အကြင်နာနန်းတော် ၏ ရည်ရွယ်ချက်များ


မြန်မာ လူငယ်များအတွက်
၁။ အသုံးဝင်သော ဆော့(ဖ်)၀ဲ များ
၂။ နည်းပညာဆိုင်ရာ စာအုပ်များ (ကွန်ပျူတာ၊ ပရိုဂရမ်၊ ဓာတ်ပုံ နှင့် ဒီဇိုင်း၊ အင်တာနက်၊ အင်ဂျင်နီယာ)
၃။ ဘာသာရေး၊ တရားတော်ဆိုင်ရာ စာအုပ်များ၊ အသံဖိုင် နှင့် ဗီဒီယိုများ
၎။ ၀တ္ထု၊ ကဗျာ၊ ကာတွန်း၊ ဟာသ စာအုပ်များ
၅။ တေးသီချင်းများ (မြန်မာ၊ နိုင်ငံခြား)
၆။ ရုပ်ရှင် နှင့် ဗီဒီယိုများ (မြန်မာ၊ နိုင်ငံခြား)
၇။ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ ဗဟုသုတနှင့်အကြံပြုချက်များ
၈။ သတင်း နှင့် အထွေထွေဗဟုသုတများ
၉။ ဂိမ်းများ
၁၀။ အလှအပ နှင့် ဖက်ရှင် ဆိုင်ရာ ဗဟုသုတ နှင့် အကြံပြုချက်များ
၁၁။ အသုံးဝင်သော ၀က်ဘ်ဆိုက် လိပ်စာများ
ကို မျှဝေပေးရန် ဖြစ်ပါသည်။



အကြင်နာနန်းတော် သို့ လာရောက်သူများအတွက် ပျော်ရွှင်မှု၊ ဗဟုသုတ နှင့် နည်းပညာ တစ်ခုခုတော့ ရရှိသွားစေရပါမည်။

စိတ်တူ၊ ကိုယ်တူ၊ ရည်မှန်းချက်ရှိသူ လူမှုအသိုင်းအ၀ိုင်း (Community) တစ်ခု ဖန်တီးသွားရန် နှင့် မြန်မာလူငယ်များ ပိုမို တိုးတက်အောင်မြင်အောင် အချင်းချင်း ပံ့ပိုးဆောင်ရွက် သွားကြရန် ရည်ရွယ်ပါသည်။


Flash သီချင်းများစုစည်းမှု

ရွှေတိဂုံ အမေ-ထူးအိမ်သင် မ-sample တိတ်တခိုးအချစ်-ရိန်မိုး မ-ပူစူး မင်းကိုသတိရရင် တွဲဖက်အပြုံး-ရိန်မိုး အရမ်းပဲချစ်နေပြီ-ရိန်မိုး လေပြေ ဆု အမေတခုသားတခု အရမ်းပဲချစ် ဘယ်သူမှမကောင်းဘူး ဖြည့်ဆည်းပေးမဲ့သူ ရိုမီယို ဂျူးလီးယက် တောဂေါ်လီ သူလေး ရင်ခုန်ဘက်သို့တမ်းခြင်း ကြွေပါစေ လမ်းမခွဲကြေး မင်းနဲ့ငါနဲ့ မေမေ မင်းအတွက်ပါ သနပ်ခါးချစ်သူ အနီးဆုံးလူ ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေ သင်္ကြန်မိုး အပြစ်မမြင်ပါဘူး ကမ္ဘာအပြင်ဘက် နှလုံးသားရှိတဲ့အရပ် မျောလွှင့်နေတဲ့တိမ် အင်းလေးမှာရွာတဲ့မိုး ငါချစ်တာမင်းပဲ နေညိုရင် ပူစီ ချစ်သူကို ချမ်းမြေ့ပါစေ စိတ်ကူးယဉ်အနမ်းများ နွေဦးကဗျာ မိုးသိပါစေ ဘ၀ချင်းခြားလည်းချစ် ပုဂံဘုရားဖူး မမကြောင့် ညစဉ်ညတိုင်း အလွမ်းမိုး မြူမှောင်ဝေကင်း နှစ်ပါတ်လည် ကောင်မလေး နောက်ဆုံးရင်ခွင် မလွမ်းပဲမနေနိုင်ဘူး လုံးဝမမေ့သေးဘူး အိမ်-ဓီရာမိုရ် လမ်းဆုံ ကိုကိုက အာဇာနည်(၄)ပုဒ်နဲ့address-card တမိုးအောက် ယုံပါရင်သို့ ဒီတညတော့ ဟင့်အင်းအမေကဆူလိမ့်မယ် တခါထဲချစ်ချင်လို့ပါ ထူးဆန်းလွန်းတဲ့အချစ် ပြော ကြွေသူနှစ် ကောက်သူတစ်

