ဒီတစ်ခါ သင့်ရဲ့ မွေးချိန်၊ မွေးဒေသ တွေပေါ်မူတည်ပြီး အနောက်တိုင်း ဇာတာခွင် တွက်ပြီး ဗေဒင်ဟောကိန်းတွေ ကြည့်ရအောင်။ အောက်မှာ သင့်ရဲ့ မွေးချိန်/ဒေသ တွေကို မှန်ကန်အောင် ထည့်သွင်းပေးပြီး "Next" ဆိုတာကို နှိပ်လိုက်ရင် စက်ဝိုင်းပုံ အနောက်တိုင်းဇာတာခွင် တစ်ခု ရလာပါမယ်။ စက်ဝိုင်းပုံရဲ့ အပြင်ဘက်က သင်္ကေတတွေက ဂြိုဟ်တွေရဲ့ တည်နေရာကို ဖော်ပြတာပါ။ ASC ဆိုတာက Ascendant လို့ခေါ်တဲ့ (၁)တန့်ဘာဝ (တနုဘာဝ) ကိုဆိုလိုတာဖြစ်ပြီး MC ဆိုတာက မွန်းတည့်မျဉ်း (၁၀-တန့်ဘာဝ) တည်နေရာကို ဖော်ပြတာဖြစ်ပါတယ်။ စက်ဝိုင်းထဲက သင်္ကေတတွေက မိဿ မှ မိန်ရာသီအထိ ရာသီ ၁၂ ခုကို ညွှန်ပြပါတယ်။ စက်ဝိုင်းအတွင်းထဲက မျဉ်းတွေက ဂြိုဟ်တွေ တစ်ခုနဲ့ တစ်ခု ဂြိုဟ်မြင် (Aspect) တွေကို ဖော်ပြရေးဆွဲထားခြင်း ဖြစ်ပါတယ်။ အဲဒါတွေကို နားမလည်ရင်လည်း ကိစ္စမရှိပါဘူး။
စက်ဝိုင်းပုံရဲ့ အပြင်ဘက်က ဂြိုဟ်တွေပေါ်ကို တစ်ခုချင်း Click ကြည့်ရင် အဲဒီဂြိုဟ်နဲ့ ဆိုင်တဲ့ ဟောကိန်းတွေ ဟောပြပါလိမ့်မယ်။ ပြီးရင် အောက်ဆုံးက "Reduce" ဆိုတာကို နှိပ်ပြီးပိတ်ပါ။ ပြီးရင် နောက်ထပ် ဂြိုဟ်တစ်ခုပေါ် Click ပြီး နောက်ထပ် ဟောကိန်း တစ်ခု ထပ်ဖတ်နိုင်ပါတယ်။ ဟောကိန်းတွေက အင်္ဂလိပ်လို ဖြစ်ပါတယ်။ တွက်ကြည့်ပါဗျာ။ ပျော်ရွှင်ပါစေ။ :)
ဆက်ဖတ်ရန်