အကြင်နာနန်းတော် ၏ ရည်ရွယ်ချက်များ


မြန်မာ လူငယ်များအတွက်
၁။ အသုံးဝင်သော ဆော့(ဖ်)၀ဲ များ
၂။ နည်းပညာဆိုင်ရာ စာအုပ်များ (ကွန်ပျူတာ၊ ပရိုဂရမ်၊ ဓာတ်ပုံ နှင့် ဒီဇိုင်း၊ အင်တာနက်၊ အင်ဂျင်နီယာ)
၃။ ဘာသာရေး၊ တရားတော်ဆိုင်ရာ စာအုပ်များ၊ အသံဖိုင် နှင့် ဗီဒီယိုများ
၎။ ၀တ္ထု၊ ကဗျာ၊ ကာတွန်း၊ ဟာသ စာအုပ်များ
၅။ တေးသီချင်းများ (မြန်မာ၊ နိုင်ငံခြား)
၆။ ရုပ်ရှင် နှင့် ဗီဒီယိုများ (မြန်မာ၊ နိုင်ငံခြား)
၇။ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ ဗဟုသုတနှင့်အကြံပြုချက်များ
၈။ သတင်း နှင့် အထွေထွေဗဟုသုတများ
၉။ ဂိမ်းများ
၁၀။ အလှအပ နှင့် ဖက်ရှင် ဆိုင်ရာ ဗဟုသုတ နှင့် အကြံပြုချက်များ
၁၁။ အသုံးဝင်သော ၀က်ဘ်ဆိုက် လိပ်စာများ
ကို မျှဝေပေးရန် ဖြစ်ပါသည်။



အကြင်နာနန်းတော် သို့ လာရောက်သူများအတွက် ပျော်ရွှင်မှု၊ ဗဟုသုတ နှင့် နည်းပညာ တစ်ခုခုတော့ ရရှိသွားစေရပါမည်။

စိတ်တူ၊ ကိုယ်တူ၊ ရည်မှန်းချက်ရှိသူ လူမှုအသိုင်းအ၀ိုင်း (Community) တစ်ခု ဖန်တီးသွားရန် နှင့် မြန်မာလူငယ်များ ပိုမို တိုးတက်အောင်မြင်အောင် အချင်းချင်း ပံ့ပိုးဆောင်ရွက် သွားကြရန် ရည်ရွယ်ပါသည်။


Flash သီချင်းများစုစည်းမှု

ရွှေတိဂုံ အမေ-ထူးအိမ်သင် မ-sample တိတ်တခိုးအချစ်-ရိန်မိုး မ-ပူစူး မင်းကိုသတိရရင် တွဲဖက်အပြုံး-ရိန်မိုး အရမ်းပဲချစ်နေပြီ-ရိန်မိုး လေပြေ ဆု အမေတခုသားတခု အရမ်းပဲချစ် ဘယ်သူမှမကောင်းဘူး ဖြည့်ဆည်းပေးမဲ့သူ ရိုမီယို ဂျူးလီးယက် တောဂေါ်လီ သူလေး ရင်ခုန်ဘက်သို့တမ်းခြင်း ကြွေပါစေ လမ်းမခွဲကြေး မင်းနဲ့ငါနဲ့ မေမေ မင်းအတွက်ပါ သနပ်ခါးချစ်သူ အနီးဆုံးလူ ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေ သင်္ကြန်မိုး အပြစ်မမြင်ပါဘူး ကမ္ဘာအပြင်ဘက် နှလုံးသားရှိတဲ့အရပ် မျောလွှင့်နေတဲ့တိမ် အင်းလေးမှာရွာတဲ့မိုး ငါချစ်တာမင်းပဲ နေညိုရင် ပူစီ ချစ်သူကို ချမ်းမြေ့ပါစေ စိတ်ကူးယဉ်အနမ်းများ နွေဦးကဗျာ မိုးသိပါစေ ဘ၀ချင်းခြားလည်းချစ် ပုဂံဘုရားဖူး မမကြောင့် ညစဉ်ညတိုင်း အလွမ်းမိုး မြူမှောင်ဝေကင်း နှစ်ပါတ်လည် ကောင်မလေး နောက်ဆုံးရင်ခွင် မလွမ်းပဲမနေနိုင်ဘူး လုံးဝမမေ့သေးဘူး အိမ်-ဓီရာမိုရ် လမ်းဆုံ ကိုကိုက အာဇာနည်(၄)ပုဒ်နဲ့address-card တမိုးအောက် ယုံပါရင်သို့ ဒီတညတော့ ဟင့်အင်းအမေကဆူလိမ့်မယ် တခါထဲချစ်ချင်လို့ပါ ထူးဆန်းလွန်းတဲ့အချစ် ပြော ကြွေသူနှစ် ကောက်သူတစ်

မင်းအကြောင်းအိမ်မက် မိန်းမယူရင်စဉ်းစားကျ ချစ်သူရင်ခွင် ၀တ်မှုံ သီချင်းတပုဒ်မင်းဆိုလိုက် We are the world သူ့ကိုကျနော်ချစ်သည် မင်းမုန်းမှာစိုးတယ် မင်းလေးကိုသိပ်ချစ်လို့ မင်းသိလာမယ် ယုံကြည်ပေးပါ မျှော်လင့်မထားတဲ့အချိန် ကလေး လေး ချစ်ရက်နဲ့ ယုံကြည်ခြင်း ဆန္ဒတစုံ အလွမ်း ဖူးစာရှင် သဲသဲလှုပ် ဝေခွဲမရပါလား လိုက်ဖက်တဲ့ဘ၀ ငါ့ရင်ခွင်ကို အဆင်ပြေပါစေ Gtalk သူ ၀န်ခံလိုက်ပါ ရီးစားစာ တခါထဲချစ်ချင်လို့ပါ (၂) မိုး တိုးတိုးလေး ကြည်နူးခွင့် မုန်းမေ့ဖို့မလွယ် မလွယ်ပါကွယ် ကျောင်းသီချင်း ကြိုနေစေချင်တယ် ချစ်ကံဆိုး အပြုံးလေး နတ်သမီး လမင်းသို့ သီချင်းမဲ့ဂီတာ အမောပြေ ဆုတောင်းမယ် ဆုတောင်းမယ်(၂) ဟိုအရင်လို မိုးသည်းထဲမှာ အမေ နင်ပြန်လာခဲ့ ပေးဆပ်ခွင့် အချစ်အတွက်ကံမကောင်းခဲ့သူ ချစ်တယ်ဟုတ် ဖန်သားနန်းတော် ဒို့လည်းလိုက်မယ် မြတ်နိုးသူအတွက် ပုံရိပ်လေး ပြန်တော့ကွယ် အချစ်ကိုသိချိန် မင်းတယောက်သာ မမချစ်လို့မဖြစ် အမြတ်နိုးဆုံး ချစ်ခွင့်ရခြင်ပြီ ခွဲခွာရက်သူ ဘာကြောင့်လဲ အတ္တ စာမျက်နာ ၁၅ မျက်နာများတဲ့မောင် ဒီလမ်းမကြီးရဲ့ ဘေး အင်းယားသို့ နှစ်ပတ်လည်(၂) မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် ပြန်လာပါကွယ် သူသိပါကွယ် All out of love စလုံးကချစ်သူ ပတ်သက်ခွင့်ပြုပါ တကယ့်ပုံပြင် ကောင်မလေး တယောက်သောသူအတွက် မင်း မရေရာဘူး မအေးကိုချစ်လို့ ဆက်ချစ်ခွင့်ပေးပါ ညှို့နှိင်လွန်းတဲ့သူ ခွင့်ပြုတယ်ခွင့်လွှတ်တယ် ကြိုပြီးတောင်းပန်တယ် ရဲလေး သီချင်း ရီးစားထားတဲ့အရွယ် အချစ် = အချစ် သီးသန့်ဖြစ်တည်မူ ကိုကို့စိတ်ကူး မမက တကယ်ဆိုအချစ်ဘဲလိုတယ် ကြယ်ကြွေကောင်းကင် အချစ်များသူ့ဆီမှာ ပြန်တွေးကြည့် ယုံကြည်တော့အချစ် ကောင်ကလေးကကောင်မလေးကို နေရာ တယောက်သော သူ အဆုံးမဲ့ အလွမ်းပြေအနမ်း အလွမ်းဆုလဒ် ဘာဖြစ်ဖြစ်ချစ် မင်းသိလာမယ် 2 ပြန်မဆုံဖြစ်ကျရင် နောက်ဆုံး အမှန်သိခွင့် (ဒိုးလုံး) ချစ်ခွင့်ရချင်ပြီ နှစ်ကိုယ်တူချစ်သမျှ တခါခါ စိတ်လျှော့လိုက် ရိုးရှင်းသောဘ၀ရဲ့ပိုင်ဆိုင်မူ ဓမ္မဒါန လမ်းကြုံရင်ပြောပေးကြပါ StayWithMe ချစ်ခဲ့တာလားရူးခဲ့တာလား BadGirl သန်ခေါင်ယံည နုတ်ဆက်စာ အလွမ်းပြေအနမ်း ၂ ပြန်မဆုံဖြစ်ကျရင်၂ အချစ် နှောင့်ယှက်သူ ပြန်မရဘူး ငါ့ရင်ခွင်ကို ၂ မေ့တော့မေ့သေးဘူး မြတ်ဆုမွန် မကြာခင်မှာကြင်နာမယ် နေချင်တယ်မင်းအနား ဝေးလို့နေမလားမေ့လို့နေမလား ရွှေတိဂုံ(၂) သံယောဇဉ် သံစဉ်တွေနဲ့ချော့သိပ်မယ် ကောင်မလေး နောက်ဆုံးအချစ် မချစ်နဲ့တော့ မျှော်လင့်ခြင်းကွင်းပြင် MyHeartWillGoOn လွမ်းရဲမှ ၀ိရောဓိ အလွမ်းဝင်္ကပါ မင်းတယောက်သာ BeWithYou ကိုယ်မညာချင်တော့ဘူး ဆွေးမြေ့အသဲ သံယောဇဉ် ချစ်သူထားခဲ့တော့ ချစ်ဦးမေ အချိန်တိုင်းပဲ နားလည်ပါ ကြယ် လွန်ပါစေအလွမ်းညတွေ လူလည်အာရှသား ဗုဒ္ဓံ ဓမ္မံ သံဃံ ကြေကွဲရလိမ့်မယ် စိတ်ကူးလွင်ပြင် KissMe မ..ကို မီးအိမ်ရှင် အလွမ်းပြေအနမ်း လွမ်းနေပြီ လွမ်းနေပါတယ် အလွမ်းနိဂုံး မင်းချစ်မှချစ်ပါ့မလား အပြုံးလေး စိုးရိမ်ရတာပေါ့ မျှော်လင့်ခြင်းအဆုံး အပြစ်တခုဖန်ဆင်း ဘ၀ရဲ့လမ်းများ ခွဲခွါခြင်းနေ့ရက်များ ငါတော့မှားပြီ ကိစ္စမရှိဘူး မင်းနဲ့မဆုံသ၍ တို့နှစ်ယောက် ပျော်ပါစေ ဖက်ထားမယ် မ-မရှိတဲ့နေ့ရက်များ တွဲလက်များ ဒီကောင်မလေးအတွက် ရှင်သန်ခြင်းပြဇတ် ရွှေရောင်အရှုံး (အိမ်) နင်သိရဲ့လား နေညိုရင်၂ ငါ့ရဲ့အနား ခိုင်မြဲသောအချစ် ငါ့ရဲ့လမင်း ချစ်လို့ရရန် အလွမ်းပြေအနမ်း၂ မင်းလိုက်ရဲပါစေ သူငယ်ချင်းချစ်သူ အင်းယားလမ်းကပန်းဆိုင် သတိရရ-မရရ အဖြည့်ခံချစ်သူ တိတ်တခိုး နင်မလိုချင်လဲ လမ်းပျောက်ချိန် အလွမ်းကဗျာ အေးဆေးဖြစ်သွားပြီ မညာပါနဲ့ ချစ်သူလေး ညလေပြေ အိနြေ္ဒရှင်မလေး မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် လေပြေ၂ တဖက်သတ်အလွမ်း ဝေးပြီးတဲ့နောက် မနဲ့မောင် ချစ်တယ် ပြုံးလိုက်ပါ နှလုံးသားချင်းထိတွေ့ခဲ့တယ် ဖူးစာရှင် ဗုဒ္ဓမေတ္တာပန်း အိမ်မက်ရဲ့သမီးပျို မင်းမရှိတဲ့ကမ္ဘာ အလွမ်းသင့်ပန်းချီ ပျော်သလိုနေလိုက်တော့ စိတ်ကူးလွင်ပြင် အလွမ်းနိဂုံး မျှော်လင့်ခြင်းအဆုံး ဘ၀ရဲ့လမ်းများ နင်သိရဲ့လား အလွမ်းပြေအနမ်း၃ လရောင်ဆမ်းသောလမ်း တစ်ဖက်သက်အလွမ်း ဝေးပြီးတဲ့နောက် တစ်နေ့တော့ လမင်းသစ်ပင် ချစ်သူ နားနားဘေးမှာ ပျံသန်းသွားတော့ ဟုတ်လို့လား Never Be Replaced ချစ်မိနေပြီ နိုးတစ်ဝက်အချစ် အချစ်အတွက်ကိုယ်စား ငါ့ရဲ့အနား ၂ ဝေးသွားတဲ့အခါ မီးအိမ်ရှင် ငါ့နေရာ Anywhere for you Justin Bieber(Baby) သီရိသူ ဒီဇင်ဘာည ဒီဇင်ဘာည၂ ငါမှားလားမင်းမှန်လား ဆေးကျောင်းသား တကယ်ဆိုရင် အမေ စွန့်လွှတ်ခက်သူ နင်စေရင် အနှိုင်းမဲ့ ရင်ဘတ်ထဲက အနိုင်မယူသူရဲ့အရှုံး ခိုးချစ်ရသူ နှလုံးသားအစီရင်ခံစာ ညီမလေးအတွက် မိုး(မျိုးကြီး) မိုး၂(မျိုးကြီး) ( 8.4 ) ချစ်တယ်ဟုတ် ကောင်မလေးတယောက်အကြောင်း ဖက်ထားမယ် LetMeKissU ချယ်ရီသက်သေ ဖိတ်စာ နွေအလွမ်း ယူလိုက် အဖေ့မေတ္တာ လက်ခံပေးပါ(မျိုးကြီး) HaHaLaGyiAh မမ အပျိုကြီး ညီမလေး SnowQueen လက်ခံပေးပါ(၂) HERO ( မေ ) မမြင်ကွယ်ရာ ဟိုအရင်လို ငါ့ကိုပြောပါ မျှော်လင့်ချက်မဲ့(မျိုးကြီး) ယုံကြည်ပေးပါ BellyDancer ယုံကြည်ပေးပါ(Remix) အဖြူရောင်လေးပါကွယ် ရင်ထည်းခိုနားလှည့်ပေါ့ကွယ် မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး ပေါက်တဲ့အိုး တိတ်တခိုးအချစ် စံပါယ် တခုလောက်ဖြေပေးပါ ယုံကြည်ခြင်း၂ မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် ကမ္ဘာပျက်နေ့ နင့်ကိုငါအချစ်ဆုံး ကင်ဆာ အချစ်နဲပိုက်ဆံ နင်တစ်ယောက်တည်း သံစဉ်နဲ့ချော့သိပ်ခွင့် (မမ) ချစ်တယ်မရေ အချစ်မှတပါးအခြားမရှိပြီ တနေ့တော့ချစ်လာလိမ့်မည် အမေ့ မင်းအကြောင်းအိမ်မက် တန်ဆောင်တိုင်သီချင်း အလွမ်းနဲ့ရူးပြီ နှမြောတယ် သူလေး ကောင်းကင်ကအချစ်ငှက် ဆာဒါငဲယိုး ခိုနားရာ အိမ်မက်ကမ္ဘာ အလွမ်းဝင်္ကဘာ ပထမအနမ်းသီချင်း စကားလုံးတွေမလိုဘုး (နိဒါန်း) လေလွှင့်သူ အာဇာနည် ငါဆက်ချစ်မယ့်သူ ရုပ်သေးရုပ် မျှော်လင့်ချက်မဲ့ ဒီတစ်ခါမခွဲတော့ဘူး ချမ်းချမ်း(ကိုယ်တစ်ယောက်တည်း) မျိုးကြီး(နူးညံ့စွာပြောင်းလဲခြင်း) လက်ခံပေးပါ(၂)မျိုးကြီး မျိုးကြီး=အတိတ်ရဲ့နွေ Baby စပါယ် အမြဲတန်းယုံကြည်တယ် သူငယ်ချင်းသံယောဇဉ် မိန်းကလေးပါ ဒီဇင်ဘာည၂ ပြည့်စုံလွန်း အသိအမှတ်ပြုပါ ကြယ်ကြွေကောင်းကင် Congratulation ညီမလေး မကြင်နာလေသူသို့ အပြည်ပြည်ဆိုင်ရာအသဲကွဲသောနေ့ ပထမအနမ်း ချစ်သူသိပါစေ နင်မသွားခင် နှမြောတယ် မျှော်လင့်မိတဲ့ငါ့နတ်သမီး လမ်းခွဲ နောက်ဆုံးပေါ့ Baby-(Mc Wai Lin) ရင်ထဲကလာတဲ့သီချင်း ကော်ရုပ်လေး လွမ်းဆွတ်ခွင့် ချစ်သူ-ရိန်မိုး ငါ့ရဲ့လမင်း(လေးဖြူ) ရင်ခုန်စရာရှုခင်း(မျိုးကြီး) ကိုယ့်ရဲ့ကွက်လပ် ဆု....ထံသို့ ခလေးလေး မ-အတွက်သီချင်း ယုံမှာလား ရောခ့်သီချင်းတစ်ပုဒ်(မျိုးကြီး) မိုးသည်းချိန်မှာ Venus လမ်းဆုံး ပြန်လာပါ အလည်လွန်နှလုံးသား ဒို့ဝေးရာ ကျေးလက်တောတန်း အင်တာနက်ချစ်သူ ပြန်လာမဲ့အချိန် ခွင့်ပြုတယ်ခွင့်လွှတ်တယ် SaveTheAged ဆာဒါငဲယိုး၂ ပျော်တော်ဆက် ကောင်မလေး မင်းအချစ်ကြောင့် မလွမ်းဘဲမနေနိုင် မလှည့်စားနဲ့ အလွမ်းနေ့ရက်ရှည်များ ဒီအတိုင်းလေးဘဲချစ်နေမယ် အတောင်ပံပါရင်မင်းဆီကို TakeMeToYourHeart ထားအတွက် ကင်တင်းထဲကကွင်းလက်ချာ(အရိုး) ILoveYou ရာစုသစ်အလွမ်းသမား Rain Story (ပြည့်စုံ) မင်းနဲ့မှချစ်တတ်ပြီ အချစ်ဒါဏ်ရာ လွမ်းတယ်(မ)ရယ် မင်းနားလည်မှာ ချစ်သူရဲ့ပုံပြင်(အနွန်) (မ)အတွက်သီချင်း ကျောင်းပိတ်ရက်လေး ကျေးဇူးပဲမနက်ဖြန် ကောင်မလေး onelesslonelygirl ငါ့နေရာ "မ" အတွက်သီချင်း ကဗျာမမှီတဲ့အချစ်

