အကြင်နာနန်းတော် ၏ ရည်ရွယ်ချက်များ


မြန်မာ လူငယ်များအတွက်
၁။ အသုံးဝင်သော ဆော့(ဖ်)၀ဲ များ
၂။ နည်းပညာဆိုင်ရာ စာအုပ်များ (ကွန်ပျူတာ၊ ပရိုဂရမ်၊ ဓာတ်ပုံ နှင့် ဒီဇိုင်း၊ အင်တာနက်၊ အင်ဂျင်နီယာ)
၃။ ဘာသာရေး၊ တရားတော်ဆိုင်ရာ စာအုပ်များ၊ အသံဖိုင် နှင့် ဗီဒီယိုများ
၎။ ၀တ္ထု၊ ကဗျာ၊ ကာတွန်း၊ ဟာသ စာအုပ်များ
၅။ တေးသီချင်းများ (မြန်မာ၊ နိုင်ငံခြား)
၆။ ရုပ်ရှင် နှင့် ဗီဒီယိုများ (မြန်မာ၊ နိုင်ငံခြား)
၇။ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ ဗဟုသုတနှင့်အကြံပြုချက်များ
၈။ သတင်း နှင့် အထွေထွေဗဟုသုတများ
၉။ ဂိမ်းများ
၁၀။ အလှအပ နှင့် ဖက်ရှင် ဆိုင်ရာ ဗဟုသုတ နှင့် အကြံပြုချက်များ
၁၁။ အသုံးဝင်သော ၀က်ဘ်ဆိုက် လိပ်စာများ
ကို မျှဝေပေးရန် ဖြစ်ပါသည်။



အကြင်နာနန်းတော် သို့ လာရောက်သူများအတွက် ပျော်ရွှင်မှု၊ ဗဟုသုတ နှင့် နည်းပညာ တစ်ခုခုတော့ ရရှိသွားစေရပါမည်။

စိတ်တူ၊ ကိုယ်တူ၊ ရည်မှန်းချက်ရှိသူ လူမှုအသိုင်းအ၀ိုင်း (Community) တစ်ခု ဖန်တီးသွားရန် နှင့် မြန်မာလူငယ်များ ပိုမို တိုးတက်အောင်မြင်အောင် အချင်းချင်း ပံ့ပိုးဆောင်ရွက် သွားကြရန် ရည်ရွယ်ပါသည်။


Flash သီချင်းများစုစည်းမှု

ရွှေတိဂုံ အမေ-ထူးအိမ်သင် မ-sample တိတ်တခိုးအချစ်-ရိန်မိုး မ-ပူစူး မင်းကိုသတိရရင် တွဲဖက်အပြုံး-ရိန်မိုး အရမ်းပဲချစ်နေပြီ-ရိန်မိုး လေပြေ ဆု အမေတခုသားတခု အရမ်းပဲချစ် ဘယ်သူမှမကောင်းဘူး ဖြည့်ဆည်းပေးမဲ့သူ ရိုမီယို ဂျူးလီးယက် တောဂေါ်လီ သူလေး ရင်ခုန်ဘက်သို့တမ်းခြင်း ကြွေပါစေ လမ်းမခွဲကြေး မင်းနဲ့ငါနဲ့ မေမေ မင်းအတွက်ပါ သနပ်ခါးချစ်သူ အနီးဆုံးလူ ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေ သင်္ကြန်မိုး အပြစ်မမြင်ပါဘူး ကမ္ဘာအပြင်ဘက် နှလုံးသားရှိတဲ့အရပ် မျောလွှင့်နေတဲ့တိမ် အင်းလေးမှာရွာတဲ့မိုး ငါချစ်တာမင်းပဲ နေညိုရင် ပူစီ ချစ်သူကို ချမ်းမြေ့ပါစေ စိတ်ကူးယဉ်အနမ်းများ နွေဦးကဗျာ မိုးသိပါစေ ဘ၀ချင်းခြားလည်းချစ် ပုဂံဘုရားဖူး မမကြောင့် ညစဉ်ညတိုင်း အလွမ်းမိုး မြူမှောင်ဝေကင်း နှစ်ပါတ်လည် ကောင်မလေး နောက်ဆုံးရင်ခွင် မလွမ်းပဲမနေနိုင်ဘူး လုံးဝမမေ့သေးဘူး အိမ်-ဓီရာမိုရ် လမ်းဆုံ ကိုကိုက အာဇာနည်(၄)ပုဒ်နဲ့address-card တမိုးအောက် ယုံပါရင်သို့ ဒီတညတော့ ဟင့်အင်းအမေကဆူလိမ့်မယ် တခါထဲချစ်ချင်လို့ပါ ထူးဆန်းလွန်းတဲ့အချစ် ပြော ကြွေသူနှစ် ကောက်သူတစ်