မင်းအကြောင်းအိမ်မက် မိန်းမယူရင်စဉ်းစားကျ ချစ်သူရင်ခွင် ၀တ်မှုံ သီချင်းတပုဒ်မင်းဆိုလိုက် We are the world သူ့ကိုကျနော်ချစ်သည် မင်းမုန်းမှာစိုးတယ် မင်းလေးကိုသိပ်ချစ်လို့ မင်းသိလာမယ် ယုံကြည်ပေးပါ မျှော်လင့်မထားတဲ့အချိန် ကလေး လေး ချစ်ရက်နဲ့ ယုံကြည်ခြင်း ဆန္ဒတစုံ အလွမ်း ဖူးစာရှင် သဲသဲလှုပ် ဝေခွဲမရပါလား လိုက်ဖက်တဲ့ဘ၀ ငါ့ရင်ခွင်ကို အဆင်ပြေပါစေ Gtalk သူ ၀န်ခံလိုက်ပါ ရီးစားစာ တခါထဲချစ်ချင်လို့ပါ (၂) မိုး တိုးတိုးလေး ကြည်နူးခွင့် မုန်းမေ့ဖို့မလွယ် မလွယ်ပါကွယ် ကျောင်းသီချင်း ကြိုနေစေချင်တယ် ချစ်ကံဆိုး အပြုံးလေး နတ်သမီး လမင်းသို့ သီချင်းမဲ့ဂီတာ အမောပြေ ဆုတောင်းမယ် ဆုတောင်းမယ်(၂) ဟိုအရင်လို မိုးသည်းထဲမှာ အမေ နင်ပြန်လာခဲ့ ပေးဆပ်ခွင့် အချစ်အတွက်ကံမကောင်းခဲ့သူ ချစ်တယ်ဟုတ် ဖန်သားနန်းတော် ဒို့လည်းလိုက်မယ် မြတ်နိုးသူအတွက် ပုံရိပ်လေး ပြန်တော့ကွယ် အချစ်ကိုသိချိန် မင်းတယောက်သာ မမချစ်လို့မဖြစ် အမြတ်နိုးဆုံး ချစ်ခွင့်ရခြင်ပြီ ခွဲခွာရက်သူ ဘာကြောင့်လဲ အတ္တ စာမျက်နာ ၁၅ မျက်နာများတဲ့မောင် ဒီလမ်းမကြီးရဲ့ ဘေး အင်းယားသို့ နှစ်ပတ်လည်(၂) မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် ပြန်လာပါကွယ် သူသိပါကွယ် All out of love စလုံးကချစ်သူ ပတ်သက်ခွင့်ပြုပါ တကယ့်ပုံပြင် ကောင်မလေး တယောက်သောသူအတွက် မင်း မရေရာဘူး မအေးကိုချစ်လို့ ဆက်ချစ်ခွင့်ပေးပါ ညှို့နှိင်လွန်းတဲ့သူ ခွင့်ပြုတယ်ခွင့်လွှတ်တယ် ကြိုပြီးတောင်းပန်တယ် ရဲလေး သီချင်း ရီးစားထားတဲ့အရွယ် အချစ် = အချစ် သီးသန့်ဖြစ်တည်မူ ကိုကို့စိတ်ကူး မမက တကယ်ဆိုအချစ်ဘဲလိုတယ် ကြယ်ကြွေကောင်းကင် အချစ်များသူ့ဆီမှာ ပြန်တွေးကြည့် ယုံကြည်တော့အချစ် ကောင်ကလေးကကောင်မလေးကို နေရာ တယောက်သော သူ အဆုံးမဲ့ အလွမ်းပြေအနမ်း အလွမ်းဆုလဒ် ဘာဖြစ်ဖြစ်ချစ် မင်းသိလာမယ် 2 ပြန်မဆုံဖြစ်ကျရင် နောက်ဆုံး အမှန်သိခွင့် (ဒိုးလုံး) ချစ်ခွင့်ရချင်ပြီ နှစ်ကိုယ်တူချစ်သမျှ တခါခါ စိတ်လျှော့လိုက် ရိုးရှင်းသောဘ၀ရဲ့ပိုင်ဆိုင်မူ ဓမ္မဒါန လမ်းကြုံရင်ပြောပေးကြပါ StayWithMe ချစ်ခဲ့တာလားရူးခဲ့တာလား BadGirl သန်ခေါင်ယံည နုတ်ဆက်စာ အလွမ်းပြေအနမ်း ၂ ပြန်မဆုံဖြစ်ကျရင်၂ အချစ် နှောင့်ယှက်သူ ပြန်မရဘူး ငါ့ရင်ခွင်ကို ၂ မေ့တော့မေ့သေးဘူး မြတ်ဆုမွန် မကြာခင်မှာကြင်နာမယ် နေချင်တယ်မင်းအနား ဝေးလို့နေမလားမေ့လို့နေမလား ရွှေတိဂုံ(၂) သံယောဇဉ် သံစဉ်တွေနဲ့ချော့သိပ်မယ် ကောင်မလေး နောက်ဆုံးအချစ် မချစ်နဲ့တော့ မျှော်လင့်ခြင်းကွင်းပြင် MyHeartWillGoOn လွမ်းရဲမှ ၀ိရောဓိ အလွမ်းဝင်္ကပါ မင်းတယောက်သာ BeWithYou ကိုယ်မညာချင်တော့ဘူး ဆွေးမြေ့အသဲ သံယောဇဉ် ချစ်သူထားခဲ့တော့ ချစ်ဦးမေ အချိန်တိုင်းပဲ နားလည်ပါ ကြယ် လွန်ပါစေအလွမ်းညတွေ လူလည်အာရှသား ဗုဒ္ဓံ ဓမ္မံ သံဃံ ကြေကွဲရလိမ့်မယ် စိတ်ကူးလွင်ပြင် KissMe မ..ကို မီးအိမ်ရှင် အလွမ်းပြေအနမ်း လွမ်းနေပြီ လွမ်းနေပါတယ် အလွမ်းနိဂုံး မင်းချစ်မှချစ်ပါ့မလား အပြုံးလေး စိုးရိမ်ရတာပေါ့ မျှော်လင့်ခြင်းအဆုံး အပြစ်တခုဖန်ဆင်း ဘ၀ရဲ့လမ်းများ ခွဲခွါခြင်းနေ့ရက်များ ငါတော့မှားပြီ ကိစ္စမရှိဘူး မင်းနဲ့မဆုံသ၍ တို့နှစ်ယောက် ပျော်ပါစေ ဖက်ထားမယ် မ-မရှိတဲ့နေ့ရက်များ တွဲလက်များ ဒီကောင်မလေးအတွက် ရှင်သန်ခြင်းပြဇတ် ရွှေရောင်အရှုံး (အိမ်) နင်သိရဲ့လား နေညိုရင်၂ ငါ့ရဲ့အနား ခိုင်မြဲသောအချစ် ငါ့ရဲ့လမင်း ချစ်လို့ရရန် အလွမ်းပြေအနမ်း၂ မင်းလိုက်ရဲပါစေ သူငယ်ချင်းချစ်သူ အင်းယားလမ်းကပန်းဆိုင် သတိရရ-မရရ အဖြည့်ခံချစ်သူ တိတ်တခိုး နင်မလိုချင်လဲ လမ်းပျောက်ချိန် အလွမ်းကဗျာ အေးဆေးဖြစ်သွားပြီ မညာပါနဲ့ ချစ်သူလေး ညလေပြေ အိနြေ္ဒရှင်မလေး မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် လေပြေ၂ တဖက်သတ်အလွမ်း ဝေးပြီးတဲ့နောက် မနဲ့မောင် ချစ်တယ် ပြုံးလိုက်ပါ နှလုံးသားချင်းထိတွေ့ခဲ့တယ် ဖူးစာရှင် ဗုဒ္ဓမေတ္တာပန်း အိမ်မက်ရဲ့သမီးပျို မင်းမရှိတဲ့ကမ္ဘာ အလွမ်းသင့်ပန်းချီ ပျော်သလိုနေလိုက်တော့ စိတ်ကူးလွင်ပြင် အလွမ်းနိဂုံး မျှော်လင့်ခြင်းအဆုံး ဘ၀ရဲ့လမ်းများ နင်သိရဲ့လား အလွမ်းပြေအနမ်း၃ လရောင်ဆမ်းသောလမ်း တစ်ဖက်သက်အလွမ်း ဝေးပြီးတဲ့နောက် တစ်နေ့တော့ လမင်းသစ်ပင် ချစ်သူ နားနားဘေးမှာ ပျံသန်းသွားတော့ ဟုတ်လို့လား Never Be Replaced ချစ်မိနေပြီ နိုးတစ်ဝက်အချစ် အချစ်အတွက်ကိုယ်စား ငါ့ရဲ့အနား ၂ ဝေးသွားတဲ့အခါ မီးအိမ်ရှင် ငါ့နေရာ Anywhere for you Justin Bieber(Baby) သီရိသူ ဒီဇင်ဘာည ဒီဇင်ဘာည၂ ငါမှားလားမင်းမှန်လား ဆေးကျောင်းသား တကယ်ဆိုရင် အမေ စွန့်လွှတ်ခက်သူ နင်စေရင် အနှိုင်းမဲ့ ရင်ဘတ်ထဲက အနိုင်မယူသူရဲ့အရှုံး ခိုးချစ်ရသူ နှလုံးသားအစီရင်ခံစာ ညီမလေးအတွက် မိုး(မျိုးကြီး) မိုး၂(မျိုးကြီး) ( 8.4 ) ချစ်တယ်ဟုတ် ကောင်မလေးတယောက်အကြောင်း ဖက်ထားမယ် LetMeKissU ချယ်ရီသက်သေ ဖိတ်စာ နွေအလွမ်း ယူလိုက် အဖေ့မေတ္တာ လက်ခံပေးပါ(မျိုးကြီး) HaHaLaGyiAh မမ အပျိုကြီး ညီမလေး SnowQueen လက်ခံပေးပါ(၂) HERO ( မေ ) မမြင်ကွယ်ရာ ဟိုအရင်လို ငါ့ကိုပြောပါ မျှော်လင့်ချက်မဲ့(မျိုးကြီး) ယုံကြည်ပေးပါ BellyDancer ယုံကြည်ပေးပါ(Remix) အဖြူရောင်လေးပါကွယ် ရင်ထည်းခိုနားလှည့်ပေါ့ကွယ် မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး ပေါက်တဲ့အိုး တိတ်တခိုးအချစ် စံပါယ် တခုလောက်ဖြေပေးပါ ယုံကြည်ခြင်း၂ မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် ကမ္ဘာပျက်နေ့ နင့်ကိုငါအချစ်ဆုံး ကင်ဆာ အချစ်နဲပိုက်ဆံ နင်တစ်ယောက်တည်း သံစဉ်နဲ့ချော့သိပ်ခွင့် (မမ) ချစ်တယ်မရေ အချစ်မှတပါးအခြားမရှိပြီ တနေ့တော့ချစ်လာလိမ့်မည် အမေ့ မင်းအကြောင်းအိမ်မက် တန်ဆောင်တိုင်သီချင်း အလွမ်းနဲ့ရူးပြီ နှမြောတယ် သူလေး ကောင်းကင်ကအချစ်ငှက် ဆာဒါငဲယိုး ခိုနားရာ အိမ်မက်ကမ္ဘာ အလွမ်းဝင်္ကဘာ ပထမအနမ်းသီချင်း စကားလုံးတွေမလိုဘုး (နိဒါန်း) လေလွှင့်သူ အာဇာနည် ငါဆက်ချစ်မယ့်သူ ရုပ်သေးရုပ် မျှော်လင့်ချက်မဲ့ ဒီတစ်ခါမခွဲတော့ဘူး ချမ်းချမ်း(ကိုယ်တစ်ယောက်တည်း) မျိုးကြီး(နူးညံ့စွာပြောင်းလဲခြင်း) လက်ခံပေးပါ(၂)မျိုးကြီး မျိုးကြီး=အတိတ်ရဲ့နွေ Baby စပါယ် အမြဲတန်းယုံကြည်တယ် သူငယ်ချင်းသံယောဇဉ် မိန်းကလေးပါ ဒီဇင်ဘာည၂ ပြည့်စုံလွန်း အသိအမှတ်ပြုပါ ကြယ်ကြွေကောင်းကင် Congratulation ညီမလေး မကြင်နာလေသူသို့ အပြည်ပြည်ဆိုင်ရာအသဲကွဲသောနေ့ ပထမအနမ်း ချစ်သူသိပါစေ နင်မသွားခင် နှမြောတယ် မျှော်လင့်မိတဲ့ငါ့နတ်သမီး လမ်းခွဲ နောက်ဆုံးပေါ့ Baby-(Mc Wai Lin) ရင်ထဲကလာတဲ့သီချင်း ကော်ရုပ်လေး လွမ်းဆွတ်ခွင့် ချစ်သူ-ရိန်မိုး ငါ့ရဲ့လမင်း(လေးဖြူ) ရင်ခုန်စရာရှုခင်း(မျိုးကြီး) ကိုယ့်ရဲ့ကွက်လပ် ဆု....ထံသို့ ခလေးလေး မ-အတွက်သီချင်း ယုံမှာလား ရောခ့်သီချင်းတစ်ပုဒ်(မျိုးကြီး) မိုးသည်းချိန်မှာ Venus လမ်းဆုံး ပြန်လာပါ အလည်လွန်နှလုံးသား ဒို့ဝေးရာ ကျေးလက်တောတန်း အင်တာနက်ချစ်သူ ပြန်လာမဲ့အချိန် ခွင့်ပြုတယ်ခွင့်လွှတ်တယ် SaveTheAged ဆာဒါငဲယိုး၂ ပျော်တော်ဆက် ကောင်မလေး မင်းအချစ်ကြောင့် မလွမ်းဘဲမနေနိုင် မလှည့်စားနဲ့ အလွမ်းနေ့ရက်ရှည်များ ဒီအတိုင်းလေးဘဲချစ်နေမယ် အတောင်ပံပါရင်မင်းဆီကို TakeMeToYourHeart ထားအတွက် ကင်တင်းထဲကကွင်းလက်ချာ(အရိုး) ILoveYou ရာစုသစ်အလွမ်းသမား Rain Story (ပြည့်စုံ) မင်းနဲ့မှချစ်တတ်ပြီ အချစ်ဒါဏ်ရာ လွမ်းတယ်(မ)ရယ် မင်းနားလည်မှာ ချစ်သူရဲ့ပုံပြင်(အနွန်) (မ)အတွက်သီချင်း ကျောင်းပိတ်ရက်လေး ကျေးဇူးပဲမနက်ဖြန် ကောင်မလေး onelesslonelygirl ငါ့နေရာ "မ" အတွက်သီချင်း ကဗျာမမှီတဲ့အချစ်

