Monday, February 28, 2011

ကမ္ဘာ့ အံ့သြဖွယ် ဖြစ်ရပ် (၁၀) ခု

(၁) စင်္ကာပူ ကမ်းလွန်ပင်လယ်တွင်းမှ တစ္ဆေသင်္ဘောအုပ်စုကြီး
အမေရိကန်နှင့် ဗြိတိသျှ ရေတပ်နှစ်ခု၏ ရေငုပ်သင်္ဘောများပေါင်းသည်ထက်ပင် တစ္ဆေသင်္ဘောအရေအတွက်က များပြားနေပေသည်။ သင်္ဘောများပေါ်တွင် လူလည်းမပါ၊ ကုန်လည်းမပါ။ ကမ္ဘာ့စီးပွားပျက်ကပ် ကာလအတွင်းက သင်္ဘောလုပ်ငန်းအေဂျင်စီ အချို့ကစွန့်ပစ်ခဲ့သော သင်္ဘောများဟု တချို့က သုံးသပ်ပြောဆိုကြသည်။


(၂) ဂျေရုဆလင် Wailing Wall နံရံတံတိုင်းကြီးမှ မျက်ရည်များ ကျဆင်းခြင်း
၂၀၀၂ ခုနှစ် ဇူလိုင်လအတွင်းက ဂျေရုဆလင် Wailing Wall နံရံတံတိုင်းကြီးမှ မျက်ရည်ကဲ့သို့သော အရည်များ ကျဆင်းလာကာ လေးထောင့်ပုံ ဖြစ်ထွန်းကျန်ခဲ့သည်။


(၃) ဆဲလ်ဖုန်း ဖြင့်ရိုက်ထားသော ဓာတ်ပုံတွင် သေဆုံးပြီးဖြစ်သူအဖွား၏ တစ္ဆေပုံရိပ် ထင်နေခြင်း
အဖွားဖြစ်သူမှာ ၁၉၉၀ ခုနှစ်က ကွယ်လွန်ခဲ့သည်။ ၂၀၀၉ ခု သြဂုတ်လတွင် ရိုက်ကူးခဲ့သော ဓာတ်ပုံတွင် အဖွားဖြစ်သူ၏ မျက်နှာပုံရိပ်ထင်နေခဲ့သည်။

(၄) မြွေနဂါးကြီးလော
အရှေ့ တောင်အာရှ ဘော်နီယို ကျွန်းပေါ်မှ မြစ်တစ်စင်းထဲတွင် အလွန်ကြီးမားသော မြွေကြီးတစ်ကောင် ကူးခတ်သွားနေပုံကို မြင်တွေ့ရသည်။ (Photoshop ဖြင့် ဖန်တီးထားခြင်းပေလား)။


(၅) ပိုလန်မှ ဧရာမသတ္တ၀ါကြီး
ပိုလန်နိုင်ငံသားတစ်ဦးသည် တောင်တက်နေရင်းမှ ဧရာမသတ္တ၀ါကြီးအား တွေ့ရှိခဲ့သဖြင့် ဓာတ်ပုံရိုက် မှတ်တမ်းတင်ထားခဲ့ခြင်း ဖြစ်သည်။

(၆) ဘုရားကျောင်းနံရံပေါ်မှ နာဆာအာကာသယာဉ်မှူး
လွန်ခဲ့သော နှစ်ပေါင်း ၁၁၀၀ မှ ဘုရားရှိခိုးကျောင်းနံရံပေါ်တွင် အာကာသယဉ်မှူးပုံ ထွင်းထုထားခြင်းအား တွေ့မြင်ရသည်။


(၇) လေတွင်မြောက်နေသော ကားတစ်စီး
၂၀၀၆ ခုနှစ် ဇန်န၀ါရီလတွင် Google Earth တွင် ကားတစ်စီး လေတွင် မြောက်တက်နေပုံအား တွေ့ရသည်။

