အကြင်နာနန်းတော် ၏ ရည်ရွယ်ချက်များ


မြန်မာ လူငယ်များအတွက်
၁။ အသုံးဝင်သော ဆော့(ဖ်)၀ဲ များ
၂။ နည်းပညာဆိုင်ရာ စာအုပ်များ (ကွန်ပျူတာ၊ ပရိုဂရမ်၊ ဓာတ်ပုံ နှင့် ဒီဇိုင်း၊ အင်တာနက်၊ အင်ဂျင်နီယာ)
၃။ ဘာသာရေး၊ တရားတော်ဆိုင်ရာ စာအုပ်များ၊ အသံဖိုင် နှင့် ဗီဒီယိုများ
၎။ ၀တ္ထု၊ ကဗျာ၊ ကာတွန်း၊ ဟာသ စာအုပ်များ
၅။ တေးသီချင်းများ (မြန်မာ၊ နိုင်ငံခြား)
၆။ ရုပ်ရှင် နှင့် ဗီဒီယိုများ (မြန်မာ၊ နိုင်ငံခြား)
၇။ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ ဗဟုသုတနှင့်အကြံပြုချက်များ
၈။ သတင်း နှင့် အထွေထွေဗဟုသုတများ
၉။ ဂိမ်းများ
၁၀။ အလှအပ နှင့် ဖက်ရှင် ဆိုင်ရာ ဗဟုသုတ နှင့် အကြံပြုချက်များ
၁၁။ အသုံးဝင်သော ၀က်ဘ်ဆိုက် လိပ်စာများ
ကို မျှဝေပေးရန် ဖြစ်ပါသည်။



အကြင်နာနန်းတော် သို့ လာရောက်သူများအတွက် ပျော်ရွှင်မှု၊ ဗဟုသုတ နှင့် နည်းပညာ တစ်ခုခုတော့ ရရှိသွားစေရပါမည်။

စိတ်တူ၊ ကိုယ်တူ၊ ရည်မှန်းချက်ရှိသူ လူမှုအသိုင်းအ၀ိုင်း (Community) တစ်ခု ဖန်တီးသွားရန် နှင့် မြန်မာလူငယ်များ ပိုမို တိုးတက်အောင်မြင်အောင် အချင်းချင်း ပံ့ပိုးဆောင်ရွက် သွားကြရန် ရည်ရွယ်ပါသည်။


Flash သီချင်းများစုစည်းမှု

ရွှေတိဂုံ အမေ-ထူးအိမ်သင် မ-sample တိတ်တခိုးအချစ်-ရိန်မိုး မ-ပူစူး မင်းကိုသတိရရင် တွဲဖက်အပြုံး-ရိန်မိုး အရမ်းပဲချစ်နေပြီ-ရိန်မိုး လေပြေ ဆု အမေတခုသားတခု အရမ်းပဲချစ် ဘယ်သူမှမကောင်းဘူး ဖြည့်ဆည်းပေးမဲ့သူ ရိုမီယို ဂျူးလီးယက် တောဂေါ်လီ သူလေး ရင်ခုန်ဘက်သို့တမ်းခြင်း ကြွေပါစေ လမ်းမခွဲကြေး မင်းနဲ့ငါနဲ့ မေမေ မင်းအတွက်ပါ သနပ်ခါးချစ်သူ အနီးဆုံးလူ ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေ သင်္ကြန်မိုး အပြစ်မမြင်ပါဘူး ကမ္ဘာအပြင်ဘက် နှလုံးသားရှိတဲ့အရပ် မျောလွှင့်နေတဲ့တိမ် အင်းလေးမှာရွာတဲ့မိုး ငါချစ်တာမင်းပဲ နေညိုရင် ပူစီ ချစ်သူကို ချမ်းမြေ့ပါစေ စိတ်ကူးယဉ်အနမ်းများ နွေဦးကဗျာ မိုးသိပါစေ ဘ၀ချင်းခြားလည်းချစ် ပုဂံဘုရားဖူး မမကြောင့် ညစဉ်ညတိုင်း အလွမ်းမိုး မြူမှောင်ဝေကင်း နှစ်ပါတ်လည် ကောင်မလေး နောက်ဆုံးရင်ခွင် မလွမ်းပဲမနေနိုင်ဘူး လုံးဝမမေ့သေးဘူး အိမ်-ဓီရာမိုရ် လမ်းဆုံ ကိုကိုက အာဇာနည်(၄)ပုဒ်နဲ့address-card တမိုးအောက် ယုံပါရင်သို့ ဒီတညတော့ ဟင့်အင်းအမေကဆူလိမ့်မယ် တခါထဲချစ်ချင်လို့ပါ ထူးဆန်းလွန်းတဲ့အချစ် ပြော ကြွေသူနှစ် ကောက်သူတစ်

မင်းအကြောင်းအိမ်မက် မိန်းမယူရင်စဉ်းစားကျ ချစ်သူရင်ခွင် ၀တ်မှုံ သီချင်းတပုဒ်မင်းဆိုလိုက် We are the world သူ့ကိုကျနော်ချစ်သည် မင်းမုန်းမှာစိုးတယ် မင်းလေးကိုသိပ်ချစ်လို့ မင်းသိလာမယ် ယုံကြည်ပေးပါ မျှော်လင့်မထားတဲ့အချိန် ကလေး လေး ချစ်ရက်နဲ့ ယုံကြည်ခြင်း ဆန္ဒတစုံ အလွမ်း ဖူးစာရှင် သဲသဲလှုပ် ဝေခွဲမရပါလား လိုက်ဖက်တဲ့ဘ၀ ငါ့ရင်ခွင်ကို အဆင်ပြေပါစေ Gtalk သူ ၀န်ခံလိုက်ပါ ရီးစားစာ တခါထဲချစ်ချင်လို့ပါ (၂) မိုး တိုးတိုးလေး ကြည်နူးခွင့် မုန်းမေ့ဖို့မလွယ် မလွယ်ပါကွယ် ကျောင်းသီချင်း ကြိုနေစေချင်တယ် ချစ်ကံဆိုး အပြုံးလေး နတ်သမီး လမင်းသို့ သီချင်းမဲ့ဂီတာ အမောပြေ ဆုတောင်းမယ် ဆုတောင်းမယ်(၂) ဟိုအရင်လို မိုးသည်းထဲမှာ အမေ နင်ပြန်လာခဲ့ ပေးဆပ်ခွင့် အချစ်အတွက်ကံမကောင်းခဲ့သူ ချစ်တယ်ဟုတ် ဖန်သားနန်းတော် ဒို့လည်းလိုက်မယ် မြတ်နိုးသူအတွက် ပုံရိပ်လေး ပြန်တော့ကွယ် အချစ်ကိုသိချိန် မင်းတယောက်သာ မမချစ်လို့မဖြစ် အမြတ်နိုးဆုံး ချစ်ခွင့်ရခြင်ပြီ ခွဲခွာရက်သူ ဘာကြောင့်လဲ အတ္တ စာမျက်နာ ၁၅ မျက်နာများတဲ့မောင် ဒီလမ်းမကြီးရဲ့ ဘေး အင်းယားသို့ နှစ်ပတ်လည်(၂) မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် ပြန်လာပါကွယ် သူသိပါကွယ် All out of love စလုံးကချစ်သူ ပတ်သက်ခွင့်ပြုပါ တကယ့်ပုံပြင် ကောင်မလေး တယောက်သောသူအတွက် မင်း မရေရာဘူး မအေးကိုချစ်လို့ ဆက်ချစ်ခွင့်ပေးပါ ညှို့နှိင်လွန်းတဲ့သူ ခွင့်ပြုတယ်ခွင့်လွှတ်တယ် ကြိုပြီးတောင်းပန်တယ် ရဲလေး သီချင်း ရီးစားထားတဲ့အရွယ် အချစ် = အချစ် သီးသန့်ဖြစ်တည်မူ ကိုကို့စိတ်ကူး မမက တကယ်ဆိုအချစ်ဘဲလိုတယ် ကြယ်ကြွေကောင်းကင် အချစ်များသူ့ဆီမှာ ပြန်တွေးကြည့် ယုံကြည်တော့အချစ် ကောင်ကလေးကကောင်မလေးကို နေရာ တယောက်သော သူ အဆုံးမဲ့ အလွမ်းပြေအနမ်း အလွမ်းဆုလဒ် ဘာဖြစ်ဖြစ်ချစ် မင်းသိလာမယ် 2 ပြန်မဆုံဖြစ်ကျရင် နောက်ဆုံး အမှန်သိခွင့် (ဒိုးလုံး) ချစ်ခွင့်ရချင်ပြီ နှစ်ကိုယ်တူချစ်သမျှ တခါခါ စိတ်လျှော့လိုက် ရိုးရှင်းသောဘ၀ရဲ့ပိုင်ဆိုင်မူ ဓမ္မဒါန လမ်းကြုံရင်ပြောပေးကြပါ StayWithMe ချစ်ခဲ့တာလားရူးခဲ့တာလား BadGirl သန်ခေါင်ယံည နုတ်ဆက်စာ အလွမ်းပြေအနမ်း ၂ ပြန်မဆုံဖြစ်ကျရင်၂ အချစ် နှောင့်ယှက်သူ ပြန်မရဘူး ငါ့ရင်ခွင်ကို ၂ မေ့တော့မေ့သေးဘူး မြတ်ဆုမွန် မကြာခင်မှာကြင်နာမယ် နေချင်တယ်မင်းအနား ဝေးလို့နေမလားမေ့လို့နေမလား ရွှေတိဂုံ(၂) သံယောဇဉ် သံစဉ်တွေနဲ့ချော့သိပ်မယ် ကောင်မလေး နောက်ဆုံးအချစ် မချစ်နဲ့တော့ မျှော်လင့်ခြင်းကွင်းပြင် MyHeartWillGoOn လွမ်းရဲမှ ၀ိရောဓိ အလွမ်းဝင်္ကပါ မင်းတယောက်သာ BeWithYou ကိုယ်မညာချင်တော့ဘူး ဆွေးမြေ့အသဲ သံယောဇဉ် ချစ်သူထားခဲ့တော့ ချစ်ဦးမေ အချိန်တိုင်းပဲ နားလည်ပါ ကြယ် လွန်ပါစေအလွမ်းညတွေ လူလည်အာရှသား ဗုဒ္ဓံ ဓမ္မံ သံဃံ ကြေကွဲရလိမ့်မယ် စိတ်ကူးလွင်ပြင် KissMe မ..ကို မီးအိမ်ရှင် အလွမ်းပြေအနမ်း လွမ်းနေပြီ လွမ်းနေပါတယ် အလွမ်းနိဂုံး မင်းချစ်မှချစ်ပါ့မလား အပြုံးလေး စိုးရိမ်ရတာပေါ့ မျှော်လင့်ခြင်းအဆုံး အပြစ်တခုဖန်ဆင်း ဘ၀ရဲ့လမ်းများ ခွဲခွါခြင်းနေ့ရက်များ ငါတော့မှားပြီ ကိစ္စမရှိဘူး မင်းနဲ့မဆုံသ၍ တို့နှစ်ယောက် ပျော်ပါစေ ဖက်ထားမယ် မ-မရှိတဲ့နေ့ရက်များ တွဲလက်များ ဒီကောင်မလေးအတွက် ရှင်သန်ခြင်းပြဇတ် ရွှေရောင်အရှုံး (အိမ်) နင်သိရဲ့လား နေညိုရင်၂ ငါ့ရဲ့အနား ခိုင်မြဲသောအချစ် ငါ့ရဲ့လမင်း ချစ်လို့ရရန် အလွမ်းပြေအနမ်း၂ မင်းလိုက်ရဲပါစေ သူငယ်ချင်းချစ်သူ အင်းယားလမ်းကပန်းဆိုင် သတိရရ-မရရ အဖြည့်ခံချစ်သူ တိတ်တခိုး နင်မလိုချင်လဲ လမ်းပျောက်ချိန် အလွမ်းကဗျာ အေးဆေးဖြစ်သွားပြီ မညာပါနဲ့ ချစ်သူလေး ညလေပြေ အိနြေ္ဒရှင်မလေး မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် လေပြေ၂ တဖက်သတ်အလွမ်း ဝေးပြီးတဲ့နောက် မနဲ့မောင် ချစ်တယ် ပြုံးလိုက်ပါ နှလုံးသားချင်းထိတွေ့ခဲ့တယ် ဖူးစာရှင် ဗုဒ္ဓမေတ္တာပန်း အိမ်မက်ရဲ့သမီးပျို မင်းမရှိတဲ့ကမ္ဘာ အလွမ်းသင့်ပန်းချီ ပျော်သလိုနေလိုက်တော့ စိတ်ကူးလွင်ပြင် အလွမ်းနိဂုံး မျှော်လင့်ခြင်းအဆုံး ဘ၀ရဲ့လမ်းများ နင်သိရဲ့လား အလွမ်းပြေအနမ်း၃ လရောင်ဆမ်းသောလမ်း တစ်ဖက်သက်အလွမ်း ဝေးပြီးတဲ့နောက် တစ်နေ့တော့ လမင်းသစ်ပင် ချစ်သူ နားနားဘေးမှာ ပျံသန်းသွားတော့ ဟုတ်လို့လား Never Be Replaced ချစ်မိနေပြီ နိုးတစ်ဝက်အချစ် အချစ်အတွက်ကိုယ်စား ငါ့ရဲ့အနား ၂ ဝေးသွားတဲ့အခါ မီးအိမ်ရှင် ငါ့နေရာ Anywhere for you Justin Bieber(Baby) သီရိသူ ဒီဇင်ဘာည ဒီဇင်ဘာည၂ ငါမှားလားမင်းမှန်လား ဆေးကျောင်းသား တကယ်ဆိုရင် အမေ စွန့်လွှတ်ခက်သူ နင်စေရင် အနှိုင်းမဲ့ ရင်ဘတ်ထဲက အနိုင်မယူသူရဲ့အရှုံး ခိုးချစ်ရသူ နှလုံးသားအစီရင်ခံစာ ညီမလေးအတွက် မိုး(မျိုးကြီး) မိုး၂(မျိုးကြီး) ( 8.4 ) ချစ်တယ်ဟုတ် ကောင်မလေးတယောက်အကြောင်း ဖက်ထားမယ် LetMeKissU ချယ်ရီသက်သေ ဖိတ်စာ နွေအလွမ်း ယူလိုက် အဖေ့မေတ္တာ လက်ခံပေးပါ(မျိုးကြီး) HaHaLaGyiAh မမ အပျိုကြီး ညီမလေး SnowQueen လက်ခံပေးပါ(၂) HERO ( မေ ) မမြင်ကွယ်ရာ ဟိုအရင်လို ငါ့ကိုပြောပါ မျှော်လင့်ချက်မဲ့(မျိုးကြီး) ယုံကြည်ပေးပါ BellyDancer ယုံကြည်ပေးပါ(Remix) အဖြူရောင်လေးပါကွယ် ရင်ထည်းခိုနားလှည့်ပေါ့ကွယ် မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး ပေါက်တဲ့အိုး တိတ်တခိုးအချစ် စံပါယ် တခုလောက်ဖြေပေးပါ ယုံကြည်ခြင်း၂ မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် ကမ္ဘာပျက်နေ့ နင့်ကိုငါအချစ်ဆုံး ကင်ဆာ အချစ်နဲပိုက်ဆံ နင်တစ်ယောက်တည်း သံစဉ်နဲ့ချော့သိပ်ခွင့် (မမ) ချစ်တယ်မရေ အချစ်မှတပါးအခြားမရှိပြီ တနေ့တော့ချစ်လာလိမ့်မည် အမေ့ မင်းအကြောင်းအိမ်မက် တန်ဆောင်တိုင်သီချင်း အလွမ်းနဲ့ရူးပြီ နှမြောတယ် သူလေး ကောင်းကင်ကအချစ်ငှက် ဆာဒါငဲယိုး ခိုနားရာ အိမ်မက်ကမ္ဘာ အလွမ်းဝင်္ကဘာ ပထမအနမ်းသီချင်း စကားလုံးတွေမလိုဘုး (နိဒါန်း) လေလွှင့်သူ အာဇာနည် ငါဆက်ချစ်မယ့်သူ ရုပ်သေးရုပ် မျှော်လင့်ချက်မဲ့ ဒီတစ်ခါမခွဲတော့ဘူး ချမ်းချမ်း(ကိုယ်တစ်ယောက်တည်း) မျိုးကြီး(နူးညံ့စွာပြောင်းလဲခြင်း) လက်ခံပေးပါ(၂)မျိုးကြီး မျိုးကြီး=အတိတ်ရဲ့နွေ Baby စပါယ် အမြဲတန်းယုံကြည်တယ် သူငယ်ချင်းသံယောဇဉ် မိန်းကလေးပါ ဒီဇင်ဘာည၂ ပြည့်စုံလွန်း အသိအမှတ်ပြုပါ ကြယ်ကြွေကောင်းကင် Congratulation ညီမလေး မကြင်နာလေသူသို့ အပြည်ပြည်ဆိုင်ရာအသဲကွဲသောနေ့ ပထမအနမ်း ချစ်သူသိပါစေ နင်မသွားခင် နှမြောတယ် မျှော်လင့်မိတဲ့ငါ့နတ်သမီး လမ်းခွဲ နောက်ဆုံးပေါ့ Baby-(Mc Wai Lin) ရင်ထဲကလာတဲ့သီချင်း ကော်ရုပ်လေး လွမ်းဆွတ်ခွင့် ချစ်သူ-ရိန်မိုး ငါ့ရဲ့လမင်း(လေးဖြူ) ရင်ခုန်စရာရှုခင်း(မျိုးကြီး) ကိုယ့်ရဲ့ကွက်လပ် ဆု....ထံသို့ ခလေးလေး မ-အတွက်သီချင်း ယုံမှာလား ရောခ့်သီချင်းတစ်ပုဒ်(မျိုးကြီး) မိုးသည်းချိန်မှာ Venus လမ်းဆုံး ပြန်လာပါ အလည်လွန်နှလုံးသား ဒို့ဝေးရာ ကျေးလက်တောတန်း အင်တာနက်ချစ်သူ ပြန်လာမဲ့အချိန် ခွင့်ပြုတယ်ခွင့်လွှတ်တယ် SaveTheAged ဆာဒါငဲယိုး၂ ပျော်တော်ဆက် ကောင်မလေး မင်းအချစ်ကြောင့် မလွမ်းဘဲမနေနိုင် မလှည့်စားနဲ့ အလွမ်းနေ့ရက်ရှည်များ ဒီအတိုင်းလေးဘဲချစ်နေမယ် အတောင်ပံပါရင်မင်းဆီကို TakeMeToYourHeart ထားအတွက် ကင်တင်းထဲကကွင်းလက်ချာ(အရိုး) ILoveYou ရာစုသစ်အလွမ်းသမား Rain Story (ပြည့်စုံ) မင်းနဲ့မှချစ်တတ်ပြီ အချစ်ဒါဏ်ရာ လွမ်းတယ်(မ)ရယ် မင်းနားလည်မှာ ချစ်သူရဲ့ပုံပြင်(အနွန်) (မ)အတွက်သီချင်း ကျောင်းပိတ်ရက်လေး ကျေးဇူးပဲမနက်ဖြန် ကောင်မလေး onelesslonelygirl ငါ့နေရာ "မ" အတွက်သီချင်း ကဗျာမမှီတဲ့အချစ်

