အကြင်နာနန်းတော် ၏ ရည်ရွယ်ချက်များ
မြန်မာ လူငယ်များအတွက်
၁။ အသုံးဝင်သော ဆော့(ဖ်)၀ဲ များ
၂။ နည်းပညာဆိုင်ရာ စာအုပ်များ (ကွန်ပျူတာ၊ ပရိုဂရမ်၊ ဓာတ်ပုံ နှင့် ဒီဇိုင်း၊ အင်တာနက်၊ အင်ဂျင်နီယာ)
၃။ ဘာသာရေး၊ တရားတော်ဆိုင်ရာ စာအုပ်များ၊ အသံဖိုင် နှင့် ဗီဒီယိုများ
၎။ ၀တ္ထု၊ ကဗျာ၊ ကာတွန်း၊ ဟာသ စာအုပ်များ
၅။ တေးသီချင်းများ (မြန်မာ၊ နိုင်ငံခြား)
၆။ ရုပ်ရှင် နှင့် ဗီဒီယိုများ (မြန်မာ၊ နိုင်ငံခြား)
၇။ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ ဗဟုသုတနှင့်အကြံပြုချက်များ
၈။ သတင်း နှင့် အထွေထွေဗဟုသုတများ
၉။ ဂိမ်းများ
၁၀။ အလှအပ နှင့် ဖက်ရှင် ဆိုင်ရာ ဗဟုသုတ နှင့် အကြံပြုချက်များ
၁၁။ အသုံးဝင်သော ၀က်ဘ်ဆိုက် လိပ်စာများ
ကို မျှဝေပေးရန် ဖြစ်ပါသည်။
အကြင်နာနန်းတော် သို့ လာရောက်သူများအတွက် ပျော်ရွှင်မှု၊ ဗဟုသုတ နှင့် နည်းပညာ တစ်ခုခုတော့ ရရှိသွားစေရပါမည်။
စိတ်တူ၊ ကိုယ်တူ၊ ရည်မှန်းချက်ရှိသူ လူမှုအသိုင်းအ၀ိုင်း (Community) တစ်ခု ဖန်တီးသွားရန် နှင့် မြန်မာလူငယ်များ ပိုမို တိုးတက်အောင်မြင်အောင် အချင်းချင်း ပံ့ပိုးဆောင်ရွက် သွားကြရန် ရည်ရွယ်ပါသည်။
Flash သီချင်းများစုစည်းမှု
ရွှေတိဂုံ အမေ-ထူးအိမ်သင် မ-sample တိတ်တခိုးအချစ်-ရိန်မိုး မ-ပူစူး မင်းကိုသတိရရင် တွဲဖက်အပြုံး-ရိန်မိုး အရမ်းပဲချစ်နေပြီ-ရိန်မိုး လေပြေ ဆု အမေတခုသားတခု အရမ်းပဲချစ် ဘယ်သူမှမကောင်းဘူး ဖြည့်ဆည်းပေးမဲ့သူ ရိုမီယို ဂျူးလီးယက် တောဂေါ်လီ သူလေး ရင်ခုန်ဘက်သို့တမ်းခြင်း ကြွေပါစေ လမ်းမခွဲကြေး မင်းနဲ့ငါနဲ့ မေမေ မင်းအတွက်ပါ သနပ်ခါးချစ်သူ အနီးဆုံးလူ ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေ သင်္ကြန်မိုး အပြစ်မမြင်ပါဘူး ကမ္ဘာအပြင်ဘက် နှလုံးသားရှိတဲ့အရပ် မျောလွှင့်နေတဲ့တိမ် အင်းလေးမှာရွာတဲ့မိုး ငါချစ်တာမင်းပဲ နေညိုရင် ပူစီ ချစ်သူကို ချမ်းမြေ့ပါစေ စိတ်ကူးယဉ်အနမ်းများ နွေဦးကဗျာ မိုးသိပါစေ ဘ၀ချင်းခြားလည်းချစ် ပုဂံဘုရားဖူး မမကြောင့် ညစဉ်ညတိုင်း အလွမ်းမိုး မြူမှောင်ဝေကင်း နှစ်ပါတ်လည် ကောင်မလေး နောက်ဆုံးရင်ခွင် မလွမ်းပဲမနေနိုင်ဘူး လုံးဝမမေ့သေးဘူး အိမ်-ဓီရာမိုရ် လမ်းဆုံ ကိုကိုက အာဇာနည်(၄)ပုဒ်နဲ့address-card တမိုးအောက် ယုံပါရင်သို့ ဒီတညတော့ ဟင့်အင်းအမေကဆူလိမ့်မယ် တခါထဲချစ်ချင်လို့ပါ ထူးဆန်းလွန်းတဲ့အချစ် ပြော ကြွေသူနှစ် ကောက်သူတစ်
မင်းအကြောင်းအိမ်မက် မိန်းမယူရင်စဉ်းစားကျ ချစ်သူရင်ခွင် ၀တ်မှုံ သီချင်းတပုဒ်မင်းဆိုလိုက် We are the world သူ့ကိုကျနော်ချစ်သည် မင်းမုန်းမှာစိုးတယ် မင်းလေးကိုသိပ်ချစ်လို့ မင်းသိလာမယ် ယုံကြည်ပေးပါ မျှော်လင့်မထားတဲ့အချိန် ကလေး လေး ချစ်ရက်နဲ့ ယုံကြည်ခြင်း ဆန္ဒတစုံ အလွမ်း ဖူးစာရှင် သဲသဲလှုပ် ဝေခွဲမရပါလား လိုက်ဖက်တဲ့ဘ၀ ငါ့ရင်ခွင်ကို အဆင်ပြေပါစေ Gtalk သူ ၀န်ခံလိုက်ပါ ရီးစားစာ တခါထဲချစ်ချင်လို့ပါ (၂) မိုး တိုးတိုးလေး ကြည်နူးခွင့် မုန်းမေ့ဖို့မလွယ် မလွယ်ပါကွယ် ကျောင်းသီချင်း ကြိုနေစေချင်တယ် ချစ်ကံဆိုး အပြုံးလေး နတ်သမီး လမင်းသို့ သီချင်းမဲ့ဂီတာ အမောပြေ ဆုတောင်းမယ် ဆုတောင်းမယ်(၂) ဟိုအရင်လို မိုးသည်းထဲမှာ အမေ နင်ပြန်လာခဲ့ ပေးဆပ်ခွင့် အချစ်အတွက်ကံမကောင်းခဲ့သူ ချစ်တယ်ဟုတ် ဖန်သားနန်းတော် ဒို့လည်းလိုက်မယ် မြတ်နိုးသူအတွက် ပုံရိပ်လေး ပြန်တော့ကွယ် အချစ်ကိုသိချိန် မင်းတယောက်သာ မမချစ်လို့မဖြစ် အမြတ်နိုးဆုံး ချစ်ခွင့်ရခြင်ပြီ ခွဲခွာရက်သူ ဘာကြောင့်လဲ အတ္တ စာမျက်နာ ၁၅ မျက်နာများတဲ့မောင် ဒီလမ်းမကြီးရဲ့ ဘေး အင်းယားသို့ နှစ်ပတ်လည်(၂) မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် ပြန်လာပါကွယ် သူသိပါကွယ် All out of love စလုံးကချစ်သူ ပတ်သက်ခွင့်ပြုပါ တကယ့်ပုံပြင် ကောင်မလေး တယောက်သောသူအတွက် မင်း မရေရာဘူး မအေးကိုချစ်လို့ ဆက်ချစ်ခွင့်ပေးပါ ညှို့နှိင်လွန်းတဲ့သူ ခွင့်ပြုတယ်ခွင့်လွှတ်တယ် ကြိုပြီးတောင်းပန်တယ် ရဲလေး သီချင်း ရီးစားထားတဲ့အရွယ် အချစ် = အချစ် သီးသန့်ဖြစ်တည်မူ ကိုကို့စိတ်ကူး မမက တကယ်ဆိုအချစ်ဘဲလိုတယ် ကြယ်ကြွေကောင်းကင် အချစ်များသူ့ဆီမှာ ပြန်တွေးကြည့် ယုံကြည်တော့အချစ် ကောင်ကလေးကကောင်မလေးကို နေရာ တယောက်သော သူ အဆုံးမဲ့ အလွမ်းပြေအနမ်း အလွမ်းဆုလဒ် ဘာဖြစ်ဖြစ်ချစ် မင်းသိလာမယ် 2 ပြန်မဆုံဖြစ်ကျရင် နောက်ဆုံး အမှန်သိခွင့် (ဒိုးလုံး) ချစ်ခွင့်ရချင်ပြီ နှစ်ကိုယ်တူချစ်သမျှ တခါခါ စိတ်လျှော့လိုက် ရိုးရှင်းသောဘ၀ရဲ့ပိုင်ဆိုင်မူ ဓမ္မဒါန လမ်းကြုံရင်ပြောပေးကြပါ StayWithMe ချစ်ခဲ့တာလားရူးခဲ့တာလား BadGirl သန်ခေါင်ယံည နုတ်ဆက်စာ အလွမ်းပြေအနမ်း ၂ ပြန်မဆုံဖြစ်ကျရင်၂ အချစ် နှောင့်ယှက်သူ ပြန်မရဘူး ငါ့ရင်ခွင်ကို ၂ မေ့တော့မေ့သေးဘူး မြတ်ဆုမွန် မကြာခင်မှာကြင်နာမယ် နေချင်တယ်မင်းအနား ဝေးလို့နေမလားမေ့လို့နေမလား ရွှေတိဂုံ(၂) သံယောဇဉ် သံစဉ်တွေနဲ့ချော့သိပ်မယ် ကောင်မလေး နောက်ဆုံးအချစ် မချစ်နဲ့တော့ မျှော်လင့်ခြင်းကွင်းပြင် MyHeartWillGoOn လွမ်းရဲမှ ၀ိရောဓိ အလွမ်းဝင်္ကပါ မင်းတယောက်သာ BeWithYou ကိုယ်မညာချင်တော့ဘူး ဆွေးမြေ့အသဲ သံယောဇဉ် ချစ်သူထားခဲ့တော့ ချစ်ဦးမေ အချိန်တိုင်းပဲ နားလည်ပါ ကြယ် လွန်ပါစေအလွမ်းညတွေ လူလည်အာရှသား ဗုဒ္ဓံ ဓမ္မံ သံဃံ ကြေကွဲရလိမ့်မယ် စိတ်ကူးလွင်ပြင် KissMe မ..ကို မီးအိမ်ရှင် အလွမ်းပြေအနမ်း လွမ်းနေပြီ လွမ်းနေပါတယ် အလွမ်းနိဂုံး မင်းချစ်မှချစ်ပါ့မလား အပြုံးလေး စိုးရိမ်ရတာပေါ့ မျှော်လင့်ခြင်းအဆုံး အပြစ်တခုဖန်ဆင်း ဘ၀ရဲ့လမ်းများ ခွဲခွါခြင်းနေ့ရက်များ ငါတော့မှားပြီ ကိစ္စမရှိဘူး မင်းနဲ့မဆုံသ၍ တို့နှစ်ယောက် ပျော်ပါစေ ဖက်ထားမယ် မ-မရှိတဲ့နေ့ရက်များ တွဲလက်များ ဒီကောင်မလေးအတွက် ရှင်သန်ခြင်းပြဇတ် ရွှေရောင်အရှုံး (အိမ်) နင်သိရဲ့လား နေညိုရင်၂ ငါ့ရဲ့အနား ခိုင်မြဲသောအချစ် ငါ့ရဲ့လမင်း ချစ်လို့ရရန် အလွမ်းပြေအနမ်း၂ မင်းလိုက်ရဲပါစေ သူငယ်ချင်းချစ်သူ အင်းယားလမ်းကပန်းဆိုင် သတိရရ-မရရ အဖြည့်ခံချစ်သူ တိတ်တခိုး နင်မလိုချင်လဲ လမ်းပျောက်ချိန် အလွမ်းကဗျာ အေးဆေးဖြစ်သွားပြီ မညာပါနဲ့ ချစ်သူလေး ညလေပြေ အိနြေ္ဒရှင်မလေး မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် လေပြေ၂ တဖက်သတ်အလွမ်း ဝေးပြီးတဲ့နောက် မနဲ့မောင် ချစ်တယ် ပြုံးလိုက်ပါ နှလုံးသားချင်းထိတွေ့ခဲ့တယ် ဖူးစာရှင် ဗုဒ္ဓမေတ္တာပန်း အိမ်မက်ရဲ့သမီးပျို မင်းမရှိတဲ့ကမ္ဘာ အလွမ်းသင့်ပန်းချီ ပျော်သလိုနေလိုက်တော့ စိတ်ကူးလွင်ပြင် အလွမ်းနိဂုံး မျှော်လင့်ခြင်းအဆုံး ဘ၀ရဲ့လမ်းများ နင်သိရဲ့လား အလွမ်းပြေအနမ်း၃ လရောင်ဆမ်းသောလမ်း တစ်ဖက်သက်အလွမ်း ဝေးပြီးတဲ့နောက် တစ်နေ့တော့ လမင်းသစ်ပင် ချစ်သူ နားနားဘေးမှာ ပျံသန်းသွားတော့ ဟုတ်လို့လား Never Be Replaced ချစ်မိနေပြီ နိုးတစ်ဝက်အချစ် အချစ်အတွက်ကိုယ်စား ငါ့ရဲ့အနား ၂ ဝေးသွားတဲ့အခါ မီးအိမ်ရှင် ငါ့နေရာ Anywhere for you Justin Bieber(Baby) သီရိသူ ဒီဇင်ဘာည ဒီဇင်ဘာည၂ ငါမှားလားမင်းမှန်လား ဆေးကျောင်းသား တကယ်ဆိုရင် အမေ စွန့်လွှတ်ခက်သူ နင်စေရင် အနှိုင်းမဲ့ ရင်ဘတ်ထဲက အနိုင်မယူသူရဲ့အရှုံး ခိုးချစ်ရသူ နှလုံးသားအစီရင်ခံစာ ညီမလေးအတွက် မိုး(မျိုးကြီး) မိုး၂(မျိုးကြီး) ( 8.4 ) ချစ်တယ်ဟုတ် ကောင်မလေးတယောက်အကြောင်း ဖက်ထားမယ် LetMeKissU ချယ်ရီသက်သေ ဖိတ်စာ နွေအလွမ်း ယူလိုက် အဖေ့မေတ္တာ လက်ခံပေးပါ(မျိုးကြီး) HaHaLaGyiAh မမ အပျိုကြီး ညီမလေး SnowQueen လက်ခံပေးပါ(၂) HERO ( မေ ) မမြင်ကွယ်ရာ ဟိုအရင်လို ငါ့ကိုပြောပါ မျှော်လင့်ချက်မဲ့(မျိုးကြီး) ယုံကြည်ပေးပါ BellyDancer ယုံကြည်ပေးပါ(Remix) အဖြူရောင်လေးပါကွယ် ရင်ထည်းခိုနားလှည့်ပေါ့ကွယ် မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး ပေါက်တဲ့အိုး တိတ်တခိုးအချစ် စံပါယ် တခုလောက်ဖြေပေးပါ ယုံကြည်ခြင်း၂ မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် ကမ္ဘာပျက်နေ့ နင့်ကိုငါအချစ်ဆုံး ကင်ဆာ အချစ်နဲပိုက်ဆံ နင်တစ်ယောက်တည်း သံစဉ်နဲ့ချော့သိပ်ခွင့် (မမ) ချစ်တယ်မရေ အချစ်မှတပါးအခြားမရှိပြီ တနေ့တော့ချစ်လာလိမ့်မည် အမေ့ မင်းအကြောင်းအိမ်မက် တန်ဆောင်တိုင်သီချင်း အလွမ်းနဲ့ရူးပြီ နှမြောတယ် သူလေး ကောင်းကင်ကအချစ်ငှက် ဆာဒါငဲယိုး ခိုနားရာ အိမ်မက်ကမ္ဘာ အလွမ်းဝင်္ကဘာ ပထမအနမ်းသီချင်း စကားလုံးတွေမလိုဘုး (နိဒါန်း) လေလွှင့်သူ အာဇာနည် ငါဆက်ချစ်မယ့်သူ ရုပ်သေးရုပ် မျှော်လင့်ချက်မဲ့ ဒီတစ်ခါမခွဲတော့ဘူး ချမ်းချမ်း(ကိုယ်တစ်ယောက်တည်း) မျိုးကြီး(နူးညံ့စွာပြောင်းလဲခြင်း) လက်ခံပေးပါ(၂)မျိုးကြီး မျိုးကြီး=အတိတ်ရဲ့နွေ Baby စပါယ် အမြဲတန်းယုံကြည်တယ် သူငယ်ချင်းသံယောဇဉ် မိန်းကလေးပါ ဒီဇင်ဘာည၂ ပြည့်စုံလွန်း အသိအမှတ်ပြုပါ ကြယ်ကြွေကောင်းကင် Congratulation ညီမလေး မကြင်နာလေသူသို့ အပြည်ပြည်ဆိုင်ရာအသဲကွဲသောနေ့ ပထမအနမ်း ချစ်သူသိပါစေ နင်မသွားခင် နှမြောတယ် မျှော်လင့်မိတဲ့ငါ့နတ်သမီး လမ်းခွဲ နောက်ဆုံးပေါ့ Baby-(Mc Wai Lin) ရင်ထဲကလာတဲ့သီချင်း ကော်ရုပ်လေး လွမ်းဆွတ်ခွင့် ချစ်သူ-ရိန်မိုး ငါ့ရဲ့လမင်း(လေးဖြူ) ရင်ခုန်စရာရှုခင်း(မျိုးကြီး) ကိုယ့်ရဲ့ကွက်လပ် ဆု....ထံသို့ ခလေးလေး မ-အတွက်သီချင်း ယုံမှာလား ရောခ့်သီချင်းတစ်ပုဒ်(မျိုးကြီး) မိုးသည်းချိန်မှာ Venus လမ်းဆုံး ပြန်လာပါ အလည်လွန်နှလုံးသား ဒို့ဝေးရာ ကျေးလက်တောတန်း အင်တာနက်ချစ်သူ ပြန်လာမဲ့အချိန် ခွင့်ပြုတယ်ခွင့်လွှတ်တယ် SaveTheAged ဆာဒါငဲယိုး၂ ပျော်တော်ဆက် ကောင်မလေး မင်းအချစ်ကြောင့် မလွမ်းဘဲမနေနိုင် မလှည့်စားနဲ့ အလွမ်းနေ့ရက်ရှည်များ ဒီအတိုင်းလေးဘဲချစ်နေမယ် အတောင်ပံပါရင်မင်းဆီကို TakeMeToYourHeart ထားအတွက် ကင်တင်းထဲကကွင်းလက်ချာ(အရိုး) ILoveYou ရာစုသစ်အလွမ်းသမား Rain Story (ပြည့်စုံ) မင်းနဲ့မှချစ်တတ်ပြီ အချစ်ဒါဏ်ရာ လွမ်းတယ်(မ)ရယ် မင်းနားလည်မှာ ချစ်သူရဲ့ပုံပြင်(အနွန်) (မ)အတွက်သီချင်း ကျောင်းပိတ်ရက်လေး ကျေးဇူးပဲမနက်ဖြန် ကောင်မလေး onelesslonelygirl ငါ့နေရာ "မ" အတွက်သီချင်း ကဗျာမမှီတဲ့အချစ်
တို့နှစ်ယောက်အကြောင်း ရုပ်သေးရုပ် ဒီမိုးသည်းချိန်တိုင်းမှာ ပြန်ဆုံနိုင်ဦးမလား မင်းနဲ့အတူရှိချင် ကြွေနေပြီ တိုကျိုအိပ်မက် မနှုတ်ဆက်ချင်ဘူး အာဒံဧ၀ တောင်းပန်ပါတယ် I Love U Baby BabY Cry On My Sailing HONEY(အာဇာနည်) ကိုယ့်ရဲ့သက်တန့်ငယ် အလွမ်းဝင်္ကပါ မ မရှိတဲ့နေ့ရက်များ ခါး(အငဲ) သိမ်းထားခွင့် WeddingDress မင်းရှိစေချင်တယ် ONLYLOVE ကိုယ်ပိုင်တဲ့ကိုယ့်နေရာ တန်ဖိုး(လေးဖြူ) ပျောက်ဆုံးသွားတဲ့မနက်ခင်းလေးများ မင်းအချစ်ကြောင့်(၀ိုင်ဝိုင်း) မခေါ်ရက်ဘူး တက္ကသိုလ်ဘ၀ ဆေးပေးပါ(မျိုးကြီး) အသဲကွဲဒီဇင်ဘာ အချစ်အိမ်မက်လေး ညီမလေးအတွက် ရိုမီယိုဂျူးလီးယက် Baby Gril တော်ပြီနောက့် အိပ်မက်ထဲကလူ ငါ့နဲ့ မင်း အဖြူရောင်သူငယ်ချင်း ဖက်ထားမယ် အဖြည့်ခံ မိုးဘယ်မှာရွာနေလဲ ချစ်တယ်ဟုတ် Bad girl ရင်ခုန်နှစ်သစ် မဟာဆန်သူ ပန်းချစ်သူ မမ ကောင်လေး ဆုံစည်းခွင့်-ရိုးရာ+ Mc ဟိန်းထက် တစ်ချိန်က”မ” နှုတ်ဆက်သီချင်း OldService အဆောင်သူမမ ပြော သနပ်ခါး အချစ်ဝင်္ကပါ L.O.V.E(Kg Ma Lay) အရင်ကဇတ်လမ်း အလွမ်းဝင်္ကပါ အလွမ်း ရှင်းပြခွင့်ပေးပါ Over You မိုး အနားနားဘေးမှာ မင်းကိုသတိရရင် ချစ်ခဲ့တာလား ရူးခဲ့တာလား အလွမ်းဆုလဒ် ကြိုစေချင်တယ် ငါ့နေရာ Justin Bieber@baby Radio ပေးခဲ့တဲအလွမ်း ပက်သက်ခွင့်ပြုပါ(Bunny Phyo) ကမ္ဘာငယ်လေး မသိချင်ယောက်ဆောင်မျက်နှာလွဲ ခိုနားရာ ကောင်ကလေးကကောင်မလေးကို ထာဝရပက်သက်ခွင့်ပြုပါ ကွာခြားမူ အရိပ်ပမာ Never Say Never never say never2 စိတ္တဇညဆိုးများ သူငယ်ချင်း အဝေးကချစ်သူ ကိုယ်တယောက်ထဲ လွမ်းဆဲပါ ကမ္ဘာငယ်လေး အမုန်းလက်ဆောင် KissMe Celion ၀ါဆိုမိုးနဲ့ပြန်ခဲ့ပါ မျှော်လင့်ဆဲ(ထက်ယံ) အပြစ်မမြင်ပါဘူး baby(mc wai lin)
ဘယ်သူ့အတွက်လဲ(ထက်ယံ) မမကိုယ်ချင်းစာနာခဲ့ပြီ ဘယ်ပန်းချီရေးလို့မမှီအဝေးရောက်နေသော်လည်း
ချယ်ရီသက်သေ snow queen Ma Ma ဖိတ်စာ နွေအလွမ်း Ha Ha La Gyi Ah အပျိုကြီး ညီမလေး ပန်းချစ်သူ.....ဒို့လည်းလိုက်မယ် ယုံကြည်ပေးပါ Belly Dancer MyHappyEnding ယုံကြည်ပေးပါ(Remix) ရင်ထဲခိုနားလှည့်ပေါ့ကွယ် အဖြူေ၇ာင်လေးပါကွယ် မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး ပေါက်တဲ့အိုး တိတ်တခိုးအချစ် စံပါယ် တခုလောက်ဖြေပေးပါငယ်ကျွမ်းဆွေ ကင်ဆာ ၀ိုင်းဆုရဲ့(လမ်းမကြီးရဲ့ဘေး) အရမ်းလွမ်းတယ်မရယ် မ..မ(၂) တပင်တည်းရင်ထဲကနွယ် တစ်စက္ကန့် နွေရာသီလမ်းခွဲ သခင့်ထံအပြေးပြန်လာမည် နူတ်ဆက်စကား မောင့်အရိုင်းပန်း ငယ်ဖော် အသည်းကွဲမြို့တော် VENUS Baby(Mc Wai Lin) ကြယ်ကြွေကောင်းကင် လမ်းဆုံ နှစ်သိမ့်တဲ့တေး သူစိမ်းတယောက်ပါ နှင်းဝေတဲ့ဆောင်း အလှစစ် ညို့မျက်ဝန်း နှလုံးသာရှာသူ လွမ်းတယ်(မ)ရယ်အသဲကွဲဒီဇင်ဘာ I Love U Baby၀ါရင့်သမ္ဘာရင့်(Old Service) Never Say Never
သီချင်းရပ်ချင်ရင် ဗီဒီယိုပေါ်မှာ Right Click-->Rewind. ဒေါင်းချင်ရင် သီချင်းအမည်ပေါ်မှာ Right Click, Save Link As ကိုနှိပ်ပါ။
Friday, December 3, 2010
ဘ၀ကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာလေးပေါ့
ဒီစာလေးကို ဖတ်ကြည့်ပြီး အရမ်းခွန်အားရလို့ ပြန်လည်ဝေမျှပေးလိုက်ပါတယ်...သူငယ်ချင်းတစ်ယောက်ဆီက forward မေလ်းလေးပါ...ဖတ်ပြီးတဲ့သူတွေလည်း ပြန်ဖတ်ပြီး အတွေးသစ်တွေ ပြန်လည်ပေါက်ဖွါးပါစေလို့ ရည်စူးပြီး...
