ချစ်သူတစ်ယောက်ကို အသဲနှလုံး တစ်ခုထဲနဲ့ ရွေးချယ်မလား၊ ဦးနှောက် တစ်ခုထဲနဲ့ ရွေးချယ်မလား...
ကိုယ့်ဘ၀အတွက် ဘယ်လိုမှ မသင့်တော်တဲ့သူတစ်ယောက်ကို ချစ်တာ တစ်ခုထဲနဲ့ ရွေးချယ်မလား...
ကိုယ်ဘယ်လိုမှ မချစ်နိုင်တဲ့သူ တစ်ယောက်ကို ဦးနှောက်တစ်ခုထဲနဲ့ ရွေးချယ်မလား...
ကိုယ်ကလဲ ချစ်ခင်ပြီး ကိုယ့်ဘ၀အတွက်လဲ သင့်တော်မဲ့သူတစ်ယောက် ကို ရွေးချယ်ရင် အကောင်းဆုံး ဖြစ်မယ်လို့ ယူဆပါတယ် နော်...
ဒီလို ရွေးချယ်ရာမှာ အထောက်အကူလေး ရအောင် ဗေဒင်ပညာနဲ့ ရွေးချယ်နည်းလေးကို တင်ပြပေးလိုက်ပါတယ်...(ဒီနည်းလေးဟာ ချစ်သူ/အိမ်ထောင်ဖက်ရွေးတဲ့နေရာတင် မကပါဘူး၊ အလုပ်အကိုင်မှာရော၊ ပေါင်းသင်းဆက်ဆံရေး မှာ ပါ အသုံးချနိုင်ပါတယ်၊ ကလေးငယ်တစ်ယောက် ကို နာမည် ရွေးချယ်တဲ့ နေရာမှာလဲ အသုံးပြုနိုင်ပါတယ်...)
အသုံးပြုနည်းကတော့ သင် ဘာနေ့သား/သမီးလဲ၊ ဆိုင်ရာ Button လေးကို Click လိုက်ပါ...
ဇယားလေး ပေါ်လာပါမယ်၊ ကိုယ်ရွေးချယ်မဲ့သူ ရဲ့  အမည် အစ နေ့နံ နဲ့ အမည် အဆုံး နေ့နံ ကို ဇယားမှာ ရှာကြည့်လိုက်ပါ...
နေ့နံ တွေကတော့...
- တနင်္ဂနွေ (၁) = အ၊ ဥ၊ ဧ
- တနင်္လာ (၂) = က၊ ခ၊ ဂ၊ ဃ၊ င
- အဂၤါ (၃) = စ၊ ဆ၊ ဇ၊ စ်၊ ည
- ဗုဒၵဟူး (၄) = ယ၊ ရ၊ လ၊ ၀
- ၾကာသပေတး (၅) = ပ၊ ဖ၊ ဗ၊ ဘ၊ မ
- သောကြာ (၆) = သ၊ ဟ
- စနေ (၇) = တ၊ ထ၊ ဒ၊ ဓ၊ န ... တို့ဖြစ်ပါတယ်...
ဥပမာ - (ကျော်သူ= ၂-၆)၊ ဥက္ကာ =၁-၂၊ သူဇာ = ၆-၃၊ ၀တ်ရည်သင်း = ၄-၆ (အလယ်စာလုံး မယူပါ)...
အနီရောင် အကွက် အတွင်းမှာ ကျရောက်နေရင် ကိုယ့်အတွက်သိပ်အဆင်ပြေမှာ မဟုတ်ပါဘူး၊ ကိုယ်က အနစ်နာ ခံရတာ များမယ်၊ ခွဲခွာနေရတတ်တယ်။
အစိမ်းနုရောင် အကွက်ဆိုရင် ကိုယ့်အတွက် သိပ်ထူးထူးခြားခြား ဖြစ်စေမှာ မဟုတ်ပါ။
အစိမ်းရင့်ရောင် အကွက်မှာ ဆိုရင် ကိုယ့်အတွက် အကောင်းဆုံး သူ တစ်ယောက်ပါ၊ ကိုယ့်ကို ကောင်းကျိုးပြုမယ်၊ ကိုယ့်ကို အရမ်းချစ်မယ်၊ သူနဲ့ လက်တွဲရရင် သင့်ဘ၀ အောင်မြင် ပျော်ရွှင် မှာပါ၊ ရွေးချယ်သင့်သူ ဖြစ်ပါတယ်....
တွက်ကြည့်ပါ...
ပျော်ရွှင်ပါစေ...
မှတ်ချက်။ ဗေဒင်တစ်ခုထဲကို ယုံကြည်ပြီး လုပ်တာမျိုးတော့ မဖြစ်စေလိုပါဘူး။
အမှားပြင်ဆင်ချက်။ Wednesday Button မှာ 's' တစ်လုံးပိုသွားပြီး Wednessday ဖြစ်သွားပါတယ်၊ သည်းခံပါခင်ဗျာ...
ဆက်ဖတ်ရန်