တို့နှစ်ယောက်အကြောင်း ရုပ်သေးရုပ် ဒီမိုးသည်းချိန်တိုင်းမှာ ပြန်ဆုံနိုင်ဦးမလား မင်းနဲ့အတူရှိချင် ကြွေနေပြီ တိုကျိုအိပ်မက် မနှုတ်ဆက်ချင်ဘူး အာဒံဧ၀ တောင်းပန်ပါတယ် I Love U Baby BabY Cry On My Sailing HONEY(အာဇာနည်) ကိုယ့်ရဲ့သက်တန့်ငယ် အလွမ်းဝင်္ကပါ မ မရှိတဲ့နေ့ရက်များ ခါး(အငဲ) သိမ်းထားခွင့် WeddingDress မင်းရှိစေချင်တယ် ONLYLOVE ကိုယ်ပိုင်တဲ့ကိုယ့်နေရာ တန်ဖိုး(လေးဖြူ) ပျောက်ဆုံးသွားတဲ့မနက်ခင်းလေးများ မင်းအချစ်ကြောင့်(၀ိုင်ဝိုင်း) မခေါ်ရက်ဘူး တက္ကသိုလ်ဘ၀ ဆေးပေးပါ(မျိုးကြီး) အသဲကွဲဒီဇင်ဘာ အချစ်အိမ်မက်လေး ညီမလေးအတွက် ရိုမီယိုဂျူးလီးယက် Baby Gril တော်ပြီနောက့် အိပ်မက်ထဲကလူ ငါ့နဲ့ မင်း အဖြူရောင်သူငယ်ချင်း ဖက်ထားမယ် အဖြည့်ခံ မိုးဘယ်မှာရွာနေလဲ ချစ်တယ်ဟုတ် Bad girl ရင်ခုန်နှစ်သစ် မဟာဆန်သူ ပန်းချစ်သူ မမ ကောင်လေး ဆုံစည်းခွင့်-ရိုးရာ+ Mc ဟိန်းထက် တစ်ချိန်က”မ” နှုတ်ဆက်သီချင်း OldService အဆောင်သူမမ ပြော သနပ်ခါး အချစ်ဝင်္ကပါ L.O.V.E(Kg Ma Lay) အရင်ကဇတ်လမ်း အလွမ်းဝင်္ကပါ အလွမ်း ရှင်းပြခွင့်ပေးပါ Over You မိုး အနားနားဘေးမှာ မင်းကိုသတိရရင် ချစ်ခဲ့တာလား ရူးခဲ့တာလား အလွမ်းဆုလဒ် ကြိုစေချင်တယ် ငါ့နေရာ Justin Bieber@baby Radio ပေးခဲ့တဲအလွမ်း ပက်သက်ခွင့်ပြုပါ(Bunny Phyo) ကမ္ဘာငယ်လေး မသိချင်ယောက်ဆောင်မျက်နှာလွဲ ခိုနားရာ ကောင်ကလေးကကောင်မလေးကို ထာဝရပက်သက်ခွင့်ပြုပါ ကွာခြားမူ အရိပ်ပမာ Never Say Never never say never2 စိတ္တဇညဆိုးများ သူငယ်ချင်း အဝေးကချစ်သူ ကိုယ်တယောက်ထဲ လွမ်းဆဲပါ ကမ္ဘာငယ်လေး အမုန်းလက်ဆောင် KissMe Celion ၀ါဆိုမိုးနဲ့ပြန်ခဲ့ပါ မျှော်လင့်ဆဲ(ထက်ယံ) အပြစ်မမြင်ပါဘူး baby(mc wai lin)
ဘယ်သူ့အတွက်လဲ(ထက်ယံ) မမကိုယ်ချင်းစာနာခဲ့ပြီ ဘယ်ပန်းချီရေးလို့မမှီအဝေးရောက်နေသော်လည်း

ချယ်ရီသက်သေ snow queen Ma Ma ဖိတ်စာ နွေအလွမ်း Ha Ha La Gyi Ah အပျိုကြီး ညီမလေး ပန်းချစ်သူ.....ဒို့လည်းလိုက်မယ် ယုံကြည်ပေးပါ Belly Dancer MyHappyEnding ယုံကြည်ပေးပါ(Remix) ရင်ထဲခိုနားလှည့်ပေါ့ကွယ် အဖြူေ၇ာင်လေးပါကွယ် မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး ပေါက်တဲ့အိုး တိတ်တခိုးအချစ် စံပါယ် တခုလောက်ဖြေပေးပါငယ်ကျွမ်းဆွေ ကင်ဆာ ၀ိုင်းဆုရဲ့(လမ်းမကြီးရဲ့ဘေး) အရမ်းလွမ်းတယ်မရယ် မ..မ(၂) တပင်တည်းရင်ထဲကနွယ် တစ်စက္ကန့် နွေရာသီလမ်းခွဲ သခင့်ထံအပြေးပြန်လာမည် နူတ်ဆက်စကား မောင့်အရိုင်းပန်း ငယ်ဖော် အသည်းကွဲမြို့တော် VENUS Baby(Mc Wai Lin) ကြယ်ကြွေကောင်းကင် လမ်းဆုံ နှစ်သိမ့်တဲ့တေး သူစိမ်းတယောက်ပါ နှင်းဝေတဲ့ဆောင်း အလှစစ် ညို့မျက်ဝန်း နှလုံးသာရှာသူ လွမ်းတယ်(မ)ရယ်အသဲကွဲဒီဇင်ဘာ I Love U Baby၀ါရင့်သမ္ဘာရင့်(Old Service) Never Say Never


သီချင်းရပ်ချင်ရင် ဗီဒီယိုပေါ်မှာ Right Click-->Rewind. ဒေါင်းချင်ရင် သီချင်းအမည်ပေါ်မှာ Right Click, Save Link As ကိုနှိပ်ပါ။

Monday, January 30, 2012

ဆုတ်ပြန်


ကိုအ၀ှာနှင့် မအ၀ှာတို့သည် ရှေးဦးစွာ အွန်လိုင်းမိတ်ဆွေများ ဖြစ်ကြပြီး . . . . .။
(ကာယကံရှင်တို့ ထိခိုက်နင့်နာမှု မရှိကြစေရန် နာမည်များ ပြောင်းလွှဲထား၏။ နာမည်လွှဲလိုက်မှ မဆိုင်သူများနှင့် တိုက်ဆိုင်နေလျှင် . . .။ ဖြစ်တတ်သည်။ ယေဘုယျအားဖြင့် လူရေးသောစာသည် လူ့အကြောင်းသာ ဖြစ်တတ်ရာ လူရေးသောစာကို လူစာတတ်သူက ဖတ်မိပြီး “ငါ့အကြောင်း ရေးထားတာပဲ . . . . .”ဟု . . . . .။ စာရေးသူ)

အဆိုပါ အ၀ှာတို့၏ ဆက်ဆံရေးသည် တရုတ်နှစ်သစ်ကူး ရာသီ၌ သိုသိုသိပ်သိပ် သိပ်သိပ်သည်းသည်း ဖြစ်လာ၏။ အ၀ှာထီးနှင့် အ၀ှာမတို့ အားလပ်ရက် ရကြ၍ အားအားယားယား  ချက်တင်းနှောကြသည်။ ဤသို့ . . . . .။ နောက်ဆုံး၌ မရည်ရွယ်ဘဲ (သို့မဟုတ်) ရည်ရွယ်ရင်းအတိုင်း ချစ်တင်းနှောသွားကြ၏။ (ကိုအ၀ှာသည် မြာပွေသူ ဖြစ်ပြီး မအ၀ှာသည် ရှာနေသူဖြစ်သည်ဟု ယူဆရ၏။ စာရေးသူ)

-----

ဂျီတော့နှင့်ချက်။ ထွက်၍တစ်ခါ ဖေ့စ်ဘွတ်မှာ။ အာကလိအောက် အောက်ကလိအာ။ ဘာသာတူ လူမျိုးတူ။ ငြူစူကင်းစင်။ သွင်ပြင်ပုံပန်း နတ်နှယ်ဆန်း။ ငန်းငန်းတက် ဗီဇက်အို။ ငြိုငြင်ပြန်လျှင် ဖုန်းဆက်။ မက်ဆေ့ခ်ျ ပို့တန်ပို့။ သို့ကလို နေ့နှင့်ည။ မအ၀ှာနှင့် ကိုအ၀ှာ။

-----

“ဟိုင်း အ၀ှာ”

“ဟိုင်း ကိုကို”

.  . . . . . . . . .
. . . . . . . . . .
. . . . . . . . . .

“ တွေ့ရအောင်။ မနက်ဖြန်လား။ သန်ဘက်ခါလား။ အခု ညတွင်းချင်းလား။ :) :) :)”

“:) မနက်ဖြန်ကျရင် အိမ်ကလူတွေ နှစ်သစ်ကူးပါတီ သွားကြမှာ။”

“:) :) :) လိပ်စာပြော။”

“. . . . . . . . . . Singapore 8 . 8 . 88 ”

“အိုကေ။”

-----

ကိုအ၀ှာသည် အိမ်မက်ယာမက် ကောင်းစွာမက်၍ မနက်အစောကြီး နိုးလာ၏။ စောစောထ။ သွားတိုက်။ မျက်နှာသစ်။ အိပ်ယာသိမ်း။ ရေးချိုး။ . . . . . နေမွန်းမတည့်မီ မအ၀ှာ၏ နေအိမ်မင်္ဂလာသို့ ကြွမြန်းနိုင်လေ၏။ တစ်နာရီအတွင်း ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားသည်။ နေရာမှန်သည်။ အလွတ်ကျက်ထားသည့် လိပ်စာကို ပြန်ကြည့်စရာပင် မလိုပေ။ တစ်ခုသာ မှားနေသည်။ မအ၀ှာ၏ နေအိမ်တံခါး သော့ခတ်၍ ပိတ်ထားသည်။ ကိုအ၀ှာ ဆုတ်ပြန်ရန်သာ ရှိတော့သည်။


-----
Comment:
“မနက်ဖြန်ကျရင် အိမ်ကလူတွေ နှစ်သစ်ကူးပါတီ သွားကြမှာ”
:)
ရှင်အာစာရ
21Jan12


မှတ်ချက် -
“ဖြစ်ရပ်မှန် မဟုတ်ပါ။”
Happy Lunar New Year!
ဆက်ဖတ်ရန်

Sunday, January 29, 2012

သတင်းပဒေသာ(29.1.2012)

လွန်ခဲ့သော နှစ်ပေါင်း ၇ဝ ခန့်က သူရိယသတင်းစာတွင် ဖော်ပြခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့၏ မင်္ဂလာသတင်း click

ရင်းနှီးမြှုပ်နှံမည့်ဂျပန်စီးပွားရေး ကုမ္ပဏီများကို မြန်မာသို့စေလွှတ်မည်ဟု ဂျပန်စီးပွားရေး ဝန်ကြီးပြော click
နယူးယောက်တိုင်းမ်က ကမ္ဘာ့လည်ပတ်ရန် အကောင်းဆုံး ၄၅နိုင်ငံတွင်မြန်မာနိုင်ငံကို တတိယနေရာ ဖော်ပြ click

မိုက်ကရိုဆော့ဖ်ပိုင်ရှင် ဘီလ်ဂိတ်လာမည့်ကိစ္စ UMFCCI နှင့် ဘီလ်ဂိတ်ရုံးက ငြင်းဆန် click

ထိုင်ခုံ ၂၉ ခုံပါ ရန်ကုန်− မန္တလေး အထူး ယာဉ်လိုင်း ပြေးဆွဲမည် click

ထားဝယ် အထူးစီးပွားရေးဇုန် မြေတစ်ဧက ကျပ်သိန်း ၃၂၀၀ ဝန်းကျင်ဖြင့် ရောင်းချမည် ဟုဆို click

ကားသစ်များ ပါမစ်ကြေး၊ အခွန်အပြီးအစီး ၁၉၉ သိန်းဖြင့် ရောင်းချမည် ဟုဆို click

iPad တွင် Windows OS သုံးနိုင်မည့် Application စတင်ဖြန့်ဝေ click

မြွေမျိုးစိတ်သစ်တစ်မျိုး ရှာဖွေတွေ့ရှိ click

သေဆုံးပြီးနောက် နှုတ်ဆက် Message လွှင့်တင်နိုင်မည့် Facebook App click
နယ်သာလန်မိန်းကလေးငယ်၏ တစ်နှစ်ကြာ ကမ္ဘာပတ်ခရီး အပြီးသတ်အောင်မြင် click
မျိုးသုဉ်းပျောက်ကွယ်သွားသည့် သွေးစုပ်ဖုတ်ကောင်မျောက်မျိုးနွယ် ပြန်လည်တွေ့ရှိ click

