အကြင်နာနန်းတော် ၏ ရည်ရွယ်ချက်များ


မြန်မာ လူငယ်များအတွက်
၁။ အသုံးဝင်သော ဆော့(ဖ်)၀ဲ များ
၂။ နည်းပညာဆိုင်ရာ စာအုပ်များ (ကွန်ပျူတာ၊ ပရိုဂရမ်၊ ဓာတ်ပုံ နှင့် ဒီဇိုင်း၊ အင်တာနက်၊ အင်ဂျင်နီယာ)
၃။ ဘာသာရေး၊ တရားတော်ဆိုင်ရာ စာအုပ်များ၊ အသံဖိုင် နှင့် ဗီဒီယိုများ
၎။ ၀တ္ထု၊ ကဗျာ၊ ကာတွန်း၊ ဟာသ စာအုပ်များ
၅။ တေးသီချင်းများ (မြန်မာ၊ နိုင်ငံခြား)
၆။ ရုပ်ရှင် နှင့် ဗီဒီယိုများ (မြန်မာ၊ နိုင်ငံခြား)
၇။ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ ဗဟုသုတနှင့်အကြံပြုချက်များ
၈။ သတင်း နှင့် အထွေထွေဗဟုသုတများ
၉။ ဂိမ်းများ
၁၀။ အလှအပ နှင့် ဖက်ရှင် ဆိုင်ရာ ဗဟုသုတ နှင့် အကြံပြုချက်များ
၁၁။ အသုံးဝင်သော ၀က်ဘ်ဆိုက် လိပ်စာများ
ကို မျှဝေပေးရန် ဖြစ်ပါသည်။



အကြင်နာနန်းတော် သို့ လာရောက်သူများအတွက် ပျော်ရွှင်မှု၊ ဗဟုသုတ နှင့် နည်းပညာ တစ်ခုခုတော့ ရရှိသွားစေရပါမည်။

စိတ်တူ၊ ကိုယ်တူ၊ ရည်မှန်းချက်ရှိသူ လူမှုအသိုင်းအ၀ိုင်း (Community) တစ်ခု ဖန်တီးသွားရန် နှင့် မြန်မာလူငယ်များ ပိုမို တိုးတက်အောင်မြင်အောင် အချင်းချင်း ပံ့ပိုးဆောင်ရွက် သွားကြရန် ရည်ရွယ်ပါသည်။


Flash သီချင်းများစုစည်းမှု

ရွှေတိဂုံ အမေ-ထူးအိမ်သင် မ-sample တိတ်တခိုးအချစ်-ရိန်မိုး မ-ပူစူး မင်းကိုသတိရရင် တွဲဖက်အပြုံး-ရိန်မိုး အရမ်းပဲချစ်နေပြီ-ရိန်မိုး လေပြေ ဆု အမေတခုသားတခု အရမ်းပဲချစ် ဘယ်သူမှမကောင်းဘူး ဖြည့်ဆည်းပေးမဲ့သူ ရိုမီယို ဂျူးလီးယက် တောဂေါ်လီ သူလေး ရင်ခုန်ဘက်သို့တမ်းခြင်း ကြွေပါစေ လမ်းမခွဲကြေး မင်းနဲ့ငါနဲ့ မေမေ မင်းအတွက်ပါ သနပ်ခါးချစ်သူ အနီးဆုံးလူ ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေ သင်္ကြန်မိုး အပြစ်မမြင်ပါဘူး ကမ္ဘာအပြင်ဘက် နှလုံးသားရှိတဲ့အရပ် မျောလွှင့်နေတဲ့တိမ် အင်းလေးမှာရွာတဲ့မိုး ငါချစ်တာမင်းပဲ နေညိုရင် ပူစီ ချစ်သူကို ချမ်းမြေ့ပါစေ စိတ်ကူးယဉ်အနမ်းများ နွေဦးကဗျာ မိုးသိပါစေ ဘ၀ချင်းခြားလည်းချစ် ပုဂံဘုရားဖူး မမကြောင့် ညစဉ်ညတိုင်း အလွမ်းမိုး မြူမှောင်ဝေကင်း နှစ်ပါတ်လည် ကောင်မလေး နောက်ဆုံးရင်ခွင် မလွမ်းပဲမနေနိုင်ဘူး လုံးဝမမေ့သေးဘူး အိမ်-ဓီရာမိုရ် လမ်းဆုံ ကိုကိုက အာဇာနည်(၄)ပုဒ်နဲ့address-card တမိုးအောက် ယုံပါရင်သို့ ဒီတညတော့ ဟင့်အင်းအမေကဆူလိမ့်မယ် တခါထဲချစ်ချင်လို့ပါ ထူးဆန်းလွန်းတဲ့အချစ် ပြော ကြွေသူနှစ် ကောက်သူတစ်

