အကြင်နာနန်းတော် ၏ ရည်ရွယ်ချက်များ


မြန်မာ လူငယ်များအတွက်
၁။ အသုံးဝင်သော ဆော့(ဖ်)၀ဲ များ
၂။ နည်းပညာဆိုင်ရာ စာအုပ်များ (ကွန်ပျူတာ၊ ပရိုဂရမ်၊ ဓာတ်ပုံ နှင့် ဒီဇိုင်း၊ အင်တာနက်၊ အင်ဂျင်နီယာ)
၃။ ဘာသာရေး၊ တရားတော်ဆိုင်ရာ စာအုပ်များ၊ အသံဖိုင် နှင့် ဗီဒီယိုများ
၎။ ၀တ္ထု၊ ကဗျာ၊ ကာတွန်း၊ ဟာသ စာအုပ်များ
၅။ တေးသီချင်းများ (မြန်မာ၊ နိုင်ငံခြား)
၆။ ရုပ်ရှင် နှင့် ဗီဒီယိုများ (မြန်မာ၊ နိုင်ငံခြား)
၇။ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ ဗဟုသုတနှင့်အကြံပြုချက်များ
၈။ သတင်း နှင့် အထွေထွေဗဟုသုတများ
၉။ ဂိမ်းများ
၁၀။ အလှအပ နှင့် ဖက်ရှင် ဆိုင်ရာ ဗဟုသုတ နှင့် အကြံပြုချက်များ
၁၁။ အသုံးဝင်သော ၀က်ဘ်ဆိုက် လိပ်စာများ
ကို မျှဝေပေးရန် ဖြစ်ပါသည်။



အကြင်နာနန်းတော် သို့ လာရောက်သူများအတွက် ပျော်ရွှင်မှု၊ ဗဟုသုတ နှင့် နည်းပညာ တစ်ခုခုတော့ ရရှိသွားစေရပါမည်။

စိတ်တူ၊ ကိုယ်တူ၊ ရည်မှန်းချက်ရှိသူ လူမှုအသိုင်းအ၀ိုင်း (Community) တစ်ခု ဖန်တီးသွားရန် နှင့် မြန်မာလူငယ်များ ပိုမို တိုးတက်အောင်မြင်အောင် အချင်းချင်း ပံ့ပိုးဆောင်ရွက် သွားကြရန် ရည်ရွယ်ပါသည်။


Flash သီချင်းများစုစည်းမှု

ရွှေတိဂုံ အမေ-ထူးအိမ်သင် မ-sample တိတ်တခိုးအချစ်-ရိန်မိုး မ-ပူစူး မင်းကိုသတိရရင် တွဲဖက်အပြုံး-ရိန်မိုး အရမ်းပဲချစ်နေပြီ-ရိန်မိုး လေပြေ ဆု အမေတခုသားတခု အရမ်းပဲချစ် ဘယ်သူမှမကောင်းဘူး ဖြည့်ဆည်းပေးမဲ့သူ ရိုမီယို ဂျူးလီးယက် တောဂေါ်လီ သူလေး ရင်ခုန်ဘက်သို့တမ်းခြင်း ကြွေပါစေ လမ်းမခွဲကြေး မင်းနဲ့ငါနဲ့ မေမေ မင်းအတွက်ပါ သနပ်ခါးချစ်သူ အနီးဆုံးလူ ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေ သင်္ကြန်မိုး အပြစ်မမြင်ပါဘူး ကမ္ဘာအပြင်ဘက် နှလုံးသားရှိတဲ့အရပ် မျောလွှင့်နေတဲ့တိမ် အင်းလေးမှာရွာတဲ့မိုး ငါချစ်တာမင်းပဲ နေညိုရင် ပူစီ ချစ်သူကို ချမ်းမြေ့ပါစေ စိတ်ကူးယဉ်အနမ်းများ နွေဦးကဗျာ မိုးသိပါစေ ဘ၀ချင်းခြားလည်းချစ် ပုဂံဘုရားဖူး မမကြောင့် ညစဉ်ညတိုင်း အလွမ်းမိုး မြူမှောင်ဝေကင်း နှစ်ပါတ်လည် ကောင်မလေး နောက်ဆုံးရင်ခွင် မလွမ်းပဲမနေနိုင်ဘူး လုံးဝမမေ့သေးဘူး အိမ်-ဓီရာမိုရ် လမ်းဆုံ ကိုကိုက အာဇာနည်(၄)ပုဒ်နဲ့address-card တမိုးအောက် ယုံပါရင်သို့ ဒီတညတော့ ဟင့်အင်းအမေကဆူလိမ့်မယ် တခါထဲချစ်ချင်လို့ပါ ထူးဆန်းလွန်းတဲ့အချစ် ပြော ကြွေသူနှစ် ကောက်သူတစ်

မင်းအကြောင်းအိမ်မက် မိန်းမယူရင်စဉ်းစားကျ ချစ်သူရင်ခွင် ၀တ်မှုံ သီချင်းတပုဒ်မင်းဆိုလိုက် We are the world သူ့ကိုကျနော်ချစ်သည် မင်းမုန်းမှာစိုးတယ် မင်းလေးကိုသိပ်ချစ်လို့ မင်းသိလာမယ် ယုံကြည်ပေးပါ မျှော်လင့်မထားတဲ့အချိန် ကလေး လေး ချစ်ရက်နဲ့ ယုံကြည်ခြင်း ဆန္ဒတစုံ အလွမ်း ဖူးစာရှင် သဲသဲလှုပ် ဝေခွဲမရပါလား လိုက်ဖက်တဲ့ဘ၀ ငါ့ရင်ခွင်ကို အဆင်ပြေပါစေ Gtalk သူ ၀န်ခံလိုက်ပါ ရီးစားစာ တခါထဲချစ်ချင်လို့ပါ (၂) မိုး တိုးတိုးလေး ကြည်နူးခွင့် မုန်းမေ့ဖို့မလွယ် မလွယ်ပါကွယ် ကျောင်းသီချင်း ကြိုနေစေချင်တယ် ချစ်ကံဆိုး အပြုံးလေး နတ်သမီး လမင်းသို့ သီချင်းမဲ့ဂီတာ အမောပြေ ဆုတောင်းမယ် ဆုတောင်းမယ်(၂) ဟိုအရင်လို မိုးသည်းထဲမှာ အမေ နင်ပြန်လာခဲ့ ပေးဆပ်ခွင့် အချစ်အတွက်ကံမကောင်းခဲ့သူ ချစ်တယ်ဟုတ် ဖန်သားနန်းတော် ဒို့လည်းလိုက်မယ် မြတ်နိုးသူအတွက် ပုံရိပ်လေး ပြန်တော့ကွယ် အချစ်ကိုသိချိန် မင်းတယောက်သာ မမချစ်လို့မဖြစ် အမြတ်နိုးဆုံး ချစ်ခွင့်ရခြင်ပြီ ခွဲခွာရက်သူ ဘာကြောင့်လဲ အတ္တ စာမျက်နာ ၁၅ မျက်နာများတဲ့မောင် ဒီလမ်းမကြီးရဲ့ ဘေး အင်းယားသို့ နှစ်ပတ်လည်(၂) မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် ပြန်လာပါကွယ် သူသိပါကွယ် All out of love စလုံးကချစ်သူ ပတ်သက်ခွင့်ပြုပါ တကယ့်ပုံပြင် ကောင်မလေး တယောက်သောသူအတွက် မင်း မရေရာဘူး မအေးကိုချစ်လို့ ဆက်ချစ်ခွင့်ပေးပါ ညှို့နှိင်လွန်းတဲ့သူ ခွင့်ပြုတယ်ခွင့်လွှတ်တယ် ကြိုပြီးတောင်းပန်တယ် ရဲလေး သီချင်း ရီးစားထားတဲ့အရွယ် အချစ် = အချစ် သီးသန့်ဖြစ်တည်မူ ကိုကို့စိတ်ကူး မမက တကယ်ဆိုအချစ်ဘဲလိုတယ် ကြယ်ကြွေကောင်းကင် အချစ်များသူ့ဆီမှာ ပြန်တွေးကြည့် ယုံကြည်တော့အချစ် ကောင်ကလေးကကောင်မလေးကို နေရာ တယောက်သော သူ အဆုံးမဲ့ အလွမ်းပြေအနမ်း အလွမ်းဆုလဒ် ဘာဖြစ်ဖြစ်ချစ် မင်းသိလာမယ် 2 ပြန်မဆုံဖြစ်ကျရင် နောက်ဆုံး အမှန်သိခွင့် (ဒိုးလုံး) ချစ်ခွင့်ရချင်ပြီ နှစ်ကိုယ်တူချစ်သမျှ တခါခါ စိတ်လျှော့လိုက် ရိုးရှင်းသောဘ၀ရဲ့ပိုင်ဆိုင်မူ ဓမ္မဒါန လမ်းကြုံရင်ပြောပေးကြပါ StayWithMe ချစ်ခဲ့တာလားရူးခဲ့တာလား BadGirl သန်ခေါင်ယံည နုတ်ဆက်စာ အလွမ်းပြေအနမ်း ၂ ပြန်မဆုံဖြစ်ကျရင်၂ အချစ် နှောင့်ယှက်သူ ပြန်မရဘူး ငါ့ရင်ခွင်ကို ၂ မေ့တော့မေ့သေးဘူး မြတ်ဆုမွန် မကြာခင်မှာကြင်နာမယ် နေချင်တယ်မင်းအနား ဝေးလို့နေမလားမေ့လို့နေမလား ရွှေတိဂုံ(၂) သံယောဇဉ် သံစဉ်တွေနဲ့ချော့သိပ်မယ် ကောင်မလေး နောက်ဆုံးအချစ် မချစ်နဲ့တော့ မျှော်လင့်ခြင်းကွင်းပြင် MyHeartWillGoOn လွမ်းရဲမှ ၀ိရောဓိ အလွမ်းဝင်္ကပါ မင်းတယောက်သာ BeWithYou ကိုယ်မညာချင်တော့ဘူး ဆွေးမြေ့အသဲ သံယောဇဉ် ချစ်သူထားခဲ့တော့ ချစ်ဦးမေ အချိန်တိုင်းပဲ နားလည်ပါ ကြယ် လွန်ပါစေအလွမ်းညတွေ လူလည်အာရှသား ဗုဒ္ဓံ ဓမ္မံ သံဃံ ကြေကွဲရလိမ့်မယ် စိတ်ကူးလွင်ပြင် KissMe မ..ကို မီးအိမ်ရှင် အလွမ်းပြေအနမ်း လွမ်းနေပြီ လွမ်းနေပါတယ် အလွမ်းနိဂုံး မင်းချစ်မှချစ်ပါ့မလား အပြုံးလေး စိုးရိမ်ရတာပေါ့ မျှော်လင့်ခြင်းအဆုံး အပြစ်တခုဖန်ဆင်း ဘ၀ရဲ့လမ်းများ ခွဲခွါခြင်းနေ့ရက်များ ငါတော့မှားပြီ ကိစ္စမရှိဘူး မင်းနဲ့မဆုံသ၍ တို့နှစ်ယောက် ပျော်ပါစေ ဖက်ထားမယ် မ-မရှိတဲ့နေ့ရက်များ တွဲလက်များ ဒီကောင်မလေးအတွက် ရှင်သန်ခြင်းပြဇတ် ရွှေရောင်အရှုံး (အိမ်) နင်သိရဲ့လား နေညိုရင်၂ ငါ့ရဲ့အနား ခိုင်မြဲသောအချစ် ငါ့ရဲ့လမင်း ချစ်လို့ရရန် အလွမ်းပြေအနမ်း၂ မင်းလိုက်ရဲပါစေ သူငယ်ချင်းချစ်သူ အင်းယားလမ်းကပန်းဆိုင် သတိရရ-မရရ အဖြည့်ခံချစ်သူ တိတ်တခိုး နင်မလိုချင်လဲ လမ်းပျောက်ချိန် အလွမ်းကဗျာ အေးဆေးဖြစ်သွားပြီ မညာပါနဲ့ ချစ်သူလေး ညလေပြေ အိနြေ္ဒရှင်မလေး မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် လေပြေ၂ တဖက်သတ်အလွမ်း ဝေးပြီးတဲ့နောက် မနဲ့မောင် ချစ်တယ် ပြုံးလိုက်ပါ နှလုံးသားချင်းထိတွေ့ခဲ့တယ် ဖူးစာရှင် ဗုဒ္ဓမေတ္တာပန်း အိမ်မက်ရဲ့သမီးပျို မင်းမရှိတဲ့ကမ္ဘာ အလွမ်းသင့်ပန်းချီ ပျော်သလိုနေလိုက်တော့ စိတ်ကူးလွင်ပြင် အလွမ်းနိဂုံး မျှော်လင့်ခြင်းအဆုံး ဘ၀ရဲ့လမ်းများ နင်သိရဲ့လား အလွမ်းပြေအနမ်း၃ လရောင်ဆမ်းသောလမ်း တစ်ဖက်သက်အလွမ်း ဝေးပြီးတဲ့နောက် တစ်နေ့တော့ လမင်းသစ်ပင် ချစ်သူ နားနားဘေးမှာ ပျံသန်းသွားတော့ ဟုတ်လို့လား Never Be Replaced ချစ်မိနေပြီ နိုးတစ်ဝက်အချစ် အချစ်အတွက်ကိုယ်စား ငါ့ရဲ့အနား ၂ ဝေးသွားတဲ့အခါ မီးအိမ်ရှင် ငါ့နေရာ Anywhere for you Justin Bieber(Baby) သီရိသူ ဒီဇင်ဘာည ဒီဇင်ဘာည၂ ငါမှားလားမင်းမှန်လား ဆေးကျောင်းသား တကယ်ဆိုရင် အမေ စွန့်လွှတ်ခက်သူ နင်စေရင် အနှိုင်းမဲ့ ရင်ဘတ်ထဲက အနိုင်မယူသူရဲ့အရှုံး ခိုးချစ်ရသူ နှလုံးသားအစီရင်ခံစာ ညီမလေးအတွက် မိုး(မျိုးကြီး) မိုး၂(မျိုးကြီး) ( 8.4 ) ချစ်တယ်ဟုတ် ကောင်မလေးတယောက်အကြောင်း ဖက်ထားမယ် LetMeKissU ချယ်ရီသက်သေ ဖိတ်စာ နွေအလွမ်း ယူလိုက် အဖေ့မေတ္တာ လက်ခံပေးပါ(မျိုးကြီး) HaHaLaGyiAh မမ အပျိုကြီး ညီမလေး SnowQueen လက်ခံပေးပါ(၂) HERO ( မေ ) မမြင်ကွယ်ရာ ဟိုအရင်လို ငါ့ကိုပြောပါ မျှော်လင့်ချက်မဲ့(မျိုးကြီး) ယုံကြည်ပေးပါ BellyDancer ယုံကြည်ပေးပါ(Remix) အဖြူရောင်လေးပါကွယ် ရင်ထည်းခိုနားလှည့်ပေါ့ကွယ် မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး ပေါက်တဲ့အိုး တိတ်တခိုးအချစ် စံပါယ် တခုလောက်ဖြေပေးပါ ယုံကြည်ခြင်း၂ မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် ကမ္ဘာပျက်နေ့ နင့်ကိုငါအချစ်ဆုံး ကင်ဆာ အချစ်နဲပိုက်ဆံ နင်တစ်ယောက်တည်း သံစဉ်နဲ့ချော့သိပ်ခွင့် (မမ) ချစ်တယ်မရေ အချစ်မှတပါးအခြားမရှိပြီ တနေ့တော့ချစ်လာလိမ့်မည် အမေ့ မင်းအကြောင်းအိမ်မက် တန်ဆောင်တိုင်သီချင်း အလွမ်းနဲ့ရူးပြီ နှမြောတယ် သူလေး ကောင်းကင်ကအချစ်ငှက် ဆာဒါငဲယိုး ခိုနားရာ အိမ်မက်ကမ္ဘာ အလွမ်းဝင်္ကဘာ ပထမအနမ်းသီချင်း စကားလုံးတွေမလိုဘုး (နိဒါန်း) လေလွှင့်သူ အာဇာနည် ငါဆက်ချစ်မယ့်သူ ရုပ်သေးရုပ် မျှော်လင့်ချက်မဲ့ ဒီတစ်ခါမခွဲတော့ဘူး ချမ်းချမ်း(ကိုယ်တစ်ယောက်တည်း) မျိုးကြီး(နူးညံ့စွာပြောင်းလဲခြင်း) လက်ခံပေးပါ(၂)မျိုးကြီး မျိုးကြီး=အတိတ်ရဲ့နွေ Baby စပါယ် အမြဲတန်းယုံကြည်တယ် သူငယ်ချင်းသံယောဇဉ် မိန်းကလေးပါ ဒီဇင်ဘာည၂ ပြည့်စုံလွန်း အသိအမှတ်ပြုပါ ကြယ်ကြွေကောင်းကင် Congratulation ညီမလေး မကြင်နာလေသူသို့ အပြည်ပြည်ဆိုင်ရာအသဲကွဲသောနေ့ ပထမအနမ်း ချစ်သူသိပါစေ နင်မသွားခင် နှမြောတယ် မျှော်လင့်မိတဲ့ငါ့နတ်သမီး လမ်းခွဲ နောက်ဆုံးပေါ့ Baby-(Mc Wai Lin) ရင်ထဲကလာတဲ့သီချင်း ကော်ရုပ်လေး လွမ်းဆွတ်ခွင့် ချစ်သူ-ရိန်မိုး ငါ့ရဲ့လမင်း(လေးဖြူ) ရင်ခုန်စရာရှုခင်း(မျိုးကြီး) ကိုယ့်ရဲ့ကွက်လပ် ဆု....ထံသို့ ခလေးလေး မ-အတွက်သီချင်း ယုံမှာလား ရောခ့်သီချင်းတစ်ပုဒ်(မျိုးကြီး) မိုးသည်းချိန်မှာ Venus လမ်းဆုံး ပြန်လာပါ အလည်လွန်နှလုံးသား ဒို့ဝေးရာ ကျေးလက်တောတန်း အင်တာနက်ချစ်သူ ပြန်လာမဲ့အချိန် ခွင့်ပြုတယ်ခွင့်လွှတ်တယ် SaveTheAged ဆာဒါငဲယိုး၂ ပျော်တော်ဆက် ကောင်မလေး မင်းအချစ်ကြောင့် မလွမ်းဘဲမနေနိုင် မလှည့်စားနဲ့ အလွမ်းနေ့ရက်ရှည်များ ဒီအတိုင်းလေးဘဲချစ်နေမယ် အတောင်ပံပါရင်မင်းဆီကို TakeMeToYourHeart ထားအတွက် ကင်တင်းထဲကကွင်းလက်ချာ(အရိုး) ILoveYou ရာစုသစ်အလွမ်းသမား Rain Story (ပြည့်စုံ) မင်းနဲ့မှချစ်တတ်ပြီ အချစ်ဒါဏ်ရာ လွမ်းတယ်(မ)ရယ် မင်းနားလည်မှာ ချစ်သူရဲ့ပုံပြင်(အနွန်) (မ)အတွက်သီချင်း ကျောင်းပိတ်ရက်လေး ကျေးဇူးပဲမနက်ဖြန် ကောင်မလေး onelesslonelygirl ငါ့နေရာ "မ" အတွက်သီချင်း ကဗျာမမှီတဲ့အချစ်