ဗြိတိန်တွင် ပေါင် သန်း ၂၀ တန် ရိုလာကိုစတာ စမ်းသပ်မှု မအောင်မြင် click

မန်ချက်စတာ ယူနိုက်တက်၏ နွေရာသီဘောလုံး သင်တန်းသို့ မြန်မာမှ ကလေးများ တက်ရောက်နိုင် click

ဆက်ဖတ်ရန်

folder တစ်ခုကို မမြင်အောင် ဖျောက်ထားချင်ရင်

(၁)ပထမဆုံး screen ဘယ်ဘက်ထောင့်နားက Start ကိုဝင်ပြီး search box ထဲမှာ Character Map” ကိုရိုက်ရှာပါ။
(၂)ပြီးရင် အောက်ပုံထဲကအတိုင်း ~ နဲ့ ¡ ကြားက blank အကွက်လေးကို select လုပ်ပေးပါ။ပြီးရင် copy နှိပ်ပါ။


(၃) ကိုယ်ဖျောက်ချင်တဲ့ဖိုင်တစ်ခုကို right click ထောက် rename ကိုရွေးပေးပြီးတော့ Ctrl V နှိပ်ပေးပါ။
(၄)တကယ်လို့အပေါ်ကအဆင့်တွေမသွားချင်ဘူးဆိုရင် ကိုယ်ဖျောက်ချင်တဲ့ဖိုင်ကို right click ထောက် rename ရွေးပြီးရင် အမည်ကို Alt ကို နှိပ်ထားပီးတော့ 0160 ကိုနှိပ်ပါ။ပြီးရင်လွှတ်လိုက်ပါ။ဒါဆို ဖိုင်အမည်က blank ဖြစ်သွားပါမယ်။windowxp ဆိုရင် Alt +255 နဲ့ရမယ်ထင်တယ်။
(၅)နောက်တဆင့်အနေနဲ့ folder ကိုဖျောက်ပါမယ်။folder ကို right click ထောက် properties>Customize>change icon ကိုသွားပါ။


(၆)ပုံထဲက အတိုင်း ဘာမှမရှိတဲ့အကွက်လေးကို ရွေးပေးပါ။ပြီးရင် OK လုပ်ပါ။
ဒီအဆင့်ထိပြီးရင် ဖိုင်ကိုမမြင်ရတော့ပါဘူး။ဒါပေမယ့် စမ်းကြည့်ရင်တော့ရှိနေပါသေးတယ်။
လုံးဝဖျောက်ထားချင်ရင် အောက်ကပုံလေးတွေကိုကြည့်ပြီးဆက်လုပ်ပါ။

ဒါက window xp အတွက်ပါ။စာနဲ့မရှင်းပြတော့ပါဘူး။ပုံလေးနဲ့ဘဲပြထားပါတယ်။










ဒါက window 7 အတွက်ပါ။








အဆင်ပြေပါစေ။

ဆက်ဖတ်ရန်

Wednesday, January 25, 2012

Make Mozilla Firefox Faster


Mozilla Firefox သုံးတဲ့သူများအတွက် ပိုမိုမြန်ဆန်စေချင်ရင်။
  1. Firefox ကိုဖွင့်ပါ။address bar box(http link တွေရေးတဲ့နေရာ) မှာ “about:config“ ကိုရိုက်ပါ။warranty ပြရင် promise ပေးလိုက်ပါ။
  2. Filter ဘေးက အကွက်လေးထဲမှာ “network.http“ ရိုက်ပေးပါ။
  3. ပေါ်လာတဲ့ list ထဲမှာ  ’network.http.pipelining‘ ကိုရှာပါ။တွေ့ရင် အဲ့စာကြောင်းပေါ်မှာ double click နှိပ်ပေးလိုက်ပါ။ဘေးမှာရှိတဲ့ False က True ပြောင်းသွားပါမယ်။
  4. network.http.pipelining.maxrequests ကိုရှာပါ။double click နှိပ်ပြီး နဂို value  4 ကို 50 ပြောင်းပေးပါ။
  5. network.http.proxy.pipelining  ကိုရှာပါ။double click နှိပ်ပြီး False ကို True ပြောင်းပေးပါ။
  6. နဂိုကထက်ပိုပြီး မြန်ဆန်လာပါလိမ့်မယ်။
ဆက်ဖတ်ရန်

Character Map

ကျွန်တော်အခု  Character Map လေးနဲ့ သုံးပြီးပုံလေးတွေ ဖန်တီးတာလေးကိုပြောပြပါမယ်။
ပထမဆုံး Start ထဲက Search ဘောက်ထဲမှာ Character Map လို့ ရိုက်ထည့်လိုက်ပါ။

အထက်ပါပုံလေးအတိုင်းမြင်ရပါလိမ့်မယ်။ပုံပါအတိုင်းပြထားတဲ့ symbol လေးတွေက သိပ်မစုံဘူးထင်ရင်အပေါ်က font နေရာမှာ ချိန်းလို့ရသလို Advanced viewမှာ အမှတ်ခြစ်လေးခြစ်ပြီး ထပ်ရွေးလို့ရပါသေးတယ်။



အပေါ်ကပုံကတော့ Advanced view ထဲကနေ group မှာ unicode subrange ကိုရွေးလိုက်တဲ့အခါ ဘေးကဘောက်လေးပေါ်လာပါလိမ့်မယ်။အဲ့ထဲကထပ်ရွေးလိုက်တာပါ။အများကြီးပါ။
နောက်တစ်ဆင့်အနေနဲ့ ကိုယ်ယူချင်တဲ့ characterလေးရပီဆိုရင် select လုပ်ပေးပါ။ပြီးရင် copy လုပ်လိုက်ပါ။
ကိုယ်သုံးချင်တဲ့နေရာမှာ Ctrl V နှိပ်ပြီးပုံလေးတွေဖန်တီးနိုင်ပါပြီ။မသိသေးတဲ့သူများအတွက်ပါ။



ဆက်ဖတ်ရန်

Kaspersky_Keys_23_January 2012

ဆက်ဖတ်ရန်

Tuesday, January 24, 2012

ဒုလ္လဘဒေသနာ


ရဟန်းဆိုးတို့အကြောင်း
(မဃဒေ၀လင်္ကာသစ်၊ မန်လည်ဆရာတော်)

(စင်္ကာပူနိုင်ငံ၊ မင်္ဂလ၀ိဟာရ ကျောင်းတိုက်၌) ဒုလ္လဘ၀တ်ကြသည့် စင်္ကာပူရောက် မြန်မာရဟန်းတော်များကို ရှောင်ကြဉ်ဖွယ် ရဟန်းဆိုးတို့အကြောင်း ပြောပြဖြစ်ခဲ့သည်။
(4 to 5 PM, 24Jan12)

-         ကာမဘောဂါ၊ လူ့ချမ်းသာလည်း၊ ကင်းကွာဝေးစွ၊ သမဏ၏၊ သုခလည်းရှုံး၊ နှစ်ကျိုးဆုံးလျက်၊ ခေါင်းတုံးသာလျှင်၊ အဖတ်တင်ခဲ့၊

ဒါ အရှင်ဘုရားတို့ သိပြီးသားပဲ။ အဖွင့်နေ့က ဆရာတော်ကြီး သြ၀ါဒပေးသွားတဲ့ အထဲက လင်္ကာ။

မန်လည်ဆရာတော်ကြီး ရေးခဲ့တဲ့ မဃဒေ၀လင်္ကာသစ်ထဲက ယူထားတာ။ မန်လည်ဆရာတော် ဆိုတာ တော်တော်များများ သိကြပါတယ်။ လယ်တီဆရာတော်ကြီးနဲ့ ခေတ်ပြိုင်။ လယ်တီဆရာတော်ကြီးထက် ကြီးတယ်။ လယ်တီဆရာတော်ကြီး တောင်းပန်လျှောက်ထားလို့ ကျမ်းစာရေးရတာတောင် ရှိတယ်။ ၀ိနယသံခိပ်။ အခု ရဟန်းဆိုးတွေအကြောင်း ဆက်ပြီး ကြည့်ရအောင်။

-         ဂန္ထ ၀ိပဿနာ၊ နှစ်ဖြာဓူရ၊ မလုံ့လဘဲ၊ ကိစ္စမနည်း၊ အလိုသည်း၍၊ အရည်းမပီ၊ အလဇ္ဇီဖြင့်၊ ဒုဿီကျင့်ဆန်း၊ ရှင်ပေါက်ပန်းတို့၊ ရဟန်းတမင့်၊ တ၀င့်ဝင့်နှင့်၊ မင်းကျင့်စိုးကျင့်၊ လူကျင့်ကျင့်က၊ ပျောက်လွင့်သီတင်း၊ သီလကင်း၏၊

-         ကိုယ်တွင်းယုတ်မာ၊ ပါပိစ္ဆာဖြင့်၊ တဏှာအထည်း၊ လောဘသည်း၍၊ ပစ္စည်းလာဘ်သပ်၊ အပ်မအပ်က၊ ရသမျှကို၊ ပြိတ္တာ့မျိုးစေ့၊ တပွေ့ပွေ့နှင့်၊ တပ်ပြွေ့ခင်မက်၊ တသက်သက်တည့်၊

-         မသုံးရက်ဟူ၊ မလှူရက်ရေး၊ မပေးရက်အား၊  မစားရက်နိုး၊ တစိုးစိုးဖြင့်၊ သူခိုးကပင်၊ ဥစ္စာ့ရှင်ထက်၊ ခင်မင်နှစ်သက်၊ နှမြောခက်သို့၊ ရမ္မက်ငြိစွန်း၊ ၀တ်သင်္ကန်းနှင့်၊ ရဟန်းဖြစ်လျက်၊ ကျင့်လွဲလက်သော်၊ ကုမ္မဂ္ဂဆိုး၊ လမ်းရိုးမမှန်၊ တိရစ္ဆာန်သို့၊ နိဗ္ဗာန်မပေါက်၊ အပါယ်ရောက်၍၊ လမ်းကောက်တိမ်းပင်း၊ ချွတ်ခဲ့ယွင်း၏၊

-         ရဟန်းရဟန်း၊ မည်ပြဋ္ဌာန်းလျက်၊ ရဟန်းဟူလစ်၊ ခေါ်ရာဖြစ်ရုံ၊ စနစ်ခေါက်ချိုး၊ သလင်းပိုးလျက်၊ ချုပ်ရိုးခန်းခန်း၊ ဖန်ရည်စွန်းသား၊ သင်္ကန်းဝါ၀ါ၊ ဦးပြည်းကာဖြင့်၊ ပညာကင်းပ၊ ဒုစ္စာရနှင့်၊ သီလမဲ့မျိုး၊ အတွင်းဆိုးကား၊ အကျိုးတစိ၊ ဘယ်မှာရှိလိမ့်၊ မော်မိမော်မန်း၊ နေကာဆန်းနှင့်၊ ရဟန်းကျင့်ဝတ်၊ တပါးချွတ်က၊ လူနတ်မကြိုက်၊ ကဲ့ရဲ့ထိုက်၏။ (ပိုဒ်၊ ၄၂၅)

-         ရှင်ဆိုးရှင်ညစ်၊ ရဟန်းဖြစ်လည်း၊  စင်စစ်ယုတ်မာ၊ ပါပိစ္ဆာဖြင့်၊ တကာလူဗိုလ်၊ ချီးမွမ်းဆိုနှင့်၊ ထိုထိုဖြင်ပည်း၊ ပစ္စည်းလာဘ်ကို၊ တောင့်တလို၏၊ လိုသည့်ရမ္မက်၊ ကြံဝိတက်ကြောင့်၊ အုတ်ကျက်အုန်းအင်း၊ ကြော်ငြာလျှင်း၍၊ သတင်းပေးကာ၊ ဒေသစာဖြင့်၊ မြို့ရွာဇနပိုဒ်၊ နယ်တိုက်တိုက်ကို၊ လိုက်၍ဖျက်ဆီး၊ ခိုးသူကြီးသို့၊ ရံသီးများစွာ၊ ပရိဝါနှင့်၊ မလိမ္မာသူ၊ ရှင်လူဗာလ၊ အပ္ပသုတ၊ မိန်းမယောက်ျား၊ သူတို့အားလျှင်၊ လှည့်ဖြားသမှု၊ သက်မွေးပြု၏၊

-         ရှင်တုရှင်ဝါ၊ ရှင်ယုတ်မာနှင့်၊ မဟာစောရ၊ ရှင်ဓားပြတို့၊ ပါပကျင့်မျိုး၊ အလိုဆိုးဖြင့်၊ အကျိုးမဟဲ့၊ မိုက်သင်းဖွဲ့၍၊ ငရဲ့စီးပွား၊ ရှာသောလားသို့၊ တရားတရား၊ တဟားဟားနှင့်၊ ပြစ်များပြောတုံ၊ တောင်နှယ်ပုံ၏၊

-         အာရုံဆိတ်ရာ၊ သုညာဂါရ၊ အရည၌၊ ကာယစိတ္တ၊ ၀ိဝေကကို၊ ရလိုသော့ပုံ၊ အချို့တုံကား၊ ရဂုံတောခွင်၊ ခိုဝင်နေငြား၊ ဆွမ်းခံစားလျက်၊ ခေါင်းပါးဟာရ၊ ၀မ်းလျလျနှင့်၊ ရသမျှဟူ၊ စပ်ဆည်းဆူ၍၊ ပံသုကူဝတ်ရုံ၊ နေပါတုံလည်း၊ ပြာပုံခဲကျ၊ ထောင်းထောင်းထသို့၊ ဥဒ္ဓစ္စထုံး၊ နှလုံးမတည်၊ ခိုင်ကျည်မဲ့လျှင်း၊ စောင့်စည်းကင်း၍၊ ခံတွင်းနှုတ်ဆော့၊ ကျင့်သွမ်းသော့၏၊

-         တမော့ကြွားကြွား၊ တလွှားလွှားနှင့်၊ တရားဟောယောင်၊ ချို့ရှင်ပြောင်လည်း၊ တောင်တောင်မြောက်မြောက်၊ ပင့်မြှောက်ချနှိပ်၊ ရောင်ရိပ်ဝဲရစ်၊ လာဘ်ကိုညှစ်လျက်၊ ဗလစ်ဗလစ်၊ နှုတ်မထစ်ဘူး၊ မဆစ်မဆိတ်၊ မတိတ်အသံ၊ တညံညံဖြင့်၊ တရံမစဲ၊ ဘွာစိကြဲ၍၊ နှုတ်ရဲလျှာရွ၊

-         တစ်ချို့ကမူ၊ မာနတောင်နီး၊ တက်ဘိစီး၍၊ ထေရ်ကြီးဝါကြီး၊ သိက္ခာကြီးအား၊ ခရီးလမ်းကြား၊ တွေ့ကြုံငြားလည်း၊ လေးစားမဲ့ဘိ၊ အတိမာနီ၊ မချီလက်အုပ်၊ မတုပ်မကွ၊ ဦးမချဘူး၊ ဝေးကကြဉ်ဖဲ၊ တိမ်းရှောင်လွှဲ၍၊ တပွဲထွက်ဝင်၊ ငါ့ပြင်မရှိ၊ ဟူဘိဝါ၀င့်၊ မလျော်ကျင့်၏၊ သမင့်အလား၊ တောသစ် ကျားနှင့်၊ တောသားသို့သွင်၊ ဘယ်ကျိုးထင်လိမ့်၊ ရှင်ပင်တပဲ၊ ငရဲ့ပြိတ္တာ၊ ဖြစ်တတ်စွာရှင့်၊

