Flash သီချင်းများစုစည်းမှု
တို့နှစ်ယောက်အကြောင်း ရုပ်သေးရုပ် ဒီမိုးသည်းချိန်တိုင်းမှာ ပြန်ဆုံနိုင်ဦးမလား မင်းနဲ့အတူရှိချင် ကြွေနေပြီ တိုကျိုအိပ်မက် မနှုတ်ဆက်ချင်ဘူး အာဒံဧ၀ တောင်းပန်ပါတယ် I Love U Baby BabY Cry On My Sailing HONEY(အာဇာနည်) ကိုယ့်ရဲ့သက်တန့်ငယ် အလွမ်းဝင်္ကပါ မ မရှိတဲ့နေ့ရက်များ ခါး(အငဲ) သိမ်းထားခွင့် WeddingDress မင်းရှိစေချင်တယ် ONLYLOVE ကိုယ်ပိုင်တဲ့ကိုယ့်နေရာ တန်ဖိုး(လေးဖြူ) ပျောက်ဆုံးသွားတဲ့မနက်ခင်းလေးများ မင်းအချစ်ကြောင့်(၀ိုင်ဝိုင်း) မခေါ်ရက်ဘူး တက္ကသိုလ်ဘ၀ ဆေးပေးပါ(မျိုးကြီး) အသဲကွဲဒီဇင်ဘာ အချစ်အိမ်မက်လေး ညီမလေးအတွက် ရိုမီယိုဂျူးလီးယက် Baby Gril တော်ပြီနောက့် အိပ်မက်ထဲကလူ ငါ့နဲ့ မင်း အဖြူရောင်သူငယ်ချင်း ဖက်ထားမယ် အဖြည့်ခံ မိုးဘယ်မှာရွာနေလဲ ချစ်တယ်ဟုတ် Bad girl ရင်ခုန်နှစ်သစ် မဟာဆန်သူ ပန်းချစ်သူ မမ ကောင်လေး ဆုံစည်းခွင့်-ရိုးရာ+ Mc ဟိန်းထက် တစ်ချိန်က”မ” နှုတ်ဆက်သီချင်း OldService အဆောင်သူမမ ပြော သနပ်ခါး အချစ်ဝင်္ကပါ L.O.V.E(Kg Ma Lay) အရင်ကဇတ်လမ်း အလွမ်းဝင်္ကပါ အလွမ်း ရှင်းပြခွင့်ပေးပါ Over You မိုး အနားနားဘေးမှာ မင်းကိုသတိရရင် ချစ်ခဲ့တာလား ရူးခဲ့တာလား အလွမ်းဆုလဒ် ကြိုစေချင်တယ် ငါ့နေရာ Justin Bieber@baby Radio ပေးခဲ့တဲအလွမ်း ပက်သက်ခွင့်ပြုပါ(Bunny Phyo) ကမ္ဘာငယ်လေး မသိချင်ယောက်ဆောင်မျက်နှာလွဲ ခိုနားရာ ကောင်ကလေးကကောင်မလေးကို ထာဝရပက်သက်ခွင့်ပြုပါ ကွာခြားမူ အရိပ်ပမာ Never Say Never never say never2 စိတ္တဇညဆိုးများ သူငယ်ချင်း အဝေးကချစ်သူ ကိုယ်တယောက်ထဲ လွမ်းဆဲပါ ကမ္ဘာငယ်လေး အမုန်းလက်ဆောင် KissMe Celion ၀ါဆိုမိုးနဲ့ပြန်ခဲ့ပါ မျှော်လင့်ဆဲ(ထက်ယံ) အပြစ်မမြင်ပါဘူး baby(mc wai lin)
ဘယ်သူ့အတွက်လဲ(ထက်ယံ) မမကိုယ်ချင်းစာနာခဲ့ပြီ ဘယ်ပန်းချီရေးလို့မမှီအဝေးရောက်နေသော်လည်း
သီချင်းရပ်ချင်ရင် ဗီဒီယိုပေါ်မှာ Right Click-->Rewind. ဒေါင်းချင်ရင် သီချင်းအမည်ပေါ်မှာ Right Click, Save Link As ကိုနှိပ်ပါ။
Saturday, December 31, 2011
Friday, December 23, 2011
ဖြူး
Internet Explorer မှာမြန်မာ font မပေါ်ရင်..
23 Dec 11, 07:45 AM
***ဧကရီ***
ကိုရဲသူ အတွက် ပါ။Internet Explorer မှာမြန်မာ font မပေါ်ရင်..
IE ရဲ့ ToolထဲကနေInternet Options ကိုဝင် General Tab အောက်မှာ Font Button ကိုနှိပ်ပြီးပြောင်းနိုင်ပါတယ်။
Font Setting ပြောင်းလို့မှ မြန်မာလိုမပေါ်သေးဘူးဆိုရင်..