တစ်နေ.မှာ လယ်သမားတစ်ယောက်ရဲ.မြည်းဟာ ရေတွင်းထဲကျသွားတယ်။ လယ်သမားက
ဘာလုပ်ရမလဲလို. ကြိုးစားအဖြေရှာ နေတုန်းမြည်းကတော့နာရီများစွာ သနားစဖွယ
်အော်ငို နေ ပါတယ်။
နောက်ဆုံးတော့ လယ်သမားက မြည်းဟာ အသက်လည်းကြီးပြီ ရေတွင်းကလည်း ဘယ်နည်း
နဲ.မဆို ဖို.ပစ်ဖို. လိုအပ်နေပြီမို. မြည်းကိုပြန်မရယူသင့်တော့ဘူးလို.
ဆုံးဖြတ်လိုက်ပါတယ်။
ဒါကြောင့်လည်း လယသမားက အိမ်နီးချင်းတွေကို လာကူဖို. ဖိတ်ခေါ်လိုက်ပါတယ်။သူတို.အား
လုံးဟာ ဂေါ်ပြားတွေကိုကိုင်ပြီး မြေကြီးတွေကို ရေတွင်းထဲ ယက်ထည်.ကြပါတော့တယ်။
အဲဒီအခြင်းအရာတွေကြောင့် လယ်ယာမြေထဲက တခြားတိရစ်ဆာန်တွေအားလုံးဟာ အလွန်ပဲ
ချောက်ချားသွားခဲ့ကြပါတယ်။အကြောင်းကတော့ မြည်းဟာ သူတို.ရဲ. သူငယ်ချင်း
ဖြစ်နေလို.ပါပဲ။ဒါပေမယ့် သူတို.က သူကို ဘာမှ မကူညီနိုင်တာကို
သိထားခဲ့ကြပါတယ်။
မြည်းဟာ ပထမတော့ ဘာဖြစ်နေတယ်ဆိုတာကို သဘောပေါက်သွားပြီး ထိတ်လန်.တကြား
အော်ဟစ်ငိုယိုပါတယ်။အဲဒီနောက် သူက ငြိမ်ငြိမ်သက်သက် နေပြလို. အားလုံးကအံ့အားသင့်
သွားကြတယ်။ဂေါ်ပြားနဲ.မြေကြီးအနည်းငယ် ယက်ထည်.ပြီးတဲ့အချိန်မှာ လယ်သမားဟာ ရေ
တွင်းထဲကို ငုံ.ကြည်.လိုက်မိတယ်။ကြည်.ပြီးတော့အံ့အားသင့် သွားပါတယ်။
မြည်းဟာ သူ.ကျောကုန်းပေါ် မြေကြီးတွေကျလာတိုင်း အံ့ဖွယ်တစ်စုံတစ်ခုကို ပြုလုပ်နေပါ
တော့တယ်။ သုဟာမြေကြီးတွေကို ခါချတယ်။ ပြီးတော့ အဲဒီ မြေကြီးတွေပေါ် ခြေထောက်နဲ.
နင်းတက်ပြီး မြေဖို.ပါတယ်။ လယ်သမားရဲ. အိမ်နီးချင်းတွေက မြေကြီးတွေကို သူ.ကိုယ်ပေါ်
ဆက်လက်ယက်ချနေတာကြောင့် သူကလည်း အဲဒါတွေကို ခါချပြီး ခြေထောက်နဲ.နင်းဖို.နေ
လိုက်တယ်။ သိပ်မကြာခင်မှာပဲ မြည်းဟာ ရေတွင်းနှူတ်ခမ်းဘောင်ပေါ် ခြေထောက်နဲ. နင်း
တက်ပြီး ခပ်သွက်သွက်လျှောက်သွားပါတော့တယ်။
သင်ခန်းစာ- ဘ၀က ဂေါ် ပြားဖြင့်မြေကြီးမှန်သမျှကို သင့်အပေါ် ကို ယက်ချပါလိမ့်မည်။
ဒုက်ခအသီးသီးဟာ အပ်ါသို.တက်ရာအဆင့်တစ်ဆင့်ဖြစ်နိုင်၏။ သင်တွေ.ကြုံရ
သောအဖြစ်အပျက်သည် အဲဒီအပေါ် သင်ဘယ်လိုတုံ.ပြန်သည် ဆိုတာလောက်
အရေးမကြီးပါ။ လက်မလျှော့ခြင်းဖြင့် ကျွန်ုပ်တို.ဟာ အနက်ဆုံးရေတွင်းထဲက
ထွက်လာနိုင်ပါတယ်။
ကျေးဇူးတင်ပါတယ်
MR L0N3LY
ဆက်ဖတ်ရန်
Photoshop နဲ့ ရေပြင်မှာ အရိပ်ကျနေတဲ့ပုံလေး လုပ်ကြည့်ရအောင်
Ref: myanmartutorials.com
ရေပြင်မှာ အရိပ်ကျနေတဲ့ ပုံလေး လုပ်ကြည့်ရအောင်
ပထမဆုံးအနေနဲ့ အောက်မှာပြထားတဲ့ ဒီပုံလေးကိုအရင် photoshop မှာ open လုပ်ပေးပါ။
ပြီးရင်တော့ Layer ကို select မှတ်ပြီး  Duplicate Layer ယူပေးပါ။ အဲ့ဒီနောက်မှာတော့ ဒီပုံရဲ့  အောက် မှာ ရေပြင်အရိပ်ထင်အောင် လုပ်ဖို့ အတွက် Canvas size ကိုချဲ့ရမှာပါ။ ဒီတော့ Background Layer ကိုရွေး Image > Canvas size လုပ်ပေးပါ။ ဒီလိုလေး ဖြစ်သွားမှာပါ။
ပြီးရင် Duplicate လုပ်ထားတဲ့ layer ကို Edit > Transform > Flip Verticle  လုပ် ပေးပါ။ ဒီပုံစံလေးဖြစ်အောင် move လုပ်ပေးပါ။
အဲ့ နောက်မှာတော့ ရေလှိုင်းရဲ့ wave လေးတွေဖြစ်ဖို့အတွက် Texture တစ်ခုကို ဖန်တီးကြရအောင်။
File > new ( Ctrl +N ) ကိုခေါ်ပါ။ ပထမဆုံးအနေနဲ့ Add Noise ကိုအရင်လုပ်ကြရအောင်။
Amount        : 100%
Select             : Uniform
Check           : Monochromatic ကိုရွေးပါ။
ပြီးတော့ နောက်တစ်ဆင့်က  Filter > Sketch > Bas Relief… ကိုရွေးပါ။  Detail : 10, Smoothness: 2, Light : Bottom; ကိုထားပေးပါ။
ပြီးရင် Filter > Blur > Motion Blur ကိုရွေးပါ။ Angle ကို 0 degree ထားပေးပါ။ ပြီးရင် psd file အနေနဲ့သိမ်းပါ။
ရေလှိုင်း wave တွေထည့်မဲ့ layer ကို select လုပ်ပြီး Filter > Convert for smart filters လုပ်ပါ။ thumbnail ပေါ်တွင် pointer တင်ပြီး Ctrl ကိုဖိပြီး click လုပ်ပါ။
အဲ့ဒီနောက်မှာတော့ Filter > Distort >Glass…  Texture တွင် ခုနကဖန်တီးခဲ့တဲ့ texture.psd file ကို load texture ကနေ ယူပေးပါ။ ဒီလိုပုံလေးကိုမြင်ရပါလိမ့်မယ်။
ပြီးရင် foreground color: gray, background color: white ထားပြီး gradient tool ဖြင့် drop လုပ်ပေးပါ။
နောက်ဆုံး final အနေနဲ့ကတော့ ဟော့ဒီလိုပုံလေးရပြီပေါ့နော်
ဆက်ဖတ်ရန်
ကျန်စစ်မင်း
ကျန်စစ်မင်းဇာတ်ကားလေး တောင်းဆိုရန်ကဏ္ဍထဲမှာ တောင်းထားတာတွေ့လို့ တင်ပေးလိုက်ပါတယ်။
ဒေါင်းဖို့ပါ တင်ပေးလိုက်ပါတယ်။
ဒေါင်းရန်
အပိုင်း(၁)
http://www.filesonic.com/file/38009947
http://www.fileserve.com/file/putsRQE
http://oron.com/zd56zn56j07e/w1.rar.html
http://ifile.it/zrj5evq/w1.rar
http://www.zshare.net/download/8341561232df1664/
http://rapidshare.com/files/434508374/w1.rar
http://www.mirrorcreator.com/files/GAZEIOX2/
အပိုင်း(၂)
http://www.filesonic.com/file/38044681
http://www.fileserve.com/file/KFnjX4e
http://www.zshare.net/download/83417151811b6f69/
http://rapidshare.com/files/434518133/z2.rar
http://ifile.it/2tw0rag/z2.rar
http://oron.com/banpx59alnbv/z2.rar.html
http://www.mirrorcreator.com/files/N1YMHX0Z/
ဆက်ဖတ်ရန်
ပြုံးပါ
ဆက်ဖတ်ရန်
ထာဝရဘုရား ၏ မှတ်တမ်း
ထာဝရဘုရား ၏ မှတ်တမ်း
မိတ်ဆွေတို့ရဲ့ ထာဝရ ဘုရားရဲ့သမ္မာကျမ်းစာတွေကို ယုတ္တိရှိ / မရှိ ကြည့်ရအောင်။
မိတ်ဆွေ တို့ရဲ့ ဓမ္မဟောင်းကျမ်းအပါအ၀င် ကမ္ဘာဦးကျမ်းအရ ဒီကမ္ဘာကြီး ကို ခရစ်မပေါ်မီ
၄၀၀၄ ခုနှစ်မှ ထာဝရဘုရားက ဖန်ဆင်းတယ်လို့ဆိုပါတယ် ။ ကဲ ...အဲဒါကိုစဉ်းစားကြည့်ရ
အောင်....အဲဒီခုနှစ် နဲ့ အခုခရစ်သက္ကရာဇ် . ၂၀၀၉ ကို ပေါင်းကြည့်ကြရအောင် ။ပေါင်းထည့်
လိုက်တော့ နှစ်ပေါင်း ၆၀၁၃ နှစ်သာ ဒီကမ္ဘာကြီးရဲ့သက်တမ်းကျန်ပါတော့တယ် ။ ကဲအဲဒီ
တော့ ဒီစကားဟာ ဘယ်လောက်မှန်လည်းဆိုတာပြန်လည် ဆန်းစစ် ကြည့်ကြစို့ ။
အီဂျစ်ပြည် က မံမီ လို့ခေါ်တဲ့ အလောင်းကောင်ခြောက်များဟာ နှစ်ပေါင်း
ခုနှစ်ထောင် ကျော် နှင့် ရှစ်ထောင် ကျော်ရှိပြီလို့ဆိုပါတယ် ။ အီလူရင်းန် လို့ခေါ် တဲ့ကျောက်
တောင်များရဲ့အသက်ဟာ နှစ်ပေါင်း ၅သန်း ကျော်ရှီပြီ လို့ ပထ၀ီဗေဒ သိပ္ပံပညာရှင်များ က
တစ်ညီတစ်ညွတ် တည်း ဆုံးဖြတ်ကြပါတယ် ။
ကဲ..ဒီတော့ မိတ်ဆွေ တို့ရဲ့ ကမ္ဘာဦးကျမ်းကလာတဲ့စကားဟာ စဉ်းစားဖို့ကောင်း
မနေဘူးလား ။စဉ်းစားလိုက်တဲ့အခါ ယုတ္တိကင်းမဲ့နေတာ တွေ့ရ ပြိ မဟုတ်လား ။ကမ္ဘာဦး
ကျမ်းရဲ့ အဆိုကို ခရစ်ယာန် လောကဓာတ်သိပ္ပံဆရာကြီးများကတောင် အတည်မပြုနိုင်
အောင်ဖြစ်နေကြပြီ မဟုတ်လား ။
ပြီးတော့ မိတ်ဆွေ တို့ရဲ့ ထာဝရဘုရား ဟာ ကမ္ဘာဟောင်းကိုသာဖန်ဆင်းခဲ့တယ် ။
ကမ္ဘာသစ်ဖြစ်တဲ့ တောင်အမေရိကတိုက် နှင့် မြောက်အမေရိကတိုက် တို့ကို ဖန်ဆင်းခဲ့ပုံ မရ
ဘူး ။ ဘာကြောင့်လည်းဆိုတော့ ကမ္ဘာသစ်အကြောင်း ဓမ္မဟောင်း ၊ ဓမ္မသစ် နှစ်ကျမ်းလုံး
မှာ အရိပ်အမြွက်မျှတောင် မပါခဲ့ပါဘူး ။
အမေရိကတိုက် ကို ခရစ်သက္ကရာဇ် ၁၄၀၀ ကျော်ရောက်မှ ခရစ္စတိုဖာကိုလံဘတ် က
သွားပြီးတွေ့တယ်မဟုတ်လား ။ ဓမ္မဟောင်းကျမ်းတွေအလိုအရ အခုထိ ဘယ်သူမှသိနိုင်မှာ
မဟုတ်ဘူး ။ ထာဝရဘုရားသခင် ကသာ သူ့ရဲ့အချစ်တော်များဖြစ်တဲ့ ဂျူးလူမျိုး တို့ကို
ဖာရိုဘုရင်လက်အောက်မှ ကယ်တင်ပြီး ပါလက်စတိုင်း ကိုပို့မယ့်အစား အဲဒီဘုရင်မလိုက်
နိုင်တဲ့ သမုဒ္ဒရာတစ်ဖက်ကမ်းက ဘေးကင်းရန်ကင်းဖြစ်တဲ့ အမေရိကတိုက် ကိုများသွားပို့
လိုက်ဖို့ မကောင်းပေဘူးလား ။ သူဖန်ဆင်းတဲ့ ကမ္ဘာဆိုရင် အမေရိက ဟာ အလွန်သဘာဝ
ပစ္စည်းပေါများပြီးကျယ်ပြန့်တဲ့ နိုင်ငံကြီး မဟုတ်လော ။အဲဒါ မလုပ်ခဲ့တာကို ထောက်သောအား
ဖြင့် ထာ၀၇ဘုရား ရဲ့ဖန်ဆင်းပုံဟာ နေရာမကျသေးပါဘူး ။ မပြည့်စုံဘူး လို့ပဲဆိုရမှာပေါ့ ။
ဖန်ဆင်းတယ် ဖန်ဆင်းတယ် နဲ့ တစ်ကယ်ပဲဖန်ဆင်းတယ်ထားပါတော့ ။ အဲဒီလို
ဖန်ဆင်းတဲ့နေရာ မှာအစီအစဉ်မတည့်တာလေးတွေ ပြောပရစေ ။ အာဃာတ သဘော
မဟုတ်ပါဘူး ။ သဘာဝယုတ္တိ အတွက်ပါ ။
ပထမနေ့မှာ ကောင်းကင်နဲ့မြေကြီးကို ဖန်ဆင်းတယ် ။ဒုတိယနေ့ကျတော့မိုးမျက်နှာ
ကျက်ဖြစ်စေ ၊ ရေနှင့်ရေခြင်း ခြားနားစေဆိုတဲ့စကား မိန့်ကြားပြီး၊ တတိယနေ့မှာသစ်ပင်
အမျိုးမျိုးကိုဖန်ဆင်းတယ် ။ စတုတ္ထနေ့မှာ နေကိုဖန်ဆင်းတယ် ၊အဲဒါမိတ်ဆွေ တို့ရဲ့ဓမ္မဟောင်း
ကျမ်းထဲပါတဲ့အတိုင်းပဲ ။အဲဒီထဲမှာ နေကို မဖန်ဆင်းမီ သစ်ပင်အမျိုးမျိုးဖန်ဆင်းတယ်ဆိုတာ
ဆန်းမနေဘူးလား ။ ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားကြပါ ။ သစ်ပင်များ ဟာ နေရဲ့အလင်းရောင်မရပဲ
မရှင်သန်နိုင်ဘူးဆိုတာကို မိတ်ဆွေများသိပါတယ် ။ လက်တွေ့လည်းပြနိုင်ပါတယ် ။ ဒီတော့
မိတ်ဆွေ တို့ ထာဝရဘုရား ဟာ ဒီအစီအစဉ် ကိုမှ နားမလည်ရာ မရောက်ပေဘူးလား ။စဉ်းစား
ကြပါ ။ ပြီးတော့ နေမရှိ ပဲ နဲ့ အလင်းရောင် ကိုဖန်ဆင်းတယ်တဲ့ ။ ပြီးတော့ သစ်ပင်မြက်ပင်
များ ရှူရှိုက်ဖို့ အောက်ဆီဂျင် + နိုက်ထရိုဂျင် ဓာတ်များကိုလည်း မဖန်ဆင်းခဲ့ပါဘူး ။ ယခုလို
ပြောနေရတာ မိတ်ဆွေ တို့ စဉ်းစားဖို့ အတွက်ပါ ။ အပြစ်ဆိုနေတာမဟုတ်ပါဘူး ။
နောက်တတိယ အချက်က ထာဝရဘုရားရဲ့ ပုံပန်းသဏ္ဍာန်ဖြစ်ပါတယ်။ ထာဝရဘုရား
မှာ ပုံသဏ္ဍာန်မရှိ ၊ ၀ိညဉ်တော် သက်သက် လို့ဆိုပါတယ် ။ ဒါပေမယ့် ကမ္ဘာဦးကျမ်း မှာဆို
ထားတာက အာဒံ နှင့် ဧ၀ ဟာ ထာဝရဘုရားကို မြင်ဖူးကြတယ်တဲ့ ။ နောဧ ဟာလည်း
သေသေချာချာ မြင်ဖူးသတဲ့ ။ ရာကုတ် ကတော့မြင်ရုံတင်မကဘူး ထာဝရ နဲ့ နပန်းတောင်
သတ်ဖူးကြတယ် ။ မိုးလင်းခါနီးကျတော့ ထာဝရဘုရား က လွှတ်ခိုင်းတာ ကို မလွှတ် သည့်
အတွက် ၀ိညာဉ်တော်သက်သက်ရှိတဲ့ ထာဝရဘုရား က လက်သီးနဲ့ထိုးလိုက်လို့ ပေါင်ကျိုး
သွားသေးသတဲ့ ။ ကဲ.. အဲဒီ ၀ိညာဉ်တော်သက်သက်ရှိတဲ့ ထာဝရဘုရား မှာ လက်သီး ဘယ်က
ရသလဲ စဉ်းစားကြည့်ပါ ။
အီဘရာဟင် ဆိုတဲ့လူက သူလည်း တွေ့ဖူးပါသတဲ့ ။ ဒါတင်မက တစ်နေ့မှာ အီဘရာဟင်
အိမ်လာပြီးတော့ ညစာတောင်လာစားသွားသေးသတဲ့ ။ မောရှေ လည်းသေသေချာချာမြင်ရ
တဲ့လူဘဲ ။ ဒီတော့ ဓမ္မကျမ်း က ထာဝရဘုရားကို မြင်ဖူးတွေ့ဖူး သူ ၅ယောက် ရှိမနေဘူးလား ။
ဒီလိုဆိုရင် ၀ိညာဉ်တော်သက်သက် ဖြစ်တယ် ဆိုတဲ့ စကားကို စဉ်းစားဖို့မလိုဘူးလား ။စဉ်းစား
ကြပါ အရမ်းမယုာံကပါနဲ့ ။
ပြီးတော့ နာမ်ဝိညာဉ်သက်သက်ဖြစ်လို့ ပုံသဏ္ဍာန်မရှိဘူးတဲ့ ။ ဒါတွေကိုသိရဲ့သားနဲ့
တမင်သက်သက်ပြောတာ ။ သူတို့ထာဝရဘုရားရဲ့ ပုံသဏ္ဍာန် ကို ပြောရမှာနည်းနည်းရှက်
တယ်နဲ့တူပါတယ် ။ ဘာကြောင့်လည်းဆိုတော့ ဗျာဒိတ်တော်ခန်း အခန်း(၁) အပုဒ် (၁၄-၁၅
၁၆ ) မှာ ထာဝရဘုရား ရဲ့ပုံသဏ္ဍာန်ကို သေသေချာချာ ဖော်ပြထားပါတယ် ။ ပြီးတော့
အခန်း (၅) အပုဒ် (၆) မှာလည်း ပါ ပါသေးတယ် ။
အဲဒီကျမ်းရဲ့ ထာဝရဘုရား ရဲ့ပုံသဏ္ဍာန် ဟာ
(၁) ခေါင်းမွှေးကနှင်းကဲ့သို့ဖြူတယ်
(၂) မျက်လုံးကမီးရောင်ကဲ့သို့တောက်ပတယ်
(၃) ခြေထောက်ကမီးရဲရဲဖုတ်ထားတဲ့ ကြေးနီဝါ နဲ့တူတယ်
(၄) ညာဘက်လက်က ကြယ်ခုနှစ်လုံးကို ကိုင်ထားတယ်
(၅) ပါးစပ်မှာ နှစ်ဖက်သွားဓါးရှည်ကြီး နှစ်ချောင်းထွက်နေတယ်
(၆) ဦးချို ခုနှစ်ချောင်း ရှိတယ်
(၇) မျက်လုံး ခုနှစ်လုံးရှိတယ်
အဲဒါ ထာဝရဘုရားရဲ့ ပုံ ပါပဲ ။ အခုနေများ အဲဒီပုံ ရှိတဲ့ လူတစ်ယောက်ကိုများတွေ့ရင်
မိတ်ဆွေ တို့ ထွက်ပြေးကြမယ်ထင်ပါတယ် ။
စတုတ္ထ အချက်က ထာဝရဘုရားနေတဲ့အရပ် ပါ ။ ထာဝရဘုရား ရဲ့နေရာ နှင့်ပတ်သက်
