Fibonacci ဂဏန်းစဉ် အကြောင်း ကြားဖူးကြမယ် ထင်ပါတယ်။ သဘောတရားကတော့ ဂဏန်းတစ်ခုဟာ သူ့ရှေ့ က ဂဏန်းနှစ်လုံးရဲ့ ပေါင်းလဒ်ဖြစ်ပါတယ်။ အောက်မှာ ကြည့်ပါ။
၁-၁-၂-၃-၅-၈-၁၃-၂၁-၃၄-၅၅-၈၉-၁၄၄- ......
ဒီဂဏန်းစဉ်ဟာ အလွန်ထူးခြားလှပါတယ်။ ဒီဂဏန်းစဉ်တွေရဲ့ အချိုးကို ရှာကြည့်ရင် ၁.၆၁၈ ဖြစ်ပါတယ်။ ဒါကို Golden Ratio လို့ခေါ်ကြပါတယ်။ လောကကြီးမှာ ရှိသမျှ အရာအားလုံးဟာ ဒီအချိုးနဲ့ တည်ဆောက်ထားပါတယ်လို့ ပြောရင် အံ့သြနေကြပါလိမ့်မယ်။ တကယ်ပါ။ နေကို လှည့်ပတ်နေတဲ့ ဂြိုဟ်တွေရဲ့ အကွာအဝေးတွေကို အချိုးချကြည့်ရင် ၁.၆၁၈ နီးပါးဖြစ်နေတာကို တွေ့ရပါတယ်။ လူ့ခန္ဓာကိုယ်မှာလည်း ဒီအချိုးနဲ့ တည်ဆောက်ထားပါတယ်။ (ခြေဖ၀ါးမှခါး-ခါးမှခေါင်း၊ လက်ဖ၀ါးနှင့် လက်ချောင်းများအချိုး)။ ပန်းပွင့်တွေရဲ့ ပွင့်ချပ်တွေ၊ ပျားအုံ၊ သန္တာကျောက်တန်းပုံ စသည်စသည် ဒီအချိုးနဲ့ မလွတ်ကင်းကြပါဘူး။ ရောမခေတ်က တည်ဆောက်ခဲ့တဲ့ အဆောက်အဦးတွေမှာလည်း ဒီအချိုးပဲ။ စတော့ ရှယ်ယာ ဈေးနှုန်းတွေရဲ့ အတက်အကျ ဟာလည်း ဒီအချိုးအတိုင်း ဖြစ်ပေါ်နေပါတယ်။
ဒီဂဏန်းစဉ်ကို ဘုရားသခင်ဖန်ဆင်းတာလို့ တင်စားပြီး ပြောရင်တောင် ရပါတယ်။ ဒီဂဏန်းစဉ်ထဲမှာ ရော့(ခ်)ဂီတ သံစဉ်တစ်ခု ရှိနေတာကို ထူးခြားစွာတွေ့ရပါတယ်။
1=C, 2=C#, 3=D, 4=D#, 5=E, 6=F, 7=F#, 8=G, 9=G#, 10=A, 11=A#, 12=B, 13=C ... စသည်ဖြင့် အစဉ်လိုက်ရေးထားပါ။ အထက်က Fibonacci ဂဏန်းစဉ် အတိုင်း သံစဉ်တွေကို ရေးချကြည့်ရင် သံစဉ် ၂၄-လုံး ထပ်ခါတလဲလဲ ဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။ အဲဒီသံစဉ်ကို ဂီတတစ်ပုဒ် ဖန်ဆင်းလိုက်ရင် အောက်ပါအတိုင်း ရလာပါတယ်။ ဒါဟာ Fibonacci ဂီတ ဖြစ်ပါတယ်။ ဘုရားသခင်ဟာ ရော့(ခ်) ဂီတသမားတစ်ယောက် ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။
God is a great Rocker!
ဆက်ဖတ်ရန်