IE version ပြောင်းလိုက်ရင် ပိုအဆင်ပြေသွားမှာပါ။
ကိုရဲသူခုသုံးနေတဲ့ IE ကို Upgrad လုပ်ကြည့်ပါလား။ Version 8 ကတော့ မဆိုးဘူးလို့ပြောလို့ရတယ်။
နောက်ပြီး ဒီ Alpha Zawgyi Unicode ကို Install လုပ်ကြည့်ပါလား။
စာလုံးပုံစံပိုလှသလို... System Font ကိုပါ ပြောင်းပေးတဲ့အတွက် အခုဖြစ်နေတဲ့ ပြဿနာ အဆင်ပြေသွားမယ်ထင်ပါတယ်။
နောက်ပြီး ကိုရဲသူစက်မှာ Font Embedding ကိုမှန်ကန်စွာလုပ်ထားပါမှ IE မှာ မြန်မာလိုပေါ်မှာပါ........
Font Embedding လုပ်တဲ့နေရာမှာ နည်းလမ်းမကျရင်ဖြစ်ဖြစ်၊ Font Embedding မလုပ်ထားရင်ဖြစ်ဖြစ်
ကိုရဲသူစက်ထဲမှာ ဇော်ဂျီဖောင့်ရှိနေဦးတော့ IE မှာ မြန်မာလို မြင်ရမှာမဟုတ်ပါဘူးရှင့်..
အဆင်ပြေပါစေ။
Tuesday, December 20, 2011
နားရွက်
WiFi ပြန်လွင့်လျှင် no internet access ဖြစ်နေခြင်းအတွက်..
***ဧကရီ***
ကိုရဲသူ နဲ့ ကိုဟိန်းဇော်မေးထားတာ ဧကရီ ရှာဖွေသိသလောက်ဖြေပေးလိုက်ပါတယ်ရှင့်..
မိမိကွန်ပျူတာ WiFi အင်တာနက်ကို share ပေးတဲ့ software လေးပဲဖြစ်ပါတယ်။
computer to computer ၊ computer to phone၊ computer to ipad ၊
တို့ကို Share ပေးတဲ့ နေရာမှာ မိမိတို့ နှစ်သက်သလို Password ခံပေးနိုင်ပါတယ်၊
အောက်မှာ အဆင်ပြေသလိုဒေါင်းရန်။
http://downloads.connectify.me/ConnectifyInstaller.exe
http://www.downloads.connectify.me/ConnectifyInstaller.exe
facebook မှာ smile ပုံလေးတွေ သုံးပြီးချက်ရအောင်
facebook မှာ ဒီလို smile ပုံလေးတွေ အသုံးပြုချင်သူများအတွက် လုပ်ပုံလုပ်နည်းလေး တင်ပေးလိုက်ပါတယ်။
ပထမဆုံး အောက်က လင့်လေးကိုသွားပြီးတော့ facemoods plugin လေးကို download လုပ်လိုက်ပါ။အဲ့လင့်က အဆင်မပြေဘူးဆိုရင် တခြားဒေါင်းလုတ်ဆိုဒ်တွေကနေလဲတင်ပေးထားပါတယ်။
http://for-facebook.net/plugins/
http://www.mediafire.com/?z15a8umwz84h7b7
http://ifile.it/pio2awc/Facemoods.exe
http://www.zshare.net/download/97582155e0675803/
http://www.ziddu.com/download/17876900/Facemoods.exe.html
http://www.mirrorcreator.com/files/4ZE4LPVE/
ဒီ plugin လေး ကို ဒေါင်းပြီးပြီဆိုရင် run လိုက်ပါ။
run တဲ့အခါ အပေါ်ကပုံလေးလို ပေါ်လာတဲ့အခါ အမှန်ခြစ်လုပ်ထားတဲ့နေရာလေးတွေမှာ အမှတ်လေးတွေကို ဖြုတ်ပေးလိုက်ပါ။အဲ့နေရာတွေမှာ အမှတ်ခြစ်စရာမလိုပါဘူး။ပြီးမှ Agree & Continue လုပ်ပါ။browser ကို restart ချခိုင်းပါလိမ့်မယ်။အားလုံးပြီးရင် မိမိရဲ့ facebook အကောင့်ကို အသစ်ပြန်ဝင်လိုက်ပါ။
အပေါ်ကပုံထဲကအတိုင်း စာရေးတဲ့နေရာလေးမှာ smile ပုံလေးရောက်နေပါလိမ့်မယ်။နိုပ်လိုက်ရင်ဘေးက ဘောက်လေးထွက်လာပါမယ်။ဒါဆိုရင်အသုံးပြုလို့ရပါပြီ။အဲတစ်ခုတော့ရှိတယ်။ကိုယ်ဘက်ကဘဲ ဒီplugin ကို run
ထားတာဖြစ်တဲ့အတွက် တခြားတဖက်မှာ စာတွေဘဲပေါ်နေပါလိမ့်မယ်။ဂျီတော့မှာ smile ပုံတွေသုံးသလိုဘဲ ဟိုဘက်လူကလဲ run ထားမှ ပုံလေးတွေကို မြင်ရမှာ ဖြစ်ပါတယ်။အားလုံးအဆင်ပြေပါစေ။
Friday, December 16, 2011
***အမေသို့ တမ်းချင်း***
အာရုံတွေအနားပေးဖို့ .....အမေထားခဲ့တဲ့ စိပ်ပုတီး သမီးဆုတ်ကိုင်ထားတယ်..
မျက်ဝန်းမှာ မျက်ရည်တွေနဲ့ပေါ့ အမေ....