ပြီးမိတ်ဆွေ တို့ မသိသေးရင် ပြောပြပါမယ် ။ ထာဝရဘုရား ဟာ တန်ခိုးအကြီးဆုံးဖြစ်တဲ့
အတွက် ကောင်းကင်တစ်ခွင်မှာ အလှဆုံး ၊ အတောက်ပဆုံးဖြစ်တဲ့မြောက်ဘက်ကောင်းကင်
မှာရှိတဲ့ ခုနှစ်စင်ကြယ် ရဲ့ အလယ်ဗဟို မှာ နေသတဲ့ ။ အဲဒါဟာလည်း အရမ်းပြောတာမဟုတ်
ပါဘူး ။ လူးကပ်စ်အာရိဒ် ရေးတဲ့ အက်စ်ထရွန်နော်မီအင်န်ဘိုင်ဘယ်လ် လို့ခေါ်တဲ့ နက္ခတ္တဗေ
ဒနှင့် သမ္မာကျမ်းစာ ဆိုတဲ့ စာအုပ် ဂေါ့ဒ်စ် လင်းပလေ့စ် ဆိုတဲ့ အခန်းမျာ ပါ ပါတယ် ။အဲဒီ
တော့ ထာဝရဘုရား ရဲ့နေရာထင်ရှားသွားပြန်တာပေါ့လေ ။ အဲဒီစာအုပ် ကို မိတ်ဆွေ များ
ဝယ်ဖတ်ကြပါ ။ အမေရိကန်ပြည် ကယ်လဖိုးနီးယား ကထုတ်ပါတယ် ။
ပဉ္စမအချက်ကတော့ ထာဝရဘုရားရဲ့သဘောထား ဖြစ်ပါတယ် ။ ထာဝရဘုရား က
" ငါဟာငြူစူသောဘု၇ားဖြစ်တယ် " လို့ ထာဝရ ကိုယ်တိုင်တရားဟောရာကျမ်း ၄း၂၄ ၌ ပြော
ခဲ့ကြောင်း ဓမ္မသစ် ကျမ်းမှာ တွေ့ရပါတယ် ။ တစ်ခါ ဓမ္မဟောင်းကျမ်း ၊ တရားဟောရာကျမ်း
၇း၁၀ မှာလည်း " ကိုယ်တော်ကို မုန်းသောသူတို့ကို ဖျက်ဆီးခြင်းငှာ သူတို့၏ မျက်မှောက်၌
အပြစ်ပေးသော ဘုရားဖြစ်ကြောင်း ကိုသိမှတ်လော့ " လို့ဆိုပါတယ် ။ အဲဒီကျမ်း ၇း၁၆ မှာ
လည်း " သင်၏ဘုရားသခင် ထာဝရဘုရားသခင်သည် သင်၌ပေးအပ်တော်မူသော လူမျိုး
အပေါင်းကိုဖျက်ဆီးရမည် ။ သင်၏မျက်စိသည် သူတို့ကိုမသနားရ ။ သူတို့ဘုရားအားဝတ်မပြု
ရ ၊ ၀တ်ပြုလျှင် ထိမိ၍ လှဲစရာအကြောင်းဖြစ်လိမ့်မည် " ဟု ပါရှိပါတယ် ။
ထာဝရဘုရား ဟာ တစ်ခြားဘုရားတွေကိုယုံကြည်တဲ့သူတွေကို သိပ်ပြီးသဘောကျ
ဟန်မတူပါဘူး ။ငါမှတစ်ပါး တစ်ခြား ဘုရားတွေကို မယုံကြည်နဲ့လို့ပြောခဲ့ပါတယ် ။ ယေရှု
ကလည်း တစ်ခြားဘုရားတွေကို ပုတ်ခတ်ပြောဆိုတယ် ။ဓမ္မဟောင်း ၊ ဓမ္မသစ် နှစ်ကျမ်းစလုံး
မှာ အဲဒါမျိုးတွေပြည့်နှက်နေတယ် ။ ကိုယ့်ဘုရားကတစ်ကယ်မှန်ကန်နေရင် ငြူစူနေဖို့ မလိုပါ
ဘူး ။ မနာလိုစရာ မရှိပါဘူး ။ခြောက်လှန့် ဟန့်တားနေစရာ မလိုပါဘူး ။ လာကြည့် ၊လုပ်ကြည့်
စမ်းသပ်ကြည့် လို့ ဆိုရမှာပေါ့ ။ အခုတော့ မူမမှန် လို့ အဲဒီလိုမပြောဝံ့ ပါဘူး ။ အမြဲတမ်း
ခြောက်လှန့်နေရတယ် ။ လာကြည့်ပါ ၊ စမ်းသပ်ကြည့်ပါလို့ပြောရင် သူတို့ရဲ့ မူမမှန်တာတွေ
ပေါ်တော့မှာကိုး ။
နောက်တစ်ခါ ဘုရားရဲ့ အကျင့်စာရိတ္တ ကိုတော့ အထူးပြောနေစ၇ာမလိုတော့ပါဘူး။
ဓမ္မဟောင်းကျမ်းတစ်ခုလုံး ကို လျှောက်ကြည့်မယ်ဆိုလျှင် မကောင်းမှုအတွက်စဉ်းစားတာတွေ
မကောင်းတာလုပ်ဖို့ လှုပ်ဆော်တာတွေ ၊ တိုက်တွန်းတာတွေ ၊ ကိုယ်တိုင်လုပ်ခဲ့တာတွေအများ
ကြီးတွေ့ရမှာဖြစ်ပါတယ် ။ကမ္ဘာဦးကျမ်း အခန်း (၃၀) မှာ လှေကိုချောင်းကြည့်မိလို့
ငါးသိန်းခုနှစ်ဆယ်သော လူအပေါင်းကိုသတ်ဖြတ် သတဲ့ ။( ၂း၇၁း၂၄း၁၂ ) အရက်နှင့်အမဲကင်
ကိုလည်းအရမ်းကြိုက်သတဲ့ ။ တောလည်ရာကျမ်း အခန်း (၂၈) မှာ ပါ ပါတယ် ။
ထာဝရဘုရား ဟာ သန်းခေါင်စာရင်းသဘောပေါ့လေ ။ လူစာရင်း ယူခိုင်းပြီးတော့
လူပေါင်းခုနှစ်သောင်း ကို သတ်ပစ် သတဲ့ ။(၂း၇၁း၂၄း၁၅) ကိုကြည့်ပါ ။ အဲဒီကျမ်း (၃၈း၇)မှာ
ယုဒ ၏ သားဦး အေရ ကို ထာဝရဘုရားရှေ့၌ ဆိုးသောသူအဖြစ် သူ့ကို ထာဝရဘုရား က
ကွပ်မျက်ပစ်သတဲ့ ။ တစ်ခါ (၁၀း၁၁) မှာ ထိုအမှုကို ထာဝရဘုရား နှစ်သက်တော်မမူသော
ကြောင့် အောနမ် ကိုလည်း ကွပ်မျက်တော်မူ၏ လို့ပါပြန်တယ် ။ အဲဒါ ဘာဖြစ်လို့လည်းဆို
တော့ အောနမ် ဟာ မုဆိုးမ မရီးကို သားသမီး ရအောင် မပေါင်းသင်းလို့ပါတဲ့ ။ တစ်ခါ လူ
သတ္တ၀ါ များ အိမ်ရာထူထောင်မှု ၀ါဒစိတ်ဓာတ် ကို ဘုရားသခင် က သွင်းပေးသတဲ့ ။(၃၀၀း၂၂
း၂၃) လူသတ္တ၀ါများဟာ ရိုးလွန်းလျှင်မတတ်ဘဲနေမှာစိုးလို့လား မသိပါဘူး လိမ်တတ် ညာ
တတ်အောင် မုသာဝါဒစိတ်ဓာတ်ကိုဘုရားသခင်ကဘဲ သွင်းပေးသတဲ့ ။(၃း၇၁း၂၂း၂၃)
ဟေရှာလ အနာဂတ္တိကျမ်းအခန်း (၁၃ ) အပုဒ်(၉း၁၁း၁၅း၁၆)များမှာကြည့်ပါ ။ မိတ်ဆွေ တို့ရဲ့
ထာဝရဘုရား ဒေါသကြီးကြောင်းတွေ အများကြီးတွေ့ရပါမယ် ။
သူပြောတာမလိုက်နာနိုင်လျှင် အပြစ်ရှိရောတဲ့။အပြစ်ရှိတဲ့ လူတွေကိုမကယ်တင်ဘူးတဲ့။
ထာဝရဘုရားကြိမ်ဆဲတာတွေလည်း အလွန်အသည်းယားစရာ ကောင်းပါတယ် ။တရားဟော
ရာကျမ်းအခန်း (၂၈) ကို ဖတ်ကြည့်ပါ ။ထာ၀၇ဘုရား သဘောထားသေးနှုတ်ပုံ ၊ စိတ်ဓာတ်
အောက်တန်းကျပုံတွေကို ( မာလခိ အနာဂတ္တိကျမ်း ) အခန်း(၂) မှာ တွေ့ရပါလိမ့်မယ် ။
" ငါ့ရဲ့ကျေးဇူးတော်တို့ကို မအောက်မေ့လျှင် သင်တို့ကို ငါကြိမ်ဆဲမည်၊ သင်တို့သည်သားစဉ်
မြေးဆက် အားလုံးတို့ကို ကြောက်မက်ဖွယ်အပြစ်ဒဏ်ခတ်မည် " စသည်တို့ကို အဲဒီအခန်းမှာတွေ့ရပါလိမ့်မည်။
ဆက်ဖတ်ရန်
လူနေမှုစနစ်၏အခြေခံသဘောတရား
လူနေမှုစနစ်၏အခြေခံသဘောတရား
     သိင်္ဂါလသည် ရာဇဂြိုဟ်မြို့နေ ဗုဒ္ဓဘာသာမိသားစုတစ်စုမှ ပေါက်ဖွါးလာသော သားတစ်ပါးဖြစ်သည်။ သူ၏ မိဘတို့သည် ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို အလွန်ကိုင်းရှိုင်း ရိုသေကြသူများဖြစ်သည်။ သို့သော် သိင်္ဂါလ-ကား မိဘတို့နှင့်မတူ တစ်မူထူးခြားသော အတွေးအခေါ်ရှိခဲ့လေသည်။ သူ့ကိုယ်သူကိုလည်း မိဘတို့ထက်သာသည်၊ ခေတ်ပညာတတ်တစ်ဦးဖြစ်သည်၊ မိဘတို့ကား ခေတ်မမှီတော့၊ ခေတ်နောက်မှာကျန်ရစ်ပြီ၊ သူတို့ခေတ်၌ မိဘတို့ခေတ်ကအယူအဆများ အသုံးမ၀င်တော့ဟု သူယူဆသည်။
     သူ၏မိဘတို့သည် သားလှရတနာ သားသည်းခြာကို မြတ်ဗုဒ္ဓထံမှောက်သို့ရောက်အောင်၊ သံဃာတော် များထံရောက်အောင်၊ ရောက်ခဲ့လျှင် အေးမြသော တရားအရသာကို ခံစားရအောင် နည်းအမျိုးမျိုးဖြင့် ဖြားယောင်း သွေးဆောင်ခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ သဲရေကျဖြစ်ခဲ့ရသည်ချည်းသာ။
     သိင်္ဂါလသည်ကား သူ၏မိဘနှစ်ပါးတို့ကို ဤသို့ပင် ပြန်လည်ချေပ ပြောဆိုလေ့ရှိခဲ့သည် -
    "အမေအဖေတို့ကလည်း စဉ်းစားကြည့်ပါဦး၊ ကျွန်တော် ဘုရားကျောင်းသွားယင် အနည်းဆုံး မိနစ်သုံးဆယ်လောက် အချိန်ကုန်မယ်။ အဲ့ဒီ မိနစ်သုံးဆယ် အချိန်ဆိုတာ ကျွန်တော့်အတွက်တော့ စီးပွါးရေးဖြစ်နိုင်တယ်၊ စီးပွါးရေးလဲဖြစ်တယ်၊ အတော်ကို ခရီးရောက်မယ့် အချိန်ပဲလေ။ အဲ့ဒီ မိနစ်သုံးဆယ် အချိန်အတွင်း ကြီးပွါးနိုင်တဲ့ စီးပွါးကြီးကိုဗျာ ဘယ့်နှယ် ဘာမဟုတ် ညာမဟုတ် ဘုရားကျောင်းသွားပြီး တောင်လိုလို မြောက်လိုလို၊ တောင်မရောက် မြောက်မရောက်နဲ့ မဖြုန်းတီးချင်ပါဘူး၊ အလဟဿမလုပ်သင့်ဘူးလို့ပဲ ကျွန်တော်ထင်တယ်၊ ကျွန်တော့်အတွက်တော့ အချိန်တိုင်းဟာ ငွေပဲဖြစ်ရမယ်၊ အချိန်တိုင်းဟာ ရွှေပဲဖြစ်ရမယ်"
    "အမေနဲ့အဖေတို့ပဲ စဉ်းစားကြည့်လေ ကျွန်တော်က ဘုရားကျောင်းသွားပြီး ဘုရားနဲ့သံဃာတော်တွေကို ဘာလုပ်ပေးရမှာလဲ၊ ဘာမှလဲ လုပ်ပေးစရာမလိုပါဘူး၊ သူတို့ဆီသွားပြီး ကန်တော့မယ် ရှိခိုးမယ်ဆိုယင် အကျိုးအနေနဲ့ကတော့ ခါးညောင်းမယ်၊ ဒူးညောင်းမယ်၊ နားပူမယ်၊ ဒါပဲလေ။ ပြီးတော့ ကျွန်တော်တို့ကချည်း အောက်မှာထိုင်ရတယ်၊ မြေပေါ်မှာထိုင်ရတယ်၊ သူတို့ကတော့ ကောင်းတဲ့နေရာမှာ သန့်တဲ့နေရာမှာပဲထိုင်တယ်လေ။ ကြည့်လေ ဘယ်မှာ တရားလို့လဲ။ ကျွန်တော့်မှာတော့ အင်္ကျီတွေ ပေကုန်တယ်။ သူတို့မှာတော့ ဖုံမှုန့်လေးတောင် မသမ်းဘူး။ သူတို့ရဲ့ပြောဟောချက်တွေကို လက်အုပ်ချီထားပြီး နားထောင်ပေးရတယ်၊ သူတို့က နားမလည် လည်အောင် ခဏခဏရှင်းပြတယ်၊  နားလည်သွားပြီဆိုပြန်တော့လဲ သူတို့ကို အိမ်မှာဖိတ်ကျွေးရတယ်၊ သူတို့ရဲ့ သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါး လိုအပ်ချက်တွေကိုလည်း ထောက်ပံ့ပေးရသေးတယ်။ နောက်ဆုံးတော့ သားတို့လို လူပုဂ္ဂိုလ်တွေ မမွဲပဲခံနိုင်ရိုးလား။ ဒါ့ကြောင့် သားတို့နိုင်ငံ မကြီးပွါးတာပေါ့" ဟု ပြန်ပြောတတ်လေသည်။
    သိင်္ဂါလ၏မိဘနှစ်ပါးတို့သည် သားသည်းခြာကို ပြောမရသည့်အဆုံး ဥပေက္ခာတရားဖြင့် လက်လျှော့ထားခဲ့ရသည်။ ကရုဏာမျက်လုံးတို့ဖြင့် စောင့်ကြည့်ခဲ့ကြသည်။ သားသမီးတို့သည် မိဘတို့ ကွယ်လွန်ခါနီး အချိန်ကျမှ မိဘတို့ပြောသောစကားကို မြေ၀ယ်မကျ နားထောင်တတ်ကြသည်ဟု သူ၏မိဘတို့က သဘောပေါက်ထားခဲ့ကြသည်။ ထို့ကြောင့် သေရာညောင်စောင်းဝယ် လဲလျောင်းနေရသော ကွယ်လွန်ခါနီးအချိန်တွင် သားသိင်္ဂါလကိုခေါ်၍ ကရုဏာသက်လျက် မှာတမ်းခြွေခဲ့လေသည် -
     "သားသား ဖေဖေ အခုပြောမယ့်စကားဟာ ဖေဖေရဲ့ နောက်ဆုံးစကားဖြစ်တယ်၊ အဲ့ဒီ နောက်ဆုံးစကားကို သားလေး သေသေချာချာစဉ်းစား ဆုံးဖြတ်ပြီးမှ လက်ခံပါ"
     "ပြောပါ ဖေဖေ၊ ဖေဖေပြောသမျှ သားနားထောင်ပါ့မယ်၊ သား လိုက်နာကျင့်သုံးပါ့မယ် ဖေဖေ"
     "သားလေးရယ် ဖေဖေဖြစ်စေချင်တာကတော့ သားလေးစောစောထ၊ ရေမိုးချိုးပြီး အရပ်ခြောက်မျက်နှာကို ရှိခိုးရမယ်" ဟုပြောပြီး ၀ိညာဏ်ချုပ်သွားခဲ့သည်။
     သားသိင်္ဂါလသည် ကရုဏာရှင် ဖခင်၏ နောက်ဆုံးမှာတမ်းစကားကို အသက်ထက်ဆုံး လိုက်နာဖို့ ဆုံးဖြတ်ခဲ့သည်။ သို့ဖြင့် တစ်နေ့သောအခါ သိင်္ဂါလသည် နံနက်စောစော အိပ်ယာမှထခဲ့သည်၊ ရေမိုးချိုးခဲ့သည်၊ ရာဇဂြိုဟ်မြို့ပြင်သို့ ထွက်ခဲ့သည်။ အဖေမှာထားခဲ့သည့်အတိုင်း အရပ်ခြောက်မျက်နှာတို့ကို ရှိခိုးနေခဲ့လေသည်။
     ထိုနေ့ကား သိင်္ဂါလနေ့ဟုပင် ဆိုရပေမည်။ အဘယ့်ကြောင့်ဆိုသော် မြတ်ဗုဒ္ဓ၏ဉာဏ်တော် ကွန်ယက်အတွင်း၌ သိင်္ဂါလလုလင်သည် ထင်ထင်ရှားရှား ပေါ်လွင်ခဲ့သည်။ ထို့ကြောင့် မြတ်ဗုဒ္ဓသည် နံနက်စောစော ရာဇဂြိုဟ်မြို့သို့ ခပ်စောစော ဆွမ်းခံကြွရန် ၀င်တော်မူခဲ့သည်။ ရာဇဂြိုဟ်မြို့ပြင်တွင် သိင်္ဂါလကို မြင်တော်မူလျှင် မြတ်ဗုဒ္ဓသည် သူရှိခိုးနေသော အရပ်ခြောက်မျက်နှာတို့၏ လျို့ဝှက်သင်္ကေတတို့ကို ဖေါ်ထုတ်ပေးတော်မူခဲ့လေသည်။ ထိုလျို့ဝှက်သင်္ကေတတို့သည် လူ့ဘောင်လောက လူနေမှုစနစ်ကြီး၏ အခြေခံ သဘောတရားကြီးပင် ဖြစ်လေသည်။ ထို့ကြောင့်ပင် အဋ္ဌကထာဆရာ အရှင်မဟာ ဗုဒ္ဓဃောသသည် သူ၏အဋ္ဌကထာ၌ အောက်ပါအတိုင် မှတ်ချက်ပေးခဲ့လေသည် -
     "သိင်္ဂါလသုတ်တော်သည် လူနေမှုစနစ်ကြီး၏ ပြီးပြည့်စုံသော အခြေခံသဘောတရားဖြစ်သည်။ ထို့ကြောင့် ဤသိင်္ဂါလသုတ်တော်ကို လူ့ဝိနည်းဟုပင် ခေါ်ဆိုနိုင်ပေသည်။ မည်သူမဆို ဤလူနေမှုစနစ်အတိုင်း လိုက်နာကျင့်သုံးပါလျှင် ထိုသူ၏မိသားစုမှစ၍ သူနေထိုင်ရာပတ်ဝန်းကျင်၊ သူ၏ရပ်ကွက်၊ သူ၏မြို့ရွာ၊ သူ၏နိုင်ငံ မြေလက်ခတ်မလွဲ ကြီးပွါးတိုးတက် ချမ်းသာကြ မည်ဖြစ်သည်"
     ထို့အပြင် ပိဋကတ်ဘာသာပြန်ဆိုရေးအဖွဲ့ (P.T.S.) မှ Mrs. Rhys Davids ကလည်း ဤသိင်္ဂါလသုတ်တော်ကို အောက်ပါအတိုင်း  မှတ်ချက်ရေးထိုးခဲ့လေသည် -
"The Buddha's doctrine of love and goodwill between man and man is here set forth in a domestic and social ethics with more comprehensive detail than elsewhere. And truly we may say even now of this Vinaya or code of discipline, so fundamental are the human interests involved, so sane and wide is the wisdom that envisages them, that the utterances are as fresh and practically as binding today and here as they were then at Rajagaha. 'Happy would have been the village or clan on the banks of the Ganges where the people were full of the kindly spirit of fellow-feeling, the noble spirit of justice which breathes through these naive and simple sayings.' Not less happy would be the village, or the family on the banks of the Thames today, of which this could be said."
