Saturday, February 19, 2011

Zawgyi ဖြင့် စာဖတ်လို့ရပြီး စာရိုက်လို့မရတဲ့ ပြဿနာများအတွက်

ဒီလိုဗျာ တစ်ချို့ Zawgyi ကိုဖတ်လို့ရတယ် ရေးလို့မရဘူးဆိုတာတွေဖြစ်နေတယ်။
zawgyi keyboard ရိုက်မရတာနဲ့ပါတ်သတ်လို့ သိသလောက်ပြောပြပါမယ်။
ပထမဆုံး zawgyi ကိုတော့ install လုပ်ထားရမှာပေါ့လေ။

စာဖတ်လို့ရပြီး unicode keyboard ကိုမပေါ်တဲ့ပြဿနာအတွက် ဒီလိုလုပ်ပါ။

run box မှာ intl.cpl လို့ရိုက်ပြီး Regional and Language Options ကိုဖွင့်ပါ။
Regional and Language Options ဆိုတဲ့ box ကျလာမယ်။ အဲ့မှာ Languages tab ထဲက Details ကိုနှိပ်ပါ။
ပြီးတော့ Advanced tab ထဲက Turn off advanced text services ဆိုတဲ့နေရာမှာ uncheck လုပ်ပါ။ ပြီးရင် apply >> ok ဆိုရင် keyboard လေးပေါ်လာပါမယ်။ keyboard လေးသာပေါ်လာတာ တစ်ချို့ အဲ့ဒီ keyboard ထဲမှာ zawgyi keyboard မပါသေးလို့ စာရိုက်မရတာတွေရှိတယ်။

unicode keybaord ထဲမှာ zawgyi keyboard ကို install လုပ်ခြင်း

ပုံထဲကအတိုင်း keyboard လေးပေါ်ကို r-click နှိပ်ပြီး settings ကိုနှိပ်ပါ။


ဒီနေရာမှာ zawgyi keyboard ပါမပါကြည့်ပါ။ မပါသေးရင် add ကိုနှိပ်ပါ။


ပုံမှာ ပြထားတဲ့အတိုင်း ကိုယ် install လုပ်ထားတဲ့ zawgyi အမျိုးအစားကို ရှာပြီးရွှေးပါ။ ပြီးတော့ ok နှိပ်ပါ။

အခုလို zawgyi keyboard လေးရောက်လာတာတွေ့ရပါမယ်။ ပြီးတော့ apply >> ok နှိပ်ပါ။
ဒါဆိုရင်တော့ zawgyi keyboard ကို install လုပ်ပြီးပါပြီး Shift+Ctrl ကို တစ်လှည့်ဆီနှိပ်ပြီးတော့ပဲဖြစ်ဖြစ်၊ keyboard icon လေးမှာ mouse လေးနဲ့ထောက်ရွှေးပြီးတော့ပဲဖြစ်ဖြစ် zawgyi ကိုသုံးလို့ရပါပြီ။ တစ်ချို့ကျတော့လည်း keyboard shortcut က Shift+Ctrl မဟုတ်ဘဲ Shift key တစ်ခုတည်းဖြစ်ရင်ဖြစ်နေတက်ပါတယ်။ Key Setting မှာ change လို့ရပါတယ်။ တော်တော်များများကတော့ zawgyi ကို install လုပ်ပြီးရင် ဘာမှ မလိုပါဘူးအဆင်ပြေပါတယ်။
အခုပြောတဲ့ နည်းလမ်းတွေက တစ်ချို့တစ်ဝက်အတွက်လိုအပ်နေလို့ပါ။ ကျနော်မှာဆိုလည်း
zawgyi ကို install လုပ်ပြီး restart ချလိုက်တာနဲ့ စာလည်းဖတ်လို့ရတယ်။ စာလည်းရိုက်လို့ရပါတယ် အခုလိုတွေ မလုပ်ရပါဘူး။ ဒါက
zawgyi နဲ့ပါတ်သတ်လို့ အခက်အခဲဖြစ်တဲ့သူများအတွက် ရည်ရွယ်ပါတယ်။ သိပြီးသားသူများနှင့် အခက်အခဲမဖြစ်တဲ့သူများအတွက် သိပ်အရေးမကြီးပါဘူး။ အဆင်ပြေပါစေဗျာ။

