သူငယ်ချင်းတို့ရေ..
တစ်ခါခါကျတော့လည်း အွန်လှိုင်း သံယောဇဉ် က လက်တွေ့ဘ၀ နဲ့ နိုင်းယှဉ်မိပြန်ရင် ဒီအွန်လိုင်းသံယောဇဉ်ကြီးက
တကယ်ဖြတ်ရခက်ပါတယ်။
အင်း..........အကြောင်းအမျိုးမျိုးကြောင့် ကိုယ်နဲ့ အဆင်မပြေတဲ့သူဖြစ်ဖြစ် လှို့ဝှက်ရမဲ့အကြောင်းအမျိုးမျိုးကြောင့် မဖြတ်မနေ ဖြတ်ရတာမျိုးတွေရှိကြတဲ့သူတွေကို ..
Gtalk ကနေ ကိုယ်က Block သို့ Remove လုပ်လိုက်ရင် ကိုယ့်ဘက်ကသာ သူ့ကိုမမြင်ရတော့ပေမယ့်
Block သို့ Remove လုပ်လိုက်တဲ့သူရဲ့ Gtalk မှာတော့ ကိုယ့် နာမည်ရှိနေ သေးတဲ့အတွက် သူ့ဘက် Chat လို့ရပါသေးတယ်။
ကိုယ့်ဘက်က Block လိုက်တယ်ဆိုပေမယ့် သူ့ရဲ့Gtalk List မှာ ရှိနေဦးမှာပါ.။
အဲ့ဒီလိုမျိုးတွေ မဖြစ်ရအောင် အပြီးအပိုင် သံယောဇဉ်ဖြတ်မယ်ဆိုရင်တော့ ဒီနည်းလေးအတိုင်းပြုလုပ်လို့ရပါတယ်။
1. Gmail ကို ဖွင့်ပါ။ ပြီးရင် Contacts ကို ရှာပြီး Click နှိပ်လိုက်ပါ။
2.Contacts Box ကျလာရင် မိမိ Delete လုပ်ချင်သော Account ကို ရွေးပြီး အမှန်ခြစ်ပေးလိုက်ပါ။
3.More action ကနေ Delete contact ကို click နှိပ်လိုက်ပါ။ တကယ်ဖျက်မှာလားလို့မေးတဲ့ Box ကျလာရင် OK ကို နှိပ်လိုက်ပါ။
အဲဒါဆိုရင် နောက်ဆုံး ကိုယ်အနေနဲ့ လုံးဝမဆက်သွယ်လိုသူကို အပြီးအပိုင် သံယောဇဉ်ဖြတ်လိုက်လို့ရသွားပါပြီ။
သူ့ရဲ့ Gtalk မှာလည်း မိမိအမည် မရှိတော့သလို သူ့ Gtalk မှာလည်း ကိုယ့်အမည် ကျန်ရှိတော့မည် မဟုတ်တော့အတွက်
အပြီးတိုင် Gtalk နေသံယောဇဉ် ဖြတ်ချင်သူတွေအတွက် ဧကရီ လက်ဆောင်ပေးလိုက်ပါတယ်ရှင့်..
အဆင်ပြေကြပါစေ။:(
***ဧကရီ***
ဆက်ဖတ်ရန်