     ဤမျှကောင်းမွန်သော လူနေမှုစနစ်ကြီး၏ အခြေခံသဘောတရားကြီးကို (တစ်နည်းအားဖြင့် လူကျင့်ဝတ် လူ့ဝိနည်း) ကို အောက်ပါအတိုင် သင်္ဂဇာဆရာတော်ဘုရားကြီးက မှတ်သားဖွယ် လင်္ကာများရေးလျက် သီကုံးတော်မူခဲ့လေသည်-
အရှေ့ မိဘ၊ တောင်မှ ဆရာ
နောက်မှာ သားမယား၊ မြောက်ကား မိတ်ဆွေ
အောက်ခြေ ကျေးကျွန်၊ ထက်မွန်ရပ်ဖျား ရဟန်းများ
ခြောက်ပါးရပ်မျက်နှာ-
ဟူ၍ အရပ်ခြောက်မျက်နှာတို့၏ လျို့ဝှက်သင်္ကေတတို့ကို စပ်ဆိုခဲ့လေသည်။ ထို့အပြင် အရပ်မျက်နှာ တစ်ခုစီ၏ အသေးစိပ်များကိုလည်း လင်္ကာစပ်လျက် အောက်ပါအတိုင်း သီကုံးတော်မူခဲ့လေသည်။
The parents should be looked upon as the East, teachers as the South, wife and children as the West, friends and associates as the North, servants and employees as the Nadir, ascetics and brahmins as the Zenith.
သားသမီးကျင့်ဝတ် ငါးပါး (A Child's Duties)
(၁) မိဘတို့က မိမိအား ငယ်စဉ်က ကျွေးမွေးစောင့်ရှောက်ရသကဲ့သို့ မိမိက မိဘတို့အား ပြန်လည် ကျွေးမွေးစောင့်ရှောက်ခြင်း။
      Having supported me I shall support them,
(၂) မိဘတို့ ပြုလုပ်ဆောင်ရွက်ဖွယ်ကိစ္စကို မိမိကပင်ဆောင်ရွက် စီမံခြင်း။
      I shall do their duties,
(၃) အမျိုးအနွယ်မတိမ်ကောမပျက်စီးအောင် စောင့်စည်း ထိန်းသိမ်းခြင်း။
      I shall keep the family tradition,
(၄) မိဘတို့အမွေအနှစ်ကို ခံယူထိုက်အောင် ကောင်းစွာကျင့်ဆောင်ခြင်း။
      I shall make myself worthy of my inheritance,
(၅) မိဘတို့ ကွယ်လွန်ပြီးသောအခါ မိဘတို့အတွက် ရည်မှန်း လှူဒါန်းပေးကမ်းပြီးလျှင် အမျှဝေငှခြင်း။
      Furthermore I shall offer alms in honour of my departed relatives.
ကျွေးမွေးမပျက် ဆောင်ရွက်စီမံ
မွေခံထိုက်စေ လှူမျှဝေ၍
စောင့်လေမျိုးနွယ် ၀တ်ငါးသွယ်
ကျင့်ဖွယ်သားတို့တာ။
မိဘကျင့်ဝတ် ငါးပါး (Parents' Duties)
(၁) မကောင်းမှုမှ တားမြစ်ခြင်း။
      They restrain them from evil.
(၂) ကောင်းမှုပြုအောင် တိုက်တွန်းခြင်း၊ သားသမီးကို ငယ်စဉ်ကပင် ဘုရားသွားကျောင်းတက် ခေါ်ဆောင်ခြင်း၊ ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုဆက်ဆံတတ်စေရန် ညွှန်ကြားပေးခြင်း၊ ဘုရားရှိခိုးစာ၊ ဆုံးမစာသံပေါက်များ ကဗျာများ ကျက်မှတ်ရွတ်ဖတ်စေခြင်း၊ ငါးရာ့ငါးဆယ် ဇာတ်ကြီးဆယ်ဘွဲ့ စသော အတုယူဖွယ်ပုံဝတ္ထုများ ပြောကြားခြင်းဖြင့် လိမ္မာယဉ်ကျေးအောင် ငယ်စဉ်ကပင် ပြုပြင်တိုက်တွန်းခြင်း။
      They encourage them to do good.
(၃) အတတ်ပညာသင်ကြားပေးခြင်း။
      They train them for a profession.
(၄) လျောက်ပတ်သောအချိန်၌ အမွေဥစ္စာအပ်နှင်းခြင်း။
      At the proper time they hand over their inheritance to them.
(၅) လျောက်ပတ်သောအချိန်အရွယ်၌ ထိမ်းမြားပေးခြင်း။
      They arrange a suitable marriage.
မကောင်းမြစ်တာ ကောင်းရာညွှန်လတ်
အတတ်သင်စေ ပေးဝေနှီးရင်း
ထိမ်းမြားခြင်းလျှင် ၀တ်ငါးအင်
ဖခင်မယ်တို့တာ
တပည့်ကျင့်ဝတ် ငါးပါး (A Pupil's Duties)
(၁) နေရာမှထ၍ ရိုသေစွာ ခရီးဦးကြိုဆိုခြင်း။
      By rising from the seat in salutation,
(၂) ဆရာထံပါးချဉ်းကပ်ခြင်း၊ ဆရာ့အား ကြောက်၍ ရှောင်ဖယ်မနေပဲ ဆရာ့ထံမှ ဆုံးမသြ၀ါဒ ရယူရန် အတတ်ပညာရယူရန် ချဉ်းကပ်ရမည်။
      By attending on him,
(၃) လေးစားစွာ နာယူခြင်း၊ ဆရာ၏ ဆုံးမသြ၀ါဒလမ်းညွှန်ချက်များကို ရိုသေလေးစားစွာ နားစိုက်ထောင်ခြင်း နာယူမှတ်သားခြင်း။
      By eagerness to learn,
(၄) ဆရာ့ကို တရိုတသေ ပြုစုလုပ်ကျွေးခြင်း။
      By personal service,
(၅) အတတ်ပညာကို ဂရုတစိုက် တန်ဖိုးထား ရိုသေစွာ သင်ကြားလေ့ကျက်ခြင်း။
      By respectful attention while receiving instructions.
ညီညာထကြွ ဆုံးမနာယူ
လာမူကြိုဆီး ထံနီးလုပ်ကျွေး
သင်တွေးအံရွတ် တပည့်ဝတ်
မချွတ်ငါးခုသာ
ဆရာ့ကျင့်ဝတ် ငါးပါး (A Teacher's Duties)
(၁) အတတ်ပညာကိုသင်ကြားပေးခြင်း၊ နှုတ်မှုပညာ လက်မှုပညာ စက်မှုပညာ သင်ကြားပေးခြင်း။
      They train them in the best discipline,
(၂) ဆုံးမပဲ့ပြင်ခြင်း၊ အပြောအဆိုအနေအထိုင် ယဉ်ကျေးသိမ်မွေ့အောင် မကောင်းမှုဒုစရိုက် မပြုအောင် သွန်သင်ဆုံးမခြင်း။
      They see that they grasp their lessons well,
(၃) ဆရာစားမချန်ခြင်း၊ အတတ်ပညာကို ဆရာစားမချန်ပဲ အကုန်အစင် သင်ကြားပေးခြင်း။
      They instruct them in the arts and sciences,
(၄) ဘေးအန္တရာယ်မှ ကာကွယ်ပေးခြင်း၊ မိမိတပည့်အပေါ် ကျရောက်မည့် ဘေးအန္တရာယ်ကို အကာ အကွယ်ပေးခြင်း။
      They provide for their safety in every quarter.
(၅) ကောင်းမွန်သော အဆွေခင်ပွန်းတို့ထံ၌ ဆက်သွယ်အပ်နှံ၍ တိုးတက်စေခြင်း။
      They introduce them to their friends and associates.
အတတ်လည်းသင် ပဲ့ပြင်ဆုံးမ
သိပ္ပမချန် ဘေးရန်ဆီးကာ
သင့်ရာအပ်ပို့ ဆရာတို့
ကျင့်ဖို့ဝတ်ငါးဖြာ။
လင့်ကျင့်ဝတ် ငါးပါး (A Husband's Duties)
(၁) မြတ်နိုးကြင်နာမှုရှိခြင်း။
      By being courteous to her
(၂) နှိမ့်ချ၍မဆက်ဆံခြင်း၊ မထီမဲ့မြင်မပြုခြင်း။
      By not despising her,
(၃) မယားငယ်အနှောင်းမထားခြင်း။
      By being faithful to her,
(၄) စည်းစိမ်ဥစ္စာကို အပ်နှင်းခြင်း။
      By handing over authority to her,
(၅) အ၀တ်တန်ဆာပေးခြင်း။
      By providing her with adornments.
မထေမဲ့ကင်း အပ်နှင်းဥစ္စာ
မိစ္ဆာမမှား ၀တ်စားဆင်ယင်
မြတ်နိုးကြင် ငါးအင် လင်ကျင့်ရာ။
မယားကျင့်ဝတ် ငါးပါး (A Wife's Duties)
(၁) အိမ်တွင်းမှု ချက်ပြုတ် ချုပ်လုပ်စသော အမှုကြီးငယ်ကို ကောင်းစွာစီရင်ခြင်း။
      She performs her duties well,
(၂) နှစ်ဘက်သော ဆွေမျိုးတို့ကို ချီးမြှောက်ခြင်း။
      She is hospitable to relations and attendants
(၃) မိမိလင်မှတပါး အခြားယောက်ျား၌ လွန်ကြူးသောအကျင့်မှကင်းခြင်း။
      She is faithful,
(၄) ရှာဖွေစုဆောင်းရရှိသည့်ဥစ္စာကို ထိန်းသိမ်းစောင့်ရှောက်ခြင်း။
      She protects what he brings,
(၅) အလုံးစုံသောကိစ္စတို့၌ လိမ္မာ၍ ပျင်းရိမှုကင်းခြင်း။
      She is skilled and industrious in discharging her duties.
အိမ်တွင်းမှုလုပ် သိမ်းထုပ်သေချာ
မိစ္ဆာကြဉ်ရှောင် လျော်အောင်ဖြန့်ချိ
ပျင်းရိမမူ ၀တ်ငါးဆူ အိမ်သူကျင့်အပ်ရာ။
မိတ်ဆွေကျင့်ဝတ် ငါးပါး (A Friend's Duties)
(၁) ပေးကမ်းချီးမြှင့်ခြင်း။
      By liberality (charity),
(၂) တန်းတူရည်တူ ဆက်ဆံခြင်း။
      By being impartial,
(၃) အကျိုးစီးပွါး ဖြစ်ထွန်းအောင် ဆောင်ရွက်ပေးခြင်း။
      By being helpful,
(၄) ယဉ်ကျေးချိုသာ ချစ်ဖွယ်သောစကားကို ဆိုခြင်း။
      By courteous speech,
(၅) မချွတ်မယွင်း မှန်ကန်တည့်မတ်ခြင်း။
      By sincerity.
ပေးကမ်းချီးမြှင့် ကိုယ်နှင့်ယှဉ်ထား
စီးပွားဆောင်ရွက် နှုတ်မြွက်ချိုသာ
သစ္စာမှန်စေ ၀တ်ငါးထွေ
ကျင့်လေမိတ်သဟာ။
တုံ့လှည့်မိတ်ဆွေကျင့်ဝတ် ငါးပါး (Friends' Duties in turn)
(၁) မေ့လျော့သောအခါ စောင့်ရှောက်တတ်ခြင်း။
      They protect him when he is heedless,
(၂) မိတ်ဆွေ၏ပစ္စည်းဥစ္စာကို စောင့်ရှောက်တတ်ခြင်း။
      They protect his property when he is heedless,
(၃) ကြောက်လန့်ဖွယ်ရှိသောအခါ အားထားမှီခိုရာဖြစ်ခြင်း။
      They become a refuge when he is in danger,
(၄) ဘေးအန္တရာယ်နှင့်တွေ့ကြုံသောအခါ စွန့်ပစ်မသွားဘဲ အေးအတူပူအမျှ အတူတကွ ရပ်တည်ခြင်း။
      They do not forsake him in his troubles,
(၅) မိတ်ဆွေ၏ သားမြေးမြစ်အစဉ်အဆက် မိတ်ဆွေမပျက်စေခြင်း။
      They show consideration for his family.
မေ့လျော့စောင့်လာ ဥစ္စာစောင့်ရှောက်
လန့်ကြောက်မှီရာ ဘေးလာမပြစ်
သားမြစ်စဉ်ဆက် မပျက်ပူဇေ
ဝတ်ငါးထွေ မိတ်ဆွေပြန်ကျင့်ရာ။
အလုပ်ရှင် (ပိုင်ရှင်) ကျင့်ဝတ် ငါးပါး (A Boss's Duties)
(၁) သူတို့၏ကျွမ်းကျင်မှုအားလျှော်စွာ အလုပ်ကို ခိုင်းတတ်ရခြင်း၊
      By assigning them work according to their ability,
(၂) လုံလောက်သော လစာရိက္ခာကို ပေးကမ်းထောက်ပံ့ရခြင်း၊
      By supplying them with food and with wages,
(၃) ဖျားနာသောအခါ ဆေးဝါးတို့ဖြင့် ကုသပေးရခြင်း၊
      By tending them in sickness,
(၄) အမြတ်အစွန်းရလာလျှင် အလုပ်သမားများအား စနစ်တကျဝေးငှပေးရခြင်း၊
      By sharing with them any delicacies,
(၅) အချိန်ကာလအားလျှော်စွာ ခွင့်ရက်များပေးရခြင်း။
      By granting them leave at times.
        နာလျှင်ကုစေ၊ ငှဝေရသာ
        အခါကိုလွှတ်၊ အလုပ်ရှင်ဝတ်၊ မချွတ် ငါးခုသာ။
အလုပ်သမား (၀န်ထမ်း) ကျင့်ဝတ် ငါးပါး (A Staff's Duties)
(၁) အလုပ်ရှင်မထမီ စောစီးစွာထရခြင်း၊
      They rise before him,
(၂) အလုပ်ရှင်နောက်မှ အိပ်ရခြင်း၊
      They go to sleep after him,
(၃) ပေးသောပစ္စည်းကိုသာ ယူရခြင်း၊
      They take only what is given,
(၄) မိမိအလုပ်ကို တာဝန်ကျေရခြင်း၊
      They perform their duties well,
(၅) မိမိအလုပ်ရှင်၏ဂုဏ်အသရေကို မငြိုးနွမ်းစေရခြင်း။
      They uphold his good name and fame.
        အိပ်သော်နောက်ကျ၊ ထသော်ကားရှေး
        ပေးမှယူအပ်၊ စေ့စပ်ဆောင်ရွက်
        ကျေးဇူးမြွက်၊ ငါးချက် လုပ်သားဝတ်။
ဒါယကာကျင့်ဝတ် ငါးပါး (A Devotee's Duties)
(၁) မေတ္တာစိတ်ထား၍ ဆောင်ရွက်ပေးခြင်း၊
      By lovable deeds,
(၂) မေတ္တာစိတ်ထား၍ ပြောဆိုလျှောက်ထားခြင်း၊
      By lovable words,
(၃) မေတ္တာစိတ်ထား၍ တွေးခေါ်ကြံစည်ခြင်း၊
      By lovable thoughts,
(၄) ပစ္စည်းလေးပါးဖြင့် ဖိတ်မာန်ခြင်း၊
      By keeping open house to them,
(၅) မိမိတတ်စွမ်းသလောက် ထောက်ပံ့လှူဒါန်းခြင်း။
      By supplying their material needs.
မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ကြင်
ခင်မင်နှုတ်ချို၊ လိုလျှင်ဖိတ်ထား
တတ်အားလှူစေ၊ ၀တ်ငါးထွေ
ပြုလေဒါယကာ။
ရဟန်းကျင့်ဝတ် ခြောက်ပါး (Monks' Duties)
(၁) မကောင်းသော အကုသိုလ်အလုပ်များ မလုပ်ဖြစ်အောင် တားမြစ်ပေးခြင်း၊
      They restrain him from evil,
(၂) ကောင်းသော ကုသိုလ်အလုပ်များ ပြုလုပ်ဖြစ်အောင် တိုက်တွန်းပေးခြင်း၊
      They persuade him to do good,
(၃) နှလုံးသားဝယ် မေတ္တာစိတ်များဖြင့် လွှမ်းထုံထားခြင်း၊
      They love him with a kind heart,
(၄) မကြားဘူး မနာဘူးသေးသော တရားများကို ဟောပြောပေးရခြင်း၊
      They make him hear what he has not heard,
(၅) ကြားဘူးပြီး နာဘူးပြီးသော တရားများကို ထပ်မံ၍ ရှင်းလင်းပြသပေးရခြင်း၊
      They clarify what he has already heard,
(၆) နတ်ပြည် နိဗ္ဗာန်တိုင်သို့ရောက်အောင် လမ်းဆောင်ညွှန်ပြပေးရခြင်း။
      They point out the path to a heavenly state.