တို့နှစ်ယောက်အကြောင်း ရုပ်သေးရုပ် ဒီမိုးသည်းချိန်တိုင်းမှာ ပြန်ဆုံနိုင်ဦးမလား မင်းနဲ့အတူရှိချင် ကြွေနေပြီ တိုကျိုအိပ်မက် မနှုတ်ဆက်ချင်ဘူး အာဒံဧ၀ တောင်းပန်ပါတယ် I Love U Baby BabY Cry On My Sailing HONEY(အာဇာနည်) ကိုယ့်ရဲ့သက်တန့်ငယ် အလွမ်းဝင်္ကပါ မ မရှိတဲ့နေ့ရက်များ ခါး(အငဲ) သိမ်းထားခွင့် WeddingDress မင်းရှိစေချင်တယ် ONLYLOVE ကိုယ်ပိုင်တဲ့ကိုယ့်နေရာ တန်ဖိုး(လေးဖြူ) ပျောက်ဆုံးသွားတဲ့မနက်ခင်းလေးများ မင်းအချစ်ကြောင့်(၀ိုင်ဝိုင်း) မခေါ်ရက်ဘူး တက္ကသိုလ်ဘ၀ ဆေးပေးပါ(မျိုးကြီး) အသဲကွဲဒီဇင်ဘာ အချစ်အိမ်မက်လေး ညီမလေးအတွက် ရိုမီယိုဂျူးလီးယက် Baby Gril တော်ပြီနောက့် အိပ်မက်ထဲကလူ ငါ့နဲ့ မင်း အဖြူရောင်သူငယ်ချင်း ဖက်ထားမယ် အဖြည့်ခံ မိုးဘယ်မှာရွာနေလဲ ချစ်တယ်ဟုတ် Bad girl ရင်ခုန်နှစ်သစ် မဟာဆန်သူ ပန်းချစ်သူ မမ ကောင်လေး ဆုံစည်းခွင့်-ရိုးရာ+ Mc ဟိန်းထက် တစ်ချိန်က”မ” နှုတ်ဆက်သီချင်း OldService အဆောင်သူမမ ပြော သနပ်ခါး အချစ်ဝင်္ကပါ L.O.V.E(Kg Ma Lay) အရင်ကဇတ်လမ်း အလွမ်းဝင်္ကပါ အလွမ်း ရှင်းပြခွင့်ပေးပါ Over You မိုး အနားနားဘေးမှာ မင်းကိုသတိရရင် ချစ်ခဲ့တာလား ရူးခဲ့တာလား အလွမ်းဆုလဒ် ကြိုစေချင်တယ် ငါ့နေရာ Justin Bieber@baby Radio ပေးခဲ့တဲအလွမ်း ပက်သက်ခွင့်ပြုပါ(Bunny Phyo) ကမ္ဘာငယ်လေး မသိချင်ယောက်ဆောင်မျက်နှာလွဲ ခိုနားရာ ကောင်ကလေးကကောင်မလေးကို ထာဝရပက်သက်ခွင့်ပြုပါ ကွာခြားမူ အရိပ်ပမာ Never Say Never never say never2 စိတ္တဇညဆိုးများ သူငယ်ချင်း အဝေးကချစ်သူ ကိုယ်တယောက်ထဲ လွမ်းဆဲပါ ကမ္ဘာငယ်လေး အမုန်းလက်ဆောင် KissMe Celion ၀ါဆိုမိုးနဲ့ပြန်ခဲ့ပါ မျှော်လင့်ဆဲ(ထက်ယံ) အပြစ်မမြင်ပါဘူး baby(mc wai lin)
ဘယ်သူ့အတွက်လဲ(ထက်ယံ) မမကိုယ်ချင်းစာနာခဲ့ပြီ ဘယ်ပန်းချီရေးလို့မမှီအဝေးရောက်နေသော်လည်း

