အကြင်နာနန်းတော်ကို စတင်ပြီးပြုလုပ်ခဲ့တာ တစ်နှစ်ကျော်သွားပါပြီ။လက်ရှိကာလမှာ ယခင် အဖွဲ့ဝင်များထဲတွင် တချို့မှာ နန်းတော်မှ ထွက်ခွာသွားကြပြီး တချို့မှာ အကြောင်းအမျိုးမျိုးကြောင့် မဆက်သွယ်နိုင်တာများ ရှိပါတယ်။
ဒါကြောင့် အခုချိန်မှာ အကြင်နာနန်းတော်ကို အသစ်ပြန်လည်ဖွဲ့စည်းဖို့ လိုအပ်လာခြင်းဖြစ်ပါတယ်။အကြင်နာနန်းတော်ရဲ့ အမြဲစာရေးသူတစ်ဦးဖြစ်တဲ့ မဧကရီ(မဒွေးမယ်လ်နော်-thwaymalnaw.blogspot.com)မှာလဲ မိသားစုကို အချိန်ပေးချင်သဖြင့် နန်းတော်သို့မဆက်သွယ်ခဲ့တာကြာပါပီ။
ထို့ကြောင့်အခုချိန်မှာ နန်းတော်မှာ အဖွဲ့ဝင်များလျှော့နည်းသွားပါတယ်။ဒါကြောင့်အခုလို အသစ်ပြန်လည်ဖွဲ့စည်းဖို့
ဖြစ်လာခဲ့ပါတယ်။ဒါကြောင့် အကြင်နာနန်းတော်မှာ ကဗျာစာပေများရေးသားချင်ရင်ဖြစ်ဖြစ် သတင်းဆောင်းပါးများ
ဝတ္ထုတို/ရှည်များ နည်းပညာ ၊ ဗဟုသုတ စာပေများ ရေးသားချင်သူများအနေဖြင့် 18akariz18@gmail.com ကို ဆက်သွယ်ရန် လေးစားစွာဖိတ်ခေါ်အပ်ပါသည်။