မင်းအကြောင်းအိမ်မက် မိန်းမယူရင်စဉ်းစားကျ ချစ်သူရင်ခွင် ၀တ်မှုံ သီချင်းတပုဒ်မင်းဆိုလိုက် We are the world သူ့ကိုကျနော်ချစ်သည် မင်းမုန်းမှာစိုးတယ် မင်းလေးကိုသိပ်ချစ်လို့ မင်းသိလာမယ် ယုံကြည်ပေးပါ မျှော်လင့်မထားတဲ့အချိန် ကလေး လေး ချစ်ရက်နဲ့ ယုံကြည်ခြင်း ဆန္ဒတစုံ အလွမ်း ဖူးစာရှင် သဲသဲလှုပ် ဝေခွဲမရပါလား လိုက်ဖက်တဲ့ဘ၀ ငါ့ရင်ခွင်ကို အဆင်ပြေပါစေ Gtalk သူ ၀န်ခံလိုက်ပါ ရီးစားစာ တခါထဲချစ်ချင်လို့ပါ (၂) မိုး တိုးတိုးလေး ကြည်နူးခွင့် မုန်းမေ့ဖို့မလွယ် မလွယ်ပါကွယ် ကျောင်းသီချင်း ကြိုနေစေချင်တယ် ချစ်ကံဆိုး အပြုံးလေး နတ်သမီး လမင်းသို့ သီချင်းမဲ့ဂီတာ အမောပြေ ဆုတောင်းမယ် ဆုတောင်းမယ်(၂) ဟိုအရင်လို မိုးသည်းထဲမှာ အမေ နင်ပြန်လာခဲ့ ပေးဆပ်ခွင့် အချစ်အတွက်ကံမကောင်းခဲ့သူ ချစ်တယ်ဟုတ် ဖန်သားနန်းတော် ဒို့လည်းလိုက်မယ် မြတ်နိုးသူအတွက် ပုံရိပ်လေး ပြန်တော့ကွယ် အချစ်ကိုသိချိန် မင်းတယောက်သာ မမချစ်လို့မဖြစ် အမြတ်နိုးဆုံး ချစ်ခွင့်ရခြင်ပြီ ခွဲခွာရက်သူ ဘာကြောင့်လဲ အတ္တ စာမျက်နာ ၁၅ မျက်နာများတဲ့မောင် ဒီလမ်းမကြီးရဲ့ ဘေး အင်းယားသို့ နှစ်ပတ်လည်(၂) မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် ပြန်လာပါကွယ် သူသိပါကွယ် All out of love စလုံးကချစ်သူ ပတ်သက်ခွင့်ပြုပါ တကယ့်ပုံပြင် ကောင်မလေး တယောက်သောသူအတွက် မင်း မရေရာဘူး မအေးကိုချစ်လို့ ဆက်ချစ်ခွင့်ပေးပါ ညှို့နှိင်လွန်းတဲ့သူ ခွင့်ပြုတယ်ခွင့်လွှတ်တယ် ကြိုပြီးတောင်းပန်တယ် ရဲလေး သီချင်း ရီးစားထားတဲ့အရွယ် အချစ် = အချစ် သီးသန့်ဖြစ်တည်မူ ကိုကို့စိတ်ကူး မမက တကယ်ဆိုအချစ်ဘဲလိုတယ် ကြယ်ကြွေကောင်းကင် အချစ်များသူ့ဆီမှာ ပြန်တွေးကြည့် ယုံကြည်တော့အချစ် ကောင်ကလေးကကောင်မလေးကို နေရာ တယောက်သော သူ အဆုံးမဲ့ အလွမ်းပြေအနမ်း အလွမ်းဆုလဒ် ဘာဖြစ်ဖြစ်ချစ် မင်းသိလာမယ် 2 ပြန်မဆုံဖြစ်ကျရင် နောက်ဆုံး အမှန်သိခွင့် (ဒိုးလုံး) ချစ်ခွင့်ရချင်ပြီ နှစ်ကိုယ်တူချစ်သမျှ တခါခါ စိတ်လျှော့လိုက် ရိုးရှင်းသောဘ၀ရဲ့ပိုင်ဆိုင်မူ ဓမ္မဒါန လမ်းကြုံရင်ပြောပေးကြပါ StayWithMe ချစ်ခဲ့တာလားရူးခဲ့တာလား BadGirl သန်ခေါင်ယံည နုတ်ဆက်စာ အလွမ်းပြေအနမ်း ၂ ပြန်မဆုံဖြစ်ကျရင်၂ အချစ် နှောင့်ယှက်သူ ပြန်မရဘူး ငါ့ရင်ခွင်ကို ၂ မေ့တော့မေ့သေးဘူး မြတ်ဆုမွန် မကြာခင်မှာကြင်နာမယ် နေချင်တယ်မင်းအနား ဝေးလို့နေမလားမေ့လို့နေမလား ရွှေတိဂုံ(၂) သံယောဇဉ် သံစဉ်တွေနဲ့ချော့သိပ်မယ် ကောင်မလေး နောက်ဆုံးအချစ် မချစ်နဲ့တော့ မျှော်လင့်ခြင်းကွင်းပြင် MyHeartWillGoOn လွမ်းရဲမှ ၀ိရောဓိ အလွမ်းဝင်္ကပါ မင်းတယောက်သာ BeWithYou ကိုယ်မညာချင်တော့ဘူး ဆွေးမြေ့အသဲ သံယောဇဉ် ချစ်သူထားခဲ့တော့ ချစ်ဦးမေ အချိန်တိုင်းပဲ နားလည်ပါ ကြယ် လွန်ပါစေအလွမ်းညတွေ လူလည်အာရှသား ဗုဒ္ဓံ ဓမ္မံ သံဃံ ကြေကွဲရလိမ့်မယ် စိတ်ကူးလွင်ပြင် KissMe မ..