(၈) အိမ်နံရံပေါ်မှ ဂြိုဟ်သား ပုံရိပ်များ
ကနေဒါနိုင်ငံတောင်ပိုင်းမှ အိမ်တစ်လုံး၏ နံရံပေါ်တွင် ဂြိုဟ်သားနှစ်ဦးပုံ ထင်နေခြင်းအားတွေ့ရသည်။


(၉) တောင်တက်သမားများ ထူးဆန်းစွာသေဆုံးသွားခြင်း
၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ညက တောင်တက်သမား (၉)ဦး ၄င်းတို့၏ ရွက်ဖျင်တဲထဲတွင် ထူးဆန်းစွာသေဆုံးသွားခဲ့ကြသည်။ (၆)ဦးမှာ အအေးဒဏ်ကြောင့် သေဆုံးသွားခြင်းဖြစ်သည်။ တစ်ဦးမှာ ဦးခေါင်းတွင် ပြင်းထန်စွာထိခိုက်မိကာ သေဆုံးခြင်းဖြစ်သည်။ ကျန်နှစ်ဦးမှာ အမျိုးအမည်မသိ ပြင်းထန်သော အားတစ်ခုကြောင့် ရင်ဘတ်နံရိုးများ ကျိုးကြေကာ သေဆုံးသွားခြင်းဖြစ်သည်။ ကိုယ်ခန္ဓာများပေါ်တွင် ရေဒီယိုဓာတ်ကြွမှုများကို စမ်းသပ်တွေ့ရှိရသည်။ ဘေးပါတ်ဝန်းကျင်တွင် ၄င်းတို့၏ခြေရာများသာရှိသည်။


(၁၀) လယ်သမားတစ်ဦးမှ ဂြိုဟ်သားပေါက်စလေးတစ်ကောင်ကို တွေ့ရှိခြင်း
၂၀၀၇ ခုနှစ်၊ မေလတွင် မက္ကစီကိုမှ လယ်သမားတစ်ဦးသည် ၄င်း၏လယ်ကွင်းထဲတွင် ဂြိုဟ်သားပေါက်စလေးတစ်ကောင်ကို တွေ့ရှိခဲ့သည်။ လယ်သမားသည် ကြောက်ရွံ့သဖြင့် ၄င်းဂြိုဟ်သားလေးကို ချောင်းထဲတွင်ရေနှစ်ကာ သတ်ပစ်ခဲ့သည်။ စမ်းသပ်မှုများအရ အရိုးအဆစ်များမှာ အိမ်မြှောင်ကဲ့သို့ဖြစ်ကြောင်းတွေ့ရသည်။



Ref: FunkyDowntown.com

Sunday, February 27, 2011

Gmail Back Up

ကိုယ့်ပိုင်အကောင့်ဟောင်းလေး တစ်ခုကိုမလွဲမသွေဖျက်ရတော့မယ်ဆိုပါစို့။
အဲဒီအကောင့်ဟောင်းက အီးမေးလ်တွေကို တစ်စောင်ခြင်း အကောင့်သစ်ထဲဖေါ်လ်ဝပ်လုပ်စရာ မလိုပဲ
မိနစ်ပိုင်း အတွင်း  အကောင့်သစ်ထဲ ရောက်သွားအောင် မေးလ်ပြောင်းတဲ့ နည်းလေးပါ။
မသိသေးတဲ့ သူတွေအတွက်ပေးလိုက်ပါတယ်။အသုံးဝင်မှာပါ။

1. အသစ်လုပ်ထားသော Gmail ထဲကို အရင် ဝင်ပါ။
2. Setting ကို သွားပါ။
3. Account and Import tab ထဲကို ဝင်လိုက်ပါ။
4. Add POP3 email account button ကို click ပါ။