တို့နှစ်ယောက်အကြောင်း ရုပ်သေးရုပ် ဒီမိုးသည်းချိန်တိုင်းမှာ ပြန်ဆုံနိုင်ဦးမလား မင်းနဲ့အတူရှိချင် ကြွေနေပြီ တိုကျိုအိပ်မက် မနှုတ်ဆက်ချင်ဘူး အာဒံဧ၀ တောင်းပန်ပါတယ် I Love U Baby BabY Cry On My Sailing HONEY(အာဇာနည်) ကိုယ့်ရဲ့သက်တန့်ငယ် အလွမ်းဝင်္ကပါ မ မရှိတဲ့နေ့ရက်များ ခါး(အငဲ) သိမ်းထားခွင့် WeddingDress မင်းရှိစေချင်တယ် ONLYLOVE ကိုယ်ပိုင်တဲ့ကိုယ့်နေရာ တန်ဖိုး(လေးဖြူ) ပျောက်ဆုံးသွားတဲ့မနက်ခင်းလေးများ မင်းအချစ်ကြောင့်(၀ိုင်ဝိုင်း) မခေါ်ရက်ဘူး တက္ကသိုလ်ဘ၀ ဆေးပေးပါ(မျိုးကြီး) အသဲကွဲဒီဇင်ဘာ အချစ်အိမ်မက်လေး ညီမလေးအတွက် ရိုမီယိုဂျူးလီးယက် Baby Gril တော်ပြီနောက့် အိပ်မက်ထဲကလူ ငါ့နဲ့ မင်း အဖြူရောင်သူငယ်ချင်း ဖက်ထားမယ် အဖြည့်ခံ မိုးဘယ်မှာရွာနေလဲ ချစ်တယ်ဟုတ် Bad girl ရင်ခုန်နှစ်သစ် မဟာဆန်သူ ပန်းချစ်သူ မမ ကောင်လေး ဆုံစည်းခွင့်-ရိုးရာ+ Mc ဟိန်းထက် တစ်ချိန်က”မ” နှုတ်ဆက်သီချင်း OldService အဆောင်သူမမ ပြော သနပ်ခါး အချစ်ဝင်္ကပါ L.O.V.E(Kg Ma Lay) အရင်ကဇတ်လမ်း အလွမ်းဝင်္ကပါ အလွမ်း ရှင်းပြခွင့်ပေးပါ Over You မိုး အနားနားဘေးမှာ မင်းကိုသတိရရင် ချစ်ခဲ့တာလား ရူးခဲ့တာလား အလွမ်းဆုလဒ် ကြိုစေချင်တယ် ငါ့နေရာ Justin Bieber@baby Radio ပေးခဲ့တဲအလွမ်း ပက်သက်ခွင့်ပြုပါ(Bunny Phyo) ကမ္ဘာငယ်လေး မသိချင်ယောက်ဆောင်မျက်နှာလွဲ ခိုနားရာ ကောင်ကလေးကကောင်မလေးကို ထာဝရပက်သက်ခွင့်ပြုပါ ကွာခြားမူ အရိပ်ပမာ Never Say Never never say never2 စိတ္တဇညဆိုးများ သူငယ်ချင်း အဝေးကချစ်သူ ကိုယ်တယောက်ထဲ လွမ်းဆဲပါ ကမ္ဘာငယ်လေး အမုန်းလက်ဆောင် KissMe Celion ၀ါဆိုမိုးနဲ့ပြန်ခဲ့ပါ မျှော်လင့်ဆဲ(ထက်ယံ) အပြစ်မမြင်ပါဘူး baby(mc wai lin)
ဘယ်သူ့အတွက်လဲ(ထက်ယံ) မမကိုယ်ချင်းစာနာခဲ့ပြီ ဘယ်ပန်းချီရေးလို့မမှီအဝေးရောက်နေသော်လည်း

ချယ်ရီသက်သေ snow queen Ma Ma ဖိတ်စာ နွေအလွမ်း Ha Ha La Gyi Ah အပျိုကြီး ညီမလေး ပန်းချစ်သူ.....ဒို့လည်းလိုက်မယ် ယုံကြည်ပေးပါ Belly Dancer MyHappyEnding ယုံကြည်ပေးပါ(Remix) ရင်ထဲခိုနားလှည့်ပေါ့ကွယ် အဖြူေ၇ာင်လေးပါကွယ် မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး ပေါက်တဲ့အိုး တိတ်တခိုးအချစ် စံပါယ် တခုလောက်ဖြေပေးပါငယ်ကျွမ်းဆွေ ကင်ဆာ ၀ိုင်းဆုရဲ့(လမ်းမကြီးရဲ့ဘေး) အရမ်းလွမ်းတယ်မရယ် မ..မ(၂) တပင်တည်းရင်ထဲကနွယ် တစ်စက္ကန့် နွေရာသီလမ်းခွဲ သခင့်ထံအပြေးပြန်လာမည် နူတ်ဆက်စကား မောင့်အရိုင်းပန်း ငယ်ဖော် အသည်းကွဲမြို့တော် VENUS Baby(Mc Wai Lin) ကြယ်ကြွေကောင်းကင် လမ်းဆုံ နှစ်သိမ့်တဲ့တေး သူစိမ်းတယောက်ပါ နှင်းဝေတဲ့ဆောင်း အလှစစ် ညို့မျက်ဝန်း နှလုံးသာရှာသူ လွမ်းတယ်(မ)ရယ်အသဲကွဲဒီဇင်ဘာ I Love U Baby၀ါရင့်သမ္ဘာရင့်(Old Service) Never Say Never