ချယ်ရီသက်သေ snow queen Ma Ma ဖိတ်စာ နွေအလွမ်း Ha Ha La Gyi Ah အပျိုကြီး ညီမလေး ပန်းချစ်သူ.....ဒို့လည်းလိုက်မယ် ယုံကြည်ပေးပါ Belly Dancer MyHappyEnding ယုံကြည်ပေးပါ(Remix) ရင်ထဲခိုနားလှည့်ပေါ့ကွယ် အဖြူေ၇ာင်လေးပါကွယ် မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး ပေါက်တဲ့အိုး တိတ်တခိုးအချစ် စံပါယ် တခုလောက်ဖြေပေးပါငယ်ကျွမ်းဆွေ ကင်ဆာ ၀ိုင်းဆုရဲ့(လမ်းမကြီးရဲ့ဘေး) အရမ်းလွမ်းတယ်မရယ် မ..မ(၂) တပင်တည်းရင်ထဲကနွယ် တစ်စက္ကန့် နွေရာသီလမ်းခွဲ သခင့်ထံအပြေးပြန်လာမည် နူတ်ဆက်စကား မောင့်အရိုင်းပန်း ငယ်ဖော် အသည်းကွဲမြို့တော် VENUS Baby(Mc Wai Lin) ကြယ်ကြွေကောင်းကင် လမ်းဆုံ နှစ်သိမ့်တဲ့တေး သူစိမ်းတယောက်ပါ နှင်းဝေတဲ့ဆောင်း အလှစစ် ညို့မျက်ဝန်း နှလုံးသာရှာသူ လွမ်းတယ်(မ)ရယ်အသဲကွဲဒီဇင်ဘာ I Love U Baby၀ါရင့်သမ္ဘာရင့်(Old Service) Never Say Never