တို့နှစ်ယောက်အကြောင်း ရုပ်သေးရုပ် ဒီမိုးသည်းချိန်တိုင်းမှာ ပြန်ဆုံနိုင်ဦးမလား မင်းနဲ့အတူရှိချင် ကြွေနေပြီ တိုကျိုအိပ်မက် မနှုတ်ဆက်ချင်ဘူး အာဒံဧ၀ တောင်းပန်ပါတယ် I Love U Baby BabY Cry On My Sailing HONEY(အာဇာနည်) ကိုယ့်ရဲ့သက်တန့်ငယ် အလွမ်းဝင်္ကပါ မ မရှိတဲ့နေ့ရက်များ ခါး(အငဲ) သိမ်းထားခွင့် WeddingDress မင်းရှိစေချင်တယ် ONLYLOVE ကိုယ်ပိုင်တဲ့ကိုယ့်နေရာ တန်ဖိုး(လေးဖြူ) ပျောက်ဆုံးသွားတဲ့မနက်ခင်းလေးများ မင်းအချစ်ကြောင့်(၀ိုင်ဝိုင်း) မခေါ်ရက်ဘူး တက္ကသိုလ်ဘ၀ ဆေးပေးပါ(မျိုးကြီး) အသဲကွဲဒီဇင်ဘာ အချစ်အိမ်မက်လေး ညီမလေးအတွက် ရိုမီယိုဂျူးလီးယက် Baby Gril တော်ပြီနောက့် အိပ်မက်ထဲကလူ ငါ့နဲ့ မင်း အဖြူရောင်သူငယ်ချင်း ဖက်ထားမယ် အဖြည့်ခံ မိုးဘယ်မှာရွာနေလဲ ချစ်တယ်ဟုတ် Bad girl ရင်ခုန်နှစ်သစ် မဟာဆန်သူ ပန်းချစ်သူ မမ ကောင်လေး ဆုံစည်းခွင့်-ရိုးရာ+ Mc ဟိန်းထက် တစ်ချိန်က”မ” နှုတ်ဆက်သီချင်း OldService အဆောင်သူမမ ပြော သနပ်ခါး အချစ်ဝင်္ကပါ L.O.V.E(Kg Ma Lay) အရင်ကဇတ်လမ်း အလွမ်းဝင်္ကပါ အလွမ်း ရှင်းပြခွင့်ပေးပါ Over You မိုး အနားနားဘေးမှာ မင်းကိုသတိရရင် ချစ်ခဲ့တာလား ရူးခဲ့တာလား အလွမ်းဆုလဒ် ကြိုစေချင်တယ် ငါ့နေရာ Justin Bieber@baby Radio ပေးခဲ့တဲအလွမ်း ပက်သက်ခွင့်ပြုပါ(Bunny Phyo) ကမ္ဘာငယ်လေး မသိချင်ယောက်ဆောင်မျက်နှာလွဲ ခိုနားရာ ကောင်ကလေးကကောင်မလေးကို ထာဝရပက်သက်ခွင့်ပြုပါ ကွာခြားမူ အရိပ်ပမာ Never Say Never never say never2 စိတ္တဇညဆိုးများ သူငယ်ချင်း အဝေးကချစ်သူ ကိုယ်တယောက်ထဲ လွမ်းဆဲပါ ကမ္ဘာငယ်လေး အမုန်းလက်ဆောင် KissMe Celion ၀ါဆိုမိုးနဲ့ပြန်ခဲ့ပါ မျှော်လင့်ဆဲ(ထက်ယံ) အပြစ်မမြင်ပါဘူး baby(mc wai lin)
ဘယ်သူ့အတွက်လဲ(ထက်ယံ) မမကိုယ်ချင်းစာနာခဲ့ပြီ ဘယ်ပန်းချီရေးလို့မမှီအဝေးရောက်နေသော်လည်း

ချယ်ရီသက်သေ snow queen Ma Ma ဖိတ်စာ နွေအလွမ်း Ha Ha La Gyi Ah အပျိုကြီး ညီမလေး ပန်းချစ်သူ.....ဒို့လည်းလိုက်မယ် ယုံကြည်ပေးပါ Belly Dancer MyHappyEnding ယုံကြည်ပေးပါ(Remix) ရင်ထဲခိုနားလှည့်ပေါ့ကွယ် အဖြူေ၇ာင်လေးပါကွယ် မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး ပေါက်တဲ့အိုး တိတ်တခိုးအချစ် စံပါယ် တခုလောက်ဖြေပေးပါငယ်ကျွမ်းဆွေ ကင်ဆာ ၀ိုင်းဆုရဲ့(လမ်းမကြီးရဲ့ဘေး) အရမ်းလွမ်းတယ်မရယ် မ..မ(၂) တပင်တည်းရင်ထဲကနွယ် တစ်စက္ကန့် နွေရာသီလမ်းခွဲ သခင့်ထံအပြေးပြန်လာမည် နူတ်ဆက်စကား မောင့်အရိုင်းပန်း ငယ်ဖော် အသည်းကွဲမြို့တော် VENUS Baby(Mc Wai Lin) ကြယ်ကြွေကောင်းကင် လမ်းဆုံ နှစ်သိမ့်တဲ့တေး သူစိမ်းတယောက်ပါ နှင်းဝေတဲ့ဆောင်း အလှစစ် ညို့မျက်ဝန်း နှလုံးသာရှာသူ လွမ်းတယ်(မ)ရယ်အသဲကွဲဒီဇင်ဘာ I Love U Baby၀ါရင့်သမ္ဘာရင့်(Old Service) Never Say Never


သီချင်းရပ်ချင်ရင် ဗီဒီယိုပေါ်မှာ Right Click-->Rewind. ဒေါင်းချင်ရင် သီချင်းအမည်ပေါ်မှာ Right Click, Save Link As ကိုနှိပ်ပါ။

Thursday, February 23, 2012

အနတ္တ (၂)

ရုပ်နာမ်ခန္ဓာသာ ရှိ၍ အတ္တမရှိ၊ ပရမတ္ထသဘာဝအားဖြင့် အမှန်တကယ် တည်ရှိနေသော ရုပ်နာမ်ခန္ဓာအစဉ်၌ လာရောက်၍ ကိန်းဝပ်နိုင်သော အတ္တဟူ၍လည်း မရှိဟု ဗုဒ္ဓဘာသာဝင်တို့ မှတ်သားသင့်၏။ သတ္တဝါဟု သမုတ်အပ်သော ခန္ဓာငါးပါးကို လွှမ်းမိုးအုပ်ချုပ်သည့် အတ္တဟူ၍ မရှိကြောင်း၊ ခန္ဓာ့သဘာဝမှာ အနတ္တသာဖြစ်ကြောင်း အနတ္တလက္ခဏသုတ်၌လည်း ဘုရားရှင် ဟောတော်မူခဲ့၏။

အတ္တဝါဒီတို့ ယူဆသည့်အတိုင်း ရုပ်ကို အစိုးရသည့် အတ္တဟူ၍ မရှိပေ။ ရုပ်ခန္ဓာသည် သဘာဝအတိုင်း ဖျားနာရသည်။ အလိုမရှိဘဲ နာကျင်ရသည်။ လှလိုပါလျက် အရုပ်ဆိုး အကျည်းတန်ရသည်။ ရုပ်ခန္ဓာသည် ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့၏ စီမံမှုကိုသာ ခံရသည်။ ရုပ်သည် အနတ္တသာ ဖြစ်၏။

ဝေဒနာကို အစိုးရသည့် အတ္တ၊ ခံစားသည့် အတ္တဟူ၍လည်း မရှိပေ။ ခံစားမှု ဝေဒနာသဘော သက်သက်သာ ရှိ၏။ ခံစားသည့်အတ္တ၊ အစိုးရသည့်အတ္တ မရှိခြင်းကြောင့် ချမ်းသာသုခချည်း ခံစားရအောင် မလုပ်နိုင်။ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲ ဝေဒနာမျိုးစုံ ကြုံရသည်။ ဝေဒနာသည်လည်း အနတ္တသာ ဖြစ်၏။

သညာကို စီမံကွပ်ကဲသည့် အတ္တဟူ၍လည်း မရှိပေ။ ထိုကြောင့် မကောင်းသော အာရုံများကို မမှတ်မိအောင်၊ သတိမရအောင် မစွမ်းဆောင်နိုင်။ ကောင်းမြတ်သည့် မှတ်သားမှုချည်း ဖြစ်နေအောင်လည်း မထိန်းချုပ်နိုင်။ သညာသည်လည်း အနတ္တသာ ဖြစ်၏။

ဝေဒနာနှင့် သညာမှ တစ်ပါးသော စေတသိက်များ ဖြစ်ကြသည့် သင်္ခါရတို့ကို အုပ်ချုပ်သည့် အတ္တဟူ၍လည်း မရှိပေ။ ဥပမာအားဖြင့် စေတနာကောင်းချည်း ဖြစ်နေအောင်၊ တည်ကြည်မှု သမာဓိကောင်းချည်း ဖြစ်နေအောင်၊ မေတ္တာဓာတ်ဖြင့် အမြဲငြိမ်းချမ်းနေအောင် လုပ်လို့မရပေ။ စေတနာ၊ ဧကဂ္ဂတာ (သမာဓိ)၊ အဒေါသ (မေတ္တာ) အစရှိသော စေတသိက်များ ဖြစ်ကြသည့် သင်္ခါရတို့ကို လိုသလို ခြယ်လှယ်နိုင်သည့် အတ္တ မရှိပေ။ သင်္ခါရတို့သည်လည်း အနတ္တသာ ဖြစ်၏။

