Wednesday, June 15, 2011

If - အကယ်၍



မြစ်တစ်စင်းသာ၊
ငါဖြစ်ပါလျှင်၊
ပင်လယ်ကြီးထိ စီးလိုက်မယ်။

လတစ်စင်းသာ၊
ငါဖြစ်ပါလျှင်၊
ကောင်းကင်ကြီးထဲ မျောလွင့်မယ်။

မိုးတိမ်ထုသာ၊
ငါဖြစ်ပါလျှင်၊
ကမ္ဘာစိမ်းအောင် ရွာချမယ်။

မီးအိမ်ငယ်သာ၊
ငါဖြစ်ပါလျှင်၊
မှောင်ရာထောင့်မှာ လင်းနေမယ်။

သစ်သီးလေးသာ၊
ငါဖြစ်ပါလျှင်၊
ဝါ၀ါဝင်းဝင်း မှည့်လိုက်မယ်။

မီးရဲရဲသာ၊
ငါဖြစ်ပါလျှင်၊
အာဏာရှင်ကို လောင်မြှိုက်မယ်။

ဒုံးတစ်စင်းသာ၊
ငါဖြစ်ပါလျှင်၊
စစ်ဆာသူကို ပစ်ခွင်းမယ်။

:)
15 Jun 11

Ref: "Desire" by Sayeed Abubakar
http://www.poemhunter.com/poem/desire-41/
Create Date :  Wednesday, March 30, 2011

Picture from (15 Jun 11): http://aureoantunes.com/wordbl/

ဦးမောင်မောင်ညွန့်ရဲ့ သီချင်းလေးတွေပါ

14 Jun 11, 08:23 PM
ွအစိမ်းရောင်နယ်မြေ(ဒေလီ): ဦမောင်မောင်ညွှန့် သီချင်းတွေ နားထောင်ချင်တယ်ဗျာ၊ ရှာလို့မတွေ့လို့၊ ကူညီပါအုံး
14 Jun 11, 08:21 PM

.......................................................................................................................................................

***ဧကရီ*** ဦးမောင်မောင်ညွန့်ရဲ့ သီချင်းလေးတွေပါ အောက်ကလင့်ခ်လေးမှာဒေါင်းယူလိုက်ပါရှင့်။
အဆင်ပြေပါစေရှင့်..။


မောင်မောင်ညွှန့် – အကောင်းဆုံးတေးများ

၁။ ရတုဘုရင်

၂။ အညာလှေနဲ့မေတ္တာရှင်

၃။ ချစ်နှင်းမှုန်မှုန်

၎။ ဟိုကောင်မလေးညိုတိုတို

၅။ ကျနော်တင်တဲ့ရွှေမင်းသမီး

၆။ မိုးသက်လေနှင်း

၇။ ငွေဝန်းသော်တာ

၈။ ပွင့်ဦး

၉။ ဆောင်းနတ်မယ်

၁၀။ စိမ်း

၁၁။ စိမ်း

၁၂။ ဆည်းဆာ

၁၃။ သပြေရွက်ရေ

၁၄။ သည်ဆောင်းဟေမာန်

၁၅။ သစ္စာ

၁၆။ ရွာကြီးသူ

ဒီနေရာမှာဒေါင်းပါရန်။

Armadillo Run

ဒီဂိမ်းလေးက သာမန်ကြည့်ရင်တော့ လွယ်မယ်ထင်ရပေမဲ့ တော်တော်ကို စဉ်းစားယူရပါတယ်..ဘောလုံးလေးတစ်လုံးကို အပြာဝိုင်းလေးထဲ အရောက်ပို့မှ Complete ဖြစ်ပါတယ်..သူ့မှာ ကန့်သတ်ချက်တွေလဲ များပါတယ်..ပထမဆုံးကတော့ ပိုက်ဆံပါပဲ..Tutorial အဆင့်မှာ ပိုက်ဆံ ၁၀၀၀ ပေးထားပါတယ်..အဲဒီ ၁၀၀၀ နဲ့လိုအပ်တာတွေ ၀ယ်ရပါတယ်.. အနုတ်ပြသွားလို့မရပါဘူး..အနုတ်ပြရင် နောက်အဆင့်တစ်ခုကို မတက်ပါဘူး..ကျန်တဲ့ အဆင့်တွေမှာတော့ သူပေးထားတဲ့ ပိုက်ဆံပေါ်မှာ မူတည်ပြီး လုပ်ရပါတယ်..

ပထမဆုံး Tutorial အနေနဲ့အဆင့် ၁၁ ဆင့်ကိုပေးထားပါတယ်..သုံးချင်တဲ့အပေါ်မှာမူတည်ပြီး အသုံးပြုမဲ့ ပစ္စည်းရဲ့တန်ဖိုးကိုလဲ ချင့်ချိန်ကြည့်ရပါမယ်.. Level ပေါင်း ၅၀ အပြင် အခြား Level များလဲကျန်ပါသေးတယ်..ခေါင်းစားတဲ့ Game ဆိုလဲမမှားပါဘူး..မစဉ်းစားချင်သူများ အတွက်ကတော့ အလကားဖြစ်ပါလိမ့်မယ်..

ဘယ်လိုလုပ်ရင် ရနိုင်တယ်ဆိုတဲ့ စဉ်းစားမှုမျိုးကို အလေ့အကျင့်တစ်ခုအနေနဲ့ ရချင်ရင်တော့ ကစားကြည့်ပါ..စဉ်းစားဖြေရှင်းတတ်မှုအပိုင်းမှာ အထောက်အကူပြုမယ်လို့ ထင်ပါတယ်..ကြိုးစားကြည့်ပါ..










အတော်စိတ်ဝင်စားစရာဂိမ်းလေးပါ
ကစားကြည့်ကြပါဦးခင်ဗျာ...