အကြင်နာနန်းတော် ၏ ရည်ရွယ်ချက်များ


မြန်မာ လူငယ်များအတွက်
၁။ အသုံးဝင်သော ဆော့(ဖ်)၀ဲ များ
၂။ နည်းပညာဆိုင်ရာ စာအုပ်များ (ကွန်ပျူတာ၊ ပရိုဂရမ်၊ ဓာတ်ပုံ နှင့် ဒီဇိုင်း၊ အင်တာနက်၊ အင်ဂျင်နီယာ)
၃။ ဘာသာရေး၊ တရားတော်ဆိုင်ရာ စာအုပ်များ၊ အသံဖိုင် နှင့် ဗီဒီယိုများ
၎။ ၀တ္ထု၊ ကဗျာ၊ ကာတွန်း၊ ဟာသ စာအုပ်များ
၅။ တေးသီချင်းများ (မြန်မာ၊ နိုင်ငံခြား)
၆။ ရုပ်ရှင် နှင့် ဗီဒီယိုများ (မြန်မာ၊ နိုင်ငံခြား)
၇။ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ ဗဟုသုတနှင့်အကြံပြုချက်များ
၈။ သတင်း နှင့် အထွေထွေဗဟုသုတများ
၉။ ဂိမ်းများ
၁၀။ အလှအပ နှင့် ဖက်ရှင် ဆိုင်ရာ ဗဟုသုတ နှင့် အကြံပြုချက်များ
၁၁။ အသုံးဝင်သော ၀က်ဘ်ဆိုက် လိပ်စာများ
ကို မျှဝေပေးရန် ဖြစ်ပါသည်။



အကြင်နာနန်းတော် သို့ လာရောက်သူများအတွက် ပျော်ရွှင်မှု၊ ဗဟုသုတ နှင့် နည်းပညာ တစ်ခုခုတော့ ရရှိသွားစေရပါမည်။

စိတ်တူ၊ ကိုယ်တူ၊ ရည်မှန်းချက်ရှိသူ လူမှုအသိုင်းအ၀ိုင်း (Community) တစ်ခု ဖန်တီးသွားရန် နှင့် မြန်မာလူငယ်များ ပိုမို တိုးတက်အောင်မြင်အောင် အချင်းချင်း ပံ့ပိုးဆောင်ရွက် သွားကြရန် ရည်ရွယ်ပါသည်။


Flash သီချင်းများစုစည်းမှု

ရွှေတိဂုံ အမေ-ထူးအိမ်သင် မ-sample တိတ်တခိုးအချစ်-ရိန်မိုး မ-ပူစူး မင်းကိုသတိရရင် တွဲဖက်အပြုံး-ရိန်မိုး အရမ်းပဲချစ်နေပြီ-ရိန်မိုး လေပြေ ဆု အမေတခုသားတခု အရမ်းပဲချစ် ဘယ်သူမှမကောင်းဘူး ဖြည့်ဆည်းပေးမဲ့သူ ရိုမီယို ဂျူးလီးယက် တောဂေါ်လီ သူလေး ရင်ခုန်ဘက်သို့တမ်းခြင်း ကြွေပါစေ လမ်းမခွဲကြေး မင်းနဲ့ငါနဲ့ မေမေ မင်းအတွက်ပါ သနပ်ခါးချစ်သူ အနီးဆုံးလူ ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေ သင်္ကြန်မိုး အပြစ်မမြင်ပါဘူး ကမ္ဘာအပြင်ဘက် နှလုံးသားရှိတဲ့အရပ် မျောလွှင့်နေတဲ့တိမ် အင်းလေးမှာရွာတဲ့မိုး ငါချစ်တာမင်းပဲ နေညိုရင် ပူစီ ချစ်သူကို ချမ်းမြေ့ပါစေ စိတ်ကူးယဉ်အနမ်းများ နွေဦးကဗျာ မိုးသိပါစေ ဘ၀ချင်းခြားလည်းချစ် ပုဂံဘုရားဖူး မမကြောင့် ညစဉ်ညတိုင်း အလွမ်းမိုး မြူမှောင်ဝေကင်း နှစ်ပါတ်လည် ကောင်မလေး နောက်ဆုံးရင်ခွင် မလွမ်းပဲမနေနိုင်ဘူး လုံးဝမမေ့သေးဘူး အိမ်-ဓီရာမိုရ် လမ်းဆုံ ကိုကိုက အာဇာနည်(၄)ပုဒ်နဲ့address-card တမိုးအောက် ယုံပါရင်သို့ ဒီတညတော့ ဟင့်အင်းအမေကဆူလိမ့်မယ် တခါထဲချစ်ချင်လို့ပါ ထူးဆန်းလွန်းတဲ့အချစ် ပြော ကြွေသူနှစ် ကောက်သူတစ်

