ကဗျာလေးတွေလည်း မဖွဲ့ထုံးတတ်ပါ
ကာရံလေးများနဲ့လဲ မပြင်ဆင်ဝံ့ပါ
ရင်ထဲမှာလည်း ၀ှက်ထားနိုင်စွမ်းမရှိတော့ပါ
မ ဆိုသောချစ်သူနဲ့ ငြိသွားတဲ့နှလုံးသားလေးတစ်ခုက
ခံစားချက်လေးတွေတစ်ချို့ဟာ ခုဆိုရင်
Web စာမျက်နှာပေါ်ထိ ဖိတ်စင်လာခဲ့ရပြီ...
ဒီစာလုံးလေးတွေက ခံစားနေရတဲ့
ဝေနာတွေမဟုတ်တာသေချာပါတယ်...
နှလုံးသားထဲကဝေဒနာရဲ့ တံလျှပ်မျှသာပါ မ...
ဒါတွေကို မ တစ်ယောက် မတွေ့ မသိ မကြည့်တော့ဘူးမလား မ...
အဓိပ္ပါယ် ရှိလွန်းလှတဲ့ မ နဲ့ချစ်သူဖြစ်ခွင့်ရချိန်လေးတွေကို
ဒီချိန်မှာ ဘာနဲ့မှ အစားမထိုးနိုင်တော့ဘူးမရယ်...
အဲ့ဒီချိန်လေးတွေကို ဘယ်သမိုင်းထဲက စုံတွဲနဲ့မှ မယှဉ်လိုဘူး
ဘယ်သူ့ချစ်ခြင်းနဲ့မှမတိုင်းတာလိုဘူး...
တကယ်ဆို ဒီဇာတ်လမ်းမျိုးလေးတွေကို ရုပ်ရှင်တွေ
စာအုပ်တွေမှာပဲ သိခဲ့ဖူးတာပါ...
ခုလို ရင်နင့်ဖွယ်ဇာတ်လမ်းတစ်ပုဒ်ကို
ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရဖို့ အိပ်မမက်ခဲ့ဖူးပါ...
ရင်နင့်စွာနဲ့ ခံယူရင်း ရပ်တံ့ပါမယ် မ...
လောကကြီးနဲ့ လူအများစုရဲ့ သတ်မှတ်ချက်တွေကို
သမီးလိမ္မာ . လေး မ တစ်ယောက်ရဲ့
လုပ်ရပ်တွေက တန်ဖိုးရှိ လှပလွန်းပါတယ်...
မ ရဲ့လုပ်ရပ်နဲ့ ဆုံးဖြတ်ချက်တွေအပေါ်မှာ
ဂုဏ်ယူစွာနဲ့ ထာဝရလေးစားနေပါမယ်...
မရဲ့ ရင်တွင်းရည်မှန်းချက်ကို မမြင်နိုင်ဘဲ
မ အပေါ်ပစ်တင်ဝေဖန်သူအချို့ကိုလည်း
သိစေချင်လိုက်တာ မ ရယ်...
သူတို့လေးတွေတွက် မ ရွေးချယ်ဆုံးဖြတ်ပြီးသားဆိုတာလေးကိုပေါ့...
မ ရဲ့မြင့်မြတ်တဲ့စိတ်သဘောထား အပေါ်မှာ မ ဘ၀လေး
ထာဝရ အေးချမ်းသာယာပါစေနော်...
ဒီလူအတွက်လည်း အရာရာမေ့ခဲ့နိုင်ပါစေ မ...
မ ပြောဖူးတဲ့ ပြန်လည်တွေ့ဆုံမှုမျိုးလေး ရရှိခဲ့ရင်
မ တစ်ယောက် ပျော်နေချိန်လေးဖြစ်ပါစေနော်...