သီချင်းရပ်ချင်ရင် ဗီဒီယိုပေါ်မှာ Right Click-->Rewind. ဒေါင်းချင်ရင် သီချင်းအမည်ပေါ်မှာ Right Click, Save Link As ကိုနှိပ်ပါ။

Wednesday, November 17, 2010

Swishmax အသုံးပြုနည်း စာအုပ်


Swishmax ဆိုတာ Flash ဖိုင်တွေ ဖန်တီးတဲ့ ဆော့(ဖ)၀ဲ တစ်ခုပါ။ Flash သီချင်းလေးတွေ၊ Movie လေးတွေ၊ Game တွေနဲ့ Application တွေအပြင် Web site ဖန်တီးမှုတွေအထိ အသုံးပြုနိုင်ပါတယ်။ ဒီဆော့(ဖ)၀ဲ ကို အသုံးပြုဖို့ စာအုပ်စာတမ်း ရှာရခက်တာလေးတွေ ရှိလို့ လောလောဆယ် အင်္ဂလိပ်လို စာအုပ်လေး တင်ပေးလိုက်ပါတယ်။ တော်တော်လေးကို ပြည့်စုံတယ် လို့ပြောရမှာပါ။ ဖတ်ကြည့်ပါဗျာ။
အင်္ဂလိပ်စာ အခက်အခဲရှိသူများအတွက် ကျွန်တော် ဒီစာအုပ်လေးကို အပိုင်းလိုက် ဘာသာပြန်ဆို တင်ပြပေးသွားပါမယ်ဗျာ။ Swishmax ပရိုဂရမ်လေးကို Download ရယူဖို့အတွက် Link လေးကို အောက်မှာ ပေးထားပါတယ်။ ပျော်ရွှင်ပါစေဗျာ။ :)



SwishMax Unleashed


Swishmax ဖိုင် Download ရယူရန်
ဆက်ဖတ်ရန်

ESET NOD32 Offline Updater 5606 (20101110)

၃.ESET NOD32 Antivirus Business Edition 4.0.437 ကို Internet မရှိတဲ စက်မှာဘယ်လို updat လုပ်ရမလဲ အစ်ကိုဆီကို အကူအညီ တောင်းတာပါ။



ESET NOD32 Offline update တောင်းဆိုထားတာအတွက် ပြန်ကြားပေးခြင်းဖြစ်ပါတယ်။ ၂၀၁၀ နိုဝင်ဘာ (၁၀)ရက် Update ဖြစ်ပါတယ်။ ဒါကို Download လုပ်ပြီး Update လုပ်ပါ။ အဆင်ပြေပါစေဗျာ။ :)


ESET NOD32 Offline Updater 5606 (20101110)



ESET NOD32 ကို Download လုပ်ရန် Link 1
ESET NOD32 ကို Download လုပ်ရန် Link 2



ဆက်ဖတ်ရန်

HP C6280 Printer Driver

၂.HP Printer C6280 software ကို အဆင်ပြေရင် ပို့ပေးစေချင် ပါတယ်။ ကျွန်တော်က windows 7 32bit 64bit သုံးတယ် Printer software မရှိသဖြင့် အရမ်းကို အခက်အခဲ ဖြစ်နေလို့ ပါ



HP Photosmart C6280 Printer Driver တောင်းဆိုထားတာကို ပြန်ကြားပေးခြင်း ဖြစ်ပါတယ်။ Windows 7 အပြင် အခြား Windows version တွေအတွက်ပါ Download Link တွေ ဖော်ပြပေးလိုက်ပါတယ်။ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်ဗျာ။ :)



OSTypeVersionDate AddedFile SizeFile TypeDownload Link (About)
Windows 2000Driver10.0.0 - Basic2008-09-1435.91 MBexeHP Photosmart C6280 Windows 2000 Printer Driver Download
Windows XPDriver10.0.0 - Basic2008-09-1435.91 MBexeHP Photosmart C6280 Windows XP Printer Driver Download
Windows VistaDriver10.0.0 - Basic2008-09-1435.91 MBexeHP Photosmart C6280 Windows Vista Printer Driver Download
Windows XP 64-bitDriver10.0.0 - Basic2008-09-1435.91 MBexeHP Photosmart C6280 Windows XP 64-bit Printer Driver Download
Windows Vista 64-bitDriver10.0.0 - Basic2008-09-1435.91 MBexeHP Photosmart C6280 Windows Vista 64-bit Printer Driver Download
Windows 7Driver13.1.02009-12-04311.96 MBexeHP Photosmart C6280 Windows 7 Printer Driver Download
Windows 7 64-bitDriver13.1.02009-12-04311.96 MBexeHP Photosmart C6280 Windows 7 64-bit Printer Driver Download



ဆက်ဖတ်ရန်

Nokia Hand Phone တွင် မြန်မာ Font ပေါ်ဖို့

အစ်ကိုခင်များ
၁.nokia 5233 ကို မြန်မာဖောင့်ထည့်ခြင်လို့ပါ

Nokia ဖုန်းတွေမှာ မြန်မာ ဖောင့် ပေါ်ဖို့အတွက် မောင်မိုး ရဲ့  ဘလော့ထဲမှာ ရေးသားထားချက်တွေကို ပြန်လည်ကူးယူ ဖော်ပြလိုက်ပါတယ်။ (http://blogger-mgmoe.blogspot.com/2010/04/symbianmyanmar-v30.html)
အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်ဗျာ။


Saturday, April 10, 2010





SymbianMyanmar v3.0






SymbianMyanmar v3(free download) at .rename sis to rar when finish donwload. It is unsigned application. Sign it ur own certificate.enjoy it.

SymbianMyanmar v3.0 ဆိုတာဘာလဲ။
SymbianMyanmar v3.0 က Nokia (နိုကီယာ) Touch screen phone တွေပေါ်မှာ မြန်မာစာကိုပထမဆုံး အလုပ်လုပ်နိုင်တဲ့ Application တစ်ခုဖြစ်ပါတယ်။Keyboard System အပါအ၀င် မြန်မာစာလုံးများကို လိုအပ်တဲ့နေရာတွေမှာ အပြည့်အ၀ အသုံးချနိုင်အောင် ပြုလုပ်ထားပါတယ်။

ဘာတွေသုံးနိုင်မလဲ။
This keyboard is far superior to Nokia ones. A single key can have up to 5 characters (you get extra chars by tapping and dragging). It has copy, cut, paste, home, end, symbols table, T9 dictionary in qwerty mode, enables type-ahead in qwerty, international chars keyboard (customized), lets you type faster with iPhone original keyboard. For each mode (landscape and portrait) there are 7 different keyboards (selectable from a button): English qwerty, international qwerty, abc keypad, numeric mode, edit mode, symbols table, dictionary selection.

ဘယ်လိုသွင်းမလဲ။
ပထမဆုံးအရေးကြီးဆုံးကတော ဖုန်းထဲမှာသွင်းထားတဲ့ font အတွက်အသုံးပြုတဲ့ Application တွေ၊keyboard system အားလုံးကို Uninstall လုပ်ပေးရပါမယ်။
ဥပမာ-Font အတွက် fontrouter ကဲ့သို့သော font application များ၊
Keyboard အတွက် Dayhandinput ကဲ.သို့  Keyboard application များ။
SymbianMyanamar က Unhackable ဖုန်းအပါအ၀င် Touch screen support လုပ်တဲ့ Nokia Brand (Symbian OS/s60 v5) တစ်ခုတည်းမှာပဲ အလုပ်လုပ်ပါတယ်။အရင်ဆုံးတော့ ကိုယ့်ဖုန်းအတွက် certificate and key ကို သက်ဆိုင်ရာ website တွေမှာ download လုပ်လိုက်ပါ။ SymbainMyanmar ကို Sign လုပ်လိုက်ပါ။ပြီးရင် install လုပ်လိုက်ပါ။

ဘာ့ကြောင့် uninstall လုပ်ပေးရတာလဲ။
SymbianMyanamar v3.0 ကလည်း font နဲ့ Keyboard application သာဖြစ်တယ်။ ဖုန်းတစ်လုံး ထဲတွင် ထို စနစ်များစွာ ရှိနေပါက boot တက်ချိန်တွင် လေးသွားသည့်အထိဖြစ်နိုင်ပါတယ်။ (ဖုန်းကလုံးဝ အလုပ်မလုပ် နိုင် တဲ့အထိပါဖြစ်နိုင်ပါတယ်)ထို့ ကြောင့် ထိုစနစ်များရှိနေပါက သွင်းလို့မရစေရန်ပြုလုပ်ထား ပါတယ်။သွင်းကြည့် ပါက ‘Unable to install’ ဟု ပေါ်ပါက ဖုန်းကို အရင်စစ်ကြည့်ပါ။

ဘာကြောင့် Font ထပ်တာလဲ။
မြန်မာစာတွင် Unicode မရှိသေးပါ။ယခု SymbianMyanmar v3.0 ထွက်သည့်အချိန်အထိ မြန်မာ Font အားလုံးသည် Fake Unicode သာ ဖြစ်သည်။ Standard ရှိသော Nokia ဖုန်းတွင် ထို Fake font များကြောင့် သာစာလုံးထပ်ခြင်းဖြစ်သည်။မြန်မာစာUnicode ဖြစ်မှသာလျှင် font များ မထပ်တော့မည်ဖြစ်သည်။ SymbianMyanmar တွင် စာလုံးနှစ်လုံးသာထပ်သည်။ ထိုထပ်သည့် စာလုံးများမှာ သဝေထိုး (ေ) နှင့် ရေးချ (ာ) နှစ်လုံးသာထပ်သည်။ အလွယ်ကူဆုံးဖြေရှင်းနည်းမှာ ‘Space bar’ 2 ချက်စီရိုက်ကာထိုစာလုံး 2 လုံးကို သုံးပါ။SymbianMyanmar v3.0 တွင် SymbianMyanmar font ၊ ဇော်ဂျီ font အပြင် မြစေတီ font ကိုပါထပ်မံ ထည့်သွင်းထားသည်။

Keyboard system ကိုမကြိုက်ရင်ဘယ်လို Disible လုပ်ရမလဲ။
You can easily disable it on the settings or completely uninstall it. To disable it, go the SymbianMyanmar and on the first option of the first screen, tap and select “AknFEP”.