မင်းအကြောင်းအိမ်မက် မိန်းမယူရင်စဉ်းစားကျ ချစ်သူရင်ခွင် ၀တ်မှုံ သီချင်းတပုဒ်မင်းဆိုလိုက် We are the world သူ့ကိုကျနော်ချစ်သည် မင်းမုန်းမှာစိုးတယ် မင်းလေးကိုသိပ်ချစ်လို့ မင်းသိလာမယ် ယုံကြည်ပေးပါ မျှော်လင့်မထားတဲ့အချိန် ကလေး လေး ချစ်ရက်နဲ့ ယုံကြည်ခြင်း ဆန္ဒတစုံ အလွမ်း ဖူးစာရှင် သဲသဲလှုပ် ဝေခွဲမရပါလား လိုက်ဖက်တဲ့ဘ၀ ငါ့ရင်ခွင်ကို အဆင်ပြေပါစေ Gtalk သူ ၀န်ခံလိုက်ပါ ရီးစားစာ တခါထဲချစ်ချင်လို့ပါ (၂) မိုး တိုးတိုးလေး ကြည်နူးခွင့် မုန်းမေ့ဖို့မလွယ် မလွယ်ပါကွယ် ကျောင်းသီချင်း ကြိုနေစေချင်တယ် ချစ်ကံဆိုး အပြုံးလေး နတ်သမီး လမင်းသို့ သီချင်းမဲ့ဂီတာ အမောပြေ ဆုတောင်းမယ် ဆုတောင်းမယ်(၂) ဟိုအရင်လို မိုးသည်းထဲမှာ အမေ နင်ပြန်လာခဲ့ ပေးဆပ်ခွင့် အချစ်အတွက်ကံမကောင်းခဲ့သူ ချစ်တယ်ဟုတ် ဖန်သားနန်းတော် ဒို့လည်းလိုက်မယ် မြတ်နိုးသူအတွက် ပုံရိပ်လေး ပြန်တော့ကွယ် အချစ်ကိုသိချိန် မင်းတယောက်သာ မမချစ်လို့မဖြစ် အမြတ်နိုးဆုံး ချစ်ခွင့်ရခြင်ပြီ ခွဲခွာရက်သူ ဘာကြောင့်လဲ အတ္တ စာမျက်နာ ၁၅ မျက်နာများတဲ့မောင် ဒီလမ်းမကြီးရဲ့ ဘေး အင်းယားသို့ နှစ်ပတ်လည်(၂) မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် ပြန်လာပါကွယ် သူသိပါကွယ် All out of love စလုံးကချစ်သူ ပတ်သက်ခွင့်ပြုပါ တကယ့်ပုံပြင် ကောင်မလေး တယောက်သောသူအတွက် မင်း မရေရာဘူး မအေးကိုချစ်လို့ ဆက်ချစ်ခွင့်ပေးပါ ညှို့နှိင်လွန်းတဲ့သူ ခွင့်ပြုတယ်ခွင့်လွှတ်တယ် ကြိုပြီးတောင်းပန်တယ် ရဲလေး သီချင်း ရီးစားထားတဲ့အရွယ် အချစ် = အချစ် သီးသန့်ဖြစ်တည်မူ ကိုကို့စိတ်ကူး မမက တကယ်ဆိုအချစ်ဘဲလိုတယ် ကြယ်ကြွေကောင်းကင် အချစ်များသူ့ဆီမှာ ပြန်တွေးကြည့် ယုံကြည်တော့အချစ် ကောင်ကလေးကကောင်မလေးကို နေရာ တယောက်သော သူ အဆုံးမဲ့ အလွမ်းပြေအနမ်း အလွမ်းဆုလဒ် ဘာဖြစ်ဖြစ်ချစ် မင်းသိလာမယ် 2 ပြန်မဆုံဖြစ်ကျရင် နောက်ဆုံး အမှန်သိခွင့် (ဒိုးလုံး) ချစ်ခွင့်ရချင်ပြီ နှစ်ကိုယ်တူချစ်သမျှ တခါခါ စိတ်လျှော့လိုက် ရိုးရှင်းသောဘ၀ရဲ့ပိုင်ဆိုင်မူ ဓမ္မဒါန လမ်းကြုံရင်ပြောပေးကြပါ StayWithMe ချစ်ခဲ့တာလားရူးခဲ့တာလား BadGirl သန်ခေါင်ယံည နုတ်ဆက်စာ အလွမ်းပြေအနမ်း ၂ ပြန်မဆုံဖြစ်ကျရင်၂ အချစ် နှောင့်ယှက်သူ ပြန်မရဘူး ငါ့ရင်ခွင်ကို ၂ မေ့တော့မေ့သေးဘူး မြတ်ဆုမွန် မကြာခင်မှာကြင်နာမယ် နေချင်တယ်မင်းအနား ဝေးလို့နေမလားမေ့လို့နေမလား ရွှေတိဂုံ(၂) သံယောဇဉ် သံစဉ်တွေနဲ့ချော့သိပ်မယ် ကောင်မလေး နောက်ဆုံးအချစ် မချစ်နဲ့တော့ မျှော်လင့်ခြင်းကွင်းပြင် MyHeartWillGoOn လွမ်းရဲမှ ၀ိရောဓိ အလွမ်းဝင်္ကပါ မင်းတယောက်သာ BeWithYou ကိုယ်မညာချင်တော့ဘူး ဆွေးမြေ့အသဲ သံယောဇဉ် ချစ်သူထားခဲ့တော့ ချစ်ဦးမေ အချိန်တိုင်းပဲ နားလည်ပါ ကြယ် လွန်ပါစေအလွမ်းညတွေ လူလည်အာရှသား ဗုဒ္ဓံ ဓမ္မံ သံဃံ ကြေကွဲရလိမ့်မယ် စိတ်ကူးလွင်ပြင် KissMe မ..ကို မီးအိမ်ရှင် အလွမ်းပြေအနမ်း လွမ်းနေပြီ လွမ်းနေပါတယ် အလွမ်းနိဂုံး မင်းချစ်မှချစ်ပါ့မလား အပြုံးလေး စိုးရိမ်ရတာပေါ့ မျှော်လင့်ခြင်းအဆုံး အပြစ်တခုဖန်ဆင်း ဘ၀ရဲ့လမ်းများ ခွဲခွါခြင်းနေ့ရက်များ ငါတော့မှားပြီ ကိစ္စမရှိဘူး မင်းနဲ့မဆုံသ၍ တို့နှစ်ယောက် ပျော်ပါစေ ဖက်ထားမယ် မ-မရှိတဲ့နေ့ရက်များ တွဲလက်များ ဒီကောင်မလေးအတွက် ရှင်သန်ခြင်းပြဇတ် ရွှေရောင်အရှုံး (အိမ်) နင်သိရဲ့လား နေညိုရင်၂ ငါ့ရဲ့အနား ခိုင်မြဲသောအချစ် ငါ့ရဲ့လမင်း ချစ်လို့ရရန် အလွမ်းပြေအနမ်း၂ မင်းလိုက်ရဲပါစေ သူငယ်ချင်းချစ်သူ အင်းယားလမ်းကပန်းဆိုင် သတိရရ-မရရ အဖြည့်ခံချစ်သူ တိတ်တခိုး နင်မလိုချင်လဲ လမ်းပျောက်ချိန် အလွမ်းကဗျာ အေးဆေးဖြစ်သွားပြီ မညာပါနဲ့ ချစ်သူလေး ညလေပြေ အိနြေ္ဒရှင်မလေး မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် လေပြေ၂ တဖက်သတ်အလွမ်း ဝေးပြီးတဲ့နောက် မနဲ့မောင် ချစ်တယ် ပြုံးလိုက်ပါ နှလုံးသားချင်းထိတွေ့ခဲ့တယ် ဖူးစာရှင် ဗုဒ္ဓမေတ္တာပန်း အိမ်မက်ရဲ့သမီးပျို မင်းမရှိတဲ့ကမ္ဘာ အလွမ်းသင့်ပန်းချီ ပျော်သလိုနေလိုက်တော့ စိတ်ကူးလွင်ပြင် အလွမ်းနိဂုံး မျှော်လင့်ခြင်းအဆုံး ဘ၀ရဲ့လမ်းများ နင်သိရဲ့လား အလွမ်းပြေအနမ်း၃ လရောင်ဆမ်းသောလမ်း တစ်ဖက်သက်အလွမ်း ဝေးပြီးတဲ့နောက် တစ်နေ့တော့ လမင်းသစ်ပင် ချစ်သူ နားနားဘေးမှာ ပျံသန်းသွားတော့ ဟုတ်လို့လား Never Be Replaced ချစ်မိနေပြီ နိုးတစ်ဝက်အချစ် အချစ်အတွက်ကိုယ်စား ငါ့ရဲ့အနား ၂ ဝေးသွားတဲ့အခါ မီးအိမ်ရှင် ငါ့နေရာ Anywhere for you Justin Bieber(Baby) သီရိသူ ဒီဇင်ဘာည ဒီဇင်ဘာည၂ ငါမှားလားမင်းမှန်လား ဆေးကျောင်းသား တကယ်ဆိုရင် အမေ စွန့်လွှတ်ခက်သူ နင်စေရင် အနှိုင်းမဲ့ ရင်ဘတ်ထဲက အနိုင်မယူသူရဲ့အရှုံး ခိုးချစ်ရသူ နှလုံးသားအစီရင်ခံစာ ညီမလေးအတွက် မိုး(မျိုးကြီး) မိုး၂(မျိုးကြီး) ( 8.4 ) ချစ်တယ်ဟုတ် ကောင်မလေးတယောက်အကြောင်း ဖက်ထားမယ် LetMeKissU ချယ်ရီသက်သေ ဖိတ်စာ နွေအလွမ်း ယူလိုက် အဖေ့မေတ္တာ လက်ခံပေးပါ(မျိုးကြီး) HaHaLaGyiAh မမ အပျိုကြီး ညီမလေး SnowQueen လက်ခံပေးပါ(၂) HERO ( မေ ) မမြင်ကွယ်ရာ ဟိုအရင်လို ငါ့ကိုပြောပါ မျှော်လင့်ချက်မဲ့(မျိုးကြီး) ယုံကြည်ပေးပါ BellyDancer ယုံကြည်ပေးပါ(Remix) အဖြူရောင်လေးပါကွယ် ရင်ထည်းခိုနားလှည့်ပေါ့ကွယ် မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး ပေါက်တဲ့အိုး တိတ်တခိုးအချစ် စံပါယ် တခုလောက်ဖြေပေးပါ ယုံကြည်ခြင်း၂ မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် ကမ္ဘာပျက်နေ့ နင့်ကိုငါအချစ်ဆုံး ကင်ဆာ အချစ်နဲပိုက်ဆံ နင်တစ်ယောက်တည်း သံစဉ်နဲ့ချော့သိပ်ခွင့် (မမ) ချစ်တယ်မရေ အချစ်မှတပါးအခြားမရှိပြီ တနေ့တော့ချစ်လာလိမ့်မည် အမေ့ မင်းအကြောင်းအိမ်မက် တန်ဆောင်တိုင်သီချင်း အလွမ်းနဲ့ရူးပြီ နှမြောတယ် သူလေး ကောင်းကင်ကအချစ်ငှက် ဆာဒါငဲယိုး ခိုနားရာ အိမ်မက်ကမ္ဘာ အလွမ်းဝင်္ကဘာ ပထမအနမ်းသီချင်း စကားလုံးတွေမလိုဘုး (နိဒါန်း) လေလွှင့်သူ အာဇာနည် ငါဆက်ချစ်မယ့်သူ ရုပ်သေးရုပ် မျှော်လင့်ချက်မဲ့ ဒီတစ်ခါမခွဲတော့ဘူး ချမ်းချမ်း(ကိုယ်တစ်ယောက်တည်း) မျိုးကြီး(နူးညံ့စွာပြောင်းလဲခြင်း) လက်ခံပေးပါ(၂)မျိုးကြီး မျိုးကြီး=အတိတ်ရဲ့နွေ Baby စပါယ် အမြဲတန်းယုံကြည်တယ် သူငယ်ချင်းသံယောဇဉ် မိန်းကလေးပါ ဒီဇင်ဘာည၂ ပြည့်စုံလွန်း အသိအမှတ်ပြုပါ ကြယ်ကြွေကောင်းကင် Congratulation ညီမလေး မကြင်နာလေသူသို့ အပြည်ပြည်ဆိုင်ရာအသဲကွဲသောနေ့ ပထမအနမ်း ချစ်သူသိပါစေ နင်မသွားခင် နှမြောတယ် မျှော်လင့်မိတဲ့ငါ့နတ်သမီး လမ်းခွဲ နောက်ဆုံးပေါ့ Baby-(Mc Wai Lin) ရင်ထဲကလာတဲ့သီချင်း ကော်ရုပ်လေး လွမ်းဆွတ်ခွင့် ချစ်သူ-ရိန်မိုး ငါ့ရဲ့လမင်း(လေးဖြူ) ရင်ခုန်စရာရှုခင်း(မျိုးကြီး) ကိုယ့်ရဲ့ကွက်လပ် ဆု....ထံသို့ ခလေးလေး မ-အတွက်သီချင်း ယုံမှာလား ရောခ့်သီချင်းတစ်ပုဒ်(မျိုးကြီး) မိုးသည်းချိန်မှာ Venus လမ်းဆုံး ပြန်လာပါ အလည်လွန်နှလုံးသား ဒို့ဝေးရာ ကျေးလက်တောတန်း အင်တာနက်ချစ်သူ ပြန်လာမဲ့အချိန် ခွင့်ပြုတယ်ခွင့်လွှတ်တယ် SaveTheAged ဆာဒါငဲယိုး၂ ပျော်တော်ဆက် ကောင်မလေး မင်းအချစ်ကြောင့် မလွမ်းဘဲမနေနိုင် မလှည့်စားနဲ့ အလွမ်းနေ့ရက်ရှည်များ ဒီအတိုင်းလေးဘဲချစ်နေမယ် အတောင်ပံပါရင်မင်းဆီကို TakeMeToYourHeart ထားအတွက် ကင်တင်းထဲကကွင်းလက်ချာ(အရိုး) ILoveYou ရာစုသစ်အလွမ်းသမား Rain Story (ပြည့်စုံ) မင်းနဲ့မှချစ်တတ်ပြီ အချစ်ဒါဏ်ရာ လွမ်းတယ်(မ)ရယ် မင်းနားလည်မှာ ချစ်သူရဲ့ပုံပြင်(အနွန်) (မ)အတွက်သီချင်း ကျောင်းပိတ်ရက်လေး ကျေးဇူးပဲမနက်ဖြန် ကောင်မလေး onelesslonelygirl ငါ့နေရာ "မ" အတွက်သီချင်း ကဗျာမမှီတဲ့အချစ်