မင်းအကြောင်းအိမ်မက် မိန်းမယူရင်စဉ်းစားကျ ချစ်သူရင်ခွင် ၀တ်မှုံ သီချင်းတပုဒ်မင်းဆိုလိုက် We are the world သူ့ကိုကျနော်ချစ်သည် မင်းမုန်းမှာစိုးတယ် မင်းလေးကိုသိပ်ချစ်လို့ မင်းသိလာမယ် ယုံကြည်ပေးပါ မျှော်လင့်မထားတဲ့အချိန် ကလေး လေး ချစ်ရက်နဲ့ ယုံကြည်ခြင်း ဆန္ဒတစုံ အလွမ်း ဖူးစာရှင် သဲသဲလှုပ် ဝေခွဲမရပါလား လိုက်ဖက်တဲ့ဘ၀ ငါ့ရင်ခွင်ကို အဆင်ပြေပါစေ Gtalk သူ ၀န်ခံလိုက်ပါ ရီးစားစာ တခါထဲချစ်ချင်လို့ပါ (၂) မိုး တိုးတိုးလေး ကြည်နူးခွင့် မုန်းမေ့ဖို့မလွယ် မလွယ်ပါကွယ် ကျောင်းသီချင်း ကြိုနေစေချင်တယ် ချစ်ကံဆိုး အပြုံးလေး နတ်သမီး လမင်းသို့ သီချင်းမဲ့ဂီတာ အမောပြေ ဆုတောင်းမယ် ဆုတောင်းမယ်(၂) ဟိုအရင်လို မိုးသည်းထဲမှာ အမေ နင်ပြန်လာခဲ့ ပေးဆပ်ခွင့် အချစ်အတွက်ကံမကောင်းခဲ့သူ ချစ်တယ်ဟုတ် ဖန်သားနန်းတော် ဒို့လည်းလိုက်မယ် မြတ်နိုးသူအတွက် ပုံရိပ်လေး ပြန်တော့ကွယ် အချစ်ကိုသိချိန် မင်းတယောက်သာ မမချစ်လို့မဖြစ် အမြတ်နိုးဆုံး ချစ်ခွင့်ရခြင်ပြီ ခွဲခွာရက်သူ ဘာကြောင့်လဲ အတ္တ စာမျက်နာ ၁၅ မျက်နာများတဲ့မောင် ဒီလမ်းမကြီးရဲ့ ဘေး အင်းယားသို့ နှစ်ပတ်လည်(၂) မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် ပြန်လာပါကွယ် သူသိပါကွယ် All out of love စလုံးကချစ်သူ ပတ်သက်ခွင့်ပြုပါ တကယ့်ပုံပြင် ကောင်မလေး တယောက်သောသူအတွက် မင်း မရေရာဘူး မအေးကိုချစ်လို့ ဆက်ချစ်ခွင့်ပေးပါ ညှို့နှိင်လွန်းတဲ့သူ ခွင့်ပြုတယ်ခွင့်လွှတ်တယ် ကြိုပြီးတောင်းပန်တယ် ရဲလေး သီချင်း ရီးစားထားတဲ့အရွယ် အချစ် = အချစ် သီးသန့်ဖြစ်တည်မူ ကိုကို့စိတ်ကူး မမက တကယ်ဆိုအချစ်ဘဲလိုတယ် ကြယ်ကြွေကောင်းကင် အချစ်များသူ့ဆီမှာ ပြန်တွေးကြည့် ယုံကြည်တော့အချစ် ကောင်ကလေးကကောင်မလေးကို နေရာ တယောက်သော သူ အဆုံးမဲ့ အလွမ်းပြေအနမ်း အလွမ်းဆုလဒ် ဘာဖြစ်ဖြစ်ချစ် မင်းသိလာမယ် 2 ပြန်မဆုံဖြစ်ကျရင် နောက်ဆုံး အမှန်သိခွင့် (ဒိုးလုံး) ချစ်ခွင့်ရချင်ပြီ နှစ်ကိုယ်တူချစ်သမျှ တခါခါ စိတ်လျှော့လိုက် ရိုးရှင်းသောဘ၀ရဲ့ပိုင်ဆိုင်မူ ဓမ္မဒါန လမ်းကြုံရင်ပြောပေးကြပါ StayWithMe ချစ်ခဲ့တာလားရူးခဲ့တာလား BadGirl သန်ခေါင်ယံည နုတ်ဆက်စာ အလွမ်းပြေအနမ်း ၂ ပြန်မဆုံဖြစ်ကျရင်၂ အချစ် နှောင့်ယှက်သူ ပြန်မရဘူး ငါ့ရင်ခွင်ကို ၂ မေ့တော့မေ့သေးဘူး မြတ်ဆုမွန် မကြာခင်မှာကြင်နာမယ် နေချင်တယ်မင်းအနား ဝေးလို့နေမလားမေ့လို့နေမလား ရွှေတိဂုံ(၂) သံယောဇဉ် သံစဉ်တွေနဲ့ချော့သိပ်မယ် ကောင်မလေး နောက်ဆုံးအချစ် မချစ်နဲ့တော့ မျှော်လင့်ခြင်းကွင်းပြင် MyHeartWillGoOn လွမ်းရဲမှ ၀ိရောဓိ အလွမ်းဝင်္ကပါ မင်းတယောက်သာ BeWithYou ကိုယ်မညာချင်တော့ဘူး ဆွေးမြေ့အသဲ သံယောဇဉ် ချစ်သူထားခဲ့တော့ ချစ်ဦးမေ အချိန်တိုင်းပဲ နားလည်ပါ ကြယ် လွန်ပါစေအလွမ်းညတွေ လူလည်အာရှသား ဗုဒ္ဓံ ဓမ္မံ သံဃံ ကြေကွဲရလိမ့်မယ် စိတ်ကူးလွင်ပြင် KissMe မ..ကို မီးအိမ်ရှင် အလွမ်းပြေအနမ်း လွမ်းနေပြီ လွမ်းနေပါတယ် အလွမ်းနိဂုံး မင်းချစ်မှချစ်ပါ့မလား အပြုံးလေး စိုးရိမ်ရတာပေါ့ မျှော်လင့်ခြင်းအဆုံး အပြစ်တခုဖန်ဆင်း ဘ၀ရဲ့လမ်းများ ခွဲခွါခြင်းနေ့ရက်များ ငါတော့မှားပြီ ကိစ္စမရှိဘူး မင်းနဲ့မဆုံသ၍ တို့နှစ်ယောက် ပျော်ပါစေ ဖက်ထားမယ် မ-မရှိတဲ့နေ့ရက်များ တွဲလက်များ ဒီကောင်မလေးအတွက် ရှင်သန်ခြင်းပြဇတ် ရွှေရောင်အရှုံး (အိမ်) နင်သိရဲ့လား နေညိုရင်၂ ငါ့ရဲ့အနား ခိုင်မြဲသောအချစ် ငါ့ရဲ့လမင်း ချစ်လို့ရရန် အလွမ်းပြေအနမ်း၂ မင်းလိုက်ရဲပါစေ သူငယ်ချင်းချစ်သူ အင်းယားလမ်းကပန်းဆိုင် သတိရရ-မရရ အဖြည့်ခံချစ်သူ တိတ်တခိုး နင်မလိုချင်လဲ လမ်းပျောက်ချိန် အလွမ်းကဗျာ အေးဆေးဖြစ်သွားပြီ မညာပါနဲ့ ချစ်သူလေး ညလေပြေ အိနြေ္ဒရှင်မလေး မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် လေပြေ၂ တဖက်သတ်အလွမ်း ဝေးပြီးတဲ့နောက် မနဲ့မောင် ချစ်တယ် ပြုံးလိုက်ပါ နှလုံးသားချင်းထိတွေ့ခဲ့တယ် ဖူးစာရှင် ဗုဒ္ဓမေတ္တာပန်း အိမ်မက်ရဲ့သမီးပျို မင်းမရှိတဲ့ကမ္ဘာ အလွမ်းသင့်ပန်းချီ ပျော်သလိုနေလိုက်တော့ စိတ်ကူးလွင်ပြင် အလွမ်းနိဂုံး မျှော်လင့်ခြင်းအဆုံး ဘ၀ရဲ့လမ်းများ နင်သိရဲ့လား အလွမ်းပြေအနမ်း၃ လရောင်ဆမ်းသောလမ်း တစ်ဖက်သက်အလွမ်း ဝေးပြီးတဲ့နောက် တစ်နေ့တော့ လမင်းသစ်ပင် ချစ်သူ နားနားဘေးမှာ ပျံသန်းသွားတော့ ဟုတ်လို့လား Never Be Replaced ချစ်မိနေပြီ နိုးတစ်ဝက်အချစ် အချစ်အတွက်ကိုယ်စား ငါ့ရဲ့အနား ၂ ဝေးသွားတဲ့အခါ မီးအိမ်ရှင် ငါ့နေရာ Anywhere for you Justin Bieber(Baby) သီရိသူ ဒီဇင်ဘာည ဒီဇင်ဘာည၂ ငါမှားလားမင်းမှန်လား ဆေးကျောင်းသား တကယ်ဆိုရင် အမေ စွန့်လွှတ်ခက်သူ နင်စေရင် အနှိုင်းမဲ့ ရင်ဘတ်ထဲက အနိုင်မယူသူရဲ့အရှုံး ခိုးချစ်ရသူ နှလုံးသားအစီရင်ခံစာ ညီမလေးအတွက် မိုး(မျိုးကြီး) မိုး၂(မျိုးကြီး) ( 8.4 ) ချစ်တယ်ဟုတ် ကောင်မလေးတယောက်အကြောင်း ဖက်ထားမယ် LetMeKissU ချယ်ရီသက်သေ ဖိတ်စာ နွေအလွမ်း ယူလိုက် အဖေ့မေတ္တာ လက်ခံပေးပါ(မျိုးကြီး) HaHaLaGyiAh မမ အပျိုကြီး ညီမလေး SnowQueen လက်ခံပေးပါ(၂) HERO ( မေ ) မမြင်ကွယ်ရာ ဟိုအရင်လို ငါ့ကိုပြောပါ မျှော်လင့်ချက်မဲ့(မျိုးကြီး) ယုံကြည်ပေးပါ BellyDancer ယုံကြည်ပေးပါ(Remix) အဖြူရောင်လေးပါကွယ် ရင်ထည်းခိုနားလှည့်ပေါ့ကွယ် မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး ပေါက်တဲ့အိုး တိတ်တခိုးအချစ် စံပါယ် တခုလောက်ဖြေပေးပါ ယုံကြည်ခြင်း၂ မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် ကမ္ဘာပျက်နေ့ နင့်ကိုငါအချစ်ဆုံး ကင်ဆာ အချစ်နဲပိုက်ဆံ နင်တစ်ယောက်တည်း သံစဉ်နဲ့ချော့သိပ်ခွင့် (မမ) ချစ်တယ်မရေ အချစ်မှတပါးအခြားမရှိပြီ တနေ့တော့ချစ်လာလိမ့်မည် အမေ့ မင်းအကြောင်းအိမ်မက် တန်ဆောင်တိုင်သီချင်း အလွမ်းနဲ့ရူးပြီ နှမြောတယ် သူလေး ကောင်းကင်ကအချစ်ငှက် ဆာဒါငဲယိုး ခိုနားရာ အိမ်မက်ကမ္ဘာ အလွမ်းဝင်္ကဘာ ပထမအနမ်းသီချင်း စကားလုံးတွေမလိုဘုး (နိဒါန်း) လေလွှင့်သူ အာဇာနည် ငါဆက်ချစ်မယ့်သူ ရုပ်သေးရုပ် မျှော်လင့်ချက်မဲ့ ဒီတစ်ခါမခွဲတော့ဘူး ချမ်းချမ်း(ကိုယ်တစ်ယောက်တည်း) မျိုးကြီး(နူးညံ့စွာပြောင်းလဲခြင်း) လက်ခံပေးပါ(၂)မျိုးကြီး မျိုးကြီး=အတိတ်ရဲ့နွေ Baby စပါယ် အမြဲတန်းယုံကြည်တယ် သူငယ်ချင်းသံယောဇဉ် မိန်းကလေးပါ ဒီဇင်ဘာည၂ ပြည့်စုံလွန်း အသိအမှတ်ပြုပါ ကြယ်ကြွေကောင်းကင် Congratulation ညီမလေး မကြင်နာလေသူသို့ အပြည်ပြည်ဆိုင်ရာအသဲကွဲသောနေ့ ပထမအနမ်း ချစ်သူသိပါစေ နင်မသွားခင် နှမြောတယ် မျှော်လင့်မိတဲ့ငါ့နတ်သမီး လမ်းခွဲ နောက်ဆုံးပေါ့ Baby-(Mc Wai Lin) ရင်ထဲကလာတဲ့သီချင်း ကော်ရုပ်လေး လွမ်းဆွတ်ခွင့် ချစ်သူ-ရိန်မိုး ငါ့ရဲ့လမင်း(လေးဖြူ) ရင်ခုန်စရာရှုခင်း(မျိုးကြီး) ကိုယ့်ရဲ့ကွက်လပ် ဆု....ထံသို့ ခလေးလေး မ-အတွက်သီချင်း ယုံမှာလား ရောခ့်သီချင်းတစ်ပုဒ်(မျိုးကြီး) မိုးသည်းချိန်မှာ Venus လမ်းဆုံး ပြန်လာပါ အလည်လွန်နှလုံးသား ဒို့ဝေးရာ ကျေးလက်တောတန်း အင်တာနက်ချစ်သူ ပြန်လာမဲ့အချိန် ခွင့်ပြုတယ်ခွင့်လွှတ်တယ် SaveTheAged ဆာဒါငဲယိုး၂ ပျော်တော်ဆက် ကောင်မလေး မင်းအချစ်ကြောင့် မလွမ်းဘဲမနေနိုင် မလှည့်စားနဲ့ အလွမ်းနေ့ရက်ရှည်များ ဒီအတိုင်းလေးဘဲချစ်နေမယ် အတောင်ပံပါရင်မင်းဆီကို TakeMeToYourHeart ထားအတွက် ကင်တင်းထဲကကွင်းလက်ချာ(အရိုး) ILoveYou ရာစုသစ်အလွမ်းသမား Rain Story (ပြည့်စုံ) မင်းနဲ့မှချစ်တတ်ပြီ အချစ်ဒါဏ်ရာ လွမ်းတယ်(မ)ရယ် မင်းနားလည်မှာ ချစ်သူရဲ့ပုံပြင်(အနွန်) (မ)အတွက်သီချင်း ကျောင်းပိတ်ရက်လေး ကျေးဇူးပဲမနက်ဖြန် ကောင်မလေး onelesslonelygirl ငါ့နေရာ "မ" အတွက်သီချင်း ကဗျာမမှီတဲ့အချစ်