SymbianMyanmar font ကိုDisiblae ပြုလုပ်ခြင်း

Restore SymbianMyanmar v3.0 လုပ်ရန်

-SymbianMyanmar.rar file ထဲရှိ Edit SymbianMyanmar.sis ကို အသုံးပြုကာ ‘Restore SymbianMyanmar v3.0’ ကို ရွေး ကာ OK နှိပ်ပြီး Restore လုပ်ပါ။ Restart ချပါ။ (2 ခုလုံးမရွေးပါနှင့်။)

Restore System font လုပ်ရန်
-SymbianMyanmar.rar file ထဲရှိ Edit SymbianMyanmar.sis ကို အသုံးပြုကာ ‘Restore System font’ ကို ရွေး ကာ OK နှိပ်ပြီး restore လုပ်ပါ။ Restart ချပါ။ (2 ခုလုံးမရွေးပါနှင့်။)

မှတ်ချက်
SymbianMyanmar နောက် version အသစ်အတွက် စနစ်အသစ်များ ရရှိတွေ့ ထားပါတယ်။ နောက်ထပ် ထွက်မည့် Version အသစ်များအတွက် Software ပြုလုပ်သူများနှင့် SymbianMyanmar ကိုအကောင်းဆုံး ပြုလုပ်လိုပါတယ်။SymbianMyanmar v1 မှစပြီး v3 အထိကို ကျွန်တော်တစ်ယောက်တည်းသာပြုလုပ်ခဲ့ ပါတယ်။အုပ်စုလိုက် အဖွဲ့ လိုက်လုပ်မည်ဆိုပါက ပိုမို ခရီးရောက်လိမ့်မယ်လို့  ထင်ပါတယ်။စိတ်ဝင်စားပါက ဆက်သွယ်နိုင်ပါတယ်။


SymbianMyanmar download link: (http://www.mediafire.com/?c4ajx91v4qfc9gp)
ဆက်ဖတ်ရန်

ဗုဒ္ဓဘာသာဆိုတာဘာကိုခေါ်တာလဲ

"ဆရာတော်ဘုရား၊ ဗုဒ္ဓဘာသာဆိုတာ ဘာကိုခေါ်ပါသလဲဘုရား၊
ဘာသာခြားတစ်ဦးဦးက မေးလာလျှင် မည်သို့ ဖြေရမှာပါလဲဘုရား တိုတိုရှင်းရှင်းနဲ့ နားလည်အောင် ပြန်ပြောပြနိုင်အောင် ဖြေဆိုတော်မူပါဘုရား၊
ဆရာတော်ဘုရားကို ဆရာလုပ်တာ မဟုတ်ပါဘုရား၊
အချို့က ဗုဒ္ဓဘာသာဆိုတာ -
(၁) ကံ၊ ကံရဲ့ အကျိုးကို ယုံကြည်ရမယ်၊
(၂) အတိတ်ဘဝ ရှိတယ်လို့ ယုံကြည်ရမယ်၊
(၃) ဘဝရဲ့ ချုပ်ငြိမ်းရာ နိဗ္ဗာန် ရှိတယ်လို့ ယုံကြည်ရမယ် - လို့ အမိန့်ရှိပါတယ်။"

"အချို့က 'ဗုဒ္ဓဘာသာ' ဆိုတာ ဗုဒ္ဓဆိုတာ ဘုရား၊ ဘာသာဆိုတာ အယူဝါဒ၊ ဘုရားရဲ့ အယူဝါဒလို့ ဖြေဆိုကြပါတယ်ဘုရား။"

"အချို့ကလည်း သာသနာဆိုတာ အဆုံးအမ၊ ဘုရားရဲ့ အဆုံးအမ၊ သာသနာကို ဗုဒ္ဓဘာသာခေါ်ကြောင်း ပြောကြပါတယ်ဘုရား၊ တပည့်တော်က ဗုဒ္ဓဘာသာ သာသနာကို အသေးစိတ် သေသေချာချာ သိချင်နေပါတယ်ဘုရား။ ဆရာတော်ဘုရား ဖြေကြားပေးပါဘုရား"

"အံမလေး၊ အမေးသာပြောရတယ်၊ အဖြေတွေကလည်း စုံလို့ပါလား၊ ဘုန်းကြီးက ဘယ်လိုဖြေရမှန်းတောင် မသိတော့ပါဘူး"

"ဆရာတော်က တပည့်တော်နားလည်အောင် ဖြေပါဘုရား၊ အဲဒီအဖြေတွေကို စိတ်တိုင်းမကျလို့ ဆရာတော်ဘုရားကို ထပ်မံမေးလျှောက်ခြင်းပါဘုရား"

"အင်း ... ဘုန်းကြီးဖြေမှ ပိုရှုပ်ကုန်ရင် ခက်မယ်။"

"ဆရာတော်ဘုရား ဖြေရင် ရှင်းမယ်လို့ ထင်ပါတယ်၊ ဖြေပေးပါဘုရား။"

"အင်း ... ဖြေရမယ်ဆိုရင် ဘုန်းကြီးက ဗုဒ္ဓဘာသာလို့ ခေါ်တာကို လုံးဝမကြိုက်ပါ၊ ဗုဒ္ဓသာသနာလို့ ခေါ်မှ ကြိုက်ပါတယ်၊ (သို့) ဗုဒ္ဓဝါဒလို့ ခေါ်မှ ကြိုက်ပါတယ်"

"ဘာဖြစ်လို့ပါလဲ ဘုရား"

"ဘုန်းကြီးတို့ ပိဋကတ်တော်မှာ ဗုဒ္ဓဘာသာလို့ တွဲခေါ်တဲ့စကားလုံး တစ်လုံးမှ မရှိပါ၊ ဗုဒ္ဓသာသနာလို့ တွဲခေါ်တဲ့ စကားလုံးတွေတော့ အများကြီး ရှိတယ်။ 'ဗုဒ္ဓသာသန'ကို မြန်မာလိုပြန်ရင် 'ဗုဒ္ဓရဲ့ အဆုံးအမ' လို့ ပြန်တာကောင်းပါတယ်။ ဘုရားရဲ့ အဆုံးအမလို့ ပြန်ရင် အခြားဘုရားတွေနဲ့ ရောနှောသွားမှာ စိုးလို့ပါ၊ အဲဒီ ဗုဒ္ဓက ဘယ်လိုသာသန အဆုံးအမတွေ ပေးခဲ့လဲမေးရင် အချုပ်အားဖြင့် ပြောပြပါလား မေးရင် ဒီပါဠိဟာ အချုပ်ပါပဲ။

သဗ္ဗပါပဿ အကရဏံ၊
ကုသလဿ ဥပသမ္ပဒါ။
သစိတ္တ ပရိယောဒပနံ၊
ဧတံ ဗုဒ္ဓါန သာသနံ။ ... တဲ့"

"အဲဒီမှာ ဗုဒ္ဓါန သာသနံ-ဆိုတာ ဗုဒ္ဓသာသနာ-ဆိုတာပါပဲ၊ အဲဒီပါဠိကို မြန်မာမပြန်ဘဲ ရှစ်လုံးဘွဲ့နဲ့ ပြန်ကြည့်ရအောင်ပါ။"

အကုသိုလ်စု၊ မပြုရှောင်ခွာ၊
ကုသိုလ်အများ၊ ကြိုးစားစုံစွာ၊
မိမိစိတ်ရင်း၊ ပွတ်ဝင်းဖြူငှာ၊
ဤသုံးပါး၊ ဘုရားသာသနာ။ ... တဲ့"

"ဘုရားသာသနာဆိုတာ ဗုဒ္ဓသာသနာ၊ ဗုဒ္ဓအဆုံးအမကို ခေါ်တယ်၊ ဗုဒ္ဓတိုင်းရဲ့ အဆုံးအမကို ခေါ်ပါတယ်။ အဲဒီအဆုံးအမကို မြန်မာစကားပြေနဲ့ ပြောရရင် -
(၁) အကုသိုလ်မှန်သမျှ ဘာမှ မလုပ်နဲ့၊
(၂) ကုသိုလ်ကို စုံအောင်လုပ်၊
(၃) မိမိစိတ်ကို ဖြူစင်အောင်ထား။... တဲ့ "

"အဲဒီအဆုံးအမ သုံးမျိုးကို အကျယ်ချဲ့ရင် နိကာယ်ငါးရပ် ပိဋကတ်သုံးပုံ ဖြစ်လာပါတယ်။ အဲဒီအဆုံးအမ တစ်နည်းပြောရရင် 'ဓမ္မဝိနယ'လို့ ပြောနိုင်ပါတယ်၊ ဓမ္မဝိနယနဲ့ သာသနသည် သဘောချင်းတူပါတယ်။ သာသနကို တရားကိုယ်အချုပ်ကောက်ရင်- မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်ပရိယတ်ကို ကောက်ရသလို ဓမ္မဝိနယ-အရလည်း အဲဒီတရားတွေပဲ ကောက်ရပါတယ်။ အဲဒါကြောင့် ဘုန်းကြီးက ဗုဒ္ဓသာသနာ၊ ဗုဒ္ဓဝါဒလို့ ခေါ်တာပဲ ကြိုက်ပါတယ်။"

"မှန်ပါဘုရား၊ ဆက်ရှင်းပါဦး ဘုရား"

သူတို့ နားလည်သလို သူတို့ ဘာသာများနဲ့ တန်းတူထားပြီး သူတို့အခေါ်အတိုင်း ခေါ်ဝေါ်ရာမှ 'ဗုဒ္ဓဘာသာ' ဆိုတဲ့ အခေါ် ဖြစ်လာတာပါ၊ ရှင်းရှင်းပြောရရင် ဂျပ်ဆင်အဘိဓာန်မှ ဘာသာပြန်ဆိုချက်ကို နားယောင်ပြီး ခေါ်ရာမှ ဗုဒ္ဓဘာသာဆိုတဲ့ အသုံးအနှုန်း ပေါ်ပေါက်လာပါတယ်။"

"ဘာသာဆိုတာ တစ်ဆူတည်းသော ဘုရားကို ကိုးကွယ်တဲ့ ဘာသာကို ဘာသာလို့ ခေါ်ပါတယ်။ ဗုဒ္ဓဝါဒ ဗုဒ္ဓသာသနာက ဒီလို မဟုတ်ပါ၊ ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူတဲ့ ဘုရားအများကို ယုံကြည်တဲ့ ဝါဒပါ။ တစ်ဆူတည်းသောဘုရားကို ကိုးကွယ်တဲ့ Religion ဘာသာမဟုတ်ခြင်းကြောင့် ဗုဒ္ဓဝါဒကို ဗုဒ္ဓဘာသာ-လို့ မခေါ်သင့်ပါ။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာလို့သာ ခေါ်သင့်ပါတယ်။"

"အေး ... ဘာသာရေးဆိုတာ ထာဝရဘုရားသခင်နဲ့ ပြန်လည်ပူးပေါင်းရန် မှန်ကန်တဲ့နည်းလမ်းကို ခေါ်ပါတယ်။ ဗုဒ္ဓသာသနာ ဝါဒဟာ ထာဝရ ဘုရားသခင်နဲ့ ပြန်လည်ပူးပေါင်းရန် မှန်ကန်တဲ့ နည်းလမ်း ဟုတ်ရဲ့လား"

"မဟုတ်ပါဘုရား"

"အေး ... ဘာသာရေးဆိုတာ ရိုသေကိုင်းရှိုင်းမှု (သို့) ထာဝရ ဘုရားသခင်အား ဂုဏ်ပြုချီးကျုးမှုကို ခေါ်ပါတယ်၊ ဗုဒ္ဓဝါဒသည် အဲဒီလို မဟုတ်ပါ၊ ပြီးတော့ ဘာသာရေးဆိုတာ ထာဝရဘုရား၊ အတ္တဝိညာဏ်၊ ကောင်းကင်ဘုံ ဆုတောင်းပတ္ထနာတို့နဲ့ များစွာဆက်စပ်နေတဲ့ ယုံကြည်မှု တစ်ရပ်ကို ခေါ်ပါတယ်။ ဗုဒ္ဓဝါဒက ထာဝရဘုရား၊ အတ္တဝိညာဏ်၊ ကောင်းကင်ဘုံ ဆုတောင်းမှုကို လက်မခံလို့ ဗုဒ္ဓဘာသာ-လို့ မခေါ်သင့်ပါနော်"

"မှန်ပါဘုရား"