လူ့လောကကြီးတစ်ခုအလည်မှာ
ရက်စက်စွာ ထားခဲ့ကြတယ်.. အဖေနဲ့အမေ မတရားဘူး.....
အမေတို့ ကတော့ လူ့လောကကြီးကနေ အေးချမ်းစွာ အနားယူလို့ပေါ့..
သမီး နေမကောင်းဘူး အမေ...
အမေ့ဓါတ်ပုံ ရင်ဝယ်ပိုက်ထားတယ်.. အမေ့ ပါးစပ်က အားပေးလှည့်ပါ အမေ..
နွေးထွေးတဲ့ အမေ့ရင်ခွင်မှာ ထွေးပိုက်လှည့်ပါအမေ.
ခံတွင်း က စားဖို့လက်မခံတိုင်း အမေပြုတ်ပေးတဲ့ ကြက်စွတ်ပြုတ်လေး သတိရလိုက်တာအမေ..
ဆေးသောက်ဖို့ ဆေးထုတ်ကို လက်လှမ်းလိုက်တိုင်း ..အမေ့တိုက်တဲ့ သွေးဆေးနီနီလေး သတိရလိုက်တာအမေ...
အကျီတွေ ချွေးတွေချွဲ လို့ အိပ်ရာကလူးလဲထ ထူမပေးတဲ့ အမေ့လက်တစ်စုံ.......
ခုတော့ ဘယ်မှာလဲဟင်...............
အမေ့ထားခဲ့တဲ့ အမေ့အရိပ်တွေ....အမေ့ကိုယ့်ငွေ့တွေ...အမေ့ရဲ့.မေတ္တာတရားတွေ.............
အမေ့ အကြင်နာတွေ..ခုတော့ ခုတော့............
တော်ပြီ...........သမီးဆက်ရေးဖို့ အားမရှိတော့လို့..........
အမေတို့ပျော်ရာမှာ နေကြပါ..
သမီး လိုက်ခဲ့ချင်ပါတယ်...........................လောကကြီးက တကယ်မတရားလိုက်တာ
ဘာလို့များ ...တစ်ယောက်ထဲချန်ခဲ့ကြတာလဲဟင်....................
(အမေ မရှိသူတိုင်း အမေနဲ့ဝေးနေတဲ့သူတိုင်း..ဒီ ကဗျာမဟုတ်စာမဟုတ်တဲ့ ပို့စ်ကိုဖတ်ပြီး
အမေ့ကို တစ်ကြိမ်တစ်ခါ သတိရ နိုင်ကြပါစေ)
VirtualPlasticSurgerySoftware
နန်းတော်လာတဲ့ သူငယ်ချင်းတို့အတွက် ကိုယ့်ဓါတ်ပုံလေးကိုအွန်လိုင်းမှာ လန်းချင်သလား.
ကိုယ့်ပုံလေးတွေကြည့်ပြီး ရှူချင်စရာ တစ်စက်မှ မရှိ..ရိုက်သမျှပုံတွေ မှာ စိတ်တိုင်းမကျ
စိတ်ပျက်လို့အားငယ်နေသူအတွက်ဓါတ်ပုံထဲမှာပဲလှဖို့ဆိုရင်တော့နိုင်ငံရပ်ခြားသွားပြီးခွဲစိတ်ပြုပြင်
စရာမလိုပါဘူး ဒီဆော့ဝဲလ်လေးက ကူညီပေးသွားပါလိမ့်မယ်..
အောက်မှာ ကလစ်ပြီးဒေါင်းယူလိုက်ပါနော်..
http://api.ning.com/files/NNXWrUWlpueMsuRJr2XFJ9Sabs8ZuWRRyqjWlyTtLit0tVB4uXQBiVcDYe5Gjbw8fG4jvhZeLZlgjHnx2EStsojwUAa5oj*W/VirtualPlasticSurgerySoftware1.0.0.1484.zip
Kaspersky Internet Security 2012/Kaspersky 2012 Trial Restter/7.12.2011 key
http://trial.kaspersky-labs.com/registered/J3WJIFT5FEV3RX7KCQM5/kis12.0.0.374en.exe
Kaspersky 2012 Trial Restter
Kaspersky_Keys_07_December_2011
http://www.mediafire.com/?ok7oi5w9fmp4g99
http://ifile.it/l3s45nk/Kaspersky_Keys_07_December_2011.rar
http://www.zshare.net/download/974306833d749fc0/
http://www.ziddu.com/download/17829717/Kaspersky_Keys_07_December_2011.rar.html
http://www.mirrorcreator.com/files/SRFDY7DS/
Tuesday, December 6, 2011
RPN Engineering Calculator Full
RPN Calculator offers a choice of more than 250 solutions and thousands of conversion possibilities with eight unique keypads. A “Tip of the Day” is displayed when you start the program (it can be turned off), It has a complete help system and individual tips for all but the most ordinary functions. The calculator has a Running Tape Display showing all entries and solutions for each session as well as the operation just performed, or the units (Hz, °, Hy, etc.) of the result.
download link
Thursday, December 1, 2011
FantaMorph.Deluxe.v5.2.4
SpyShelter Premium Full
ဒီ SpyShelter Premium Full လေးက spy program တွေ ၊ keylogger နဲ့ trijan တွေရဲ့ ရန်ကနေ ကာကွယ်ပေးနိုင်ပါတယ်။
SpyShelter Premium v6.00 Full + key Patch, World’s No #1 Anti-Spy and Anti Keylogging Tool
- Proactively when any spy program, keylogger or trojan attempts to store your private information.