5. Download ချ မယ့် account ရဲ့ Email Address ကို ဖြည့်ပါ။ (Download ချ ခြင်းခံရမည့် account)။
6. Next Step ကို click ပါ။
7. Password ကို ရိုက်ထည့်ပြီး Label incoming messages box ရှေ့တွင် အမှန်ခြစ်ပေးပြီး Dropdown တွင် မိမိနှစ်သက်သလို lable အသစ်တစ်ခု ပေးပါ။
8. Add Account ကို click ပါ။
9. Next Step ကို ဆက်သွားပါ။
10. နာမည်ဖြည့်ပြီး Next Step ကို click ပါ။
11. Send Verification botton ကို click ပါ။
12. Code နံပါတ်ကို ထည့်ရန် နေရာနှင့် Verify button တစ်ခု ကျလာပါလိမ့်မယ်။ Code နံပါတ် ရရှိရန်အတွက် မူလ account ထဲသို့ ပြန်ဝင်ပါ။ inbox (သို့) span mail ထဲသို့ code နံပါတ် ပါသော mail တစ်စောင် ရောက်ရှိ နေပါလိမ့်မယ်။
13. Code နံပါတ်ကို ဖြည့်ပြီး Verify လုပ်လိုက်ပါ။

ဒါလေးပါပဲ..တကယ်လို့ မေးလ်တွေ မရချင်တော့ပဲ ပို့လာတဲ့မေးလ်တွေ ရပ်ချင်တယ်ဆိုရင်
လည်းရပါသေးတယ်။ အဆင်ပြေကြပါစေ။

                                                                       ***ဧကရီ***

တစ်သက်လုံး မညှိုးနွမ်းဘဲ ကြာရှည်ခံမယ့် ထိုင်းနိုင်ငံမှ အံ့သြဖွယ်ရာ ဆပ်ပြာ ပန်းပွင့်များ

အရောင်စုံ အသွေးစုံဖြင့် အလွန်လှပသော ပန်းပွင့်လေးများ ဖြစ်သည်။ မွေးရနံ့ အမျိုးမျိုးလည်း ထုံမွှန်းနေသေးသည်။ ထို့အပြင် ထိုပန်းပွင့်လေးများသည် တစ်သက်လုံး မညှိုးနွမ်းဘဲ ကြာရှည်ခံမည်ဟု ဆိုလျင် အလွန်ပင် အံ့သြဖွယ် ဖြစ်တော့မည်။ မှန်ပါသည်။ ထိုင်းနိုင်ငံမှ ဆပ်ပြာ ပန်းပွင့်များသည့် အလွန်လှပပြီး ကြာရှည်လည်း အထားခံကြပါသည်။

ယနေ့ခေတ်တွင် ဆပ်ပြတုံးဖြင့် ပြုလုပ်ထားသော ပန်းပုလက်ရာ ပန်းပွင့်လေးများကို ထိုင်းနိုင်ငံ တစ်ဝှမ်းရှိ အမှတ်တရ လက်ဆောင်ပစ္စည်း ရောင်းချသည့် ဆိုင်များတွင် အလွယ်တစ်ကူ ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။

ဆပ်ပြာ ပန်းပွင့်များ၏ မူရင်းနေရာမှာ ထိုင်းနိုင်ငံ မြောက်ပိုင်း Chiang Rai မြို့ဝန်းကျင်ရှိ ရွာများမှ ဖြစ်သည်။ ၎င်းရွာများရှိ ဒေသခံတို့သည် မိမိတို့၏ လယ်ကွင်းများ ယာခင်းများအတွင်း အလုပ်အားလပ်ချိန်တွင် ဆပ်ပြာတုံးပေါ်တွင် ပန်းပွင့်နှင့် အရုပ်များ ထွင်းလေ့ရှိသည်။ ဒေသခံတို့၏ ဝါသနာ အလျောက် ပြုလုပ်သည့် ပန်းပွင့် ပန်းပုလက်ရာများသည် အနုပညာ လက်ရာကောင်း တစ်ခုအဖြစ်သို့ ရောက်ရှိလာပြီး ဒေသတွင်း ညဈေးများတွင် ရောင်းချရာမှာ ကမ္ဘာလှည့် ခရီးသွားများအား ဆွဲဆောင်သည့် လက်မှု အနုပညာတစ်ခု အဖြစ်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