စိတ်ကို အစိုးရသည့် အတ္တဟူ၍လည်း မရှိပေ။ စိတ်ညစ်မှု၊ စိတ်မကျေနပ်မှု၊ စိတ်အားငယ်မှုများ မဖြစ်အောင် တားမြစ်၍ ကောင်းစိတ်များချည်း ဖြစ်နေအောင် ပြုပေးနိုင်သည့် အတ္တ မရှိပေ။ စိတ်သည်လည်း အနတ္တသာ ဖြစ်၏။

ဤသို့ သတ္တဝါဟု သမုတ်အပ်သော ခန္ဓာငါးပါသည် အနတ္တသာဖြစ်ကြောင်း ဟောတော်မူ၏။
သံသရာ မရှည်ရလေအောင် အနတ္တသဘာဝ ရှိနေသော ခန္ဓာငါးပါးကို စက်ဆုပ်ငြီးငွေ့ကြရန်လည်း ဟောတော်မူ၏။ ခန္ဓာသည် အနိစ္စ ဒုက္ခ အနတ္တသာ ဖြစ်သောကြောင့် “ခန္ဓာသည် ငါ့ဥစ္စာတည်း”၊ “ခန္ဓာသည် ငါတည်း”၊ “ခန္ဓာသည် ငါပိုင်သည့် အတ္တတည်း”ဟု တဏှာ၊ မာန၊ ဒိဋ္ဌိတို့ဖြင့် ခန္ဓာကို မစွဲလမ်းရန်လည်း ဟောတော်မူ၏ (အနတ္တလက္ခဏသုတ်)။

အရာရာတိုင်းသည် မမြဲခြင်း အနိစ္စ၊ ဆင်းရဲခြင်း ဒုက္ခ၊ ငါမဟုတ် ငါ့ဥစ္စာမဟုတ်၍ အစိုးမရခြင်း အနတ္တသာ ဖြစ်သည်ဟု ဘုရားရှင် ဟောတော်မူသော်လည်း အဝိဇ္ဇာ၏ ဖုံးကွယ်မှု၊ အဝိဇ္ဇာ၏ လှည့်စားမှုကို ခံနေကြရသော  သတ္တဝါတို့သည် သဘောမှန်ကို နားမလည်နိုင်ကြပေ။ သတ္တဝါတို့၏ သန္တာန်၌ သံသရာ အဆက်ဆက် ဘဝအဆက်ဆက်က အမြစ်တွယ်လာခဲ့သည့် အဝိဇ္ဇာသည် အမှန်ကို မသိနိုင်အောင် ဖုံးကွယ်ထား၏။ အမှားကို အမှန်ထင်အောင်လည်း အမြင်ပြောင်းလဲစေ၏။

အတ္တဟု မှတ်ယူခြင်းသည် အယူမှားမှု မိစ္ဆာဒိဋ္ဌိ ဖြစ်၏။ သို့သော် သောတာပန်ဖြစ်မှ ဒိဋ္ဌိစင်မည်ဖြစ်ရာ ပုထုဇဉ်တို့ အနေဖြင့် အတ္တကင်းနိုင်မည် မဟုတ်ပေ။ ထာဝရအတ္တကို ငြင်းပယ်နိုင်သော်လည်း ငါ၊ ငါဥစ္စာ၊ ငါ့မိသားစု၊ ငါ့ဆွေမျိုး၊ ငါ့မြို့၊ ငါ့နိုင်ငံ အစရှိသော တဏှာ၊ မာန၊ ဒိဋ္ဌိတို့ဖြင့် စွဲလမ်းမှုများ ရှိကြသည်။ ပုထုဇဉ်တို့၏ သဘာဝသာ ဖြစ်၏။ ပြင်းပြင်းထန်ထန် စွဲလမ်းပြီး စွဲလမ်းမှုကို အကြောင်းပြု၍ အကုသိုလ်မှုများ ယုတ်ယုတ်မာမာ မကျူးလွန်ကြလျှင် တော်ပေသေးသည်။

တရားဝေးသော ပုထုဇဉ်တို့သည်သာလျှင် ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ဟူသော ခန္ဓာငါးပါးကို ငါ၊ ငါ့ဥစ္စာဟု အပြင်းအထန် မှတ်ယူစွဲလမ်းတတ်ကြ၏။ ပုထုဇဉ်ပင် ဖြစ်သော်လည်း သူတော်ကောင်းတရား ကြားနာမှတ်သားမှု အလေ့အလာများလျှင် ယူမှတ်မှားမှု မပြင်းထန်ပေ။ အနတ္တသဘောကို ကိုယ်ပိုင်ဉဏ်ဖြင့် ထိုးထွင်း၍ မသိနိုင်စေကာမူ သဒ္ဓါဖြင့် လေ့လာကြားနာ မှတ်သားပြီး သဘောမှန်ကို ကြံဆ၍ လက်ခံနိုင်ကြ၏။ အတ္တပါးအောင်၊ အတ္တယဉ်ပါးအောင် စွမ်းဆောင်နိုင်ကြ၏။

လေ့လာမှတ်သားမှု နည်းလျှင်ကား အယူလွဲသွားနိုင်၏။ ဘဝကူးခြင်း အသက်ထွက်ခြင်း ဝိဥာဉ်ချုပ်ခြင်း လိပ်ပြာနှုတ်ခြင်း လိပ်ပြာခွဲခြင်း အစရှိသော အနတ္တဝါဒီ ဗုဒ္ဓဘာသာတို့၏ အစဉ်အလာ ယုံကြည်မှုများ၊ ဓလေ့ထုံးတမ်း ဆောင်ရွက်မှုများ၌ အတ္တအယူအဆ ပါဝင်သွားနိုင်သည်ကို သတိထားသင့်၏။

ထာဝရတည်မြဲသည့် အတ္တကောင်ဟု စွဲမှတ်မှု မပါဝင်ဘဲ လောကဝေါဟာရကို အသုံးပြုခြင်း၊ ငါ သူတစ်ပါး ယောကျာ်း မိန်းမဟု ခေါ်ဆိုခြင်းကား အပြစ်မဟုတ်ပေ။ ခိုင်မြဲသည့် အတ္တရှိသည်ဟု မမှတ်ယူမိရန်သာ အရေးကြီး၏။

စင်စစ်အားဖြင့် လောကဝေါဟာရ သမုတိသစ္စာကို ဘုရားရှင်ပင် ပယ်စွန့်တော် မမူနိုင်ခဲ့ပေ။ ပြောဆိုဆက်ဆံရာ၌ အပြန်အလှန် နားလည်နိုင်ရေးအတွက် သတ်မှတ်ပညတ်ချက်များ၊ အများနားလည်သည့် အခေါ်အဝေါ်များကို အသုံး ပြုတော်မူခဲ့ရ၏။ မိမိ သို့မဟုတ် ကိုယ် (အတ္တ)၊ ငါ (အဟံ၊ မံ)၊ သင် (တွံ၊ တံ) အစရှိသော အသုံးအနှုံးများကို ဘုရားရှင်၏ ဒေသနာတော်တို့၌ တွေ့နိုင်၏။ ၎င်းတို့သည် ခန္ဓာငါးပါးကို ခေါ်ဝေါ်သမုတ်အပ်သော အမည်များသာ ဖြစ်ကြ၏။ လောကဝေါဟာရ သမုတိသစ္စာများသာ ဖြစ်ကြ၏။ လူ့သန္တာန်၌ ကိန်းဝပ်နေသော စွဲလမ်းယူမှားစရာ ထာဝရအတ္တဟု မဆိုလိုပေ။ ထိုထို ဒေသနာတော်တို့၌ မဖြစ်မနေ ထည့်သွင်းဟောကြားရသည့် သမုတိသစ္စာကို ပရမတ် အရှိတရားဟု ထင်မှတ်မှားတတ်ကြ၏။ အထူးသဖြင့် “အတ္တ”ဟူသော ဝေါဟာရဒေသနာ၊ သမုတိသစ္စာကို ခိုင်မြဲသည့် “အတ္တ”ကို ဆိုလိုသည်ဟု မှတ်ယူမှားတတ်ကြ၏။ သုတ္တန်၌သာမက ပရမတ္ထသစ္စာကို ဟောတော်မူရာ အဘိဓမ္မာ၌ပင် ဝေါဟာရပညတ်ကို အသုံးပြုတော်မူခဲ့ရ၏။ ဥပမာအားဖြင့် “ရူပ = ရုပ်”ဟု ဟောတော်မူခဲ့၏။ ဖောက်ပြန်ပြောင်းလဲတတ်သော သဘောတရားကို ဆိုလိုသည်။ “နိဗ္ဗာန = နိဗ္ဗာန်”ဟု ဟောတော်မူခဲ့၏။ ကိလေသာကင်းစင်၍ ငြိမ်းအေးခြင်း သဘောတရားကို ဆိုလိုသည်။ “နိဗ္ဗာန = နိဗ္ဗာန်”ဟူသော ဝေါဟာရနောက်သို့ လိုက်၍ နိဗ္ဗာန်ကို လားရောက်ရမည့် ဘုံဌာန၊ သွားရောက်ရမည့် ခရီးဆုံးပန်းတိုင်ဟု အမှတ်မှားတတ်၏။ ထာဝရအတ္တ၏ ပျော်စံရာ ဘုံဌာနဟုပင် အထင်ရောက်သွားတတ်၏။ ထို့ကြောင့် သမုတိသစ္စာကို အကောက်အယူမှား၍ အတ္တဝါဒီ မဖြစ်အောင် သတိထားသင့်ပေသည်။

အချုပ်ဆိုရသော် “သဗ္ဗေ ဓမ္မာ အနတ္တာ” (ဥပ္ပါဒါသုတ်၊ တိကင်္ဂုတ္တရ)ဟု ဘုရားရှင် ဟောတော်မူသည့်အတိုင်း နိဗ္ဗာန်ပါအဝင် မည်သည့်သဘောတရား၊ မည်သည့်သတ္တဝါ၊ မည်သည့်နေရာမှာမှ အတ္တ မရှိပေ။ အရာအားလုံး အနတ္တသာ ဖြစ်၏။ အဝိဇ္ဇာကို ပယ်ခွာပြီး အနတ္တသဘောကို အရိယာဉာဏ်ဖြင့် ထိုးထွင်း၍ ပိုင်ပိုင်နိုင်နိုင် မသိနိုင်ကြသေးမီ သဒ္ဓါတရားဖြင့် ကြားနာမှတ်သား လေ့လာသုံသပ်၍ အနတ္တ သဘောမှန်ကို ဆင်ခြင်နိုင်ကြပါစေကုန်သတည်း။

:)
ရှင်အာစာရ
ဆက်ဖတ်ရန်

Thursday, February 9, 2012

အနတ္တ (၁)

အတ္တမဟုတ်သောကြောင့် အနတ္တမည်၏ဟု  ဖွင့်ဆိုခြင်းသည် အကျဉ်းဆုံးနှင့် အထိမိဆုံး ဖွင့်ဆိုချက် ဖြစ်ပေလိမ့်မည်။ အတ္တနှင့် အနတ္တတို့သည် ဆန့်ကျင်ဘက် အဖြစ်ဖြစ် ဆက်စပ်နေကြ၏။ ဗုဒ္ဓဝါဒသည် အတ္တကို ငြင်းပယ်သည့် အနတ္တဝါဒ ဖြစ်၏။ အတ္တဝါဒသည် သာသနာနှင့် ဆန့်ကျင်သော သာသနဝိပစ္စနိကဝါဒ၊ မှားယွင်းသော မိစ္ဆာဒိဋ္ဌိဝါဒ ဖြစ်၏။ ဗုဒ္ဓစာပေ၌ အနတ္တ၏ ဆန့်ကျင်ဘက်ဖြစ်သော အတ္တနှင့်တွဲ၍ အတ္တနိယကိုပါ တွေ့ရ၏။ အတ္တကို ငါဟုလည်းကောင်း၊ အတ္တနိယကို ငါ့ဥစ္စာဟုလည်းကောင်း မြန်မာမှု ပြုကြ၏။ ဆန့်ကျင်ဘက်ဖြစ်သော အနတ္တသဘောကို ငါမဟုတ်ခြင်း၊ ငါ့ဥစ္စာမဟုတ်ခြင်းဟု နားလည်နိုင်ပေသည်။ အယူမှန် အနတ္တသဘောကို နားလည်ရန်အတွက် ဆန့်ကျင်ဘက်ဖြစ်သော အယူမှား အတ္တကို ရှေးဦးစွာ လေ့လာသင့်၏။

အတ္တဝါဒသည် ကမ္ဘာဦးကပင် တည်ရှိခဲ့ကြောင်း သီလက္ခန် ပါဠိတော် ဗြဟ္မဇာလသုတ်၌ ဖော်ပြထား၏။ ကမ္ဘာပျက်ရာ၌ ကာမဆယ့်တစ်ဘုံမှ ပထမဈာန် ရူပဗြဟ္မာ့ဘုံ သုံးဘုံအထိ မီးကြောင့်ပျက်၏။ နေခုနစ်စင်း ထွက်လာ၍ မီးတောက်ရသည်။ ဒုတိယဈာန် ရူပဗြဟ္မာ့ဘုံ သုံးဘုံအထိ ရေကြောင့်ပျက်၏။ တတိယဈာန် ရူပဗြဟ္မာ့ဘုံ သုံးဘုံအထိ လေကြောင့်ပျက်၏။ ဝေဟပ္ဖိုလ်၊ အသညသတ်နှင့် သုဒ္ဓါဝါသ ငါးဘုံဟူသော စတုတ္ထဈာန် ရူပဗြဟ္မာ့ဘုံ ခုနစ်ဘုံတို့ မပျက်စီးဘဲ ကျန်ခဲ့သည်။ အရူပလေးဘုံလည်း ကျန်ခဲ့သည်။ ကမ္ဘာသည် မီး၊ ရေ၊ လေတို့ကြောင့် ပျက်ပြီးနောက် တစ်စတစ်စ ပြန်လည်၍ စည်ကားလာခဲ့သည်။ ကမ္ဘာပျက်သော်လည်း မသေမပျက်သော အထက်ဗြဟ္မာကြီးတို့မှ အဆင့်ဆင့် ပေါက်ဖွား၍ လူသားတို့ တည်ရှိလာခဲ့သည်။ (ဝိသုဒ္ဓိမဂ်)