ကို မီးအိမ်ရှင် အလွမ်းပြေအနမ်း လွမ်းနေပြီ လွမ်းနေပါတယ် အလွမ်းနိဂုံး မင်းချစ်မှချစ်ပါ့မလား အပြုံးလေး စိုးရိမ်ရတာပေါ့ မျှော်လင့်ခြင်းအဆုံး အပြစ်တခုဖန်ဆင်း ဘ၀ရဲ့လမ်းများ ခွဲခွါခြင်းနေ့ရက်များ ငါတော့မှားပြီ ကိစ္စမရှိဘူး မင်းနဲ့မဆုံသ၍ တို့နှစ်ယောက် ပျော်ပါစေ ဖက်ထားမယ် မ-မရှိတဲ့နေ့ရက်များ တွဲလက်များ ဒီကောင်မလေးအတွက် ရှင်သန်ခြင်းပြဇတ် ရွှေရောင်အရှုံး (အိမ်) နင်သိရဲ့လား နေညိုရင်၂ ငါ့ရဲ့အနား ခိုင်မြဲသောအချစ် ငါ့ရဲ့လမင်း ချစ်လို့ရရန် အလွမ်းပြေအနမ်း၂ မင်းလိုက်ရဲပါစေ သူငယ်ချင်းချစ်သူ အင်းယားလမ်းကပန်းဆိုင် သတိရရ-မရရ အဖြည့်ခံချစ်သူ တိတ်တခိုး နင်မလိုချင်လဲ လမ်းပျောက်ချိန် အလွမ်းကဗျာ အေးဆေးဖြစ်သွားပြီ မညာပါနဲ့ ချစ်သူလေး ညလေပြေ အိနြေ္ဒရှင်မလေး မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် လေပြေ၂ တဖက်သတ်အလွမ်း ဝေးပြီးတဲ့နောက် မနဲ့မောင် ချစ်တယ် ပြုံးလိုက်ပါ နှလုံးသားချင်းထိတွေ့ခဲ့တယ် ဖူးစာရှင် ဗုဒ္ဓမေတ္တာပန်း အိမ်မက်ရဲ့သမီးပျို မင်းမရှိတဲ့ကမ္ဘာ အလွမ်းသင့်ပန်းချီ ပျော်သလိုနေလိုက်တော့ စိတ်ကူးလွင်ပြင် အလွမ်းနိဂုံး မျှော်လင့်ခြင်းအဆုံး ဘ၀ရဲ့လမ်းများ နင်သိရဲ့လား အလွမ်းပြေအနမ်း၃ လရောင်ဆမ်းသောလမ်း တစ်ဖက်သက်အလွမ်း ဝေးပြီးတဲ့နောက် တစ်နေ့တော့ လမင်းသစ်ပင် ချစ်သူ နားနားဘေးမှာ ပျံသန်းသွားတော့ ဟုတ်လို့လား Never Be Replaced ချစ်မိနေပြီ နိုးတစ်ဝက်အချစ် အချစ်အတွက်ကိုယ်စား ငါ့ရဲ့အနား ၂ ဝေးသွားတဲ့အခါ မီးအိမ်ရှင် ငါ့နေရာ Anywhere for you Justin Bieber(Baby) သီရိသူ ဒီဇင်ဘာည ဒီဇင်ဘာည၂ ငါမှားလားမင်းမှန်လား ဆေးကျောင်းသား တကယ်ဆိုရင် အမေ စွန့်လွှတ်ခက်သူ နင်စေရင် အနှိုင်းမဲ့ ရင်ဘတ်ထဲက အနိုင်မယူသူရဲ့အရှုံး ခိုးချစ်ရသူ နှလုံးသားအစီရင်ခံစာ ညီမလေးအတွက် မိုး(မျိုးကြီး) မိုး၂(မျိုးကြီး) ( 8.4 ) ချစ်တယ်ဟုတ် ကောင်မလေးတယောက်အကြောင်း ဖက်ထားမယ် LetMeKissU ချယ်ရီသက်သေ ဖိတ်စာ နွေအလွမ်း ယူလိုက် အဖေ့မေတ္တာ လက်ခံပေးပါ(မျိုးကြီး) HaHaLaGyiAh မမ အပျိုကြီး ညီမလေး SnowQueen လက်ခံပေးပါ(၂) HERO ( မေ ) မမြင်ကွယ်ရာ ဟိုအရင်လို ငါ့ကိုပြောပါ မျှော်လင့်ချက်မဲ့(မျိုးကြီး) ယုံကြည်ပေးပါ BellyDancer ယုံကြည်ပေးပါ(Remix) အဖြူရောင်လေးပါကွယ် ရင်ထည်းခိုနားလှည့်ပေါ့ကွယ် မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး ပေါက်တဲ့အိုး တိတ်တခိုးအချစ် စံပါယ် တခုလောက်ဖြေပေးပါ ယုံကြည်ခြင်း၂ မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် ကမ္ဘာပျက်နေ့ နင့်ကိုငါအချစ်ဆုံး ကင်ဆာ အချစ်နဲပိုက်ဆံ နင်တစ်ယောက်တည်း သံစဉ်နဲ့ချော့သိပ်ခွင့် (မမ) ချစ်တယ်မရေ အချစ်မှတပါးအခြားမရှိပြီ တနေ့တော့ချစ်လာလိမ့်မည် အမေ့ မင်းအကြောင်းအိမ်မက် တန်ဆောင်တိုင်သီချင်း အလွမ်းနဲ့ရူးပြီ နှမြောတယ် သူလေး ကောင်းကင်ကအချစ်ငှက် ဆာဒါငဲယိုး ခိုနားရာ အိမ်မက်ကမ္ဘာ အလွမ်းဝင်္ကဘာ ပထမအနမ်းသီချင်း စကားလုံးတွေမလိုဘုး (နိဒါန်း) လေလွှင့်သူ အာဇာနည် ငါဆက်ချစ်မယ့်သူ ရုပ်သေးရုပ် မျှော်လင့်ချက်မဲ့ ဒီတစ်ခါမခွဲတော့ဘူး ချမ်းချမ်း(ကိုယ်တစ်ယောက်တည်း) မျိုးကြီး(နူးညံ့စွာပြောင်းလဲခြင်း) လက်ခံပေးပါ(၂)မျိုးကြီး မျိုးကြီး=အတိတ်ရဲ့နွေ Baby စပါယ် အမြဲတန်းယုံကြည်တယ် သူငယ်ချင်းသံယောဇဉ် မိန်းကလေးပါ ဒီဇင်ဘာည၂ ပြည့်စုံလွန်း အသိအမှတ်ပြုပါ ကြယ်ကြွေကောင်းကင် Congratulation ညီမလေး မကြင်နာလေသူသို့ အပြည်ပြည်ဆိုင်ရာအသဲကွဲသောနေ့ ပထမအနမ်း ချစ်သူသိပါစေ နင်မသွားခင် နှမြောတယ် မျှော်လင့်မိတဲ့ငါ့နတ်သမီး လမ်းခွဲ နောက်ဆုံးပေါ့ Baby-(Mc Wai Lin) ရင်ထဲကလာတဲ့သီချင်း ကော်ရုပ်လေး လွမ်းဆွတ်ခွင့် ချစ်သူ-ရိန်မိုး ငါ့ရဲ့လမင်း(လေးဖြူ) ရင်ခုန်စရာရှုခင်း(မျိုးကြီး) ကိုယ့်ရဲ့ကွက်လပ် ဆု....ထံသို့ ခလေးလေး မ-အတွက်သီချင်း ယုံမှာလား ရောခ့်သီချင်းတစ်ပုဒ်(မျိုးကြီး) မိုးသည်းချိန်မှာ Venus လမ်းဆုံး ပြန်လာပါ အလည်လွန်နှလုံးသား ဒို့ဝေးရာ ကျေးလက်တောတန်း အင်တာနက်ချစ်သူ ပြန်လာမဲ့အချိန် ခွင့်ပြုတယ်ခွင့်လွှတ်တယ် SaveTheAged ဆာဒါငဲယိုး၂ ပျော်တော်ဆက် ကောင်မလေး မင်းအချစ်ကြောင့် မလွမ်းဘဲမနေနိုင် မလှည့်စားနဲ့ အလွမ်းနေ့ရက်ရှည်များ ဒီအတိုင်းလေးဘဲချစ်နေမယ် အတောင်ပံပါရင်မင်းဆီကို TakeMeToYourHeart ထားအတွက် ကင်တင်းထဲကကွင်းလက်ချာ(အရိုး) ILoveYou ရာစုသစ်အလွမ်းသမား Rain Story (ပြည့်စုံ) မင်းနဲ့မှချစ်တတ်ပြီ အချစ်ဒါဏ်ရာ လွမ်းတယ်(မ)ရယ် မင်းနားလည်မှာ ချစ်သူရဲ့ပုံပြင်(အနွန်) (မ)အတွက်သီချင်း ကျောင်းပိတ်ရက်လေး ကျေးဇူးပဲမနက်ဖြန် ကောင်မလေး onelesslonelygirl ငါ့နေရာ "မ" အတွက်သီချင်း ကဗျာမမှီတဲ့အချစ်