သီချင်းရပ်ချင်ရင် ဗီဒီယိုပေါ်မှာ Right Click-->Rewind. ဒေါင်းချင်ရင် သီချင်းအမည်ပေါ်မှာ Right Click, Save Link As ကိုနှိပ်ပါ။

Saturday, November 13, 2010

ကာတွန်းကား ကြည့်ရအောင်

ဆက်ဖတ်ရန်

*** မသိသေးသူများ အတွက်သာ ရည်ရွယ်ပါတယ်။ ***


တချို့ကလည်း ပြောကြပါတယ်။ မြန်မာနိုင်ငံကနေပြီးတော့ Blogspot ကို ဖွင့်ရင် ပိတ်ထားလို့ ဝင်လို့ မရပါတဲ့။ ဒီတော့ အဆင်ပြေသူများက ကိုယ့်ရဲ့ Blogspot ကို ဒိုမိန်းပြောင်းပြီး .com  ၊ .net ၊ .org ၊ .info ဆိုပြီး ပြောင်းလိုက်ကြတယ်။ ဒီတော့ မြန်မာနိုင်ငံက စာဖတ်သူများ အလွယ်တကူ ဝင်ဖတ်လို့ ရသွားပါတော့တယ်။

ဒါပေမဲ့ Blogspot ကို ပိတ်ထားတာ ဖြစ်လေတော့ မြန်မာနိုင်ငံက လူတွေ ဝင်ဖတ်တော့ စာကိုသာ မြင်ရပြီး   သူနဲ့ ပတ်သတ်ပြီး တင်တဲ့ ပုံတွေ ၊ အသံတွေ ၊ ဗီဒီယိုတွေကို မမြင်ရပဲ ဗလာကြီးပဲ မြင်ရပါတယ်။ တချို့သော နေရာတွေမှာပါ။ ဒီအတွက် ကျွန်တော် တင်နေတဲ့ ပုံတွေ ၊ အသံတွေ ၊ ဗီဒီယိုတွေ တင်နည်း ( လူပြိန်းနည်း ) ကို ပြောပြပါမယ်။ လွယ်ပါတယ်ဗျ။

ပုံတင်နည်း

ပုံကို ရိုးရိုးတင်မယ် ဆိုရင် Upload လုပ်ပြီးတော့ တင်ရပါတယ်။ ဒါဆို ဘာပဲ ပြောပြော ကြာပါတယ်။ ကျွန်တော်ကတော့ Google က ရှာတာ ဆိုရင် ဒီလိုပဲ တင်ပါတယ်။

၁။ ပထမဦးဆုံး ကိုယ့်ရဲ့ Post ရေးတဲ့ အကွက် ညာဘက် အပေါ်မှာ Edit HTML နဲ့ Compose လို့ ရှိပါတယ်။ ဒါကို Edit HTML ဆိုတာလေးကို ရွေးလိုက်ပါ။

၂။ ပြီးရင် ဒီကုတ်ကို  ဒီနေရာမှာ ကို ကူးထည့်လိုက်ပါ။ 
ကုတ်ကြီးပဲ ဆို. . ဒါပါ ( ဒီနေရာမှာ ကုတ် ရေးပြထားပါတယ်။ )

၃။ ပြီးရင် ဒီနေရာမှာ ဆိုတဲ့ နေရာမှာ google က ရှာထားတဲ့ ပုံရဲ့ Link ကို ကူးထည့်လိုက်ပါ။ ဒီနေရာမှာ " " ဒါလေးတွေတော့ မပျောက်သွားပါစေနဲ့။ ဒီလိုပေါ့ဗျာ။
( ဒီနေရာမှာ ကုတ် ရေးပြထားပါတယ်။ )

၎။ ပြီးရင် ညာအပေါ်က Compose ဆိုတာကို ပြန်နှိပ်လိုက်ပါ။

၅။ ဒါဆိုရင် ချက်ချင်း ပုံလေးပေါ်လာပါပြီ။ ဒီပုံကို ကြီးချင် သေးချင်ရင်တော့ ပုံရဲ့ ဘေးအစွန်ကပဲ ဖြစ်ပါစေ။ ပုံကိုပဲ နှိပ်ပြီး ဖြစ်ပါစေ သေးလို့ ကြီးလို့ ရပါတယ်။ ဒါဆို ပုံလေးတွေကို တင်လို့ မြင်ရပါပြီ။

အသံ တင်နည်း

အသံတင်နည်းကတော့ နည်းလမ်းများစွာ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ စာဖတ်တာကို ပိုပြီး အားသန်သူ တစ်ယောက် အနေနဲ့ ဆိုက်ထဲ ဝင်တာနဲ့ သီချင်း အလိုလို ထွက်လာတဲ့ Auto Play ဆိုတာကို မနှစ်သက်ပါဘူး။ ဒါကြောင့် နားထောင်ချင်ရင် ကိုယ့်ဖာသာ နှိပ်လို့ရတဲ့ ဟာလေးကိုပဲ လုပ်နည်း တင်ပေးလိုက်ပါ့မယ်။

၁။ ပထမဦးဆုံး http://www.4shared.com သို့သွားပါ။ ပြီးရင် အကောင့်မရှိရင် Sign Up လုပ်ပါ။ ဒါမှ  ကိုယ်က အသံတွေကို ပြန်ပြီး ပြင်မယ် ဆိုရင် လုပ်ပိုင်ခွင့်ရမှာ ဖြစ်ပါတယ်။ နောက်ထပ်လည်း အားသာချက်တွေ ရှိပါသေးတယ်။ ဘယ်နှစ်ယောက် ကိုယ်တင်ထားတာကို လာနားထောင်သွားလည်း ဆိုတာကိုလည်း ပြန်ပြီး စစ်လို့ရပါတယ်။

၂။ အကောင့်လုပ်ပြီးရင် အလိုလို ကိုယ့်ရဲ့ အကောင့်ထဲကို ဝင်သွားပါလိမ့်မယ်။ တကယ်လို့ အကောင့်ရှိပြီးသား ဆိုရင် Sign In လုပ်ပြီး ဝင်လိုက်ပါ။ အထဲကို ရောက်ပြီ ဆိုရင် ဘယ်ဘက် အောက်ထောင့်မှာ Upload လုပ်ဖို့ အကွက်လေး ရှိပါတယ်။