source : www.sawsan.freehostingcloud.com

အာရှ အမျိုးသားများကြား ခေတ်စားလာသော အမျိုးသမီး ဆန်ဆန် ဆံပင်ပုံစံများ

ယနေ့ခေတ် ဖက်ရှင်ရေစီးသည် အဆန်းတကြယ် ဒီဇိုင်းများဖြင့် ပိုမိုများပြား ရှုတ်ထွေးလာပေရာ အသစ်အသစ်သော ဖက်ရှင် ဒီဇိုင်းများ ပေါ်ထွက်လာသကဲ့သို့ အမျိုးသမီး ဖက်ရှင်နှင့် အမျိုးသား ဖက်ရှင်တို့အကြား ခြားနားမှု တံတိုင်းသည် တစ်ဖြည်းဖြည်း ပါးလွှာ လာလျက်ရှိသည်။
ယနေ့ခေတ်တွင် အမျိုးသမီးများသည်လည်း လူအဖွဲ့အစည်းအတွင်း ပိုမိုနေရာရလာကာ အမျိုးသားတို့နှင့် တန်းတူ လှုပ်ရှား သွားလာနိုင်ကြသည့် အလျောက် ရှေးယခင်က မိန်းမဆန်ဆန် နှင့် သိမ်မွေ့အောင် တုတ်နှောင်ထားသည့် ဖက်ရှင်ပုံစံများထက် ပိုမိုသွက်လက်သော အမျိုးသားဆန်သည့် ဖက်ရှင်များကို ဝတ်ဆင်လာကြသည်။
ထိုအတူ ယနေ့ခေတ်တွင် အမျိုးသားတို့သည်လည်း ယခင်ကာလများထက် ပိုမို၍ အလှအပ နှင့် ဖက်ရှင်အပေါ် ဂရုစိုက်ကြသည် ဖြစ်ရာ ပုံမှန်ဝတ်နေကျ အမျိုးသား ဖက်ရှင်များမှ ခွဲထွက်ပြီး အရောင် အသွေးနှင့် ဒီဇိုင်းဆန်းသစ်သည့် အပြင်အဆင် နှင့် ဖက်ရှင်ပုံစံ အများအပြား ပေါ်ထွက်လာသည်။ ထိုသို့သော ပေါ်ထွက်လာသည့် ဖက်ရှင်များတွင် အမျိုးသမီးဆန်သည့် အဆင်အသွေး ဒီဇိုင်း ပုံစံနှင့် ဝတ်စား ပြင်ဆင်ပုံများသည်လည်း ယနေ့ခေတ် အမျိုးသား ဖက်ရှင် ရေစီးတွင် အရှိန်အဟုန် ကောင်းစွာ စီးမျောလာကြသည်။
ထိုသို့သော အမျိုးသားတို့၏ အမျိုးသမီး ဆန်ဆန် ဖက်ရှင်ဒီဇိုင်း အများစုကို ဖြူသွယ်သော မျက်နှာတည်ဆောက်ပုံနှင့် နုနယ်သော ရုပ်ရည်များ ပိုင်ဆိုင်ကြသည့် အာရှ အရှေ့ပိုင်းနိုင်ငံများဖြစ်သော ဂျပန် ၊ ကိုရီးယား ၊ တရုတ် ၊ ဟောင်ကောင်၊ တိုင်ဝမ် နှင့် ထိုင်း စသော နိုင်ငံများရှိ အမျိုးသားများ အကြားတွင် အထူးခေတ်စားသည်ကို မြင်တွေ့ကြရသည်။
အထူးသဖြင့် ထိုနိုင်ငံများရှိ ရုပ်ရှင် ဂီတ နယ်ပယ်မှ ကျော်ကြားသူ အမျိုးသား အများစုသည် ဖက်ရှင် အဆန်းတကျယ်များ တီထွင်ကြရာမှ အဆိုပါ ဖက်ရှင်ရေးစီးသည် လူငယ်အများစုထံသို့ စီးဆင်းသွားဖွယ်ရှိသည်။ ထိုကဲ့သို့ အမျိုးသားတို့အကြား ခေတ်စားလာသော အမျိုးသမီး ဆန်သည့် ဖက်ရှင်များထဲမှ ကျော်ကြားသူ အာရှ အမျိုးသား အချို့၏ အမျိုးသမီး ဆန်ဆန် ဆံပင်ပုံစံများကို ဖော်ပြလိုက်ပါသည်။
G-Dragon ( Big Bang )
03 jpg
Kim Bum
04 jpg
Yunho from DBSK
05 jpg
Max Changmin from TVXQ

06 jpg
07 jpg
Lee Hong Ki from F.T Island

08 jpg

Choi Minho ( Shinee)
09 jpg

Bae Yong Joon
010 jpg
Kim Hyun Joong from SS501

011 jpg
Lee Jun Ki
http://patheincity.com/news//HLIC/00361ff8ceca5831e504c18f7d19bfde.jpg
http://patheincity.com/news//HLIC/c2d8904155197b73241a039bcf141205.jpg
Lee Teuk from Super Junior