ထိုဗြဟ္မာတို့၏ သက်တမ်းသည် ကမ္ဘာများစွာ ရှည်လျား၏။ ဝေဟပ္ဖိုလ် ဗြဟ္မာနှင့် အသညသတ် ဗြဟ္မာတို့သည် မဟာကပ်ငါးရာ အသက်ရှည်ကြ၏။ သုဒ္ဓါဝါသ ငါးဘုံအနက် အဝိဟာ ဗြဟ္မာတို့သည် မဟာကပ်တစ်ထောင် အသက်ရှည်ကြ၏။ အတပ္ပာ ဗြဟ္မာတို့သည် မဟာကပ်နှစ်ထောင် အသက်ရှည်ကြ၏။ သုဒဿာ ဗြဟ္မာတို့သည် မဟာကပ်လေးထောင် အသက်ရှည်ကြ၏။ သုဒဿီ ဗြဟ္မာတို့သည် မဟာကပ်ရှစ်ထောင် အသက်ရှည်ကြ၏။ အထက်ဘဝဂ်ဟု ဆိုအပ်သော အကနိဋ္ဌဘုံသား ဗြဟ္မာတို့သည် မဟာကပ် တစ်သောင်းခြောက်ထောင် အသက်ရှည်ကြ၏။ အာကာသာနဉ္စာယတန၊ ဝိညာနဉ္စာယတန၊ အကိဉ္စညာယတန၊ နေဝသညာနာသညာယတနဟု ဆိုအပ်သော အရူပဗြဟ္မာ့ဘုံတို့၌ အစဉ်အတိုင်း မဟာကပ်နှစ်သောင်း၊ မဟာကပ်လေးသောင်း၊ မဟာကပ်ခြောက်သောင်း၊ မဟာကပ် ရှစ်သောင်းလေးထောင် အသက်ရှည်ကြ၏။ (အဘိဓမ္မတ္ထသင်္ဂဟ)

ကမ္ဘာပျက်ရာ၌ မပါဝင်သော သက်တမ်းရှည်သည့် ဗြဟ္မာကြီး တစ်ဦးသည် အခြံအရံ အပေါင်းအဖော် လိုလားသောစိတ်ဖြင့် “တစ်ခြားသတ္တဝါ တစ်ဦးဦး ရောက်လာလျှင် ကောင်းမည်”ဟု တောင့်တကြံစည်လေ၏။ တိုက်ဆိုင်စွာပင် အခြားဘုံမှ အရင်သက်တမ်းကုန်သော၊ အရင်ကံကုန်သော ဗြဟ္မာအချို့ စုတေကြကာ အခြံအရံ အပေါင်းအဖော် လိုလားသော ဗြဟ္မာကြီး၏ဘုံ၌ ဗြဟ္မာ ပြန်ဖြစ်ကြ၏။ အရင်ရှိနှင့်သော ဗြဟ္မာကြီးသည် နောက်မှရောက်လာသည့် ဗြဟ္မာများငယ်များထက် အရောင်အဝါနှင့် အခြားအရည်အသွေးများ သာလွန်နေသောကြောင့် “ဗြဟ္မာကြီးက အခြားဗြဟ္မာများထက် အစစအရာရာ သာလွန်သည်၊ ဗြဟ္မာကြီး၏ အလိုဆန္ဒအတိုင်း ဖြစ်ပေါ်လာကြရသော နောက်ပေါက်ဗြဟ္မာငယ်များမှာ ဗြဟ္မာကြီး ဖန်ဆင်းလိုက်သည့် သတ္တဝါများ ဖြစ်ကြသည်”ဟု ဗြဟ္မာအားလုံးက လက်ခံယုံကြည်ကြ၏။

ထို့နောက် ကမ္ဘာကြီး ပြန်လည်စည်ကား လာနေစဉ် ဗြဟ္မာငယ်များ စုတေ၍ လူ့ပြည်၌ ဖြစ်ကြ၏။ ဗြဟ္မာ့ပြည်မှ လာခဲ့ကြသော လူသားတို့သည် လောကီအာရုံ ကာမဂုဏ်ကို တပ်မက်သောစိတ် မရှိကြပေ။ ဝသီဟောင်းကြောင့် ဈာန်အဘိညာဏ် ရအောင်ကျင့်၍ ဈာန်အဘိညာဏ်နှင့်သာ မွေ့လျော်နေကြပြီး စုတေကြသောအခါ ဗြဟ္မာကြီး၏ဘုံ၌ ဗြဟ္မာ ဖြစ်ကြပြန်၏။ လူပြည်မှလာသော ဗြဟ္မာတို့သည် အဘိညာဏ် အစွမ်းဖြင့် အတိတ်ကို ဆင်ခြင်ကြည့်သောအခါ သက်တမ်းရှည်သော ဗြဟ္မာကြီး၏ အစွမ်းသတ္တိကို ပို၍ပင် အထင်ကြီး သွားကြ၏။ မသေမပျက် ထာဝရ တည်တံ့နိုင်သော မဟာဗြဟ္မာကြီးဟု ထင်မှတ်သွားကြ၏။ ဗြဟ္မာငယ်များ မွေးသေသံသရာ၌ ကျင်လည်ကြရသော်လည်း မဟာဗြဟ္မာကြီးကား အိုနာသေကင်းသူ၊ ဗြဟ္မာ့ဘုံ၌ ထာဝရ ရှင်သန်နိုင်သူဟု ထင်မှတ်သွားကြ၏။ အစိုးရသော ဣဿရဟု ထင်မှတ်သွားကြ၏။ ဖန်းဆင်းတတ်သူ နိမ္မာနတာဟု ထင်မှတ်သွားကြ၏။ ထိုအချိန်မှစ၍ ခန္ဓာတစ်ခုပြီးတစ်ခု ပြောင်း၍ပြောင်း၍ သံသရာ ကြင်လည်ရသော ဇီဝအတ္တ အသက်ကောင်နှင့် အမြင့်မြတ်ဆုံး ဖန်ဆင်းရှင် ပရမအတ္တဟူ၍ အတ္တနှစ်မျိုးကို လက်ခံလာခဲ့ကြ၏။ (ဗြဟ္မဇာလသုတ်)

ထို့ပြင် ထာဝရဗြဟ္မာကြီးသည် သက်ရှိအားလုံးကို ဖန်းဆင်းသည်၊ သတ္တဝါတို့၏ သန္တာန်၌ အသက်ဇီဝ အတ္တကို ထည့်ပေးသည်၊ ထာဝရအတ္တမှ အသက်ဇီဝကို ဖန်းဆင်းသည်၊ ထာဝရအတ္တ၏ အစိတ်အခွဲများ ဖြစ်ခြင်းကြောင့် သတ္တဝါတို့၏ သာမန်အတ္တသည်လည်း ထာဝရအတ္တကဲ့သို့ပင် တည်မြဲသည်ဟု ယုံကြည်ကြ၏။

ဤကဲ့သို့သော ထာဝရ ဖန်ဆင်းရှင်ကို ယုံကြည်ခြင်းသည် ဣဿရနိမ္မာနမိစ္ဆာဒိဋ္ဌိ မည်၏ (တိတ္ထာယတနာဒိသုတ်၊ တိကင်္ဂုတ္တရ)။
ကံနှင့်သံသရာကို လက်ခံယုံကြည်ကြသည့် အတ္တဝါဒီ အချို့က စိတ်ကို အတ္တဟု ယူဆကြ၏။ အတ္တကောင်ကို ဝိဥာဉ်ဟု ခေါ်ကြသည်။ ဝိဥာဉ်သည် နှလုံးသားထဲ၌ တည်နေသည်၊ မျက်စိဖြင့် မမြင်ရလောက်အောင် သေးငယ်သည်ဟု ယုံကြည်ကြ၏။ အတ္တဝါဒီ အချို့က အတ္တကောင်ကို ရုပ်ဟု ယူဆကြသည်။ ခန္ဓာကိုယ် အနှံ့အပြား၌ အတ္တကောင် တည်နေသည်ဟု ယူဆကြ၏။ ခန္ဓာကိုယ်ကြီးလျှင် အတ္တကြီး၍ ခန္ဓာကိုယ်ငယ်လျှင် အတ္တငယ်သည်ဟု ယူဆကြ၏။ အတ္တဟူသည် ရုပ်လည်းမဟုတ်၊ နာမ်လည်းမဟုတ်သော အစွမ်းသတ္တိထူး တစ်မျိုးသာဖြစ်သည်ဟု ယူဆကြသော အတ္တဝါဒီများလည်း ရှိ၏။

အတ္တဝါဒီတို့သည် အတ္တ၏ အဓိပ္ပာယ်ကို အမျိုးမျိုး ဖွင့်ဆိုကြ၏။ အချို့ကို ဝိသုဒ္ဓိမဂ်၊ ပဋိသမ္ဘိဒါမဂ် အစရှိသော အဋ္ဌကထာ ဋီကာတို့၌ တွေ့နိုင်သည်။ အတ္တ၏ အလိုအတိုင်း သတ္တဝါက ပြုမူရသည်၊ ထိုင်ခြင်း၊ သွားခြင်း၊ စကားပြောခြင်းစသည်ကို ပြုမူရသည်ဟု ဆိုကြ၏ (သယံဝသီ)။ အတ္တသည် သတ္တဝါ၏ သန္တာန်၌ တည်နေသည်၊ အတ္တသည် မပျက်မစီးဘဲ ခန္ဓာပြောင်းကာ သံသရာ ကြင်လည်သည်ဟုလည်း ဆိုကြ၏ (နိဝါသီ)။ အတ္တသည် သတ္တဝါကို စိုးပိုင်သည်၊ သတ္တဝါတို့သည် အတ္တ၏ ကျွန်နှင့်တူသည်၊ သတ္တဝါတို့ ကောင်းမှုမကောင်းမှု ပြုလုပ်ကြသည်မှာ အတ္တ၏ အမိန့်အတိုင်း ဆောင်ရွက်နေကြခြင်း ဖြစ်သည်ဟုလည်း ဆိုကြ၏ (သာမီ)။ အတ္တသည် သတ္တဝါကို စီမံနိုင်သည်၊ အတ္တ၏ စီမံညွှန်ကြားချက်အတိုင်း သတ္တဝါတို့ လိုက်နာ ဆောင်ရွက်ကြရသည်ဟုလည်း ဆိုကြ၏ (အဓိဋ္ဌာယက)။ သတ္တဝါတို့ ပြုမူဆောင်ရွက်မှု မှန်သမျှ အတ္တ၏ လုပ်ဆောင်ချက်သာဖြစ်သည်၊ မြင်ခြင်း၊ ကြားခြင်း၊ သွားခြင်း၊ စားခြင်း စသည်တို့ကို အတ္တက ဆောင်ရွက်သည်ဟုလည်း ဆိုကြ၏ (ကာရက)။ အတ္တသည် အကောင်းအဆိုး ဝေဒနာမျိုးစုံကို ခံစားသည်ဟုလည်း ဆိုကြ၏ (ဝေဒက)။

ခန္ဓာပျက်သော်လည်း မပျက်မစီး တည်ရှိနေသော (နိစ္စ၊ ဓူဝ) အတ္တသည် ခန္ဓာဟောင်း တစ်ခုပျက်လျှင် ခန္ဓာသစ် တစ်ခုသို့ ပြောင်းဝင်၍ ကံ၏အကျိုးကို ခံစားရသည်ဟု အားလုံးသော အတ္တဝါဒီတို့က ယုံကြည်ကြ၏။ အတ္တကို ဖွင့်ဆိုပုံ အမျိုးမျိုး (မတိမ်းမယိမ်း) ကွဲပြားသော်လည်း “အတ္တသည် တည်မြဲ၏”ဟု ယုံကြည်ပုံမှာ အတူတူပင် ဖြစ်၏။

ထိုယုံကြည်ချက်ဖြင့် သံသရာ၌ အတ္တခံစားရမည့် ကောင်းကျိုးကို မျှော်လင့်တောင့်တ၍ ကုသိုလ်ကောင်းမှုများ ပြုလုပ်ဆည်းပူးကြ၏။ ပစ္စုပ္ပန် အကျိုးစီးပွားအတွက်လည်း သတ်ဖြတ်ခြင်း၊ ခိုးဝှက်ခြင်း အစရှိသော အကုသိုလ်မှုများကို ကျူးလွန်ကြ၏။ အတ္တကို အကြောင်းပြု၍ မာန်မာနလည်း ထောင်လွှားကြ၏။ ငါက သူ့ထက်မြတ်သည်၊ ငါ့အတ္တက သူ့အတ္တထက် အရည်အသွေးကောင်းသည် စသည်ဖြင့် မောက်မာကြ၏။ အတ္တကို အကြောင်းပြု၍ တဏှာစွဲ၊ မာနစွဲ၊ ဒိဋ္ဌိစွဲများ ပြင်းထန်လာကြ၏။
ဗုဒ္ဓဘာသာအလိုအရ ဤသို့သော အတ္တဟု ယူမှားခြင်း၊ အတ္တကို တပ်မက်စွဲလမ်းခြင်းနှင့် အတ္တကြောင့် မာန်တက်ခြင်း (ဒိဋ္ဌိ၊ တဏှာ၊ မာန)တို့သည် သံသရာကို ချဲု့ထွင်သည့် ပပဉ္စတရားများ ဖြစ်ကြ၏ (“]တဏှာပပဉ္စသင်္ခါ၊ ဒိဋ္ဌိပပဉ္စသင်္ခါ၊ မာနပပဉ္စသင်္ခါ”}၊ မဟာနိဒ္ဒေသ)။