မကောင်းမြစ်တာ၊ ကောင်းရာညွှန်လစ်
အသစ်ဟောကျူး၊ နာဖူးထပ်မံ
နတ်ထံတင်ရာ၊ မေတ္တာလည်းပြု
ရဟန်းမှု ခြောက်ခုလွန်သေချာ။
     ဤသို့သောအားဖြင့် ရဟန်းပညာရှိ လူပညာရှိ သူတော်စင်အပေါင်းတို့က အဖက်ဖက်မှ ချီးမွမ်းတော်မူကြသော ဤသိင်္ဂါလသုတ်တော်ကြီးကို နာယူမှတ်သား လေ့လာသင့်ကြပေသည်။ ယခုတင်ပြအပ်ပြီးသော အချက်အလက်များသည် သိင်္ဂါလသုတ်တော်ကြီးထဲမှ တစ်စိတ်တစ်ဒေသမျှသာ ဖြစ်ပါသဖြင့်  ယခုစာရှုသူအပေါင်းတို့အား ဤသိင်္ဂါလသုတ်တော်ကြီးကို အပြီးသို့တိုင် ကုန်စင်အောင် လေ့လာကြရန် အထူးတိုက်တွန်းအပ်ပါသည်။ သို့မှသာ မိမိဘ၀အတွက်၊ မိမိ၏မိသားစု၊ မိမိ၏ဆွေမျိုးမိတ်ဆွေ၊ မိမိနေထိုင်ရာရပ်ကွက်၊ မိမိ၏မြို့ရွာဒေသ၊ မိမိ၏တိုင်းပြည် ကြီးပွါးရေးအတွက် စနစ်ကျသော လူနေမှု၊ လူ့ဘောင်အဖွဲ့အစည်းကြီးကို တည်ဆောက်နိုင်ကြမည်ဖြစ်သည်။ ထိုသို့ တည်ဆောက်သောအားဖြင့်  မိမိသူတစ်ပါး နှစ်ဦးသားတို့မှစ၍ တစ်နိုင်ငံလုံး တစ်ကမ္ဘာလုံး စိတ်ချမ်းသာ၍ ကြီးပွါးတိုးတက်ကြမည်မှာ ဧကန်အမှန်ပင်ဖြစ်ပါတော့သည်။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
အရှင်ပညာသီဟာလင်္ကာရ M.A. (Phil.), Ph.D. (Buddhism)
ရန်ကုန်ပညာရေးတာဝန်ခံ
အပြည်ပြည်ဆိုင်ရာ သီတဂူသာသနာပြုဗိမာန်တော်
မြောက်ဒဂုံ၊ ရန်ကုန်
ဆက်ဖတ်ရန်
သီတဂူဆရာတော်ဘုရားကြီး၏သြ၀ါဒကထာ (ပူနေးကျောင်းသားများသို့)
သီတဂူဆရာတော်ဘုရားကြီး၏သြ၀ါဒကထာ
(ပူနေးကျောင်းသားများသို့)
လူသာလျင် အကြီးကျယ်ဆုံး
ရှေးဦးစွား သီတဂူဆရာတော်ကြီးကို ပူနေးကျောင်းသားများက အသံပြိုင်ကန်တော့ကြသည်။ ထိုနောက်ဆရာတော် အမိန့်ရှိသည်မှာ ငါအမြဲတမ်းကြော်ငြာထားတဲ့ ဆောင်ပုဒ်တစ်ပုဒ်ရှိတယ် မင်းတို့အားလုံး ရကြလိမ့်မည်ဟု မျော်လင့်တယ်။ There is nothing great in the world but man. ကမ္ဘာမှာ လူက လွဲလို့ ကြီးကျယ်တာ ဘာမှမရှိဘူး။ လူသည် ဘုရားလည်းဖြစ်နိုင်တယ်၊ ပစ္စေကဗုဒ္ဓါလည်း ဖြစ်နိုင်တယ်၊ ရဟန္တာလည်းဖြစ်နိုင်တယ်၊ စကြာဝတေးမင်းလဲဖြစ်နိုင်တယ်၊ ဘုရင်လဲဖြစ်နိုင်တယ်၊ ဗြဟ္မာလည်းဖြစ်နိုင်တယ်၊ နတ်လည်းဖြစ်နိုင်တယ်၊ သကြားလည်းဖြစ်နိုင်တယ်၊
အဲ--ယုတ်စွအဆုံး မစင်စားတဲ့ ခွေးလည်းဖြစ်နိုင်တယ်။ လူက အကုန်ဖြစ်နိုင်တဲ့ ဘ၀ပဒေသာကြီးပေါ့၊ အ၀ီစိသွားချင်လည်းရတယ်၊ လူ့ဘ၀ဟာ လမ်းဆုံးပဲ (junction of the world). အဲဒါကြောင့် မင်းတို့တစ်တွေ အထက်သွားမလား အောက်ဆင်းမလား၊ နှစ်ခြောင်းထောက်ကနေ လေးခြောင်းထောက် သွားခြင်သလား။
လူထဲက အကြီးကျယ်ဆုံးတရား
နောက်တစ်ခုက There is nothing in man but character and wisdom. လူမှာလည်း သီလနှင့်ပညာထက် ကြီးကျယ်တာ ဘာမှ မရှိဘူး၊ သီလနှင့်ပညာနုတ်လိုက်ရင် လူမှာ ဘာမှ မရှိတော့ဘူး။ လောကကြီးတခုလုံးသည် အထူးသဖြင့် သတ္တလောကကြီးတခုလုံးမှာ လူဟာ အကြီးကျယ်ဆုံးပဲ၊  Great ပဲ၊ လူ့သန္တာန်မှာလဲ ပညာနှင့် ကိုယ်ကျင့်တရားဟာ Great ပဲ၊ အကြီးအကျယ်ဆုံးပဲ၊ အဲဒီနှစ်ခု နုတ်လိုက်ရင် လူဟာ Meaningless ပဲ၊ အဓိပ္ပါယ်မရှိဘူးပေါ့၊ သူဋ္ဌေးပဲဖြစ်ဖြစ်၊ ဘုရင်ပဲဖြစ်ဖြစ်၊ ပညာမဲ့နေရင် အလကားပဲ။
ဘုရင်ဆိုတာ
ဘုရင်ဆိုတာ တိုင်းပြည်ရဲ့ service ပဲ၊ တိုင်းပြည်နှင့်လူမျိုးအတွက် service ပေးနိုင်ဘို့ရန် သူတို့ရဲ့ investment (အရင်းအနှီးက) က ကိုယ်ကျင့်တရားနှင့် ပညာပ ဒီနှစ်ခုပဲ။ King တို့ Government တို့ဆိုတာ တိုင်းပြည်ရဲ့ service အလုပ်အကြွေးပဲ။ service (အလုပ်ကြွေး) ဖြစ်ဘို့ရန် character (သီလ)နှင့် wisdom (ပညာ) လိုအပ်တယ်။ wisdom ဆိုတာကို ပြန်ပြောင်းပြောရင် education ပဲ။ အဲဒီနှစ်ခုကင်းမဲ့နေရင် အဲဒီဘုရင်ဟာ တိုင်းပြည်အတွက် အသုံးမကျဘူး၊ အဲဒီအစိုးရဟာလည်း အသုံးမ၀င်ဘူး။ အဲဒီတော့ မင်းတို့တတွေ အခု ပညာသင်နေကြတယ်၊ ကျောင်းတက်နေကြတယ်၊ ဘာလုပ်ဘို့လဲ။ Ph.D ဘွဲ့တွေချိတ့်ပီး ဘာလုပ်မလဲ။
သာသနာပြုတာဝန် ၂ ရပ်
စောစောက လောကအကြောင်းကို အတိုချုပ်ပြီးပြောခဲ့တယ်။ သာသနာမှာလည်း Ministry ရယ် Missionary ရယ် နှစ်ခုရှိတယ်။ အဲဒီ နှစ်ခုကို မင်းတို့တတွေ လုပ်ရမယ်။ Missionary ဆိုတာက လူ့လောကကြီးမှာ moral (ကိုယ်ကျင့်သီလ)၊ mental, spiritual (စိတ်ဓာတ်)၊ နှင့် intellectual (အသိဥာဏ်) ဆိုပြီး အခြေခံသုံးခုရှိတယ်။ Missionary means doing and works on the development of morality, mentality and intellectuality. အဲဒီသုံးခုကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ခြင်းသည်ပင် Missionary ခေါ်တာပဲ။
Mean why we must do service for the mission and country. Service ဆိုတာ humanity works ပဲ၊ Social works ပဲ၊ Material Life အတွက်ပဲ၊ ရုပ်လောကကြီးကို အကျင့်ကောင်းအောင် သင်ပေးတာ စိတ်ဓာတ်ကောင်းအောင် သင်ပေးတာ ပညာတက်အောင် သင်ပေးတာ၊ ဒါက Religious Leaders (ဘာသာရေး ခေါင်းဆောင်) တွေအတွက် ဒီနှစ်ခုဟာ မဖြစ်မနေလုပ်ရမယ်၊ အဲဒါဟာ Missionary ပဲ။
Ministry ဆိုတာကတော့ အကျင့်အောင် ဘယ်လိုပဲသင်ပေးပေး မထိရောက်ဘူး၊ သိပ်မွဲနေတဲ့သူတစ်ယောက် ဘယ်လိုပဲ အကျင့်ကောင်အောင် သင်ပေးပေး မဖြစ်ဘူး၊ အဲဒါကြောင့် သူတို့ကို ထောက်ပံ့ရမည်၊ စိတ်ဓာတ်ကောင်းအောင် ဘယ်လိုပဲသင်ပေးပေး ပစ္စည်းဥစ္စာမွဲနေတဲ့ ဆင်းရဲသား တစ်ယောက်ဟာ စိတ်ဓာတ်တွေ ညံ့သွားတက်တယ်။ အဲဒီတော့ အဲဒီတော့ စိတ်ဓာတ်ရယ်၊ အကျင့်တရားရယ်၊ ပညာရယ် ဒီဥစ္စာတွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်နေပေမဲ့ တစ်ဖက်မှာက သူတို့ရဲ့စားဝတ်နေရေး ကျန်းမာရေးတွေအတွက် လူမှုရေးလုပ်ငန်းတွေ လုပ်ဘို့လိုအပ်တယ်၊ ကျန်းမာရေးအတွက် education ဥပမာ- ငါ စာသင်ကျောင်းတွေ ဆေးရုံတွေ နေရာအနှံ့အပြား လိုက်ဆောက်နေတယ်ဆိုတာ Ministry ပဲကွ။
Ministry ဆိုတာ မင်းတို့က ၀န်ကြီးဌာနကြီးပဲလို့ အောင့်မေ့နေကြတယ်၊ Ministry ဆိုတဲ့စကားလုံးဟာ ခရစ်ယာန်သာသနာကစခဲ့တာ၊ အဲဒီတော့ မင်းတို့ Minister ဆိုရင် ၀န်ကြီးလို့ထင်နေကြတယ်၊ အဲဒါကို encyclopedia မှာ သေချာဖတ်ကြည့်။ Ministry is a service for the country. တိုင်းပြည်ရဲ့အလုပ်အကြွေးပဲ အခုတော့ အရှင်သခင်တွေဖြစ်ကုန်ပြီ။ အဲဒီတော့ မင်းတို့တတွေ ဘာလုပ်မလဲဆိုတော့ အဲဒီနှစ်ခုကိုလုပ်ရမည်။ Service moral, mental, intellectual development for the country, nations. အဲဒီနှစ်ခုကို တပြိုင်တည်းလုပ်ရမည်။
မြတ်ဗုဒ္ဓရဲ့ Mission and Ministry
မြတ်ဗုဒ္ဓ ၄၅နှစ်လုပ်သွားတာကြည့်လေ၊ အ၀ိဇ္ဇာလွှမ်းနေတဲ့ကမ္ဘာကို ဘာလုပ်ပေးသလဲ၊ အ၀ိဇ္ဇာ (အကန်းကမ္ဘာ)ကို မျက်လုံးပေးတယ်၊ အပင်းကမ္ဘာကို နားပေးတယ်၊ အိပ်နေတဲ့ကမ္ဘာကို စည်ရိုက်ပေးတယ်၊ ဓမ္မစက္ကံ  ပ၀တ္တေတုံ ဂစ္ဆာမိ ကာသိနံ ပုရံ၊ ပြီးတော့ အာဟဉ္ဇံ အမတ ဒုန္ဒုဘိံ။ အပင်းကမ္ဘာကို စည်းရိုက်ပြီးနိုးတယ်။
အဲဒါကြောင့် အဲဒီကစပြီး ဗုဒ္ဓရဲ့ ၄၅ နှစ်ကိုကြည့်ရင်-- အဖွားအိုတစ်ယောက် သားသမီး ၁၁ ယောက်က ပစ်လိုက်တာ ဘုရားပဲ ကောက်မွေးထားတယ်၊ အဘိုးအိုတစ်ယောက် သားတွေ သမီးတွေကနှိပ်စက် မိန်းမကြီးက အိပ်ယာကထ ခြေထောက်နှင့်ကန်နိုး နွားတွေက ပျောက် လယ်တွေက ပျက်၊ အဲဒီ ပုဏ္ဏားကြီးကိုလည်း ဘုရားပဲကောက်မွေးထားတယ်။ ရာဓပုဏ္ဏားကြီးကို ကြည့်ပါဦး၊ သားတွေ  သမီးတွေက စွန့်လိုက်တော့ သူတောင်းစာဖြစ်နေတဲ့ ရာဓပုဏ္ဏား ကျောင်းကပ်ပြီးနေရတယ်၊ ပုဂံဆေး ခွက်ဆေး အိမ်သာဆေး တံမျက်လဲပြီးနေရတာ အသက်ကြီးလာတော့ ရဟန်းဝတ်ချင်စိတ် ပေါက်လာတယ်၊ ဘယ်သူမှ ရဟန်းပြုမပေးချင်ကြဘူး၊ ဘုရားက အစည်းဝေးခေါ်ပြီး ဒီ ရာဓပုဏ္ဏားက ကျေးဇူးပြုဖူးသောသူရှိရင် ထပါဆိုတော့ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးထလာတယ်၊ သူ သူတောင်းစားဘ၀က သူ့ရှေ့ကဖြတ်သွားစဉ် ဆွမ်း အိန္ဒိယလိုပြောရင် ကျပါတီ တစ်ချက်နှစ်ချက်လောက် လောင်းဖူးတယ်၊ အဲလိုဆိုရင် မင်းတာဝန်ယူပြီး ရဟန်းပြုပေးလိုက်ဆိုတော့ အရှင်သာရိပုတ်တာဝန်ယူလိုက်တယ်၊ ရာဓပုဏ္ဏားလဲ အရှင်သာရိပုတ္တရာရဲ့ လမ်းညွန်မှုအောက်မှာပဲ ရဟန္တာဖြစ်သွားခဲ့တယ်။ ဒါဟာ ဗုဒ္ဓရဲ့ Ministry ပဲ။
  .
သာသနာပြုနည်း (Missionary technique)
တစ်ခါ ကိုယ်လုံးကျွတ်ပြီး အရူးဖြစ်နေတဲ့ မိန်းမတစ်ယောက် ဗုဒ္ဓကခေါ်ပြီး သာသနာမှာ စောင့်ရှောက်ထားလိုက်တယ်၊ (ပဋာစာရီ)။ အမှိုက်ပုံကောက်စားနေတဲ့ ကလေးတစ်ယောက်ကို မြင်တော့ ဗုဒ္ဓက ဒီကလေး စောင့်ရှောက်ရမည်၊ အမှိုက်ပုံနား ဘုရားမသွားဘဲ အရှင်သာရိပုတ်မထေရ်ကို လွတ်လိုက်တယ်၊ အရှင်သာရိပုတ်မထေရ်က what are you looking for? ဟုမေးလိုက်တဲ့အခါ ကလေးက  I am searching for some food here. အမိုက်ပုံးမှာ ကောက်စားနေတဲ့သူတွေဆိုတာ ဟိုတုန်းကလဲရှိတယ်၊ အခုလဲရှိနေတယ်၊ အများကြီးပဲ၊ အဲဒါတွေကို မင်းတို့ ဘာလုပ်ပေးမလဲ။
အဲဒီတော့ သာရိပုတ္တရာက ငါ့သပိတ်ထဲကြည့်ပါ၊ စားစရာတွေ အပြည့်ပဲ။ ကလေးဆိုတော့ အနိစ္စတွေ ဒုက္ခတွေ အနတ္တတွေ သွားမဟောနဲ့၊ အသေ၀နာ စ ဗာလာနံ သွားမဟောနဲ့၊ တခါ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ သွားမရွတ်ခိုင်းနဲ့ ဘယ်ရမလဲ။ ဘာပေးရမလဲ၊ အစာရှာနေတယ်၊ ဟောဒီမှာ သပိတ်ထဲမှာ အစာတွေ အများကြီးရှိတယ်၊ စားချင်လား၊ စားချင်ရင် ကျောင်းလိုက်ခဲ့၊ အရှင်သာရိပုတ္တရာလုပ်သွားတာနော်။ အဲဒီတော့ technique (နည်း)တွေ အများကြီးရှိပါတယ်။ chance (အခွင့်အရေး)ကို မင်းတို့ ထိုင်စောင့်မနေကြနဲ့။ အဲဒီလို Missionary နှင့် Ministry ရဲ့ chance (အခွင့်အရေး)ကို ထိုင်စောင့်မနေနဲ့၊ လိုက်ရှာ၊ အဲဒါ မင်းတို့ရဲ့ အလုပ်ပဲ (duty) ပဲ။
အဲဒီတော့ အရှင်သာရိပုတ္တရာ နောက်လိုက်သွားတဲ့ ကလေးကို ကျောင်းရောက်တော့ ရေမိုးချိုးပေးလိုက်တယ်။ ပြီးတော့ မင်းရဲ့ဘ၀ကလည်း ကြမ်းထမ်းလိုက်တာ ဒီကြမ်းထမ်းတဲ့ ဘ၀ကို ဇာတ်သိမ်းရမည်။ သင်္ကန်းဝတ်ပေးလိုက်တယ်၊ လောသကတိဿပဲ။ အဲဒီတော့ ဗုဒ္ဓရဲ့ Misionary နှင့် Ministry နှစ်ခုကို မင်းတို့ အားလုံး နားလည်ထားရမည်။
အဘယ့်ကြောင့် အိန္ဒိယမှာ ပညာသင်
ကြားညပ်ပြီးတော့ တစ်ခု ၀င်ပြောဦးမယ်၊ ငါ ကိုရီယားရောက်တော့ ဘိက္ခူနီမတစ်အုပ်လာပြီး မေးတယ်၊ သူတို့က အိန္ဒိယ တို့ သီရိလင်္ကာတို့ကိုရောက်ဖူးကြတယ်။ အိန္ဒိယမှာ ဘုရား မြန်မာနိုင်ငံက ဦးဇင်းတွေ ကျောင်းတက်နေကြတယ်၊ ဘာသွားသင်ကြလဲဘုရား။ အဲဒီတော့ မင်းတို့ သတိထားကြ၊ ဘာသွာသင်ကြလဲ၊ Ph.D တို့ M.A ဘွဲ့တို့ကို သွားယူကြတယ်။ အဲဒီတော့ ဘာ subjects (ဘာသာ)တွေ ယူကြလဲ၊ အများအားဖြင့်တော့ Buddhist study (ဗုဒ္ဓဘာသာဆိုင်ရာ)၊ History (သမိုင်း)၊ Philosophy (ဒဿနိကဗေဒ)တွေပဲ ယူကြတယ်။ မြန်မာနိုင်ငံဟာ ထေရ၀ါဒနိုင်ငံတွေထဲမှာ ရှေ့တန်းကရှိတယ်ဆိုတာ သူတို့သိကြတယ်၊ ယုံလည်းယုံကြပါတယ်တဲ့။ Buddhist study (ဗုဒ္ဓစာပေ) လုပ်ချင်ရင် မြန်မာနိုင်ငံက ဆရာတော်ကြီးတွေဆီမှာ လုပ်ပါလားတဲ့၊ ဗမာပြည်မှာပဲ လုပ်ပါလားတဲ့၊ ဘာဖြစ်လို့ အိန္ဒိယမှာ သွားလုပ်နေကြတာလဲ။ ဒီမေးခွန်းကို မင်းတို့ ကောင်းကောင်း ဖြေနိုင်အောင် လုပ်ထားကြ။ ဘာသွားလုပ်တာလဲ ကုလားပြည်သွားပြီး ကုလားထံ တပည့်ခံပေါ့။ ဒါကကြားညပ်ပြီး မင်းတို့အတွက် remainder (သတိပေး) ပဲ။
အဲဒီတော့ ခုနက ငါပြောတာ In the world of beings there is nothing great but man. In man there is nothing great but character and wisdom. အဲဒီ ကိုယ်ကျင့်တရားနှင့် ပညာ နှစ်ခုဟာ ဘာလုပ်ဘို့လဲဆိုတော့ တာဝန် နှစ်ရပ်ကို ထမ်းဆောင်ဘို့ အရင်းအနှီးပဲ၊ (they are investment to do to the duties Missionary and Ministry). မင်းတို့တတွေ  မြတ်ဗုဒ္ဓရဲ့ လမ်းစဉ်ကို လိုက်နာရမည်၊ (You must follow the foot-step of the Lord Buddha). မြတ်စွာဘုရား ၄၅ နှစ်အတွင်း ဘာတွေ လုပ်သွားသလဲ၊ (withing 45 years, what did he do?) မြတ်ဗုဒ္ဓသည် တာဝန်နှစ်ရပ်ပဲ လုပ်သွားခဲ့တယ်၊ (He did only Missionary and Ministry). အတိုချုပ်ပြောရမည်ဆိုရင် Missionary (သာသနာပြု) ဆိုတာ အ၀ိဇ္ဇာ အမှောင်ကမ္ဘာကနေ အလင်းကမ္ဘာအဖြစ် ပြောင်းလဲခြင်းကိုဆိုလိုတယ်၊ {Missionary means to convert from ignorance to enlightenment).
မှတ်ချက်။ ။ ဆရာတော်သည် နောက်ပိုင်း ထိုင်းနိုင်ငံ Ph.D ကျောင်းသားနှင့်အိန္ဒိယဒကာ ပါနေသဖြင့် အင်္ဂလိပ်ဘာသာဖြင့် ပြောသည်ကို မြန်မာဘာသာဖြင့်  ပြန်ဆိုထည့်ပေးလိုက်ပါသည်။
Ministry ဖြင့်(သာသနာပြုနည်း)
Ministry means a service or contribute to service for the nations. သာသနာပြုနည်း တစ်ခုကတော့ Ministry ပဲ။ ဘာလဲဆိုတော့ တိုင်းပြည်နှင့်လူမျိုးအတွက် အလုပ်အကြွေးပြုခြင်းပဲ။ အဲဒီတော့ ဘ၀ရဲ့ ရည်ရွယ်ချက် ကောင်းကောင်းရှိရမည်၊ (you must effort your purpose in monkhood and then you must effort to investment character and wisdom or education). တချို့လူတွေက ကိုယ်ကျင့်တရားရှိပေမဲ့ အသိပညာ မရှိဘူး၊ (sometime someone has very good character but lake of wisdom or education. They have very good character, good hearted, full of love, full of compassion, full of sila, mettar, karuna but no education. They are blind because they are without education and lake of eduction. ကိုယ်ကျင့်တရား မေတ္တာ ကရုဏာ စတဲ့သူတော်ကောင်းတရားတွေရှိပေမဲ့ ပညာမဲ့နေကြတယ်။ နှစ်လုံးလှ လူမိုက်ကြီးပေါ့။ ပညာမရှိတဲ့အတွက် တိုင်းပြည်နှင့်လူမျိုးအတွက် ဘာမှ လုပ်မပေးနိုင်ဘူး၊ (they can do nothing for the nations.
တချို့လူတွေကြတော့ ပညာတော့တက်ကြပါတယ်၊ အလွန်မြင့်မားတဲ့ဘွဲ့တွေ ဒီဂရီတွေနှင့် ကြီးကျယ်တဲ့ပညာတက်ဖြစ်ပေမဲ့ ကိုယ်ကျင့်တရား(သီလ) သို့မဟုတ် သူတော်ကောင်းတရား မရှိဘူး၊ ပညာတက်အကျင့်ပျက်ပေါ့၊ ပညာတက်လူမိုက်ကြီးပေါ့။ အဲဒီတော့ ပညာတက်အကျင့်ပျက်တွေ သိပ်ဒုက္ခပေးတာ မင်းတို့သိလား။
နိဂုံး (conclusion)
နိဂုံးပိုင်းမှာ ဆရာတော်သည် အင်္ဂလိပ်လိုပဲ သက်သက် ပြောသွားပါသည်၊ ဘာသာပြန်နှင့် တွဲဘက်၍ ထည့်ပေးလိုက်ပါသည်၊ အသံဖိုင်သည် တချို့နေရာတွေမှာ မရှင်းပါ၊ သို့ပါ၍ အမှားပါက နားလည်ပေးစေလိုပါသည်။ နောက်တစ်ခု နားလည်ပေးဘို့က  မြန်မာဝေါဟာရ မကျွမ်းကျင်သဖြင့် ဘာသာပြန် မချောမွေ့ပါကလည်း နားလည်ပေးစေလိုပါသည်။
(1) နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆိုရင်၊ မင်းတို့တတွေ လောကကြီးကို သီလနှင့်ပညာ ဟန်ချက်ညီညီနှင့် တိုင်းပြည်ကို အလှဆင်ရမယ်။ ပြီးတော့ မြတ်ဗုဒ္ဓသာသနာတော်မှာ သီလနှင့်ပညာဟန်ချက်ညီညီ Missionary နှင့် Ministry တာဝန် နှစ်ရပ်ကို ထမ်းဆောင်ရမည်။ ( I would like to conclude my speech. You must force the world peace with character and education and must be balance to do to the duty in the Buddha's dispensation Missionary and Ministry).
(2) အိန္ဒိယနိုင်ငံ တတိယ ဘီစီ (3rd BC) အချိန်တုန်းက အသောကမင်းကြီး (ဓမ္မာသောက) (သီရီဓမ္မာသောက) စတဲ့ အလွန်မြင့်မားတဲ့ ဂုဏ်ထူးဘွဲ့ထူးတွေနှင့် မင်းကြီးသည် အိန္ဒိယအင်ပါယာရားတစ်ခုလုံးကို ချုပ်ကိုင်နိုင်ခဲ့သည်။ သူသည် ဓမ္မာသောက သီရိဓ္မာသောက ဆိုတဲ့ ဘွဲ့ထူးမရခင်က သူ၏နာမည်သည် အသောက ဆိုတဲ့နာမည်မျှသာဖြစ်၏။ သူ၏ ဖခမည်တော်ကြီးဆုံးသွားသည့် နောက်ပိုင်းမှာ အသောက သည် သူ၏ ညီအစ်ကို ၀မ်းကွဲ (ဖအေတူ မအေကွဲ) ၉၉ ယောက်သော မင်းသားများကို သုတ်သင် သတ်ဖျက်လိုက်သည်။ အဲဒီခေတ်အခါက အိန္ဒယနိုင်ငံကြီးမှာ များစွာသော ပဒေသရာဇ်မင်းတွေရှိခဲ့သည်။ ဒေသ ခရိုင်တစ်ခုမှာ မင်းတပါးရှိသည်၊  ဒါ့ကြောင့် တိပိဋကကျမ်းစာတွေထဲမှာ ရှစ်သောင်း လေးထောင်သော မင်းများရှိကြောင်း တွေ့နိုင်ပါသည်။ အထူးအားဖြင့် ဝေလာမသုတ်မှာ တွေ့နိုင်ပါသည်။
In India, 3rd BC, King Empire Asoka, Dhammasoka, Siridhammasoka Oh! Very high titles! He banded the whole of the world. Before he became Dhammasoka and Siridhammasoka, his name was very simple just Asoka. When his father was death, he killed his cousin brothers 99. In those days, in India there were Padesa Rajas, countless numbers of Kings about one Desa (district) one King governed it. Therefore, in Tipitakas you have read eighty four thousands Kings in specially Velama Sutta.