- Protect your passwords, chat, credit card.
- Fast algorithm process does not slow down your computer when scanning for dangerous items.
- Doesn’t need to check a signature database.
- Simple, easy-to-use, intuitive GUI.
- Windows x32/x64 compatible.(World first 64 bit antikeylogger)
KeyLogger protection (kernel mode also)
SpyShelter Stop-logger ensures that whatever your type into your computer is protected against dangerous people who steal your data! Whatever you enter into your computer will not leak to malicious parties.
Webcam Logger protection
SpyShelter defends you against hackers who would like to seize control of your webcam, even when it is switched off!
System Defense
SpyShelter guards your registry, your physical memory (RAM), and other sensitive computer parts and processes so that malicious code cannot be injected to seize control of your PC.
Internet security
SpyShelter AntiNetworkSpy proactive module prevents dangerous trojans from stealing your private information while important SSL internet transactions. It also blocks HTTP/HTTPS trojans on user level as well as POP,SMTP,FTP, loggers.
Clipboard Logger protection
SpyShelter shields sensitive data that can be found on your Windows clipboard as a result of copying, cutting, and pasting. This software ensures that these information will not be under malicious monitoring by other people.
Screen Logger protection
When you take screen-captures, SpyShelter spots suspicious activity that might reveal sensitive data you enter into your computer such as bank account and credit card information.
Anti Sound logger (World First)
SpyShelter unique security module that protects your system against VOIP sound trojan loggers. Can be useful when you use instant messangers for voice calls. This module also protect you against voice logger from your webcam or built-in microphone.
Monday, November 28, 2011
tune up utilities 2012 with serial key
ဒီဆော့ဝဲလေးက စက်ထဲမှာရှိတဲ့ မလိုအပ်တဲ့ဖိုင်တွေကိုရှင်းလင်းပေးပြီး ကွန်ပျူတာကို ပိုမိုမြန်ဆန်သွက်လက်စွာ
အလုပ်လုပ်နိုင်ဖို့အတွက် စက်ထဲရှိတဲ့ ပြဿနာတွေကို ကူညီပြီး ဖြေရှင်းပေးနိုင်ပါတယ်။
Wednesday, November 23, 2011
facebook မှ အ၀င်မေးလ်တွေ ပိတ်ထားရအောင်
ဧကရာဇ် : Facebook မှာမေးလ်တွေ လက်မခံချင်ဘူးဆိုရင် အရင်ဆုံး ကိုယ်ရဲ့ facebook အကောင့်ကိုဝင်ပါ။