၃။ ထိုအကွက်ထဲမှ Browse ကို နှိပ်၍ ကိုယ်တင်လိုသော အသံဖိုင် ( MP3 ) ကို ရွေးလိုက်ပါ။ ပြီးရင် အကွက်လေး ညာဘက်အောက်မှ Upload ကိုနှိပ်ပြီး တင်လိုက်ပါ။

၎။ ဒါဆို သူ့ဖာသာ Upload တင်နေပါလိမ့်မယ်။ ခဏစောင့်ပါ။

၅။ Upload တင်ပြီးရင် အလယ်က ဘောင်ကွက်ကြီးထဲမှာ မိမိ တင်ထားတဲ့ ဖိုင်လေးကို တွေ့ရပါလိမ့်မယ်။ ဒါအပြင် သူက တင်ပြီးကြောင်းကို ဘောင်ကွက်လေး အသစ်တစ်ခုနဲ့ ပြပေးပါလိမ့်မယ်။

၆။ အဲဒီအထဲက လင့်လေးက ကိုယ်တင်ထားတဲ့ ဖိုင်ရဲ့ လင့်ပါ။

၇။ ဒါကို ကူးယူလိုက်ပါ။ ပြီးရင် Address Bar မှာ ဖြည့်ပြီး ထည့်လိုက်ပါ။ နောက်တော့ Enter ပေါ့။
၈။ ဒါဆို သူများတွေလည်း ဒေါင်း ချင်ရင် ဒေါင်းလို့ ရအောင် လုပ်ပေးတဲ့ နေရာကို ရောက်ပါပြီ။
၉။ ဒီနေရာမှာ အသံဖိုင်  ( MP3  ) အတွက် တင်ပေးထားတာ ဆိုတော့ တိုက်ရိုက် နားထောင်လို့ ရတဲ့ နေရာလေး ရှိနေပါတယ်။ သီချင်းရဲ့ နာမည်နဲ့ သူ့ရဲ့ အောက်မှာပါ။ ဒါဆို နားထောင်ချင်သူများ ထိုနေရာမှာ မဒေါင်းပဲ တိုက်ရိုက်  နားထောင်နိုင်ပါတယ်။ ဒေါင်းမယ် ဆိုလည်း အပြာရောင်နဲ့ Download Now ဆိုတာကို နှိပ်ပြီး ဒေါင်းနိုင်ပါတယ်။
၁၀။ ဒါပြီးရင်တော့ ကိုယ့်ရဲ့ ဆိုက်နေရာမှာ အသံဖိုင်လေးတွေ တင်လို့ ရအောင် လုပ်ပါမယ်။ ဒါကတော့ ဒေါင်းဖို့ ရောက်နေတဲ့ နေရာရဲ့ အောက်ကို သွားလိုက်ပါ။ အဲဒီနေရာမှာ Share ဆိုပြီး ရေးထားတဲ့ အကွက်ထဲမှာ ၄ မျိုး ရေးထားပါတယ်။

URL:
HTML code:
Forum code:
Embed:   ဒီနေရာက ကုတ်ကို ယူပါ။

ကို တွေ့ပါလိမ့်မယ်။ အဲဒီ အထဲကမှ Embed ဆိုတဲ့ စာဘေး ဘောင်လေးထဲက စာလေးကို Copy ကူးလိုက်ပါ။

၁၁။ ပြီးရင် အပေါ် ပုံတင်တာမှာ ကျွန်တော် ပြောထားတဲ့ အတိုင်း Edit HTML ဆိုတာကို နှိပ်ပြီး ဝင်လိုက်ပါ။

၁၂။ ပြီးရင် ကူးလာတဲ့ ကုတ်တွေကို ကိုယ်ထည့်ချင်တဲ့ နေရာမှာ Paste လုပ်လိုက်ပါ။ ဒီနေရာမှာ တစ်ခု သတိထားရမှာက ကိုယ်က Paste လုပ်ပြီးလို့ ပြန်ပြီး Compose ကို ပြောင်းလိုက်တဲ့ အခါမှာ ဘာမှ မပေါ်ပါဘူး။ ဒါကြောင့် ကိုယ်က ဘာလို့ မပေါ်တာလဲ ဆိုပြီး စိတ်မရှုပ်သွားပါနဲ့။ ပို့စ်တင်ဖို့ PUBLISH  POST ကို နှိပ်လိုက်ရင်တော့ ကိုယ်တင်ထားတဲ့ ပို့စ်မှာတော့ လာပေါ်မှာပါ။

၁၃။ ဒါကြောင့် ဒီလို ကုတ်လေးကို Edit HTML နေရာမှာ ကူးထည့်ပြီးရင် ကုတ်ရဲ့ အပေါ်နဲ့ အောက်မှာ ဒေါ့  ပဲ ဖြစ်ဖြစ် ၊ ( -- ) လေး ချထားခဲ့ရင် Compose ကို ပြောင်းလိုက်တဲ့ အခါမှာ ကုတ်နဲ့ ဖိုင် ဘာမှ မပေါ်ပေမဲ့ အစက်လေး နှစ်စက် ပေါ်နေတဲ့ အတွက် ကိုယ်ဆက်ရေးချင်တဲ့ စာတွေကို အောက်က အစက်လေး အောက်မှာ ဆက်ပြီး ရေးလို့ ရပါတယ်။ အားလုံးပြီးပြီ ဆိုမှ Edit HTML ထဲကို ပြန်ဝင်ပြီး အစက်လေး နှစ်ကို ဖျက်လိုက်လည်း ရပါတယ်။ ဘာလို့ Compose မှာ မဖျက်တာလဲ ဆိုရင် ကုတ်တွေကိုပါ မှားပြီး ဖျက်မိမှာ စိုးလို့ပါ။

၁၄။ ဒါဆိုရင် အသံဖိုင်လေး တင်လို့ ပြီးပါပြီ။ သို့သော် အသံဖိုင်မှာ ကြော်ငြာတွေ လာပြီး ပေါ်နေပါလိမ့်မယ်။ ( သို့ ) အသံရဲ့ နောက်မှာ နောက်ခံ လှိုင်းလေးတွေ ပေါ်ပါလိမ့်မယ်။ ဒါဆို မျက်စိ နောက်စရာပါ။ ဒါကြောင့် ဒါကို ဖျောက်ပါမယ်။