တို့နှစ်ယောက်အကြောင်း ရုပ်သေးရုပ် ဒီမိုးသည်းချိန်တိုင်းမှာ ပြန်ဆုံနိုင်ဦးမလား မင်းနဲ့အတူရှိချင် ကြွေနေပြီ တိုကျိုအိပ်မက် မနှုတ်ဆက်ချင်ဘူး အာဒံဧ၀ တောင်းပန်ပါတယ် I Love U Baby BabY Cry On My Sailing HONEY(အာဇာနည်) ကိုယ့်ရဲ့သက်တန့်ငယ် အလွမ်းဝင်္ကပါ မ မရှိတဲ့နေ့ရက်များ ခါး(အငဲ) သိမ်းထားခွင့် WeddingDress မင်းရှိစေချင်တယ် ONLYLOVE ကိုယ်ပိုင်တဲ့ကိုယ့်နေရာ တန်ဖိုး(လေးဖြူ) ပျောက်ဆုံးသွားတဲ့မနက်ခင်းလေးများ မင်းအချစ်ကြောင့်(၀ိုင်ဝိုင်း) မခေါ်ရက်ဘူး တက္ကသိုလ်ဘ၀ ဆေးပေးပါ(မျိုးကြီး) အသဲကွဲဒီဇင်ဘာ အချစ်အိမ်မက်လေး ညီမလေးအတွက် ရိုမီယိုဂျူးလီးယက် Baby Gril တော်ပြီနောက့် အိပ်မက်ထဲကလူ ငါ့နဲ့ မင်း အဖြူရောင်သူငယ်ချင်း ဖက်ထားမယ် အဖြည့်ခံ မိုးဘယ်မှာရွာနေလဲ ချစ်တယ်ဟုတ် Bad girl ရင်ခုန်နှစ်သစ် မဟာဆန်သူ ပန်းချစ်သူ မမ ကောင်လေး ဆုံစည်းခွင့်-ရိုးရာ+ Mc ဟိန်းထက် တစ်ချိန်က”မ” နှုတ်ဆက်သီချင်း OldService အဆောင်သူမမ ပြော သနပ်ခါး အချစ်ဝင်္ကပါ L.O.V.E(Kg Ma Lay) အရင်ကဇတ်လမ်း အလွမ်းဝင်္ကပါ အလွမ်း ရှင်းပြခွင့်ပေးပါ Over You မိုး အနားနားဘေးမှာ မင်းကိုသတိရရင် ချစ်ခဲ့တာလား ရူးခဲ့တာလား အလွမ်းဆုလဒ် ကြိုစေချင်တယ် ငါ့နေရာ Justin Bieber@baby Radio ပေးခဲ့တဲအလွမ်း ပက်သက်ခွင့်ပြုပါ(Bunny Phyo) ကမ္ဘာငယ်လေး မသိချင်ယောက်ဆောင်မျက်နှာလွဲ ခိုနားရာ ကောင်ကလေးကကောင်မလေးကို ထာဝရပက်သက်ခွင့်ပြုပါ ကွာခြားမူ အရိပ်ပမာ Never Say Never never say never2 စိတ္တဇညဆိုးများ သူငယ်ချင်း အဝေးကချစ်သူ ကိုယ်တယောက်ထဲ လွမ်းဆဲပါ ကမ္ဘာငယ်လေး အမုန်းလက်ဆောင် KissMe Celion ၀ါဆိုမိုးနဲ့ပြန်ခဲ့ပါ မျှော်လင့်ဆဲ(ထက်ယံ) အပြစ်မမြင်ပါဘူး baby(mc wai lin)
ဘယ်သူ့အတွက်လဲ(ထက်ယံ) မမကိုယ်ချင်းစာနာခဲ့ပြီ ဘယ်ပန်းချီရေးလို့မမှီအဝေးရောက်နေသော်လည်း

ချယ်ရီသက်သေ snow queen Ma Ma ဖိတ်စာ နွေအလွမ်း Ha Ha La Gyi Ah အပျိုကြီး ညီမလေး ပန်းချစ်သူ.....ဒို့လည်းလိုက်မယ် ယုံကြည်ပေးပါ Belly Dancer MyHappyEnding ယုံကြည်ပေးပါ(Remix) ရင်ထဲခိုနားလှည့်ပေါ့ကွယ် အဖြူေ၇ာင်လေးပါကွယ် မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး ပေါက်တဲ့အိုး တိတ်တခိုးအချစ် စံပါယ် တခုလောက်ဖြေပေးပါငယ်ကျွမ်းဆွေ ကင်ဆာ ၀ိုင်းဆုရဲ့(လမ်းမကြီးရဲ့ဘေး) အရမ်းလွမ်းတယ်မရယ် မ..မ(၂) တပင်တည်းရင်ထဲကနွယ် တစ်စက္ကန့် နွေရာသီလမ်းခွဲ သခင့်ထံအပြေးပြန်လာမည် နူတ်ဆက်စကား မောင့်အရိုင်းပန်း ငယ်ဖော် အသည်းကွဲမြို့တော် VENUS Baby(Mc Wai Lin) ကြယ်ကြွေကောင်းကင် လမ်းဆုံ နှစ်သိမ့်တဲ့တေး သူစိမ်းတယောက်ပါ နှင်းဝေတဲ့ဆောင်း အလှစစ် ညို့မျက်ဝန်း နှလုံးသာရှာသူ လွမ်းတယ်(မ)ရယ်အသဲကွဲဒီဇင်ဘာ I Love U Baby၀ါရင့်သမ္ဘာရင့်(Old Service) Never Say Never


