မင်္ဂလာပါရှင့်..ဒီနေ့ နန်းတော်လာ သူငယ်ချင်းတွေထဲက မသိသေးတဲ့သူတွေအတွက်ဖိုတိုရှောခ် ဒီဇိုင်းနဲ့ပါတ်သက်လို့
လေ့လာထားသမျှလေးတွေ စုဆောင်းတင်ပြပေးသွားမှာပါရှင့်..
အရင်ဆုံး ဖိုတိုရှော့ခ်ပညာနဲ့ပတ်သက်လို့ အခြေခံကျကျ စလေ့လာကြည့်ကြမယ်ဆိုရင် ။။
ဒီဇိုင်း (Design) ဆိုတာဘာလဲ?
ဧကရီအမြင်ပြောရရင်တော့ ဒီဇိုင်းဆိုတာ အလှဖန်တီးရုံသက်သက်မဟုတ်ပဲ ကိုယ်ပိုင်ခံစားချက်ရသလေးတွေကို စိတ်ကူးနဲ့ ဖန်ဆင်းတင်ပြနိုင်စွမ်း
ရှိတဲ့ အနုစိပ်ရသလေးတစ်ခုကို တီထွင်ဖေါ်ပြပေးတဲ့ အနုပညာတစ်ရပ်လို့ ဆိုချင်ပါတယ်။
ကိုယ်ဖန်တီးထားတဲ့ဒီဇိုင်းကိုကြည့်ပြီး တစ်စိမ့်စိမ့်ကြည့်ပြီး ပျော်စရာရသလေးပေးရင်..ပျော်ရွှင်ခဲ့သလို ၊ ကြောက်စရာကောင်းကောင်းရင်လည်း အဲ
ဒီ ဒီဇိုင်းကိုကြည့်ပြီး စိတ်ခံစားမူ့တစ်ခုခုရတာဟာ အနုပညာ ပညာရပ်တစ်ခုပါပဲရှင့်။။။
ကိုယ်ရေးဆွဲမဲ့ ဓါတ်ပုံဒီဇိုင်းမှာ ဘာတွေလိုအပ်သလဲ?
ကိုယ်ရေးဆွဲပြုပြင်ထားတဲ့ ဒီဇိုင်းတစ်ခုကို ကောင်းတယ်မကောင်းဘူး ဆိုတာကိုယ်တိုင်သိချင်မှသိမယ်..အစဦးတော့ ၀ါသနာပါလို့ပဲ
ဖြစ်ဖြစ် တစ်ဦးတစ်ယောက်ယောက်က ခိုင်းစေလို့ပဲဖြစ်ဖြစ် ကြိုးစားလုပ်ခဲ့ကြမယ်ဆိုပါစို့..ပုံတစ်ပုံ ပြီးသွားရင် ငါဒါလေး လုပ်နိုင်ပြီ
ဆိုတဲ့ ပီတိလေးတော့ ကျန်တတ်ကြပါတယ်..တစ်ခုသတိထားရမှာ က ..ကိုယ့်ရေးဆွဲပြုပြင်လိုက်တဲ့ပုံဒီဇိုင်း မှာ ..
နံပါတ် (၁) ရည်ရွယ်ချက်ရှိရပါ့မယ်။
နံပါတ် (၂)အဓိပ္ပါယ်ဖော်ဆောင်နိုင်ရမယ်။
နံပါတ် (၃)ဆွဲဆောင်မူ့ရှိရမယ်
နံပါတ် (၄) ဆန်းသစ်တီထွင်မူရှိရမယ်။
နံပါတ် (၅) စနစ်ရှိရမယ်။
ဒီငါးခု လုံးပြည့်စုံတဲ့ ဒီဇိုင်းတစ်ခုကို ဖန်ဆင်းနိုင်ပြီဆိုရင်..ကိုယ်ဖန်တီးလိုက်တဲ့ ဓါတ်ပုံဒီဇိုင်းလေးဟာ ယုံကြည်စိတ်ချလို့ရပါပြီ။
ခု ဧကရီတို့ ဘာအရင်လေ့လာရမလဲဆိုရင်..
ဒီဇိုင်းကောင်းတစ်ခုဖြစ်ဖို့ ဘာတွေလိုအပ်သလဲ?
ဒီဇိုင်းတစ်ခုကို တစ်ခါတည်း ကောင်းကောင်းရချင်တယ်ဆိုရင် အဓိကလေ့ကျင့်မူ့ စိတ်ရှည်မူ့..သင်ယူလေ့လာတတ်မူ့တွေရှိမှ
အရည်အချင်းရှိလာမှာပါ။ ဥပမာပေါ့ရှင့်... ဧကရီတို့ ဟင်းကောင်းကောင်း စားချင်တယ်စိုပါစို့..