တို့နှစ်ယောက်အကြောင်း ရုပ်သေးရုပ် ဒီမိုးသည်းချိန်တိုင်းမှာ ပြန်ဆုံနိုင်ဦးမလား မင်းနဲ့အတူရှိချင် ကြွေနေပြီ တိုကျိုအိပ်မက် မနှုတ်ဆက်ချင်ဘူး အာဒံဧ၀ တောင်းပန်ပါတယ် I Love U Baby BabY Cry On My Sailing HONEY(အာဇာနည်) ကိုယ့်ရဲ့သက်တန့်ငယ် အလွမ်းဝင်္ကပါ မ မရှိတဲ့နေ့ရက်များ ခါး(အငဲ) သိမ်းထားခွင့် WeddingDress မင်းရှိစေချင်တယ် ONLYLOVE ကိုယ်ပိုင်တဲ့ကိုယ့်နေရာ တန်ဖိုး(လေးဖြူ) ပျောက်ဆုံးသွားတဲ့မနက်ခင်းလေးများ မင်းအချစ်ကြောင့်(၀ိုင်ဝိုင်း) မခေါ်ရက်ဘူး တက္ကသိုလ်ဘ၀ ဆေးပေးပါ(မျိုးကြီး) အသဲကွဲဒီဇင်ဘာ အချစ်အိမ်မက်လေး ညီမလေးအတွက် ရိုမီယိုဂျူးလီးယက် Baby Gril တော်ပြီနောက့် အိပ်မက်ထဲကလူ ငါ့နဲ့ မင်း အဖြူရောင်သူငယ်ချင်း ဖက်ထားမယ် အဖြည့်ခံ မိုးဘယ်မှာရွာနေလဲ ချစ်တယ်ဟုတ် Bad girl ရင်ခုန်နှစ်သစ် မဟာဆန်သူ ပန်းချစ်သူ မမ ကောင်လေး ဆုံစည်းခွင့်-ရိုးရာ+ Mc ဟိန်းထက် တစ်ချိန်က”မ” နှုတ်ဆက်သီချင်း OldService အဆောင်သူမမ ပြော သနပ်ခါး အချစ်ဝင်္ကပါ L.O.V.E(Kg Ma Lay) အရင်ကဇတ်လမ်း အလွမ်းဝင်္ကပါ အလွမ်း ရှင်းပြခွင့်ပေးပါ Over You မိုး အနားနားဘေးမှာ မင်းကိုသတိရရင် ချစ်ခဲ့တာလား ရူးခဲ့တာလား အလွမ်းဆုလဒ် ကြိုစေချင်တယ် ငါ့နေရာ Justin Bieber@baby Radio ပေးခဲ့တဲအလွမ်း ပက်သက်ခွင့်ပြုပါ(Bunny Phyo) ကမ္ဘာငယ်လေး မသိချင်ယောက်ဆောင်မျက်နှာလွဲ ခိုနားရာ ကောင်ကလေးကကောင်မလေးကို ထာဝရပက်သက်ခွင့်ပြုပါ ကွာခြားမူ အရိပ်ပမာ Never Say Never never say never2 စိတ္တဇညဆိုးများ သူငယ်ချင်း အဝေးကချစ်သူ ကိုယ်တယောက်ထဲ လွမ်းဆဲပါ ကမ္ဘာငယ်လေး အမုန်းလက်ဆောင် KissMe Celion ၀ါဆိုမိုးနဲ့ပြန်ခဲ့ပါ မျှော်လင့်ဆဲ(ထက်ယံ) အပြစ်မမြင်ပါဘူး baby(mc wai lin)
ဘယ်သူ့အတွက်လဲ(ထက်ယံ) မမကိုယ်ချင်းစာနာခဲ့ပြီ ဘယ်ပန်းချီရေးလို့မမှီအဝေးရောက်နေသော်လည်း

ချယ်ရီသက်သေ snow queen Ma Ma ဖိတ်စာ နွေအလွမ်း Ha Ha La Gyi Ah အပျိုကြီး ညီမလေး ပန်းချစ်သူ.....ဒို့လည်းလိုက်မယ် ယုံကြည်ပေးပါ Belly Dancer MyHappyEnding ယုံကြည်ပေးပါ(Remix) ရင်ထဲခိုနားလှည့်ပေါ့ကွယ် အဖြူေ၇ာင်လေးပါကွယ် မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး ပေါက်တဲ့အိုး တိတ်တခိုးအချစ် စံပါယ် တခုလောက်ဖြေပေးပါငယ်ကျွမ်းဆွေ ကင်ဆာ ၀ိုင်းဆုရဲ့(လမ်းမကြီးရဲ့ဘေး) အရမ်းလွမ်းတယ်မရယ် မ..မ(၂) တပင်တည်းရင်ထဲကနွယ် တစ်စက္ကန့် နွေရာသီလမ်းခွဲ သခင့်ထံအပြေးပြန်လာမည် နူတ်ဆက်စကား မောင့်အရိုင်းပန်း ငယ်ဖော် အသည်းကွဲမြို့တော် VENUS Baby(Mc Wai Lin) ကြယ်ကြွေကောင်းကင် လမ်းဆုံ နှစ်သိမ့်တဲ့တေး သူစိမ်းတယောက်ပါ နှင်းဝေတဲ့ဆောင်း အလှစစ် ညို့မျက်ဝန်း နှလုံးသာရှာသူ လွမ်းတယ်(မ)ရယ်အသဲကွဲဒီဇင်ဘာ I Love U Baby၀ါရင့်သမ္ဘာရင့်(Old Service) Never Say Never


သီချင်းရပ်ချင်ရင် ဗီဒီယိုပေါ်မှာ Right Click-->Rewind. ဒေါင်းချင်ရင် သီချင်းအမည်ပေါ်မှာ Right Click, Save Link As ကိုနှိပ်ပါ။