သီချင်းရပ်ချင်ရင် ဗီဒီယိုပေါ်မှာ Right Click-->Rewind. ဒေါင်းချင်ရင် သီချင်းအမည်ပေါ်မှာ Right Click, Save Link As ကိုနှိပ်ပါ။

Saturday, June 4, 2011

တရားမင်းသခင် - ၁၃။ ခွဲခွာချိန်

ထိုနေ့ကား ၀ါဆိုလပြည့်နေ့ ဖြစ်၏။ နှင်းထုဖုံးသည့် ဟိမ၀န္တာတောင်ထွတ်တို့ အပေါ်မှ လမင်း ထွက်ပေါ်လာနေ၏။ မြေပြင်မှာ လရောင်ဆန်းလျက် ရှိနေသည်။ ထိုစဉ် မိုးဖွဲဖွဲက လရောင်ကို ထိုးခွဲလျက် ရွာချလိုက်သည်။ နှင်းမှုန်နှင်းခဲ အစအနများ သစ်ရွက်ဖျားတို့မှ မြေပေါ်သို့ လျှောကျလေရာ တိုးလျသော အသံပင် ထွက်ပေါ်နေလေ၏။ ထို့နောက် မိုးသားတိမ်တောင်များ ကောင်းကင်ယံမှ လွင့်ပျောက်သွားကြပြန်လေသည်။ ကောင်းကင် ကြည်လင်လာပြန်၏။ ကပိလ၀တ် နေပြည်တော် တစ်ခုလုံး လရောင်လွှမ်းလျက် ရှိနေစဉ် သိဒ္ဓတ္ထမင်းသား၏ နန်းဆောင်အတွင်း၌ ကလေးငယ်တစ်ယောက် မွေးဖွားလေ၏။ ကပိလ၀တ်၏ ထီးရိုက်နန်းရာကို ဆက်ခံမည့် သားငယ်တစ်ယောက် မွေးဖွားကြောင်း အသိပေးကြေငြာသည့် အနေဖြင့် နန်းတော်တွင်းရှိ ခေါင်းလောင်းကို နာရီဝက်ကြာအောင် အချက်ကျကျ တီးခတ်လေ၏။ နန်းတော် တံခါးများနှင့် သိဒ္ဓတ္ထမင်းသား၏ နန်းဆောင်ပြတင်းတံခါးများကို ဟင်းလင်းဖွင့်ထားလိုက်လေ၏။ ကပိလ၀တ် မြို့တော်တစ်ခုလုံး မီးရှူးတိုင်များ ထိန်ထိန်ညီးအောင် ထွန်းညှိလိုက်လေ၏။ မီးရှူးရောင် ထိန်ထိန်ညီးသည့် လမ်းမများပေါ်၌လည်းကောင်း ဥယျာဉ်များ၌လည်းကောင်း မြို့သူမြို့သားတို့ ပျော်ပွဲခင်းလျက် ရှိကြလေ၏။ ဂီတသံကို စည်းချက်လိုက်၍ ပျော်ရွှင်စွာ ကခုန်ကြ၏။ မြို့တွင်းမှာရော မြို့ပြင်မှာပါ အုတ်အုတ်ကျက်ကျက် ပျော်ပါးနေကြချိန်၌ ယသောဓရာ မင်းသမီးသည်ကား ဖွားခါစ မင်းသားငယ်ကို နံဘေးမှာထားလျက် နန်းဆောင်အတွင်း၌ အိပ်မောကျနေလေ၏။ နန်းဆောင်အပြင်ဘက်၌ကား ပုဏ္ဏားတော် ပညာရှိတို့သည် သုဒ္ဓေါဒနမင်းကြီး၏ အမိန့်တော်အရ ဝေဒမန္တာန်များကို အဆက်မပြတ် ရွတ်ဖတ်သရဇ္ဈာယ်လျက် ရှိနေကြလေ၏။ ဖွားစသူငယ်ကို ကောင်းချီးပေးခြင်း ဖြစ်ပေသည်။

သားတစ်ယောက် ဖွားမြောက်လိုက်ပြီဖြစ်ကြောင်း သိဒ္ဓတ္တ သိလိုက်၏။ မီးရောင်ထိန်ထိန်လင်းသည့် လမ်းတို့၌ မြို့သူမြို့သားများ ပျော်မြူးနေကြသည်ကို သူမြင်၏။ ပုဏ္ဏားတော်တို့၏ ဝေဒရွတ်ဖတ်သံကိုလည်း သူကြားနေရသည်။ နေပြည်တော် တစ်ဝှန်းလုံး လရောင်ထဲ နစ်မြုတ်လျက် ရှိသည်ကိုလည်း သတိထားမိလိုက်၏။ တိမ်လုံးဖြူကြီးတစ်ခု လမင်းဆီသို့ တရွေ့ရွေ့ ချဉ်းကပ်လာပြီး လမင်းတစ်ခုလုံး ရုတ်တရက် ဖုံးအုပ်လိုက်သည်ကို သူ ကြည့်နေ၏။ တစ်စုံတစ်ရာက သူ့ကို ပုတ်နှိုးသတိပေးလိုက်သလို ခံစားလိုက်မိ၏။ ချက်ချင်းပင် ၀တ်လဲတော်ခန်းသို့ သွားရောက်ပြီး အ၀တ်အစားများ လဲဝတ်၏။ မွေးကင်းစ သားငယ်နှင့် ဇနီးသည်တို့ကို တွေ့မြင်လိုစိတ် ပြင်းပြစွာ ဖြစ်ပေါ်နေ၏။ ခြေသံလုံအောင် ဂရုစိုက်လှမ်းရင်း ယသောဓရာ အိပ်စက်နေသည့် မီးနေဆောင် တံခါးဝသို့ ချဉ်းကပ်လိုက်သည်။ စူးရှသော အမွှေးနံ့ကို ရှူလိုက်ရ၏။ တံခါးဝမှ ခေါင်းပြူကြည့်လိုက်စဉ် သတိရှိရှိ စောင့်နေသော အထိန်းတော် ခုဇ္ဇုတ္တရာက ခေါင်းထောင်၍ ပြန်ကြည့်၏။

“ကျွန်မ . . .။ မင်းသမီးရော ကလေးပါ အိပ်စက်နေပါစေ . . .”ဟု မင်းသားက လေသံဖြင့် ပြော၏။

“ကောင်းပါပြီ အရှင့်သား။ မင်းသမီးရော ကလေးပါ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နေကြပါတယ် ဘုရား . . .။”

“နှစ်ယောက်လုံး နေကောင်းကြတယ် မဟုတ်လား . . .။”

“မှန်လှပါ . . . နှစ်ယောက်လုံး နေကောင်းကြပါတယ် ဘုရား . . .။”

“ဟဲ့ ကျွန်မ . . . သေသေချာချာ ပြောစမ်း . . .။ ခု မွေးဖွားတာ သားလေး ဟုတ်ရဲ့လား . . .။”

“သဘောကျ နှစ်ခြိုက်တော်မူပါ အရှင့်သား . . .။ အရှင့်သားရဲ့ ကြင်ယာတော် မင်းသမီး သားတော်လေး မွေးဖွားခဲ့တာ သေချာပါတယ် ဘုရား . . .။”

“ငါ သိချင်တာ ဒါပဲ . . .။ မင်းသမီးကိုရော ကလေးကိုပါ ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပါ . . .။ ငါ သွားမယ် . . .။”

သိဒ္ဓတ္တ မင်းသားသည် မထွက်ခွာမီ မတ်တပ်ရပ်လျက် မင်းသမီးနှင့် သားတော်လေးကို ငေးစိုက်ကြည့်နေရင်း စိတ်ကူးဖြင့် စကားဆိုနေ၏။
“ယသောဓရာ . . . မင့်ကို ငါ ပြောခဲ့တဲ့ အတိုင်းပဲ . . . ငါ သွားတော့မယ် . . .။ ခမည်းတော်မင်းကြီးရဲ့ လိုအင်ဆန္ဒ ပြည့်ဝအောင် သားတော်လေးကို ကျွေးမွေးပြုစု စောင့်ရှောက်လိုက်ပါ။ ငါ ထွက်ခွာဖို့အတွက် အခုထက် ကောင်းမြတ်တဲ့အချိန် မရှိနိုင်တော့ဘူး။ ကမ္ဘာသူ ကမ္ဘာသား သတ္တ၀ါ အားလုံးတို့ရဲ့ ကောင်းကျိုးချမ်းသာအတွက် ဉာဏ်အလင်း ရှာဖွေဖို့ ငါ သွားတော့မယ် . . .။ ငါ ပြန်လာမှာပါ။ ဒါပေမယ့် ဘုရားမဖြစ်မချင်းတော့ ပြန်လာမှာ မဟုတ်ဘူး။ ချစ်ရတဲ့ ယသော် . . . မောင်တော် သွားမယ် . . .။ သား . . . ခမည်းတော် သွားမယ် . . .။”