ပုံထဲကအတိုင်း Account Settings ကိုသွားပါ။
Notifications ကိုသွားပါ။ ရောက်ရင် ကိုယ်မလိုချင်တဲ့ကဏ္ဍအလိုက် facebook မှ ပို့မယ့်မေးလ်တွေကို ပိတ်လို့ရပါတယ်။အကုန်မလိုချင်ရင်တော့ အမှန်ခြစ်လေးတွေ အကုန်ဖျက်ပေးလိုက်ပါ။
အကုန်ဖျက်မယ်ဆိုရင် အမှတ်တစ်ခုချင်းစီလိုက်ပြီးဖြုတ်နေမယ့်အစား အပေါ်က စာအိတ်ပုံလေးကို ကလစ်ပေးလိုက်ပါ။အားလုံးပီးရင် Save changes လုပ်ပေးပါ။အဆင်ပြေပါစေ။
Saturday, November 19, 2011
blogspot to co.cc
ရွေ့ ပြောင်းပုံလေးသိချင်ပါတယ်....ကျေးဇူးပြုပြီး ရှင်ပြပေးပါလား...ခင်ဗျာ
ဧကရာဇ် : ပထမဆုံးအောက်ကလင့်ကနေ co.cc မှာ အကောင့်လုပ်လိုက်ပါ။
https://www.co.cc/regist/regist_account.php
အကောင့်ရပြီဆိုရင် sign in ၀င်လိုက်ပါ။ပြီးရင် Getting A New Domain ကိုသွားပါ။ကိုယ်လိုချင်တဲ့ ဒိုမိန်းကို ရမရ ရွေးကြည့်ပါ။သူလုပ်ခိုင်းတဲ့အဆင့်အတိုင်း လုပ်သွားပါ။
ကိုယ်ရွေးချယ်လိုက်တဲ့ ဒိုမိန်းရပြီဆိုရင် Manage Domain ကနေ zone records ကိုသွားပါ။အပေါ်ကပုံထဲကအတိုင်း ဖြည့်ပေးပါ။Host နေရာမှာ ကိုယ်ရွေးချယ်ထားတဲ့ ကိုယ်လိုချင်တဲ့ ဒိုမိန်းကိုဖြည့်ပါ။ www ထည့်ပေးပါ။ပြီးရင် Set up လုပ်ပေးပါ။
Set up လုပ်ပြီးရင် ကိုယ်ရဲ့blogger ကိုဝင်ပါ။
Settings > Publishing ကိုသွားပါ။Switch to advanced settings ကိုနိုပ်ပါ။
ပြီးရင်အပေါ်က ပုံထဲကအတိုင်း ကိုယ့်ဒိုမိန်းကို ဖြည့်ပေးပြီး save လိုက်ပါ။ ချက်ချင်းတော့မရပါဘူး။အချိန်အတိုင်းအတာတစ်ခုကြာမှ ရပါလိမ့်မယ်။ကျွန်တော်လုပ်တာတော့ နာရီပိုင်းအတွင်းရပါတယ်။
ကျွန်တော်ပြောတာ သိပ်မရှင်းဘူးဆိုရင် အောက်ကလင့်နှစ်ခုထဲက ကြိုက်နှစ်သက်ရာလင့်ကနေ ပုံတွေကြည့်ပြီးလုပ်နိုင်ပါတယ်။အဆင်ပြေပါစေ။
LINK - 1
LINK - 2
Friday, November 18, 2011
Skin and Themes
Thursday, November 17, 2011
အချိုတွေရောထားသော အခါးများ။(ခါးသီးသော ရင်ဘက်များမှ ချိုသာသော စကားများသံများ)
(၁)
တစ်ခါက ဂျပန်နိုင်ငံမှာ ဘန်ကိုင်ဆိုတဲ့ ဘုန်းတော်ကြီးတစ်ပါး ရှိခဲ့ဖူးတယ်။ ဘုန်းတော်ကြီးနေတဲ့ ကျောင်းဘေးမှာ မျက်စိကန်းနေတဲ့ လူတစ်ယောက်လည်း နေထိုင်ပါတယ်။
ဘုန်းတော်ကြီး ပျံလွန်တော်မူသွားတဲ့နောက် အဆိုပါ မျက်စိကန်းနေသူက “ကျွန်ုပ်က မျက်စိကန်းနေတဲ့အတွက် လူတွေရဲ့ မျက်နှာတွေကို မမြင်ရဘူးပေါ့၊ ဒီတော့ ကျွန်ုပ်က လူတစ်ယောက်ရဲ့ အကျင့်စာရိတ္တကို ပြောတဲ့စကားသံနဲ့ အကောင်းအဆိုး ဆုံးဖြတ်ရတာပေါ့လေ။ သာမန်အားဖြင့်တော့ လူတစ်ယောက်ဟာ အခြားသူတစ်ယောက်ယောက်ရဲ့ အောင်မြင်မှု ဒါမှမဟုတ် ပျော်ရွှင်မှုအတွက် ၀မ်းသာပါတယ်ဗျာလို့ ပြောလိုက်တဲ့အခါ သူ့စကားသံထဲမှာ မနာလိုတဲ့ စိတ်ကလေး နောက်ခံရှိနေတာကို ကျွန်ုပ် သတိပြုမိတယ်။
နောက်ပြီးတော့ လူတစ်ယောက်ဟာ အခြားသူတစ်ဦးဦး ကံကြမ္မာဆိုးတွေ ကြုံတွေ့လို့ ၀မ်းနည်းကြောင်းစကား ပြောတဲ့အခါမှာ သူ့အသံထဲမှာ ကျေနပ်မှု၊ ပီတိဖြစ်မှုတစ်ခုခု ပါနေတာကို ကျွန်ုပ် သတိပြုမိတယ်။