ဗုဒ္ဓဘာသာ၌ အတ္တကို ငြင်းပယ်သည့် အနတ္တဒေသနာတော်သည် ပဓာနကျသည့် တရားတော် ဖြစ်၏။ နာလည်ရန်လည်း ခက်ခဲ၏။ ဘုရားရှင် ထုတ်ဖော်တော်မူခဲ့သည် တရားထူး အသစ်အဆန်းဟုလည်း ဆိုနိုင်၏။ ဆိုခဲ့ပြီးသည့်အတိုင်း ဘုရားရှင် ပွင့်တော်မမူခင်ကပင် ကံနှင့်သံသရာကို လက်ခံကျင့်သုံး နေခဲ့ကြ၏။ အတ္တရှိခြင်းကြောင့် ကံပြုလုပ်၍ သံသရာ၌ ကျင်လည်ရသည်ဟု ယုံကြည်ခဲ့ကြ၏။ သတ္တဝါတို့၏ ခန္ဓာကိုယ်ထဲ၌ ခန္ဓာပျက်သော်လည်း မပျက်နိုင်သည့် အတ္တကောင် ရှိသည်ဟု ယုံကြည်ခဲ့ကြ၏။ အတ္တကောင် (ဝိဥာဉ်ကောင်၊ လိပ်ပြာကောင်၊ အသက်ကောင်)သည် ခန္ဓာကိုယ်တစ်ခု သေးဆုံးပျက်စီးလျှင် ဘဝသစ် ခန္ဓာသစ်သို့ ဝင်ရောက်သည်ဟု ယုံကြည်ခဲ့ကြ၏။

ထိုသို့ ယုံကြည်ခြင်းသည် မှားယွင်းကြောင်း ဘုရားရှင် မိန့်တော်မူခဲ့၏။ တစ်ဘဝပြီး တစ်ဘဝ ကူးပြောင်းနေသည့် အတ္တကောင် မရှိရုံသာမက ဘဝဟောင်းမှ ရုပ်နာမ်တို့ ဘဝသစ်သို့ ကူးပြောင်းသွားကြသည်လည်း မဟုတ်ပေ။ ဘဝဟောင်းမှ ဘဝသစ်သို့ ရုပ် (သို့မဟုတ်) နာမ် (သို့မဟုတ်) အတ္တကောင် ကူးပြောင်းသည်ဟု မှတ်ယူခြင်းသည် မှားယွင်း၏။ ဤအယူသည် သဿတဒိဋ္ဌိ (တည်မြဲအယူမှား)တစ်မျိုး ဖြစ်၏။ ဘဝဟောင်းနှင့် ဘဝသစ်တို့ ကျိုးကြောင်းဆက်စပ်မှု လုံးဝမရှိဟု မှတ်ယူလျှင်လည်း မှားယွင်း၏။ ဤအယူသည် ဥစ္ဆေဒဒိဋ္ဌိ (ပြတ်စဲအယူမှား)တစ်မျိုး ဖြစ်၏။ အတ္တကောင်သည် ဘဝဟောင်း ဘဝသစ် နှစ်ခုကြား၌ ယာယီနေရသေးသည်ဟု မှတ်ယူလျှင်လည်း မှားယွင်း၏။ ဤအယူသည် အန္တရာဘဝဒိဋ္ဌိ (ကြားဘဝအယူမှား)မည်၏။

လူတို့ ကြုံတွေ့ရတတ်သော နာနာဘာဝ ဝိနာဘာဝ သတ္တဝါတို့သည် ဘဝနှစ်ခု၏ ကြားကာလ၌ ယာယီရှင်သန်နေကြသည့် အန္တရာဘဝသားများ မဟုတ်ကြပေ။ သုံးဆယ့်တစ်ဘုံ ဘဝသံသရာတွင် ပါဝင်သည့် ပြိတ္တာကဲ့သို့သော အပါယ်ဘုံသားများသာ ဖြစ်ကြ၏။ သို့မဟုတ် စတုမဟာရာဇ် နတ်ဘုံတွင် ပါဝင်သော အောက်တန်းစားနတ်များ ဖြစ်ကြ၏။ အောက်တန်းစားနတ်ပင် ဖြစ်သော်လည်း ကမ္မဇိဒ္ဓိ (ကံတန်ခိုး)ကြောင့် ကိုယ်ရောက်ဖျောက်ခြင်း၊ ရုပ်သွင်ထူး ဖန်းဆင်းခြင်း အစရှိသော အထူးအဆန်းများ ပြုလုပ်နိုင်ကြ၏။ စတုမဟာရာဇ် နတ်တို့၏ သက်တမ်းသည် လူတို့အရေတွက်အားဖြင့် နှစ်ပေါင်းကိုးသိန်း ရှည်ကြာ၏ (အဘိဓမ္မတ္ထသင်္ဂဟ)။ သို့ဖြစ်၍ လူသားမျိုးဆက် မြောက်များစွာကြာအောင် အသက်ရှင်နိုင်ကြ၏။ ၎င်းတို့သည် အခြားသော ကာမဘုံသားများကဲ့သို့ ရုပ်နာမ်ခန္ဓာ (ခန္ဓာငါးပါး) အပြည့်အစုံ ရှိကြ၏။ သို့သော် ၎င်းတို့၏ ရုပ်ခန္ဓာ ဖွဲ့စည်းမှု၌ သိမ်မွေ့သည့် သုခုမရုပ်ပါဝင်မှု များလွန်းနေသောကြောင့် ၎င်းတို့ကို လူတို့၏ သာမန်မျက်စိဖြင့် မမြင်နိုင်ပေ။ ၎င်းတို့၏ ရုပ်ခန္ဓာကို မမြင်ရသောကြောင့် ၎င်းတို့ကို ရုပ်မရှိသော နာမ်လောကသားများ၊ ဝိဥာဉ်လောကသားများဟု အထင်မှားတတ်ကြ၏။ အတ္တကောင်၊ အသက်ကောင်၊ ဝိဥာဉ်ကောင်၊ လိပ်ပြာကောင်များဟု အထင်မှားတတ်ကြ၏။

မပျက်စီးဘဲ သံသရာကျင်လည်နေသည့် အတ္တဟု မရှိကြောင်း၊ ကံစွမ်းသတ္တိနှင့် အခြားအကြောင်းတရားတို့ ဖန်တီးအပ်သည့် ရုပ်နာမ်အစဉ်သာလျှင် သံသရာလည်နေကြောင်း ဘုရားရှင် ဟောတော်မူခဲ့၏။ ဗုဒ္ဓစာပေ၌ သံသရာ ကျင်လည်သည့် ရုပ်နာမ်ခန္ဓာ အစဉ်ကို မြစ်ရေအလျဉ်နှင့် နှိုင်းစာပြ၏။ မီးလျှံ အစဉ်အတန်းနှင့်လည်း နှိုင်းစာပြ၏ (“နဒီသောတော ဝိယ”၊ “ဒီပဇာလာ ဝိယ”၊ ဓမ္မပဒအဋ္ဌကထာ၊ ဝိဘင်းအဋ္ဌကထာ စသည်)။ ဗုဒ္ဓဘာသာ အလိုအရ ဘဝဟောင်းမှ ရုပ်နာမ်ဟောင်းတို့ ချုပ်ပျောက်သောအခါ ဘဝအသစ်၌ ရုပ်နာမ်အသစ်တို့ ဆက်တိုက်ပင် ဖြစ်ပေါ်လာသည်။ ရုပ်ဟောင်းနာမ်ဟောင်းတို့ ချုပ်ပျောက်မှုသည် ရုပ်သစ်နာမ်သစ်တို့ ဖြစ်ပေါ်ရန် နတ္ထိပစ္စည်း၊ ဝိဂတပစ္စည်း အဖြစ်ဖြင့် ကျေးဇူးပြု၏။ ဘဝဟောင်းမှ ရုပ်နာမ်တို့နှင့် ဘဝသစ်မှ ရုပ်နာမ်တို့သည် အကြောင်းအကျိုး အဖြစ်ဖြင့်သာ ဆက်စပ်မှု ရှိကြ၏။ ရုပ်နာမ်ခန္ဓာတို့ သံသရာလည်ပုံ ကျိုးကြောင်းဆက်စပ်မှု သဘောတရားကို ပဋ္ဌာန်းဒေသနာတော်နှင့် ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်တို့၌ လေ့လာနိုင်ပေသည်။

ဘဝသစ် ရုပ်နာမ်နှင့် ဘဝဟောင်း ရုပ်နာမ်တို့ မြစ်ရေအလျဉ်ကဲ့သို့၊ မီးလျှံအစဉ်အတန်းကဲ့သို့ တစ်ဆက်တည်း ဖြစ်ပုံမှာ သမဏနတ်သား ဝတ္ထု၌ ထင်ရှား၏။ အမျိုးကောင်းသား တစ်ယောက်သည် မြတ်စွာဘုရား သာသနာတော်၌ ရဟန်းပြု၍ ပဋိပတ္တိအကျင့်ကို အားထုတ်၏။ ငါးဝါမြောက် ဝါကျွတ်သောအခါ ပဝါရဏာပြုပြီးလျှင် ဝိနည်းမာတိကာနှင့် နှစ်သက်ရာကမ္မဋ္ဌာန်းကို သင်ယူ၍ တောရဆောက်တည်၏။ ပြင်းစွာ အားထုတ်၏။ မေ့လျော့မည် စိုးသောကြောင့် နေ့ရောညပါ မအိပ်မနေ မပြတ်အားထုတ်၏။ အစာအာဟာရ ကင်းလျက်ပင် အားထုတ်လေရာ ကိလေသာနှင့် စစ်ဆင်ရင်း ကျဆုံးသွား၏။ မဂ်ဖိုလ်ရရန် အကြောင်းဥပနိဿယ အားနည်းသေးသောကြောင့် မဂ်ဖိုလ်မဆိုက်ဘဲ စုတေသွားပြီး တာဝတိံသာ နတ်ပြည်ဝယ် နတ်သမီးများသာရှိပြီး နတ်သားမရှိသေးသော ဗိမာန်တစ်ခု၌ နတ်သားသွားဖြစ်၏။ လူတို့ကဲ့သို့ အမိဝမ်း၌ ပဋိသန္ဓေ မယူရဘဲ အရွယ်ရောက်သော နတ်သားအဖြစ် နတ်ဘုံ၌ ဘွားကနဲ ပေါ်၏။ ဥပပတ်ပဋိသန္ဓေဟု ခေါ်သည်။ နတ်ပဋိသန္ဓေ၏ သဘာဝပင် ဖြစ်သည်။ ထိုနတ်သားသည် ဘဝပြောင်းခဲ့သည်ကို မသိဘဲ ရဟန်းဘဝမှာသာ ရှိသေးသည်ဟု ထင်နေ၏။ သူ့ကိုယ်သူ ရဟန်းဟု ထင်နေ၏။ အခြံအရံ နတ်သမီးများကို ကျောင်းသို့ လာရောက်ဖူးမျှော်ကြသည့် လူဒကာမများဟု ထင်နေ၏။ သို့ဖြစ်၍ နတ်ဝတ်ဖြစ်သော အပေါ်ရုံ ဘွဲ့ဖြူအဝတ်ကို အပေါ်ဝတ်သင်္ကန်းကဲ့သို့ တင့်တယ်စွာ ဝတ်ရုံလျက် မျက်လွှာချနေ၏။ ရဟန်းဘဝမှ နတ်သားဖြစ်လာသူဖြစ်ကြောင်း နတ်သမီးတို့ သိကြ၍ အခြေအနေကို သတိပေးကြ၏။ နတ်ပြည်ဖြစ်၍ ရဟန်းတရား အားထုတ်နေရန် မသင့်တော်ကြောင်း၊ နတ်စည်းစိမ် ခံစားရမည့် အချိန်ဖြစ်ကြောင်း ပြောကြားကြ၏။ နတ်သားသည် မျက်လွှာချလျက်သာ ရှိနေ၏။ နတ်သမီးတို့က နတ်တူရိယာများကို ချီမြှောက်၍ ပြသော်လည်း မကြည့်ပေ။ သို့ဖြစ်၍ နတ်သမီးတို့သည် နတ်သား၏ ရှေ့၌ ကိုယ်လုံးပေါ်မှန်ကြီး ချပေးလိုက်ကြ၏။ နတ်သားလည်း မှန်ထဲက သူ့အရိပ်ကို မြင်လိုက်ရမှ အဖြစ်မှန်ကို သဘောပေါက်သွား၏။ အရဟတ္တဖိုလ်အတွက် ကျင့်ခဲ့သော်လည်း နတ်ချမ်းသာကိုသာ ရသည်၊ ရွှေတံဆိပ်ဆု ရရန်ရည်ရွယ်သော စစ်သားသည် ဆန်တစ်ဆုပ်သာ ဆုရသကဲ့သို့ ဖြစ်၏ဟု စိတ်မချမ်းမသာဖြစ်၍ နတ်ဗိမာန်သို့ မဝင်ဘဲ နတ်သမီး အခြံအရံနှင့်တကွ ဘုရားရှင်ထံသို့ သွား၏။ ဘုရားရှင်ထံမှ တရားတော်ကို နာယူရသောအခါ သောတာပန် ဖြစ်သွား၏။ (အစ္ဆရာသုတ်၊ ဒေဝတာသံယုတ်အဋ္ဌကထာ)။

ဤဝတ္ထု၌ အကြောင်းအကျိုး အဖြစ်ဖြင့်သာ ဆက်စပ်မှုရှိသော ဘဝနှစ်ခုမှ ရုပ်နာမ်ဖြစ်စဉ် ပြောင်းလဲမှု (ဘဝဟောင်းမှ ဘဝသစ်သို့ ပြောင်းလဲမှု)ကို ကာယကံရှင် ကိုယ်တိုင်ပင် မသိလိုက်ပေ။ နတ်တို့၏ ဥပပတ် ပဋိသန္ဓေ၌သာမက လူတို့၏ ပဋိသန္ဓေ၌လည်း ရုပ်သစ်နာမ်သစ်တို့သည် ရုပ်ဟောင်းနာမ်ဟောင်းတို့နှင့် ဖြစ်စဉ်တစ်ဆက်တည်းမှာပင် ရှိကြ၏။ ကြားဘဝ မရှိပေ။