သိဒ္ဓတ္ထသည် လှေခါးမှ ဖြည်းညှင်းစွာ ဆင်းလာခဲ့ပြီး နန်းဆောင်ရှေ့ ကွင်းပြင်ကို ခပ်သုတ်သုတ်ဖြတ်လိုက်သည်။ ထို့နောက် ဆန္နအမတ် ရှိရာသို့ သွားလေ၏။ ဆန္န၏ အဆောင်အ၀င်တံခါးမှာ ပွင့်လျက်သား ရှိနေ၏။ ဆန္နသည် အ၀တ်အစားသစ်များ လဲဝတ်ထား၏။ အပြင်ထွက်ဖို့ အဆင့်သင့် ဖြစ်နေသည်။ ဆန္န၏ အခန်းတွင်းသို့ ၀င်လိုက်ရင်း သိဒ္ဓတ္ထက ဆို၏။
“ဆန္န မြန်မြန်လုပ်။ ကဏ္ဍကကို သွားဆွဲချေ။”

“အရှင့်သား . . .။ မြို့သူမြို့သားတွေ ကျင်းပနေတဲ့ ပျော်ပွဲသဘင်ကို ကျွန်တော်မျိုး သွားရောက်ကြည့်ရှုဖို့ ပြင်ဆင်နေတာပါ။ မင်းသားလည်း ပွဲတော်ထွက်ကြည့်ဖို့ လာခဲ့တာ ထင်ပါတယ်။ ခဏစောင့်ပါ အရှင့်သား။ ကျွန်တော်မျိုး ခုပဲ စီးတော်မြင်း သွားဆွဲလိုက်ပါ့မယ် ဘုရား . . .။”

ဆန္နသည် အနည်းငယ် သွားလိုက်ပြီး နောက်ပြန်လှည့်၍ မင်းသားကို စကားဆို၏။
“အရှင့်သား . . . ဒီနေ့ဟာ အရှင့်သားအတွက် ပျော်စရာကောင်းတဲ့ နေ့ပါ။ အရှင်သားကို ကျွန်တော်မျိုး ဂုဏ်ယူပါတယ် ဘုရား . . .။”

“ဟုတ်ပါပြီ။ ငါပျော်သလို ဆန္နလည်း ပျော်နိုင်ပါစေ”ဟု မင်းသားက တုံ့ပြန်စကားဆို၏။

ဆန္နသည်  “ဒါပေမယ့် အရှင့်သား ကြည့်ရတာ ပျော်သင့်သလောက် မပျော်သလိုပါလား”ဟု မှတ်ချက်ချရင်း ထွက်ခွာသွား၏။

သိဒ္ဓတ္ထသည် လရောင်အောက်ရှိ မြင်းဇောင်းများဆီသို့ သွားနေသော ဆန္နကို လှမ်းမြင်နေရ၏။ သူထွက်ခွာမည်ကို မည်သူမျှ မသိနိုင်ဟု သိဒ္ဓတ္ထ နားလည်၏။ သို့သော် နန်းဆောင်ထဲ၌ လှုပ်ရှားမှု တစ်စုံတရာ ရှိမရှိ သိနိုင်ရန် အာရုံစိုက်၍ နားစွင့်ကြည့်လိုက်သည်။ ဘာသံမှ မကြားရပေ။ အပြင်မှ မြို့သူမြို့သားတို့၏ ဆူညံသံနှင့် နန်းတော်တွင်းမှ ပုဏ္ဏားတော်တို့၏ ရွတ်ဖတ်သရဇ္ဈာယ်သံကိုသာ ကြားရ၏။

မကြာမီပင် ဆန္နသည် ခဏ္ဍကိုဆွဲလျက် ပြန်လာ၏။ သိဒ္ဓတ္ထ မင်းသားသည် မြင်းဖြူကြီး ခဏ္ဍက၏ ဇက်ကြိုးကို လက်နှင့်အားပြုဆွဲကိုင်ရင်း တက်စီးလိုက်၏။ ခဏ္ဍကသည် အနည်းလှုပ်ရမ်းသွားပြီး အနီးရှိ ညမွှေးပန်းပင်ကို နံပါးစောင်းနှင့် ပွတ်တိုက်မိလေရာ သိဒ္ဓတ္ထ၏ ကိုယ်ပေါ်သို့လည်းကောင်း ခဏ္ဍက၏ ကျောပေါ်သို့လည်းကောင်း ညမွှေးပန်းများ ကြွေးကျလေ၏။ သိဒ္ဓတ္ထ၏ နောက်မှကပ်လျက် ဆန္နလည်း မြင်းပေါ် တက်စီးလိုက်သည်။

သိဒ္ဓတ္ထတို့ မြင်းစီးလာရာ နန်းတော်အပြင်တံခါးကို ဖြတ်လိုက်ပြီး လမ်းမပေါ် ရောက်လေ၏။ လမ်းမကြီးပေါ်၌ ၀တ်ကောင်းစားလှများ ဆင်ယင်လျက် မြူးမြူးကြွကြွ ရှိနေကြသော မြို့သူမြို့သားများသည် သိဒ္ဓတ္ထကို တွေ့လိုက်ရလျှင် သောင်းသောင်းဖြဖြ ဟစ်အော်၍ ကောင်းချီးပေးကြ၏။ ခေါင်းပေါင်းများကို ချွတ်ယူ ဝှေ့ယမ်း၍ နှုတ်ဆက်ကြ၏။ မင်းသား ရောက်ရှိလာခြင်းသည် မြို့သူမြို့သားများအတွက် အားတက်စရာ ဖြစ်နေ၏။  ပျော်ရွှင်မြူးတူးနေသော လူအုပ်ကြီးသည် လမ်းတစ်လျှောက်လုံး အင်တိုက်အားတိုက် ကောင်းချီးသြဘာ ပေးကြလေ၏။ မင်းသားလည်း ဦးရစ်ပေါင်းကို မြှောက်၍မြှောက်၍ ကောင်းချီးပေးသူများကို မကြာမကြာ ပြန်လည်နှုတ်ဆက်ရင်း မြင်းကို မောင်းနှင်လျက် ရှိ၏။ နောက်ဆုံး၌ မြို့ဝင်တံခါးသို့ ရောက်လေ၏။

မင်းသားသည် မြို့ဝင်တံခါးကို ကျော်လွန်သည့်တိုင် မြင်းကို ဆက်လက်မောင်းနှင်လျက် ရှိနေရာ ဆန္နမှာ သံသယ ၀င်လာ၏။
“အရှင့်သား . . .။ အပြင်ဘက်က လူတွေလည်း မြို့တော်ကို လာပြီး ပျော်ရွှင်နေကြပါတယ်။ အပြင်မှာ ပွဲသဘင် မရှိတော့ပါဘူး။”

“ဆန္န . . .။ ပွဲသဘင် ကြည့်ရှုဖို့ ထွက်လာခဲ့တာ မဟုတ်ဘူးလေ။”

“ဒါဆို ဘာလုပ်ဖို့ ထွက်လာခဲ့တာလဲ အရှင့်သား . . .။”

“ဆိုးဆိုးရွားရွား စိတ်ပျက်စရာတွေ  ၀မ်းနည်းစရာတွေ ဆင်းရဲငြိုငြင်ခြင်းတွေကို ရင်ဆိုင်ရမယ့် ခရီးကို ဖြတ်သန်းဖို့ ထွက်လာခဲ့တာ။”

“အဲဒီ ခရီးကို မြင်းနဲ့ပဲ ဆက်သွားမှာလား အရှင့်သား . . .။”