Monday, November 8, 2010

အသက် ၃၀ ကျော် အမျိုးသမီးများ အတွက်

အသက် ၃၀ ကျော် အမျိုးသမီးများအတွက် အသားအရေ ထိန်းသိမ်းနည်း
အမျိုးသမီးတွေအနေနဲ့ အသက် ၃၀ ဆိုတဲ့ သက်လတ်ပိုင်းအရွယ်ကို ရောက်လာပြီ ဆိုရင် အသား အရေပြဿနာတွေကို စတင်ရင်ဆိုင်ရပါပြီ။ နေရောင်ခြည်ဒဏ်နဲ့ မီးခိုးငွေ့ ဒဏ်ကိုခံရရင်၊ စိတ်ဖိစီးမှုများရင်၊ မျက်နှာပြင်အသားအရေကို ငယ်စဉ် အခါကတည်းက မထိန်းသိမ်းလာရင် ခန္ဓာကိုယ်ထဲမှာရှိတဲ့ အသားအရေ function တွေ နှေးကွေးလာပြီး အရေးအကြောင်း ဖြစ်ပေါ်တာတို့၊ ရှိရင်းစွဲအသက်ထက် အိုစာတာတို့၊ မျက်နှာပြင် ညစ်နွမ်းတာတို့ကို ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီလိုပြဿနာတွေမဖြစ်စေဖို့ ငယ်စဉ်ကတည်းက အသားအရေကို ထိန်းသိမ်းသင့်ပါတယ်။ အသားအရေ ထိန်းသိမ်းရာမှာ နည်းစနစ်မှန်ကန်ဖို့နဲ့ သုံးရမယ့် Skin Care ပစ္စည်းအဆင့်ဆင့်ကိုလည်း သိဖို့လိုအပ်ပါတယ်။ ဒါကြောင့် အသက် ၃၀ ကျော် အမျိုးသမီးများအတွက် အသားအရေထိန်းသိမ်းနည်းအဆင့်ဆင့်ကို Kose` Skin Care ပစ္စည်းတွေအမြဲသုံးတဲ့ မမေသူနဲ့ skin care ပြုလုပ်ပုံအဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။
Sekkisei Cleansing Cream အသားအရေ ထိန်းသိမ်းရာမှာ မျက်နှာသန့်စင်မှုက အရေးကြီးပါတယ်။ Kose` မျက်နှာသစ် ဆပ်ပြာကတော့ နှစ်မျိုးရှိပါတယ်။ မျက်နှာကြေး(ဂျီး)ချွတ်တဲ့ cleansing နဲ့ မျက်နှာသစ်ဆပ်ပြာ Liquid Wash တို့ဖြစ်ပါတယ်။ မျက်နှာကြေး(ဂျီး)ချွတ်တဲ့ cleansing ကို ညဘက်မှာ သုံးရပါတယ်။ တစ်နေ့တာလုံး မျက်နှာပြင်ပေါ်မှာရှိနေတဲ့ မိတ်ကပ် အညစ်အကြေး တွေကို သန့်စင်ပေးပါတယ်။ ဒီ cleansing ကို သုံးမယ်ဆိုရင် လက်နဲ့မျက်နှာကို ရေစွတ်စရာ မလိုဘဲ မိတ်ကပ်များတဲ့နေရာ၊ Mascara ရှိတဲ့နေရာတွေကိုလိမ်းပြီး စက်ဝိုင်းပုံစံသစ်ရပါမယ်။ မျက်နှာပြင်ပေါ်က အညစ်အကြေးတွေ ထွက်လာပြီဆိုမှ တစ်ရှူးလေးနဲ့ သုတ်ချရပါမယ်။ ဒါမှမဟုတ် ရေနဲ့လည်းဆေးချနိုင်ပါတယ်။
Facial Foam
ဒီအဆင့်ပြီးတော့မှ Liquid Wash မျက်နှာသစ်ဆပ်ပြာကို သုံးရပါမယ်။ ဒီမျက်နှာသစ်ဆပ်ပြာကို နေ့ရောညပါ အသုံးပြုနိုင်ပါတယ်။ Liquid Wash ကို နို့ရည်ပုံစံမျိုး ထုတ်လုပ်ထားတာပါ။ ဒီမျက်နှာသစ်ဆပ်ပြာမှာ မျက်နှာသစ်လိုက်လို့ moisture ဓာတ် ဆုံးရှုံးတာကို ပြန်ဖြည့်ပေးတဲ့ ရေဓာတ်ပါဝင်ပါတယ်။ အမြှုပ်လေးတွေ ထွက်အောင် သစ်ပြီးတော့ ဆေးချလိုက်ရင် သန့်စင်ကြည်လင်တဲ့ အသားအရေကို ရရှိမှာပါ။
Sekkisei Lotion
မျက်နှာသန့်စင်အောင် သစ်ပြီးပြီဆိုမှ ဒုတိယအဆင့်အနေနဲ့ lotion သုံးရပါမယ်။ Kose` Sekkisei Lotion က ရေဓာတ်ကို ပြန်လည်ဖြည့်ဆည်း ပေးပါတယ်။ တစ်နေကုန် နေပူထဲသွားလို့ ချွေးထွက်ရင် ရေဓာတ်တွေ ဆုံးရှုံးပါတယ်။ ပုံမှန်အားဖြင့် မျက်နှာသစ်ပြီးရင် toner လိမ်းရပါတယ်။ Kose` Sekkisei Lotion ကျတော့ Toner နဲ့ Lotion နှစ်မျိုးစလုံး ပေါင်းစပ်ထားတာပါ။ ဒါကြောင့် Skin Care အာနိသင်ကို ပိုမိုကောင်းမွန်စေပြီး ပိုမိုစိမ့်ဝင်နိုင်ပါတယ်။ နှစ်မျိုးပေါင်းစပ်ထားတဲ့အတွက် ချွေးပေါက်ကို ကျဉ်းစေတဲ့အပြင် ရေဓာတ်ကိုပါ ရရှိစေပါတယ်။
Shirosumi
တကယ်လို့ သင့်မျက်နှာနဲ့ ပါးပြင်ရဲ့ နှာခေါင်းတစ်ဝိုက်မှာ နေလောင်အမည်းစက်တွေ ရှိနေမယ်ဆိုရင် Kose` က ထုတ်တဲ့ Shirosumi အမည်းစက်ပျောက် essence ကို Lotion လိမ်းပြီးတဲ့ အချိန်မှာ အဆင့်သုံးဆင့်အနေနဲ့ လိမ်းရပါမယ်။ မျက်နှာပြင်ပေါ်က အမည်းစက် ဖြစ်အောင် လုပ်ပေးနေတဲ့ cellူ တွေကို Shirosumi က ပယ်သတ်ပေးပါတယ်။ Shirosumi ကို အမည်းစက်ရှိတဲ့နေရာမှာ သုံးနိုင်ပါတယ်။ မျက်နှာပြင်ပေါ်မထွက်သေးတဲ့ အမည်းရောင်ခြယ် တွေကိုလည်း Shirosumi က ချေဖျက်ပေးပါတယ်။ Shirosumi ကို အမည်းစက်ရှိတဲ့ နေရာအပြင် မျက်နှာတစ်ပြင်လုံးကို အမည်းစက်မဖြစ်အောင် control လုပ်တဲ့အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ အမည်းစက်လုံးဝမရှိဘူးဆိုရင်တော့ သုံးစရာမလိုပါဘူး။

Sekkisei Emulsion
Kose` Sekkisei Emulsion က နို့ရည်ဖြစ်ပါတယ်။ လူ့အသားအရေမှာ ရေဓာတ်ရယ်၊ အဆီဓာတ်ရယ်၊ နှစ်မျိုးညီမျှမှ စိုပြည်ပြီး လှပနိုင်မှာပါ။ တချို့မျက်နှာအသားအရေတွေဟာ အဆီပြန်တတ်ပါတယ်။ အဆီပြန်တာက မျက်နှာပြင်ရဲ့ နဖူးတစ်ဝိုက်နဲ့ ပါးပြင်နားတွေမှာ ဖြစ်တတ်ပါတယ်။ အဲဒီလို ညီမျှမှုမရှိတဲ့အဆီတွေကို Kose` Sekkisei Emulsion က ထိန်းညှိပေးပါတယ်။ နေပူထဲသွားလို့ ရေဓာတ်ဆုံးရှုံးမှုမရှိအောင် နို့ရည်က အပြည့်အဝ ပြန်လည် ထိန်းညှိပေးပါတယ်။ ဒါကြောင့် ဒီအဆင့်က အသားအရေ ညီမျှဖို့အတွက် အရေးကြီးပါတယ်။Sekkisei Day Essence
Kose` Sekkisei Day Essence ကို နို့ရည်လိမ်းပြီးရင် လိမ်းရပါမယ်။ အဓိက နေ့လယ်ပိုင်းသုံးဖို့ day care ဖြစ်ပါတယ်။ Day Essence မှာ နေလောင်ဒဏ်ကို ကာကွယ်ပေးတဲ့ UV Protector ပါဝင်ပါတယ်။ နေ့ခင်းဘက် မိမိရဲ့အသားအရေကို အန္တရာယ်ဖြစ်စေတာ နေရောင်ခြည်ဒဏ်ပါပဲ။ Skin Care ကို ဘယ်လောက်ပဲ လုပ်လုပ် UV cover မပါရင် ကိုယ်လုပ်တဲ့ Skin Care က အကျိုးသက်ရောက်မှုမရှိပါဘူး။ ဒါကြောင့် Emulsion နို့ရည်သုံးပြီးရင် Day Essence ကို ဆက်သုံးရပါမယ်။ Skin Care လုပ်ရာမှာ ဒီအဆင့်က အရေးကြီးဆုံးပါပဲ။ အသားအရေ နေလောင်ဒဏ်ခံရရင် ကျန်တဲ့ Skin Care တွေ ဘယ်လောက်လုပ်လုပ် ထိရောက်မှု မရှိပါဘူး။ ဒါကြောင့် Day Essence အဆင့်ကို သေချာဂရုစိုက်ပြုလုပ်ပေးရပါမယ်။