ဒါပေမယ့်ဗျာ … ကျွန်ုပ် အသံတွေကို သုံးသပ်တဲ့အတွေ့အကြုံအရ ဘုန်းတော်ကြီး ဘန်ကိုင်ရဲ့ အသံဟာ အမြဲတမ်းကို ရိုးသားမှုတွေနဲ့ ပြည့်နှက်နေတယ်။ သူဟာ ပျော်ရွှင်မှုကို ဖော်ပြခဲ့ရင် ကျွန်ုပ်အနေနဲ့ သူ့အသံထဲကနေ ပျော်နေတဲ့အသံကလွဲပြီး ဘာသံမှ မကြားရဘူး။ သူ ၀မ်းနည်းမှုကို ပြောနေပြီဆိုရင်လည်း ကျွန်ုပ်အနေနဲ့ တကယ့်ကို ၀မ်းနည်းနေတဲ့အသံကိုပဲ ကြားရတယ်”လို့ ပြောပြပါတယ်။
(၂)
ဇင်ဇာတ်လမ်းလေးထဲက မျက်စိမမြင်သူရဲ့ စကားလေးကို ဖတ်ပြီးတော့ မိမိတို့ နေ့စဉ်ဘ၀ စကားသံလေးတွေကို နားထဲမှာ ကြားယောင်မိပါတယ်။ စကားသံလေးတွေကတစ်ဆင့် ပြောသူရဲ့ အဇ္ဈတ္တတွေကိုလည်း ပြေးမြင်မိပါတယ်။
(၃)
အမေရိကန်က အီရတ်နိုင်ငံကို ၀င်တိုက်တဲ့အခါက လူတွေ အများကြီး သေကြေပျက်စီးကြရတယ်။ ကမ္ဘာတစ်ဝှမ်းမှာ “၀မ်းနည်းပါတယ်”လို့ ကမ္ဘာ့ခေါင်းဆောင်တွေ ပြောကြတယ်။ နောက်နားက လစ်ဗျားကို တိုက်ခိုက်တဲ့အခါကလည်း အပြစ်မဲ့ ပြည်သူတွေ သေကြတော့ “စိတ်မကောင်းပါဘူး”လို့ လူတွေ ပြောကြတယ်။ အစ္စရေးက လေကြောင်းကနေ ဂါဇာကမ်းမြောင်ဒေသကို တိုက်ခိုက်ဖျက်ဆီးတော့ “ရှုတ်ချပါတယ်”လို့ အော်ကြတယ်။
တစ်ပြိုင်နက်ထဲမှာပဲ “ဒီကုလားတွေ ဒီလိုလေးလည်း ဖြစ်ပေးအုံးမှ”ဆိုပြီး နိဂုံးသတ်လိုက်ကြတဲ့ အသံတွေလည်း ကြားရတယ်။
ဒီလိုပါပဲ …. နေ့စဉ်ဘ၀မှာ “စိတ်မကောင်းလိုက်တာကွာ” “ကိုယ်ချင်းစာပါတယ်ကွာ” “၀မ်းနည်းမိပါတယ်” … စတဲ့ စကားတွေနဲ့ အခြားသူတွေ ဒုက္ခ၊ သောက ဖြစ်နေချိန်မှာ ပြောတတ်ကြတယ်။ အခြားတစ်ဖက်မှာလည်း အခြားသူတွေ သုခတွေ၊ အောင်မြင်မှုတွေ ရလိုက်တဲ့အချိန်မှာ “မင်းအတွက် ဂုဏ်ယူပါတယ်ကွာ” “၀မ်းသာပါတယ်” “ကွန်ဂရက်ကျူလေးရှင်း” … စတဲ့ စကားတွေ ပြောတတ်ကြတယ်။
“ဒီစုံတွဲကတော့ လိုက်ဖက်ညီလိုက်တာ” “သူ စီးလာတဲ့ ကားကြီးက ကောင်းလိုက်တာ” “သူတို့ အဆင်ပြေနေတာ တွေ့ရတော့ ၀မ်းသာလိုက်တာ” “သူ စီးပွားပျက်သွားတာ စိတ်ကို မကောင်းဘူး” “သူတို့ အိမ်ထောင်ရေး အဆင်မပြေတာတွေ့ရတာ ၀မ်းနည်းမိတယ်” “ဒီကောင် အောင်မြင်သွားတော့ ကိုယ်လည်း အတော်ပျော်မိတယ်”
ဇင်ဇာတ်လမ်းထဲက မျက်စိမမြင်သူသာ ဆိုရင် အဆိုပါ အသံတွေရဲ့ မရိုးသားမှုကို ထုတ်ဖော်နေပါလိမ့်မယ်။ ဒီလိုပါပဲ … နေ့စဉ်ပြောနေကျစကားတွေထဲက အသံလေးတွေကို ဂရုတစိုက် ဝေဖန်ဆန်းစစ်ကြည့်ရင် အသံနဲ့ တကယ့်ရင်တွင်း ခံစားချက်ကို ကွဲကွဲပြားပြားကြီး မဟုတ်ရင်တောင် ရိပ်ဖမ်းသံဖမ်းတော့ နားလည်သဘောပေါက်မိမယ် ထင်ပါတယ်။
(၄)
နေ့စဉ် ပြဿနာပေါင်းများစွာရဲ့ မြစ်ဖျားခံရာကို သေချာကြည့်ရင် “အသံ”တွေများ ဖြစ်နေမလားလို့ ထင်မိပါတယ်။ လူတွေဟာ နေ့စဉ် စကားတွေ ပြောနေပေမယ့် ပြောလိုက်တဲ့ စကားနဲ့ သူတို့ရဲ့ ရင်တွင်းက အစစ်အမှန် ခံစားချက်၊ သဘောထားတွေဟာ များသောအားဖြင့်လို့ ဆိုရလောက်အောင် ကွဲပြားနေတတ်ကြတယ်။