ထိုင်ခြင်း၊ သွားခြင်း၊ စကားပြောခြင်း အစရှိသော အမူအရာတို့မှာလည်း အတ္တဝါဒီတို့ ယုံကြည်သကဲ့သို့ စီမံညွှန်ကြားတတ်သော၊ အစိုးရသော ထာဝရအတ္တကြောင့် ဖြစ်ရသည် မဟုတ်ပေ။ ၎င်းတို့သည် စိတ္တဇရုပ်တို့၏ ဆောင်ရွက်မှုများသာ ဖြစ်ကြ၏။ စိတ္တဇဝါယောဓာတ်ကြောင့် ပြုမူလှုပ်ရှားမှုများ ဖြစ်ပေါ်၏ (“အဘိက္ကမာဒိပ္ပဝတ္တကစိတ္တသမုဋ္ဌာနာ, ဝါယောဓာတု”၊ ဝိသုဒ္ဓိမဂ်မဟာဋီကာ၊ ဓမ္မသင်္ဂဏီ)။

ခံစားမှုသည်လည်း အတ္တနှင့် မဆိုင်ပေ။ ခံစားသည့် အတ္တဟူ၍ မရှိပေ။ အကြောင်းတိုက်ဆိုင်လျှင် ခံစားမှု ဖြစ်ပေါ်၏။ ဝေဒနာသည် အတ္တမဟုတ်။ ဝေဒနာသည် ပရမတ္ထသဘာဝ စေတသိက်တစ်ခုသာ ဖြစ်၏ (“ဖဿ ပစ္စယာ ဝေဒနာ”၊ မဟပဓာနသုတ် စသည်)။

(ဆက်ရန် . . . . .)
:)
ရှင်အာစာရ
ဆက်ဖတ်ရန်

Saturday, February 4, 2012

gmail ကနေ လာမယ့်အချိန်တခု(ဥပမာ-မနက်ဖန်)ကို ကြိုတင်ပြီး မေးလ်ပို့ချင်ရင်

Gmail အပါအ၀င်တစ်ခြား free service ပေးထားတဲ့ mail တွေထဲမှာ
ဥပမာ ကိုယ် mail ပို့ချင်တဲ့လူတစ်ယောက်ဆီကိုပို့မယ့် mail ကို
ပြင်ဆင်ထားပြီးပြီ။ ဒါပေမယ့် အခုမပို့ချင်သေးဘူး။နောက် တစ်နာရီ
နှစ်နာရီကြာမှ ဒါမှမဟုတ်နောက်တစ်ရက်နှစ်ရက်ကြာမှပို့ချင်တယ်။
ကိုယ်ပို့မယ့် date and time ကို save လုပ်ထားမယ်။ အဲဒီအချိန်ကျရင်ကိုယ်
online မှာ မရှိလဲသူ့ဘာသာသူပို့ပေးမယ့် mail အမျိုးအစားရှိပါသလားခင်ဗျာ။ Email ပိြု့ပီးဖြေကြားပေးပါခင်ဗျာ။


လေးစားစွာဖြင့်
Htoo Thet Zaw B.A (Eng)
SGS (Myanmar)Limited
htoothetzaw20@gmail.com

ဖြေပေးလိုက်ပါတယ်။အဆင်ပြေမယ်ထင်ပါတယ်။
ကျွန်တော်တို့ gmail ကနေ မေးလ်တွေပို့တဲ့အခါ မေးလ်က ချက်ချင်းရောက်သွားပါတယ်။အခုနည်းလေးက အဲလို ချက်ချင်းမရောက်စေဘဲ ကိုယ်လိုချင်တဲ့အချိန် ရက် နာရီမိနစ်အတိအကျမှာ ရောက်ရှိစေမယ့်နည်းလမ်းဖြစ်ပါတယ်။
ဥပမာ မနက်ဖန် ချစ်သူရဲ့မွေးနေ့ဆိုပါတော့...ကိုယ်ကမနက်ဖန်မှာ မနက်ပိုင်းက မအားဘူး။စာကိုလဲကြိုမပို့ချင်ဘူး။
သူအသုံးပြုနိုင်တဲ့အချိန်ကျမှ ပို့ချင်တယ် အဲ့အခါမျိုးမှာ အခုနည်းလေးကို အသုံးပြုနိုင်ပါတယ်။
လုပ်ပုံလုပ်နည်းက ပထမဆုံးအနေနဲ့ အောက်ကလင့်လေးကိုသွားပြီး install လုပ်လိုက်ပါ။

http://www.boomeranggmail.com/

install boomerang ဆိုတဲ့အနီရောင်လေးကို ကလစ်ပေးလိုက်ပါ။allow>install>restart firefox အဆင့်ဆင့်လုပ်သွားလိုက်ပါ။
ဒါဆို စပြီးအသုံးပြုနိုင်ပါပြီ။
ပထမဆုံးကိုယ့်gmail ကို ၀င်လိုက်ပါ။ပြီးရင် compose mail ကနေ ပုံမှန်အတိုင်းကိုယ်ပို့ချင်တဲ့သူဆီ နာမည်ရေးပြီး ရေးချင်တာရေးလိုက်ပါ။


အားလုံးရေးပြီးပီဆိုရင် ပုံထဲကအတိုင်း send later ကို နိုပ်လိုက်ပါ။ကိုယ်ပို့ချင်တဲ့အချိန် ရွေးပေးပါ။အချိန်အတိအကျပို့ချင်တယ်ဆိုရင်တော့ ရက်စွဲ အချိန်သေချာဖြည့်ပြီးလဲ ပေးပို့နိုင်ပါတယ်။
ပြီးရင် Confirm လုပ်ပေးလိုက်ပါ။ပထမဆုံးအကြိမ်မှာ စာတခုတက်ပါမယ်။ Allow လုပ်ပေးလိုက်ပါ။
ဒါဆိုရင် ကိုယ့်ရဲ့မေးလ်ကို  သတ်မှတ်ထားတဲ့အချိန်မှာ သင့်မိတ်ဆွေဆီ ပို့ပေးပါလိမ့်မယ်။

ဒါကတော့ပို့လိုက်တဲ့စာကို စစ်ဆေးချင်ရင်ဖြစ်ဖြစ် ဖျက်ချင်ရင်ဖြစ်ဖြစ် အချိန်ပြန်လည်သတ်မှတ်ချင်ရင်ဖြစ်ဖြစ်
Manage scheduled messages ကနေ ၀င်ရောက်ပြင်ဆင်နိုင်ပါတယ်။
ဒီ boomerang ကို ပထမဆုံးအသုံးပြုတဲ့လမှာ တစ်လတိတိ အကန့်အသတ်မရှိအသုံးပြုနိုင်ပါတယ်။
နောက်လများမှာတော့ basic plan အနေနဲ့ တစ်လကို ဆယ်စောင်ပို့ခွင့်ရှိမှာဖြစ်ပါတယ်။
တကယ်လို့ပိုမိုအသုံးပြုချင်တယ်ဆိုရင်တော့ Buy a subscription ကနေ ၀ယ်ယူနိုင်ပါတယ်။
Refer a friend ကနေ သူငယ်ချင်းဖိတ်ခေါ်ပေးရင် တခြားအကျိုးကျေးဇူးများရရှိနိုင်ပါသေးတယ်။
ကျွန်တော်တော့ ချစ်သူဆီကို စမ်းပို့ပြီးပီ။ကျွန်တော်အိပ်နေတဲ့အချိန် မေးလ်ဝင်လာလို့ ချစ်သူကအံ့သြသွားတယ်ခင်ဗျ။ပြီးတော့ဝမ်းသာသွားတယ်။သူငယ်ချင်းတို့လဲ စမ်းသပ်ကြည့်နော်။
မြန်မာနိုင်ငံကတော့ အဆင်ပြေရဲ့လား သေချာမသိပါဘူး။စမ်းကြည့်ပေါ့နော် အလကားရတာဘဲ ဟုတ်ဖူးလား...
ဆက်ဖတ်ရန်

Friday, February 3, 2012

ကွန်ပျူတာစဖွင့်လိုက်ရင် သီချင်းဗီဒီယိုတွေ ကိုအော်တို ပွင့်စေချင်ရင်

မိမိကွန်ပျူတာကို စဖွင့်လိုက်တဲ့အခါ သီချင်းဖြစ်ဖြစ်ဗီဒီယိုဖြစ်ဖြစ် ဒါမှမဟုတ် တခြားprogramတစ်ခုခုဖြစ်ဖြစ် လိုက်ရှာဖွင့်စရာမလိုဘဲ အော်တိုပွင့်စေချင်ရင်
ပထမဆုံး ကိုယ်ဖွင့်ချင်တဲ့ သီချင်းဗီဒီယိုကို right click ထောက်ပြီး create shortcut လုပ်လိုက်ရင် shortcut လေးရလာပါလိမ့်မယ်။ရလာတဲ့shortcut ကို cut လုပ်လိုက်ပါ။တခြားဖွင့်ချင်တဲ့ programတွေရှိရင်လဲ အလွယ်ဆုံးကတော့ desktop ပေါ်ကိုအရင်ရွှေ့ပြီး shortcut ရအောင်လုပ်ပါ။ပြီးရင် cut လုပ်ပါ။







ဒုတိယအနေနဲ့ ပုံထဲကအတိုင်း All programs ထဲမှ Startup ဆိုတဲ့ folder လေးကို rightclick ထောက်ပြီး open လိုက်ပါ။ပွင့်လာတဲ့ folder ထဲကို ခုနက cut လုပ်လာတဲ့ shortcut ကို Paste လုပ်ပေးပါ။
မိမိစက်ကိုပိတ်ပြီး ပြန်ဖွင့်လိုက်တာနဲ့ ကိုယ်ပွင့်စေချင်တဲ့ program လေးက အော်တို ပွင့်လာမှာဖြစ်ပါတယ်။
ဆက်ဖတ်ရန်

Thursday, February 2, 2012

နားမဲဂေါ့ရှ် ရေးသားသည်

 
ဖေဖော်ဝါရီ (၁)ရက်နေ့ထုတ် စထြိတ်တိုင်းမ် သတင်းစာ (စင်္ကာပူ) မျက်နှာဖုံး သတင်းဆာင်းပါးကို ဖတ်ကြည့်ဖြစ်ခဲ့ပါတယ်။

*****

နားမဲ ဂေါ့ရှ်
ဘန်ကောက်သတင်းထောက်
၁ ဖေဖော်ဝါရီ၊ ၂၀၁၂

-----

ဒေသတွင်းမှာ စီးပွားရေးသမားတွေ မျက်စိကျတဲ့ နောက်ဆုံးနေရာကတော့ မြန်မာ ဖြစ်ပါတယ်။ လမ်းတိုင်းဟာ မြန်မာဆီ ဦးတည်နေသလိုပါပဲ။

အရင်က တင်းတင်းကြပ်ကြပ် ချုပ်ကိုင်ထားတဲ့ စီးပွားရေးကို အစိုးရက ဖွင့်ပေးလိုက်ပြီး ပြုပြင်ပြောင်းလဲရေးကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတဲ့ အတွက်ကြောင့်၊ နောက်ပြီးတော့ အနောက်နိုင်ငံ တစ်ချို့ကလည်း အရေးယူ ဒဏ်ခတ်ပိတ်ဆို့တာတွေ လျှော့ပေးလိုက်တဲ့ အတွက်ကြောင့် အမေရိကန်၊ ဂျာမဏီနဲ့ ဂျပန်အပါအ၀င် နိုင်ငံတကာက စီးပွားရေးသမားတွေဟာ အခွင့်အလမ်းသစ် ရှာဖို့ မြန်မာနိုင်ငံမှာ စုရုံးရောက်ရှိနေကြပါတယ်။

ရန်ကုန်က ဟိုတယ်တွေမှာ ဧည့်သည်တွေ ပြည့်နေတာ၊ အိမ်ခြံမြေ ဈေးကွက်  ထိုးတက်သွားတာ၊ အိမ်ငှားခ ဈေးတက်သွားတာတွေဟာ အခုဆိုရင် သီတင်းပတ် အတော်ကြာသွားပါပြီ။ နိုင်ငံခြားသားတွေ စုပြုံဝင်ရောက် လာနေကြလို့ ဖြစ်ပါတယ်။ စွမ်းအင်ရှာဖွေရေး၊ ဓာတ်သတ္တု တူးဖော်ရေးတွေကနေ ခရီးသွားလုပ်ငန်း၊ ကြေးနန်းဆက်သွယ်ရေး လုပ်ငန်းတွေအထိ ပွင့်လင်းလာနိုင်တဲ့အတွက် စီးပွားရေးသမားတွေ အခွင့်အလမ်း ရှာနေကြတာပါ။

“မြန်မာနိုင်ငံမှာ စလုပ်ရမှာတွေထဲက အစပဲ ရှိပါသေးတယ်။ အရဲစွန့်စရာတွေ ရှိနေတာ သိသာပါတယ်။ ဒါပေမယ့် ပြောင်းလဲမှု အရှိန်အဟုန် မြင့်နေတာလည်း ရှင်းပါတယ်”လို့ စင်္ကာပူမှာရှိတဲ့ အာရှအလယ်ပိုင်းရေးရာ အကြံပေးအဖွဲ့ ခေါင်းဆောင်ဖြစ်သူ နားမဲ ဘခက်တန်က သုံးသပ်ပါတယ်။

ကမ္ဘာတစ်ဝှန်းက စီးပွားရေးလုပ်ငန်းရှင်တွေ လာရောက်တဲ့ အရေအတွက် တိုးနေတာဟာ အပြောင်းအလဲ အရှိန်အဟုန် မြင့်နေတာရဲ့ သက်သေသာဓကပါပဲ။

ဒီလထဲမှာပဲ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ သွားရောက်လည်ပတ်ဖို့ ရှိပါတယ်။ အရင်လကလည်း သန်းကြွယ်သူဋ္ဌေးကြီး ကျော်စိုးရိုးစ် သွားရောက်လည်ပတ်ခဲ့ပါတယ်။ ပရဟိတလုပ်ငန်းအတွက် ရုံးဖွင့်မယ်လို့ သူဋ္ဌေးကြီးက ဆိုပါတယ်။ မနှစ် ဒီဇင်ဘာတုန်းကလည်း ဂျာမနီက အကြီးဆုံးဘက်ကြီးရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ အစိုးရ ရင်းနှီးမြှုပ်နှံရေး အဖွဲ့တို့ သွားရောက်လည်ပတ်ခဲ့ပါသေးတယ်။ ဟစ်တာချီ၊ တိုရှိဘာ၊ (. . . . . နာမည် မကြားဖူးတဲ့) ကုမ္ပဏီတွေက ဂျပန်အဖွဲ့လည်း သွားရောက်လည်ပတ်ခဲ့ပါသေးတယ်။