012 jpg
013 jpg
Bi Rain
014 jpg
015 jpg
Bae Yong Joon and Rain
016 jpg
Kim Hee Chul from Super Junior

018 jpg
019 jpg
Lee Hong Ki
02 jpg
01 jpg
Jang Geun Suk
020 jpg
Ye Sung
021 jpg
Eun Hyuk
022 jpg

Taecyeon from 2PM

023 jpg
Yoseob from BEAST
024 jpg

credit  PatheinCity

ဘလော့ တွင် ရွေ့ လျားနေသော စာသား နှင့် ရုပ်ပုံများ ထည့်သွင်းခြင်း

မိမိတို့ရဲ့ ဘလော့မှာ ရွေ့လျားနေတဲ့ စာသားနဲ့ ရုပ်ပုံတွေ ထည့်လို့ ရပါတယ်။ ဘလော့ လာဖတ်တဲ့သူတွေကို သိသိသာသာ တွေ့မြင်စေလိုတာတွေ ရှိရင် သုံးလို့ရပါတယ်။ ဥပမာ- မိမိဘလော့ ရဲ့ motto, လတ်တလော တင်ထားတဲ့ပို့စ်၊ သတင်း စတာတွေ ဖြစ်ပါတယ်။

ရေးရမဲ့ ပုံစံက-
<marquee behavior="scroll" direction="left" scrollamount=2>အားလုံးပဲ မင်္ဂလာပါ...</marquee>
ဖြစ်ပါတယ်။ direction က left, right, up, down လေးမျိုးထဲက ကြိုက်တာပေးနိုင်ပါတယ်။ စာသားရွေ့လျားမဲ့ ဦးတည်ရာကို ဖော်ပြတာ ဖြစ်ပါတယ်။ scrollamount မှာ 1 ကအနှေးဆုံး၊ 2, 3, 4 စသည်ဖြင့် ပိုမြန်ပေးနိုင်ပါတယ်။ စာသားတွေက မိမိကြိုက်တာ ရေးပါ။


အားလုံးပဲ မင်္ဂလာပါ...


<marquee behavior="scroll" direction="right" scrollamount=2>အားလုံးပဲ မင်္ဂလာပါ...</marquee>


အားလုံးပဲ မင်္ဂလာပါ...


<marquee behavior="scroll" direction="up" scrollamount=2>အားလုံးပဲ မင်္ဂလာပါ...</marquee>


အားလုံးပဲ မင်္ဂလာပါ...


<marquee behavior="scroll" direction="down" scrollamount=2>အားလုံးပဲ မင်္ဂလာပါ...</marquee>


အားလုံးပဲ မင်္ဂလာပါ...


ပုံတွေကိုလည်း အလားတူ ရွေ့လျားစေလို့ ရပါတယ်။ ရေးရမဲ့ ပုံစံက-
<marquee behavior="scroll" direction="right" scrollamount=2><img src=http://www.innocentenglish.com/img/apie%5B1%5D.jpg></marquee>
ဖြစ်ပါတယ်။ ပုံရဲ့လိပ်စာက မိမိကြိုက်တဲ့ ပုံရဲ့လိပ်စာ ပေးပါ။





စာနဲ့ ပုံကိုလည်း ရောရေးလို့ ရပါတယ်။
<marquee behavior="scroll" direction="left" scrollamount=2>အားလုံးပဲ မင်္ဂလာပါ..... <img src=http://dl5.glitter-graphics.net/pub/2334/2334005joxasmw732.gif
></marquee>



အားလုံးပဲ မင်္ဂလာပါ.....


ပျော်ရွှင်ပါစေ။ :)

တွေ့မိတာလေးများ




firefox အတွက် ပုံစံတစ်မျိုးလေးဗျို့...
ဖြူဖြူကြီးရိုးနေရင် ဒါလေးပြောင်းသုံးပေါ့
ပုံစံလေးကြိုက်ရင် ဒေါင်းလိုက်ပါ...
အဆင်ပြေပါစေခင်ဗျာ...







မိုက်ကယ်ဂျက်ဆင်ဝင်စားလားအောက်မေ့ရတယ်ဗျာ...
အားပေးလိုက်ပါဦး အပျင်းပြေပေါ့
ပျော်ရွှင်ပါစေခင်ဗျာ...