"အေး ... ဗုဒ္ဓဘာသာဝင်တွေ ဗုဒ္ဓကို ကိုးကွယ်တာက ဗုဒ္ဓရဲ့ ဂုဏ်တော်တွေကို ယုံကြည်ကိုးကွယ်တာပါ၊ ဘုရားရှင်ကို ကယ်တင်ရှင်အနေမျိုးနဲ့ ယုံကြည်တာ မဟုတ်ပါ၊ ကိုးကွယ်တာ မဟုတ်ပါ။ ပြီးတော့ ဗုဒ္ဓသာသနာတော်မှာ ဗုဒ္ဓက ဆရာစား၊ ဗုဒ္ဓက လက်ဆုပ်၊ လက်ကိုင် လျှို့ဝှက်ထားတဲ့ 'အာစရိယမုဋ္ဌိ' မရှိပါ၊ ဗုဒ္ဓကျင့်သလို ကျင့်က ဗုဒ္ဓဖြစ်နိုင်တဲ့ နည်းလမ်းတွေ ထားခဲ့ပါတယ်။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာက ဆုတောင်းသက်သက် ဝါဒမဟုတ်ပါ၊ ဆုတောင်းဘာသာ မဟုတ်ပါ။ ဆုတောင်းသက်သက်ဆိုရင် ဘာသာရေးလို့ ခေါ်ရပါတယ်။ ဒါဖြင့် ဗုဒ္ဓဝါဒ ဗုဒ္ဓသာသနာမှာ ဆုတောင်းမှု မရှိဘူးလား-ဆိုတော့ ရှိပါတယ်။ ဗုဒ္ဓဝါဒရဲ့ ဆုတောင်းမှုက ကိုယ်ပြုထားတဲ့ ကုသိုလ်ကံရဲ့ အကျိုးကို တောင်းယူတာပါ၊ ဘာမှမလုပ်ဘဲနဲ့ တောင်းတာမဟုတ်ပါ၊ ယခုအခါမှာ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာဟာ ဘာသာရေးဆန်နေပြီနော်၊ သတိထားပါ။"

"မှန်ပါဘုရား"

"ဗုဒ္ဓဝါဒဟာ ပစ္စုပ္ပန်ကံ ပစ္စုပ္ပန် အကြောင်းအကျိုးတရားတွေကို ဦးစားပေးတဲ့ ဝါဒပါ။ ဗုဒ္ဓဟာ ကိုယ်တိုင်ဓမ္မကို ရှာဖွေပြီး ကိုယ်တိုင် ဗုဒ္ဓဖြစ်မှ ဗုဒ္ဓအဖြစ် ရောက်ပုံ လမ်းစဉ် ကျင့်စဉ်တွေပဲ ဟောခဲ့ပါတယ်၊ ဆုတောင်းဖို့ မဟောခဲ့ပါ။ အဲဒီအဆုံးအမ လမ်းစဉ်တွေ မိမိတို့ ကိုယ်ကို မိမိတို့ အားကိုးပြီး အဆင့်ဆင့်သော ဝီရိယနဲ့ အားထုတ်ကျင့်ကြံဖို့သာ ဟောခဲ့ပါတယ်။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာမှာ မေ့လျော့ ပေါ့တန်နေလို့ မရပါ၊ သတိတရား လက်ကိုင်ထားပြီး ကြိုးစား အားထုတ်ယူမှ ကိုယ်လိုရာ ရနိုင်ပါတယ်။ ဗုဒ္ဓသာသနာက ကိုယ်အကျိုးကိုယ်စံ၊ ကိုယ့်အပြစ် ကိုယ်ခံပါ၊ ဗုဒ္ဓက အကျိုးကိုလည်း မပေးပါ၊ အပြစ်ကိုလည်း မပေးပါ၊ ဒါကြောင့် ဗုဒ္ဓကို မကြောက်ရပါ။ ပြီးတော့ ဗုဒ္ဓသာသနာမှာ ဗုဒ္ဓကို နည်းပေးလမ်းညွှန်အဖြစ်နဲ့ အားထားယုံကြည်တဲ့ သဘောမျိုးပါ၊ မိမိကိုယ်ကို လုံးဝပုံအပ်ပြီး အားကိုးတဲ့ သဘောမျိုး မဟုတ်ဘူးနော်"

"မှန်ပါဘုရား"

"ဗုဒ္ဓသာသနာမှာ ဗုဒ္ဓအတွက် ဘာမှလုပ်ပေးစရာ မလိုပါ၊ ဘာသာရေးမှာ ဘာသာဘုရားအတွက် လုပ်ပေးရပါတယ်။ ဗုဒ္ဓသာသနာမှာ ဗုဒ္ဓက လမ်းညွှန်တဲ့ ကိစ္စပါ၊ ဗုဒ္ဓသာသနာဝင်တွေက လိုက်နာကျင့်ကြံရသူတွေပါ။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာမှာ ကိုယ့်အတွက် ကိုယ်ကျင့်တာသည်ပင်လျှင် ဗုဒ္ဓကို အမြတ်ဆုံး ပူဇော်ခြင်းဖြင့် ပူဇော်တယ်လို့ ခေါ်ပါတယ်။"

"ဗုဒ္ဓဝါဒက အတ္တဟိတ = ကိုယ်ကျိုးကျင့်သက်သက်နဲ့ ပရဟိတ = သူတစ်ပါးအကျိုးသက်သက်ကျင့်တဲ့ဝါဒနှစ်ခုရဲ့ အလယ်က သွားတဲ့ အလယ်အလတ် လမ်းစဉ်ဝါဒပါ၊ သာသနာပါ၊ ဘာသာမဟုတ်ပါ။ ကဲ ဒီလောက်ဆိုရင် ရှင်းပြီးလား။"


"ရှင်းပါပြီ ဘုရား"

အားလုံးသန္တာန်၊ အမြင်မှန်၊ လျင်မြန်ရစေသော် ...
ဆက်ဖတ်ရန်

ဗောဓိညောင်ပင်သမိုင်း

သီဝနတ်ဘုရားကို ကိုးကွယ်သည့် ဘင်္ဂလားပြည် အလည်ပိုင်း ကို အုပ်စိုးသည့် သာသင်္ကမင်း က ခရစ်နှစ် ၆ ရာစုခန့်က ဗောဓိပင်ကို ခုတ်ဖြတ်တူးဖော်ပစ်ပြီး
ထောပတ်များလောင်းထည့်ကာ မီးရှို့ဖျက်ဆီးခဲ့တာပါ  ဤအကြောင်းအရာကို ကြားသိပြီး မဂဓတိုင်းပြည့်ရှင် ဘုရင်ပူရာဏမာဗာ ကထပ်မံစိုက်ပျိုးခဲ့ပါတယ် တဖန် သာသင်္ကမင်း ကထိုဗောဓိပင်ကို ထပ်မံဖျက်ဆီးပြီး ဤနေရာ၌ ဗောဓိပင် မစိုက်ရဟု အမိန့်ထုတ်ခဲ့ပါတယ်
ဘုရင် ပူရာဏမာဗာ ကလည်း ဒုတိယအကြိမ် ထပ်မံစိုက်ပျိုးပါတယ် အံ့ဖွယ်ကောင်းလောက်အောင် ထိုဗောဓိပင် ဟာ တညတည်း ၁၀ ပေခန့်
ကြီးမြင့်လာခဲ့တာပါ ထိုဗောဓိပင် ကိုလည်း သာသင်္ကမင်းက ၃ ကြိမ်မြောက် အကြွင်းမရ ခုတ်ဖြတ်ဖျက်ဆီးပြီး ၂၄ ပေခန့်မြင့်တဲ့ ကျောက်လက်ရန်း
ကြီးကို ကာရန်ထားခဲ့ပါတယ် ပူရာဏမာဗာ ကလည်းနွားနို့ဖြင့် သွန်းလောင်းပြီး တတိယ အကြိမ်မြောက်စိုက်ပျိုးခဲ့ပါတယ်

( ကျောစာဝန် "ကာနင်ဂန်" ကမူ ထိုကျောက်လက်ရန်း ကြီးကို ဗောဓိပင်ကို ရန်သူတို့ မဖျက်ဆီးနိုင်ရန် ဘုရင်ပူရာဏမာဗာ ကပဲ ပြုလုပ်ခဲ့တယ်လို့
ဆိုပါတယ်)
(သာသင်္ကမင်း ဟာ ဗောဓိပင်ကို တူးဖော်စဉ်က အမြစ်အဆုံးကို ရှာမတွေနိုင်ခဲ့ဟုလည်း ဆိုထားပါသေးတယ်။)

 ခရစ်နှစ် ၁၈၁၁ ခုက ဘူချန်ဟန်မီတန် အမည်ရှိ အင်္ဂလိပ်ပညာရှင် တဥိးက ဗုဒ္ဓဂယာကို ရောက်ခဲ့ဘူးရာ သူက ခက်မ ၅ ဖြာ နှင့် စည်ပင်နေသည့်
အမြင့်ပေ ၃၀ ရှိ ဗောဓိပင်ကြီးကို မြင်တွေခဲ့ပြီး ထိုဗောဓိပင် ၏ အသက်မှာ နှစ်တရာအိုမည်မထင်ဟု ဆိုခဲ့ပါတယ်
၁၈၇၅ ခုနှစ်၌ ဤဗောဓိပင် ဟာ တပင်လုံယိုရွင်နေသောကြောင့် ၁၉၇၆ ခုနှစ်၌ လေနီကြမ်း နှင့် လဲပါသွားခဲ့ပါတယ်
ထိုအပင်မှ အစေ့များကို ယူထားလိုက်သည့် အပြင် အခက်ကြီးတခက်ကို လည်း ထိုနေရာ၌ ပြန်လည်စိုက်ပျိုးခဲ့ပါတယ်
မည်သူစိုက်ပျိုးခဲ့တယ် ဆိုတာတော့ အတိအကျ မပါပါ။ ထိုအခိုင်မှ ပေါ်ထွန်းစည်ပင်လာခဲ့တဲ့ ဗောဓိပင်မှာ ယခု ရှိနေသည့် ဗောဓိပင် ဖြစ်ပါတယ်
မည်သို့ပင်ဖြစ်စေ လက်ရှိ ဗောဓိပင် သည် ဘုရားရှင် ပွင့်တော်မူခဲ့ရာ ဗောဓိပင်ကြီးမှ အဆက်အနွယ် ဖြစ်သည်ဟု မှတ်ယူရပါမည်။
ဆက်ဖတ်ရန်

မောင်းထောင်းမြေဇင်းဆရာတော်၏သြ၀ါဒများ


ပုဂ္ဂိုလ် (၄) မျိုး

ယောဂီတို့ အခုလို သာသနာနှင့်တွေ့ကြုံ ဆုံဆည်းရတဲ့အခိုက် ကြိုးစားအားထုတ်ကြ၊ ဒီဘ၀ ဒီအချိန် လူဖြစ်တဲ့ပုဂ္ဂိုလ်တိုင်း ကံကောင်းတယ်။
ပုဂ္ဂိုလ်ကလည်း (၄) မျိုးရှိတယ်။
၁။ သာသနာနှင့်တွေ့ပြီး လူမဖြစ်တဲ့ ပုဂ္ဂိုလ်
၂။ လူဖြစ်ပြီးသာသနာနှင့် မတွေ့တဲ့ ပုဂ္ဂိုလ်
၃။ သာသနာနှင့်လည်းမတွေ့ လူလည်းမဖြစ်တဲ့ ပုဂ္ဂိုလ်
၎။ သာသနာနှင့်လည်းတွေ့ လူလည်းဖြစ်တဲ့ ပုဂ္ဂိုလ်
အခုယောဂီတို့ သာသနာနှင့်လည်းတွေ့ပြီး လူလည်းဖြစ်နေပြီ၊ သာသနာအတွင်း ဘုရားစစ် ဘုရားမှန်၊ တရားစစ်
တရားမှန်၊ သံဃာစစ် သံဃာမှန်ရှိနေသေးတာ- ကြိုးစားကြ အချိန်မီသေးတယ်။




ခွင့်သာတုန်း ရုန်းသွားကြ

ယောဂီတို့ အခုလို ဘုရားသာသနာတော်ကြီးနှင့် ကြုံရ၊ ဆုံရလို့ လူ့ဘ၀လည်းရလို့၊ ဘုရားဆိုတဲ့အသံ၊ တရားဆိုတဲ့
အသံ၊ သံဃာဆိုတဲ့အသံတွေကြားနေရတာ။
ဒီအချိန် ကြက်တို့ ၀က်တို့ ငှက်တို့ဖြစ်နေရင် ဘုရား၊ တရား၊ သံဃာဆိုတဲ့အသံတွေလည်း ကြားနေရပါ့မလား။
ခုချိန်မှာဖြစ်နေကြတဲ့ ရှင်ရော လူရော အကုန်လုံးကံကောင်းကြတယ်… အခွင့်အရေးတွေလည်း အများကြီးရကြတယ်။
ဒါကြောင့် လယ်တီဆရာတော်ကြီးက-
၁။ ခွင့်သာခိုက်မှ မလိုက်ချင်ရင် အမိုက်နင့်ပြင်ရှိသေးလိမ့်လား။
၂။ ခွင့်သာဆဲမှ မခဲချင်ရင် အလွဲနင့်ပြင်ရှိသေးလိမ့်လား။
၃။ ခွင့်သာတုန်းမှ မရုန်းချင်ရင် အရှုံးနင့်ပြင်ရှိသေးလိမ့်လား…..
တဲ့။
ကိုင်းယောဂီတို့ အခွင့်သာတုန်း မမိုက်ကြနှင့် လမ်းမလွဲစေနှင့် အရှုံးမပေးကြနှင့်။