ပုဇွန် ဂဏန်း ၀က်သားကြက်သား အကုန်ရှိတဲ့ ထမင်းစားပွဲကြီးတစ်ခုရှေ့ရောက်နေပြီ..စားချင်ဇောက ကပ်နေတော့ ဘာအရင်စားရမလဲပေါ့.
အားပြိုင်နေပြီ အဆီတစ်ရွှမ်းရွှမ်းနဲ့ အကုန်လုံးလည်းမစားနိုင် ..ဒါဆို ဘာအရင်ရွေးချယ် စားသောက်ကြမလဲ..အသင့်တော်ဆုံးတစ်ခု ဆုံးဖြတ်
ရတော့မယ်. ချဉ်ရည်ဟင်း ငပိရည်ကျိုတို့စရာနဲ့ ကိုယ်စားချင်ဆုံး ဟင်းတစ်ခွက် ဥပမာ ပုဇွန်ချက် ပေါ့..ရွေးလိုက်ပြီ..
ဒါဆို ဒီထမင်းဝိုင်းလေးမှာ ချို ချဉ် ဖန် စပ် အစုံပါသွားမယ်.. ပိုပြီးထမင်းမြိန်ပြီး စားကောင်းမသွားဘူးလား..ဒီသဘောပါပဲ။
အလေးအပေါ့အရသာစုံတဲ့ ငွေကုန်ကြေးကျသက်သာပြီး ကိုယ့်ခံတွင်းနဲ့ သင့်တယ်လျှောက်ပတ်မဲ့ အပေါ့အငန် စုံတဲ့ဟင်းချက်လေးတွေရွေးချယ်စားသောက်ကြသလို ပဲ ဒီဇိုင်းတစ်ခုမှာလည်း…ဒီလိုအလျော့အတင်းအလေးအပေါ့တွေကိုချိန်ညှိထားတတ်ဖို့လိုပါတယ်.
ခု ဧကရီတို့ စလေ့လာမဲ့ ဖိုတို့ရှောခ် ဒီဇိုင်းပညာလည်းတူတူပါပဲ..
အင်တာနက်သုံးရင်း အွန်လိုင်းပေါ်မှာ လေ့လာမလား.၊.
စနစ်တကျ ဆရာတွေကိုယ်တိုင်သင်ပေးတဲ့ သင်တန်းတွေကိုတက်ပြီး certificate တစ်ခုရယူမလား..။
စာအုပ်ဆိုင်က စာအုပ်တွေကိုဝယ်ဖတ်ပြီး လေ့ကျင့်ယူမလား.။
ဘယ်လိုနည်းနဲ့ သင်ယူလေ့လာပါစေ .။စွဲလုံ့လနဲ့လေ့ကျင့်မူ့ စိတ်ရှည်မူ့ မရှိရင်လည်း အချည်းနှီးပါပဲ။
နောက်တစ်ခု ဘယ်ကစပြီးလေ့လာသင်ယူကြမလဲ..
ပညာရပ်တစ်ခုကို အခြေခံကျကျ ပိုင်ပိုင်နိုင်နိုင် လေ့လာတတ်ဖို့လိုပါတယ်..ငွေကုန်မှ တတ်တဲ့ပညာထက်..အွန်လိုင်းတက်ကြရင်း ကိုယ်တိုင်လေ့လာ
ပြီး မသိတာတွေမေးမြန်းလေ့ကျင့်တတ်ရင်လည်း ဂုဏ်ယူစရာတစ်ခုပါပဲရှင်..
ခုဧကရီ စပြောပြမဲ့ ဒီဇိုင်းတစ်ခုမှာ Elements of design နှင့် principles of design ဆိုတဲ့ လိုအပ်ချက်လေးတွေပါ။
ဓါတ်ပုံဒီဇိုင်းတစ်ခု ဖြစ်ဖို့ လိုအပ်ချက်တွေက
ထပ်မံပြောဆိုမူ့
တလည့်စီဖြစ်ပေါ်မူ့
အဆင့်ခွဲခြားခြင်း
သံယောင်လိုက်ခြင်း
ယှဉ်ကြည့်ခြင်း
ခေါင်းစဉ်တပ်ခြင်း
စံချိန် နုံးထား
အနေအထား ဟန်ချက်
ဒီနည်းလေးတွေနှစ်ခုပေါင်းစပ်ပြီး ဓါတ်ပုံဒီဇိုင်းတစ်ခု ပုံဖေါ်တော့မယ်ဆိုရင် ဒီဇိုင်းကောင်းတစ်ခုဖြစ်နိုင်ပါပြီရှင်။။
(ဆက်လက်လေ့လာတင်ပြပေးသွားပါအုံးမည့်)
ခင်မင်လေးစားလျှက်
***ဧကရီ***

- လိုင်း
- ဦးတည်ချက်
- ပုံ သဏ္ဍာန်
- အရွယ်အစား
- မျက်နှာပြင် အချောအကြမ်း
- တန်ဖိုး
- အရောင်ချယ်သမူ့ လေးတွေပါ။။