(3) မြန်မာပြည်က ရှမ်းပြည်နယ်လိုပဲ။ ၁၉၆၂၊ မတိုင်မီက ၁၉၅၅ ခုနှစ်လောက်က ရှမ်းပြည်နယ်မှာ မဟာရာဇ (စော်ဖွား)တွေ များစွာရှိခဲ့သည်။ ၁၉၆၃ ခုနှစ်မှာတော့ ဗိုလ်ချုပ်ကြီးနေ၀င်း တက်လာပြီး ပြည်နယ်အားလုံး စုစည်းပြီ တစ်နိုင်ငံတည်း ပေါင်းစည်းခဲ့တယ်။ ထိုနည်းတူစွာ အနော်ရထာမင်း၊ အလောင်းဘုရား၊ ဗိုလ်ချုပ်အောင်ဆန်း တို့သည်လည်း တစ်နိုင်းငံတည်း စုစည်း ပေါင်းစည်းကာ organized လုပ်နိုင်ခဲ့သည်။ ယနေ့ခေတ်မှာလည်း မင်းတို့သိတဲ့အတိုင်းပဲ တချို့လူမျိုးစုတွေက ကိုယ်ပိုင် United ဖြစ်ဘို့ ကြိုးစားနေကြတယ်။ အလားတူပဲ ဘုရင်အသောကသည်လည်း များစွာသော ပဒေသရာဇ်မင်းနှင့် ၉၉ ယောက်သော ၀မ်းကွဲညီအစ်ကိုများကို သုတ်သင်ကာ အိန္ဒိယပြည်ကြီးတခုလုံး ဘုရင့်နိုင်ငံ တစ်နိုင်ငံတည်းဖြစ်အောင် လုပ်နိုင်ခဲ့သည်။ ဒါကြောင့် များစွားသော စာအုပ်တွေမှာ ရက်စက်သော မင်း (စဏ္ဍာသောက)ဟု ဖော်ပြကြသည်။ အာဏာကို အရူးအမူးဖြစ်နေသော စဏ္ဍာသောက သည် ပဒေသရာဇ်မင်း များစွာကို သတ်ဖျက်ကာ ကမ္ဘာမှာ ဘုရင်တစ်ဆူတည်းဖြစ်အောင် ကြိုးစားခဲ့သည်။ ဒါပေမဲ့ သူ့အဖေသည် ဂျိန်းဘာသာဝင်ဖြစ်တဲ့အတွက်ကြောင့် သူသည် ဂျိန်းဘုန်းကြီးတွေကို ကိုးကွယ်နေရတယ်။
It is look like our country Shan State. Before 1962, 1955 General Naywin nationalized everything. He organized to be united. In the same way, King Anorathar, King Alaungbhaya, and General Aung San united all. Now a day, as you know some nations, some races try to unite. In similarly King Empire Asoka tried to kill all of Padesa Rajas and he organized the whole all India to be one Kingdom. Therefore, in many books about King was mentioned as cruel King because he killed many Padesa Rajas, Many Maharajas, Many Sawbhwars, 99 brothers were killed by Asoka due to the power, the craving of power. Later he became Ekaraja. He is only one King the entire world but he worshiped Jaina Monks because his father was Jainism.
(4) ဒါကြောင့် အသောကမင်သည် အဖရဲ့အမွေကို လက်ခံလာခဲ့တဲ့အတွက်ကြောင့် နေ့စဉ် ဂျိန်းဘုန်းကြီး ခြောက်သော် (၆၀၀၀၀) ကို နေ့လည်စာ လှူနေရတယ်။ ယခုအချိန်မှာတော့ ဂျိန်းဘုန်းတွေ အနည်းငယ်မျှသာ ကျန်တော့သည်။ မင်းတို့ အိန္ဒိယ မလာခင်က ဂျိန်းဘုန်းကြီးတွေကို မြင်းဖူးလား၊ ငါ နှစ်ကြိမ်တောင် မြင်ဖူးတယ်။ မင်းတို့ အိန္ဒိယမှာ ဘာတွေသင်နေတာလဲ၊ မင်းတို့တစ်တွေ စာအုပ်အသေးလေးတွေထဲကပဲ သင်နေကြတာပဲ။ လောကကြီးက မင်းတို့ရဲ့ဆရာပဲ။ နိုင်ငံကြီးတစ်ခုလုံးက မင်းတို့ရဲ့ ဆရာပဲ။ ငါ မင်းတို့ကို အနည်းငယ် တိုက်တွန်းလိုတယ်၊ လောကော သတ္တာန မာစေရော- လောကကြီးဟာ လူသားတွေရဲ့ ဆရာပဲ။ မင်းတို့တတွေက စာအုပ်ထဲကပဲ သင်ယူနေကြတယ်၊ အပြင်ထွက်ပြီးရှာ၊ အပြင်လောကကြီးဟာ မင်းတို့အတွက် စာအုပ်ကြီးပဲ။ ဒါကြောင့် ဂျိန်းဘုန်းကြီးတွေအများကြီးရှိခဲ့တယ် ဒါပေမဲ့ ယနေ့မှာတော့ အနည်းငယ်မျှသာ ကျန်တော့်တယ်။ မြတ်ဗုဒ္ဓလက်ထက်တော်က ဗုဒ္ဓနှင့်ခေတ်ပြိုင် မက္ခလိဂေါသာလ အစရှိသော ဘာသာရေးခေါင်းဆောင် ဆရာကြီး ၆ ထင်ရှားခဲ့ဖုးတယ်။ အဲဒီ ၆ ယောက်ထဲက ငါးယောက်သော ဆရာကြီးတွေရဲ့ အတွေးအခေါ်ဟာ ယနေ့ခေတ်မှာတော့ လုံးဝ ပျောက်သွားပြီ။ ဒါပေမဲ့ တစ်ခုပဲကျန်တော့တယ်။ အိန္ဒိယမှာ ယနေ့ခေတ် နိဂဏ္ဌနာဋပုတ္တ တည်ထောင်ခဲ့သော ဂျိန်းဘာသာတစ်ခုပဲကျန်တော့တယ်။ အိန္ဒိယပြည် အလယ်ပိုင်း အထူးအားဖြင့် တောင်ပိုင်း တောင်တန်းဒေသတွေမှာ တွေ့နိုင်တယ်။ တောင်နာမည်က ၀ိဇ္ဇျာဒေ၀ီ တောင်တန်းဖြစ်တယ် (နာမညကို အသံအတိုင်း မှန်းရေးထားသည်)။ မင်းတို့တတွေ သွားကြည့်ချင် ဥဇ္ဇေနီဒေသသို့ သွားသင့်တယ်၊ အသောမင်းကြီးရဲ့ မွေးရပ်မြေပဲ။ ငါနှစ်ကြိမ်တောင်ရောက်ဖူးတယ်၊ ဂျိန်းဘုန်းကြီးများကို တွေ့ဘို့ ဟိုတယ်တစ်ခုမှာ သုံးညလောက်အိပ်ပြီး စောင့်ခဲ့ရတယ်။
Therefore, the acceptance of father's heritage, he every day offered the lunch to the sixty thousand Jain Monks. Now a day, a few Jain Monks remain in India. Have you ever seen them? I have seen two times. HHH! What are you studying in India? You are studying only very small books. The whole world is your teacher. The whole country is your teacher. I just to encourage you "Lokosattana macero" the whole world is the teacher of the man. You are studying only in the books. You have to study outside many books. So Jain Priests or monks are many but now a day. At the time of the Buddha, six religious leaders such as Makkhaligosala etc appeared contemporary of the Buddha. The five views, perception, theories of five religious leaders totally disappeared but only one theory. Nigantthanataputta founded the Jainism. Only his theory exists now a day in India. You can see clergies, Jain Priests, middle of India especially south India mountain regions. What is name of it? Vaidhyadaivi Mountain. If you want to see, you should go to Ujjain (Ujjheni). It is the birth place of Asoka. I met two times. I stayed at one hotel for three nights to search for Jain Monks.
(1) စဏ္ဍာသောကမှ ဓမ္မာသောက
ငါ ဘာပြောလဲဆိုတော့ တစ်ခါတရံ တချို့လူတွေသည် ပညာတော့တက်ပါတယ် ဒါပေမဲ့ ကိုယ်ကျင့်သီလ မရှိဘူး၊ တချို့ကြပြန်တော့လည်း ကိုယ်ကျင့်သီလရှိပေမဲ့ ပညာမဲ့နေတယ်။ မင်းတို့တစ်တွေကတော့ နှစ်မျိုးလုံးရှိနေရမယ်။ ဘာကြောင့်လဲဆိုတော့ သူတို့နှစ်ခုလုံးဟာ သာသနာပြုတာဝန် နှစ်ရပ်ထမ်းဆောင်နိုင်ဘို့ရန် အရေးကြီးသည့် မင်းတို့အတွက် အရင်းအနှီးပဲ။
ယနေ့ခေတ်မှာတော့ အိန္ဒိယနိုင်ငံမှာ ဂျိန်းဘုန်းကြီးတွေ အနည်းငယ်မျှသာ ကျန်တော့သည်။ အသောမင်းကြီးအကြောင်းကို ဆက်ပြောဦးမယ်။ အသောက မင်းကြီးသည် သူ၏ဖခမည်းတော် နတ်ရွာစံပြီးနောက်ပိုင်း သူ၏ ၉၉ ယောက်သော ညီအစ်ကိုများ အပါဝင် များစွာသော လူတွေကို သတ်ဖျက်သုတ်သင်ခဲ့သည်. သူ၏ဖခမည်းတော်သည် မိဖုရားတစ်ရာကျော်ကို မိဖုရားအဖြစ်တင်မြောက်ခဲ့သည်အတွက် သူ့မှာ ညီအစ်ကို ၉၉ ယောက်ရှိခဲ့သည်။ အသောကမင်းသည် အဲဒီ ညီအစ်ကိုအားလုံးကို သုတ်သင်ပစ်လိုက်သည်။ ဒါ့ကြောင့် သူကို ရက်စက်ကြမ်းကြုတ်သောမင်း (စဏ္ဍာသောက) ဟုခေါ်သည်၊ သာရတ္တဒီပနီဋီကာ၌ တွေ့နိုင်ပါသည်။ ဒါပေမဲ့ ယခုအခါမှာတော့ သူဟာ ဓမ္မာသောက၊ သိရီဓမ္မာသောက ဟူ၍ ဂုဏ်ပြုလာကြသည်။ ရက်စက်သောမင်း (စဏ္ဍာသောက)မှ သူတော်ကောင်း မင်း (ဓမ္မာသောက)အဖြစ်သို့ ဘယ်လိုပြောင်းလဲလာတယ်ဆိုရင်။ Missionary သည် ကြမ်းတမ်းရက်စက်ခြင်းမှာ သိမ်မွေ့နုညံ့ပျော့ပြောင်းအောင် ပြောင်းလွဲနိုင်တဲ့ အလွန်အရေပါသည့် စွမ်းအင်တစ်ခုဖြစ်ပါသည်။ သူ၏သမိုင်းကိုပြန်ကြည့်မယ်ဆိုရင်၊ အသောကမင်းကြီး၏တူတော်သူ အသက် ၇နှစ်မျှသာရှိသေးသော နိဂြောဓကိုရင် ရဟန္တာအရှင်မြတ်သည် နံနက် နေထွက်စပြုအချိန် ဘုရင်ကြီး၏နန်းတော်ရှေ့က ဖြတ်သွားစဉ် ရှင်ဘုရင်ကြီးကလည်း ပြတင်းပေါက်ဖွင့်ပြီးကြည့်လိုက်စဉ် ဘုရင်ကြီး၏ နှလုံးသားမှာ ရှေးက မတွေ့ထိဘူး မကြားဘူး မခံစားဘူးသေးသော ခံစားမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ဘုရင်ကြီးသည် များစွာသော ပဒေသရာဇ်မင်း၊ ဆွေးတော်မျိုးတော်များနှင့် ညီအစ်ကိုများနှင့် သူ့ကိုဆန့်ကျင်သူအားလုံးကို သတ်ဖျက်ခဲ့သည့်အပြင် ဂျိန်းဘုန်းကြီးတွေကိုလည်း နေ့စဉ် ရှိခိုးနေခဲ့ရသည့် အတွက်ကြောင့် များစွာနောင်တ ပူပန်နေရပါသည်။  
So, what I mean? Sometimes some people, they have only wisdom but they don't have character. Some people have only character but they don't have wisdom. You must have the both character and wisdom. These are your investments to do two tasks and duties Missionary and Ministry.
Now a day, how many Jain Monks priests exist in India? Very a few remain. I want to continue King Empire Asoka. After his father death, he killed many human beings as well as his 99 brothers because of his father who got marriage over hundred queens. Therefore he has 99 brothers and killed all. He is cruel King (candasoka). You must read about him Sarattadipanitika) but now a day he becomes Dhammasoka, Siridhammasoaka. How become Candasoka (Cruel King) to Dhammasoka (Honorable King)?
Missionary is very powerful to convert from Candasoka (Cruel King) to become Dhammasoka. You know in history, in the morning his nephew, seven year ages, Samanera Niroja Arhan going through the in front of palace of King Empire, the King Empire Asoka felt unheard in his heart before because he has killed many Padesarajas, many relatives, many opposites people and he have worshiped Jain Monks. Therefore he felt sad.
(2) အသောကနှင့် ဂျိန်းဘုန်းကြီးများ
မြတ်ဗုဒ္ဓပရိနိဗ္ဗာန်စံတော်မူပြီး နောက်ပိုင်းမှာ အိန္ဒိယပြည်ကြီးတွင် သိန်းပေါင်းများစွာသော ရဟန္တာအရှင်မြတ်များ ရှိခဲ့သေးပေမဲ့ ဖူးမျော်ခွင့်မရခဲ့သောကြောင့်လည်း မင်းကြီး စိတ်မကောင်း ဖြစ်ခဲ့ရသည်။ ကိုရင်လေးရဲ တည်ငြိမ်တဲ့အသွင်အပြင်ကို မြင်လိုက်ရသည့်အချိန်မှာတော့ ထူးဆန်းစွာခံစားရသည်၊ များစွာသော ပြည်သူတွေကို သတ်ဖျတ်ခဲ့ခြင်းကြောင့်လည်း နောင်တ ပူဆွေးမှုများဖြစ်ခဲ့ရသည်။ ပြတင်းပေါက်မှ မြင်တွေ့လိုက်ရသော ကိုရင်လေး၏ တည်ငြိမ်းပြတ်သားသော အသွင်ကို ဖူးမြင်လိုက်ရသော မင်းကြီး၏စိတ်နှစ်လုံး အေးချမ်းပြီး တည်ငြိမ်မှုလည်း ဖြစ်ပေါ်လာခဲ့သည်။ ကိုရင်လေးကို ရွှေနန်းတော်သို့ ပင့်ဖိတ်ပြီး လျှောက်ထားလေသည်။ ရွှေနန်းတော်အတွင်း ကုလားထိုင်း ပလ္လင် စသည်တို့ဖြင့် နေရာမျိုးစုံ ပြင်ဆင်ထားပြီးဖြစ်ပါတယ် အရှင်ဘုရားနှင့် သင့်တော်သော နေရာကို ရွေးပြီး သတင်းသုံးရန် လျှောက်ထားလေသည်။ ကိုရင်လေးကို ရွှေနန်းတော်အတွင်း မပင့်မီကာလာမှာ အသောကမင်းကြီးသည် ဂျိန်းဘုန်းကြီးများစွာကို ပင့်ဖိတ်ခဲ့ဖူးသည်။ မင်းကြီးသည် ထိုနည်းတူစွာ ဂျိန်းဘုန်းကြီးများကိုလည်း လျှောက်ထားခဲ့ဖူးသည်၊ ရွှေနန်းတော်အတွင်းမှာ စားပွဲ ကုလားထိုင်နှင့် ပလ္လင်စသည့် နေရာထိုင်ခင်းအမျိုး ပြင်ဆင်ထားပြီးဖြစ်ကြောင်း အရှင်မြတ်များနှင့် သင့်တော်မည့် နေရာများကို ရွေးပြီး သတင်းကြပါရန် လျှောက်ထားသောအခါ။ ဂျိန်းဘုန်းကြီးတွေ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ဒို့ ဘယ်နေရာထိုင်ကြမလဲ၊ မင်းကော ဘယ်မှာထိုင်မလဲ ဆွေးနွေးကြလေသည်။ နောက်ဆုံး သူတို့အားလုံး နန်းတော်အပြင်ဘက်ထွက်ပြီး မြေကြီးပေါ်မှာပဲ ထိုင်ကြလေသည်။ သူတို့အားလုံး အလွန်ခမ်းနားထယ်ဝါသော ကုလားထိုင် ကော်ဇော်ကြီးတွေအပေါ် ထိုင်ရမှာ ကြောက်ရွံ့နေကြလေသည်။ အကြောင်းကတော့ သူတို့အားလုံးသည် လုံးဝ အ၀တ်အစား ၀တ်မထားပဲ မိမွေးတိုင်းဖမွေးတိုင်းပင် လာကြသည့်အပြင် ရေလည်းမချိုးကြသည့်အတွက် အလွန်ညစ်ပတ်နေကြသည်။ ဒါကြောင့် သူတို့တတွေသည် သူတို့နှင့် သင့်တော်သော မြေကြီးပေါ်ကို နေရာယူဘို့ သူတို့ကိုယ်တိုင်ပဲ ရွေးချယ်ကြလေသည်။
ထိုအချိန်မှာတော့ အသောကမင်းကြီးသည် ဒီဂျိန်းဘုန်းကြီးတွေ သန္တာန်မှာ ဘာတရားအနှစ်မှ မရှိကြောင်းကို စမ်းသပ် တွေ့ရှိ နားလည်လိုက်သည်။
After death of the Buddha, over millions of Arahantas exited in India but the King has no chance to worship Arahantas, he was so sad. Looking through the window he saw the Arhanta Samanera. As soon as he saw the Arahanta Samanera, he felt his in heart. When he saw Aranta Niroja Samaneara, his mind became peaceful and love also. And then he invited Samanera. When Samanera arrived at the Palace, the King asked him that you must choose your proper place. I prepared many places in my royal palace. Oh! Wonderful place! Before Samanera, the King invited Jain monks. Hey! I prepared many places for you in my royal palace. You must choose your proper place. All Jain monks are naked, never took shower and very dirty. They discussed where we want to sit and where you want to sit. Please choose where you want to sit but there were afraid to sit on the carpet in Royal Palace because they were totally naked, dirty and never tool shower. At the time, went out of palace and sat down on the ground. This place was proper for them.
At the time the King traced and tasted and understood that they don't have any essence of the light of dhamma in their heart because they were afraid to sit on the carpet in Royal Palace. In the Palace, there were many chairs and throne and so on.
(1) ကိုရင်လေး၏ သတ္တိ ဗျတ္တိ
ကိုရင်လေးဘက်ကို ကြည့်ကြစို့။ ကိုရင်လေး-- အရှင်ဘုရားနှင့် သင့်တော်သော နေရာကို ရွေးပြီးထိုင်ပါဆိုတော့ ကိုရင်လေးသည် ဘေးဘီကို ကြည့်လိုက်တော့ သူ့ထက်ကြီးကျယ်မြင့်မြတ်သော သူကို မတွေ့ရ (ဆိုလိုသည်မှာ-ရဟန်းတော်များ၊ ဆရာများဖြစ်သည်)။ ရှင်ဘုရင်ကြီး၏ ရွှေနန်းပလ္လင် (သီဟာသန ပလ္လင်)ပေါ်သို့ တက်ထိုင်လိုက်သောအခါ ရှင်ဘုရင်ကြီး ဒူးတွေတုန်လှုပ်ကာ ဦးညွန့် ဂါရ၀ပြုမိလေတော့သည်။  အဲဒီနောက် ကိုရင်လေးအား မေးခွန်းအချို့ မေးသည်။ ပထမ မေးခွန်းမှာ အရှင်ဘုရား မြတ်ဗုဒ္ဓ၏အဆုံးမတွေကို လေ့လာပြီးပါပြီလားဘုရား မေးသောအခါ မင်းကြီး ကျွန်ုပ် အာလုံးလေ့လာပြီးဖြစ်ပါတယ်။ အဲဒီတော့ မင်းတို့တတွေ ဒီလိုမေးခွန်းလာရင် ဖြေနိုင်အောင် အဆင်သင့်လုပ်ထားကြ။ ဒုတိယ မေးခွန်း အရှင်ဘုရား အားလုံးကို လေ့လားပြီးပေါ့၊ ဟုတ်ကဲ့မင်းကြီး အားလုံးလေ့လာ သင်ယူပြီးဖြစ်ပါတယ်။ အဲဒီလိုဆိုရင် အရှင်ဘုရား ကျင့်ကြံအားထုတ်ပြီးပြီလားဘုရား။ မင်းကြီး ကျွန်ုပ် မြတ်ဗုဒ္ဓရဲ့သာသနာမှာ အားလုံးအားထုတ်ပြီးဖြစ်ပါတယ်။ (ရဟန္တာဖြစ်ပြီးကို ရည်ရွယ်ပါသည်)။ လော့လာသင်ယူခြင်း၊ ကျင့်ကြံအားထုတ်ခြင်းများ ပြီးသောအခါ မြတ်ဗုဒ္ဓအဆင့်မြင့် တရားတော်များကို ထိုးထွင်းသိပြီးပါပြီလားဘုရား။ မင်းကြီး အားလုံးပြီးစီးပါပြီ။ ဒီတော့ ဆိုလိုတာက ပရိယတ်၊ ပဋိပတ်၊ ပဋိဝေဓပဲ။ အဲဒီလိုဆိုရင် အရှင်ဘုရား လေ့လာထားတာတွေ အနည်းငယ်မျှ တပည့်တော်အား ဟောပေးတော်မူပါဘုရားဆိုတော့ ကိုရင်လေးက အပ္ပမာဒေါ အမတံ ပဒံ ပမာဒေါ မစ္စုနော ပဒံ- သတိတရားသည် မသေရာ နိဗ္ဗာန်၏တစ်ခုတည်းသော လမ်းကြောင်းပဲ။ မေ့လျော့ပေါ့ဆခြင်းသည် သေဘို့ရာ သံသရာအတွက် လမ်းပဲ၊ (ဓမ္မပဒပါဠိတော်) မင်းကြီး သတိတရားဖြင့် စိတ်၏အမူအရာ လှုပ်ရှားမှုများ၊ ကိုယ်၏ပြုမူ လှုပ်ရှားမှုများနှင့် နုတ်၏အပြောအဆိုများကို ထိန်းရပါသည်။ သတိတရားသည် ထိုသုံးမျိုးသော ကိုယ်၊နုတ်၊ စိတ်တို့၏ အမူအကျင့်မှန်သမျှတို့၏ အထိန်းအကွပ်ဖြစ်ပါသည်ဟူ၍ ဟောလေသည်။ အရှင်ဘုရား ရပြီး ရပ်ပါတော့ဘုရား နောက်နေ့တွေလဲ ဆက်ဟောရဦးမယ်ဘုရား၊ ဒီနေ့ ဒီလောက်ဆို လုံလောက်ပါပြီဘုရား။ ရွှေနန်းတော်ကြီး၏ တံခါကြီးသည် ကိုရင်လေးအတွက် ၂၄ နာရီ ဖွင့်ထားလေတော့သည်။ ဒါ့ကြောင့် မျော်လင့်ချက်ကင်းမဲ့နေတဲ့ ရွှေနန်းတော်ကြီး မျော်လင့်ချက်တွေနှင့် ပြည့်လာတယ်။
အဲဒီတော့ မင်းတို့တစ်တွေ ဘာရည်ရွယ်ထားလည်း ဘာတွေ မျော်လင့်ထားသလဲ။ အကယ်၍ missionary နှင့် ministry ဒီနှစ်ခုကို မလုပ်နိုင်ဘူးဆိုရင် မင်းတို့တတွေ မျော်လင့်ချက် ကင်းမဲ့သူတွေပဲ ဖြစ်မယ်။
On the other side, when Samanera! You have to choose your proper place, Samanera, Arahanta got up the lion throne (sihasanapalanga) and sat down in it. At the time the King Empire Asoka's knees were shaking and trembled and he said that great teacher came to the palace now. He paid a respect to him three times. And then the King asked him three questions. Firstly do you have any learning in the Buddha's dispensation? Yes, I have learned all. If someone asked you such a question, you must be ready to response it. And secondly have learned everything? Yes, I have done all. If so, did you have any practice or training in the Buddha's sasana? Yes, I have done.