မင်းသားသည် ရယ်ချင်မိ၏။ သို့သော် အရယ်ကို ထိန်းလိုက်ပြီး ပြန်ပြော၏။
“ငါ့ခရီးက အဖော်ခေါ်လို့ မရတဲ့ ခရီးပဲ။ မလ္လတိုင်းကို ဖြတ်မယ်။ အနော်မာမြစ်ကမ်း ရောက်တဲ့ထိ မင်းနဲ့အတူ ဒီအတိုင်း ဆက်ပြီး မြင်းစီးသွားမယ်။ လက တကယ်ကို သာနေပါလား။ နေ့လိုကို လင်းနေတာပဲ။”

အခြေအနေ အားလုံးကို ဆန္န ရှင်းလင်းစွား နားလည်လိုက်၏။ မင်းသားသည် လောကီဘောင်ကို စွန့်ခွာနေခြင်း ဖြစ်၏။ တစ်နေ့နေ့ တစ်ချိန်ချိန် ဤခရီးကို မင်းသား လျှောက်လှမ်းလိမ့်မည်ဟု သိထားပြီး ဖြစ်သော်လည်း ယခုလိုနေ့မျိုး၌ ယခုလိုပုံစံမျိုးနှင့် ထွက်ခွာလိမ့်မည်ဟု ဆန္န ထင်မထားခဲ့ပေ။ ဆန္န၏ နှလုံးသားထဲသို့ ကြောက်ရွံ့ခြင်း ၀င်ရောက်လာ၏။ မင်းသားနှင့် ပတ်သက်သမျှ ဆန္နမှာ တာဝန်အပြည့် ရှိနေ၏။ သုဒ္ဓေါဒန မင်းကြီးကို ပြန်လည်တင်ပြ လျှောက်ထားရပေဦးမည်။

ဆန္နသည် ထိတ်ထိတ်ပြာပြာနှင့် ပြော၏။
“အရှင့်သား . . .။ ဒီခရီးဟာ အနှောင့်အယှက် အဟန့်အတားတွေနဲ့ ပြည့်နှက်နေပါတယ် ဘုရား။ ဘေးရန်တွေ ရှိနေပါတယ် ဘုရား။”

“ငါ ရွေးလိုက်တဲ့ လမ်းဟာ အနှောက်အယှက် အဟန့်အတားတွေ ပြည့်နှက်နေတယ်ဆိုတာ အစကတည်းက ပြောထားပြီးသာပဲ ဆန္နရယ် . . .။ အနှောက်အယှက် အဟန့်အတား မရှိတဲ့ ခရီးဟာ အသုံးမကျပါဘူး။ အဓိပ္ပာယ် ရှိတဲ့လမ်း သဘာဝကျတဲ့လမ်းဆိုရင် အနှောက်အယှက် အဟန့်အတားတွေ ရှိရမှာပေါ့။ ဆန္န . . .။ ဘာမှ မကြောက်ပါနဲ့။ ဘာမှ ကြောက်စရာ မရှိပါဘူး။ အနော်မာမြစ်ကမ်း ရောက်တာနဲ့ မင့်ကို ကဏ္ဍကနဲ့အတူ ပြန်လွှတ်လိုက်မှာပါ။”

အရုဏ်ကျင်းချိန်၌ ဂါဝုတ်သုံးဆယ် ခရီးပေါက်ခဲ့ပြီး အနော်မာ မြစ်ကမ်းသို့ ရောက်လေ၏။ ခရီးတစ်လျှောက်လုံး အစမှ အဆုံးတိုင်အောင် လရောင်ဖြာဝင်းလျက် ရှိခဲ့သည်။ အနော်မာမြစ်သည် တိတ်ဆိတ်စွာ စီးဆင်းလျက် ရှိ၏။ ကမ်းခြေနှစ်ဘက်လုံး၌ သဲသောင်ထွန်းနေပြီး ရေစီးကြောင်းမှာ ခပ်ကျဉ်းကျဉ်းသာ ရှိတော့၏။ ဆန္နသည် အိပ်ချင်မူးတူး မျက်လုံးအစုံကို လက်နှင့် ပွတ်နေ၏။ ထိုစဉ် သိဒ္ဓတ္ထက ကဏ္ဍကကို ပြော၏။
“ကဏ္ဍက . . . ငါ့အတွက် နောက်ဆုံးတာဝန် ထမ်းပေးပါ။ ကဲ မြစ်ကို ကူးကြစို့။”

အချက်ပေးလိုက်သည်နှင့် ကဏ္ဍကသည် အရှိန်မြှင့်၍ သဲပြင်ကို ဖြတ်ပြေးလိုက်ပြီး မြစ်ရေစီးကြောင်းကို ခုန်ကျော်၍ တစ်ဘက်ကမ်းရောက်အောင် ကူးလိုက်လေ၏။

သိဒ္ဓတ္ထသည် မြင်းပေါ်မှ ဆင်းလိုက်၏။ ကဏ္ဍက၏ ကျေးဇူးကို အသိအမှတ်ပြုသည့် အနေဖြင့် သိဒ္ဓတ္ထသည် ကဏ္ဍက၏ ဦးခေါင်းကို ပွေ့ဖက်ရင်း ဦးထိပ်ကို နမ်းလိုက်၏။

ပတ်ဝန်းကျင်၌ မှုန်ပျပျ အလင်းရောင် ပြန့်နှံ့လျက် ရှိနေသည်။ အနော်မာ မြစ်ကမ်းသည် ကျေးငှက်သာရကာတို့၏ တေးသံသာဖြင့် စည်စည်ဝေေ၀ ရှိနေ၏။ ပန်းစုံပွင့်သည့် တောအုပ်ကို ဖြတ်ကျော်တိုက်ခတ်လာသော လေပြေညှင်းသည် ပန်းရနံ့ မျိုးစုံကို သယ်ဆောင်လာ၏။ ထိုစဉ် သိဒ္ဓတ္ထသည် ကပိလ၀တ်ကို သတိရလိုက်၏။ နန်းဆောင်၊ ခမည်းတော်၊ ဇနီးနှင့် သားတို့ကို သတိရမိ၏။ ၀မ်းနည်းကြေကွဲခြင်းကို နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရ၍ သက်ပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး လေကို ခပ်ပြင်းပြင်း မှုတ်ထုတ်လိုက်သည်။

ဆန္နက ပြော၏။
“အရှင့်သား . . .။ ခမည်းတော် မင်းကြီးရော ယသောဓရာ မင်းသမီးပါ ထိတ်ထိတ်ပြာပြာ ဖြစ်နေလောက်ပြီ။ နန်းတော်မှာ အရှင့်သားကို မတွေ့လို့ လိုက်ရှာရတာနဲ့ အကြီးအကျယ် စိတ်မကောင်း ဖြစ်နေကြရော့မယ်။ မင်းသမီးတော့ မျက်ရည်မဆည်နိုင်တဲ့ဘ၀ ရောက်ပြီ။ ခု အရှင့်သား တောထွက်လိုက်တဲ့ အချိန်ဟာ အရှင့်သား မျက်နှာကို မင်းသမီး အကြည့်ချင် အမြင်ချင်ဆုံး အချိန်ပဲ။ သားတော်လေး မွေးဖွားပေးတဲ့အတွက် မင်းသမီးကို အပြုံးတစ်ပွင့်လောက် ဆုချရမယ့်အချိန် . . .။ မသင့်တော်ပါဘူး ဘုရား။”

“ဒီမယ် ဆန္န . . .။ ငါလည်း ၀မ်းနည်းကြေကွဲနေရတာပဲ။ ချစ်သူနဲ့ ကွေကွင်းရခြင်းဟာ ၀မ်းနည်းစရာပါ။ ဒါပေမယ့် လှမ်းခဲ့တဲ့ ငါ့ခြေလှမ်းကို ပြန်လှည့်တော့မှာ မဟုတ်ဘူး။ ဆန္န . . . ငါတို့ မတ်တတ်ပြေးကတည်းက မင်းက ငါ့ရဲ့ အရင်းနှီးဆုံး မိတ်ဆွေမို့ မင့်ဆီကလည်း ငါ ခွင့်တောင်းဖို့ လိုတယ်။”

