk.exeကို 

paste လုပ်ပြီး အစားထိုးပေးလိုက်ပါခင်ဗျာ....

ဗုဒ္ဓအဘိဓမ္မာ မှ ကံ အကြောင်း သိမှတ်ဖွယ်ရာများ

ရည်ညွှန်း-အရှင်ဇနကာဘိဝံသ-ကိုယ်ကျင့်အဘိဓမ္မာ။


ကျွန်တော်တို့ ကံကောင်းအောင် ဘယ်လိုလုပ်ရမလဲ၊ ကောင်းတဲ့ကံတွေက ဘယ်အချိန်မှာ အကျိုးပေးလာမလဲ။
ကျွန်တော်တို့ရဲ့  ဘ၀အဆက်ဆက်တိုင်းမှာ ကောင်းတဲ့ကုသိုလ်ကံတွေရော၊ မကောင်းတဲ့အကုသိုလ်ကံတွေရော လုပ်ခဲ့ကြပြီးပါပြီ။ (Probability ဖြစ်နိုင်ချေ သင်္ချာသဘောတရားအရ ကြည့်တာပါ။) အဲဒီကံတွေက ကိုယ့်ကို အကျိုးပေးလာဖို့ အခွင့်ကောင်း စောင့်နေကြတယ်။ ကုသိုလ်ကံ အကျိုးပေးဖို့ အခွင့်သာလာရင်တော့ ကောင်းကောင်း ကြီးပွားတိုးတက်ပြီပေါ့ဗျာ။ အဲ၊ အကုသိုလ်ကံ အကျိုးပေးဖို့ အခွင့်သာပြီ ဆိုရင်တော့ ကောင်းကောင်း ခံစားရတော့မယ်။ ကျွန်တော်တို့ အောင်မြင်၊ ကြီးပွားတိုးတက်အောင်၊ ကုသိုလ်ကံတွေ အကျိုးပေးခွင့်သာအောင် လုပ်ကြရအောင်လေ၊ မကောင်းဘူးလား။ သင်္ချာသဘောတရားအရ လူတိုင်းမှာ အတိတ်တုန်းက လုပ်ခဲ့တဲ့ ကုသိုလ်ကံတွေ အားလုံးရှိခဲ့ကြပြီးသား။ လူအားလုံးဟာ အခွင့်အရေး ညီမျှစွာ ကြီးပွားတိုးတက် အောင်မြင်နိုင်ခွင့်ရှိကြတယ်။ အောက်ပါအချက် (၄)ချက်နဲ့ ပြည့်စုံနေရင် ကံကြမ္မာကောင်းတွေ ရောက်ရှိလာပါလိမ့်မယ်-
(၁) သင်ယခု ရောက်ရှိ/ဖြစ်ပေါ်နေတဲ့ ဘ၀အခြေအနေ။
(၂) ခေတ်ကာလ အခြေအနေ ကောင်းနဲ့ ကြုံကြိုက်ခြင်း။
(၃) သင့်ရဲ့ ဥပဓိရုပ်ဆင်းကို နှစ်လိုဖွယ် ပြင်ဆင်နေထိုင်ခြင်း။ လူတွေမြင်ရင် ချစ်ခင် ပူးပေါင်းလိုတဲ့ အကျင့်စရိုက်လေးတွေ မွေးမြူခြင်း။
(၄) ကြိုးစားအားထုတ်မှု၊ လုံ့လ၀ီရိယ နှင့် ပြည့်စုံခြင်း။ ကုသိုလ်တရားများ စဉ်ဆက်မပြတ် ပွားများနေခြင်း။(ဒီအချက်က အရေးအကြီးဆုံးပါ)။
အောက်မှာ ကျွန်တော်တင်ပေးထားတဲ့ ကံအကြောင်း သိမှတ်ဖွယ်ရာတို့ကို ဖတ်ရှုလေ့လာကြည့်စေလိုပါတယ်။ အောင်မြင်ကြပါစေဗျာ။



Link...

ဘယ်လိုမိန်းမမျိုးရမလဲ၊ ဘယ်တော့နှစ်ကိုယ်တူနီးရမလဲ

ဆရာစံဇာဏီဘို ရဲ့  အချစ်ဗေဒင် စာအုပ်မှ ဖြစ်ပါတယ်။


ကဲ အွန်လိုင်းပေါ်မှာ ကွန်ပျူတာတစ်လုံး မလိုချင်ကြဘူးလား။

အွန်လိုင်းပေါ်မှာ ကွန်ပျူတာတစ်လုံး လိုချင်သူများ ဒီနေရာလေး  ကို ကလစ်လိုက်နော်။ဘာတွေလုပ်လို့ရသလဲဆိုတာတော့ မပြောတော့ပါဘူး။New user ကိုနိုပ်အကောင့်လုပ်ပြီး ကလိကြည့်ပေတော့ ကိုယ်ပိုင်desktop ကိုယ်ပိုင် ဖိုင်လေးတွေလုပ်ပြီး သိမ်းချင်တာ သိမ်းထားနိုင်ပါတယ်။သီချင်းတွေရောပုံတွေပါ သိမ်းပြီး ကြည့်နားထောင်လို့ရသေးတယ်နော်။ဒါလေးက ကျွန်တော်လုပ်ထားတာလေးပါ။