Sekkisei Herbal
Sekkisei Herbal ကတော့ ညဘက် မျက်နှာ ပေါင်းတင်တာပါ။ မျက်နှာပြင်အထဲက မလိုအပ်တဲ့ အညစ်အကြေးတွေကို သန့်စင်ပေးပါတယ်။ မျက်နှာပြင် ကြွက်သားတွေ အားနည်းပြီး လျော့တွဲတွဲ ဖြစ်နေတာကို တင်းတင်းရင်းရင်းဖြစ်စေပြီး သွေးလည်ပတ်မှု ကောင်းအောင် အဓိကပြုလုပ်ပေးပါတယ်။ မျက်နှာအတွက် လိုအပ်တဲ့ အစာအာဟာရကို ပြန်လည် ဖြည့်တင်းပေးတာပါ။ တစ်ပတ်ကို နှစ်ကြိမ်လောက် ပြုလုပ်ပေး သင့်ပါတယ်။ မျက်နှာပြင်အနှံ့ Sekkisei Herbal ကို ညီညာအောင် သုတ်လိမ်းပြီး ၁၅ မိနစ်လောက်ကြာအောင်ထားပါ။ ပြီးရင် ရေဆေးချပြီးသစ်လိုက်ပါ။ ကြည်လင်အေးမြတဲ့ အသားအရေကို ရရှိစေမှာဖြစ်ပါတယ်။

Sekkisei Night Cream
Sekkisei Night Cream ကိုတော့ ညဘက်မှာ သုံးရပါမယ်။ Night Cream က အရေပြားမှာရှိတဲ့ အလွှာသစ်တွေကို မွေးမြူပေးပါတယ်။ အသက်အရွယ်ကြီးလာတော့ အရေးအကြောင်းနဲ့ အသားအရေတွဲကျလာတာတို့ကို ပြန်လည် အားကောင်းစေပြီး မျက်နှာပြင်ကို တင်းတင်းရင်းရင်းနဲ့ လှပစေပါတယ်။ Night Cream သုံးခြင်း အားသာချက်က မနက်မိုးလင်းလို့ မျက်နှာသစ်ပြီးရင် မျက်နှာက ဖောင်းဖောင်းတင်းတင်းလေးနဲ့ fresh ဖြစ်နေတာပါပဲ။


နေ့စဉ် မိတ်ကပ်ပြင်ဆင်မှုကို Skin Care ပြုလုပ်ပြီးမှ ပြင်ဆင်သင့်ပါတယ်။ ဒီလိုသာ နေ့စဉ် ပုံမှန် လုပ်ပေးမယ်ဆိုရင်တော့ ရှိရင်းစွဲအသက်ထက် ပိုမိုနုပျို စေနိုင်ပါတယ်။ အသားအရေလှပခြင်းက မိမိကိုယ်ကို ယုံကြည်မှုရှိစေပြီး မိမိရဲ့ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ မိမိ နေထိုင်ရာ ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် အောင်မြင်သော သူအဖြစ် ရပ်တည်နိုင်မှာပါ။ အသားအရေပျက်စီးခြင်းကို ဖြစ်မှကာကွယ်တာထက် မဖြစ်ခင်ကတည်းက Skin Care လုပ်ရင်း ကာကွယ်တာက အကောင်းဆုံး နည်းလမ်းပဲဖြစ်ပါတယ်။
from perfectmagazine
ဆက်ဖတ်ရန်

နုပျိုလန်းဆန်းတဲ့ အရေပြား

အရေပြားရဲ့ဇရာ
နုပျိုလန်းဆန်းတဲ့ အရေပြား ပိုင်ရှင်တွေဖြစ်စေဖို့ ရည်ရွယ်ပြီး ဆွေးနွေးတဲ့အခါ ဆန့်ကျင်ဘက်ဖြစ်တဲ့ အရေပြားရဲ့ဇရာ ဒါမှမဟုတ် အရေပြားရဲ့ အိုမင်းရင့်ရော်ခြင်း တွေကိုလည်း သိသင့်တယ်လို့ ထင်ပါတယ်။ တကယ်တော့ လူတိုင်း တောင့်တတဲ့ ချစ်စရာကောင်းတဲ့ ကလေးအရေပြား (baby skin) ဟာ တဖြည်းဖြည်းနဲ့ အသက် ၂၀ လောက်မှာ ရင့်ကျက်ပြီး ပြည့်စုံသွားပါပြီ။ တင်းတင်းရင်းရင်း၊ ပြည့်ပြည့်ဖြိုးဖြိုး၊ စိုစိုပြည်ပြည်နဲ့ တကယ့်ကို အရေပြားရဲ့ အလှဆုံးအချိန်ပေါ့။ ဒါပေမဲ့ အသက် ၂၅ နှစ်လောက်ကစပြီး အရေပြားဟာ မသိမသာ စတင်ပျက်စီး ယိုယွင်းလာပါပြီ။ မျက်စိနဲ့ ကြည့်လို့ အဲဒီ ပျက်စီးမှုကို ထင်သာ မြင်သာ မရှိပေမဲ့ အရေပြားရဲ့ ကလာပ်စည်းတွေ၊ တစ်သျှူးတွေမှာတော့ အားနည်းချက်တွေ အစပျိုးနေပါပြီ။


ဘယ်လိုအားနည်းချက်တွေလဲ
အရေပြားဟာ သက်ရှိပစ္စည်းပါ။ အရေပြားရဲ့အပေါ်လွှာမှာ ရှိတဲ့ ကလာပ်စည်းတွေဟာ အမြဲတမ်း ဖြစ်ပျက် ပြောင်းလဲနေတဲ့အကြောင်း ဆရာ ရှင်းပြခဲ့ဖူးပါတယ်။ အဲဒီအလွှာရဲ့ အောက်ဆုံးတန်းက ကလာပ်စည်းတွေဟာ အပေါ်ဘက်ကို တဖြည်းဖြည်းနဲ့ တက်သွားပြီး အပေါ်ဆုံးရောက်တော့ ဇီဝိန်ကြွေသွားတယ်။ ဒါပေမဲ့ နောက်ထပ် အသစ်အသစ် တွေ ထပ်ထွက်လာတာပါပဲ။ အသက် အရွယ်ရလာတဲ့အခါ အဲဒီပြောင်းလဲမှု ဖြစ်စဉ်ဟာ နှေးလာပါတော့တယ်။ အသက်ကြီးရင် အထိုင်အထ နှေးသွားသလို လေးသွားသလိုပေါ့။ အရေပြား ကလာပ်စည်းတွေရဲ့ အသစ်အဟောင်း ပြောင်းလဲမှုဖြစ်စဉ်ဟာ ပုံမှန်ဖြစ်နေပါမှ အရေပြားဟာ နုပျိုသစ်လွင်နေမှာပါ။
နောက်ပြီး အရေပြားရဲ့ အလယ်လွှာမှာရှိတဲ့ ကိုလာဂျင်တို့၊ အီလတ်စတင်တို့လည်း တဖြည်းဖြည်းနဲ့ အားနည်းစပြုလာပါပြီ။ ဒီတစ်သျှူး တွေက အရေပြားကို သန်စွမ်း တောင့်တင်းအောင် ကျားကန်ပေးရာမှာ အဓိကကျတဲ့ ပစ္စည်းတွေပါ။ ဒါကြောင့် ဇရာရဲ့ လက္ခဏာတွေဖြစ်တဲ့ ပါးရေ၊ နားရေတွဲတာ၊ အရေးအကြောင်းတွေ ပေါ်တာတွေ အချိန်တန်ရင် တွေ့ရတော့တာပေါ့။
အရေပြားရဲ့အလယ်ထပ်မှာရှိတဲ့ မြောက်မြားစွာသော သွေးကြော ငယ်လေးတွေ ဟာလည်း ကိုလာဂျင်တွေက အားကောင်းမောင်းသန် ကျားကန်မပေးနိုင်တော့ နည်းနည်း လေး ထိမိတာနဲ့ ပေါက်ကုန်ပါ တော့တယ်။ ဒါကြောင့် ဇရာအိုတွေရဲ့ အရေပြားမှာ သွေးခြည်ဥကွက်တွေ မကြာခဏ တွေ့နေရတာပါ။
အဆီအိတ်၊ ချွေးအိတ်တွေလည်း အားနည်းနေပြီ
အရေပြားထဲက အဆီအိတ်တွေလည်း အဆီထွက်နည်းလာတော့ အသားခြောက်တာ၊ ယားတာတွေဖြစ်ကုန်တာပေါ့။ ယောကျာ်းတွေဆို အသက်ရှစ်ဆယ်ကျော်မှ ကြုံရတတ်ပေမဲ့ အမျိုးသမီးတွေကျတော့ သွေးဆုံးပြီးတာနဲ့ တဖြည်းဖြည်း ဒီပြဿနာကို တွေ့ရနိုင်ပါတယ်။
ချွေးအိတ်ကလည်း ချွေးထွက်နည်းလာတော့ အပူအအေး ထိန်းဖို့ ခက်လာပြန်ပါတယ်။ အထူးသဖြင့် ပတ်ဝန်းကျင်က ပူလွန်းရင် ခန္ဓာ ကိုယ် အပူချိန်ကို ပုံမှန်ဖြစ်နေအောင် ထိန်းမထားနိုင်တော့ဘူး။ ဒါကြောင့် အပူပြင်းတဲ့ ဒီနှစ်နွေမှာ အသက်ကြီးတဲ့ ဇရာအိုတွေ အပူရှပ် သတိမေ့ပြီး ဆုံးပါးကုန်ကြတာပါ။ ဆေးပညာမှာတော့ Heat Stroke လို့ ခေါ်ပါ တယ်။
အရေပြားရဲ့ အောက်ဆုံးလွှာက အဆီပြင်လည်း အသက်ရလေ ပါးလာလေပါပဲ။ အဆီနည်းတော့ အအေးဒဏ် မခံနိုင်ဘူးဖြစ်ပြန်ရော။ အညိုအမည်းကွက် သို့မဟုတ် ဇရာရဲ့ သင်္ကေတ
အသက်ကြီးလာတော့ မယ်လာနိုဆိုဒ် ဆိုတဲ့ အရေပြားဆိုးဆေး ထုတ်လုပ်ပေးတဲ့ ကလာပ်စည်းတွေလည်း နည်းလာပါတယ်။ ဒါပေမဲ့ ထွက်လာတဲ့ မယ်လာနင် ဆိုးဆေး ဓာတ်တွေက ဟိုနားစု၊ သည်နား စုဖြစ်ကုန်တော့ နေထိတဲ့မျက်နှာတို့၊ လက်ဖျံတို့မှာ ညိုပြာပြာ အကွက်သေး၊ အကွက်ကြီးတွေ ဖြစ်ကုန်တာပါ။ အရပ်စကားနဲ့ပြောရရင် ဇရာရဲ့ သင်္ကေတ (age spots) ပေါ့။ ဆေးပညာမှာတော့ လင်တီဂို (lentigo) လို့ သမုတ်ပါတယ်။ ဆရာလည်း အသက်ကြီးပြီဆိုတော့ ဆရာရဲ့ ဘယ်ညာပါးနှစ်ဖက်မှာ လင်တီဂိုတွေ တစ်ကွက်စ၊ နှစ်ကွက်စ ထွက်နေပါပြီ။
အသက်ချင်းတူပေမဲ့ အရွယ်ချင်းတော့ မတူ
အိုခြင်းတရားကို မလွန်ဆန်နိုင်ပေမဲ့ တချို့သူတွေဟာ အသက်ထက် အရွယ်က နုပျိုနေသလို တချို့ကျတော့လည်း ရှိတဲ့ အသက်ထက် အရွယ်က ပိုကြီးနေသလို ဖြစ်နေတာမျိုးတွေ ရှိပါတယ်။ လွယ်လွယ်ပြောရင် တချို့က နုပျိုပြီး အရွယ်တင်ပေမယ့် အချို့ကျတော့ အချိန်မတိုင်ခင် အိုစနာကျနေတာမျိုးပေါ့။အင်္ဂလိပ်လို ပြောရရင် အရွယ်တင်တာကို Younger Looking Skin ပေါ့။အသက်ထက် အရွယ်က ပိုအိုနေတာ ကိုတော့ Premature aging လို့ ခေါ်တင်နိုင်ပါတယ်။
လူတစ်ယောက်ရဲ့ နေ့စဉ်စားသောက်မှုပုံစံ (lifestyle) ကစကားပြောသွားတာပါ။ အရေပြားကို မြန်မြန်အိုစာစေတဲ့၊ ပျက်စီးရင့်ရော်စေတဲ့ ကိစ္စတွေကို ရှောင်ရှားပြီး အရေပြားကို နုပျိုလန်းဆန်းစေတဲ့ ကိစ္စတွေကို လိုက်နာမယ်ဆိုရင် အရွယ်တင်နုပျိုပြီး အရေပြားက လန်းမှာပါ။ အမျိုးသမီးတွေဆိုရင်တော့ မအိုသေးတဲ့သူ အပျိုလေးနဲ့တူပေါ့။ အသက်ကြီးပေမယ့် မပျက်စီးတဲ့ အရေပြားပိုင်ရှင်ပေါ့။