တို့နှစ်ယောက်အကြောင်း ရုပ်သေးရုပ် ဒီမိုးသည်းချိန်တိုင်းမှာ ပြန်ဆုံနိုင်ဦးမလား မင်းနဲ့အတူရှိချင် ကြွေနေပြီ တိုကျိုအိပ်မက် မနှုတ်ဆက်ချင်ဘူး အာဒံဧ၀ တောင်းပန်ပါတယ် I Love U Baby BabY Cry On My Sailing HONEY(အာဇာနည်) ကိုယ့်ရဲ့သက်တန့်ငယ် အလွမ်းဝင်္ကပါ မ မရှိတဲ့နေ့ရက်များ ခါး(အငဲ) သိမ်းထားခွင့် WeddingDress မင်းရှိစေချင်တယ် ONLYLOVE ကိုယ်ပိုင်တဲ့ကိုယ့်နေရာ တန်ဖိုး(လေးဖြူ) ပျောက်ဆုံးသွားတဲ့မနက်ခင်းလေးများ မင်းအချစ်ကြောင့်(၀ိုင်ဝိုင်း) မခေါ်ရက်ဘူး တက္ကသိုလ်ဘ၀ ဆေးပေးပါ(မျိုးကြီး) အသဲကွဲဒီဇင်ဘာ အချစ်အိမ်မက်လေး ညီမလေးအတွက် ရိုမီယိုဂျူးလီးယက် Baby Gril တော်ပြီနောက့် အိပ်မက်ထဲကလူ ငါ့နဲ့ မင်း အဖြူရောင်သူငယ်ချင်း ဖက်ထားမယ် အဖြည့်ခံ မိုးဘယ်မှာရွာနေလဲ ချစ်တယ်ဟုတ် Bad girl ရင်ခုန်နှစ်သစ် မဟာဆန်သူ ပန်းချစ်သူ မမ ကောင်လေး ဆုံစည်းခွင့်-ရိုးရာ+ Mc ဟိန်းထက် တစ်ချိန်က”မ” နှုတ်ဆက်သီချင်း OldService အဆောင်သူမမ ပြော သနပ်ခါး အချစ်ဝင်္ကပါ L.O.V.E(Kg Ma Lay) အရင်ကဇတ်လမ်း အလွမ်းဝင်္ကပါ အလွမ်း ရှင်းပြခွင့်ပေးပါ Over You မိုး အနားနားဘေးမှာ မင်းကိုသတိရရင် ချစ်ခဲ့တာလား ရူးခဲ့တာလား အလွမ်းဆုလဒ် ကြိုစေချင်တယ် ငါ့နေရာ Justin Bieber@baby Radio ပေးခဲ့တဲအလွမ်း ပက်သက်ခွင့်ပြုပါ(Bunny Phyo) ကမ္ဘာငယ်လေး မသိချင်ယောက်ဆောင်မျက်နှာလွဲ ခိုနားရာ ကောင်ကလေးကကောင်မလေးကို ထာဝရပက်သက်ခွင့်ပြုပါ ကွာခြားမူ အရိပ်ပမာ Never Say Never never say never2 စိတ္တဇညဆိုးများ သူငယ်ချင်း အဝေးကချစ်သူ ကိုယ်တယောက်ထဲ လွမ်းဆဲပါ ကမ္ဘာငယ်လေး အမုန်းလက်ဆောင် KissMe Celion ၀ါဆိုမိုးနဲ့ပြန်ခဲ့ပါ မျှော်လင့်ဆဲ(ထက်ယံ) အပြစ်မမြင်ပါဘူး baby(mc wai lin)
ဘယ်သူ့အတွက်လဲ(ထက်ယံ) မမကိုယ်ချင်းစာနာခဲ့ပြီ ဘယ်ပန်းချီရေးလို့မမှီအဝေးရောက်နေသော်လည်း