soap flowers Thailand jpg

soap flowers Thailand10 jpg

soap flowers Thailand11 jpg

soap flowers Thailand12 jpg

soap flowers Thailand2 jpg

soap flowers Thailand3 jpg

soap flowers Thailand4 jpg

soap flowers Thailand5 jpg

soap flowers Thailand6 jpg

soap flowers Thailand7 jpg

soap flowers Thailand8 jpg

soap flowers Thailand9 jpg

credit မြို့တော်ပုသိမ် သတင်းစဉ်

အနာဂတ်ဖုန်း Flex Display ကို ခေါက်နိုင် ဆန့်နိုင်သော မျက်နှာပြင် ဒီဇိုင်းဖြင့် မြင်တွေ့ရမည်

နည်းပညာ မြင့်မားလာသည်နှင့်အမျှ အနာဂတ် နည်းပညာပစ္စည်းများသည် ပိုမိုသဘောကျ နှစ်လိုဖွယ်ရာ ဖြစ်လာသည်။ ဒီဇိုင်နာ Hank Chien-Cheng Chen ၏ ဒီဇိုင်းဖြစ်သော Flex Display Phone ကို ပုံမှန် ၃ လက်မအရွယ် မိုဘိုင်းဖုန်း မျက်နှာပြင်မှ ၅ လက်မအရွယ် notepad မျက်နှာပြင် ဖြစ်အောင် ဆွဲဆန့်နိုင်သော touch screen ဖြင့် မြင်တွေ့ရသည်။

ထို ခေါက်နိုင် ဆန့်နိုင်သော touch screen သည် ဖုန်း၏ မြင်ကွင်းပြင် ဖြစ်သကဲ့သို့ အီးမေလ်းနှင့် မက်ဆေစ့်များ အလွယ်တစ်ကူ ပို့နိုင်သော touch keyboard လည်းဖြစ်သည်။ ထို ဒီဇိုင်းဆန်းဆန်း မိုဘိုင်းဖုန်းသည် ပုံမှန် စမတ်ဖုန်း တစ်လုံး၏ လုပ်ဆောင်ချက်များ အားလုံး ဆောင်ရွက်နိုင်သည့် အပြင် အခြားလုပ်ဆောင်ချက် များစွာလည်း ပါဝင်မည်ဟု ဆိုသည်။

Flex Display Phone Concept

Flex Display Phone Concept 6

Flex Display Phone Concept 5

Flex Display Phone Concept 4

Flex Display Phone Concept 3

Flex Display Phone Concept 2

Flex Display Phone Concept 1
http://patheincity.com/news//HLIC/8eb7bfce91afc40a8cf5b0c2eb75d0df.jpg

credit မြို့တော်ပုသိမ် သတင်းစဉ်

Friday, February 25, 2011

Easy.MP3.Downloader.4.2.4.6.rar


mp3 သီချင်းတွေကို လွယ်လွယ်ကူကူုလျှင်လျှင်မြန်မြန်ဒေါင်းချင်တယ်ဆိုရင် ဒီဆော့ဝဲလေးက အကောင်းဆုံးဖြစ်မှာပါ။ဆိုဒ်က  (7 MB) ဘဲရှိပါတယ်။ဒေါင်းလိုက်ကြအုံးနော်။


