Sunday, February 27, 2011

တစ်သက်လုံး မညှိုးနွမ်းဘဲ ကြာရှည်ခံမယ့် ထိုင်းနိုင်ငံမှ အံ့သြဖွယ်ရာ ဆပ်ပြာ ပန်းပွင့်များ

အရောင်စုံ အသွေးစုံဖြင့် အလွန်လှပသော ပန်းပွင့်လေးများ ဖြစ်သည်။ မွေးရနံ့ အမျိုးမျိုးလည်း ထုံမွှန်းနေသေးသည်။ ထို့အပြင် ထိုပန်းပွင့်လေးများသည် တစ်သက်လုံး မညှိုးနွမ်းဘဲ ကြာရှည်ခံမည်ဟု ဆိုလျင် အလွန်ပင် အံ့သြဖွယ် ဖြစ်တော့မည်။ မှန်ပါသည်။ ထိုင်းနိုင်ငံမှ ဆပ်ပြာ ပန်းပွင့်များသည့် အလွန်လှပပြီး ကြာရှည်လည်း အထားခံကြပါသည်။

ယနေ့ခေတ်တွင် ဆပ်ပြတုံးဖြင့် ပြုလုပ်ထားသော ပန်းပုလက်ရာ ပန်းပွင့်လေးများကို ထိုင်းနိုင်ငံ တစ်ဝှမ်းရှိ အမှတ်တရ လက်ဆောင်ပစ္စည်း ရောင်းချသည့် ဆိုင်များတွင် အလွယ်တစ်ကူ ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။

ဆပ်ပြာ ပန်းပွင့်များ၏ မူရင်းနေရာမှာ ထိုင်းနိုင်ငံ မြောက်ပိုင်း Chiang Rai မြို့ဝန်းကျင်ရှိ ရွာများမှ ဖြစ်သည်။ ၎င်းရွာများရှိ ဒေသခံတို့သည် မိမိတို့၏ လယ်ကွင်းများ ယာခင်းများအတွင်း အလုပ်အားလပ်ချိန်တွင် ဆပ်ပြာတုံးပေါ်တွင် ပန်းပွင့်နှင့် အရုပ်များ ထွင်းလေ့ရှိသည်။ ဒေသခံတို့၏ ဝါသနာ အလျောက် ပြုလုပ်သည့် ပန်းပွင့် ပန်းပုလက်ရာများသည် အနုပညာ လက်ရာကောင်း တစ်ခုအဖြစ်သို့ ရောက်ရှိလာပြီး ဒေသတွင်း ညဈေးများတွင် ရောင်းချရာမှာ ကမ္ဘာလှည့် ခရီးသွားများအား ဆွဲဆောင်သည့် လက်မှု အနုပညာတစ်ခု အဖြစ်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

soap flowers Thailand jpg

soap flowers Thailand10 jpg

soap flowers Thailand11 jpg

soap flowers Thailand12 jpg

soap flowers Thailand2 jpg

soap flowers Thailand3 jpg

soap flowers Thailand4 jpg

soap flowers Thailand5 jpg

soap flowers Thailand6 jpg

soap flowers Thailand7 jpg

soap flowers Thailand8 jpg

soap flowers Thailand9 jpg

credit မြို့တော်ပုသိမ် သတင်းစဉ်