လက်မှတ်ရအောင်ယူထားကြ

ဘုန်းကြီးတို့ရော ယောဂီတို့ရော..ဘယ်အသက်အရွယ်၊ ဘယ်ရောဂါ၊ ဘယ်အချိန်၊ ဘယ်မြို့ဘယ်ရွာမှာသေပြီး ဘယ်ဘုံ ဘယ်ဘ၀ရောက်မယ်ဆိုတာ
ဘုရား၊ ရဟန္တာမှတပါး ဘယ်သူမှ မသိနိုင်ဘူး။ အခုလို အချိန်ကောင်း၊ အခါကောင်း၊ ဘ၀ကောင်းရနေတဲ့ အချိန် လူ့ဘ၀လည်း
ရနေပြီ။ သာသနာနှင့်လည်းတွေ့နေပြီ။ သင့်တင့်လျှောက်ပတ်တဲ့ အရပ်ဒေသလည်းရောက်နေပြီ။ ဆရာကောင်း သမားကောင်း
တွေလည်း တွေ့နေရတယ်။ ကျန်းမာရေး လည်းကောင်းနေတယ်။ သတိလက်မလွတ်စေကြနှင့်။
ဒီထက်ကောင်းတဲ့အချိန် ဒီထက်ကောင်းတဲ့ ဘ၀… ရဘို့မလွယ်ကူဘူး။
"သံသရာခရီးကြီး လမ်းမဆုံးချင်းသွားရဦးမယ်၊ ကိုယ့်လက်မှတ် ကိုယ်ရအေင်ယူထားကြ"

အရွယ်သုံးပါး

ယောဂီတို့ ဒီဘ၀… ဒီသာသနာတော်ကြီးနှင့်တွေ့တဲ့အချိန် အရွယ်သုံးပါး တစ်ပါးပါး အမိအရ တရားအားထုတ်ကြ။
ကြည့်ပါလား… ဘုရားလက်ထက်တော်က မဟာဓနသူဋ္ဌေးသား ပထမအရွယ်ကသာ တရားအားထုတ်မယ်ဆိုရင် အရဟတ္တဖိုလ်ဆုကြီး ရမယ်။ ဒုတိယအရွယ်မှာလည်း တရားအားထုတ်မယ်ဆိုရင် အနာဂါမ် ဆုကြီးရမယ်။ တတိယအရွယ် တရားအားထုတ်မယ်ဆိုရင်လည်း သောတာပန်ဆုကြီးရမယ်လို့ ဘုရားက ဟောထားတာ။
မဟာဓနသူဋ္ဌေးသား လောကီမှာလည်း ပထမအရွယ် စီးပွားလုပ်ရင် ပထမတန်းစား သူဋ္ဌေးဖြစ်မှာ။ ဒုတိယအရွယ်
စီးပွားလုပ်ရင် ဒုတိယတန်းစား သူဋ္ဌေးဖြစ်မှာ။ တတိယအရွယ် စီးပွားလုပ်ရင် တတိယတန်းစား သူဋ္ဌေးဖြစ်မှာ။
ခှုတော့ လောကီရော လောကုတ္တရာရော ဘာမှမရတော့
"ဖွတ်မရ ဓားမဆုံး" ပေါ့
ဟုတ်တယ်… အရွယ်သုံးပါး တစ်ပါးပါးမှ လောကီ၊ လောကုတ္တရာ ဘာမှမလုပ်တော့ အကုန်ဆုံးရှုံးတာ ယောဂီတို့လည်း
အတိတ်ကံက ဘယ်ဆုတွေ ရမယ်ဆိုတာ ပြောမရဘူး ကြိုးစားကြ။

မိုးရွာတုန်းရေခံထားကြ

ယောဂီတို့ ဒီသာသနာက ရှိနေပေမယ့် ခုအားထုတ်ကြတဲ့ သမထ၊ ၀ိပဿနာ တရားတွေက အမြဲတမ်းထွန်းကားနေတာ မဟုတ်ဘူး။ တစ်ခါတစ်ရံ ထွန်းကားတာ။ ဥပမာ… လောကမှာ ဥတု၊ ရာသီတွေကလည်း သူ့ရာသီနှင့်သူ
ပြောင်းလဲနေတာ။ ခေတ်ကာလကလည်း သည်အတိုင်းပဲ၊ ဒီနေ့နှင့်မနက်ဖြန်တောင်မတူဘူး။ အချိန်တိုင်း၊ နာရီတိုင်း၊ ရက်တိုင်း၊ လတိုင်း၊ နှစ်တိုင်းပြောင်းလဲနေတာ။
"အမြဲတမ်းလည်း မိုးရွာတာမဟုတ်ဘူး၊ မိုးရွာတုန်း ရေခံထားကြ"
သာသနာက နှစ်ထောင့်လေးရာကျော် ကျန်သေးတယ်ဆိုပေမယ့် ကိုယ်နှင့်မဆိုင်ဘူး၊ ကိုယ်ယူမှ ကိုယ်ရတာ၊ ကိုယ်လုပ်မှ ကိုယ်ရတာ၊ မိုးရွာနေပေမဲ့ ကိုယ်ကထွက်ပြီးမိုးရေမခံရင် ကိုယ်မသောက်ရ၊ မသုံးရ၊ မချိုးရဘူး။
တရားတော်ကလည်း ဒီအတိုင်းပဲ ကိုယ်လုပ်မှ ကိုယ်ရတာ၊ ကိုယ်မလုပ် ကိုယ်မရဘူး။ ယောဂီတို့ ကိုယ့်အတွက်လုပ်တာ ကြိုးစားကြ…။

ကိုယ့်ဘက်ကလိုတာ

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက-
ဘုန်းကြီးတို့၊ ယောဂီတို့အတွက် သူတော်ကောင်း သူမြတ်လောင်းကြီး တွေ သွားကြတဲ့ လမ်းကြောင်းအတိုင်းလိုက်ခ့ဖဲို့။
"ဘာမှလိုလေသေးမရှိအောင် ဟောထားခဲ့တာ မှာတော်မူထားခဲ့တာ- လိုတာက ဘုန်းကြီးတို့၊ ယောဂီတို့ဘက်ကလိုတာ"
ကြည့်ပါလား- ဒီလို ဒါနကုသိုလ်တွေပြုရင် နိဗ္ဗာန် မရမီ ဘ၀တိုင်း ဘ၀တိုင်း ပစ္စည်းဥစ္စာတွေပေါတယ်။ ဒီလို သီလတွေဆောက်တည် စောင့်ထိန်းရင် ဘ၀တိုင်း ဘ၀တိုင်း ကိုယ်တွင်း ကိုယ်ပရောဂါ ဘေးအန္တရာယ်တွေကင်းပြီး အသက်ရှည်တယ်။ ဒီလို
သမထ၊ ၀ိပဿနာတရားတွေ အားထုတ်ရင် ဈာန်၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ချမ်းသာတွေ ခံစားနိုင်တယ်၊ ရောက်ရှိနိုင်တယ်။ အဲဒီလို မြတ်စွာဘုရားက သတ္တ၀ါတွေ သနားတော်မူလို့၊ ငဲ့ညာတော်မူလို့ထားခဲ့တာ။ ဒါတောင် လူတွေက ကိုယ့်အတွက် ထားခဲ့မှန်း ဟေားခဲ့မှန်းမသိကြဘူး။ သနားစရာတွေ ၀မ်းနည်းစရာတွေ။

အအေးနဲ့အပူ

မြတ်စွာဘုရားရှင်ရဲ့ တရားတော်တွေက အလွန်အေးမြတဲ့ တရားတွေ ယောဂီတို့ရဲ့စိတ်တွေက အပူတွေ ရောလို့မရဘူး။ ခုလို အားထုတ်နေတဲ့ တစ်ရှုတစ်ရှိုက်က စပြီး ယောဂီတို့ရဲ့စိတ်တွေ ငြိမ်းချမ်းသွားအောင် အေးမြသွားအောင် အားထုတ်ရမှာ မေတ္တာလည်း များများပို့ကြ..
မေတ္တာပို့တော့ မေတ္တာပို့တဲ့ကိုယ့်စိတ်က အရင်အေးမြတာ။ ကိုယ့်စိတ်ကလည်း တကယ်တမ်း သတ္တ၀ါတွေအပေါ် အေးမြစေလိုတဲ့ စိတ်ဆန္ဒနှင့် ထိထိရောက်ရောက်ပို့ပါ။ ကိုယ်က ကိုယ့်ရဲ့ကိုယ်စောင့်နတ်ကစပြီး မေတ္တာပို့တော့ ဆိုင်ရာဆိုင်ရာ နတ်တွေလည်း မနေနိုင်တော့ဘူး။ ၀ိုင်းဝန်းကူညီ စောင့်ရှောက် မစကြတာပေါ့။ မယုံမရှိနှင့် ဘုန်းကြီးကိုယ်တွေ့တွေ အများကြီးဘဲ၊
ဆက်ဖတ်ရန်

ဘုရားရှိခိုးရခြင်းအကျိုးကျေးဇူးများ

ဘုရားရှိခိုးရခြင်း(ဗုဒ္ဓါနုဿတိ ဘာဝနာပွားများရခြင်း)၏
အကျိုးကျေးဇူးများ


၁။ ဘုရားရှုင်၌ ရိုသေခြင်း၊ တုပ်ဝပ်ကျိုးနွံခြင်း ရှိ၏။

၂။ (က) ရတနာသုံးပါ၌ ယုံကြည်မူ့၊ ကံကံ၏ အကျိုး၌ ယုံကြည်မူ့ သဒ္ဓါတရားများတိုးပွားလာ၏။
     (ခ) အမှတ်သတိကောင်းလာ၏။
     (ဂ) ဥာဏ်ပညာ ထက်မြက်လာ၏။
     (ဃ) ကုသိုလ် တရားတိုးပွားလာ၏။

၃။ နှစ်သက်ခြင်း ပီတိ၊ ၀မ်းမြောက်ခြင်း ပါမောဇ္ဇ တရားများ တိုးပွားလာ၏။

၎။ (က) ဘေးကြီး ဘေးငယ်များ ရင်ဆိုင်ရဲလာ၏။
     (ခ)  တွေ့ကြုံလာသော ဒုက္ခများကို သည်းခံနိုင်လာ၏။

၅။ ဘုရားရှင်နှင့် အတူနေရသလို မှတ်ထင်လာ၏။

၆။ ဂုဏ်တော်ပွားခြင်းဖြင့် ထုံမွမ်းထားသော ထိုသူ၏  ကိုယ်သည်လည်းစေတီအိမ်ပမာပူဇော်ခြင်းငှါ ထိုက်လာ၏။

၇။ ဘုရားအဖြစ်၌ စိတ်ညွတ်လာ၏။

၈။ မကောင်းမှုပြုရန် အခွင့်ကြုံလာသော်လည်း မိမိ၏ ရှေ့မှောက်၌ ဘုရားရှင်ကို ဖူးမြင်နေရသကဲ့သို့ ဖြစ်ကာ အရှက်အကြောက် တရားများ ဖြစ်ပွားလာ၏။