ရှေ့မှာတော့ ကိုယ်ချင်းစာတရား လက်ကိုင်ထားသလိုလို ပြောပြီး သူ့ အဇ္ဈတ္တမှာ သူတစ်ပါးဒုက္ခအတွက် ကြည်နူးနေတဲ့ စိတ်တွေ ပြည့်နေတတ်ကြတယ်။ လူရှေ့မှာ မုဒိတာတရားနဲ့အညီ ၀မ်းမြောက်နေသလိုလိုနဲ့ သူ့ရင်ထဲမှာ မနာလိုမှုကြောင့် ဖြစ်ပေါ်တဲ့ အမုန်းတရားတွေ ပွားစီးနေတတ်ကြပြန်တယ်။ ဒီလိုနဲ့ လူတွေဟာ “ရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုး”ဆိုတဲ့ ဝေါဟာရကို ကမ္ဘာမြေအနှံ့ ပြန့်ပွားအောင် လုပ်ဖြစ်သွားကြတယ်။ (လုပ်ဖြစ်သွားကြတယ်လို့ ထင်ပါတယ်)။
(၅)
စာရေးသူတို့ လူ့လောကကလည်း ခက်တယ်လေ။ “မင်းကလည်းကွာ … စိတ်ထဲရှိတိုင်း ပြောလို့ ဖြစ်မလားကွ၊ ဒီလိုပဲ လူရှေ့တော့ ကြည့်ကောင်းအောင် ပြောရတာပေါ့”တဲ့။ ဒါကလည်း (ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ) ထောက်ခံလိုက်ရမယ့် စကားတစ်ခွန်း ဖြစ်နေပြန်တယ်လေ။ စာဖတ်သူကော ဘယ်လိုများ တွေးမိသလဲ။ စကားနဲ့ အစစ်အမှန် ခံစားချက်ကို ထပ်တူ ဖြစ်အောင် ကြိုးစားရမှာလား ဒါမှမဟုတ် ကြည့်ကောင်းအောင် (ဂျန်းတဲလ်မန်း - လူကြီးလူကောင်းဆန်ဆန်) ပြောရမှာလား။ သို့မဟုတ် စိတ်ထဲမပါဘဲ ကြည့်ကောင်းအောင် ပြောတတ်ရင် ဂျန်းတဲလ်မန်း - လူကြီးလူကောင်းဆန်တယ်လို့ ဆိုရသလား။ ဆိုနိုင်သလား။ အားလုံး ခက်ကုန်ကြပြီ ထင်ပါရဲ့။ တကယ့်ခံစားချက်အတိုင်း စကားအသံတွေ ဖြစ်နေကြရင် အကောင်းဆုံးပေါ့။
(၆)
နောက်ဆုံးတော့ မြတ်စွာဘုရား ဟောထားတဲ့ စကားခြောက်ခွန်းထဲက
- မှန်လည်းမှန်၊ အကျိုးလည်းရှိ၊ လူကြားချင်
- မှန်လည်းမှန်၊ အကျိုးလည်းရှိ၊ လူတော့ မကြားချင်
ဆိုတဲ့ မြတ်စွာဘုရား ပြောတတ်တဲ့ စကားနှစ်ခွန်းနဲ့ ချိန်ထိုးသုံးသပ်ပြီး ပြောနိုင်ကြရင်တော့ သဘာဝကျသွားမယ် ထင်ပါတယ်။
(၇)
စိတ်ထဲမှာ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ “ကြည့်ကောင်းအောင်”ဆိုတဲ့ ဆင်ခြေလေးနဲ့ ဆက်လက်ပြီး စကားတွေ ဖောင်ဖွဲ့နေရအုံးမှာလား။ ဒါမှမဟုတ် အဲဒီလို ပြောနေရတဲ့ လောကကြီးကို စိတ်ကုန်ပစ်လိုက်ရမှာလား ….. ကဲ … ဘယ်လိုလဲ …
ခါးသီးသော ရင်ဘက်များမှ ချိုသာသော စကားများသံများ .....အရှင်ကုသလသာမိ။
Wednesday, November 16, 2011
ဇော်ဝင်းထွဋ်ရဲ့ကောင်းကင်မေမေ / ၀ိုင်ဝိုင်း - ပြန်လာပါစိတ်ပူတယ်
ဧကရာဇ် : အကိုတောင်းထားတဲ့ သီချင်းနှစ်ပုဒ်တင်ပေးလိုက်ပါတယ်။အဆင်ပြေပါစေ။
http://www.mediafire.com/?4x5hza6chfgaj7y
http://ifile.it/hyij1zg/aungminoo.rar
http://www.zshare.net/download/96188333e958a0bd/
http://www.ziddu.com/download/17371594/aungminoo.rar.html
http://www.mirrorcreator.com/files/1YQ7VHLS/
Sunday, November 13, 2011
လေးဖြူ ရဲ့ Page 15 (BOB) သီချင်းများ..
ဒီသီချင်းလေးတွေကမရိုးနိုင်ဘူး အရင်ကလည်းနားထောင်ဖြစ်တယ် ခုလည်း ပြန်နားထောင်ဖြစ်နေတယ်
ကြိုက်လွန်းလို့ပါ
window 7 တင်နည်း စာအုပ်
***ဧကရီ***
linlinaung တောင်းထားတဲ့ window7 တင်နည်းစာအုပ်လေးပါ..