 





***************   တောင်ကြီးသားလေး...   ***************

ထမနဲ ထိုးကြမယ်လေ..:P

တပို့တွဲလပြည့် ညလေးဟာ  နှင်းမှုန်ဖြူလွလွလေးတွေက ဇာပုဝါလေး လွှမ်းခြုံထားသလို
ရစ်သိုင်းနေတဲ့ ဒီချိန်ခါမှာ..အရိုးခိုက်အောင်အေးချမ်းနေပြီလေ။
ဒီလိုအေးချမ်းတဲ့ ချိန်ခါမျိုးမှာ မြန်မာရိုးရာ အညာဒေသ တွေမှာ ထမနဲ ပွဲ ကျင်းပကြပြီးဦးဦးဖျားဖျား ရွာဦးကျောင်းကိုလျှုတန်းကြတဲ့ ချစ်စရာ့မြန်မာ့ဓလေ့ တစ်ခုပေါ့နော်။

ဒီလိုပါပဲပေါ့ ..ဧကရီ တို့တောင်ပေါ်ဒေသမှာလည်း   ဒီညမျိုး ဆိုရင်ယာဂုလုပ်ပြီး လှူတမ်းကြတဲ့ ဓလေ့တစ်ခုရှိကြပါတယ်။
နှာရည်ယိုရွဲ့  တပို့တွဲ လို့ဆိုစမှတ်ပြုကြတဲ့ အပူဓာတ်လွန်ကဲတတ်ကြတဲ့ ဒီရာသီလေးမှာ  ထမနဲကိုစား
ရင်ထမနဲရဲ့ အပူဓာတ်က ပထ၀ီပျက်ပြားနေသူများကိုကုစားနိုင်တယ်လို့ ဆိုစမှတ်ရှိကြပါတယ်။
ဒါကြောင့် ဧကရီ ဒီညလေးမှာ နိုင်ငံရပ်ခြားရောက်နေကြတဲ့ သူတွေအတွက် ကော..ထမနဲ နဲ့ ဝေးနေတဲ့အရပ်နေရာ ဒေသမှာရှိတဲ့..သူတွေအတွက်ပေါ့.. အိုးသေးသေးနဲ့ ထမနဲ လုပ်နည်းလေး လက်ဆောင်ပေးလိုက်ပါရစေနော်။

images?q=tbn:ANd9GcQrrUXn4SaIrN93OonYbkKya2m62qxBH3CTAR9aJ9DngaSEaJuy


ပထမဆုံး ကောက်ညင်းဆန်ကိုရေစင်အောင်ဆေးပြီး ဒယ်ထဲထည့် ဆီနဲ့လှော်ရပါမယ်။
အညိုရောင်မသန်းခင်ဆယ်ယူပြီး ထမင်းပေါင်းအိုးထဲ ထမင်းချက်သလိုပဲ ရေနဲ့ ဆန်အကိုက်
ချက်ရပါ့မယ်။

Z

နောက်ပြီး အုန်းသီးခြစ်လေးတွေကို ဆီကြော်
မြေပဲမီးလျှော်.နဲ့ နှမ်းမီးလျှော် လေးကိုလဲ ဆီပူမှာ ထပ်ကြော်ပေးပြီးဆယ်ထားမယ်။

နောက်ဂျင်းတက်လေးကို ပါးပါးလေးစင်းပြီးဆီမှာကြော်မယ်။

ကဲ..ပြီးပြီဆိုရင် ချက်ထားတဲ့ ထမင်းကျက်နေပြီ အဆင်သင့်ဖြစ်နေပြီဆိုရင်.
ဒယ်အိုးသန့်သန့်လေးမှာ ဆီထည့် ချက်ထားတဲ့ထမင်းကို စီးပိုင်သွားအောင် ဆားထည့်ပြီး
မွေပေးရပါမယ်.။

images?q=tbn:ANd9GcSlH8owSdKJY1FlWtYGqGehyKg2iR2lyG1lPHAazOhSga_uTc60iA

ပြီးရင်..အဆင်သင့်ကြော်ထားတဲ့ ဂျင်း မြေပဲ နှမ်း နဲ့ အုန်းသီးခြစ်ကြော်လေးတွေ ရောမွေလိုက်ပီး
ပန်းကန်သန့်သန့်လေးမှာ ထည့်ယူစားသုံးနိုင်ပါပြီရှင့်။

အောက်ကပုံလေးကတော့ ချစ်စရာအညာဒေသ ဓလေ့တစ်ခုဖြစ်တဲ့ တပို့တွဲလပြည့်ညမှာ
ထမနဲ ထိုးပြိုင်ပွဲဝင်နေကြတဲ့ အားကောင်းမောင်းသန် ကာလသားတို့ရဲ့ လက်ရာလေးဖြစ်တဲ့
အိုးကြီးချက်ပေါ့နော်။

images?q=tbn:ANd9GcTNByqQWmzM8UZKofz1h3zTZ5Yq31Q-n6kIKGcPCO5CtZ0rBS4HnQ


                                                                      ***ဧကရီ***
                                                                     
                                                                      6913.gif