-         တကာတကာမ၊ ဒုပ္ပညတို့၊ မြှောက်ကြအုံလှည့်၊ ကူညီဖြည့်လျက်၊ သူ၏ဆရာ၊ ငါ့ဆရာဟု၊ တဏှာရောယှက်၊ မာနတက်၍၊ သူ့ဘက်ငါ့ဘက်၊ တီးလက်ဆော်ရိုက်၊ နွားကိုတိုက်သို့၊ အမိုက်ပွဲခံ၊ ပါပကံဖြင့်၊ အုန်းညံဝိုင်းညာ၊ ပြုကြခါဝယ်၊ ဆရာကျက်ဖျင်း၊ ပညာကင်းတို့၊ အတင်းစောင်၍၊ နွားနှယ်ဝှေ့၏၊ ဝှေ့သည့်အလိုက်၊ အပြင်းတိုက်သော်၊ နွားမိုက်ကံဆိုး၊ ဦးချိုကျိုးက၊ တပိုးမှုတ်ကာ၊ ကြမ္မာချွတ်လွဲ၊ ဥက္ခောင်းကွဲက၊ အမဲစားကာ၊ ဘယ်သူနာလိမ့်၊ လွန်စွာမိုက်လှ၊ နွားဗာလသာ၊ သေရရုံတိ၊ ကျိုးမရှိဘူး၊

-         စုတိပျက်စီး၊ သေခါနီး၌၊ တွတ်တီးတွတ်တာ၊ ထိန်လန့်စွာဖြင့်၊ သိက္ခာစွန့်ယောင်၊ ၀ါစွန့်ယောင်နှင့်၊ ကတောင်ကချောက်၊ ပတောက်ပရစ်၊ မိုးကြိုးပစ်ခါ၊ လက်ဆီးကာသို့၊ ထွေရာစွဲလမ်း၊ ဆိုယောင်ယမ်း၍၊ မြည်တမ်းဟိန်းဟဲ၊ တညဲညဲတည့်၊ ငရဲမီးပူ၊ အမွေယူလျက်၊ ရောရူဝီစိ၊ အောက်သို့ထိအောင်၊ ကျဘိခြုတ်ခြုတ်၊ ခံကြမ်းကြုတ်ပြီး၊ ဂိဇ္ဈကုဋ်တောင်၊ မှိုင်းမှောင်ညို့ညို့၊ ပြိတ္တာမြို့ဝယ်၊ ရှင်တို့စံခန်း၊ ကြိုးခါးဗန်းက၊ သင်္ကန်းပြောင်ပြောင်၊ မီးအရောင်နှင့်၊ ကျီးကောင်လင်းတ၊ သိန်းစွန်စသည်၊ ဆိတ်ဆွဆွဲငင်၊ ကောင်းကင်ထက်ဝန်း၊ ပြေးပျံသန်း၍၊ ရဟန်းပြိတ္တာ၊ တ၀ါဝါလျှင်၊ မဟာဒုက္ခ၊ တွင်းဆုံးကျလျက်၊ ပြင်းပြကြွက်ဆူ၊ ဟစ်ကြွေးဦ၍၊ ကယ်သူမမြင်၊ ပူပင်နွမ်းညှိုး၊ ထိုရှင်ဆိုးတို့၊ ကိုးရိုးကားယား၊ အပါယ်လားသည်။   ။ မမှားမှတ်နာ အိမ်းအိမ်းတည်း။ (ပိုဒ်၊ ၄၂၇)

-         ဓမ္မိယာလဒ္ဓ၊ လိုလိုရနှင့်၊ မိဘမျိုးစစ်၊ လှူသည်ဖြစ်လည်း၊ ပစ္စဝေက္ခဏာ၊ ပညာသုတ်သင်၊ မဆင်ခြင်ဘဲ၊ ရှင်ရဟန်းများ၊ သုံးဆောင်စားမူ၊ လေးပါးပါယ်ထဲ၊ ငရဲ ပြိတ္တာ၊ မလွတ်ရာဟု၊

-         မမှန်လန်းရိုး၊ ချို့ရှင်မျိုးတို့၊ တောတိုးဝသီ၊ ဗာဟီစရိုက်၊ စိတ်လိုလိုက်၍၊ ရွှေသိုက် ငွေသိုက်၊ မြေသိုက် အဂ္ဂိရတ်၊ ဘူမိရတ်နှင့်၊ မှော်နတ်အင်းအိုင်၊ ဆေးဝါးကိုင်သား၊ မဆိုင်သန့်သန့်၊ ရှင်နှင့်ဆန့်လျက်၊ ရဟန့်းသိက္ခာ၊ မဟုတ်ရာ၌၊ မိစ္ဆာဝိဇ္ဇာ၊ တိရိစ္ဆာဖြင့်၊ သင်္ချာဂဏန်း၊ သက်မွေးခန်းကို၊ ရဟန်းတန်မဲ့၊ လာဘ်ကိုငဲ့၍၊ ရှင့်ရွဲ့တကာ၊ လေ့လာတုံမှု၊ အားထုတ်ပြု၏၊

-         ကံနုဉာဏ်နု၊ အမြင်နုသား၊ ဗဟုဿုနည်း၊ အရည်းမည်ရုံ၊ ဖန်ဝတ်ရုံလျက်၊ စားရုံအိပ်ပြု၊ ရှင်တစ်စုလည်း၊ စက္ခုသောတ၊ မနဟူပေ၊ ဣနြေ္ဒခြောက်ပါး၊ မစောင်းငြားဘူး၊ တရားမဲ့စွာ၊ သင်္ကန်းဝါနှင့်၊ ပညာမရှိ၊ သတိမမူ၊ ရွာနေလူသို့၊ ရွာသူတကာ၊ ၀ိသဘာဂ၊ မြင်သမျှနှိုက်၊ လောဘလိုလွန့်၊ ရှက်မတွန့်ဘဲ၊ ပုစွန့်မျက်စိ၊ ထွက်လိလိဖြင့်၊ ရာဂဂ္ဂိပွား၊ ဘက်သတ်ယား၍၊ အိုးကားမပူ၊ ဖုံးပွက်ပူဟု၊ ပုံတူတမျှ၊ တည်မရတည့်၊

-         အန္ဓဗာလ၊ အချို့ကကား၊ သမဏသညာ၊ သက်သက်ကွာလျက်၊ ရှင်ဝါပရိဗိုဇ်၊ အကြံမိုက်ဖြင့်၊ ည၌ကားလူ၊ နေ့မူရဟန်း၊ အကျင့်ဆန်းနှင့်၊ သင်္ကန်းသပိတ်၊ ပရိက္ခရာ၊ ဆောင်ကာဝမ်းရေး၊ အသက်မွေး၏၊ နှောင်ဘေးနရက်၊ မျှော်မတွက်ဘူး၊ ခွေးထက်ကျင့်ဆိုး၊ ထိုရှင်မျိုးတို့၊ မရိုးဝမ်းတွင်း၊ မဖြောင့်စင်းသား၊ အဖျင်းစင်စစ်၊ သဘောညစ်လျက်၊ ကောက်ကျစ်လက္ခဏာ၊ ကျင့်ယုတ်မာ၏၊

-         ပမာတူနှိုင်း၊ ပုံဖြင့်ခိုင်းသော်၊ ထွန်ကိုင်းအလား၊ အဖျားကောက်ကွေး၊ လရေးသဖွယ်၊ အလယ်ကောက်ခြင်း၊ မကြွင်းထိုမျှ၊ သုံးဌာနလုံး၊ စက ဆုံးရောက်၊ နွားသေးကောက်သို့၊ အကောက်သုံးပါး၊ ကျင့်ပြောက်ကျားတည့်၊ (ပိုဒ်၊ ၄၂၈)

-----

ပစ္စဝေက္ခဏာ (ဆင်ခြင်ခြင်း)

ဣဏပရိဘောဂ = အကြွေးတင်သည့် သုံးဆောင်နည်း
ဣဏ = အကြွေး
ပရိဘောဂ = သုံးဆောင်ခြင်း

တရားသဖြင့် ရလာတဲ့ ပစ္စည်း၊ အလွန်ဆုံး ပြောရရင် ကိုယ့်မိဘ ကိုယ့်ဆွေမျိုး လှူတဲ့ပစ္စည်း ဖြစ်နေပါစေ ပစ္စဝေက္ခဏာ မဆင်ခြင်ဘဲ စားသောက်မိတယ်၊ သုံးဆောင်မိတယ်ဆိုရင် အကြွေးတင်တယ်။ ပြန်ဆပ်ရလိမ့်မယ်။

တစ်ခါတုန်းက ကျောင်းနားမှာ လယ်ထွန်နေတဲ့ ဒကာတစ်ယောက်က နွားတွေကို ရိုက်နေလို့ ဘုန်းကြီးက ဒကာဆီသွားပြီး ဆုံးမတယ်တဲ့။

“ဒကာကြီး . . . နွားတွေကို သိပ်မရိုက်ပါနဲ့”ပေါ့။

လယ်သမားကြီးက ပြန်လျှောက်လိုက်လို့ ဘုန်းကြီးလည်း ခပ်ကုတ်ကုတ် ပြန်လာခဲ့တယ်တဲ့။

“ရိုက်မှာပေါ့ ကိုယ်တော် . . . သူတို့က အရင်ဘ၀က ပစ္စဝေက္ခဏာမှ မဆင်ခြင်ခဲ့ဘဲကိုး . . .။”

ဒီတော့ ကြွေးမတင်အောင် ပစ္စဝေက္ခဏာ ဆင်ခြင်ကြရမယ်။ အနည်းဆုံး တစ်ရက်တစ်ခါ အရုဏ်မတက်ခင်မှာ ပစ္စဝေက္ခဏာ ဆင်ခြင်ရတယ်။ မဆင်ခြင်မိရင် အကြွေးတင်တယ်။

သင်္ကန်း၌ ဆင်ခြင်ရန် လင်္ကာ
ချမ်းပူကိုဖျက်၊ ခြင် မှက် လေ နေ၊ ကင်းမြွေလွှဲသုန်၊ ဟိရီဂုဏ်ကို၊ ကုန်စေတတ်စွာ၊ ကိုယ်အင်္ဂါကို၊ လုံပါစေလို၊ ကိုယ်ကိုစံပယ်၊ ဆင်ယင်မယ်ဟု၊ စိတ်ဝယ်မသန်း၊ ဤသင်္ကန်းကို၊ ဖုံးလွှမ်းသုံးဆောင်ပါသတည်း။

ဆွမ်း၌ ဆင်ခြင်ရန် လင်္ကာ
ဤသည့်စားဖွယ်၊ အမယ်မယ်ကို၊ မြူးရယ်မာန်ကြွ၊ လှပရေဆင်း၊ ပြည့်ဖြိုးခြင်းငှါ၊ မသုံးပါဘူး၊ လေးဖြာဓာတ်ဆောင်၊ ဤကိုယ်ကောင်သည်၊ ရှည်အောင်တည်လျက်၊ အသက်မျှတမ်း၊ မမောပန်းငြား၊ ဘုရားသာသနာ၊ ကျင့်နှစ်ဖြာကို၊ ကျင့်ပါနိုင်စေ၊ ဝေဒနာဟောင်းသစ်၊ မဖြစ်စေရ၊ ယာပိုထ်မျှလစ်၊ ခပ်သိမ်းပြစ်ကို၊ မဖြစ်လေအောင်၊ ချမ်းမြေ့အောင်ဟု၊ သုံးဆောင်မှီဝဲပါသတည်း။

ကျောင်း၌ ဆင်ခြင်ရန် လင်္ကာ
ချမ်းပူကိုဖျက်၊ ခြင် မှက် လေ နေ၊ ကင်းမြွေဝေးမှု၊ ဥတုဘေးဘျမ်း၊ မသန်းကင်းစင်၊ စိတ်ကြည်လင်ကြောင်း၊ နေရာကျောင်းကို၊ ကိန်းအောင်း မှီခိုပါသတည်း။

ဆေး၌ ဆင်ခြင်ရန်
ကျင်နာခံခက်၊ နှိပ်စက်ဖိစီး၊ ဖြစ်ပြီးဖြစ်လာ၊ ဝေဒနာကို၊ စွန့်ခွါပယ်လျှင်း၊ ဆင်းရဲကင်း၍၊ လူမင်းမြတ်စွာ၊ သာသနာကို၊ ကြည်သာရွှင်လန်း၊ ကျင့်ဖြည့်စွမ်းဖို့၊ ရည်မှန်း သုံးဆောင်ပါသတည်း။

ကြွင်းသော အသုံးအဆောင်များကို ဆင်ခြင်ရန်
ဖိနပ်ဆီမီး၊ ထီးတောင်ဝှေးစ၊ ဟူသမျှကို၊ အေးမြချမ်းပူ၊ မြေငူသစ်ငုတ်၊ ခလုတ်ဆူးငြောင့်၊ မနှောင့်ဘေးဘျမ်း၊ မသန်းကင်းစင်၊ စိတ်ကြည်လင်၍၊ အားအင်ပြည့်မာ၊ သာသနာကို၊ ကောင်းစွာကျင့်ဆောင်၊ ဖြည့်နိုင်အောင်ဟု၊ သုံးဆောင်မှီဝဲပါသတည်း။

- မေတ္တာဘာဝနာ
ပစ္စဝေက္ခဏာ မဆင်ခြင်မိရင်လည်း အလှူရှင်တွေကို မေတ္တာပို့ရမယ်။ မေတ္တာပို့ရင်လည်း ဣဏပရိဘောဂ မဖြစ်ဘူး။

-----

နေတဲ့အခိုက်အတန်းလေးမှာ အဖွင့်နေ့က ဆရာတော်ကြီး သြ၀ါဒ ပေးသွားသလို့ ခေါင်းတုံးပဲ အဖတ်တင်တဲ့ ရဟန်းမျိုး မဖြစ်အောင်၊ အခု ပြောခဲ့တဲ့ ရဟန်းဆိုးတွေလို မဖြစ်အောင်၊ ကြွေးလည်းမတင်အောင် နေကြဖို့ပဲ။

Comment:
လင်္ကာတွေရဲ့ အဓိပ္ပာယ်ကို တတ်သလောက် မှတ်သလောက် ရှင်းပြခဲ့ပေမယ့် ပြန်စဉ်းစားပြီးရေးဖို့ ပျင်းနေပါသေးတယ်။

:)

ရှင်အာစာရ


ဆက်ဖတ်ရန်

Sunday, January 22, 2012

ဒုလ္လဘ-ပဋ္ဌာန်း သြ၀ါဒ (ဦးရာဇဓမ္မာဘိဝံသ)


ဆရာတော် (ဦးရာဇဓမ္မာဘိဝံသ)၏ ကျောင်းတိုက် (မန္တလေး မစိုးရိမ်တိုက်သစ်)သို့ စရောက်ရောက်ချင်း ဆရာတော်ကို ဖူးခွင့် မရခဲ့ပေ။ ထိုစဉ်က ဆရာတော်က ထောင်တွင်းသာသနာပြု ကြွတော်မူနေသောကြောင့် ဖြစ်သည်။ ဆရာတော်၏  ကျောင်းတိုက်၌ နှစ်နှစ် ပညာရင်နို့ သောက်စို့ခွင့် ရခဲ့သော်လည်း ဆရာတော်ပို့ချသည့် သီလက္ခန် စာဝါကို ၀ါတွင်းသုံးလသာ တက်ရောက်ခွင့် ရခဲ့သည်။ ဆရာတော် သာသနာပြုခရီးမှ ပြန်ကြွတော်မူလာပြီး မကြာခင်မှာပင် ဆရာတော့် ကျောင်းတိုက်မှ ထွက်ခွာခဲ့သောကြောင့် ဖြစ်သည်။ ထိုသို့ ထွက်ခွာခဲ့သည်မှာ ဆရာတော်၏ ထံတော်ပါး၌ မနေလိုသောကြောင့် မဟုတ်ပေ။ အဓိက အကြောင်းမှာ အုတ်အုတ်ကျက်ကျက် ဆူဆူညံညံ စာမကျက်တတ်သောကြောင့် ဖြစ်သည်။ ဆရာတော်၏ ကျောင်းတိုက်၌ စာသင်သားများ စုပေါင်း၍ စာကျက်ကြရသည်။ စာအံကျောင်းဟု ခေါ်၏။ ဆူ၏။ ထို စာအံကျောင်းသည် စာကျက်ပျင်းသည့် စာသင်သားတို့ စာကျက်ဖြစ်အောင် တွန်းအားပေးသော စနစ်တစ်ခု ဖြစ်ဟန်တူ၏။ အေးအေးဆေးဆေး စာကျက်တတ်သော စာသင်သားတို့နှင့် မသင့်တော်လှပေ။ ကျောင်းတိုက်၏ ပရိယတ္တိ ထုတ်ကုန်လုပ်ငန်း၌ ၀န်ထမ်းများ ကိုယ်ပိုင်အချိန် ရှားပါးလှသည်။ စုပေါင်း၍ စာကျက်ချိန်၊ စုပေါင်း၍ စာဝါတက်ချိန်တို့ ပြည့်နှက်နေ၏။ တအား မောင်းသည်။ သီးခြားလေ့လာချိန် အရယူရန် ခက်လှ၏။ သို့ဖြစ်၍ . . .။ ဆရာတော်နှင့် အ၀င်အထွက် တေ့လွဲလွဲခဲ့သည်။

-----

(22Jan12) ယနေ့နံနက် ဆရာတော်ကို ဖူးခွင့်ရလိုက်၏။ ခြေတော်အစုံကို ဦးတိုက်ခွင့် ရခဲ့သည်။ (စင်္ကာပူနိုင်ငံ၊ မင်္ဂလ၀ိဟာရ ကျောင်းတိုက်၌ ကျင်းပသည့်) စင်္ကာပူရောက် မြန်မာများ၏ အသင်းပေါင်းစုံ ဒုလ္လဘရဟန်းခံပွဲ နှင့် စင်္ကာပူအဘိဓမ္မာအသင်းကြီး၏ (ဒကာဒကာမများ၏၊ ဒုတိယအကြိမ်) အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ ဆရာတော် ကြွရောက်ချီးမြှင့်ခဲ့သည်။

အခမ်းအနား မစမီ ခဏ ဆရာတော်ကို ဦးချ၍ . . .