အရေပြားကို ပျက်စီးစေတဲ့ အမှောင့်ပယောဂတွေ
သဘာဝ ပတ်ဝန်းကျင်နဲ့ လူရဲ့ အကျင့်အချို့ဟာ အရေပြားကို ပျက်စီးစေပါတယ်။ မှတ်လို့လွယ်အောင် (S) လေးလုံးကို ရှောင်ဖို့ အဓိကထား ပြောချင်ပါတယ်။ အဲဒီ S တွေကတော့ နေရောင်ခြည် (Sun) ၊ဆေးလိပ် (Smoking)၊ စိတ်ဖိစီးမှု (Stress) ၊ အထိုင်များတဲ့ အလုပ်(Sedentary Life) တွေပါ။အခြားအကြောင်းအရာတွေလည်း ရှိသေးပေမယ့် ဒီအရေးကြီးတဲ့ အချက်လေးချက်ကိုပဲ ဦးစွားဆွေးနွေးချင်ပါတယ်။
နေရောင်ခြည်နဲ့ အရေပြား
နေရောင်ခြည်ဟာ မီးလိုပါပဲ။ အကျိုးရှိတာတွေ များသလို အကျိုးမရှိဘဲ ဖျက်ဆီးတာတွေလည်း အများကြီးပါပဲ။ နေရောင်ခြည်ကြောင့် အရေပြားကို ဘယ်လို ပျက်စီးထိခိုက်မှု ရှိသလဲဆိုတာကို ဆရာတို့ အရေပြားဆရာဝန်တွေက ကျန်းမာရေးဂျာနယ်၊ မဂ္ဂဇင်းတွေမှာ မကြာခဏ တဖွဖွရေးနေကြ၊ ဆွေးနွေးနေကြတာပေါ့။
လူတစ်ယောက်ရဲ့ အရေပြားကို အပြင်ပန်းကြည့်တဲ့အခါ နေထိတဲ့ နေရာနဲ့ နေမထိတဲ့နေရာ တော်တော်ကွာပါတယ်။ ဥပမာ အင်္ကျီလက်တို ဝတ်လေ့ရှိတဲ့ သူတစ်ယောက်ရဲ့ လက်ဖျံက အသားအရေနဲ့ အဝတ် ဖုံးထားတဲ့ လက်မောင်းက အသားအရေ သိသိသာသာ ကွာခြားပါတယ်။ အရောင်အသွေးရော၊ နူးညံ့ပျော့ပျောင်းတာရော ကွာခြားတာကို တွေ့ကြရမှာပါ။ နေပူထဲမှာ အလုပ်လုပ်ရတဲ့သူနဲ့ နေရိပ်ထဲမှာ အလုပ်လုပ် ရသူတွေရဲ့ အရေပြားရုပ်သွင်ဟာ လျှပ်တစ်ပြက်ကြည့်လိုက်တာနဲ့ ခွဲခြားနိုင်ပါတယ်။ အသက်မကွာဦးတော့ ဘယ်သူက ပိုပြီး အိုစာတဲ့ရုပ် ပေါက်နေတယ်ဆိုတာ ပြောစရာတောင် မလိုပါဘူး။
အရေပြားမှာ ဘာတွေ ပျက်စီးပါလိမ့်
နေရောင်ခြည်ကြောင့် အဓိက ထိခိုက်ပျက်စီးရတာက ဆရာ ပြောခဲ့ဖူးတဲ့ ကိုလာဂျင်နဲ့ အီလတ်စတင်ဆိုတဲ့ တစ်သျှူးတွေပါ။ အရေပြားကို ကျားကန်ပေးတဲ့ ကိုလာဂျင်လည်း နေခတော့ အားမသန်ဘဲ ချို့ယွင်းသွားပါတယ်။ ဒီတော့ အရေပြားလည်း အရပ်စကားနဲ့ ပြောရရင် အကြောမတင်းတော့ဘူးပေါ့။ ရာဘာလို ဆန့်နိုင်ကျုံ့နိုင်စွမ်းရှိတဲ့ အီလတ်စတင် လည်း နေထိဖန်များလာတော့ စုခဲသွားပါတော့တယ်။ အီလတ်စတိုးစစ်(Elastosis) လို့ ခေါ်တယ်။ ဒီတော့ အရေပြားဟာ ပြည့်ပြည့်တင်းတင်းမရှိတော့ဘဲ အရေးအကြောင်း (Wrilkle)တွေ ပေါ်လာမယ်။ အရေပြားတွဲကျလာမယ်။ ပြောရရင် မျက်နှာမှာ အသိသာ ဆုံးပါ။ ပါးရေနားရေတွေ တွဲကျတာတွေ၊ အောက်မျက်ခမ်းရဲ့ အောက် က မျက်ခွံတွေဆိုရင် လျော့တိလျော့ရဲနဲ့ တွဲနေတာတွေ ဖြစ်လာပါတယ်။ ကိုလာဂျင်၊ အီလတ်စတင်တွေရှိတဲ့ အရေပြားရဲ့ အလယ်ထပ်ဟာ ပုံမှန်ရှိရမယ့် အထူမရှိတော့ဘဲ ၂၀ ရာခိုင်နှုန်း ပါးသွားတယ်ဆိုပဲ။ ဒီတော့ အရေပြားဟာ အားကုန်နွမ်းလျသွားတဲ့အသွင် ဆောင်တော့တာ ပေါ့။
အရေပြားအလယ်ထပ်က ကိုလာဂျင်နဲ့ အီလတ်စတင်တွေ ပျက်စီး ကြရသလို အရေပြားရဲ့ အပေါ်လွှာမှာရှိတဲ့ ကလာပ်စည်းတွေလည်း နေရောင်ခြည်ရဲ့ ရန်က မကင်းပါဘူး။ SCC , BCC လို ဆေးလောကမှာ အသိများတဲ့ ကင်ဆာတွေနဲ့ မှဲ့ကင်ဆာ (Malignant melonoma ) တွေဟာ အရေပြား ကင်ဆာတွေပါ။ အရေပြားအပေါ်လွှာက ကလာပ် စည်းတွေရဲ့ ကင်ဆာပါ။ ဒီအရေပြားကင်ဆာတွေ ဖြစ်ရတဲ့ အကြောင်း ရင်းတွေမှာ နေရောင်ခြည်က အဓိကဖြစ်ပါတယ်။
အမျိုးသမီးတွေရဲ့ မျက်နှာအလှကို ဖျက်တဲ့ တင်းတိတ်၊ မှဲ့ခြောက် တွေဟာလည်း နေရောင်ခြည်ရဲ့ ပယောဂ မကင်းပါဘူး။ အရေပြားရဲ့ မယ်လနင် အရေပြား ဆိုးဆေးတွေက နေပူထိလေ ပိုထွက်လေပါ။ ဒါကြောင့် တင်းတိတ်၊ မှဲ့ခြောက်တွေဟာ နေပူမိရင် ပိုပြီးသိသိသာသာ မည်းတက်လာတာပေါ့။
လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အရေပြားမှာ မယ်လနင်ဆိုးဆေးကို ထုတ်ပေးတဲ့ မယ်လာနိုဆိုဒ် ကလာပ်စည်းပေါင်းက နှစ်ဘီလျံကျော် ရှိပါတယ်။ သန်းနှစ်ထောင်ကျော်ပေါ့။ မှဲ့ကင်ဆာဆိုတာ အဲဒီ ကလာပ် စည်းက စတာပါ။
နေရောင်ခြည်က ဘယ်လိုဖျက်ဆီးသလဲ
ဆေးလောကမှာ ဖရီးရက်ဒီကယ်(Free Radicals) ဆိုပြီး အောက်ဆီဂျင် အရိုင်း ဓာတ်တစ်မျိုးကို ခေါ်လေ့ရှိပါတယ်။ တကယ်တော့ အောက်ဆီဂျင်ဆိုတဲ့ စကားလုံးက လူတော်တော်များများ နားယဉ်ပြီးသားပါ။ သက်ရှိသတ္တဝါတွေ အောက်ဆီဂျင်ရမှ အသက်ရှင်မယ်ဆိုတာ အားလုံးအသိပါပဲ။ ဒါပေမဲ့ အဲဒီ အောက်ဆီဂျင်က အီလက်ထရွန် နှစ်ခုပါတယ်။ အိုတူး (O2) ပေါ့။ ဒီတော့ တည်ငြိမ်တယ်။ လူကို အကျိုးပြုတယ်။ ဖရီးရက်ဒီကယ်ဆိုတဲ့ အောက်ဆီဂျင်က အီလက်ထရွန် တစ်ခုပဲ ပါတယ်။ မတည်ငြိမ်ဘူး။ ဒါကြောင့် အခြားမော်လီကျူး တွေဆီက နောက်တစ်ခုရအောင် လိုက်လုတယ်။ ဒီတော့ အလုခံရတဲ့ မော်လီကျူးကလည်း မတည်ငြိမ်တော့ဘဲ တခြားနေရာက ပြန်လုတယ်။ အဲသလို ဆင့်ကဲဆင့်ကဲ လုလိုက်ကြတာ နောက်ဆုံးတော့ အရေပြား ကလာပ်စည်းတွေ အောက်ဆီဂျင်အစစ် မရတော့ဘဲ ပျက်စီးကုန်တယ်။ ဗီဇ (gene) တွေ ဖောက်ပြန်ကုန်တယ်။
ဖရီးရက်ဒီကယ်တွေ ဘာကြောင့်ဖြစ်ရသလဲဆိုတော့ နေရောင် ခြည်ပေါ့။ ဆေးလိပ်ပေါ့။ အရေပြားရဲ့ အလယ်ထပ်မှာ အရေးကြီးတဲ့ ဓာတ်ကူပစ္စည်း ရှိတယ်။ အင်ဇိုင်း (Enzyme) ပေါ့။ နာမည်ကတော့ ရှည်တယ်။ မက်တယ်လိုပရိုတီနေ့စ် (Metalloproteinase) တဲ့။ ဒီပစ္စည်းက နေကြောင့်ပျက်စီးတဲ့ ကိုလာဂျင်တွေ ပြုပြင်ပေးတဲ့အခါ အရေးပါတယ်။ နည်းနည်းလေးပဲ လိုတာပါ။ ဒါပေမဲ့ နေပူပြင်းပြင်း ထိဖန်များလာရင် အဲဒီအင်ဇိုင်းဓာတ်တွေက လိုတာထက် များပါလေရော။ ခက်တာက များတိုင်း မကောင်းဘူး။ ကိုလာဂျင်ကို ပြုပြင်ပေးရမှာ ဖြစ်ပေမဲ့ ပြုပြင်မပေးဘဲ ဖျက်ပစ်တော့တာပဲ။ နောက်ဆုံးတော့ ပင်မပစ္စည်း ကိုလာဂျင်တစ်သျှူးတွေ ကြေမွကုန်တယ်။ အရေပြားကြီးလည်း လျော့တိ လျော့ရဲ တွဲကျ တော့တာပေါ့။
ခြုံပြောရရင် နေကြောင့်ဖြစ်တဲ့ ဖရီးရက်ဒီကယ်နဲ့ ခုပြောခဲ့တဲ့ အင်ဇိုင်းတွေဟာ အရေပြားကို နှိပ်စက်ကလူ ဖျက်ဆီးသူတွေပါ။ ပုံမှန် ဇရာကူးတာကို အဆင်းတွန်းပေး သူတွေပေါ့။





