Sunday, February 27, 2011

အနာဂတ်ဖုန်း Flex Display ကို ခေါက်နိုင် ဆန့်နိုင်သော မျက်နှာပြင် ဒီဇိုင်းဖြင့် မြင်တွေ့ရမည်

နည်းပညာ မြင့်မားလာသည်နှင့်အမျှ အနာဂတ် နည်းပညာပစ္စည်းများသည် ပိုမိုသဘောကျ နှစ်လိုဖွယ်ရာ ဖြစ်လာသည်။ ဒီဇိုင်နာ Hank Chien-Cheng Chen ၏ ဒီဇိုင်းဖြစ်သော Flex Display Phone ကို ပုံမှန် ၃ လက်မအရွယ် မိုဘိုင်းဖုန်း မျက်နှာပြင်မှ ၅ လက်မအရွယ် notepad မျက်နှာပြင် ဖြစ်အောင် ဆွဲဆန့်နိုင်သော touch screen ဖြင့် မြင်တွေ့ရသည်။

ထို ခေါက်နိုင် ဆန့်နိုင်သော touch screen သည် ဖုန်း၏ မြင်ကွင်းပြင် ဖြစ်သကဲ့သို့ အီးမေလ်းနှင့် မက်ဆေစ့်များ အလွယ်တစ်ကူ ပို့နိုင်သော touch keyboard လည်းဖြစ်သည်။ ထို ဒီဇိုင်းဆန်းဆန်း မိုဘိုင်းဖုန်းသည် ပုံမှန် စမတ်ဖုန်း တစ်လုံး၏ လုပ်ဆောင်ချက်များ အားလုံး ဆောင်ရွက်နိုင်သည့် အပြင် အခြားလုပ်ဆောင်ချက် များစွာလည်း ပါဝင်မည်ဟု ဆိုသည်။

Flex Display Phone Concept

Flex Display Phone Concept 6

Flex Display Phone Concept 5

Flex Display Phone Concept 4

Flex Display Phone Concept 3

Flex Display Phone Concept 2

Flex Display Phone Concept 1
http://patheincity.com/news//HLIC/8eb7bfce91afc40a8cf5b0c2eb75d0df.jpg

credit မြို့တော်ပုသိမ် သတင်းစဉ်