ချယ်ရီသက်သေ snow queen Ma Ma ဖိတ်စာ နွေအလွမ်း Ha Ha La Gyi Ah အပျိုကြီး ညီမလေး ပန်းချစ်သူ.....ဒို့လည်းလိုက်မယ် ယုံကြည်ပေးပါ Belly Dancer MyHappyEnding ယုံကြည်ပေးပါ(Remix) ရင်ထဲခိုနားလှည့်ပေါ့ကွယ် အဖြူေ၇ာင်လေးပါကွယ် မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး ပေါက်တဲ့အိုး တိတ်တခိုးအချစ် စံပါယ် တခုလောက်ဖြေပေးပါငယ်ကျွမ်းဆွေ ကင်ဆာ ၀ိုင်းဆုရဲ့(လမ်းမကြီးရဲ့ဘေး) အရမ်းလွမ်းတယ်မရယ် မ..မ(၂) တပင်တည်းရင်ထဲကနွယ် တစ်စက္ကန့် နွေရာသီလမ်းခွဲ သခင့်ထံအပြေးပြန်လာမည် နူတ်ဆက်စကား မောင့်အရိုင်းပန်း ငယ်ဖော် အသည်းကွဲမြို့တော် VENUS Baby(Mc Wai Lin) ကြယ်ကြွေကောင်းကင် လမ်းဆုံ နှစ်သိမ့်တဲ့တေး သူစိမ်းတယောက်ပါ နှင်းဝေတဲ့ဆောင်း အလှစစ် ညို့မျက်ဝန်း နှလုံးသာရှာသူ လွမ်းတယ်(မ)ရယ်အသဲကွဲဒီဇင်ဘာ I Love U Baby၀ါရင့်သမ္ဘာရင့်(Old Service) Never Say Never