အလှမ်းကွာဝေးတဲ့ နော်ဝေး၊ ဘရာဇီး၊ ရုရှား ရင်းနှီးမြှုပ်နှံသူတွေကတောင်မှ မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍကို စိတ်ဝင်စားနေကြပါတယ်။ အိမ်နီးချင်း နိုင်ငံတွေ ဖြစ်ကြတဲ့ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းတို့ကလည်း ကုန်စည်ပြပွဲတွေ လုပ်ခဲ့ကြပါတယ်။ အခြေခံအဆောက်အဦး စီမံကိန်းတွေကိုလည်း လေ့လာခဲ့ကြပါတယ်။

ဆန့်ကျင်ဝေဖန်သူတွေတောင် အံ့သြရလောက်အောင် မြန်မာအစိုးရ ခြေလှမ်းသွက်သွက်နဲ့ တဟုန်းထိုး ဆောင်ရွက်နေတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြန်လည်ပုံဖော်မှုရဲ့ နောက်ဆက်တွဲအဖြစ် ဒီလို စိတ်ဝင်စားမှုတွေ ဖြစ်လာတာပါ။ တနင်္လာနေ့က စထြိတ်တိုင်းနဲ့ သီးခြားတွေ့ဆုံ မေးမြန်းတဲ့အခါမှာ ပြုပြင်ပြောင်းလဲရေးတွေ ဆက်လုပ်မယ်၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရှင်သန်ထွန်းကားတဲ့အထိ ကြိုးစားမယ်လို့ ဦးသိန်းစိန်က ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာ တော်တော်ကောင်းပါတယ်။ အာရှမှာ စီးပွားရေး ရှေ့တန်းရောက်တဲ့ နိုင်ငံတစ်ခု ဖြစ်လာနိုင်ပါတယ်။ သဘာဝ သယံဇာတ ကြွယ်ဝပါတယ်။ လူငယ်လုပ်သား အင်အားလည်း ကောင်းပါတယ်။ တစ်ခြား စွမ်းရည်ကောင်းတွေလည်း အများကြီး ရှိပါတယ်။ ဒါတွေကို နိုင်ငံအကျိုးစီးပွားအတွက် အသုံးချနိုင်မယ်၊ ကမ္ဘာ့စီးပွားရေးထဲ ၀င်ဆန့်နိုင်မယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာ ကောင်းပါတယ်”လို့ အရင်လ စောစောပိုင်းကမှ မြန်မာနိုင်ငံက ပြန်လာခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့ ကိုယ်စားလှယ်ဖြစ်သူ မီးရဲ ကားယားဆူးလူးက ဆိုပါတယ်။

လူဦးရေ ၆၂သန်းရှိတဲ့ နိုင်ငံမှာ အခွင့်အလမ်းက တကယ့်ကို ကြီးကြီးမားမား ရှိနေပါတယ်။ ဓာတ်ငွေ့အပိုအလျှံလိုမျိုး သဘာဝ သယံဇာတ အရင်းအမြစ် ကြွယ်ဝတယ်၊ လူငယ်လုပ်သားအင်းအား တောင့်တင်းတယ်၊ ခရီးသွား လုပ်ငန်းနဲ့ အခြေခံအဆောက်အဦး ဖွံ့ဖြိုးမှုတွေမှာလည်း အခွင့်အလမ်းကောင်းတွေ ရှိတယ်လို့ မြန်မာနိုင်ငံ ကိုယ်တိုင်ကလည်း ဂုဏ်ယူဝင့်ကြွား ပြောလေ့ရှိပါတယ်။

ဒါပေမယ့် မစ္စတာ ဘခက်တန် ထောက်ပြသလိုပါပဲ။ ဆယ်စုနှစ် တော်တော်များများကြာအောင် စစ်အာဏာရှင်စနစ် ကြီးစိုးခဲ့ရာကနေ ထွက်မြောက်ခါစ နိုင်ငံမှာ စီးပွားရေး လုပ်မယ်ဆိုရင် အရဲစွန့်စရာတွေ အများကြီး ရှိနေပါသေးတယ်။

ပြဿနာတွေထဲမှာ ပါဝင်နေတာတွေက . . . စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေပါတယ်၊ ဈေးကွက်က တော်တော့်ကို ကျဉ်းပါတယ်၊ နိုင်ငံခြားငွေလဲနှုန်း မသတ်မှတ်ရသေးပါဘူး၊ မီးခဏခဏ ပျက်နေပါတယ်၊ အနိမ့်ဆုံးလစာ မသတ်မှတ်ရသေးပါဘူး၊ ကျန်းမာရေးကဏ္ဍနဲ့ ပညာရေးကဏ္ဍတွေလည်း ယိုးယွင်းပျက်စီးနေပါတယ်။ ဒီနေ့ခေတ် မြန်မာလူငယ်တွေဟာ အသက်ခြောက်ဆယ်ဝန်းကျင် လူကြီးတွေလောက် အင်္ဂလိပ်စကား မပြောတတ်ကြပါဘူး။

“စီးပွားရေးသမားတွေ မျက်စိကျနေတာ မှန်ပေမယ့် ငွေကြေးအလုံးအရင်းနဲ့ ရင်းနှီးမြှုပ်နှံတာတော့ မရှိသေးပါဘူး။ သွားရောက်လည်ပတ်ကြတယ်။ အလားအလာကောင်းတယ်လို့ အသိအမှတ်ပြုကြတယ်။ ဒါပေမယ့် သတိထားနေကြရတယ်”လို့ သြစတြေးလျ မက္ကရီတက္ကသိုလ်က မြန်မာ့ဓနစောင့်ကြည့်လေ့လာရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ပါမောက္ခ ဆီတာနဲက မှတ်ချက်ချပါတယ်။

တိုးတက်ဖို့ အတားအဆီးတွေထဲက တစ်ခုကတော့ တရားဝင်ငွေလဲနှုန်းနဲ့ မှောင်ခိုဈေးကွက်က ငွေလဲနှုန်း အကြီးအကျယ် ကွာဟနေတာ ဖြစ်ပါတယ်။ တရားဝင်နှုန်းက အမေရိကန် တစ်ဒေါ်လာကို ခြောက်ကျပ်ခွဲ သတ်မှတ်ပါတယ်။ မှောင်ခိုဈေးကွက်မှာ ရှစ်ရာကျပ် ရှိပါတယ်။ ဒီလို ကွာဟမှုက ကုန်သွယ်စီးပွား လုပ်ငန်းကို ရှုပ်ထွေးစေပါတယ်။

နောက်တစ်ခု အရေးကြီးတာက အလုပ်သမားရေးရာ ဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ လိုပါတယ်။ အလုပ်ရှင်ကိုရော အလုပ်သမားကိုပါ အကာအကွယ်ပေးနိုင်တဲ့ ဥပဒေ ဖြစ်ရပါမယ်။ ကုန်သွယ်ရေးသမဂ္ဂ ဖွဲ့စည်းခွင့်ပေးမယ့် ဥပဒေသစ်ကလည်း အသက်မ၀င်သေးပါဘူး။ ဥပဒေကို အဆုံးမသတ်နိုင်သေးလို့ပါ။ ဒီ သီတင်းပတ်တွေ အတွင်းမှာတော့ အဆင်သင့် ဖြစ်လာနိုင်ပါတယ်။ အလုပ်သမားရေးရာ ပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့် ဥပဒေကလည်း တန်းလန်းပဲ ရှိပါသေးတယ်။

နိုင်ငံတွင်းမှာ ကျွမ်းကျင်လုပ်သား မလုံလောက်တဲ့ ပြဿနာ ဖြစ်လာနိုင်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ခိုင်မာလာလို့ အလုပ်သစ်တွေ ရှိလာမယ် ဆိုရင်တော့ စင်္ကာပူ အပါအ၀င် ပြည်ပမှာ အလုပ်လုပ်နေကြတဲ့ နိုင်ငံသားတွေ ပြန်လာနိုင်ပါတယ်။ အသွင်ကူးပြောင်းမှုဟာ သဲထဲရေသွန် ဖြစ်သွားနိုင်တယ်လို့ သံသယနဲ့ စောင့်ကြည့်နေသူတွေကတော့ သတိပေးကြပါတယ်။

ဒါပေမယ့် အစိုးရဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတယ်လို့ ဆန်းစစ်ဝေဖန်သူတွေက မှတ်ချက်ချပါတယ်။ ငွေလဲနှုန်း သတ်မှတ်ဖို့အတွက် ဗဟိုဘဏ်ကို အာဏာပေးအပ်ဖို့ စီစဉ်နေတာ၊ ကုန်သွယ်ရေး ဈေးကွက်ကို ပုံဖော်ဖို့ လုပ်နေတာတွေ ရှိတယ်လို့ ဆိုပါတယ်။

“ထိပ်တန်း ခေါင်းဆောင်တွေဟာ အမှန်အကန်ကို ကြိုးစားနေကြပါတယ်။ အမြန်ဆုံး ဖြစ်လာအောင် လုပ်ချင်နေကြပါတယ်”လို့ ပါမောက္ခ ဆီတာနဲက သုံးသပ်ပါတယ်။

အခု နိုင်ငံတော်ခရီးစဉ်တစ်ခု အနေနဲ့ စင်္ကာပူရောက်နေတဲ့ ဦးသိန်းစိန်ဟာ ဒီသီတင်းပတ်ထဲမှာပဲ စင်္ကာပူနဲ့ နားလည်မှုစာချွန်လွှာကို လက်မှတ်ထိုးခဲ့ပါတယ်။ ဥပဒေကိစ္စ၊ ဘဏ်လုပ်ငန်း၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းတွေ ပါဝင်တဲ့ အခန်းကဏ္ဍ တော်တော်များများက မြန်မာအရာရှိတွေကို စင်္ကာပူက လေ့ကျင့်သင်ကြားပေးဖို့ သဘောတူခဲ့ကြပါတယ်။

မစ္စတာ ဘခက်တန်က အခုလို ထောက်ပြဝေဖန်ပါတယ်။
“ဒီအခြေအနေတွေဟာ တရုတ်နဲ့ ဗီယက်နမ်မှာ စဖွင့်ခဲ့တုန်း တွေ့ခဲ့ရတာတွေနဲ့ အတူတူပါပဲ။
ဒါတွေဟာ ပြဿနာတွေဆိုတာ မှန်ပါတယ်။ ဒါပေမယ့် မဖြေရှင်းနိုင်မယ့် ပြဿနာတွေတော့ မဟုတ်ပါဘူး။
အရေးယူ ဒဏ်ခတ်မှုတစ်ချို့ လျှော့ချလိုက်တာ၊ စီးပွားရေးနဲ့ နိုင်ငံရေး ပြန်လည်ပုံဖော်လာတာတွေနဲ့အတူ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ဟာ သိပ်မကြာခင်မှာပဲ ပိတ်ပင်တားဆီးလို့ မရအောင် ဖြစ်လာပါလိမ့်မယ်။”

-----
Comment:
သတင်းစာ ဖတ်နေကျ မဟုတ်တော့ ဝေါဟာရတွေ၊ ဘာသာရပ်တွေနဲ့ ရွာလည်လည် သွားပါတယ်။
နားမလည်တာတွေကို ရမ်းချလိုက်ရပါတယ်။
ဖတ်ရင်းဖတ်ရင်း နားမလည်ဘဲ မျက်စိလည်သွားရင် ဗွေမယူကြပါနဲ့။

:)
ရှင်အာစာရ
ဆက်ဖတ်ရန်

Wednesday, February 1, 2012

အသိပေးခြင်း

ကျွန်တော်အွန်လိုင်းမှာလျှောက်ကြည့်ရင်း ဒွေးမယ်လ်နော်(ဧကရီ)ဆိုဒ်မှာ ကျွန်တော်တို့နန်းတော်မှ ပို့စ်များကို ဘာအညွှန်းမှမပေးဘဲ တင်ထားတာကို တွေ့ရပါတယ်။အောက်မှာကြည့်ပါ။



ပုံထဲအတိုင်းကူးယူထားတာတွေ့ပါတယ်။ဆိုဒ်လိပ်စာတော့မပေးတော့ပါဘူး။စာတွေဖတ်ရင်းနဲ့ တချို့စာတွေက ယောကျာ်းလေးရေးတဲ့သဘောဖြစ်နေပါတယ်။အဲဒါကြောင့်ဒီဆိုဒ်က မဒွေးမယ်လ်နော်ကိုယ်တိုင်ရေးတာလား ဒါမှမဟုတ် ကိုလမ်းမဲ့ဆိုသူရေးတာလား သေချာမသိပါ။ဒါကြောင့် နန်းတော်မှပို့စ်များကို အများအကျိုးအတွက် ကူးယူဖော်ပြမယ်ဆိုပါက ခွင့်ပြုပါတယ်။ဒါပေမယ့် အညွှန်းလေးတော့ ပေးစေလိုပါတယ်။သူများစာပေများကို
လိုက်ကူးဖော်ပြပြီး ကိုယ်ပိုင်သလိုလုပ်ရင် မကောင်းပါဘူး။နန်းတော်အနေနဲ့ ရေးသားသောပို့စ်များအားလုံး အမှားအယွင်းရှိခဲ့သော် ကျွန်တော်တို့စာရေးသူများမှာသာ တာဝန်ရှိပါတယ်။အဲ့အတွက်လဲ တာဝန်ယူမှာပါ။
နောက်ဆုံးအနေနဲ့ မဒွေးမယ်လ်နော်ဆိုဒ်အနေဖြင့် ကူးယူဖော်ပြမယ်ဆိုရင်လဲ အညွှန်းထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။နောက်ပီး အကြင်နာနန်းတော်နဲ့ ထပ်မံမပတ်သတ်ရန် အကြံပြုပါတယ်။ယခုလို အတိအလင်းအသိပေးထားတဲ့ကြားက ထပ်မံပြီးပြုလုပ်နေပါက လှည်းတန်းဦးထွန်လင်းခြံလမ်းသို့ အိမ်တိုင်ရာရောက်လာပြီး ခင်ပွန်းနှင့်သားသမီးများကို လာရောက်တိုင်ကြားပါမည်။
နောက်တစ်ခုအနေနဲ့ အကြင်နာနန်းတော်မှ ယခင်အဖွဲ့ဝင်ဖြစ်သူ မဧကရီကို နန်းတော်အဖွဲ့မှ လူမှုရေးအရှုပ်အရှင်းများကြောင့် ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်းအသိပေးအပ်ပါသည်။