သိဒ္ဓတ္ထ၏ စကားကို ကြားလိုက်ရစဉ် ဆန္န၏ မျက်ဝန်းအစုံ၌ မျက်ရည်များ ပြည့်လျှံလာ၏။ မသိမ်းဆည်းနိုင်သော မျက်ရည်များ မြေသို့ ကျလေ၏။ ဆန္နသည် ဘယ်လက်ဖြင့် မြင်း၏လည်ပင်းကို ကိုင်ထားလျက် သူ့မျက်ဝန်းမှ မျက်ရည်များကို ညာလက်ဖြင့် သုတ်နေသည်။ အဖြစ်အပျက်ကို ကြည့်နေသော ကဏ္ဍကသည် သူရင်းနှီးယဉ်ပါးသည့် ဆန္န ငိုနေမှန်း သိ၏။ ကဏ္ဍကသည် ဆန္န၏ ပါးနှစ်ဘက်ပေါ် စီးကျနေသည့် မျက်ရည်များကို လျှာနှင့်လျက်ပေး၏။

ဆန္နသည် မြင်း၏ လည်ပင်းကို လွှတ်လိုက်ပြီး ဦးခေါင်းကို ပြောင်းကိုင်လိုက်သည်။ ဆန္န၏ နှလုံးသား ဆတ်ဆတ်တုန်နေ၏။ ဆန္နသည် အားယူ၍ မင်းသားကို မေး၏။
“အရှင့်သား . . .။ ခု အရှင့်သား ဘာလုပ်မှာလဲ ဘုရား . . .။”

“ဟောဒီ အေးချမ်းတဲ့ အနော်မာမြစ်ကမ်းမှာ ငါ လျှော်တေသင်္ကန်း ဆင်မြန်းတော့မယ်။”

သိဒ္ဓတ္တသည် ပြောပြောဆိုဆိုနှင့် အဖိုးအနဂ္ဃ ထိုက်တန်သော သူ၏ အ၀တ်အစားများကို ချွတ်လိုက်၏။ မင်းသားအဆောင်အယောင် အဆင်တန်ဆာ အားလုံးကိုလည်း ချွတ်လိုက်၏။ အဆင်သင့် အောက်မှခံ၍ ၀တ်လာခဲ့သော သင်္ကန်း ပေါ်လာ၏။ ဆန္န အံ့အားသင့်သွားသည်။ မင်းသားသည် နန်းဆောင်မှ မထွက်မီကပင် သင်္ကန်းဝတ်ခဲ့ပြီး ထီးနန်းအဆောင်အယောင် အ၀တ်အစားများကို အပေါ်မှဖုံး၍ ၀တ်ဆင်ခဲ့ကြောင်း ဆန္န သဘောပေါက်လိုက်၏။ သိဒ္ဓတ္ထသည် ဘာမှ ဆက်မပြောတော့ဘဲ သန်လျက်ကို ထုတ်လိုက်သည်။ ဦးခေါင်းပေါ် သန်လျက်ဝဲကာ ဘယ်လက်ဖြင့် ဆံစကို နောက်မှပင့်သိမ်း၍ စုကိုင်လျက် ဆံစုကို ဖြတ်လိုက်လေ၏။

“အို . . . အရှင် မင်းသား . . .”ဟု ငြီးတွားလိုက်သူကား ဆန္နတည်း။

“ဘာဖြစ်လို့ ၀မ်းနည်းနေရတာလဲ ဆန္နရယ် . . .။ ငါ့ရည်ရွယ်ချက်ကို ကြိုမပြောခဲ့ဘူးလား။”

“အရှင် မင်းသား . . .။ ပြောခဲ့ပါတယ် ဘုရား . . .။ ဒါပေမယ့် ကျွန်တော်မျိုးရဲ့ မျက်စိရှေ့မှာ ဒီလိုလုပ်လိမ့်မယ်လို့ မထင်ခဲ့တာပါ။”

“ဆန္နရယ် . . .။ လက်တွေ့ မလုပ်တဲ့ ရည်ရွယ်ချက်ဟာ ဘာအသုံးကျမှာလဲ။ ငါက တစ်ခုခု ကြံထားရင် အဲဒါကို လက်တွေ့ လုပ်တယ်။ ဆန္န . . . ။ မင့်ကိုရော ကဏ္ဍကကိုပါ ခွဲခွာရမယ့်အချိန် ရောက်လာပြီ။ ဆန္န ပြန်ပါ။ ငါ့စကားကို ခမည်းတော် မင်းကြီးဆီမှာ ပြန်ပြောပါ။

ခု သဲသောင်ပေါ်မှာ ချထားတဲ့ ငါ့သန်လျက် ငါ့ဆံပင် မင်းမြောက်တန်ဆာတွေနဲ့ အ၀တ်အစားတွေကို ယူသွားပါ။ အားလုံးကို ဖခမည်းတော်လက်ထဲ ထည့်လိုက်ပါ။ ငါ ရဟန်းပြုလိုက်ပြီ ဆိုတဲ့အကြောင်း သူ့ကို ပြောလိုက်ပါ။ ခုချိန်ကစပြီး ငါ့အချိန်နဲ့ ငါ့ခွန်အားကို ဗောဓိဉာဏ်အလင်း ရရှိဖို့ အတွက်ပဲ အသုံးပြုတော့မယ်၊ မြင့်မြတ်တဲ့ ငါ့ရည်ရွယ်ချက် မပြီးမြောက်မချင်း နောက်လှည့်မကြည့်တော့ဘူး ဆိုတာကို ပြောလိုက်ပါ။ ငိုနေမယ့် ယသောဓရာ၊ မယ်တော့်ကိုယ်စား ငါ့ကို ပြုစုစောင့်ရှောက်ခဲ့တဲ့ မိထွေးတော် မိဖုရားကြီးတို့ကို ငါ ကျန်းကျန်းမာမာ ရှိနေကြောင်း ပြောလိုက်ပါ။ ငါ့ကို လိုက်ရှာစရာ မလိုဘူး။ သင့်တော်တဲ့ အချိန်ကျရင် ကပိလ၀တ်ကို ငါ ပြန်လာမယ်။ ခဏ္ဍက . . . ဆန္န . . . ။ ငါ့ကို ခွင့်ပြုကြပါ။”

ဆန္နသည် စကားတစ်လုံးမှ မပြောနိုင်ဘဲ မင်းသား၏ ခြေအစုံကို ပွေ့ပိုက်ရင်း ဖမိုးပေါ်သို့ လဲပြိုကျသွားပြီး အသည်းအသန် ငိုကြွေးလေ၏။ အဟိတ်တိရစ္ဆာန် ကဏ္ဍကသည်ပင် မင်းသား၏ ခြေအစုံဆီသို့ ဦးခေါင်းငိုက်စိုက် ချထားရင်း တိတ်တိတ်ဆိတ်ဆိတ် ရှိနေ၏။ ဆန္နသည် မင်းသား၏ ခြေဖမိုးပေါ် မျက်နှာမှောက်လျက် ငိုနေဆဲ ဖြစ်၏။ ဆန္န၏ကျောကို လက်နှင့်ပုတ်၍ မင်းသားက နှစ်သိမ့်၏။ ကိုယ်ကိုကုန်း၍ ကဏ္ဍက၏ မျက်နှာကိုလည်း လက်နှင့်ပွတ်ပေး၏။ ထို့နောက် နှုတ်ဆိတ်လျက်ပင် နူးညံ့သော သဲပြင်ကို ဖြတ်လျှောက်ကာ ဆန္နနှင့် ကဏ္ဍကကို ကျောခိုင်းထွက်ခွာသွားလေ၏။

အနော်မာ မြစ်သည် လှိုင်းကြက်ခွပ်လေးများ ဖွဲ့ကာ တငြိမ့်ငြိမ့် စီးဆင်းနေ၏။  မြစ်ရေစီးသံ သဲ့သဲ့ ကြားနေရသည်။ သဲပြင်ပေါ်၌ ရေစီးကြောင်း အခွဲလေးများလည်း ဖြစ်ပေါ်နေ၏။ နံနက်ခင်း နေရောင်ခြည်သည် သစ်ကိုင်းသစ်ရွက်တို့ အကြားမှ တိုးထွက်လာနေသည်။ ပန်းပွင့်အကြွေတို့သည် မြစ်ကမ်းပါးရှိ သဲပြင်ကို နမ်းရှိုက်နေကြ၏။ လင်းလက်တောက်ပသည့် ချမ်းမြေ့ကြည်နူးဖွယ် နေ့သစ်တစ်ခု စတင်လိုက်လေပြီတည်း။

:)

Ref:
Portrait of the Buddha (from a Novelist's Pen) by Jayasena Jayakody, English Translation by K. D. de Lanerolle. FOR FREE DISTRIPUTION - NOT FOR SALE.
(ပုံနှိပ်မှတ်တမ်း အပြည့်အစုံ မတွေ့ရပါ။)

ဆက်စပ်ဖတ်ရှုရန် . . . . .