After learning and training, did you have understanding or penetrating? Yes, I know everything what the Buddha taught. So learning, practicing and understanding are called respectively Pariyatti, Patipatti and Pativeda. If you learned, teach me please that requested by King to Samanera. Samanera on the lion throne taught that appamado amatam padam- mindfulness is the way to the deathlessness. Pamadado majjuno padam- headless is the way to death.
So, Oh! Maharaja, you must control your mind with mindfulness. You must control your bodily action with mindfulness. You must control your speech with mindfulness. Mind and mindfulness mean the controller of the bodily action, speech and mental action. Oh! Stop! Stop! Why did you say to stop? Because you have to teach also tomorrow. So the King Asoka opened his palace for Samanera. The palace which was hopeless became hopeful. What is your hope? What is your expectation? If you cannot do Missionary and Ministry, you will be hopeless.
(2) ကိုရင်လေး မနက်ဖြန်ခါလည်း ကြွပြီးတရားချီးမြင့်ပေးပါဘုရား။ ဒီကနေ့ အရှင်ဘုရားရဲ့ တရားတော်အတွက် တပည့်တော် ဆွမ်း ၈ အုပ်လှူပါတယ်ဘုရား၊ အဲဒီ ၈အုပ်ကို ကိုရင်လေးက သူ၏ ဥပဇ္ဈာယ်အား လှူလိုက်လေသည်။ နောက် ၈ အုပ်ကိုတော့ ဆရာသမားများ အားလှူပြန်သည်၊ အဲဒီနည်းဖြင့် ဆွမ်းအုပ် ၃၂ အုပ်လှူလေသည်။ အသက် ၇နှစ်သာရှိသေးသော ကိုရင်လေးတစ်ပါးက ရှင်ဘုရင်ကြီး၏ ၃၂ ခုသော ဆွမ်းအုပ်များကို အလှူခံထိုက်၏။ ဘာကြောင့်လဲဆိုတော့ ကိုရင်လေးသည် missionary နှင့် ministry ကို လုပ်နိုင်ခဲ့လို့ပဲ။ ကြမ်းထမ်းခက်ထန်တဲ့ မင်းကြီး ယဉ်ကျေးပြီး ရတနာသုံးပါးကို ကိုင်းရှိုင်းလာတယ်။ စဏ္ဍာသောက မင်းကြီး ဓမ္မာသောက ဖြစ်လာတယ်။ ဒါ့ကြောင့် missionary သည် အလွန်အစွမ်းထက်ပါတယ်။ အကယ်၍ မင်းတို့တတွေ ဒီလိုလုပ်နိုင်မယ်ဆိုရင် လောကကြီးတစ်ခုလုံးကိုတောင် ပြောင်းလဲပြစ်နိုင်တယ်။
ယနေ့ခေတ် အမေရိကန်သမ္မတ လူမည်းသည် သူသမ္မတမဖြစ်ခင်က (ရွေးကောက်ပွဲပြိုင်စဉ်က) အမြဲတမ်းကြေငြာလေ့ရှိတယ်။ ကျွန်ုပ်တို့ ပြောင်းလဲဘို့လိုပြီ ဆိုတာကို ထပ်ခါထပ်ခါ ကြေငြာလေ့ရှိတယ်။ သူလဲ ရွေးကောက်အောင်မြင်ပြီးလာတော့ လူဖြူသမ္မတကနေ လူမည်းသမ္မတပဲ ပြောင်းလာတယ်။ အပေါ်အယံပြောင်းလဲခြင်းသာ ဖြစ်တယ်။ အသောကမင်းကြီးကတော့ ရင်ထဲကကို ပြောင်းလဲသွားခဲ့တယ်။
Samanera! Tomorrow you have to teach. Ok today, because of your teaching I will offer eight alms bows. Ok Maharaja! I will donate them to my Upajjhayas. And then the King again donated next eight alms bows for his teachers etc. Oh! So many, 32 alms bows were donated by King Asoka were accepted by sever year age Samanera, great teacher. Samanera even years age did successful his missionary and ministry because the cruel King became the devoted King and Candasoka could be changed as Dhammasoka. Therefor, missionary is very powerful. If you can do it, you can change the world. The whole of the world needs to change.
Now the president of United State of America announced that we need to change, we need to change. It was a policy before his election but after he was elected as a president of US.A, there changed nothing. Only he could change from white to black. White president was changed the Black president. This changing was just surface of level. Dhammasoka changed heartedly.
(3) နိဂုံးချုပ်
ကောင်းပြီး နိဂုံးချုပ်ကြအောင်။ မင်းတို့တတွေ နိဂြောဓကိုရင်လေးလို ကိုယ့်ကိုယ်ကို လေ့ကျင့် အားထုတ် ပြုစုပျိုးထောင်ကြပေတော့။ အသောကမင်းကြီး ကိုရင်လေးကို မြင်လိုက်တဲ့ အချိန်မှာ နှလုံးသားတစ်ခုလုံး ငြိမ်းချမ်းသွားတယ်၊ စိတ်နှလုံးလဲ ကြည်လင်လာတယ်။ ဒါဟာ ကိုရင်လေး၏ အပြင်ဘန်း အသွင်သဏ္ဌာန် မြင်လိုက်ရရုံလေးနှင့် ဖြစ်သွားတဲ့ အကျိုးကျေးဇူးပဲ။
In my conclusion, you must train yourselves. You must practice yourselves. You must understand yourselves. You must treat yourselves like Nirogya Samanera. When the cruel King saw seven years age of Samanera, his heart became calm and clear. In this case, it was just seeing of outer appearance of Samanera Nirogya.
အဲဒါပဲကွ၊ သင်္ကန်းခါးတောင်းကြိုက်ပြီး ဘော့ကန်နေရင် ဘုရင်ကြီး စိတ်ကြည်ပါ့မလား။ ဘုရင့်စိတ်ထဲမှာ ကြည်ညိုမှုမဖြစ်နိုင်ပါဘူး။ ဒါပဲ outer appearance (အပြင်ဘန်းအသွင်းအပြင်) တောင်မှ ဒီလောက် အရာရောက်ရင် inner appearance (အတွင်းသန္တာန်) ကို မင်းတို့တတွေ ကောင်းကောင်းပြနိုင်မယ်ဆိုရင် ဘယ်လောက် အကျိုးကျေးဇူးများမလဲနော်။ ဒီတော့ ချစ်ခြင်းနှင့် ကြည်ညိုခြင်း ဒီနှစ်ခုကို မရသေးသမျှ မင်းတို့ Missionary ရော Ministry ရော မအောင်မြင်နိုင်ဘူး။ အသေားမင်း ချစ်သွားတာ၊ ကြည်ညိုသွားတာ၊ ကိုရင်လေး ရှင့်ဘုရင့်ပလ္လင်ပေါ်တက်တာတွေကို သတိထားကြည့်ပါ။ You must know your right place. Samanera Nirogya knew his right place. ရှင်ဘုရင်ကြီးက ကိုရင်လေးကို ပြောတယ်လေ။ ကိုရင်လေး အရှင်ဘုရားနှင့်သင့်တော်မယ့် နေရာ အရှင်ဘုရားသိပြီး သတင်းသုံးပါဆိုတော့ ကိုရင်လေးက သူနှင့်သင့်တော်တဲ့ သိလို့ ပလ္လင်ပေါ်တက်ထိုင်တယ်။ နန်းတော်ထဲမှာ သူ့ထက်ကြီးမြတ်တဲ့ တစ်ယောက်မှ မရှိဘူး။ Right person and right pace are very important. လူမှန် နေရာမှန်ဖြစ်ဘို့ဆိုတာ အလွန်ရေးကြီးတယ်။
Every morning after wake up, where do you sit, where do you go? မနက်မိုးလင်း အိပ်ယာထ မင်းတို့ ဘယ်မှာသွားမလဲ ဘယ်မှာထိုင်မလဲ။ teashop လဘက်ဆိုင်လား၊ roadside လမ်းဘေးလား။ In evening, where do you go and sit? ညနေပိုင်းရော ဘယ်သွားမလဲ ဘယ်မှာ ထိုင်မလဲ။  ခေါက်ဆွဲဆိုင်လား၊ လက်ဘက်ဆိုင်လား ဆိုတော့ (တပည့်များ အားလုံး ရယ်ကြသည်)။ ရေနွေးကြမ်းသောက်လိုက် တီဗွီကပြတဲ့ ဘော့လုံးပွဲလေးကြည့်လိုက်နဲ့။ အဲဒါ လူမှန် နေရာမှန်ဖြစ်ဘို့ဆိုတာ အရေးတယ်။ မင်းတို့အတွက် remainder ပဲ။
Now a day, in India how many groups of Sadus, how many groups of Parivvajakas? And how many Jain Populations exist? The existence of Jain and Sadus are very few now. Some Parivvajakas and Sadus are begging now in around Buddhist temples in India. And also some Buddhist monks are like a begger. You should note yourselves.
ဒါကြောင့်စားဦးစားဖြားကနေ စားကြွင်းစားကျန်ဘ၀ မရောက်အောင် မင်းတို့တတွေ ထိမ်းထားရမှာ။ ဂျိန်းအုပ်စု၊ ဆာဒူးအုပ်စု ငါးရာ တစ်ထောင် အခုမတွေ့ရတော့ဘူး။ လူတွေက မကျွေးတော့ဘူး၊ ဗုဒ္ဓဘာသာလို ပြောရင်တော့ အလှူတော့ဘူး။ လူတွေရဲ့ စိတ်နှစ်လုံးဖွံ့ဖြိုးအောင် ဘာမှ မလုပ်ပေးနိုင်ဘူးလေ။ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေ အဲလိုတွေဖြစ်မှာ စိုးရိမ်ရတယ်။ မင်းတို့တတွေ ကောင်းကောင်းနေဘို့ အရေးကြီးတယ်။
Character and wisdom or character and education are your investments. သီလနှင်ပညာ ဒီနှစ်ခုဟာ မင်းတို့အတွက် အရင်းအနီးပဲ။ ဘ၀ရဲ့အရင်းအနှီး များများမြုတ်နှံပြီး များများ အလုပ်လုပ်ကြ။ မြတ်ဗုဒ္ဓရဲ့သာသနာမှာ Missionary နှင့် ministry ဒီတာဝန် နှစ်ရပ်ကို ထမ်းဆောင်နိုင်ဘို့ character (သီလ) နှင့် wisdom or education ပညာ ဒီအရင်အနှီး နှစ်ခုကို များများမြုပ်နှံပြီး အားထုတ်နိုင်ကြပါစေ။
သာဓု သာဓု သာဓု
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
ဆက်ဖတ်ရန်
ရှိခိုးပူဇော်ခြင်းနှင့် ဗုဒ္ဓဘာသာ
အရာရာတိုင်းတွင် အသွင်သဏ္ဌာန်နှင့် အနှစ်သာရဟူ၍ ရှိကြသည် ။ အသွင်သဏ္ဌာန်သည် အနှစ်သာရကို ပုံဖော်ဆောင်ကြဉ်း ပေးရသလို ၊ အနှစ်သာရသည် အသွင်သဏ္ဌာန်တည်ရှိမှုအား အဓိပ္ပါယ် ပြည့်ဝစေပေသည် ။ ထို့ကြောင့် တစ်စုံတစ်ရာကို အကဲခတ်တန်းဖိုး ဖြတ်မည် ဆိုပါလျှင် အသွင်သဏ္ဌာန်ရော အနှစ်သာရကိုပါ ခြုံငုံမိရန် အရေးကြီးလှပေသည် ။ လူသားတို့၏ ဘ၀တစ်ခုလုံးနှင့် သက်ဆိုင်သော ယုံကြည်ကိုးကွယ်မှု တို့အား လေ့လာဆန်းစစ်မှုပြုရာတွင်လည်း အသွင်သဏ္ဌာန်မျှကိုသာ ကြည့်ပြီး အနှစ်သာရ၏ တန်ဖိုးကို အကဲဖြတ်၍ မရနိုင်သည်ကို လူသားတိုင်း အလေးဂရုပြုအပ်ပေသည် ။ ဗုဒ္ဓဘာသာသည် ကမ္ဘာ့လူသားထု တစ်ရပ်လုံး ကိုးကွယ်အားထားရာ ဘာသာကြီး လေးခုအနက်မှ တစ်ခုအပါအ၀င် ဖြစ်သည့်အလျောက် သုတေသီတို့က ဘက်စုံထောင်စုံမှ လေ့လာစူးစမ်းမှုများပြုလုပ်ခဲ့ကြရာ အချို့ မှာအပေါ်ယံ အသွင်သဏ္ဌာန်မျှကိုသာကြည့်ပြီး ဗုဒ္ဓဘာသာ၏ တန်ဖိုးကို အကဲဖြတ်ကြ ၊ စာအုပ်စာတမ်းများ ရေးသားပြုစု ကြသည်များလည်း ရှိသည် ။ ထိုသို့အကဲဖြတ်သူများထဲတွင် ဗုဒ္ဓဘာသာ၏ အနှစ်သာရကို သိနားလည်ခြင်းမရှိသူအချို့ က ဗုဒ္ဓဘာသာဝင်တို့၏ ဗုဒ္ဓဆင်းတုတော် ရှိခိုးပူဇော်သည့် အလေ့အထကို ရုပ်ထုကိုးကွယ်မှု အဖြစ် အစဉ်တစိုက်ဝေဖန် ရှုတ်ချခဲ့ကြသည် ။ ယင်းအလေ့အထသည် သူတို့ အမြင်တွင် အဓိပ္ပါယ်မဲ့ကောင်း မဲ့နေပေလိမ့်မည် ။ သို့ရာတွင် ဘာသာတရားအဆုံးအမနှင့်အညီ မြင့်မြတ်သော ဘ၀တစ်ခုအားမည်သို့ ဆောက်တည် ရမည်ကို သင်ကြားပြသပေးခဲ့သည့် ဆရာသခင်ကျေးဇူးရှင် တစ်ဦးအား အရိုအသေပေး ဂါရ၀ပြုခြင်း၏ ထူးခြားချက်ကိုကား သိနားလည်ခြင်း မရှိကြချေ ။ ဗုဒ္ဓဆင်းတုတော်တို့အား ရှိခိုးပူဇော်သည့် အလေ့အထသည် ဗုဒ္ဓ၏ သစ္စာဥာဏ် ၊ ပါရမီ ၊ အသိပညာ ၊ ဂုဏ်ကျေးဇူး များနှင့် လူသားတို့ကောင်းကျိုးအတွက် မြင့်မြတ်သော စွန့်လွှတ်မှုတို့အား အသိအမှတ်ပြု ကျေးဇူးတင်ရှိကြောင်းပြသသည့် နည်းလမ်းတစ်ရပ်သာ ဖြစ်သည် ။ အဆိုပါ အကြောင်းတရားတို့အား သိနားလည်မှုမရှိသည့်အတွက် ဗုဒ္ဓရုပ်ပွားတော်များ ထုလုပ်ပူဇော်ခြင်းအပေါ် ဝေဖန်ပြောဆို ရေးသားကြခြင်း ဖြစ်သည် ။ ဗုဒ္ဓဘာသာဝင်တစ်ဦး အနေနှင့် ဗုဒ္ဓရုပ်ပွားတော် တစ်ဆူအားပူဇော်ဂါရ၀ပြုခြင်းသည် မဖြစ်မနေလုပ်ဆောင် ရမည့်ကိစ္စပေလောဟုပြန်လည် သုံးသပ်ကြည့်သင့်ပေသည် ။ ဆင်းတု ၊ ရုပ်ပွားတော်တို့သည် ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူရေးအတွက် မရှိမဖြစ်လိုအပ်ချက် မဟုတ်သော်လည်း ဗုဒ္ဓရုပ်ပွားတော်အား ပူဇော်ဂါရ၀ပြုခြင်းသည် အဓိပ္ပါယ်ရှိပြီး အကျိုးယုတ်စရာ မရှိသည့် ယုံကြည်ကိုးကွယ်မှုဆိုင်ရာ အလေ့အထတစ်ရပ်သာ ဖြစ်ပေသည် ။ မြင့်မြတ်စင်ကြယ်သော ဘာသာတရားတစ်ခုအား ဝေဖန်ရှုတ်ချရန်အလို့ငှာ အဘယ့်ကြောင့် ဤကိစ္စကို ရှေ့တန်းတင် အသုံးချနေကြသည်ဆိုခြင်းကို ဗုဒ္ဓဘာသာဝင်များအဖို့ နားလည်ရန်ခက်ခဲလှပေသည် ။ ဗုဒ္ဓဘာသာဝင်တို့က ရုပ်ပွားတော်တစ်ဆူဖြင့် ကိုယ်စားပြုထားသည့် သူတို့၏ ဆရာသခင်အားပူဇော်ဂါရ၀ပြုခြင်းသည် လူ့ဘောင် အဖွဲ့အစည်း၏ ကိုယ့်ကျင့်တရား ဆိုင်ရာမူဝါဒ တစ်စုံတစ်ရာနှင့် တစ်ပါးသူတို့၏ လွတ်လပ်ငြိမ်းချမ်း ပျော်ရွှင်မှုအား ထိပါးချိုးဖောက်ရာရောက်နေပါသလော ။ အကယ်စစ်စစ် ဗုဒ္ဓမြတ်စွာသည် ပကာသနလွှမ်းသော ဘာသာရေးအခမ်းအနားများကျင်းပရန် မည်သည့်အခါကမျှအဆိုမပြုခဲ့ပဲ ဓမ္မကိုဖြန်ဖြူးရန်နှင့် မှန်ကန်မြင့်မြတ်သောဘ၀တစ်ခုအား ဆောက်တည်ရေး လမ်းစဉ်တို့ကို ညွှန်ပြရန်သာ အာရုံစိုက်ခဲ့ပေသည် ။ ဗုဒ္ဓမြတ်စွာသက်တော်ထင်ရှား ရှိစဉ်အခါက ဗုဒ္ဓ၏နောက်လိုက် သံဃာတော်များအား ဗုဒ္ဓ ကိုယ်စား ရုပ်ပွားဆင်းတုများထုလုပ်ကိုးကွယ် ကြရန်လည်းမည့်သည့် အခါကမျှ တိုက်တွန်းမှုမပြုခဲ့ပေ ။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်ပြုပြီးနောက် အနည်းဆုံး ရာစုသုံးစုခန့်ကြာမှ ဗုဒ္ဓ၏နောက်လိုက် သံဃာတော်များက အရိုအသေပြုစရာ အထိမ်းအမှတ်အဖြစ် ဗုဒ္ဓကိုယ်စား ရုပ်ပွားတော်များ ထုလုပ်ခဲ့ကြခြင်း ဖြစ်ပေသည် ။ ရုပ်ပွားတော်များက ဗုဒ္ဓ၏ ပြီးပြည့်စုံသော ဖြူစင်မှု ၊ ဂရုဏာတရား ၊ ပညာဥာဏ် နှင့် လူယဉ်ကျေးတို့ အလေးထားပူဇော်ခြင်းကို ခံယူထိုက်သော မြင့်မြတ်သည့် အရည်အသွေးများအား ကိုယ်စားပြုလျက်ရှိသည် ။ မည်သို့ပင်ဆိုစေ ဗုဒ္ဓရုပ်ပွားတော်တို့သည် ကမ္ဘာ့အနုပညာရှင်တို့ စွမ်းဆောင်ခဲ့သည့် အလှပဆုံး ၊ အကောင်းမွန်ဆုံး လက်ရာတို့အနက် တစ်ခုလည်းဖြစ်ပေသည် ။ ဗုဒ္ဓဘာသာဝင် မဟုတ်စေကာမူ ဘာသာရေးအစွဲအလမ်း မကြိးသူတစ်ချို့မှာမူ ဗုဒ္ဓရုပ်ပွားတော်တို့က