http://www.mediafire.com/?piar8k259lbtlv9

http://ifile.it/q0jc4sk/Easy.MP3.Downloader.4.2.4.6.rar

http://www.ziddu.com/download/13955911/Easy.MP3.Downloader.4.2.4.6.rar.html

http://www.zshare.net/download/87062218ce6dffb1/

http://www.mirrorcreator.com/files/0ZPWCVYH/

မြန်မာ-အင်္ဂလိပ် ၊ အင်္ဂလိပ်-မြန်မာ အဘိဓာန်

အဘိဓာန်၊ Dictionary ဖြစ်ပါတယ်။
မြန်မာ-အင်္ဂလိပ်၊ အင်္ဂလိပ်-မြန်မာ နှစ်မျိုးရပါတယ်။
မြန်မာ/English စကားလုံးတစ်ခုခုရဲ့ အဓိပ္ပာယ်ကို ရိုက်ပြီးရှာဖို့ Font(Keyboard)အပြောင်းအလဲကို ထုံးစံအတိုင်း “Shift+Ctr”နဲ့ ပြောင်းပါ။
မြန်မာအတွက် Zawgyi-One, Myanmar3, Ayar Burmese ဆိုပြီး ကိုယ့်စက်ထဲမှာရှိတဲ့ Fontနဲ့ အသုံးပြုပါ။



ဒီနေရာက ယူခဲ့ပါတယ် -
http://sawlinuxeng.blogspot.com/2009/09/blog-post_22.html

Thursday, February 24, 2011

Magic.Burning.Studio.12.3.1.17.rar

  
ဒီဆော့ဝဲလေးက DVD ခွေတွေ VCD ခွေတွေကို burn ပေးတဲ့ ဆော့ဝဲလေးပါ။key ထည့်ပေးထားပါတယ်။ဒေါင်းလိုက်ကြအုံးနော်။


http://www.mediafire.com/?q6njb6q7jq910mh

http://ifile.it/zu63j9y/Magic.Burning.Studio.12.3.1.17.rar

http://www.ziddu.com/download/13939399/Magic.Burning.Studio.12.3.1.17.rar.html

http://www.zshare.net/download/87018076dbda4198/

http://www.mirrorcreator.com/files/MP8QGMLX/

Wednesday, February 23, 2011

Xara_3D_Maker_7.0.0.rar

  
3D နဲ့ စာလုံးလေးတွေ ရေးချင်တဲ့သူများအတွက် xara 3D maker v7 လေးပါ။ဖိုင်ဆိုဒ်က

21 MBပါ။အောက်မှာဒေါင်လိုက်နော်။

http://www.mediafire.com/?cztw856reyd30fv

http://ifile.it/qebds9t/Xara_3D_Maker_7.0.0.rar

http://www.ziddu.com/download/13925717/Xara_3D_Maker_7.0.0.rar.html

http://www.zshare.net/download/86973163e3b4b743/

http://www.mirrorcreator.com/files/WQ292QMI/

Sandwish ........:D

ဒီမနက်..ဧကရီ သိပ်နေမကောင်းတာနဲ့ ဘာလုပ်စားရမလဲ လို့ စဉ်းစားရင်း
ကော်ဖီတစ်ခွက်စာလောက်ကို ကော်ဖီနှပ်အိုးလေးထဲ ထည့်နှပ်နေတုံး စိတ်က
မနက်စာလေးကို ဘာလုပ်စားရရင် ကောင်းနိုးနိုးပေါ့..:P
ဒါနဲ့ မီးဖိုထဲ အရံသင့်ရှိနေတဲ့ ပေါင်မုန့်လေးကို ကင်စက်လေးနဲ့ ကင်နေရင်း
sandwish လေး လုပ်စားဖြစ်လိုက်တယ်လေ..:D

images?q=tbn:ANd9GcS7jSIFCLxUvCCDNvsyvfF6PVkImMUOAXCHPbaiZ4Zrl4fZ9yG0

ဧကရီ ရဲ့ မတတ်တခေါက်လက်ရာလေးဖြစ်တဲ့ လုပ်နည်းလေးလည်း မျှဝေချင်တာနဲ့ ရေးပေးလိုက်တယ်နော်.