“အခု ဒီကျောင်းမှာ နေတာပါဘုရား။ သီတဂူ အောက်ထပ်မှာ နေခဲ့ဖူးပါတယ် ဘုရား။”

“ဒီရောက်တာ ဘယ်လောက်ကြာပြီလဲ။”

“သုံးနှစ် ပြည့်တော့မှာပါ ဘုရား။”

“ကြာပြီပဲ။ သီတဂူမှာ ဘယ်တုန်းကတုန်း။ ဘယ်လောက် ကြာခဲ့တာလဲ။”

“နှစ်နှစ်ထဲပါ ဘုရား။ အဲဒီတုန်းက ဆရာတော် မရှိပါဘုရား။”

“မင်းက ခဏလေး နေခဲ့တာကိုးကွ။ ဇာတိက ဘယ်ကတုန်း။”

“ဒီပဲယင်းကပါ ဘုရား။”

“ပဋ္ဌာန်းက ဒုလ္လဘတွေ ရွတ်မှာလား။”

“ဒကာတွေ ရွတ်မှာပါ ဘုရား။ စင်္ကာပူအဘိဓမ္မာအသင်းဆိုတာ ရှိပါတယ် ဘုရား။ အဲဒီ အသင်းက ဒကာ ဒကာမတွေ ရွတ်မှာပါ ဘုရား။”

“အဘိဓမ္မာအသင်း . . .။ တယ်ဟုတ်ပါလား။ အဘိဓမ္မာသင်တန်းတွေဘာတွေ တက်လား။”

“အဘိဓမ္မာသင်တန်းတွေ ရှိပါတယ် ဘုရား။ အဘိဓမ္မာ စာမေးပွဲလည်း ဖြေကြပါတယ် ဘုရား။”

“ဘယ်စာမေးပွဲလဲ။”

“ရန်ကုန်က အဘိဓမ္မာ စာမေးပွဲပါ ဘုရား။”

“မေးခွန်းတွေ ဒီပို့ပေးတာလား။”

“အရင်နှစ်တွေကတော့ ဒီမှာ လေ့လာပြီး ဖြေတော့ ရန်ကုန်ပြန်ဖြေကြတာပါ ဘုရား။”

“ရန်ကုန်သွားဖြေဖို့ ဘယ်လွယ်မှာလဲကွ။”

“မှန်ပါ . . .။ အခုတော့ ဒီမှာ စာဖြေဌာန လျှောက်ထားပါတယ်ဘုရား။”

-----



ဆရာတော်သည် ပဋ္ဌာန်းဖွင့်ပွဲ အခမ်းအနား၌ ပဋ္ဌာန်းရွတ်ဖတ် နာယူကြမည့် ဒကာဒကာမများကို ရှစ်ပါးသီလ ချီးမြှင့်ပြီး သြ၀ါဒစကား မြွက်ကြားတော်မူခဲ့သည်။ ဒုလ္လဘ သံဃာများကိုလည်း ဆုံးမစကား မိန့်ကြားတော်မူခဲ့သည်။

ဒုလ္လဘ-ပဋ္ဌာန်း သြ၀ါဒ ကောက်နုတ်ချက် -

အဟံ ဘန္တေ ကိုယ့်ဟာကိုယ် ဆိုကြ။

-----

ငါက ဘာကို သြ၀ါဒ ပေးရမှာလဲ။ ဒုလ္လဘလား ပဋ္ဌာန်းလား။

(နှစ်ခုလုံးပါ ဘုရား . . . . .)

-----



ကဲ ဒုလ္လဘ ဦးဇင်းတွေ . . . တိုတိုလေး ပြောမယ် . . .။

“ကာမဘောဂါ၊
လူ့ချမ်းသာလည်း၊
ကင်းကွာဝေးစွ၊
သမဏ၏၊
သုခလည်းရှုံး၊
နှစ်ကျိုးဆုံးလျက်၊
ခေါင်းတုံးသာလျှင်၊
အဖတ်တင်ခဲ့”တဲ့။

မန်လည်ဆရာတော် ဘုရားကြီးက မဃဒေ၀လင်္ကာသစ်မှာ ရေးထားတာ ရှိတယ်။ အဲဒီလို ရေးထားတဲ့အတိုင်း မင်းတို့ ခေါင်းတုံး အဖတ်တင်ရုံ မဖြစ်ကြစေနဲ့။

ရတဲ့အချိန်လေး အတွင်းမှာ ကာမစည်းစိမ် မခံစားနိုင်ပေမယ့် သမဏသုခ ရအောင်နေ . . .။ ဗုဒ္ဓါနုဿတိပွားကြ။ ဂုဏ်တော်ပွားကြ။ ပုတီးစိတ်ကြ။

ရဟန်းဘ၀ သိက္ခာပုဒ်တွေက အများကြီး။ မင်းတို့ အကုန်သင်နေလို့ ပြီးမှာ မဟုတ်တော့ဘူး။ အာပတ်သင့်တယ်ဆိုတာ ကိုယ်ကြောင့်သင့်တာ ရှိတယ်။ နှုတ်ကြောင့်သင့်တာ ရှိတယ်။ စိတ်ကြံစည်မှုကြောင့်တော့ အာပတ်မသင့်ဘူး။ ကိုယ်နဲ့နှုတ်ကို စောင့်ထိန်းလိုက်ရင် သိက္ခာပုဒ်တွေ အကုန်ထိန်းပြီးသား ဖြစ်သွားတာပဲ။ ရဟန်းမှန်ရင် အာပတ်တော့ သင့်မှာပဲ။ ဇရပ်တွေမှာ မီးသွေးနဲ့ ဟိုရေးဒီရေး ရေးကြတာ ရှိတယ်မဟုတ်လား။ “မီးသွေးနဲ့ ဇရပ်၊ ရဟန်းနဲ့ အာပတ်”တဲ့။ ကင်းလို့ မရဘူး။ အာပတ်မသင့်ရင် ရဟန်းကို မဟုတ်ဘူး။ အကြီးစား အာပတ်တွေ မသင့်ရင် ရပြီ။ ဒါက ဒုလ္လဘ သြ၀ါဒ။

-----



ပဋ္ဌာန်းက အခု ဒုတိယအကြိမ် ရွတ်ကြမှာ။ ပဋ္ဌာန်းက ကျယ်တယ်။ မင်းတို့ ပစ္စယနိဒ္ဒေသမှာ “ဟေတုပစ္စယောတိ ဟေတူ ဟေတု သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စရူပါနံ ဟေတုပစ္စယေန ပစ္စယော”လို့ ဘုရားဟောထားတာ ရှိတယ်။ “ဟေတူ”ဆိုတာ ဟိတ်ခြောက်ပါး။ ဟိတ်ခြောက်ပါးက စိတ် စေတသိက်တွေကို ကျေးဇူးပြုတာ။ ပစ္စယနိဒ္ဒေသမှာ ဟောထားတဲ့ “ဟေတူ”ဆိုတဲ့ စကားနှစ်လုံးကို ပဉှာဝါရကျတော့ “ကုသလော၊ အကုသလော၊ အဗျာကတော”လို့ စကားလုံး ဆယ့်တစ်လုံးနဲ့ အကျယ်ဟောတယ်။ သဘာဝ အရကောက်တော့ အဓိပ္ပာယ် အတူတူပဲ။

အဲဒီ ပဋ္ဌာန်းရဲ့ သဘောတရားကို သိသည်ဖြစ်စေ မသိသည်ဖြစ်စေ နာပါ။ အာရုံစူးစိုက်ပြီးတော့ ရွတ်ပါ။ အကျိုးရှိပါတယ်။ မင်းတို့ ဂျာမဏီက လာတဲ့အားဆေး ဂျာမဏီလို ရေးထားတဲ့ ဆေးညွှန်းကို မဖတ်တတ်ပေမယ့် အဲဒီ အားဆေးစားရင် အားရှိသလိုပဲ။ ပဋ္ဌာန်းရဲ့ သဘောတရားကို မသိပေမယ့် ရွတ်ရင် နာရင် အကျိုးရှိတယ်။ အဓိပ္ပာယ် နားလည်ရင်တော့ ပိုကောင်းတာပေါ့ကွာ။

ပရိတ်တို့ ပဋ္ဌာန်းတို့မှာ မမြင်နိုင်တဲ့ စွမ်းအားတွေ ရှိတယ်ကွ။ မင်းတို့ ၀ိုင်ယာကြိုးထဲမှာ လျှပ်စီး ရှိတယ်။ အခု ဒီကြိုးကို ကိုင်ရင် ဓာတ်လိုက်ပါ့မလား။ မလိုက်ဘူး။ အဲဒါ ပလပ်စတစ်နဲ့ အုပ်ထားလို့။ လျှပ်ကာပေါ့ကွာ။ လျှပ်ကာကို ခွာပြီး အထဲက ကြေးကြိုးကို ကိုင်ရင် ဓာတ်လိုက်မယ်။ ဒါပေမယ့် လျှပ်စစ်ကို မင်းတို့ မြင်ရရဲ့လား။ ကြေးကြိုးပဲ မြင်ရတာ။ ပရိတ်တွေ ပဋ္ဌာန်းတွေမှာလည်း လျှပ်စီးလို မမြင်ရတဲ့ စွမ်းအားတွေ ရှိတယ်။ ကဲ ငါ့ရဲ့ သြ၀ါဒ ဒါပါပဲ။

(သာဓု၊ သာဓု၊ သာဓု)

-----

Comment:

:)
ရှင်အာစာရ
ဆက်ဖတ်ရန်

Friday, January 20, 2012

အသစ်ပြန်လည်ဖွဲ့စည်းရန် ဖိတ်ခေါ်ခြင်း

အကြင်နာနန်းတော်ကို စတင်ပြီးပြုလုပ်ခဲ့တာ တစ်နှစ်ကျော်သွားပါပြီ။လက်ရှိကာလမှာ ယခင် အဖွဲ့ဝင်များထဲတွင် တချို့မှာ နန်းတော်မှ ထွက်ခွာသွားကြပြီး တချို့မှာ အကြောင်းအမျိုးမျိုးကြောင့် မဆက်သွယ်နိုင်တာများ ရှိပါတယ်။
ဒါကြောင့် အခုချိန်မှာ အကြင်နာနန်းတော်ကို အသစ်ပြန်လည်ဖွဲ့စည်းဖို့ လိုအပ်လာခြင်းဖြစ်ပါတယ်။အကြင်နာနန်းတော်ရဲ့ အမြဲစာရေးသူတစ်ဦးဖြစ်တဲ့ မဧကရီ(မဒွေးမယ်လ်နော်-thwaymalnaw.blogspot.com)မှာလဲ မိသားစုကို အချိန်ပေးချင်သဖြင့် နန်းတော်သို့မဆက်သွယ်ခဲ့တာကြာပါပီ။
ထို့ကြောင့်အခုချိန်မှာ နန်းတော်မှာ အဖွဲ့ဝင်များလျှော့နည်းသွားပါတယ်။ဒါကြောင့်အခုလို အသစ်ပြန်လည်ဖွဲ့စည်းဖို့
ဖြစ်လာခဲ့ပါတယ်။ဒါကြောင့် အကြင်နာနန်းတော်မှာ ကဗျာစာပေများရေးသားချင်ရင်ဖြစ်ဖြစ် သတင်းဆောင်းပါးများ
ဝတ္ထုတို/ရှည်များ နည်းပညာ ၊ ဗဟုသုတ စာပေများ ရေးသားချင်သူများအနေဖြင့်  18akariz18@gmail.com ကို ဆက်သွယ်ရန် လေးစားစွာဖိတ်ခေါ်အပ်ပါသည်။
ဆက်ဖတ်ရန်

Wednesday, January 18, 2012

ကိုကိုမညာဘူး

 ဒီဝတ္ထုတိုလေးကို စာရေးဝါသနာပါသူတစ်ဦးမှ နန်းတော်ကိုပေးပို့ပေးတာပါ။နောက်လဲပေးပို့နိုင်ပါတယ်ခင်ဗျာ။
ဝတ္ထုနာမည်လေးမပါတော့ဘာနာမည်ပေးလို့ပေးရမှန်းမသိဘူး။ကိုကိုမညာဘူး လို့ဘဲပေးလိုက်ပါတယ်။
မကြိုက်ရင် ပြန်ပြောနိုင်ပါတယ်ခင်ဗျာ။



ဖြူဖွေး နေ သည့် အုတ်ဂူလေးတစ်ခုပေါ်သို့ ကျွန်မ အုတ်ဂူပိုင်ရှင်ကြိုက်သည့်  စံပဃ်ပန်းကုံးကလေးများကို

ကျွန်မချရင်း အုတ်ဂူပေါ်က ဖုန်တွေနဲ့ အုတ်ဂူတစ်ဝိုက်က အမှိုက်တွေကို ကျွန်မသန့် ရှင်းနေ မိတဃ်။

ထိုခဏအတွင်း လေဝှေ့ တစ်ချက်ကြောင့်  ကျွန်မရှင်းနေ သောအမှိုက်တွေလူသွားလမ်းတစ်ဖက်ခြမ်းကို လွင့် စင်သွားလေသည်

။လေတိုက်တာကိုကျေးဇူးတင်ရမှာပါ ကျွန်မအမှိုက်တွေဆက်ရှင်းစရာမလိုတော့ ပါဘူး ။



အောင်ကိုကို အသက်(၂၈ )နှစ်တဲ့ ။

ကျွန်မကိုကိုက ငဃ်ငဃ်လေးနဲ့ ကြွေလွင့် ခဲ့ ရသူပါ ။ ကျွန်မသူ့ အတွက် အလွန်ဝမ်းနည်းမိပါတဃ် ။ အသုံးမကျတဲ့ ကျွန်မကိုအသက်ရှင်

အောင်လုပ်ဖို့ အတွက် လူ့ လောကအတွက် အသုံးဝင်တဲ့ ကိုကို ကအသေခံ ပေးသွားတာပါ။ ကိုကိုဆုံးတာ ( ၅ )နှစ်တောင်ပြည့် ပြီးပဲ ။

