ဤသို့ GSM ဖုန်းလိုင်းများကို စစ်ဆေး ပြုပြင် မွမ်းမံမှုများကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အိတ်ချိန်းရုံးများတွင် လုပ်ဆောင်လျက် ရှိသည့် အတွက် ယခု နှစ်ပတ်အတွင်း လိုင်းအနည်းငယ် ကျခြင်း ဖြစ်နိုင်သည် ဟု ကြားသိရသည်။
GSM ရေဒီယို စခန်း ၃၀ တိုးချဲ့တည်ဆောက်လျက် ရှိပြီး လက်ရှိ ပြည်တွင်းတွင် GSM ဖုန်းအလုံးရေ ၅ သိန်း ခန့် ရှိကာ မြန်မာနိုင်ငံ၏ လူတစ်ထောင်တွင် ၃၅ ယောက် ဖုန်းကိုင်နိုင်ပြီဟု သတင်းရရှိသည်။
လက်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ပြည်တွင်းဆက်သွယ်ရေး အဆင့်အတန်း မြှင့်တင်မှု အနေဖြင့် PCO ဖုန်းရုံများကို ပြည်နယ်များနှင့် တိုင်းဒေသကြီးများ အတွင်းရှိ ကျေးလက်ဒေသများအထိ တိုးချဲ့ ချပေးလျက်ရှိကြောင်း၊ ယခုလက်ရှိ ပြည်တွင်း ကျေးလျက်ဒေသများတွင် GSM PCO စခန်း ၂၄၈၇ ခု၊ CDMA 450 PCO စခန်း ၁၇၈၉၂ ခန့် ရှိကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ စာရင်းဇယားများ အရ သိရသည်။