ပထမဆုံး ပေါင်မုန့်လေးကို အနေတော် အချပ်လေး လှီးရပါမယ်.။
ပေါင်မုန့်ရဲ့ ဘေးနုတ်ခမ်းသားတွေ ကို လေးတောင့်ကျကျ လေးလှီးလိုက်မယ်။
နောက် ပေါင်မုန့် မီးကင်စက်လေးနဲ့ ကင်လိုက်မယ်။

images?q=tbn:ANd9GcTCjvdMoR50pRTXJqDfJCcZH2_yZueRthjaWGJrqZ0-mwN5Z3mt
နောက် လိုအပ်တဲ့ ပစ္စည်းလေးဖြစ်တဲ့  mayonnaise လေးကို ဟင်းခပ်ဇွန်းတစ်ဇွန်းစာလောက်ကို
ဟင်းပန်းကန်လေးထဲ ခပ်ထည့်ပြီး မြန်မာပါးစပ်နဲ့ ကိုက်ညီအောင် ဘာတွေထည့်မလဲဆိုတော့
ကြက်သားမှုန့် အနည်းငယ်..ငရုပ်ကောင်းမှုန့် လေးအနည်းငယ် ထည့်ရပါ့မယ်။


images?q=tbn:ANd9GcTGov6aQpOyDuliJ0tLiUbTG0mFAViEE_XJUNHkPG23TE8Ysa6wimages?q=tbn:ANd9GcQ01dDKHq3JH087tfR-1eJCly0b4zz7bf84WKs48Gpg-OEWtAa7WmSiFQQ

နောက် budder ကို ဓါးပါးပါးလေးနဲ့ ခပ်ယူ ပြီး ပေါင်မှုန့်မီးကင်လေးမှာ နေရာအနှံ့ သုတ်
လိမ်းပေးရပါ့မယ်။အဆီဗူး နဲ့ မဟုတ်ဘဲ အချပ်လေးတွေနဲ့ ထည့်လည်းရပါတယ်။


images?q=tbn:ANd9GcQcUQhNTpSuhxF_JdIQ7-Pdg-xPLZhs4jC9wAVpsfbY8QbZS7B6rCYWsi0qvgimages?q=tbn:ANd9GcROulfdBFBLSjocK3CuCpin0V_HziWUunocW2eYwQZjBcsFlV6e

နောက်တမျိုးက ပေါင်မှုန့်ကို မီးမကင်ပဲ အဖြူထည်လုပ်စားရင်လဲ ရပါတယ်။
ပေါင့်မှုန့် အပြားလေးတွေမဟုတ်ပဲ အလုံးလေးတွေဆိုရင်တော့ အလျှားလိုက်
ပေါင်မှုန့်ရဲ့ ၀မ်းပိုက်သား အလည်လောက် ကနေလှီးပေးရပါ့မယ်။




images?q=tbn:ANd9GcRlE0DLdU1defLi5vSIVCyl1LkGCTu50qHiZKOyWTdbSfG2joRYchiuI5VGimages?q=tbn:ANd9GcRE7cvyGJ8-k31H8ePWIq_KtO0xxr0evq0HkVKQfSU5QmFM2aHd

နောက် ကြက်သားပြုတ်လေးကိုဆားနဲ့နယ်ပြီးအမွှားလေးဖြစ်အောင်. နွှာပေးရပါ့မယ်။
နောက် အရံသင့်လုပ်ထားတဲ့ mayonnaise ပန်းကန်ထဲထည့်ပြီးနှံ့အောင် မွေပေးပြီး
ထောပတ်ဆီ သုတ်ထားတဲ့ ပေါင်မှုန့်လေးပေါ်မှာ ဓါးပြားလေးနဲ့ ခပ်ယူပြီး ပါးပါးလေး
ညီနေအောင် တင်လိုက်ပါမယ်။
အလွယ်ရချင်ရင်တော့  အသားပြားလေးတွေ မီးကင်ပြီးထည့်ရင်လဲရပါတယ်။