အွန်လိုင်းတွင် ဟန်ဆောင်ခြင်းလိမ်ညာခြင်းမပြုလုပ်ကြပါနှင့်။
ဆက်ဖတ်ရန်

စလုံး လုံးကြီးတင် ဆံခတ် . . . ဗျူး




အေးအေးချမ်းချမ်း သာသာသာယာနှင့် ခေတ်မီမီ ဖွံ့ဖြိုးတိုးတက်သော . . . . .။

*****

ဖြစ်ကြောင်းကုန်စင်ကို လူသိရှင်ကြား ပြန်လည်ပြောပြရန် သင့်မသင့် အကြိမ်ကြိမ် စဉ်းစားသုံးသပ်ခဲ့ရသည်။ ကာယကံရှင် ဒကာကြီးသည် အကြီးအကဲကြီး ဖြစ်သောကြောင့်တည်း။ အကုသိုလ်မှု၊ ယုတ်မာညစ်ပတ်မှု မဟုတ်၍ ဖုံးကွယ်သိုဝှက်ဖွယ် မရှိဟု နောက်ဆုံး ဆုံးဖြတ်လိုက်သည်။

*****

တရုတ်နှစ်သစ်ကူးရာသီဖြစ်၍ ကျောင်းတိုက်အတွင်းရှိ Sunday School နှင့် Buddhist and Pali College of Singaporeတို့၏ ကျောင်းပိတ်ရက် ဖြစ်သည်။ သို့ဖြစ်၍ ကျောင်းတံခါးကို စောစောပိတ်ခဲ့ကြသည်။ သို့သော် စောလွန်း၍ မကျိန်းကြသေးပေ။ ကျောင်းတိုက်ဂေါပကရုံး၏ ပုံမှန်ပိတ်ချိန်မှာ ည(၉)နာရီခွဲ ဖြစ်၏။ တံခါးပိတ်ပြီး တစ်နာရီခန့် ကြာသည်အထိ ပုံမှန်ပိတ်ချိန်ထက် နာရီဝက် စောနေသေးသည်။ (၉)နာရီသာ ရှိသေး၏။

စာရေးမလား။ စာဖတ်မလား။ ဘာလုပ်မလဲ။ စဉ်းစားနေစဉ် Incoming Call တစ်ခု ၀င်လာ၏။

“ဟ လိုး . . . . .။”

“ဆရာတော် ဦးအာစာရပါလား ဘုရား . . .။”

“အော . . . ဟုတ်ပါ . . . . . ဗျား . . .။”

“တပည့်တော်တို့ . . . သံရုံးကပါ ဘုရား။ ဒကာကြီး . . . သမ္မတကြီးက အရှင်ဘုရားတို့ကျောင်း လာချင်တယ်ဆိုလို့ လာခဲ့ကြတာပါ ဘုရား . . .။ အရှင်ဘုရားတို့ ကျိန်းနေကြပြီလား ဘုရား . . .။”

“အော် . . . မကျိန်းကြသေးပါဘူး . . . ဒကာကြီး။ ခဏနော် . . . တစ်မိနစ် နှစ်မိနစ် . . . ဦးဇင်းတို့ ဆင်းခဲ့မယ်။”

*****

“. . . . .။”

“. . . . .။”

. . . . .

. . . . .

“. . . . . ကျိုင်းတုံမှာတုန်းက သိတာပါဘုရား . . .။ ဆရာတော် စင်္ကာပူကြွလာတဲ့အခါ ဒီကျောင်းမှာ သီတင်းသုံးတယ်လို့ အမိန့်ရှိပါတယ် ဘုရား။

အခုတော့ ဓမ္မဂင်္ဂါဆရာတော်ဆိုပြီး နာမည်ကြီးနေတယ် ဘုရား။”

“. . . . .။”

“. . . . .”

. . . . .

. . . . .

“ကောင်းတာပေါ့ ဘုရား။”

“. . . . .။”

“. . . . .”

. . . . .

. . . . .

“. . . . .။”

*****

“ဟုတ်ပါတယ် ဒကာကြီး။ . . . ဒါပေမယ့် . . . ဗိုလ်ချုပ်မှူးကြီးက နောက်ကွယ်က ကြိုးကိုင်နေတယ်လို့ တစ်ချို့က ထင်နေကြတယ် . . .။”

“ပြောသလောက်လဲ မဟုတ်ပါဘူး ဘုရား . . .။ တပည့်တော်တို့ မြန်မာ့ဓလေ့ထုံးတမ်း ရှိတာပဲ . . .။ ကြီးသူကို ရိုသေကြရတာဟာ တပည့်တော်တို့ စစ်တပ်ရဲ့ အထူးစည်းကမ်း မဟုတ်ပါဘူး . . .။ တစ်နိုင်ငံလုံး ကျင့်သုံးနေကြတဲ့ ယဉ်ကျေးမှုပဲ ဘုရား။ အရှင်ဘုရားတို့ ပိုသိပါတယ်။ တပည့်တော်တို့ နိုင်ငံရေး၊ စစ်ရေးမှာလည်း ဘဘကြီးရဲ့ သြဇာ လုံးလုံးတော့ ကင်းလို့ ဘယ်ရမလဲ ဘုရား . . .။ နှစ်ရှည်လများ တပည့်တော်တို့ရဲ့ အကြီးအကဲ ဖြစ်ခဲ့တာပဲ . . .။”

“ဒကာကြီးတို့ နိုင်ငံတော်အတွက် ကိုယ်ရော စိတ်ရော အပင်းပန်းခံပြီး အားတက်သရော လုပ်နေကြတာ ကြားရသိရတဲ့အတွက် ဦးဇင်းတို့ ၀မ်းသာပါတယ်။ မေတ္တာလည်း ပို့ပါတယ်။ ဟိုတစ်လောက ၀ါရှင်တန်ပို့စ် သတင်းစာနဲ့ လုပ်ခဲ့တဲ့ ဒကာကြီးရဲ့ အင်တာဗျူးကို ဖတ်လိုက်ရတာလည်း သဘောကျပါတယ်။ အခု ဒကာကြီးတို့ စင်္ကာပူမှာ လုပ်ကြကိုင်ကြတဲ့ သတင်းတွေ ဖတ်ရတာလည်း အားရစရာ တော်တော်ကောင်းပါတယ်။

ကဲ . . . လုပ်ကြပါ။ လိမ္မော်သီး စားကြပါ . . .။ ဒီက ယဉ်ကျေးမှု . . .။ နှစ်သစ်ကူး လက်ဆောင်တွေပဲ။ လိမ္မော်သီးတွေ လာလာလှူကြတယ် . . .။”

“အရှင်ဘုရားတို့ကျောင်းမှာ လုပ်နေကြတဲ့ သာသနာပြု လုပ်ငန်းတွေကိုလည်း သံအမတ်ကြီး ပြောပြလို့ . . . . . တပည့်တော်တို့ ၀မ်းသာရပါတယ် ဘုရား . . .။ တပည့်တော်တို့ ဒကာတွေဘက်က လုပ်ပေးနိုင်တာတွေကိုလည်း သံအမတ်ကြီးတို့က အစွမ်းကုန် ကူညီပေးပါလိမ့်မယ် ဘုရား။ အရှင်ဘုရားတို့ လိုတာရှိရင်လည်း ဆရာ-ဒကာ ဆိုသလို ပွင့်ပွင့်လင်းလင်း အမိန့်ရှိကြပါ ဘုရား . . .။”

*****

“ပါဠိကောလိပ် စာသင်ခန်း . . .။ ဓမ္မသင်တန်း စာသင်ခန်းတွေကတော့ ဒီလောက်မကျယ်ဘူး . . .။ ဟိုဘက် . . . တတိယထပ်မှာ။ ဒကာကြီးတို့ အချိန်ရသေးလား။”

“. . . . .။”

“. . . . .”

. . . . .

. . . . .


“လူတွေ ရွတ်ကြတာပါ . . .။

ဟုတ်တယ် . . . ဒကာကြီး။ ငါးရက် အသံမစဲပဲ။”

“. . . . .။”

“. . . . .”

. . . . .

. . . . .

“. . . . .။”

*****

“စောစောကပြောတဲ့ ဗိုလ်ချုပ်မှူးကြီးတော့ အခု ဘာသံမှ မကြားရတော့ဘူးနော် . . .။ ပျောက်နေတယ်။”

“အသက်ကြီးပြီ ဘုရား . . . . . အငြိမ်းစား ဆိုတော့ . . . . .။ တပည့်တော်တို့တောင် ငယ်တော့တာမှတ်လို့ . . . . . စိတ်ဆောင်လို့သာ လုပ်နေကြတာ။ တမင် ပုန်းတာတော့ မဟုတ်ပါဘူး . . .။ လူတွေကလည်း အမြင်မကြည်ကြတော့ တိတ်တိတ် နေလိုက်တာပေါ့ ဘုရား . . .။ သူလည်း အခု တရားဘာဝနာ ပွားများနေတယ် ဘုရား။ အထူးသဖြင့် တိုင်းပြည်ကို မေတ္တာကမ္မဋ္ဌာန်း စီးဖျန်းတယ် ဘုရား။ တပည့်တော်တို့ကိုလည်း မေတ္တာပွားဖို့ ညွှန်ကြားပါတယ် . . .။ တရားနဲ့ မေတ္တာလည်း ပို့မယ်၊ လက်တွေ့အလုပ်တွေလည်း လုပ်ပြမယ်ဆိုရင် ပြည်သူ့မေတ္တာကို ရမှာပဲလို့ တပည့်တော်တို့ ယုံကြည်ကြပါတယ် ဘုရား . . .။ တကယ်တော့ တပည့်တော်တို့လည်း စစ် ဆိုပေမယ့် ဗုဒ္ဓဘာသာတွေပါပဲ . . .။ ဆရာတော်ကြီးတွေရဲ့ အဆုံးအမတွေကိုလည်း ခံယူကြပါတယ် . . .။”

“ဦးဇင်းတို့လည်း . . . ကောင်းတဲ့ အပြောင်းအလဲတွေ ဖြစ်လာပြီး နိုင်ငံလည်း ကမ္ဘာ့အဆင့်မီအောင် တိုးတက်လာဖို့ မျှော်လင့်ပါတယ် . . .။”

“မှန်ပါဘုရား . . .။ ရုတ်တရက်ကြီးတော့ ဖြစ်မလာနိုင်ဘူးပေါ့ ဘုရား . . .။ တိုင်းပြည် ပြောင်းလဲတယ်၊ တိုင်းပြည် တိုးတက်အောင်လုပ်တယ် ဆိုတာလည်း တပည့်တော် တစ်ယောက်တည်း လုပ်လို့လည်း မရ။ အရှင်ဘုရား တစ်ပါးတည်းလည်း မရ။ ဘယ်သူမှ . . . မရ . . .။ ကောင်းတာလုပ်တယ် ဆိုပေမယ့် အဖုအထစ်လေးတွေကတော့ သဘာဝပေါ့ ဘုရား . . .။”

“ဒကာကြီးတို့ရဲ့ စေတနာကောင်း ရလဒ်ကို အားလုံး ရှင်းရှင်းလင်းလင်း မြင်နိုင်ကြမယ့်နေ့ကို ဦးဇင်းတို့ မျှော်လင့်ပါတယ်။

ဒေါ်စုနဲ့ ဒကာကြီးတို့ ဆက်ဆံရေးလည်း တော်တော်ကောင်းနေပုံ ရပါတယ် . . .။”

“မှန်ပါ . . . ဒေါ်စုလည်း တကယ်တော်တဲ့ အမျိုးသမီးပါ . . .။ သူ့လို မျိုးရိုးလည်းရှိ၊ စွမ်းရည်လည်းရှိ၊ သတ္တိလည်းကောင်း၊ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း စေတနာထားတဲ့ . . . တကယ့် ကို . . . . . အမျိုးသမီးမျိုး ကမ္ဘာမှာ ရှားပါတယ် ဘုရား . . .။ ပွင့်ပွင့်လင်းလင်း လျှောက်ရရင် တပည်တော်တို့ထက် တော်တာတွေ အများကြီး ရှိပါတယ်။ ဒီပဲယင်း ကိစ္စလို . . . သူ ကြုံခဲ့ရတာတွေကို တပည့်တော်လည်း တကယ့်ကို စိတ်မကောင်းပါဘူး။ . . . အတိတ်တွေ သင်ပုန်းချေလိုက်ပါပြီ။ ရှေ့ဆက်ကောင်းဖို့ပဲ လုပ်ကြရမှာပါ ဘုရား . . .။”

*****

“ဒကာကြီး . . . ။ လာမယ့် ဧပြီ (၁) . . . April Fool . . . ဟဲ ဟဲ ဟဲ . . . ရွေးကောက်ပွဲလည်း ငြိမ်းချမ်းရေးခြေလှမ်း တိုးတက်ရေးခြေလှမ်း ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ် . . .။”

“ဖြစ်မှာပါ ဘုရား . . .။

ရွေးကောက်ပွဲမှာ ဒေါ်စုပါပြီး လွှတ်တော်ထဲထိ ရောက်လာနိုင်အောင် တပည့်တော်တို့ အလျှော့အတင်း အပြင်အဆင်တွေ လုပ်ခဲ့တာပဲ ဘုရား . . .။”

*****

“. . . . .။”

“. . . . .”

. . . . .

. . . . .


“. . . . .။”

“. . . . .။”

“. . . . .”

. . . . .

. . . . .

“ကောင်းပါတယ် ဒကာကြီး။”

*****

Comment:
February Fool!!

:)
ရှင်အာစာရ
1Feb12

ဆက်ဖတ်ရန်