http://www.ziddu.com/download/11350794/_7.pdf.html
pasted by MCO Kosannyeinn
Windows admin password မေ့သွားရင်
ဧကရာဇ် : အောက်ကပေးထားတာလေးကို အရင်ဒေါင်းလိုက်ပါ။
ဒေါင်းပီးရင် အခွေအလွတ်တစ်ခုထဲကို burn လိုက်ပါ။
ဘန်းပြီးရင် ရလာတဲ့အခွေလေးကို ကိုယ် ပတ်စဝေါ့မေ့နေတဲ့စက်မှာ ထည့်ပြီး restart ချလိုက်ပါ။သူ့ဖာသာအလုပ်လုပ်သွားပါလိမ့်မယ်။ခဏစောင့်နေလိုက်ပါ။အားလုံးပီးရင်ရပ်သွားပြီး မေးခွန်းလေးတွေမေးပါလိမ့်မယ်။ဘယ်partition ဘယ် username စတာတွေမေးပါလိမ့်မယ်။
1/2/3...Y/N စသဖြင့်မေးပါလိမ့်မယ်။ဖြေပေးလိုက်ပါ။ကိုယ်လိုအပ်တာဖြေပြီးရင် အခွေကိုထုတ်ပြီး restart ပြန်ချလိုက်ပါ။
အဆင်ပြေပါစေ။
Saturday, November 12, 2011
အကောင့် disable ဖြစ်သွားလျှင်
***ဧကရီ***
ကိုအောင်နေဦး ရဲ့ အကောင့် disable ဖြစ်သွားတာကို အောက်က နည်းလေးအတိုင်း လုပ်ကြည့်လိုက်ပါနော်..
သုံးရင်နဲ့ တခုခုမှားနှိပ်မိတာတို့.. လင့်တွေကနေတဆင့် မှားပီးဖျက်မိတာတို့တွေကြောင့် အကောင့် disable ဖြစ်သွားနိုင်ပါတယ်။
ဒါဆိုရင်တော့ Trouble shooting options ဆိုတဲ့လင့်ကိုနှိပ်သွားလိုက်ပါ……
အောက်ကပုံလေးထဲကအတိုင်း ဆက်လုပ်လိုက်ပါ။
ရောက်သွားရင်အောက်ကပုံလေးထဲကလိုမြင်ရပါလိမ့်မယ်.. အဲဒီမှာ I know my username and password but I can’t sign in. ဆိုတဲ့ကိုရွေးပေးပါ..
နောက်တဆင့်ရောက်ရင် I am getting error ဆိုတာကို ရွေးပေးပါ..
ပြီးရင်တော့ Sorry, your account is disabled. ဆိုတာကိုရွေးပေးပါ
အားလုံးပီးသွားရင်တော့ နောက်ချက်ဘောက်စ်တခုထပ်ပေါ်လာပါမယ်
ဒီမေးလ်ကိုဖွင့်လို့ရလားဆိုပြီးမေးပါလိမ့်မယ်
No ကိုပေးလိုက်ပါ…
Help article ဆိုတဲ့လင့်ကိုသွားလိုက်ပါ
ပီးရင်တော့
If you believe your account was disabled in error, contact up.
ဆိုတဲ့စာကြောင်းလေးက contact up ကိုနှိပ်လိုက်ပါ။
အပေါ်မှာပြထားတဲ့အတိုင်း လိုအပ်တာကိုဖြည့်ပီးရင် Submit ကိုနှိပ်လိုက်ပါ။
24 နာရီကြာရင် အဲဒီအကောင့်ကိုပြန်ဖွင့်လို့ရသွားမှာပါ။
ဒီနည်းလေးကို စိုင်းနက်ရှိင်း မှတ်စုစာအုပ်ကနေရတာပါ..အဆင်ပြေပါစေရှင်...
Friday, November 11, 2011
ကိုးန၀င်း အဓိဌာန် ပုတီးစိတ်နည်း
တနလာင်္ | အင်္ဂါ | ဗုဒ္ဓဟူး | ကြာသာပတေး | သောကြာ | စနေ | တနင်္ဂနွေ | တနင်္လာ | အင်္ဂါ | |
ပထမဆင့် | သမ္ဗာသမ္ဗုဒ္ဓေါ (၂) ပတ် | ဘဂ၀ါ (၉)ပတ် | သုဂတော (၄)ပတ် | သတ္တာဒေ၀ မနုဿာနံ (၇) ပတ် | လောက၀ိဓူ (၅) ပတ် | ၀ိဇ္ဇာစရဏ သမ္ပန္နော (၃)ပတ် | အနုတ္တရော ပုရိသ ဓမ္မသာရထိ (၆)ပတ် | အရဟံ (၁)ပတ် | ဗုဒ္ဓေါ (၈)ပတ် |
ဒုတိယဆင့် | (၃) | (၁) | (၅) | (၈) | (၆) | (၄) | (၇) | (၂) | (၉) |
တတိယဆင့် | (၄) | (၂) | (၆) | (၉) | (၇) | (၅) | (၈) | (၃) | (၁) |
စတုတ္တဆင့် | (၅) | (၃) | (၇) | (၁) | (၈) | (၆) | (၉) | (၄) | (၂) |
ပဉ္စမဆင့် | (၆) | (၄) | (၈) | (၂) | (၉) | (၇) | (၁) | (၅) | (၃) |
ဆဌမဆင့် | (၇) | (၅) | (၉) | (၃) | (၁) | (၈) | (၂) | (၆) | (၄) |
သတ္တမဆင့် | (၈) | (၆) | (၁) | (၄) | (၂) | (၉) | (၃) | (၇) | (၅) |
အဌမဆင့် | (၉) | (၇) | (၂) | (၅) | (၃) | (၁) | (၄) | (၈) | (၆) |
န၀မဆင့် | (၁) | (၈) | (၃) | (၆) | (၄) | (၂) | (၅) | (၉) | (၇) |