images?q=tbn:ANd9GcQWj4_DpWyRN1Gq3cyGP9JyG4mkADe04J3uJrfvgd5DpCntwUAJimages?q=tbn:ANd9GcR45UhjHVUokouYNgsVJPKihVHDxKFsfqmEK1pN2kHOYU92xa9Z6gimages?q=tbn:ANd9GcRSo7Le6ccXOQYiYR4u4_LqQvJLCUO2uiYOrlXo8GzBHR5kDPOE

အဲဒီနောက်...ရေဆေးထားတဲ့ သခွားသီး.ခရမ်းချဉ်သီး. တို့ကို ပါးပါးလှီးပြီး  ပေါင်မှုန့်လေးပေါ်မှာ ပေါင်မှုန့် နုတ်ခမ်းသားလေးနဲ့ အပိုအလိုမရှိ အောင်ညီနေအောင် စီလိုက်ပြီး ဆလပ်ရွက် လေးကို
ထပ်လိုက်ပါမယ်။


images?q=tbn:ANd9GcRDRXxJYPfeI8mNP_vOR2Ujrc1bXCl8Xs_pENnrhQLpTU5lGEGhfwimages?q=tbn:ANd9GcRtH3jv1sKtmxE7e8jCxR9o5BdbRsO_irr601kPYPvmhcP2hvIn

ဒီလိုလေး နှစ်ထပ်လောက်လုပ်ပေးပြီး စင်းနှီးတုံးပေါ်လေးမှာ တင်လိုက်မယ်။နောက် သွားကြားထိုးတံ
လေးနှစ်ချောင်းကို ပေါင်မှုန့်ရဲ့ ဘယ်ညာ တစ်ဖက်စီ နှစ်ချောင်းထိုးပေးရပါ့မယ်။

images?q=tbn:ANd9GcR7KYg_Z5voeLg2WMTwtAaKO2vGVprCaz5KpvaPuc9avMx-wVIVFV_QDMmo

နောက်ပြီး တြိဂံ ပုံလေး အရံသင့် လုပ်ထားတဲ့ မှုန့်ကို လက်လေးနဲ့ အသာဖိပြီး လှီးပေးပါမယ်။

images?q=tbn:ANd9GcSj9_rDnJo6y-nMZbRxA4LwBsaq90W2oQ6lRp0EsoJkV6joqSpa

ဒါက ပေါင်မှုန့် အချပ်လေးတွေနဲ့ လုပ်စားရင် လှီးရတာပေါ့။
တကယ်လို့ ပေါင်မှုန့် အလုံးလေးနဲ့ပဲ လုပ်ရင်တော့ လှီးစရာလိုဘူးလေ။..)


images?q=tbn:ANd9GcQ-_jhQtuCf3AM1-mzJPFmiGTU21LneNNL4ZCHTWsO1QiEiP_70Z81sLWm8Pg

နောက် ဆော့ ကြိုက်တဲ့ သူတွေ ခရမ်းချဉ်သီးဆော့လေး အနည်းငယ် ထည့်စားနိုင်ပါတယ်။

2Q==

ဒါဆိုရင် အရံသင့်ဖြစ်ပြီမို့ စားချင်စဖွယ်..sandwish လေး ပြီးပါပြီ..။
ကော်ဖီ အိုဗာဒင်း ဟောလစ် မိုင်လို တစ်ခုခုဖျော်ပြီး မနက်စာအဆာပြေလေး လုပ်စားကြမလား.
ညနေစာ အဆာပြေ အပျင်းပြေလေး ဖြစ်ဖြစ် အချိန်အခါမရွေး လုပ်စားကြတာပေါ့နော်......:D 










 ကိုဧကရာဇ် စားနေသည်

                                                                                       ***ဧကရီ***