၉။ ယခုဘ၀ အထက်မဂ် ဖိုလ် မရသည်ရှိသော် သုဂတိ ဘ၀သို့ လားရောက်ရ၏။

                                                                         (၀ိသုဒ္ဓိမဂ္ဂ၊ ၁၊ ၂၀၆)
ဆက်ဖတ်ရန်

၃၁ ဘုံမြေပုံလမ်းညွှန်


31_place.jpg
 2 Comments 

buddha-recline.jpg
 4 Comment
ဆက်ဖတ်ရန်

သြ၀ါဒ ၁၀၁ ခု

ပထမရွှေကျင်ဆရာတော်ကြီးရဲ့ ဩ၀ါဒကို ပြန်လည်မျှဝေပါတယ်၊ အဆုံးအမ လမ်းညွှန်မှုကို လက်ခံနိုင်သည့် သောဝစဿတာ မင်္ဂလာနဲ့ ပြည့်စုံနိုင်ပါစေလို့ ဆန္ဒမွန်ပြုပါတယ်။ ။

၁။ ယစ်မသည် ဥအတွက်အသေခံသည်။
၂။ စာမရီသားကောင်သည် အမြီးအတွက် အသေခံသည်။
၃။ ရဟန်းသည် သီလအတွက် အသေခံသည်။
၎။ သစ်ပင်အားနည်းလျှင် လေမုန်တိုင်း တိုက်လှဲသည်။
၅။ ရဟန်းသမာဓိနည်းလျှင် ကိလေသာမုန်တိုင်း တိုက်လှဲသည်။
၆။ စိတ်သည် တောမျောက်ကဲ့သို့ လော်လည်ဧ။် ။ အလိုမလိုက်ရာ။
၇။ ကာလကို လူ-မစားလျှင် လူကို ကာလ စားသည်။
၈။ သည်းခံခြင်း လက်နက်ဆောင်လျှင် ဒေါသမီး မလောင်။
၉။ တုတ်လက်နက်ဆောင်လျှင် ခွေးဟောင်သည်။
၁၀။ ဦးခေါင်းပြောင်ရိတ်ခြင်းသည် မာနကိုလည်း ရိတ်သည်မည်ဧ။် ။

၁၁။ ဦးချိုကျိုးသော နွားသည် မာနလည်းကျိုးသည်။
၁၂။ မြွေဆိုး ပါးပျဉ်းထောင်လျှင် လူရိုက်ခံရသည်။
၁၃။ ရန်မထောင်မှ ရန်အောင်သည်။ ရန်ထောင် ရန်လှောင်မိတတ်သည်။
၁၄။ ရန်မလိုမှ ရန်ပြိုသည်။ ရန်လို ရန်ပိုတတ်လှသည်။
၁၅။ သလေးနှံ အဆံမရှိခင် ထောင်သည်။ အဆံပြည့်လျှင် ညွတ်သည်။
၁၆။ ဂါရ၀ကင်းသူ ဂုဏ်သတင်းမပြူ။ နွားစာငုတ်တိုနှင့်တူသည်။
၁၇။ သူတစ်ပါးလှေကို ဖာနိုင်လျှက် မိမိလှေကို မဖာလျှင် ရေနစ်တတ်သည်။
၁၈။ ဥဒေါင်းငှက် အက ကောင်းသော်လည်း စအိုပေါ်၍ အဆိုအမည်ခံရသည်။
၁၉။ ရေကန်၌ မှော်ကိုဖယ်၍ သောက်ရေခတ်ရသည်။
၂၀။ မသူတော်၌ အပြစ်ကိုဖယ်၍ ဂုဏ်ကောင်းရှာရသည်။

၂၁။ တုံးတတားလျှောက်စဉ် အရပ်တစ်ပါးမကြည့်နှင့် ချောက်သို့ကျလိမ့်မည်။
၂၂။ သံသရာတံတားလျှေက်စဉ် သူတစ်ပါးအပြစ်မကြည့်နှင့် သံသရာချောက်သို့ ကျလိမ့်မည်။
၂၃။ တရားပွဲကား လူကျဲတဲ၊ ရပ်ရွာပျော်ပွဲ တသဲသဲ။
၂၄။ ရိုသေစွာ ခစားလျှင် မင်းခစားပင် မင်းကိုနိုင်သည်။
၂၅။ အဆင်းလှလျှင် အိမ်သူဇနီးပင် လင်ကိုနိုင်သည်။
၂၆။ ကျင့်ဝတ်မချွှတ်လျှင် တပည့်ပင် ဆရာကိုနိုင်သည်။
၂၇။ မြင်းနိုင်လို ဇက်ဆွဲ၊ လှေနိုင်လို တက်ဆွဲ၊ ဆရာနိုင်လို ကျင့်ဝတ်ရိုသေမြဲ။
၂၈။ အပြစ်ပြ၍ ဆုံးမသူကို ရွှေအိုးပေးသူဟု ဆည်းကပ်ရမည်။
၂၉။ ပန်းပဲဆရာ အထုမခံသော သံတုံး လက်နက်မဖြစ်။
၃၀။ ကျောက်ဆစ်ဆရာ အဖြတ်မခံသော ကျောက်တုံး အရုပ်မဖြစ်။

၃၁။ ဆရာကောင်းအဆုံးအမ မခံသောတပည့် သူကောင်းမဖြစ်။
၃၂။ ရေနက်ရာသို့ ပြေးဝင်သော ငါး ကျီးငှက်အစာမဖြစ်။
၃၃။ အဆုံးအမသို့ ပြေးဝင်သောတပည့် မာရ်နတ်အစာမဖြစ်။
၃၄။ နွားကျောင်းသားသည် နွား-ခြင်မကိုက်အောင် မီးခိုးတိုက်သည်။
၃၅။ ဆရာသည် တပည့် ကိလေသာခြင် မကိုက်အောင် တရားမီးခိုးတိုက်သည်။
၃၆။ မြေခွေးသည် ခြင်္သေ့စားကြွင်းဖြင့် မာန်တက်သည်။
၃၇။ ပုထုဇဉ်သည် အရိယာစားကြွင်းဖြင့် မာန်တက်သည်။
၃၈။ ဖားငယ်သည် ဆောင့်ကြောင့်ထိုင်လျှက် ခြင်္သေ့မာန်တက်လျှက် ကျီးချီသောအခါ ပီယတ်ပီယတ်မြည်သည်။
၃၉။ ပုထုဇဉ်သည် လာတ်ပေါလျှင် သူဌေးမာန်တက်လျှက် ဖျားနာသောအခါ တအင်အင်ညည်းသည်။
၄၀။ ကြာပင်အောက်ကဖား ကြာဝတ်ဆံမစား ရွှံ့စားသည်။
ပိတုံးကား အဝေးမှကြာဝတ်ဆံ လာစားသည်။

၄၁။ သာသနာတွင်းသား သာသနာဝတ်ဆံမစားလျှင် ပိတုံးအား ရှက်သင့်သည်။
၄၂။ သစ်ပင်ကြီးသည် ခုတ်လှဲသူကို မလှဲမချင်း အရိပ်ဖြင့် အေးစေဧ။် ။
၄၃။ နံ့သာတုံးသည် မီးရှို့သူကို မကျွှမ်းမခြင်း အနံ့ဖြင့် မွှေးစေဧ။် ။
၄၄။ သူတော်ကောင်းသည် ညှင်းဆဲသူကိုသော်လည်း မသေမချင်း အကျိုးဆောင်ဧ။် ။
၄၅။ တောမီးသည်သစ်ရွက်ခြောက်ကို လောင်လွယ်ဧ။် ။ သစ်ရွက်စိုကို မတတ်နိုင်။
၄၆။ မသူတော်မီးသည် မေတ္တာခန်းသူကို လောင်လွယ်ဧ။် ။ မေတ္တာဖြန်းသူကို မတတ်နိုင်။
၄၇။ ဆေးဆရာသည် လူနာနှင့်ပြိုင်၍ အသက်မထွက်ကောင်း။
၄၈။ အကောင်းသည် အရူးနှင့်ပြိုင်၍ အ၀တ်မလစ်ကောင်း။
၄၉။ သူတော်ကောင်းသည် မသူတော်နှင့်ပြိုင်၍ ဒေါသမဖြစ်ကောင်း။
၅၀။ ကျားကြောက်၍ ပြေးစဉ် ခွေးဟောင်သည်ကို အရေးမယူရ။

၅၁။ ငရဲကြောက်၍ သီလစောင့်စဉ် မသူတော်ညှင်းသည်ကို အရေးမယူရ။
၅၂။ ရန်သူကို မီးခဲ ကိုင်ပစ်လျှင် မိမိလက် ရှေးဦးစွာ လောင်ဧ။် ။
၅၃။ ရန်သူကို အမျက်ထွက်လျှင် မိမိဂုဏ် ရှေးဦးစွာ ပျက်၏ ။
၅၄။ ရန်သူလာဆဲ၍ ပြန်ဆဲလျှင် မိမိလည်း အရှက်ကွဲ၏ ။
၅၅။ မာရ်နတ်ပစ်သော လက်နက်သည် သည်းခံသော ဘုရားရှေ့၌ ပန်းကုံးအသွင်ဖြင့် အဖူးအမျှော်ဝင်ဧ။် ။
၅၆။ သမုဒ္ဒရာရေ မီးကြောင့် မကျွှမ်း၊ မြင်းမိုရ်တောင် လေကြောင့် မလှုပ်၊ ကျောက်ခဲ ရေကြောင့် မကြေ၊ သူတော်ကောင်း မသူတော်ကြောင့် မတုန်လှုပ်။
၅၇။ မသူတော် အမျက်ကြောင့် သူတော်ကောင်းဂုဏ်ပျက်မခံ။
၅၈။ သူတော်ကောင်း အမျက်ထွက်လျှင် မသူတော် အလိုပြည့်သည်။
၅၉။ ရန်သူညှင်းဆဲခြင်းသည် မိမိ၏ ရှေးကံ ရှေးဥစ္စာပင်တည်း။
၆၀။ မိမိကံကြောင့် မိမိ ဒုက္ခတွေ့သည် ဘယ်သူမပြု မိမိမှု။

၆၁။ ညဥ့်အခါ သားကို ခွေးထင်၍ သတ်သော အဘသည် သား၏ ရန်သူလော။
၆၂။ သစ်ပင်မှ ကျသေလျှင် သစ်ပင်သည် ထိုသူ၏ ရန်သူလော။
၆၃။ စစ်သူရဲသည် ပြင်ပရန်သူကို နိုင်သော်လည်း အတွင်း ရန်သူမှ ရှုံး၏ ။
၆၄။ အမျက်ထွက်သူကို အမျက်မထွက်သူ အမြဲ နိုင်၏ ။
၆၅။ မကောင်းပြောသူကို အကောင်းပြောသူ အမြဲ နိုင်၏ ။
၆၆။ စေးနှဲသူကို ပေးကမ်းသူ အမြဲ နိုင်၏ ။
၆၇။ မုသားဆိုသူကို သစ္စာဆိုသူ အမြဲ နိုင်၏ ။
၆၈။ သိကြားမင်း လက်နက်ကား မိုးကြိုး။
၆၈။ ယမမင်း လက်နက်ကား မျက်စောင်း။
၆၉။ ဝေဿ၀ဏ် လက်နက်ကား အစွယ်။
၇၀။ မသူတော်လက်နက်ကား ဒေါသ။

၇၁။ သူတော်ကောင်း လက်နက်ကား ခန္တီ။(သည်းခံခြင်း)
၇၂။ ဗီလုံးငှက်သော်လည်း ကျွဲခြေရာခွက်ကို အမှီရလျှင် ဂဠုန်နှင့်တူ၏ အန္တရာယ်မရှိ။
၇၃။ ပုထုဇဉ်သော်လည်း သီလရှိလျှင် အရိယာနှင့်တူ၏ ။ အပါယ်မရောက်။
၇၄။ ရေရှိမှ ကြာပွားသည် သီလရှိမှ သမာဓိ များသည်။
၇၅။ ဗဟုဿုတရှိလျှက် သီလမရှိလျှင် ရေမတည်သော ကန်နှင့်တူ၏ ။
၇၆။ ပညာရှိလျှက် သီလမရှိလျှင် အသီးမရှိသော သစ်ပင်နှင့်တူ၏ ။
၇၇။ သီလရှိမှ ဒါနနှင့် ဘာဝနာအကျိုးပေးသန်သည်။
၇၈။ ပင်လယ်ကူးလိုလျှင် လှေသင်္ဘောတည်။ နတ်ပြည်တက်လိုလျှင် သီလလှေကားထောင်။
၇၉။ ပင်လယ်ကူးလိုလျှင် သင်္ဘောလုံအောင်ဖာ။သံသရာကူးလိုလျှင် သီလလုံအောင်ဖာ။
၈၀။ လောကီဥစ္စာစောင့်လျှင် တစ်သက်ချမ်းသာဧ။် ။