ကိုကို့  ကိုလွမ်းတိုင်း ကိုကို နဲ့ ကျွန်မ တို့ ရဲ့ အတိတ်ကအကြောင်းတွေကို ပဲပြန်စဉ်းစားနေမိတော့တဃ်။



နှင်းတွေအရမ်းကျနေပြီး အေးခဲလွန်းလှတဲ့ ရာသီဥတုအချိန်အခါမှာ ကျွန်မအနွေးထည်ထူထူကြီး ၀တ်ပြီး ဘတ်စ်ကားထိုင်စောင့် နေတုန်း လူတစ်ဃောက်နှင်းတွေကျတဲ့ကြားမှာ အင်္ကျီပါးပါးလေးနဲ့  ကားဂိတ်ကိုပြေးလာနေတာကို ကျွန်မတွေ့ မိ

လိုက်တဃ်။ သူ ကျွန်မဘေးနားမှာ လာထိုင်ပြီး ချမ်းလိုက်တာ ချမ်းလိုက်တာ ဆိုပြီး မြန်မာလို ပြောတာကြားတော့ ၊ ရေခြားမြေခြားမှာ

ခုလိုမြန်မာနဲ့ တွေ့ တော့ ကျွန်မအရမ်းဝမ်းသာမိပြီး သူ့ ကို ကျွန်မလည်းမြန်မာပါ ၊ တွေ့ ရတာ ၀မ်းသာပါတဃ်

ဆိုပြီးသူနဲ့ စကားထိုင်ပြောကြပြီး သူအေးတာမြင်တော့ ကျွန်မ မနေနိုင်တော့ဘဲ ၀တ်ထားတဲ့ကုတ်အင်္ကျီအထူကြီးကိုကမန်းကတန်းချွတ်

ကာ သူ့ ကိုပေးလိုက်ချိန်မှာ စေတနာကိုကျေးဇူးတင်ပါတဃ် ၊ ဒါပေမဲ့ နှမ ဒါမရှိတော့ရင် အေးနေမှာပေါ့ ၊ နှမပာာဥစ္စာ နှမပဲဝတ်ပါ ။

အစ်ကိုကဃောကျာ်းပါ ခံနိုင်ရည်ရှိပါတဃ် ၊ အနွေးထည်မဃူလာခဲ့တဲ့ ကိုဃ့်အပြစ်နဲ့ ကိုဃ်ခံရမှာပေါ့ ။



နတ်ကောင်းနတ်မြတ်တွေရဲ့ မစမှုကြောင့် ဘတ်စ်ကား ပုံမှန်အချိန်ထက် စောရောက်လာပြီး

ကျွန်မတို့ နှစ်ဃောက်သား အတူပြေးတက်ခဲ့ကြတဃ်။ ကားပေါ်ကအပူပေးစက်ကြောင့် နွေးသွားတဲ့သူ့ ကိုကြည့် ရင်း ကျွန်မ၀မ်းသာမိ

တဃ်။ ပော့ ကောင်မလေးနင့် နာမည်ဘဃ်လိုခေါ်လဲ ။

အော်ပာုတ်သားပဲ မို့ မို့ ပါ ။

ကျွန်တော်က အောင်ကိုကို ပါ ။

ကိုကို လို့ လည်းခေါ်နိုင်ပါတဃ်။





နောက်တစ်နေ့ ကျောင်းစာကြည့် တိုက်ထဲမှာ စာအုပ်ကုန်းရုန်းဖတ်နေတဲ့ ကိုကို့  ကိုမြင်တော့  သူ ကစာဂျပိုးပဲ

ဆိုတာ ကျွန်မသိခဲ့ရတဃ်။ ကျွန်မ လည်းစာအုပ်ရွေးပြီး ကျောင်းထဲက ပန်းခြံမှာ စာဖတ်နေ တုန်း ကိုကိုရောက်လာပြီး ကျွန်မလည်း

နည်းနည်းစပ်စုမိတော့ ကိုကိုက အင်္ဂလန်ကနေ ကျွန်မတို့ Havard Universityရှိရာ အမေရိကားကို ရှေ့ နေ ဘွဲ့ လွန်လာတက်တာပဲ။

ကျွန်မနဲ့ ကိုကိုက အတန်းတူပေမဲ့  ကိုကိုက ဘွဲ့ လွန်ဆိုတော့ စာတွေတော်တော်များ က သူ့ အတွက် လွဃ်နေပြီး တစ်ချို့ ကျွန်မ

သိပ်နားမလည်တဲ့  စာတွေနားလည်သည်အထိ စိတ်ရှည်စွာနဲ့ ရှင်းပြပေးပါတဃ်။



" တစ်နေ့ ပော့ ကိုကို အင်္ဂလန်မှာတက်ခဲ့တဲ့ Oxford မှာဘာလို့ ဘွဲ့ လွန်ဆက်မတက်ဘဲ အမေရိကားကို လာတက်ရတာတုန်း။ "

ဒီက ပိုကောင်းလို့ ပေါ့ မို့ မို့ ရဲ့ ။

" ဒီလာတော့ ပိုတောင် ပိုက်ဆံကုန်သေးတဃ်။"

ပညာလိုချင်တော့ ရင်းရတာပေါ့။

" မှန်ပါတဃ် "

ဒီမှာရောက်နေတာဘဃ်လောက်ကြာပြီလဲ မို့ မို့ ။

"အဖေဆုံးကတည်းက အမေနဲ့ မို့ မို့ အဖေ့ ညီမအကူအညီနဲ့ ဒီရောက်လာတာပဲ။ အဲ့ တုန်းက မို့ အသက်၁၄နှစ် ၊ ခုဆို ၂၀ ဆိုတော့

၆နှစ်လောက်ရှိပြီ ဒီရောက်တာ။"

ကြာပြီဘဲ မို့ မို့ က

" ကိုကိုကကော အင်္ဂလန်မှာနေတာ ဘဃ်လောက်ရှိပြီလဲ "

ပဲာပဲာ...၁၅နှစ်

"ငဃ်ငဃ်လေးကတည်းက ရောက်သွားတာလား "

ပာုတ်တဃ်လေ ၊ အမေကော ၊ အဖေကောဆုံးကတည်းက အန်တီကကိုဃ့်ကို လာခေါ်တာပဲ

" အမေရိကားမှာ မြန်မာသူငဃ်ချင်းဘဃ်နှစ်ဃောက်ရှီပြီလဲ "

ပဲာပဲာ...မို့ မို့ ကပထမဦးဆုံးသော သူငဃ်ချင်း

" မပူနဲ့ Bostonရောက်ရင် သူငဃ်ချင်းတွေနဲ့ မိတ်ဆက်ပေးမဃ် ၊ အဲ့ခါကျ မြန်မာလို တစ်ဝကြီးပြော ၊ မပြောနိုင်တော့လို့ ကို

ထွက်ပြေးရလိမ့်မဃ် "

ဒါဆိုလည်းပြေးရတာပေါ့



ကိုကိုနဲ့ ကျွန်မနောက်ပိုင်းမှာ ပိုမိုရင်းနှီးလာခဲ့တဃ် ။ ဒီလိုနဲ့ ကြာလာတော့ လူငဃ်သဘာဝအရ ကျွန်မတို့ နှစ်

ဃောက်ချစ်ကျွမ်းဝင်မိခဲ့ ကြပါတဃ်။ ကျောင်းမှာဆိုဘေးက သူငဃ်ချင်းတွေတောင်မှ အမြင်ကတ်တဲ့ အတွဲပါပဲ။ ကျောင်းပိတ်ရက်

တွေမှာ ကိုကို ကျွန်မ တို့ အိမ်ကို အလည်လိုက်လာပြီး မြန်မာအစားအစာအတူတူလုပ်စားကြပြီး အခွေအတူတူထိုင်ကြည့် ကြတာ

ပျော်ဖို့ အလွန်ကောင်းလှပါတဃ် ။



ကျွန်မထက်အသက်ကြီးပြီ နာမည်ကလဲ ကိုကိုဖြစ်ပြီး ၊ ကျွန်မခေါ်ချင်တဲ့ ကိုကိုနဲ့ လဲတူတာကြောင့် နှစ်ခုစလုံးပါ

တဲ့ကိုကိုနဲ့ ပဲ ကျွန်မသူ့ ကိုခေါ်လေ့ ရှိပါတဃ်။ အမေလည်း ကိုကို ချက်ကျွေးတဲ့ ပာင်းတွေစားရင်း ကိုကို့  ကိုခင်နေပြီထင်ပါတဃ်။ ဒီလိုနဲ့ 

ကျွန်မတို့ ကျောင်းကြီးပြီးဆုံးခဲ့ပြီး ဘွဲ့ တွေအသီးသီးရတော့ ကိုကို လည်းရှေ့ နေဖြစ်ပြီး ကျွန်မလည်း ရှေ့ နေတစ်ဃောက်ဖြစ်လာပါတဃ်။

ကျောင်းအတူတက်ခဲ့ကြတဲ့ ( ၄ )နှစ်ဆိုတဲ့ အချိန်ကာလက ကျွန်မတို့ နှစ်ဃောက်ကြားက သံဃောဇဉ်တွေကို ဖြတ်လို့ မရအောင် ချည်

နှောင်ထားခဲ့တာပါပဲ ။ ကျောင်းလည်းပြီးပြီဆိုတော့ အလုပ်လုပ်ပြီး ကိုဃ့်ဘ၀ကိုဃ်ရပ်တည်ဖို့ အတွက် အချိန်ကျရောက်လာခဲ့ပါပြီ ။



" အစ်ကို အင်္ဂလန်ပြန်တော့မှာလား။ "

အင်း..အစ်ကို့ ကို တစ်သက်လုံးကျွေးမွေးပြုစုစောင့် ရှောက်ခဲ့တဲ့ အဒေါ့်ဆီပြန်မျက်နှာပြရမှာပေါ့

" မှန်ပါတဃ် ပြန်သင့်တာပေါ့ ၊ သူလည်းပဲ အစ်ကို့ ကိုသားအရင်းပမာ ချစ်ပြီးကြီးပြင်းတဲ့ထိတိုင်အောင် ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တာပဲ "

ဒီတစ်ခေါက်ပြန်ရင် အလည်လိုက်ခဲ့မလား။

" ကိုကို့ ရဲ့ ဖိတ်ခေါ်မှုကြောင့် ကျွန်မကိုကိုနဲ့ အင်္ဂလန်နိုင်ငံ ၊ လန်ဒန်မြို့ ကိုအလည်တစ်ခေါက်ရောက်ရှိခဲ့ပါတဃ်။ ထိုခရီးက ကိုကိုနဲ့ ကျွန်မ

တို့ ရဲ့ အပျော်ဆုံး နေ့ ရက်လေးတွေပါ ၊ လန်ဒန်တစ်မြို့ လုံးလျှောက်သွားကြပြီး လမ်းဘေးဆိုင်လေးမှာ ၀င်ဆွဲခဲ့တဲ့  ကိုကိုနဲ့ ကျွန်မနှစ်

ဃောက်သား တွဲဖက်ထားတဲ့  ခဲပန်းချီကားလေးက ကျွန်မဘ၀တစ်သက်စာအတွက် မမေ့ နိုင်စရာပါပဲ "



တစ်နှစ်လောက်ကြာပြီးတဲ့အခါ ကိုကိုနဲ့ ကျွန်မနှစ်ဃောက်သား မြန်မာပြည်မှာ ရှေ့ နေလုပ်စားဖို့ ပြန်ခဲ့ကြ

ပါတဃ်။ အခက်အခဲမျိုးစုံကြားကနေ အမှုလေးတွေ လိုက်ခဲ့ကြပြီး ကိုကိုနဲ့ ကျွန်မနှစ်ဃောက်သား အတူတူရုံးခန်းထိုင်ကြပါတဃ် ။

တစ်နေ့ တော့ ကိုကိုက ကျွန်မကိုကောင်မချောချောလေး တစ်ဃောက်နဲ့ မိတ်ဆက်ပေးပါတဃ်။ ကိုကို ရဲ့ မြန်မာပြည်မှာတုန်းက အချစ်ဆုံး

သူငဃ်ချင်းပါတဲ့  ။ နာမည်က နှင်းဝတီလို့ ခေါ်ပြီး ၊ ကောင်မလေးဧ။် အပြုံးမှာ ပါးချိုင့်လေးနှင့် အရမ်းလှပြီး ကဗျာဆန်သောအလှပိုင်ရှင်

ဖြစ်ပါတဃ် ။ အမှန်ရိုးပြောရရင် ကျွန်မသူ့ ကို သဘောမကျမိတာကတော့ အမှန်ပါပဲ ။ ကလေးကလား ပိာုးငဃ်ငဃ်တုန်းက အကြောင်း

တွေပဲ ထိုင်ပြောနေလို့ ပါပဲ ။



ကိုကို NGOတစ်ခုမှာအသင်းဝင်ပြီး ပရပိာတလုပ်ငန်းတွေ စလုပ်ကတည်းက ကျွန်မလည်းသူနဲ့ အတူတူစတင်

လုပ်ဆောင်ပါတော့တဃ်။ နဃ်လိုက်ရတာ အပင်ပန်းမခံနိုင်တဲ့ ကျွန်မကိုကြည့် ပြီး ကိုကို ကအမြဲတမ်း ရဃ်လေ့ ရှိပါတဃ်။ ကိုကို

ပောာပြောတဲ့  ပညာပေးအကြောင်းအရာတွေကလည်း စိတ်ဝင်စားဖို့ ကောင်းပါတဃ် ။ သူပင်ပန်းနေပေမဲ့ ကျွန်မ မေးတဲ့အခါတိုင်း မပင်

ပန်းဘူးလို့ ပဲ ဖြေလေ့ ရှိပါတဃ် ။ ပြင်ဦးလွင်မှာ ကျွန်မမိန်းကလေးသိက္ခာမငဲ့ဘဲ ကိုကို ကို့  မို့ တို့ လက်ထပ်ကြရအောင်လေဆိုပြီး

မထိန်းနိုင်ဘဲပြောခဲ့မိရာကိုကိုက ဒီနှစ်ဆောင်းကျရင်ပေါ့ပာု မမျှော်လင့်သောအဖြေကို ရရှိခဲ့သောအချိန်က ကျွန်မဘ၀ရဲ့ အပျော်ဆုံးချိန်

တစ်ချိန်ပါပဲလို့ ဆိုရပါလိမ့်မဃ်။



ဒီလိုနဲ့ အေးချမ်းလှတဲ့ဆောင်းရာသီမှာ ကျွန်မတို့ နှစ်ဃောက်မင်္ဂလာပွဲကို ကျင်းပကြပါတဃ်။ ကိုကိုနဲ့ ကျွန်မ

တစ်အိမ်တည်းအတူနေကြပြီး သာဃာတဲ့အိမ်ထောင်လေးကို တည်ထောင်နိုင်ခဲ့  ပါတဃ်။လက်ထပ်ပြီးလို့ တစ်နှစ်တောင်မကြာသေးပါဘူး။

နေ့ တစ်နေ့ နဲ့ တစ်နေ့ နဲ့ က မတူပါဘူး ။ ကံကောင်းလိုက်ကံဆိုးလိုက်နဲ့  ပျော်ရွှင်ရလိုက် ၊၀မ်းနည်းရလိုက်နဲ့ ပါ။

ဒီလို နဲ့ ကျွန်မတို့ တစ် တွေပာာ အသက်ရှင်နေရတဲ့ ကာလပတ်လုံး အဲ့ လိုနေ့ တွေကို တစ်နေ့ ပြီး

တစ် နေ့  ကျော်ဖြတ်နေရတာပါ ။ ကံဆိုး တဲ့ နေ့ ကိုလက်မခံ ချင်လို့ လည်းမရပါဘူး ။ ဒီလို နဲ့ .......