ဆက်ဖတ်ရန်

မေးခွန်းများကို ပြန်ဖြေပေးခြင်း

Ye`Ye`: messageFlash song ထဲက ငြိမ်းထက်အောင်ဆိုထားတဲ.လွမ်းတယ်(မ)ရယ် သီချင်းလေးကိုdownload ချင်လို.ပါ ကျေးဇူးတင်ပါတယ်....
ဧကရာဇ် :  ဒေါင်းချင်ရင် သီချင်းအမည်ပေါ်မှာ Right Click, Save Link As ကိုနှိပ်ပါနော်။ဒေါင်းလိုက်လို့ရတဲ့ဟာကိုဖွင့်ချင်ရင် မော်ဇီလာနဲ့ဖြစ်ဖြစ် IEနဲ့ဖြစ်ဖြစ် browser တစ်ခုခုနဲ့ ဖွင့်ရင်ရပါတယ်။အင်တာနက်ရှိဖို့တော့လိုတာပေါ့နော်။
mp3လိုချင်တယ်ဆိုရင်တော့ အောက်မှာ ဒေါင်းလိုက်ပါနော်။


http://www.mediafire.com/?bcge09r6cri6pfp

http://ifile.it/9nijvhs/LwanTelMaYal.mp3

http://www.zshare.net/audio/90892047bfe48258/

http://www.mirrorcreator.com/files/0AK35UT0/

 


 may: ကောင်လေးတွေဘာလို.ပိုက်ဆံမက်တာလဲ

ဧကရာဇ် : ပိုက်ဆံမက်တယ်ဆိုတာ ကောင်လေးရယ် ကောင်မလေးရယ်မရှိပါဘူး။လူဆိုတာ ဘယ်သူမဆို အနည်းအများသာကွာမယ်  လောဘဒေါသမောဟစတာတွေနဲ့မကင်းကွာနိုင်ပါဘူး။ပိုက်ဆံမက်တယ် ဆိုတာလဲ လောဘပေါ့နော်။တချို့ကျတော့ ငယ်ငယ်ကဆင်းရဲတော့ ကြီးလာတဲ့အခါ ချမ်းသာချင်တဲ့အတွက် ပိုက်ဆံမက်သလို လောဘကြီးသလိုဖြစ်တတ်တယ်။ပိုက်ဆံမက်တယ်ဆိုတာ လူနဲ့မဆိုင်ဘူး ကောင်လေးဖြစ်စေကောင်မလေးဖြစ်စေ လောဘစိတ်တွေကြီးမယ်အလိုဆန္ဒတွေကြီးမယ်  ပိုက်ဆံမက်မှာပါဘဲ။

 

 

monaliza: ဘာပုလို့ခုခေတ်ကောင်မလေးတွေအရမ်းလှနေတာလဲဟင်...ဟဲဟဲ

ဧကရာဇ် : ခုခေတ်ကောင်မလေးတွေ အရမ်းလှတယ်ဆိုတော့ အရင်ခေတ်က ကောင်မလေးတွေကရော မလှလို့လား။သူခေတ်နဲ့သူတော့ လှကြတာပါဘဲ။ကြည့်တဲ့သူအပေါ်မှာဘဲ မူတည်ပါတယ်။ခုခေတ်ကောင်မလေးတွေ ၀တ်စားတာကို ရှေးခေတ်ကလူတွေကိုသွားပြရင် လှတယ်လို့ ပြောမှာမဟုတ်ဘူး။အဲ့သဘောဘဲပေါ့။ခေတ်တွေပြောင်းလဲလာတဲ့အတွက် ကြည့်တဲ့သူရဲ့ အမြင်တွေ ပြောင်းလဲလာသလို ကောင်မလေးတွေရဲ့ပြင်ဆင်ပုံတွေကလဲ ပြောင်းလဲလာပါတယ်။ ခုခေတ် ကောင်မလေး တွေ  ပိုလှလာတယ်လို့ထင်ရတာကလဲ သူတို့ရဲ့ ပြင်ဆင်ပုံလေးတွေက ခေတ်နဲ့ အညီ တိုးတက်လာလို့ပါဘဲ။အခုဆို ကိုယ်ခန္ဓာအဆီချတဲ့နည်းတွေ တစ်ကိုယ်လုံးအလှပြင်ဆင်တဲ့ နည်းစနစ်တွေ အလှကုန်ပစ္စည်းတွေကလဲ ပိုပြီး ကောင်းမွန်လာတဲ့အတွက် ခုခေတ်ကောင်မလေးတွေ အရမ်းလှနေတာပါဘဲခင်ဗျာ။

 

 

 yu lay: ချစ်၇တဲ့လူနဲ့၇နိုင်လား

ဧကရာဇ်: ချစ်ရတဲ့သူနဲ့ ရနိုင်မရနိုင်ဆိုတာ ကိုယ်ရဲ့အရည်အချင်းရယ် ရှေးဘ၀ကရေစက်ဖူးစာရယ် ကံကြမ္မာရယ်နဲ့ဘဲ ဆိုင်ပါတယ်။အဓိက ကတော့ ကိုယ်အပေါ်ဘဲမူတည်တာပေါ့။ကြိုးစားရင် ဘုရားတောင် ဖြစ်နိုင်သေးတာပါဘဲ။ကိုယ်ဘက်က တတ်နိုင်တဲ့ကြိုးစားမှုရှိမယ် ပေါင်းရဖို့ကံလဲပါမယ်ဆိုရင် ချစ်ရတဲ့သူနဲ့ ရနိုင်မှာပါ။

 

 

kokyaw:ကျနော်မေး၇မှာနည်းနည်းတော့ ၇ှက်ပါတယ်။ကျနော့် ချစ်သူကို အပျိုစစ်မစစ်ဘယ်လိုသိနိုင်မလဲ။ပြောပြပေးပါ ။ 

ဒီနေရာလေးမှာ သွားဖတ်ပါနော်။ 

http://api.ning.com:80/files/IT7cuq0-AcNWy9jW7ovUd0R5MByZpjWOlI1Jm97xtQib21cOKFxSa8i1qZnpR6TCoQrx3GSYHdvBDXtI7YMKklCqjGA3YyFB/etet.html 

 

 

 

 mmlay: သူကပြောတယ်သူ့အိမ်ကကသူ့အတွက်မိန်းမတောင်းပြီးပြီသူကမရချင်ဘူးတဲ့

တို့ကပြောလုက်တယ်အဲမိန်းမကိုယူလိုက်လို့သူစိတ်ဆိုးသွားမှာလား

ဧကရာဇ် : စိတ်ဆိုးမဆိုးတော့မသိဘူးခင်ဗျ။မပြောသင့်တာတော့အမှန်ဘဲ။ပြဿနာတစ်ခုတက်လာတဲ့  အချိန်မှာ စွတ်ပြောတာထက် သူ့အခြေအနေကို သေချာလေ့လာပြီးအကြံပေးတာ ဆွေးနွေးတာမျိုး လုပ်သင့်ပါတယ်။သူ့အိမ်က သူ့အတွက်မိန်းမတောင်းပေးပြီးပေမယ့် သူကမှ မရချင်တာလေ။သူ့အပေါ်ဘဲ မူတည်ပါတယ်။သူမလိုချင်ရင် ငြင်းပေါ့။အဲ့မိန်းမကိုယူလိုက်လို့ ပြောလို့ စိတ်ဆိုးမဆိုးကတော့ သူ့စိတ်နဲ့ဘဲဆိုင်ပါတယ်။စိတ်ဆိုးတတ်တဲ့သူဆိုရင်တော့ဆိုးမှာပေါ့။အဲ့နေရာမှာ ကျွန်တော်ဆိုရင်တော့ စိတ်မဆိုးဘူးလေ။နားလည်အောင် ဆွေးနွေးမှာပေါ့။သူ့စိတ်က ဘယ်လိုမျိုးလဲဆိုတာမသိတော့ စိတ်ဆိုးမဆိုးဆိုတာ mmlay ဘဲ အသိဆုံးဖြစ်မှာပါနော်။

ဆက်ဖတ်ရန်

GridinSoft Trojan Killer v2.0.9.5 Portable

ဆက်ဖတ်ရန်