၈၁။ သီလစောင့်လျှင် ဘ၀အဆက်ဆက် ချမ်းသာဧ။် ။
၈၂။ ဆီမီးသည် လင်းခိုက် လူလယ်တင့်၏ ။ ငြိမ်းလျှင် မှောင်၏ ။ ညှော်နံ့ထွက်၏ ။
၈၃။ သီလသည် စောင့်ထိန်းခိုက် လူလယ်တင့်၏ ။ ပျက်လျှင် မှောက်၏ ။ ညှော်နံ့ထွက်၏ ။
၈၄။ တောအုပ်၌ မိဘကင်းသော သားသမီး ကျားစာဖြစ်၏ ။
၈၅။ သာသနာ၌ ဩ၀ါဒကင်းသော ရဟန်း မာရ်နတ်အစာဖြစ်၏ ။
၈၆။ ပေါက်ဖက်သော်လည်း မြလေးပန်းမှီ၍ လူဦးခေါင်းထက် ရောက်သည်။
၈၇။ မြေခွေးသော်လည်း ခြင်္သေ့မင်းခစား၍ ကျားမကိုက်နိုင်။
၈၈။ သူကန်းသော်လည်း ခြေသံနားထောင်လျှက် လိုရာအရပ် ရောက်သေးသည်။
၈၉။ ခြင်္သေ့သည် ကျားကိုနိုင်၏ ကိုယ်တွင်း ခွေးလေးသန်းကို မနိုင်။
၉၀။ မသူတော်သည် သူတော်ကောင်းကိုနိုင်၏ ။ ကိုယ်တွင်းအကုသိုလ်ကို မနိုင်။

၉၁။ ကျင်ကြီးသည် နွေးသည်ဖြစ်စေ အေးသည်ဖြစ်စေ အဆင်းလှသည်ဖြစ်စေ မလှသည်ဖြစ်စေ ရွံဘွယ်သာတည်း။
၉၂။ မသူတော်သည် အမျက်ထွက်သည်ဖြစ်စေ မထွက်သည်ဖြစ်စေ စကားလှသည်ဖြစ်စေ မလှသည်ဖြစ်စေ ရွံဘွယ်သာတည်း။
၉၃။ မီးခဲသည် ပူသောအခါ လက်လောင်၏ အေးသောအခါ လက်မဲ၏ ။
၉၄။ မသူတော်သည် ဒေါသအခါ ကြောက်စရာ လောဘအခါ ရွံစရာဖြစ်၏ ။
၉၅။ ခွေးရူးကိုက်လျှင် ထိုသူရူး၏ ။ ထိုသူကိုက်လျှင် နောက်လူ ရူး၏ ။
၉၆။ ခွေးရူးသည် လူကောင်းအဆက်ဆက်ကို ရူးစေ၏ ။
၉၇။ မသူတော်သည် လူကောင်းအဆက်ဆက်ကို ယုတ်မာစေ၏ ။
၉၈။ ပဒုမ္မာကြာရိုးသည် ထက်ပိုင်းပြတ်သော်လည်း အမျှင်မပြတ်။
၉၉။ သူတော်ကောင်းသည် အဆက်ပြတ်သော်လည်း မေတ္တာမပြတ်။
၁၀၀။ အဆင်းမှီ၍ အကျင့်ပျက်လျှင် ထိုအဆင်းသည် ရွံဘွယ်တည်း
၁၀၁။ပညာမှီ၍ မာန်တက်လျှင် ထိုပညာသည် ရွံဘွယ်တည်း။
ဆက်ဖတ်ရန်

သတင်းထူးများ နဲ့ ကျွန်တော်


ဟာ...
တအံ့တသြ
ပြန့်ပြောသော အတွေးလွင်ပြင်ကြီး
(ဆိုခရေးတီး ကတောင် ဆရာခေါ်...)

ဘာ...
အထိတ်တလန့်
စိတ်မနှံ့သူ ပုံစံမျိုးနဲ့
(တိုက်ပေါ်က ခုန်ချရင်ကောင်းမယ်...)

အို...
ဆွေးမြေ့ စရာ
ထွေးပွေ့ကာ ထားခဲ့သော
(ပန်းခြောက်တို့ရဲ့  ဒိုင်ယာရီလေးကိုဖွင့်...)

ဟေး...
ဝမ်းသာလုံးဆို့
လန်းဖြာအပြုံးတို့ ထကာခုန်
(ဘီယာဆိုင်ကိုပြေး...)

ဟိတ်...
ဒေါသတကြီး
ကျော ထ, တီးလိုက်ချင်
(စိတ်ကိုထိန်း စိတ်ကိုထိန်း...)

အဲ...
နားထောင်မလား
ကျားတောင်မစားတဲ့ သမင်တစ်ကောင်
(ကျွန်တော့်မှာ သတင်းထူးတစ်ပုဒ် ရှိနေပြီ...)



ဆက်ဖတ်ရန်

** ဝေဆာဆဲသစ်ပင် **


နှုတ်ဆက်လက်ဖွဲ့ဆိုတော့လဲ
မင်းကိုပဲ ၀တ်စေချင်တယ်
ငါပြန်သန်းခဲ့တဲ့ အရပ်တိုင်း
မင်းအရိပ်နဲံ့မလွတ်ချင်ခဲ့ဘူး
ငါမှားခဲ့တဲ့ အမှားတွေက
မင်းအတွက်လွမ်းစရာမဟုတ်ဘူးပေါ့ကွာ
ထင်နေတဲ့ခြေရာတွေကိုသာ
ကြက်ခြေခတ်လိုက်ပါ
မင်းတစ်ယောက်ကလွဲရင်
ငါဒိုင်ယာရီမှာ
ဘာမှတ်တမ်းမှတ်ရာမှမရှိခဲ့ဘူး
အခုတော့
မင်းပျိုးပြီးမင်းချိုးခဲ့တဲ့
အကိုင်းအခတ်တွေက
ငါအတွက်ဝေဆာနေတုန်းပဲ

                                   လေပြည်(sinde)
            
ဆက်ဖတ်ရန်

HTML နဲ့ CSS Code တွေကို စမ်းသပ်ရေးသား လေ့ကျင့်ရန်


HTML နဲ့ CSS Code တွေကို စမ်းသပ်ရေးသား လေ့ကျင့်လိုသူများအတွက် HTML Code Tester လေးကို တင်ပေးလိုက်ပါတယ်။ အပေါ်ကအကွက်မှာ HTML နဲ့ CSS Code တွေကို ရိုက်ထည့်ကြည့်ပါ။ Web page ပေါ်မှာ တွေ့မြင်ရမဲ့ အတိုင်း အောက်က အကွက်မှာ တွေ့မြင်ရပါမယ်။ ဒီလေ့ကျင့်ခန်း အတွက် HTMLကိုမြန်မာလိုလေ့လာဖို့ ဆိုတဲ့ စာအုပ်နဲ့ CSSအကြောင်းမြန်မာလိုလေ့လာဖို့ ဆိုတဲ့ စာအုပ်လေးတွေကို အရင်ဖတ်ပါ။ ပျော်ရွှင်ပါစေ။




ဆက်ဖတ်ရန်

Tetris တုံးစီသော ဂိမ်းကို အောင်နိုင်ခြင်း

ဘ၀အမောလေးတွေ ပြေအောင် ရယ်မောပါ...





ဆက်ဖတ်ရန်

MetaCafe သုံးနည်းလေးပါ။

ပထမဆုံး http://www.metacafe.com/ ကိုသွားပါ။အပေါ်ဒေါင့်မှာ register ဆိုတာရှိပါတယ်။ဖွင့်လိုက်ပါ။


ဒါကတော့  register ဖေါင်လေးပါ။လိုအပ်တာလေးတွေ ဖြည့်ပေးလိုက်ပါ။ဖြည့်ပြီးရင် create Account 
ကို ကလစ်ပေးလိုက်ပါ။




ဒါက ဖေါင်ဖြည့်ပြီးလို့ ကိုယ်ဖြည့်လိုက်တဲ့အီးမေးလ်အစစ်အမှန်ဟုတ်မဟုတ်စစ်ဆေးဖို့ပါ။resend လုပ်
ပေးလိုက်ပါ။

 ပြီးရင် ကိုယ်မေးလ်ကိုသွားပြီးတော့ စစ်ဆေးပြီး ပေးထားတဲ့ လင့်လေးကို ဖွင့်လိုက်ပါ။
 
ဒါက သူပေးထားတဲ့လင့်ကို ဖွင့်လိုက်တာနဲ့ ကိုယ့်အကောင့်က အော်တို sign in ဖြစ်နေမှာပါ။
အခုသုံးပုံသုံးနည်းရှင်းပြပါမယ်။မိမိ channel မှာ ဘယ်လို ဗီဒီယိုတွေ တင်ရမလဲဆိုတာ ပြပေးပါမယ်။
ပထမဆုံး မိမိအကောင့်နာမည်ရဲ့ဘေးက မြှားလေးကို ကလစ်လိုက်ရင် My channels,Account Settingsစတာတွေ ပေါ်လာပါမယ်။My channels ကိုသွားလိုက်ပါခင်ဗျာ။ဒါက ပထမဆုံးစသုံးတဲ့ သူအတွက်ပါ အခု ဘာမှ တင်မထားပါဘူး။Submit New Videos ကနေ ကိုယ်တင်ချင်တဲ့ ဗီဒီယိုဖိုင်ကို တင်ပေးလိုက်ပါ။ဒီနည်းနဲ့မသုံးရင်လဲ မိမိအကောင်းနာမည်ဘေးက Upload ဆိုတာလေး နိုပ်ပြီး တင်လို့ရပါတယ်။


ဒါက My channels ပုံလေးပါ။အောက်က ပုံကတော့ မိမိတင်ချင်တဲ့ ဖိုင်ကို ရွေးချယ်ခိုင်းတာပါ။


Choose a Video File to Upload ဆိုတာလေးကို နိုပ်ပြီး ကိုယ်တင်ချင်တဲ့ဖိုင်ကိုရွေးချယ်တင်နိုင်ပါပြီ။


ဒါကတော့ မိမိတင်တဲ့ဖိုင်အတွက် နာမည်နဲ့ထည့်ချင်တာလေးတွေ ထည့်ပေးဖို့ပါ။ထည့်ပြီးရင် Save လုပ်လိုက်ပါ။


တင်လိုက်ပြီဆိုရင် Submitted ထဲကို ရောက်သွားပါလိမ့်မယ်။မိမိchannel ထဲကို ထည့်ချင်ရင် Add to Channels ကို နိုပ်ပေးလိုက်ပါ။


မိမိChannels ကိုသပ်သပ်ကြည့်ချင်တယ်ဆိုရင်တော့ အပေါ်က View Channel As other see it ကို နိပ်ပေးလိုက်ပါ။


မသိသေးတဲ့သူများအတွက် အဆင်ပြေပါစေခင်ဗျာ။
ဆက်ဖတ်ရန်

Fractal ပန်းချီ - တစ်နွယ်ငင် တစ်စင်ပါ

Fractal ပန်းချီဆိုတာ သင်္ချာ ဖော်မြူလာတွေကို ကွန်ပျူတာသုံးပြီး ဂရပ်ဖစ် ပုံဖော်ရေးဆွဲခြင်းဖြစ်ပါတယ်။ Recursion, Iteration နည်းတွေကို သုံးပါတယ်။ အောက်မှာ ဒီလိုမျိုး Fractal ဖရက်တယ် ပန်းချီတစ်မျိုး ဖော်ပြထားပါတယ်။ နွယ်ပင်လေးတွေ ထွက်လာပုံကို ရေးဆွဲပြထားပါတယ်။ ပုံပေါ်မှာ Mouse နဲ့ Click လိုက်ရင် နောက် Pattern တစ်မျိုးနဲ့ ရေးဆွဲပြပါလိမ့်မယ်။



ဆက်ဖတ်ရန်