အရှိန်ဖြင့် မောင်းနှင် လာသော ကားဖြင့် တိုက်မိပြီး ပေ ၄၀အမြင့်သို့ မြောက်တက် သွားကာ လမ်းမပေါ်သို့ ပြန်ပြုတ်ကျ လာသော်လည်း ထိခိုက်မှု လုံးဝမရှိသူ အမျိုးသမီးတစ်ဦး ရှိခဲ့သည်။ အဆိုပါ အဖြစ်မှာ လွန်ခဲ့သော စနေနေ့ က ဘရာဇီး နိုင်ငံ ဘီလမ် လမ်းမကြီး တစ်ခုပေါ်၌ အသက် ၄၄နှစ်ရှိ အမျိုးသမီး တစ်ဦး လမ်းမပေါ် လမ်းလျှောက်သွားနေစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
စီစီတီဗွီ မှတ်တမ်းများအရ မည်သူ မည်ဝါမှန်း မသိသော အမျိုးသမီးတစ်ဦးသည် နံနက် ၆နာရီအချိန်၌ လမ်းလျှောက်လာနေစဉ် ကားဖြင့် တိုက်မိပြီး ကား၏ရှေ့ ပိုင်းအဖုံးပေါ်မှတဆင့် ပေ ၄၀ထက် ကျော်လွန်သော အမြင့်သို့ မြောက်တက်သွားပြီး လမ်းပေါ်သို့  ပြန်ကျလာခဲ့ကြောင်း ရဲများက စီစီတီဗွီ မှတ်တမ်းများမှတဆင့် အချိန်နှင့် တပြေးညီ သိရှိသွားပြီး အခင်းဖြစ်ရာသို့ ကားများဖြင့် ချက်ချင်း ရောက်လာခဲ့သလို အနီး ပတ်ဝန်းကျင်ရှိ အိမ်သား များလည်း နိုးလာကြသည်။
ဝန်းကျင်အိမ်မှ အိမ်ရှင် အမျိုးသမီးတစ်ဦး ဖြစ်သူ အင်နာ ၅၅နှစ်က "ကျွန်မ ကြားကြားချင်း ကားနှစ်စီး တိုက်ပြီထင်ခဲ့တာ အပြင် ထွက်ကြည့်တော့မှ အမျိုးသမီးတစ်ဦး သွေးတွေနဲ့  ပလက်ဖောင်းပေါ်မှာ လဲကျ နေတာ တွေ့လိုက်ရတယ်။ ဒီတော့မှ ကျွန်မလည်း အရမ်း အံ့အားသင့်စရာ ယဉ်တိုက်မှု တစ်ခုလို့  သိလိုက်ရပါတယ်" ဟု အံ့သြစွာဖြင့် ပြောကြားခဲ့သည်။
ယဉ်တိုက်မှု ကျုးလွန်ခဲ့သော အမျိုးသမီး ယာဉ်မောင်းမှာ အတိုက်ခံရသော အမျိုးသမီးကို မျက်ရည်လည်ရွဲ ဖြင့်ခွင့်လွှတ်ပါရန် အထပ်ထပ် တောင်းပန် နေခဲ့သည်။ အတိုက်ခံရသူမှာ ချမ်းသာကြွယ်ဝသော အိမ်တစ်အိမ်၏ အိမ်ဖော်တစ်ဦးဖြစ်ပြီး လွယ်ကူစွာ ပြီးပျောက် နိုင်မည့်သူ မဟုတ်ဘဲ ဆက်လက် ဆောင်၇ွက်စ၇ာများ အတွက် ဆက်သွယ်နိုင်ရန် သူမ၏ လိပ်စာပေးထားခဲ့သည်။
ယာဉ်မောင်းမှာ အခင်းဖြစ်ပွါးသော နေရာမှ ဆက်လက် ထွက်ခွါသွားခဲ့ပြီး အနီးနား ပတ်ဝန်းကျင်မှ လာရောက် ကြည့်ရှုနေသူများကို ရဲများက ရှင်းလင်းပြီး သူမကို ဆေးရုံသို့ ပို့ဆောင်ရန် ဆက်လက် စီစဉ်ခဲ့ကြသည်။ ကားဖြင့် အတိုက်ခံရသူ အမျိုးသမီးမှာ မရပ်မနား ငိုကြွေးလျက်ရှိပြီး ယာဉ်မောင်းသည် မဆင်မခြင် မောင်းနှင်သည်ဟု အပြစ်တင် ပြောကြားလျက် ရှိနေခဲ့သည်။ ဆေးရုံ၌ ဆေးစစ်ချက်များအရ ရရှိလာသော ဒဏ်ရာများမှာ လက်မောင်းနှင့် ပုခုံးညှပ်ရိုးတို့တွင် အသေးစားထိခိုက်မှု များသာဖြစ်ခဲ့ပြီး ဆေးရုံ တက်ရလောက်သော အခြေအနေမရှိဟု မှတ်ချက် ပေးခဲ့သည်။
အဆိုပါ ယာဉ်တိုက်မှု အကြောင်းအရာသည် အမေရိက၏ နာမည်ကျော်ကြားသော အစီအစဉ် တစ်ခုဖြစ်သည့် မနက်ခင်း၏ အံ့သြဖွယ်ရာ အဖြစ်အပျက်များ အစီအစဉ်တွင် တမဟုတ်ချင်း ပျံနှံ့သွားခဲ့သည်။ ၀ဘ်ဆိုဒ်များနှင့် ယူကျူ အင်တာနက် ဗွီဒီယို စာမျက်နှာ ပေါ်တွင်လည်း လူအများ၏ အာရုံစိုက်မှု အများဆုံးခံရသော သတင်းတစ်ပုဒ် ဖြစ်နေခဲ့သည်။
ဆက်ဖတ်ရန်