၁၅။ မူရင်း ကုတ်တစ်ခုဟာ ဒီလိုပါ။
( ဒီနေရာမှာ ကုတ် ရေးပြထားပါတယ်။ )
ဒါဆိုရင် သီချင်းပေါ်လာတဲ့ အခါမှာ ဒီလို ပေါ်လာပါလိမ့်မယ်။
------
------
၁၆။ ဒီလို height နေရာမှာ 250 ကို 20 လို့ ပြင်လိုက်ပါ။ ဒါဆိုရင် အမြင့်က 20 ပဲ ရှိတော့ပြီး ကြော်ငြာတွေ ၊ လှိုင်းတွေ မမြင်ရတော့ပါဘူး။ ဒါဆိုရင် ရပါပြီ။

( ဒီနေရာမှာ ကုတ် ရေးပြထားပါတယ်။ )

-----
-----

၁၇။  ထိုကဲ့သို့ပဲ  width=”420” ဆိုတဲ့ နေရာမှာလည်း အတို အရှည်ကို ဝင်ပြီး ပြင်လို့ရပါတယ်။ တကယ်လို့ 40 ပဲ ထားရင် တိုတိုလေးပဲ တွေ့ရမှာပေါ့။ ဒါဆိုရင် ကိုယ်တင်ချင်တဲ့ သီချင်းတွေကို အဲဒီလို ကုတ်လေးကို ပြောင်းပြီး ကိုယ့်ဘလော့ရဲ့ ဆိုက်ဘားမှာ တင်လို့ရပါပြီ။

ဗီဒီယို တင်နည်း

ဒါကတော့ အထွေအထူး ပြောဖို့ မလိုတော့ပါဘူးဗျာ။ အသံဖိုင်လေး တင်တတ်သွားပြီ ဆိုရင် ဗီဒီယိုက အမြင့် ကုတ်ကို ပြောင်းစရာ မလိုပါဘူး။ အတို အရှည် ကုတ်ကိုပဲ ပြောင်းဖို့ လိုရင် လိုပါလိမ့်မယ်။ သို့သော် ကျွန်တော် တင်မိသမျှတော့ အားလုံး အဆင်ပြေပါတယ်။ စမ်းလုပ်ကြည့်ပါ။

ပုံတွေ ကျွန်တော် ဒီမှာ ပြည့်ပြည့်စုံစုံ မထည့်ထားပါဘူး။ PDF ဖိုင်ထဲမှာတော့ အားလုံး ပြည့်စုံအောင် ထည့်ပေးထားပါတယ်။   ဒီမှာက ကုတ်တွေနဲ့ ရှုပ်နေမှာ စိုးလို့ပါ။

pdf ဖြင့် ဒီမှာ    ယူပါ။
ဆက်ဖတ်ရန်

Facebook Application Virus တစ်မျိုး ပြည်တွင်း၌ ပျံ့နှံ့ကူးစက်လျက်ရှိ


နာမည်ကြီး လူမှုရေးကွန်ရက် ၀က်ဘ်ဆိုက်ဖြစ်သော Facebook တွင် ဆိုက်၏ Application ယောင်ဆောင်ထားသော Virus တစ်ခု နိုဝင်ဘာလ ၇ ရက်နေ့က စတင်၍ ပျံ့နှံ့ခဲ့ကြောင်း ၊ လတ်တလောတွင် ပြည်တွင်းရှိ Account များတွင် အများဆုံး တွေ့ရှိရကြောင်း သိရသည်။

သုံးစွဲသူများ ပိုမို အဆင်ပြေ နှစ်သက်စေရန် Feature အသစ်များ Application အသစ်များ တင်ပေးတတ်သော Facebook ပေါ်တွင် Imagine That ဆိုသော Application တစ်ခု နေရာယူလာရာ သုံးစွဲသူများက မသိဘဲ ကလစ်နှိပ်မိရာမှ ကူးစက်ခံ လိုက်ရပြီး http://apps.facebook.com/imaginethat ဟူသော လင့်ကို နှိပ်မိရာမှ ကူးစက်ခံရနိုင်သည်ဟုလည်း သိရသည်။

ထိုဗိုင်းရပ်စ် အကူးစက် ခံရလျှင် မိမိ Account ထဲရှိ မိတ်ဆွေသူငယ်ချင်းများ၏ Wall များတွင် မိမိနာမည်ဖြင့် Comment များ ၀င်ရောက်ရေးသားသွားသဖြင့် စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း၊ Comment များမှ တစ်ဆင့် တစ်ဦးပြီးတစ်ဦး ပျံ့နှံ့လွယ်ကြောင်း သိရှိရသည်။



သို့သော် ထို Application ဗိုင်းရပ်စ်သည် အထူးကြောက်စရာ မလိုဘဲ Privacy Setting / Application & Website / Edit Your Setting / Applications You Use အဆင့်ဆင့် ၀င်ရောက်ရပြီး Edit Setting ကို ကလစ်နှိပ်ကာ Imagine That ၏ ဘေးမှ ကြက်ခြေခတ် အမှတ်အသားကို နှိပ်ကာ အလွယ်တကူပင် ဖယ်ရှားနိုင်ကြောင်း ကြားသိရသည်။

credit mmdailynews
ဆက်ဖတ်ရန်

Shania Twain ရဲ့  သီချင်းလေးတွေ (Country Rock)

ဆက်ဖတ်ရန်

Windows 7 အသံထွက်ဖို့

Windows 7 မှာ အသံ gtalk ပြောတဲ့ အခါ အသံမထွက်ဘူး ဆိုပြီး ပြောနေတဲ့ သူငယ်ချင်းတွေ အတွက်ပါ။ သူငယ်ချင်း မေးထားကတည်းက ပုံတွေ ထုတ်ပြီး စာမရေးဖြစ်လို့ ကြာနေခဲ့ပါတယ်။ အားလည်း နာတယ်။ ခင်လည်း ခင်ပါတယ်။ ဟီးဟီး။ အခု တစ်ခါ စိုးမိုးက မေးလာလို့ ပုံလေးတွေပဲ တင်လိုက်ပါတယ်။ အဲဒီထဲက အတိုင်း ရအောင် လိုက်လုပ်လိုက်ရင် အသံထွက်သွားပါလိမ့်မယ်။ ( အခု ထုတ်ထားတာလေးတွေကDesktop အတွက် ဆိုတော့ Laptop အတွက် ဆိုရင် တချို့နေရာတွေ ပျောက်နေ /  ပိုနေ ပါလိမ့်မယ်။ ) ဒါက ပြဿနာ မရှိပါ။ ပေါ်နေတဲ့ အတိုင်းသာ အနည်းငယ်လေး ဖြည့်စွက် လုပ်သွားပါ အဆင်ပါလိမ့်မယ်။