from ဒေါက်တာဦးကျော်ကျော်(အရေပြား အထူးကု)
ဆက်ဖတ်ရန်

၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ရုပ်သံထုတ်လွှင့်မှု ကဏ္ဍတွင် အခမဲ့ရုပ်မြင်သံကြားလိုင်း လေးလိုင်းနှင့် အခပေးရုပ်မြင်သံကြား လိုင်းငါးဆယ်ကျော်အထိ တိုးချဲ့ထုတ်

၂၀၁၁ခုနှစ်တွင် မြန်မာနိုင်ငံ၏ ရုပ်သံထုတ်လွှင့်မှု ကဏ္ဍ၌ အခမဲ့ရုပ် သံလိုင်း လေးလိုင်းနှင့် အခပေးရုပ် သံလိုင်းပေါင်း ၅၀ ကျော်အထိ တိုး ချဲ့ ထုတ်လွှင့်သွားနိုင်မည် ဖြစ်သည် ဟု သတင်းရရှိသည်။

ယင်းအပြင် ပုဂ္ဂလိက အခပေး ရုပ်သံလိုင်းများအဖြစ် ပြန်ကြားရေး ၀န်ကြီးဌာနနှင့် Forever ကုမ္ပဏီတို့ ပူးပေါင်းထုတ်လွှင့်သည့် MRTV 4 နှင့်ဆက်စပ်အခပေး ရုပ်သံလိုင်း ၂၀ ကျော်အပြင် မကြာမီစတင်ထုတ် လွှင့်တော့မည်ဖြစ်သည့် ပြန်ကြားရေးဝန်ကြီးဌာနှင့် ရွှေသံလွင် ကုမ္ပဏီတို့ ပူးတွဲထုတ်လွှင့်သွားမည့် ရွှေအခပေး ရုပ်သံလိုင်းပေါင်း ၃၈ လိုင်းတို့ ပေါ်ပေါက်လာမည်ဖြစ်ရာ ၂၀၁၁ ခုနှစ် တွင် မြန်မာနိုင်ငံတွင် အခပေးရုပ်သံ လိုင်းပေါင်း ၅၀ ကျော်အထိ ရှိလာမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ လက်ရှိရုပ်သံ လိုင်းများ ထုတ်လွှင့်နေမှုအခြေအနေတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြ၀တီရုပ်မြင်သံကြား၊ Myanmar International (MRTV-3) နှင့် MRTV-4 ဟူ၍ ရုပ်သံလိုင်းလေးခုရှိ ပြီး ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာ MRTV-4 ရုပ်သံအစီအစဉ်များကို UHF အင်တာနာဖြင့် ၂၄ နာရီ ဖမ်းယူကြည့်ရှုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် Myanmar International (MRTV-3) ရုပ်သံအစီအစဉ်များကိုမူ MRTV-4 နှင့် ဆက်စပ်ရုပ်သံလိုင်းများကို ဖမ်းယူကြည့်ရှုနိုင်သည့် စက်ဖြင့် ၂၄ နာရီ ဖမ်းယူကြည့်ရှုနိုင် သော်လည်း သာမန် UHF အင်တာနာဖြင့်ဆိုလျှင် နံနက်ပိုင်း အစီအစဉ် များကိုသာ ဖမ်းယူကြည့်ရှုနိုင်သည် ဟု သိရသည်။ အစိုးရမီဒီယာကြီး တစ်ခုဖြစ်သော မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစီအစဉ်များကိုမူ နံနက် ၇ နာရီမှ နံနက် ၉ နာရီအထိ လည်းကောင်း၊ ညနေပိုင်းအစီအစဉ် များကို မွန်းလွဲ ၃ နာရီ မိနစ် ၃၀ မှ ညပိုင်းအထိ ထုတ်လွှင့်ပေးလျက်ရှိသည်ဟု သိရသည်။ မြ၀တီရုပ်မြင်သံကြား အစီအစဉ်များကို နံနက်ပိုင်း ၇ နာရီမှ စတင်ထုတ်လွှင့်ပြီး နံနက် ၈ နာရီ ၀န်းကျင်ခန့်အထိ နံနက်ပိုင်း အစီအစဉ်များကိုလည်းကောင်း၊ ညနေပိုင်းအစီအစဉ်များကို ညနေ ၄ နာရီမှ စတင်ထုတ်လွှင့်သည်ဟု သိရသည်။