ကြည်ညိုသူ၏ စိတ်ဘ၀င်တွင် နက်ရှိုင်းသောတည်ငြိမ်အေးချမ်းမှုကို ဖန်တီးပေးနိုင်စွမ်းရှိကြောင်း သိရှိကြသည် ။ သို့ဖြစ်ရာ သူတို့၏ နေအိမ် ၊ ရုံးခန်းစသည်တို့တွင် ဗုဒ္ဓရုပ်ပွားတော်များကို အမြတ်တနိုးထားလေ့ရှိကြသည် ။ ထိုသို့လူ့စိတ်အာရုံကို ငြိမ်းချမ်းမှု ပေးစွမ်းနို်င်သည့် ရုပ်ပွားတော်များအား မိမိတို့ အနီးဝန်းကျင်တွင် ထားရှိဖူးမြှော် အာရုံပြုခြင်းသည် ကျန်းမာရေးအတွက်လည်း တန်ဖိုးရှိသော လုပ်ရပ်တစ်ခုပင် ဖြစ်သည် ။ အခြားတစ်ဖက်တွင်ကား အမည်ခံ ဗုဒ္ဓဘာသာဝင်အချို့သည် ဗုဒ္ဓရုပ်ပွားတော် ထုလုပ်ကိုးကွယ်မှုအား ဗုဒ္ဓ၀ါဒ၏ အရေးကြိးဆုံး အနှစ်သာရ အဖြစ် သဘောထားကာ သူတို့၏ ဘာသာရေးဆိုင်ရာ လှုပ်ရှားမှုအားလုံးကို ဤကြည်ညိုကိုင်းရှိုင်းမှုဆိုင်ရာ အသွင် သဏ္ဌာန်၌သာ အဓိကဗဟိုပြု အားထားနေကြသည်ကိုလည်း တွေ့ရပေသည် ။ ထိုသူတို့ကိုမူ ရုပ်တုဆင်းတု ကိုးကွယ်သူများမဟုတ်ပါဟု ငြင်းဆို ပြောကြားရန်ခက်လှပေသည် ။ ထိုသူတို့သည် ဒဏ္ဏာရီဆန်သော ယုံကြည်မှုများကို အသိတရားကင်းမဲ့စွာ တီထွင်ခဲ့ကြသည် ။ ဗုဒ္ဓမြတ်စွာ၏ မျက်နှာတော်အသွင်အပြင် ၊ လက်ဟန်ခြေဟန် ၊ မျက်လုံးနှင့် ဦးဆောင်းတော်တို့ကို ပုံစံအမျိုးမျိုးဖြင့် ထုလုပ်ကြသည် ။ မဟာလူသားတည်းဟူသော မြတ်ဗုဒ္ဓဘုရားရှင်ကို ကောင်းကင်ဆန်စေခဲ့သည် ။ တန်ခိုးရှင် ၊ ဖန်ဆင်းရှင်နတ်ဘုရားအသွင် သို့ပြောင်းစေခဲ့ကြသည် ။ ယင်းရုပ်ပွားတော်များထံတွင် ဆုတောင်း ပတ္တနာပြုခြင်းဖြင့် သူတို့၏ လောကီရေးရာ လိုအပ်ချက်များ ပြည့်ဝလာလိမ့်မည်ဟု စိတ်ကူးယဉ်နေကြသည် ။ ထိုရုပ်ပွားတော်များသည် ယင်းတို့ကိုတီထွင် ထုလုပ်ကိုးကွယ် သူတို့၏ အသိဥာဏ်ခေါင်းပါးမှု နှင့် ကစဉ့်ကလျား ဖြစ်နေသည့် စိတ်နေသဘောထားတို့၏ ရောင်ပြန်ဟပ်မှုမျှသာဖြစ်ပေသည် ။ ယခုအချိန်အခါသည် ဓမ္မအစစ်အမှန်ကိုအလေးအနက်ထား အာရုံပြုလျက် အဆိုပါရုပ်ပွားတော်များအပေါ် အစွဲအလမ်းကြီးမှုများကို လျှော့ချရမည့်ကာလ ဖြစ်ပေသည် ။ ကိုးကွယ်ယုံကြည်သူတို့၏ စုဝေး၀တ်ပြုရာ ဗဟိုချက်မအဖြစ် ဗုဒ္ဓရုပ်ပွားတော်များအား ထိန်းသိမ်းသွားရပေမည် ။ ယင်းသို့ပြုနို်င်မည်ဆိုလျှင် ဗုဒ္ဓ၀ါဒ၏ ကောင်းမြတ်သော ဂုဏ်သတင်းကို ဆက်လက်ထိန်းသိမ်းသွားနိုင်ပေလိမ့်မည် ။ ကျွန်ုပ်တို့သည် မိမိတို့၏ရိုးရာ ယဉ်ကျေးမှု အစဉ်အလာကိုထိန်းသိမ်းရင်း ဗုဒ္ဓ၀ါဒအား ခံယူကျင့်သုံးသွားနိုင်ပါသည် ။ သို့သော်မိမိတို့၏ မိရိုးဖလာ ဓလေ့ထုံးတမ်းများကို ဗုဒ္ဓ၀ါဒ အတွင်းသွပ်သွင်းခြင်းဖြင့် အရိုးကို အရွက်ဖုံးစေရန်ကား မပြုအပ်ပေ ။ အဘယ့်ကြောင့်ဆိုသော မိရိုးဖလာဗုဒ္ဓဘာသာဝင်များက သူတို့၏လူမျိုးဓလေ့ထုံးတမ်းနှင့် သက်ဆိုင်သော ပွဲလမ်းသဘင်အခမ်းအနားများအား သားစဉ်မြေးဆက် ခံယူကျင်းပကြသည်ကို ဘာသာခြားတို့က ဗုဒ္ဓ၀ါဒ၏ လမ်းညွှန်မှုအရ ပြုလုပ်နေသည်ဟု လွဲမှားစွာမှတ်ယူတတ်ကြသော ကြောင့်ဖြစ်သည် ။ ဘာသာရေးအယူသီးသည့် အစွန်းရောက်ဘာသာခြားအဖွဲ့အစည်း အချို့ကလည်း ဗုဒ္ဓဘာသာဝင် ပညာမဲ့တို့အား သူတို့၏ဂိုဏ်းဂဏအတွင်းသို့ ကူးပြောင်းဝင်ရောက်လာစေရန် ရည်ရွယ်ကာ ပရိယာယ်ဆင်လျက်ဗုဒ္ဓ၀ါဒအား သရော်လှောင်ပြောင် ဝေဖန်ရှုတ်ချမှုပြုရာတွင် ယင်းအခြေအနေအား အသုံးချအမြတ်ထုတ်လေ့ရှိကြသည်ကို ကျွန်တော်တို့ သတိပြုအပ်သည်။ ထို့ကြောင့် အဆိုပါအခမ်းအနား ပွဲလမ်းသဘင်များကို ရိုးရာ ဓလေ့ထုံးစံ၏ တစ်စိတ်တစ်ဒေသ အဖြစ်ကျင်းပလိုသူများအနေဖြင့် ဗုဒ္ဓ၀ါဒ နှင့်ထွေးရောယှက်တင်မဖြစ်စေရန် ယင်းတို့ကိုဗုဒ္ဓဘာသာ ဘုရားကျောင်းကန်တို့၏ ပြင်ပတွင်သာကျင်းပသင့်သည် ။ ဗုဒ္ဓ၀ါဒကိုလူထုအကြား အထင်အမြင်လွဲမှားမှုနှင့် ထိပါးဖျက်ဆီးမှုကို ဖန်တီးနိုင်ရန် အခွင့်သာစေမည့် အဆိုပါအလေ့အထများအား ခွင့်မပြုမိရန် သတိကြီးစွာထားကြရမည် ။ ဒေသတစ်ခု လူမျိုးတစ်မျိုးတွင် ရှေးကာလကပင် အမြစ်တွယ်တည်ရှိခဲ့သော မိရိုးဖလာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတစ်ရပ်ကြောင့် ကိုးကွယ်ရာ ဘာသာတရားအပေါ် အထင်အမြင် လွဲမှားစေခြင်းသည် မိမိတို့ယုံကြည်ကိုးစားရာ ဘာသာတရား အဓွန့်ရှည်စွာ တည့်တံပြန့်ပွားရေးအတွက် ကြီးမားသော အန္တရာယ်တစ်ခုဖြစ်သည်ဆိုခြင်းကို ကျွန်တော်တို့ အလေးဂရုပြုသင့်ကြောင်းရေးသား တင်ပြလိုက်ရပါတော့သည် ။ ၀င်းသိန်းဦးရေးသားသည့် ကျွန်ုပ်တို့ အမှန်တကယ် ယဉ်ကျေးကြပြီလော နှင့် ဓမ္မစာစုများ ဆိုသည့်စာအုပ်မှ ကိုးကားရေးသားခြင်းဖြစ်သည် ။
ဆက်ဖတ်ရန်
သာသနာပြုခြင်း နှင့် လူသားအကျိုးပြုလုပ်ငန်း
Missionary - ဟူသည် ဘာသာရေးကို သင်ပြခြင်းဖြစ်၍
Ministry - ဟူသည် လူသားတို့ အကျိုးပြုလုပ်ငန်းများကို
လုပ်ကိုင်ဆောင်ရွက်ခြင်း ဖြစ်သည်။
ထိုသို့ ဖြစ်ခြင်းကြောင့် Missionary - နှင့် Ministry -တို့သည် ခွဲ၍ မရသော တွဲလျက် လုပ်ရမည့်အလုပ်မျိုး ဖြစ်သည်။
          မြတ်ဗုဒ္ဓ၏ (၄၅) နှစ်တာ ကြာညောင်းသော ဘ၀ခရီး၌
Missionary - နှင့် Ministry ကို
အတွဲလိုက် လုပ်ကိုင်ဆောင်ရွက်ခဲ့ကြောင်း ကောင်းစွာ တွေ့မြင်ရမည်ဖြစ်သည်။
ဘုရားဖြစ်ပြီး ၂ - လ အကြာ တပည့်ဟောင်း (၅) ယောက်တို့အား ဟောကြားသော
တရားနှစ်ပုဒ်မှာ ဘာသာရေး သမိုင်း၌ အပြောင်မြောက်ဆုံးသော
Missionary - ဆိုတာကို
တွေ့မြင်ကြရမည်ဖြစ်သည်။
       အမှန်တရား ငုတ်လျှိုးလွန်း၍ တွေဝေလွန်းလှသော သတ္တ၀ါ အပေါင်းတို့၏ လောက၀ယ်သစ္စာတရားကို ဖော်ထုတ်ပြခြင်း၊
အစွန်းရောက်လမ်းကို လျှောက်နေကြသော သတ္တ၀ါ
အပေါင်းတို့အား အစွန်းလွန်းသည့် အလယ်လမ်းကို ညွန်ပြခြင်း၊ အတ္တဆန်လွန်းသည့်ကမ္ဘာလောက၀ယ် အနတ္တ ကို ဟောဖော်ပြခြင်း၊ တစ်ကိုယ်ကောင်း တစ်ယောက်ကောင်းဆန်သောကမ္ဘာလောက၀ယ် အများအကျိုး သယ်ပိုးရန် လောကတ္ထစရိယ ကို ညွန်ပြတော်မူခြင်း
စသည်တို့သည် ဘာသာရေးသမိုင်း၌ အမြင့်မြတ်ဆုံးသော ဘာသာရေး သင်ပြမှု Missionary - ပင်ဖြစ်သည်။
                 မြတ်ဗုဒ္ဓ၏ (၄၅) နှစ်မျှသော Missionary - ခရီး၌ အထက်ဖော်ပြပါ လုပ်ငန်းများသည်
အဓိကကျ ဦးစားပေးလုပ်ငန်းများ ဖြစ်သည်ကို တွေ့ကြရမည်ဖြစ်သည်။
Missionary - လုပ်ငန်းကို ဆောင်ရွက်ရာ၌ Ministryဟူသော လူမှု အကျိုးပြု လုပ်ငန်းများကိုလည်း တွဲဖက် ဆောင်ရွက်ကြရန် လိုအပ်ပေသည်။
မြတ်ဗုဒ္ဓ၏ (၄၅) နှစ်ကြာညောင်းသော
Missionary - အလုပ်သည် Ministry နှင့်
တွဲဖက်၍ လုပ်ကိုင်ဆောင်ရွက်ကြောင်း ကောင်းစွာ သတိပြုရမည် ဖြစ်သည်။
ဥပမာ-
မစင်ကျုံးသမား သုနီတ ၏ ဘ၀ကို မြှင့်တင်ပေးခြင်း၊
အမ္ဗပါလီ ပြည့်တန်ဆာမ၏ ဘ၀ကို မြှင့်တင်ပေးခြင်း၊
ရာဇ၀တ်သားကြီး အဂုင်္လိမာလ ၏ ဘ၀ပြစ်မှုတို့ကို ဆေးကြောသုတ်သင် သန့်စင်ပေးခြင်း၊
ခိုးကိုးရာမယ့်နေသော ရာဓ ပုဏ္ဏားကို အားကိုးရာပေးခြင်း၊
သားသမီးတို့၏ စွန့်ပစ်ခြင်း ခံရသော သူအိုမ သောဏာကို ခိုကိုးရာပေးခြင်း၊
အမှိုက်ပုံးတွင် စားစရာရှာနေသော လောသကတိဿ ကလေးငယ်၊
သုဿာန်တွင် မိဘမဲ့ဖြစ်နေသော သောပါက ကလေးငယ်တို့ကို မွေးမြူစောင့်ရှောက်၍
အထက်တန်းကျကျ ဘ၀လှလှ ဖြစ်အောင် လုပ်ဆောင်ပေးခြင်း၊
ဘ၀ပျက်၍ သောကရောက်နေရှာသော ပဋာစာရီ ကို အားကိုးရာပေးခြင်း၊
ရောဂါနှိပ်စက်ခံရသည့် တိဿ ရဟန်း စသည်တို့ကို ဆေးပေးခြင်း၊ သူနာပြုပေးခြင်း.......
စသည်......စသည်တို့မှာ မြတ်ဗုဒ္ဓ၏ လူမှုရေး ဆောင်ရွက်ချက်  Ministry လုပ်ငန်းများပင်
ဖြစ်ပေသည်။
          ယနေ့ မျက်မှောက်ခေတ်၌ ဘာသာရေးခေါင်းဆောင် အားလုံးတို့၏ တာဝန်မှာဤ Missionary - နှင့် Ministry လုပ်ငန်းကြီး နှစ်ရပ်ကို ပူတွဲထမ်းဆောင်သွားကြဖို့
အထူးပင် လိုအပ်ပါသည်။
အဘယ်ကြောင့် ဆိုသော်
`ဦနော သဗ္ဗော လောကော- လောကကြီး တခုလုံးမှာ လိုနေသည်´ ဟု မြတ်ဗုဒ္ဓ မိန့်ကြားတော်မူခဲ့ပါသည်။
ဘာတွေများ လိုအပ်နေပါသနည်း.........
          ယနေ့ မျက်မှောက်ခေတ်၌ လူကြီး လူငယ် အများစု အတွက် ကိုယ်ကျင့်တရားများ
လိုအပ်နေပါပြီ၊ နိုင်ငံတိုင်း၏ လူငယ်တိုင်းတွင် ကိုယ်ကျင့်တရားမှာ ဗလာနီးနီး Morally bankrupt-
ဖြစ်နေပါပြီ။ စိတ်ဓာတ်ရေးရာမှာလည်း မကောင်းမှု နှင့် ကောင်းမှုကိုပင် မသိတတ်
အများအကျိုး ဆောင်ရွက်လိုသည့် စိတ်ဓာတ်လည်း ခေါင်းပါး၊
ဒုက္ခရောက်လိုသူကို စောက်ရှောက်လိုသည့် စိတ်ဓာတ်လည်း ကင်းမဲ့ နေကြပေပြီ။
ဒါတွေကို ဘယ်လိုပြုပြင်ကြမည်နည်း.........
                  မြန်မာပြည်နေရာ အနှံ့အပြားမှာ ဆင်းရဲငတ်မွတ်နေကြသော ဗုဒ္ဓဘာသာဝင်များ
မြောက်မြားစွာသော အကူညီတွေကို လိုအပ်နေသော အစွန့်ပယ်ခံ လူသားများ ရှိနေကြပါသည်။
ဒါတွေကို ပြုပြင်ပေးရန် ကြွယ်ဝချမ်းသာသော ဘာသာရေးခေါင်းဆောင်များ၊
ကြွယ်ဝချမ်းသာကြသော ဗုဒ္ဓဘာသာဝင် ကြေးရေတက် လူချမ်းသာများ အနည်းငယ်မျှငဲ့ကြည့်၍ အကူညီပေးဖို့ သင့်နေပါပြီ။
လိုအပ်နေသော လူမှုရေး လုပ်ငန်းများ အတိုးချ၍
လုပ်ဆောင်ပေးကြဖို့ သင့်ပါပြီ။
              အဘယ်ကြောင့် တိုက်တွန်းနေရသနည်း ဟူမူ တကယ်လိုနေသော နေရာ၊
အစွန့်ပယ်ခံ လူသားများကို ကိုယ်တိုင်ကိုယ်ကျ ဆုံတွေ့ခဲ့ရသောကြောင့်ဖြစ်ပေ၏။
11.12.2009 ရက်နေ့က စကာင်္ပူမှ ကိုကြီး ရဲ့ ရေတွင်းအလှူကို လိုက်ပါသွားရင်း
စစ်ကိုင်းက  ရွာကလေးတရွာ သို့ရောက်ရှိခဲ့ပါ၏။
ရေရှားပါးတဲ့ ရွာကလေးဖြစ်တဲ့ အပြင်၊ ကျေးရွာ လူသားများဟာလည်း
အပယ်ခံဘ၀ ရောက်နေကြရတာ တွေ့ရတော့ လွန်စွာပဲ စိတ်မကောင်း ဖြစ်ခဲ့ရပါသည်
ရွာရဲ့ နာမည်လေးက မြရတနာ လို့ဆိုပါတယ်။ ရပ်ကွက်လို့လဲ ခေါ်ပါတယ်။ ဒါပေမဲ့ အဆိုပါရွာကလေးဟာ အခြားသော ရွာများနဲ့ မတူပါဘူး။
ကိုယ်အရေပြားရောဂါသည်များ စုပေါင်းနေထိုင် ကြတဲ့ ရွာကလေးပါ။
ပတ်ဝန်း ကျင် ရွာများ ရှိလင့်ကစား ထိုရွာကလေးဟာ ချောင်ကျပြီး ခေါင်တယ်လို့ ဆိုရမလိုပါပဲ။ အပစ်ပယ်ခံလူတွေရဲ့ ဘ၀ ၊ အနိမ်ခံသက်သက် လူတန်းစားများပမာ သိမ်ငယ်စွာနဲ့ ဖြတ်သန်းနေရတဲ့ ရွာကလေးပါ.။
အထက်ပါရွာကလေးသည် ရေအခတ်အခဲနှင့် ကြုံတွေ့ နေရသည်မှာ ဆယ်စုနှစ်တစ်စု ပြည့်တော့မည်ဖြစ်သည်ဆို၏။
ရန်ကုန်မြို့ပြ၏ အထပ်တိုက်များ ရှိရာနေရာများတွင် ပေလေးဆယ်ကို ၁လုံးရှိသော ရေစက်များသည် ထိုရွာတစ်ရွာလုံးပေါင်းလို့ မရှိရှာ၊
ရေတွင်းဆိုသည်မှာဝေးစွ၊ ထို့ကြောင့် အတန်ငယ်ဝေးသော အရပ်သို့ ရေသွားခပ်ရသည်။ ရေခပ်ရာတွင်လည်း ကိုယ်အရေပြားရောဂါသည်များရပ်ကွက် က ဟု ဆိုကာ
ဟိုလူကျင် ဒီလူဖယ်နှင့် ထို့ကြောင့် သောက်ရေ နှင့် ထမင်းချက်ဖို့ရလျှင် ကျေနပ်ကြသည်။ချိုးတဲ့ရေကတော့ မနေနိုင်မှ ချိုးကြသည်ဟုဆိုသည်။ ထိုသူတို့နေထိုင်သော အိမ်များထဲတွင်လည်း ချွေးစော် သေးစော်တို့ နံဟောင်နေပေသည်။
ရေရှားပါးတဲ့ ရွာကလေး အစွန့်ပယ်ခံ ရွာသားများ နေစဉ် ကြုံတွေ့နေရသော ဒုက္ခတို့ပင်တည်း။
    ယခုတော့ ထိုဒုက္ခတွေ အားလုံး ရပ်တန့်သွားလိုက်နိုင်ပါပြီ။ 
တကယ်လိုအပ်နေသော နေရာလေးကို ဖြည့်ဆည်းပေးလိုက်သူတို့က
ဒီရွာကလေး ကို စတင် သတိပြုမိသူဆရာတော် ဦးကောဝိဒ၊
အလှူရှင် ပေါ်ပေါက်လာအောင် ဖော်ပြပေးသူ ကိုကိုညီညီ( ကိုညီ ) ၊
ရေတွင်း လှုဒါန်းသူက ကိုရီး (စကာင်္ပူ) တို့ ကောင်းမူဖြင့်
ရွာကလေးရဲ့ တကယ်လိုအပ်နေသော အရာတို့ကို မြတ်ဗုဒ္ဓ အလိုကျ
Missionary - အလုပ်နှင့် Ministry
တွဲဖက်၍ လုပ်ကိုင်ဆောင်ရွက်ဖြည့်ဆည်းပေးခဲ့ကြပါသည်။
            ထိုကဲ့သို့သော အစွန့်ပယ်ခံရွာများ၊ ဆင်းရဲ ငတ်မွတ်နေကြသော နေရာများ
မြန်မာပြည်၌ မြောက်မြားစွာ ရှိပါသည်။
မလိုအပ်တော့သော နေရာများတွင် သိန်းပေါင်း ထောင်သောင်းချီ အကုန်ကျခံကာကျောင်းဆောက် လှူဒါန်းနေမည့် အစား
တကယ်လိုအပ်နေသော
တကယ်ချို့တဲ့နေသော နေရာများကို တတ်စွမ်းသမျှ ကူညီထောက်ပံ့မူတွေ
ပေးကြမည်ဆိုလျှင်....................
`ဦနော သဗ္ဗော လောကော- လောကကြီး တခုလုံးမှာ လိုနေသည်´ ဟု မြတ်ဗုဒ္ဓ မိန့်ကြားတော်မူခဲ့သည့် အတိုင်း လိုအပ်နေသော နေရာလေးကို ဖြည့်ဆည်းပေးကာ Missionary - အလုပ်နှင့် Ministry အလုပ်ကို တွဲဖက်လုပ်ကိုင်ကာ သာသနာပြု လှူဒါန်းခဲ့သော ကိုကြီး (စကာင်္ပူ) ကဲ့သို့
တန်ဖိုးရှိလူသားများ၊ အများအကျိုး သယ်ပိုးပေးကြမည့် ပုဂ္ဂိုလ်များ
များစွာ ပေါ်ပေါက်ပါစေဟု ဆုတောင်းမေတ္တာပို့သလျက်
ကိုယ်တိုင် လိုက်ပါခွင့်ရခဲ့ကာ မြင်တွေ့ခွင့် ရခဲ့သော ကိုကြီး ရဲ့ အလှူကို
ယခု ဒီစာကို ရေးနေစဉ်ပင် ကြည်နူးစွာပေါ်ပေါက်လာသော ပီတီအဟုန်ဖြင့် သာဓုခေါ်ကာ
အဆုံးသတ်လိုက်ရပါတော့သည်..........
သာသနာပြုကာ လူသားတို့ အကျိုးကို ဆောင်ရွက်နိုင်ကြသော
အမျိုးကောင်းသား အမျိုးသမီးများ မြောက်များစွာ ပေါ်ပေါက်ပါစေ......
ဆက်ဖတ်ရန်
php ကို မြန်မာလိုလေ့လာရအောင်
Web site တွေကို Interactive ဖြစ်အောင် ဖန်တီးဖို့ php programming နည်းပညာကိုသုံးနိုင်ပါတယ်။ မြန်မာလိုလေ့လာနိုင်တဲ့ php Myanmar Site လေးကို အောက်မှာ ချိတ်ပေးထားပါတယ်။ (Show Myanmar Version) ဆိုတဲ့ပေါ်ကို Click လုပ်ပါ။ မြန်မာလို ပေါ်လာပါမယ်။ ပျော်ရွှင်ပါစေ။
ဆက်ဖတ်ရန်