ပထမဦးဆုံး Task Bar က Speaker ပုံလေးကို Right Click နှိပ်လိုက်ပြီး Playback  Devices ကို နှိပ်လိုက်ပါ။ ဒါဆိုရင် အောက်ကလို ပုံပေါ်လာပါလိမ့်မယ်။ အဲဒီအထဲကနေ ပုံမှာ ပြထားသလိုတွေ ဖြစ်အောင် ကလိကြည့်ပါ။ နာနာသာ ကလိပါ။ စိတ်မပူပါနဲ့။ ပြင်တဲ့ ဆိုင်တွေ ရှိပါတယ်။ ဒီထက်ဆိုးလာရင် တူကြီးကြီးနဲ့သာ မနားတမ်း ထုချပါ :P  အသစ်ရောင်းသော ဆိုင်များ ရှိပါတယ်။

လုပ်နည်းကိုတော့ အသေးစိပ် မရေးနိုင်တော့ပါ။ ကိုယ်လုပ်ချင်တဲ့ တစ်ခုကို ရွေးပါ။ ဥပမာ Speaker ကို ကလစ်ပြီး ရွေးပါ။ နောက်ပြီးတော့မှ Set Default နဲ့ Properties ကို နှိပ်ပြီး အထဲမှာ ပုံပါတဲ့ အတိုင်း ရအောင် ပြင်ကြည့်ပါ။ ပြီးရင်တော့ ရသွားပါပြီ။ ဒါလေးပါပဲ။ ပုံများကို သေချာ မြင်ချင်ရင် ကလစ်နှိပ်ကြည့်ပါ။

  အဆင်ပြေပါစေ.......ကောင်းမင်းထက်
ဆက်ဖတ်ရန်

လွမ်းနေတဲ့ စန္ဒရားလေး

ဆက်ဖတ်ရန်

ဂင်းနစ်မှတ်တမ်းဝင် စံချိန်များ (၂)

(၁) ကမ္ဘာ့ လက်သည်း အရှည်ဆုံးအမျိုးသမီး
- လီရက်(ဒ)မွန် (အမေရိကန်သူ)
- လက်သည်းတွေရဲ့  စုစုပေါင်း အရှည်=၂၈ပေ၊ ၄.၅လက်မ
- ၁၉၇၉ ကတည်းက စံချိန်ပါ။



(၂) အရေပြား အရှည်ဆုံး ဆွဲဆန့်ပြနိုင်သူ
- ဂါရီတန်နာ
- ၆.၂၅ လက်မရှည်ထွက်လာအောင် ဆွဲဆန့်ပြနိုင်ပါတယ်။
- ၁၉၉၉၊ ကာလီဖိုးနီးယား



(၃) ဆေးရုံမှာ ကုတင်မကျန်တော့လို့ လက်တွန်းလှည်းပေါ် အကြာဆုံးနေခဲ့ရသူ
- တိုနီကောလင်း
- အင်္ဂလန်နိုင်ငံ၊ ၀စ်ရှိုင်းယား၊ ဆွင်ဒန် က ပရင့်ဆက်(စ)မာဂရက် ဆေးရုံ
- ၂၀၀၁၊ ဖေဖော်ဝါရီ ၂၄ မှ ၂၇ ထိ
- ဆေးရုံမှာ လူနာတွေများလွန်းလို့ ကုတင်မကျန်တော့ပဲ လက်တွန်းလှည်းပေါ်မှာပဲ (၇၇)နာရီ နဲ့(၃၀)မိနစ်ကြာအောင် နေခဲ့ရပါတယ်။



(၄) ကျောက်ကပ်မှာ တည်သော အကြီးဆုံးကျောက် ပိုင်ရှင်
- ၀ဇီ မူဟာမန်
- ၂၁.၈၇ အောင်စ
- ၂၄/၆/၂၀၀၈၊ ပါကစ္စတန်နိုင်ငံ



(၅) Hydrocephalus ခေါ် ဦးနှောက်တွင်း အရေစုသောရောဂါ ဖြင့်အသက်အရှည်ဆုံးလူ
- အယ်(လ်)ဗီနာရှန်း
- မွေးရာပါ ဦးနှောက်တွင်း အရေစုသောရောဂါ (ပုံမှန်အားဖြင့် အသက်တိုပါတယ်)
- ၁၇/၃/၁၉၄၁ မှာ မွေးပါတယ်
- ကနေဒါနိုင်ငံ၊ ၂၄/၂/၂၀၀၃ စံချိန်



(၆) အသေးဆုံးသော သွား ကို နှုတ်ခဲ့ရသူ
- ကော်(လ်)တန်လော့(ဘ)
- နှုတ်ခဲ့သော သွားမှာ (၀.၁)လက်မသာ ရှိသည်
- အမေရိကန်နိုင်ငံ၊ ၃၀/၁၀/၂၀၀၂
- ပုံမှန်သွားက (၀.၅)လက်မလောက်ရှိပါတယ် (ညာဘက်ပုံ)



(၇) အမွှာနှစ်စုံ ကို တူညီသော လ/ရက် တွင် မွေးသူ
- အမေရိကန်နိုင်ငံက လော်ရာရှယ်လီ ဆိုတဲ့အမျိုးသမီးဟာ ပထမအမွှာကို ၂၅/၃/၁၉၉၀မှာ၊ ဒုတိယအမွှာကို ၂၅/၃/၂၀၀၃ မှာ မွေးခဲ့ပါတယ်။
- အမေရိကန်နိုင်ငံကပဲ ကာရိုလင်း ကာဂါဒို ဆိုသူအမျိုးသမီးဟာ ပထမအမွှာကို ၃၀/၅/၁၉၉၆ မှာ၊ ဒုတိယအမွှာကို ၃၀/၅/၂၀၀၃ မှာ မွေးခဲ့ပါတယ်။
- အမေရိကန်နိုင်ငံက မီရှဲ(လ်)ဂေါ်နီ ဆိုတဲ့အမျိုးသမီးဟာ ပထမအမွှာကို ၁၈/၃/၁၉၉၆ မှာ၊ ဒုတိယအမွှာကို ၁၈/၃/၂၀၀၆ မှာ မွေးခဲ့ပါတယ်။

ဆက်ဖတ်ရန်