၂၄ နာရီ ထုတ်လွှင့်လာသောMRTV-4 ရုပ်မြင်သံကြားလိုင်းကို ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်သော Forever Group ကုမ္ပဏီနှင့် ပူးပေါင်းကာ ထုတ်လွှင့်ပြသလျက်ရှိသည်ဟု သိရသည်။ ယင်းအပြင် Myanmar International (MRTV-3) ရုပ်သံ အစီအစဉ်များကိုလည်း ရွှေသံလွင် ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်နေ ခြင်းဖြစ်သည်ဟု သိရသည်။

ရွှေသံလွင်ကုမ္ပဏီသည် Myanmar International (MRTV-3) ရုပ်သံအစီအစဉ်အပြင် မကြာမီကာလတွင် SKYNETကွန်ရက်မှ DTH စနစ်ဖြင့် ရွှေရုပ်သံအဖြစ် အခမဲ့ရုပ်သံလိုင်း လေးလိုင်းနှင့် အခပေးရုပ်သံလိုင်း ၃၈ လိုင်းကို ထုတ်လွှင့်ပေးသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း၌ ထုတ်လွှင့်နေသည့် ရုပ်မြင်သံကြားလိုင်းများ

အမည်
စတင်ထုတ်လွှင့်သည့်ခုနှစ်
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ၁၉၈၀
မြ၀တီရုပ်မြင်သံကြား
၁၉၉၃
MRTV-3 (အင်္ဂလိပ်ဘာသာ) ၂၀၀၁
MRTV-4 ၂၀၀၄

MRTV-3 မှ Myanmar International (MI) အသွင်သဏာန်ပြောင်းလဲထုတ်လွှင့်ခြင်း

၂၀၁၀
MRTV-4 ၂၄ နာရီ အစီအစဉ်များ ထုတ်လွှင့်ခြင်း ၂၀၁၀
ဆက်ဖတ်ရန်

အွန်လိုင်းမှ မိုဘိုင်းဖုန်း လျောက်ထားမှုများ နိုဝင်ဘာလ ဒုတိယပတ်အတွင်း စတင်နိုင်မည် ဖုန်းလျှောက်ထားရာတွင် အွန်လိုင်းမှတစ်ဆင့် ငွေပေးချေမှုများ ပြုလုပ်နိုင်ရန် စီစဉ်




Phoneအွန်လိုင်းမှ တစ်ဆင့် မိုဘိုင်းဖုန်း လျောက်ထားမှုများကို နိုဝင်ဘာလ ဒုတိယပတ်မှ စတင်၍ ပြုလုပ်နိုင်တော့မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။
လျှောက်ထားရာတွင် ရတနာပုံ တယ်လီပိုစ် ကုမ္ပဏီ လိမိတက်၏ ၀က်ဆိုဒ်တစ်ခုဖြစ်သည့် www.yatanarbon.com.mm မှ ၀င်ရောက် လျှောက်ထားရမည် ဖြစ်ပြီး နေ့ခြင်းပြီး လျှောက်ထားနိုင်သည့် စနစ်တစ်ခုဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ စနစ် စတင်သည့်ချိန်တွင် ကျပ်ငါးသိန်းတန် CDMA 800 MHz ဖုန်းများကိုသာ စတင် လျှောက်ထားနိုင်မည် ဖြစ်ပြီး နောက်ပိုင်းတွင် မိုဘိုင်းဖုန်း အမျိုးအစား မျိုးစုံကို အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်ရန် စီစဉ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။ လျှောက်ထားရာတွင် ရတနာပုံဝက်ဆိုဒ်မှ တစ်ဆင့် မှတ်ပုံတင် အမှတ်နှင့်အတူ အခြား အချက်အလက်များကို ဖြည့်စွက် လျှောက်ထားရမည်ဖြစ်ပြီး သတ်မှတ်ချက်များနှင့် ပြည့်စုံပါက အွန်လိုင်းမှတစ်ဆင့်ပင် ကုဒ်နံပါတ် တစ်ခု ပါဝင်သည့် အကြောင်းကြားစာ နေ့ချင်းပြီး ပြန်လည်ရောက်ရှိလာမည် ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ အကြောင်းကြားစာ ပုံစံဖြင့် သက်ဆိုင်ရာမြို့နယ် ဆက်သွယ်ရေး လုပ်ငန်းများတွင် ဆက်လက် ဆောင်ရွက်ရမည် ဖြစ်သည်။ အွန်းလိုင်းမှ ဖုန်းလျောက်ထားမှု အတွက် ၀န်ဆောင်ခအဖြစ် ကျပ်တစ်ထောင်ကို ပေးရမည် ဖြစ်သည်။ လက်ရှိ အချိန်တွင် ဖုန်းငှားရမ်းခ ပေးသွင်းရာတွင် ယခင် ပေးသွင်းမှု ပုံစံများအတိုင်း ပေးသွင်းရမည် ဖြစ်သော်လည်း နောက်ပိုင်းတွင် အွန်လိုင်းမှ တစ်ဆင့် ငွေပေးချေမှု ပြုလုပ်နိုင်ရန် စီစဉ်သွားမည် ဖြစ်သည်။
ငွေပေးချေမှု စနစ်အတွက် Asia Green Development Bank မှတစ်ဆင့် ဆောင်ရွက်ရမည် ဖြစ်ပြီး ဖုန်းဘေလ် ၀န်ဆောင်မှုကိုလည်း အွန်လိုင်းမှတစ်ဆင့် ဆောင်ရွက်နိုင်ရန် စီစဉ်ထားကြောင်း သိရှိရသည်။
ဖုန်းလျှောက်ထားမှုကို လူတစ်ယောက်လျှင် တစ်ကြိမ်နှုန်းဖြင့် လျှောက်ထားရမည် ဖြစ်ပြီး ဖုန်းချထားမှုအတွက် ဖုန်းအလုံးရေမှာ ကန့်သတ်ထားခြင်း မရှိကြောင်း သိရှိရသည်။
ဆက်ဖတ်ရန်

ဂျီအက်စ်အမ်ဖုန်း အင်တာနက် အသုံးပြုရန် ဆောင်ရွက်နေ

Sunday, November 07, 2010 6:30 AM


ရန်ကုန်၊ အောက်တိုဘာ ၃၀- ဂျီအက်စ်အမ် ဖုန်းများတွင် အင်တာနက် အသုံးပြုနိုင်မည့် စနစ်ကို ယခုနှစ်မကုန်မီ အချိန်အတွင်း အသုံးပြုနိုင်ရန်အတွက် ဆောက်ရွက်နေပြီ ဖြစ်ကြောင်း ယင်း လုပ်ငန်း၏ သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
ဆက်ဖတ်ရန်

Com.mm ဒိုမိန်းများ ကျပ်ခြောက်သောင်းဖြင့် ဝယ်နိုင်ဟုဆို

Saturday, November 06, 2010 1:44 PM



ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် အောက်တိုဘာလ ၂၉ရက်မှ ၃၁ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့သော Myanmar ICT Exhibition 2010 ၌ မြန်မာနိုင်ငံ ကိုယ်စားပြုအင်တာနက် Domain ဖြစ်သော com.mm အားတစ်နှစ်စာမှတ်ပုံတင်ခ ကျပ်ခြောက်သောင်းနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း mYFi Internet Service ထံမှ စုံစမ်းသိရှိရသည်။ mYFi က com.mm,net.mm နှင့် org.mm Domain များကို Domain တစ်ခုလျှင် တစ်နှစ်စာမှတ်ပုံတင်ခ ကျပ်ခြောက်သောင်းနှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်သည်။
ဆက်ဖတ်ရန်