လိုက်ခဲ့ဖူးတဲ့အမှုထဲမှာ အခက်ခဲဆုံးနဲ့ အရှုပ်ထွေးဆုံး အမှုကိုကျွန်မဒီနေ့ အပြီးသတ်ခဲ့နိုင်တဲ့ အထိမ်းအမှတ်

အနေနဲ့ ကိုကိုကြိုက်တဲ့ခေါက်ဆွဲကြော်ဝဃ်ပြီး အိမ်မှာသူနဲ့ အတူတူစားဖို့ အထုပ်ကလေးကို ကိုင်ပြီး အိမ်ကိုပြန်လာခဲ့ပါတဃ် ။

အိမ်တံခါး ပွင့် နေပါလား ။ ဧည့် သည်ရောက်နေတဃ်ထင်တဃ် ။ အဃ်..နှင်းဝတီပါလား ။ မတွေ့ ရတာ တစ်နှစ်လောက်တောင်ရှိပြီပဲ ။

ကိုကိုနဲ့ ဘာတွေပြောနေလဲမသိဘူး ။



"မဖြစ်ဘူး ငါ့ မှာမိန်းမရှိတဃ်"

ဒါကိုကျွန်မ သိပါတဃ်။

" ငါမလုပ်ပေးနိုင်တာကတော့ မတတ်နိုင်ဘူးကွာ "

ဒီကလေး အဖေနာမည်ကို သန်းခေါင်စာရင်းမှာဘဃ်လိုထည့် မလဲ

" ငါလည်းသိဘူး "

ရှင်ဒီကလေးကို တောင်မွေး စားလို့ မရဘူးလား။

" မို့ မို့ ကမေးရင်ဘဃ်နှဃ့် ဖြေရမှာတုန်း "

ရှေ့ နေ ဦးနှောက်ပါ လုပ်တတ်ပါတဃ်

" မို့ မို့ လည်း ရှေ့ နေ ဥစ္စာ ၊ သူ့ ကဃုံပါ့မလား "

ဒါဆိုကလေးကြီးလာရင် သူ့ အဖေဘဃ်သူလဲလို့ မေးရင်ဘဃ်လိုဖြေရမှာတုန်း

" သေပြီ "

အဲ့လိုလုပ်တာကြီးက မကောင်းပါဘူး။

" ငါမတတ်နိုင်တော့လို့ ပါ "

ကျွန်မသိပါပြီ ။ ကျွန်မကို အနာဂတ်ကိုမတွေ့ မိဘဲ မိုက်ခဲ့တာပါ။ ရပါတဃ် ။ ဒီကလေးကို သူပညာတတ်ကြီးတစ်ဃောက်ဖြစ်လာတဲ့ထိ

ကျွန်မတစ်ဃောက်တည်းအားနဲ့ မွေးပါ့မဃ်။




ကျွန်မနားတောင်မဃုံနိုင်တော့ဘူး။ကျွန်မအိမ်ရှေ့ ကလှည့် ပြန်ထွက်ခဲ့ပြီး အိမ်ရောက်ရင်ကိုကိုနဲ့ အတူတူ

ခေါက်ဆွဲကြော်စားမဃ်ဆိုတဲ့အသိလည်း ပျောက်သွားပါပြီ ။ ရှက်တဲ့ဒေါသ ၊ ၀မ်းနည်းမှုတွေနဲ့  ကျွန်မဘဃ်ကိုသွားလို့ သွားမိမှန်းတောင်

မသိတော့ပါဘူး ။ ပူနေတဲ့ခေါက်ဆွဲကြော်လေးလည်း အေးသွားလို့ ကျွန်မလွှင့် ပစ်လိုက်ပါပြီ ။ ကျွန်မသိတဲ့ကိုကိုက ဒါမျိုးလား ။ သူပြောခဲ့

တာ ကျွန်မတစ်ဃောက်ကိုပဲချစ်တဃ်တဲ့ ။ အခုတော့တခြား မိန်းမတစ်ဃောက်နဲ့  ။ ကျွန်မ မဃုံနိုင်တော့ပါဘူး ။ ဘာလုပ်ရမှာလဲ

အိမ်ပြန်ပြီး သူ့ ကိုမျက်နှာချင်းဆိုင် ထိုင်ပြောရမှာလား ။ ကလေးက အရေးကြီးပါတဃ်။ ကျွန်မကို ကွာရှင်းလိုက်ပါ ။ ကျွန်မက ကိုကိုညာ

တာခံခဲ့ရတဲ့ တစ်ချိန်က အညာတရကောင်မလေးပါ ။






ကျွန်မဘဃ်လိုလုပ်ရမလဲ ။ ကျွန်မလောလောဆဃ်ပုံမှန် အတိုင်းနေဖို့ ဆုံးဖြတ်လိုက်ပြီး အိမ်ကိုပြန်လာခဲ့

ပါတဃ်။ ကိုကိုမျက်နှာမှာ မရိုးသားမှုတွေရှိနေတာ ကျွန်မမြင်နေရပါတဃ် ။ နောက်တစ်နေ့ ကိုကို အပြင်ထွက်သွားတော့ သူ့ ကားနောက်

မသိမသာလိုက်ခဲ့မိတဃ် ။ ဒီလောက်စုတ်ပြတ်သတ်နေတဲ့ ကားပျက်ဂိုဒေါင်ကို ဘာလာလုပ်တာပါ လိမ့် ။ အင်း...သိပြီ ၊ ကျွန်မကိုကို

လူလာရှာတာပဲ ။ အရေးထဲ ကားကရပ်သွားပြီ ။ ဓာတ်ဆီကုန်တာပာ ။ အရေးကြုံမှငါနဲ့ ကွာ ၊ မနက်ကကားမောင်းလာတာ ဓာတ်ဆီ

ဖြည့် ဖို့ မေ့ သွားတဃ် ။




ကျွန်မကိုကိုနောက်ကို ခြေလျင်ပဲလိုက်ရပါတော့တဃ် ။ ကားပျက်တွေကော ၊ ကားပစ္စည်းတွေကော

ရောသမမွှေထားတဲ့ ကျဃ်ဝန်းလှတဲ့ ဂိုဒေါင်ကြီးမှာ ကျွန်မလမ်းလျှောက်လို့ လာခဲ့ပါတဃ် ။ ဒီနေရာကဘာလဲပာ ကားပစ္စည်းအပိုင်းအစ

အစုတ်အပြတ်တွေနဲ့  ကားတွေပဲ။ ကျွန်မ ကားအမှိုက်ပုံကြီးဘေးနားက လျှောက်သွားရင်း ချော်လဲပြီး တိုက်မိတဲ့အငုတ်ကလေးကို ဘာ

လေးလဲဆိုပြီး ဆွဲကြည့် တာ အောက်က တစ်ခုလုံးက ကိုကင်းခြောက်ထုပ်တွေဖြစ်နေတဃ်။




ကျွန်မသိပြီ ။ ဒါမူးဃစ်ဆေးဝါးတွေသိုလှောင်ထားတဲ့နေရာပဲ။ ကိုကိုဖိနပ်ကော ကျွန်မဖိနပ်ပါမပာုတ်တဲ့

ခြေရာတွေလည်း အများကြီးတွေ့ တဃ် ။ ချက်ချင်းပဲ ကျွန်မသိတဲ့ ရဲမှူးကို ဖုန်းဆက်လိုက်တဃ် ။ ကားဘိန်းထဲမှာလည်း ဘိန်းတွေပါ

လား ။ နေရာတစ်ခုလုံးမှာ မူးဃစ်ဆေးဝါးတွေ ဖွက်ထားတာချည်းပဲ ။ ကျွန်မ ရှေ့ ဆက်သွားခဲ့တဃ် ။ ပာင်.....ပာိုမှာကိုကိုပါလား ။

လူတွေလည်းအများကြီးရှိတဃ် ။ ပိာုလူတွေက သေနတ်တောင်ကိုင်ထားပါလား ။ ဒါမူးဃစ်ဂိုဏ်းပဲဖြစ်ခဲ့ရမဃ် ။ ကျွန်မကို လူတစ်ဃောက်

မြင်သွားတဃ် ။ ချက်ချင်းပဲ အဆွဲခေါ်ခံရပြီး သူ တို့ ရှေ့ ရောက်သွားတဃ် ။



"လူတစ်ဃောက်က ကို ကို့ ကို ဒါဘဃ်သူလဲ ။ မင်းနောက်မှာ စပိုင်တွေလိုက်လာတာ။ ငါတို့ ခုချက်ချင်းပဲသူ့ 

ကိုသတ်ပစ်လိုက်မဃ် ။"

ပော့မလုပ်နဲ့  ဒါငါ့မိန်းမ။

"အော်...မင်းမှာမိန်းမနှစ်ဃောက်တောင်ရှိတာပဲ"

မိန်းမနှစ်ဃောက်တဲ့ ၊ ကျွန်မနားလည်လိုကတဃ်။ ကိုကို ကျွန်မကို လှည့် ကြည့်တဃ် ။ ကျွန်မသူ့ ကို ချက်ချင်းပြောချမိခဲ့တဃ် ။

ကိုကိုညာခဲ့တာပဲ ။ ပြောတော့ ကျွန်မတစ်ဃောက်ထဲချစ်တာဆို အခုတော့တခြားမိန်းမတစ်ဃောက်နဲ့  ကလေးတောင်ရနေပြီ ။



ပော့မို့ မို့ နင်အထင်လွဲနေပြီ ။

ကိုကို ကျွန်မကို မညာပါနဲ့ တော့ ။ ကျွန်မကိုပဲ ကွာရှင်းလိုက်ပါတော့ ၊ ကလေးက အရေးကြီးပါတဃ် ။



ရုတ်တရက် သေနတ်သံတွေကြားပါတော့တဃ်။ ကိုကို ကျွန်မဘက်ကိုကြည့် ပြီး မို့ နင်ခေါ်လိုက်တာလား ။

ပာုတ်တဃ် ။ အနောက်ကလူကို ကျွန်မ ကိုင်ပေါက်ပြီး ရုန်းလိုက်ချိန်မှာ ရဲတပ်ဖွဲ့ က ကျွန်မတို့ ရှိတဲ့နေရာကို ရောက်လာပါပြီ ။

သေနတ်သံတွေလည်း စကြားလာပြီး ကျည်ဆန်စက်ကွင်းက နေ ကိုကိုလွတ်အောင် ကိုကို့ ကို ပုတ်ချလိုက်ပါတဃ်။ ပိာုဘက်အဖွဲ့ ခေါင်း

ဆောင်ဖြစ်ပာန်ရှိတဲ့သူ ကျွန်မကိုသေနတ်နဲ့ ချိန်တော့ ကျွန်မရှောင်စရာနေရာမရှိတော့ပါဘူး ။ သေတော့မှာပါ ။



ဒိုင်း ....အား......ကိုကို

ဒါပေမဲ့ မထင်မှတ်ပဲ ကိုကို ကျွန်မရှေ့ ကနေ ၀င်ခံပေးသွားပါတဃ် ။ ရဲမှူးက တွေ့ သွားပြီး ချက်ချင်းပဲကို ကို့  ကိုပစ်တဲ့သူကို ပစ်ချလိုက်

ပါတဃ်။ ပော့...ကိုကို ကိုကို ကိုကို မသေရဘူးလေ ။

မို့ မို့ ကိုတကဃ်မင်းကို မညာပါဘူးကွာ............

ပော့မသေရဘူးလေ................မသေရဘူးလေ.......





ကိုကို ဈာပနာအခမ်းအနားမှာ နှင်းဝတီဆိုတဲ့ကောင်မလေး ၊ ကလေးလေးပိုက်လို့ ရောက်လာပါတဃ် ။

"အစ်မမို့ မို့ ၊ ဒါအစ်မထင်သလို သူ နဲ့ ကျွန်မရတဲ့ ကလေးမပာုတ်ပါဘူး။"

ရှင်

" ကျွန်မတိုးတိုးဆိုတဲ့ လုမိုက်တစ်ဃောက် နဲ့ ချစ်ကြိုက်ခဲ့မိတာပါ ။ ကလေးရတော့ သူ ကတာဝန်မရှိဘူးဆိုပြီး ထွက်ပြေးသွားခဲ့တာပါ ။

ဒါနဲ့ ကျွန်မ မို့ မို့ ဃောကျာ်းကို အကူအညီလာတောင်းတော့ သူက မထင်မှတ်ပဲ တိုးတိုးရှိတဲ့နေရာကို ဘဃ်လိုရှာလိုက်ပြီး ဒီအကြောင်း

သွားပြောမဃ်လို့  ကျွန်မ မထင်ထားခဲ့ပါဘူး ။ အဲ့ဒါ အခုသူသေရတာ ကျွန်မအမှားကြောင့် ပါ ။ ကျွန်မ မို့ မို့ ကို တောင်းပန်ပါတဃ်။

အပီား..ပီား.."




ကိုကို ငါ့ ကိုမညာခဲ့ဘူးပဲ ။ ဒါပေမဲ့ ကျွန်မနောက်ကျသွားခဲ့ပြီ ။

ဒီလိုနဲ့  ကျွန်မကိုကို့  အုတ်ဂူဆီနှစ်ပတ်လည်နေ့ တိုင်း လာဖြစ်ခဲ့တဃ် ။ နောက်ဆုံးတော့ ကိုကိုမညာဘူးဆိုတာ ကျွန်မသိပါပြီ ။

ဆက်လက်ကြိုးစားပါဦးမည်။

ဝိ၀ိ

kyawtun122@gmail.com

5:17PM , 1 / 14 / 12
ဆက်ဖတ်ရန်

သတင်းပဒေသာ(17.1.2012)


ဒီနှစ် အကယ်ဒမီအတွက် ချောရတနာ ရဲ့ ခန့်မှန်းချက် click
မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပွဲအား ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ပြုလုပ်မည် click

နာမည်ကြီး အနုပညာရှင်များ ပါဝင်ပြသခ့သဲ ည့် ရတနာရှိုးပွဲကြီး click

စီးပွားရေးပိတ်ဆို့မှု ဖြေလျှော့ရန် ထူးကုမ္ပဏီများ အုပ်စုဥက္ကဋ္ဌက ပြည်ပသတင်းဌာနများကို တွေ့ဆုံနေပြီး ပြည်တွင်းမီဒီယာများနှင့်လည်း click

တိုက်တန်းနစ် သဘောင်္မှ ရရှိသော ပစ္စည်းများကို လေလံတင်မည် click

ဗြိတိန်ဘုရင်မကြီးက အသက် ၆ဝ ပြည့် မွေးနေ့အဖြစ် သူစုဆောင်းထားသော စိန်များကို ပြသမည်  click

အရပ်ခုနစ်ပေရှိ နာမည်ကြီး ဘတ်စကက်ဘောသမား လိင်ပြောင်းပြီးနောက် လိင်ပြောင်းသူများအနက် ကမ္ဘာ့အရပ်အရှည်ဆုံးဖြစ်လာ click
ယင်ကောင်များကို လေထဲ၌ လမ်းလျှောက်နိုင်အောင် ဖန်တီးနိုင် click 
 
