အခုလက်ရှိအသုံးနေများနေကျတဲ့ Add ons လေးတွေဟာ Mozilla Firefox 4.0 တွေမှာ သိပ်မရကြပေမဲ့
ဒီ YouTube Downloader လေးက Mozilla Firefox 4 ရဲ့ ဆိုက်ဒ်ဘားလေးမှာ Install
လုပ်ထားရုံနဲ့ အတော်လေးကိုအဆင်ပြေတာတွေ့ရပါတယ်။
ဧကရီ တို့လို You Tube ကိုစိတ်ဝင်စားတဲ့သူတွေအတွက် အလွန်အသုံးတည့်တယ်လို့ဆိုရမှာပေါ့နော်။
ကိုယ် ကြည့်ထားသမျှလည်း ဒီ Downloaderလေးမှာ ပေါ်နေပြီး ကိုယ့်ရဲ့  ကွန်ပြူတာပေါ်မှာလဲ
ဖိုင်တစ်ခုလုပ်ပြီးဒေါင်းထားချင်တယ်ဆိုရင်လည်း ရပါတယ်။
အင်တာနက်မရှိအချိန်မျိုးတွေမှာ အချိန်မရွေးပြန်ကြည့်လို့ ရတာပေါ့။
ဒီလင့်ခ်လေးကို ကလစ်ပြီး Enter ခေါက်လိုက်ပါ။
ပြီးရင် Install လုပ်ပြီး Mozilla Firefox ကို Restart ချပေးမလားမေးလာပါမည်။
ချပေးလိုက်ပါ။
နောက် ပြန်တက်လာရင် ကြည့်ကြည့်ပါ Mozilla Firefox ရဲ့ အောက်ဖက် မျှားရဲ့ဘေးက ဆိုက်ဒ်ဘားလေးမှာ
ကွန်ပြူတာကို Restart ချလိုက်ရပါ့မယ်.။
Sothink Web Video Downloader ကို ကလစ်လိုက်ရင် ကိုယ့်ကြည့်ချင်တာလေးတွေ
ပေါ်လာပါလိမ့်မယ်။
ကွန်ပြူတာကို Restart မချမိပါက Mozilla Firefox ဖွင့်ထားတာ သူအလိုလို ပြန်ပြန်ပြီးပိတ်သွား
မှာပါ..ဆက်သုံးလို့ မရဖြစ်နေတတ်ပါတယ်..(မမေ့ပါနဲ့)
ကဲ ...စမ်းသုံးကြည့်ရအောင်နော်..
အဆင်ပြေပါစေရှင့်။
ခင်မင်လေးစားလျှက် ***ဧကရီ***
မူရင်းလင့်ခ်