လွန်ခဲ့သောနှစ်ပေါင်း ၃၀ဝ၀ဝသက်တမ်းရှိ လူသားနွယ်ဝင် ရှေးလူကျောက်ဖြစ်ရုပ်ြွကင်းသစ်တစ်မျိုးကို
သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ကြောင်းသိရသည်။ကျွန်ုပ်တို့၏ဘိုးဘေးလူသားမျိုးနွယ်များအနက်မတွေ့ရှိ
သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ကြောင်းသိရသည်။ကျွန်ုပ်တို့၏ဘိုးဘေးလူသားမျိုးနွယ်များအနက်မတွေ့ရှိ
ဖူးသေးသည့် မျိုးနွယ်သစ်တစ်ခုဖြစ်သည်ဟုပညာရှင်များက သုံးသပ်ခဲ့သည်။Denisovansဟုခေါ်သော ဂူ
အောင်းလူတစ်ဦး၏ သွားနှင့်လက်ချောင်းမှဒီအင်န်အေကို ရယူစစ်ဆေးခဲ့ခြင်းဖြစ်သည်။ ဆိုက်ဘေးရီးယားရှိ
ဂူတစ်ခုတွင်တွေ့ရသောယင်းကျောက်ဖြစ်ရုပ်ြွကင်းအစိတ်အပိုင်းများကိုလေ့လာမှုအရ ယင်းလူသားမျိုးနွယ်
ဝင်မျိုးစိတ်သည် ရေခဲခေတ်နှောင်းပိုင်းခေတ်လူများအဆင့်မြင့်ကျောက်လက်နက်၊ကျောက်မျက်နှင့်

အနုပညာလက်ရာအချို့ ဖန်တီးနိုင်ချိန်တွင်ခေတ်ပြိုင်ရှင်သန်နေခဲ့ကြောင်း ယူဆဖွယ်အထောက်
အထားများတွေ့ရှိခဲ့ရသည်။ တွေ့ရှိမှုအရ ယင်းကာလတွင်ရှင်သန်နေထိုင်သည့်လူသားမျိုးနွယ်စုဝင်များ
မှအနည်းဆုံးထင်ရှားသည့်မျိုးစိတ်သုံးမျိုးရှိနိုင်ပြီး ခေတ်လူ၊ နီယန်ဒါသယ်လူတို့အပြင် ဒန်နီဆိုဗင်
လူပါ ရှိနေခဲ့သည်ဟု သုံးသပ်ခဲ့သည်။X-Woman ဟုအမည်ပေးထားသည့် အမျိုးသမီးငယ်တစ်ဦး၏
ကျောက်ဖြစ်ရုပ်ြွကင်း အရိုးအစိတ်အပိုင်းကို ယခုနှစ် နှစ်ဆန်းပိုင်းတွင်စမ်းသပ်ခဲ့မှုအရပင် မျိုးစိတ်သစ်ဟု
ယူဆရဖွယ်ရှိကြောင်း ပညာရှင်များက သုံးသပ်ခဲ့ပြီးဖြစ်သည်။ယခုအခါ ဒီအင်န်အေအပြည့်အဝစစ်ဆေးအပြီး

တွင် လူသားမိသားစုခက်ဖြာကွဲပြားမှုတွင် တစ်ခုအပါအဝင်အဖြစ် သုံးသပ်ခဲ့ကြခြင်းဖြစ်သည်။၂၀ဝ၄ ခုနှစ်
ကလည်း အင်ဒိုနီးရှားကျွန်းတစ်ကျွန်းတွင် ဟော့ဘစ်ဟုအမည်ပြောင်ပေးထားသော သုံးပေသာရှည်သည့်
လူသားမျိုးနွယ်မျိုးစိတ်တစ်မျိုး၏ရုပ်ြွကင်းကို တွေ့ရှိခဲ့ရဖူးပြီး ယင်းကို အတည်မပြုနိုင်သေးဘဲ အငြင်းပွား
ဖွယ်ရာဖြစ်နေဆဲဖြစ်သည်။
်
(ယခုအပတ်ထုတ် weekly eleven ဂျာနယ်တွင် ဖော်ပြခဲ့သော သတင်းတစ်ပုဒ်ဖြစ်ပါသည်)