မြန်မာ့ လက်ရွေးစင် အမျိုးသမီး များကို ထိုင်းကလပ် အသင်းများ အပြိုင် ကမ်လှမ်းနေ

မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်းနှင့် ယူ-၁၉ အမျိုးသမီး အသင်းမှ ကစားသမား အချို့ကို ပရိုပြောင်း တော့မည့် ထိုင်းအမျိုးသမီး လိဂ်မှ  ကလပ် အသင်း အချို့က ကမ်းလှမ်းမှု ပြုလုပ်နေကြောင်း သိရသည်။

ပြည်တွင်း အားကစား ဂျာနယ် တစ်စောင် ဖြစ်သည့် Daily Sports ၏ ဖော်ပြချက် အရ အဆိုပါ ကစားသမား များကို ခေါ်ယူနိုင်ရန် အတွက် ထိုင်းကလပ် အသင်း (၃)သင်းမှ ကမ်းလှမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ မြန်မာ အမျိုးသမီး ယူ-၁၆ အသင်းသည် ပြီးခဲ့သည့် သီတင်းပတ်က ဘန်ကောက်မြို့တွင် AFC အမျိုးသမီး ယူ-၁၆ ပွဲ ယှဉ်ပြိုင်နေစဉ် အသင်းတာဝန် ရှိသူများကို အဆိုပါ ကလပ် အသင်းများမှ လာရောက် ဆက်သွယ်ခြင်း ဖြစ်သည်။ ၎င်းတို့သည် လက်ရွေးစင် အသင်းမှ (၆)ဦး၊ အမျိုးသမီး ယူ-၁၉ အသင်းမှ (၃)ဦး တို့ကို ခေါ်ယူလိုခြင်း ဖြစ်ကြောင်း သိရသည်။

"သူတို့က စန်းစန်းမော်တို့ အုပ်စုကို အဓိက လိုချင်တယ်။ ယူ-၁၆ အသင်းက ကစားသမား တွေကို လာပြီ ကမ်းလှမ်းတာတော့ မဟုတ်ဘူး။ ယူ-၁၉ အသင်းက ၃ ဦး၊ လက်ရွေးစင် အသင်းက ၆ ဦး ခေါ်ဖို့ လာပြောကြတာ။ အစ်မတို့လည်း အဲဒီ ကိစ္စအတွက် ဥက္ကဋ္ဌကို တင်ပြထား ပါတယ်။ ဆုကြေးစား ထွက်ကစားခွင့် ပေးမယ် မပေးဘူး ဆိုတာက ဥက္ကဋ္ဌပဲ ဆုံးဖြတ်မှာပါ။ သွားကစားခွင့် ပေးမယ် ဆိုရင်တော့ လာမယ့် နှစ်ထဲမှာ သွားကစား ရမယ်"ဟု မြန်မာ အမျိုးသမီး အသင်း အုပ်ချုပ်သူ ဒေါ်မြတ်မြတ်ဦးက အဆိုပါ ဂျာနယ်သို့ ပြောကြားခဲ့သည်။

အဆိုပါ ကလပ်အသင်း များသည် မြန်မာ အမျိုးသမီး ကစားသမား များကို လစာ ဒေါ်လာ ၁၀၀၀ နှင့် ၆လ စာချုပ် ချုပ်ဆိုရန် ကမ်းလှမ်းခဲ့ခြင်း ဖြစ်ပြီး နေရာထိုင်ခင်းနှင့် ကျောင်းတက်ရန်ပါ စီစဉ်ပေးမည်ဟု သိရသည်။ "တက္ကသိုလ် တက်မယ့် သူတွေအတွက် ဘန်ကောက် မှာပဲ တက္ကသိုလ် တက်လို့ရအောင် သူတို့ စီစဉ်ပေးမယ်လို့ ပြောပါတယ်။ ယူ-၁၉ ကစားသမား အများစုက ၁၀ တန်း အောင်ပြီးသားတွေ ပါတယ်လေ။ နောက်ပြီး နိုင်ငံ့ လက်ရွေးစင် အသင်းအတွက် ကစားဖို့ ရှိရင်လည်း ပြန်လွှတ် ပေးမယ်လို့ ပြောထားတယ်"ဟု ဒေါ်မြတ်မြတ်ဦးက ဆက်လက် ပြောကြားခဲ့သည်။

credit soccermyanmar

ချမ်းချမ်းရဲ့ တကယ်ဆိုရင် အချစ်ပဲလိုတယ်

ဒီသီချင်းလေးကို ကျွန်တော်ချစ်သူလေး ဧကရီမှ တောင်းဆိုထားတာဖြစ်ပါတယ်။

ဂိမ်းလေးတစ်ခုပါ


ဒီနေရာလေးမှာ ဂိမ်းလေးတခုတွေ့ခဲ့တယ်ဗျာ...
 ယူမလာတတ်ဘူးဖြစ်နေလို့ ကိုယ်တိုင်ပဲသွားဆော့လိုက်တော့နော်...
တီးလုံးလေးနဲ့ ဖီးတော့ရှိသဗျ...
မကြိုက်ရင်လည်း နောက်ထပ်ဆက်ရှာပြီးဆော့ကြပေါ့ဗျာ...
ပျော်ရွှင်ကြပါစေကြောင်း...







         ******************   တောင်ကြီးသားလေး...   ********************