ဆက်ဖတ်ရန်

Wednesday, January 11, 2012

ပြောပြချင်လို့ပါ


ဒီနန်းတော်လေးကို ကျွန်တော်နဲ့ ဧကရီ ချစ်သူနှစ်ဦးပေါင်းပြီး ဖန်တီးခဲ့တာ အခုဆိုတစ်နှစ်တောင် ကျော်ခဲ့ပါပြီ။နောက်ပိုင်း တခြားဝါသနာပါတဲ့ စာရေးသူအဖွဲ့ဝင်တွေ တိုးလာခဲ့ပါတယ်။သူတို့ကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်။ဒီကာလအတွင်းမှာ စာဖတ်သူတွေရဲ့ အခက်အခဲတွေ ပြဿနာတွေကိုလဲ ကူညီဖြေရှင်းပေးခဲ့ပါတယ်။လာလည်တဲ့သူတွေအဆင်ပြေစေဖို့အတတ်နိုင်ဆုံးကြိုးစားခဲ့ကြပါတယ်။
နည်းပညာပြဿနာတွေ လူမှုရေးပြဿနာတွေ လိုအပ်ချက်တွေ တတ်နိုင်သမျှ ကူညီပေးခဲ့ကြတယ်။
တကယ်ပြောရရင် ကျွန်တော်ကိုယ်တိုင်လဲ ဘာမှမသိသေးတဲ့ လေ့လာနေဆဲလူတစ်ယောက်ပါ။
ဒီတခါတော့ စိတ်ကူးပေါက်လို့ ကျွန်တော်က ပြန်ပြီး စာဖတ်သူတွေကိုအကူအညီတောင်းမယ်နော်။
ခုကျွန်တော်မှာ ပြဿနာတစ်ခုတက်နေတယ်ခင်ဗျာ။ခ်စ္သူဧကရီက သ၀န္တိုရာကေန စၿပီး ခုဆိုမယံုသကာၤ
အရမ်းဖြစ်နေတယ်။ခုလဲ သူ့နောက်ကွယ်တခြားကောင်မလေးတွေနဲ့ ရှုပ်တယ်ထင်နေပါတယ်။အဲဒါ သူယုံအောင်
နန်းတော်မှာ ပို့စ်တင်ပြီး ရှင်းပါတဲ့ခင်ဗျ။အမှန်တော့ ကိုယ်ရေးပြဿနာတွေကို ဒီမှာမရေးချင်ပါဘူး။
ဧကရီကမရေးရင် မဟုတ်တာလုပ်ထားလို့ပါတဲ့။ဒီနေရာကနေ ကျွန်တော်အသိပေးပါမယ်။ဘယ်မိန်းကလေးနဲ့မှ
မပတ်သတ်ပါဘူး။ရှုပ်လဲမရှုပ်ပါဘူး။ကိုယ့်ဖာသာအေးဆေးနေပါတယ်။အားရင်စာဖတ်တယ် ရုပ်ရှင်ကြည့်တယ်။
ဘာမဟုတ်တာမှမလုပ်ပါဘူး။အဲဒါကြောင့် ယုံကြည်ပါလို့ ဧကရီကို ဒီကနေပြောချင်ပါတယ်။
ဧကရီ့ကိုဝိုင်းပြောပေးဖို့ အကူအညီတောင်းပါတယ်နော်။
အခုကိစ္စလေးနဲ့ပတ်သတ်ပြီး သ၀န်တိုခြင်းအကြောင်းကို နဲနဲရေးချင်ပါတယ်။
ချစ်သူနှစ်ဦးအကြားသ၀န်တိုတယ်ဆိုတာ ချစ်လို့သ၀န်တိုတယ်ဆိုတာ လူတိုင်းသိကြမှာပါ။ဒါပေမယ့် မိန်းကလေး
ဖြစ်ဖြစ် ယောကျာ်းလေးဖြစ်ဖြစ် အလွန်အကျွံသ၀န်မတိုသင့်ပါဘူး။တဖက်လူမှာ အနေအထိုင်ကျဉ်းကျပ်စေပါတယ်။
စိတ်ရှုပ်စေပါတယ်။ကိုယ့်ချစ်သူ့မိုသာ ချစ်လို့ မပြောတာပါ။တကယ်တော့ ကိုယ်တိုင်မဟုတ်တာ မလုပ်ဘဲ အပြောခံရတာ ခံစားရခက်ပါတယ်။အဲဒါကြောင့် ချစ်သူတွေအနေနဲ့ အရမ်းချစ်ရင် နည်းမှန်လမ်းမှန်နဲ့ သ၀န်တိုတတ်ဖို့လိုပါတယ်။တကယ် ကိုယ့်ချစ်သူက ကိုယ့်နောက်ကွယ်မှာမဟုတ်တာ လုပ်နေသလားဆိုတာကို သေချာတိကျစွာ သိရှိမှ သ၀န်တိုရပါမယ်။နောက်တချို့သ၀န်တိုတာက ချစ်သူချင်းအပျော်အနေနဲ့ သ၀န်တိုပြ စိတ်ကောက်ပြ လုပ်တတ်ပါတယ်။ဒါကတော့ ပျော်ရွှင်မှုတွေ ဖြစ်စေပါတယ်။အဲဒီတော့ ချစ်သူချင်းသ၀န်မတိုနဲ့ မဟုတ်ဘူး တိုကြပါ။ဒါပေမယ့် အလွန်အကျွံ သ၀န်မတိုပါနဲ့။သ၀န်တို စိတ်မချဖြစ်ပြီး မယုံသင်္ကာစိတ်လွန်ကဲတာဟာ
စိတ်ရောဂါတမျိုးပါ။ကျွန်တော်စာဖတ်ဖူးပါတယ်။ဆရာဝန်တစ်ယောက်ဆီကို အမျိုးသမီးတစ်ယောက်က လာရောက်ဆွေးနွေးတာပါ။သူ့အမျိုးသားက သူ့ကိုအရမ်းသ၀န်တိုတယ်စိတ်မချဖြစ်တယ် မယုံသင်္ကာစိတ်အရမ်းဖြစ်ပါတယ်တဲ့။သူအပြင်က ပြန်လာပြီဆိုတာနဲ့ အ၀တ်အစားအကုန်ချွတ်ပြီးစစ်ဆေးပါသတဲ့။
အဲဒါဆရာဝန်နဲ့လာဆွေးနွေးတော့မှ ဆရာဝန်က ဒါဟာရောဂါတမျိုးလို့ ပြောပြပြီး ဆေးကုပေးလိုက်ပါတယ်။
အဲ့ဒီတော့ ကိုယ့်ချစ်သူကို သ၀န်တိုမယ်ဆိုရင်လဲ ဦးနှောက်က သေချာစဉ်းစားဆုံးဖြတ်ပြီးမှ သ၀န်တိုကြပါလို့ ပြောချင်ပါတယ်။

ရုပ်ရှင်ဇာတ်လမ်းတစ်ခုမှာ  မင်းသား က မင်းသမီးကို ပြောတဲ့စကားကို သဘောကျလို့ ဖော်ပြပေးလိုက်ပါ
သေချာတော့မမှတ်မိဖူးနော် :P

ကိုယ့်ချစ်သူကို ယုံကြည်စိတ်ချပေးခြင်းဖြင့် ကိုယ်ရဲ့ဂုဏ်သိက္ခာကို မြှင့်တင်ပေးပါလား....
(သူပြောတာမှန်ပါတယ်။မယုံသင်္ကာဖြစ်တာဟာ တဖက်လူရဲ့ကိုယ့်ကျင့်သိက္ခာကို ထိခိုက်တာတမျိုးပါ)


ဆက်ဖတ်ရန်

Tuesday, January 10, 2012

to hninsikahing

hninsikahing: ပညာတွေမပြီးဆုံးခင်ချစ်သူကသူ့ဆန္ဓတွေကိုေ၇ှ့တန်းတင်နေပါတယ်။ချစ်သူကချစ်နေတယ်ပြောပြီးလမ်းခွဲဖို့အခြေအနေ
ထိဖြစ်နေတယ်။ကျွန်မအနေနဲ့လမ်းမခွဲချင်ပေမယ့်ပညာရေးကိုပဲရွေးပါမယ်။ကျွန်မဆုံးဖြတ်ချက်အတွက်အကြံပေး
စေချင်ပါတ

ဧကရာဇ် : မနှင်းဆီအကူအညီတောင်းထားတာ ဖြေပေးလိုက်ပါတယ်။မေးထားတာက သိပ်ရှင်းလင်းမှုမရှိတော့ အတတ်နိုင်ဆုံး ဖြေပေးလိုက်ပါတယ်။အချစ်ရေးနဲ့ ပညာရေးကို ဆုံးဖြတ်ဖို့ အကူအညီတောင်းတာလို့ ထင်ပါတယ်။
ချစ်သူကအချစ်ရေးကိုရှေ့တန်းတင်ခိုင်းတယ်။မတင်ရင် လမ်းခွဲဖို့အထိဖြစ်မယ်။မနှင်းဆီအနေနဲ့ကလဲ ပညာရေးကိုရွေးချင်တယ်လို့ ကျွန်တော်ယူဆမိပါတယ်။အဲ့ဒီတော့ အချက်အလက်တော့သေချာမသိပါဘူး။
အကြံပေးပေးပါဆိုလို့ အတတ်နိုင်ဆုံးအကြံပေးကြည့်ပါမယ်။အခုမနှင်းဆီရေးတဲ့စာအရ ပညာရေးကိုရွေးလိုက်တယ်လို့ ထင်ပါတယ်။အဲဒါမှန်ကန်မယ်ထင်ပါတယ်။အချစ်ရေးကအရေးမကြီးလို့ မပြောပါဘူး။
အရေးကြီးပါတယ်။တစ်ဘ၀လုံးနဲ့သက်ဆိုင်တဲ့ကိစ္စပါ။ဒါပေမယ့်အခြေအနေအချိန်အခါကို ကြည့်ရပါမယ်။
ကိုယ်အတွက်ဘယ်ဟာအရေးကြီးလဲ။ခုအချိန် အချစ်ရေးကိုရှေ့တန်းတင်လိုက်ရင် အားလုံးပြေလည်သွားနိုင်လား။
ဒါမှမဟုတ် အခြေအနေဆိုးသွားနိုင်လား။တွေးကြည့်ရပါမယ်။
အချစ်ရေးနဲ့ ပညာရေးကို ရွေးချယ်ဖို့ အချက်လေးတွေ ကျွန်တော်ပေးပါမယ်။မိမိဖာသာတွက်ချက်ပြီး ဆုံးဖြတ်ကြည့်ပါ။
ပထမအချက်က အသက်အရွယ်ပါ။မိမိအသက်အရွယ်က အချစ်ရေးကိုဦးစားပေးသင့်တဲ့ အရွယ်လား။ပညာရေးကို
ဦးစားပေးသင့်တဲ့အရွယ်လား။ဒါကတော့ ရိုးရိုးရှင်းရှင်းလေးပါ။ငယ်ရွယ်စဉ်ကတော့ ပညာရေးကအဓိကပေါ့။အသက်အရွယ်ကြီးလာမယ်ဆိုရင် ခုချိန်မှ မရွေးချယ်ရင် အပျိုကြီးဖြစ်မယ်ဆိုရင် အချစ်ရေးကိုလဲ ဦးစားပေးသင့်ပါတယ်။ဒါကတော့မိမိသဘောပါ။
ဒုတိယအချက်အနေနဲ့ မဖြစ်မနေရွေးဖို့လိုအပ်နေပြီလား။ဥပမာ ကိုယ့်အရမ်းချစ်တဲ့ချစ်သူက တပါးသူနဲ့ လက်ထပ်တော့မှာလား။ကိုယ်က ပညာရေးကိုရွေးချယ်လိုက်ရင် သူနဲ့တကယ်ဝေးသွားမှာလား။ဘယ်တော့မှမတွေ့နိုင်တော့ဘူးလား။အချိန်ဆွဲလို့မရလောက်အောင်ဖြစ်နေတာလား။
အဲလိုဖြစ်နေရင်တောင် မိမိက ကိုယ်ချစ်သူ့ကိုအရမ်းချစ်သလား ပြန်မေးရပါမယ်။အဓိက ကိုယ်စိတ်ချမ်းသာဖို့ဘဲလေ။ကိုယ်အရမ်းချစ်နေရင်တော့ တမျိုးတွေးရမှာပေါ့။အဲလိုမဟုတ်ဘဲ အရမ်းအရေးမကြီးဘူး။ကိုယ်ကလဲ သေလောက်အောင်မချစ်ဘူးဆိုရင်တော့ ပညာရေးကိုဘဲ ဦးစားပေးပါ။
တတိယအချက်အနေနဲ့ ကိုယ့်ဘ၀တက်လမ်းကို စဉ်းစားပါ။အချစ်ရေးကို ဦးစားပေးလိုက်ရင် တဘ၀လုံးလုံခြုံသွားပီလား။အာမခံချက်ရှိသလား။ဒါမှမဟုတ်ခုချိန်အချစ်ရေးကို ဦးစားပေးလိုက်ရင် ပြဿနာတွေ ဖြစ်မယ်။ဒုက္ခတွေ ရောက်မယ်။ ဒီလိုဖြစ်နိုင်လား။မိမိဖာသာအသိဆုံးဖြစ်မှာပါ။အချစ်ရေးကို ခဏထိန်းသိမ်းလို့ရမယ်ဆိုရင် ထိန်းသိမ်းသင့်ပါမယ်။အပေါ်က ကျွန်တော်ပြောတဲ့အချက်တွေကို တွေးကြည့်ပါ။
အကောင်းဆုံးကအရွယ်လဲမလွန်သေးဘူး။ပညာရေးကို ဦးစားပေးမယ်ဆိုရင် ကိုယ့်ဘ၀တက်လမ်းလဲရှိမယ်။နောက် ချစ်သူကိုအရမ်းချစ်မြတ်နိုးမခွဲနိုင်ဖြစ်ပြီးစိတ်ဆင်းရဲရမယ့်အဖြစ်မျိုး မဖြစ်နိုင်ဘူးဆိုရင် ပညာရေးကိုရွေးချယ်တာ မှန်ကန်ပါတယ်။အကောင်းဆုံးကတော့ ချစ်သူကို သေချာချော့မော့ပြီးတော့ ကတိပေးသင့်ပေးပြီး ပညာရေးကို ဦးစားပေးလိုက်တာ အကောင်းဆုံးလို့ ထင်ပါတယ်။
ဆက်ဖတ်ရန်

Monday, January 9, 2012

သတင်းပဒေသာ(9.1.2012)


အင်္ဂလန်နိုင်ငံမှ Standard Chartered ဘဏ်အပါအ၀င် ဥရောပနှင့် အမေရိကန်ဘဏ် အချို့ မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်း ဆောင်ရွက်ရန် ပြင်ဆင် click
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံပြီးနောက် ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် ဘီလျံနာသူဌေး ဂျော့ဆိုးရော့စ် မြန်မာနိုင်ငံတွင် ကူညီထောက်ပံ့ရေး လုပ်ငန်းများ တရားဝင် အခြေစိုက် ထူထောင်ဆောင်ရွက်ရန် သဘောတူ click

ဂျပန်နိုင်ငံပိုင် ဘဏ်ကြီးတစ်ခုက ထားဝယ်ရေနက် ဆိပ်ကမ်းအတွက်ဒေါ်လာ ၁၂ ဒသမ ၅ ဘီလျံ ချေးငွေထုတ်ပေးပြီ click

၂ဝ၁ဝ ပြည့်နှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးအပ်မည့် စင်မြင့်ကို အင်ဒိုနီးရှား SEA Games ဖွင့်ပွဲ၌အသုံးပြုသည့် LEDစင်ဒီဇိုင်းမျိုး click

ဖုန်းများလဲလှယ်ခြင်းအတွက် နေ့စဉ်လျှောက်လွှာများဖြင့် ဆောင်ရွက်ပေး click
 
ဖိုက်ဘာအင်တာနက်စနစ် ၂၀၁၂ ပထမ နှစ်ဝက်အတွင်း သုံးနိုင်ရန် ဆောင်ရွက်နေဟုဆို click
 
ကြိုးဖုန်းများကို အရစ်ကျစနစ်ဖြင့် ရောင်းပေးမည်ဟုဆို click
  
ပေ ၁၁ဝ မြင့်သည့် ရေခဲနံရံကို တက်သည့် စုံတွဲထိပ်သို့အရောက် အနမ်းပန်းခြွေနိုင်ခဲ့ click

Touchscreen ကိုယ်ထည်နှင့် မော်တော်ယာဉ်သစ်အား Toyota မိတ်ဆက်ပြသ click

စားပွဲအဖြစ်သုံးနိုင်မည့် Samsung ၏ Tablet ကွန်ပျူတာ မိတ်ဆက်ပြသ click
 
သက်တမ်း ၃၆ နှစ်ကြာ သုံးစွဲနိုင်မည့် LED မီးလုံး Samsung မိတ်ဆက်ပြသ click
 
မြေပြင်နှင့်ရေပြင် နှစ်မျိုးသုံး Volkswagen Aqua မော်တော်ကားသစ် click
  
ဆက်ဖတ်ရန်