"သူတို့က စန်းစန်းမော်တို့ အုပ်စုကို အဓိက လိုချင်တယ်။ ယူ-၁၆ အသင်းက ကစားသမား တွေကို လာပြီ ကမ်းလှမ်းတာတော့ မဟုတ်ဘူး။ ယူ-၁၉ အသင်းက ၃ ဦး၊ လက်ရွေးစင် အသင်းက ၆ ဦး ခေါ်ဖို့ လာပြောကြတာ။ အစ်မတို့လည်း အဲဒီ ကိစ္စအတွက် ဥက္ကဋ္ဌကို တင်ပြထား ပါတယ်။ ဆုကြေးစား ထွက်ကစားခွင့် ပေးမယ် မပေးဘူး ဆိုတာက ဥက္ကဋ္ဌပဲ ဆုံးဖြတ်မှာပါ။ သွားကစားခွင့် ပေးမယ် ဆိုရင်တော့ လာမယ့် နှစ်ထဲမှာ သွားကစား ရမယ်"ဟု မြန်မာ အမျိုးသမီး အသင်း အုပ်ချုပ်သူ ဒေါ်မြတ်မြတ်ဦးက အဆိုပါ ဂျာနယ်သို့ ပြောကြားခဲ့သည်။
အဆိုပါ ကလပ်အသင်း များသည် မြန်မာ အမျိုးသမီး ကစားသမား များကို လစာ ဒေါ်လာ ၁၀၀၀ နှင့် ၆လ စာချုပ် ချုပ်ဆိုရန် ကမ်းလှမ်းခဲ့ခြင်း ဖြစ်ပြီး နေရာထိုင်ခင်းနှင့် ကျောင်းတက်ရန်ပါ စီစဉ်ပေးမည်ဟု သိရသည်။ "တက္ကသိုလ် တက်မယ့် သူတွေအတွက် ဘန်ကောက် မှာပဲ တက္ကသိုလ် တက်လို့ရအောင် သူတို့ စီစဉ်ပေးမယ်လို့ ပြောပါတယ်။ ယူ-၁၉ ကစားသမား အများစုက ၁၀ တန်း အောင်ပြီးသားတွေ ပါတယ်လေ။ နောက်ပြီး နိုင်ငံ့ လက်ရွေးစင် အသင်းအတွက် ကစားဖို့ ရှိရင်လည်း ပြန်လွှတ် ပေးမယ်လို့ ပြောထားတယ်"ဟု ဒေါ်မြတ်မြတ်ဦးက ဆက်လက် ပြောကြားခဲ့သည်။
credit soccermyanmar