သွဲ့သွဲ့လေး တိုက်ခတ်လာတဲ့ မြောက်ပြန်လေရဲ့ လေနုအေးက ဆောင်းဥတုကို သက်ဝင်ပီပြင်စေခဲ့တယ်။ ဆောင်းလေအဝှေ့မှာ သူမရဲ့ အသွင်သဏ္ဌာန်က တည်ငြိမ် အေးဆေးစွာ လှပနေတယ်။ ဒီဇင်ဘာမှာ မွေးတဲ့ သူမ... ဆောင်းရာသီကို နှစ်သက်တဲ့ သူမ... မြူနှင်းတွေ ကြားမှာ နုနယ်တဲ့အလှတရားတွေနဲ့ သန့်ရှင်းလှပနေတဲ့အတွက် ဆောင်းသခင်မလေးလို့ တင်စားလောက်တယ်။
Nan Thuzar
Model - Nan Thuzar
Make-up - Lin Lin(Taw Win Thu)
Floral(Cherry) - Eternal Flowers(Floral Service & Gift Shop)
ဆောင်းအရှင်သခင်မလေး သူမကို အဓိက လှပစေတာ မြူနှင်းလေးရယ်... ချယ်ရီပန်း လေးရယ်... ဆောင်းဝတ်စုံလေးရယ်... သာယာလှတဲ့ နေရာလေးတွေ ပဲပေါ့...။ ဒီလို အလှတရားတွေ အားလုံး ပေါင်းစုထားတဲ့ ဆောင်းပုံရိပ်တွေက မြင်ရသူရင်ကို ဆွတ်ပျံ့ကြည်နူး အေးချမ်းစေတယ်။ ဒီဇင်ဘာ မြူနှင်းကြားမှာရှိနေတဲ့ ဆောင်းသခင် မိန်းကလေးရဲ့ စိတ်ထဲမှာ ဘာတွေရှိနေသလဲ ဆိုတာကိုတော့ ...။
Nan Thuzar
Dress - Club 27 Fashion Bar
Photography - Phone Myint(Ngwe Taung Tan)
Location - Golden Hill Tower
credit perfectmagazineonline
ဆက်ဖတ်ရန်