သီချင်းရပ်ချင်ရင် ဗီဒီယိုပေါ်မှာ Right Click-->Rewind. ဒေါင်းချင်ရင် သီချင်းအမည်ပေါ်မှာ Right Click, Save Link As ကိုနှိပ်ပါ။

Thursday, January 21, 2016

ရင့်ကျက်မှုစံ

ဒီနေရာမှာ ရင့်ကျက်မှုဆိုတာ စိတ်ဓာတ်ရေးရာ ရင့်ကျက်မှုကို ပြောတာပါ။ စိတ်ဓာတ်ရေးရာ ရင့်ကျက်မှုဟာ အရေးကြီးတဲ့ ဘ၀လိုအပ်ချက် ဖြစ်ပါတယ်။ စိတ်ဓာတ် ရင့်ကျက်မှသာလျှင် စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်ပြီး အပြုအမူ သေသေသပ်သပ်နဲ့ အသရေ ပြည့်တဲ့ ဘ၀အခြေအနေကို ပုံဖော်နိုင်မှာ ဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်ရဲ့ စိတ်ဓာတ်ရေးရာ ရင့်ကျက်မှု ရှိမရှိ ဘယ်လိုစံနဲ့ တိုင်းတာမလဲ။

စိတ်ဓာတ် ရင့်ကျက်သူတွေဟာ ဒီလို ပြုမူလေ့ ရှိကြပါတယ်။
၁။ ကြုံရတဲ့ အခြေအနေ၊ ပတ်သက်ဆက်ဆံရတဲ့ အခင်းအကျင်း တစ်ခုမှာ စိတ်ပျက်လက်ပျက်နဲ့ အချိန်ဖြုန်း မနေဘဲ ကျရာတာဝန်ကို ယူပြီး မီးဆင်ကြည့် ကတတ်ကြပါတယ်။

၂။ မနှစ်သက်စရာ တွေ့ကြုံရရင် ညည်းညူနေလေ့ မရှိဘဲ ကိုယ် ဘာလုပ်နိုင်သလဲ ဆိုတာကိုသာ အာရုံစိုက်တတ်ကြပြီး အခြေအနေကို မထိန်းချုပ်နိုင်ရင် ကိုယ့်သဘောထားကိုပဲ ထိန်းချုပ်လိုက်ကြပါတယ်။

၃။ သူတစ်ပါးရဲ့ လွှမ်းမိုးမှု၊ ထိန်းချုပ်မှုကို မခံယူကြပါဘူး။ ဆိုလိုတာက . . . သူတစ်ပါးကို အပြစ်ပုံချတာ၊ သူတစ်ပါးကို လက်ညှိုးတာမျိုး မလုပ်ကြပါဘူး။

၎။ ကျန်းမာရေးပဲဖြစ်ဖြစ်၊ စီးပွားရေးပဲဖြစ်ဖြစ် . . . ချက်ချင်းလက်ငင်း အကျိုးရဖို့ မမျှော်လင့်ကြပါဘူး။ အဖိုးတန်တဲ့ ပြောင်းလဲမှုဟာ အချိန်ယူတတ်တယ်လို့ နားလည်ထားကြပါတယ်။

၅။ အပြောင်းအလဲကို မငြင်းဆန်ကြပါဘူး။ အပြုသဘောဆောင်တဲ့ အပြောင်းအလဲကို ကြိုဆိုကြပါတယ်။ ဘယ်သူမှ အပြောင်းအလဲကို မရှောင်လွှဲနိုင်ဘူးလို့ နားလည်ထားကြပြီး အပြောင်းအလဲနဲ့ လိုက်လျောညီထွေ ရှိချင်ကြပါတယ်။ လိုက်လျောညီထွေ ရှိနိုင်တဲ့ ကိုယ့်အရည်အချင်းကိုလည်း ယုံကြည်ကြပါတယ်။

၆။ အချိန်တိုင်း နေရာတိုင်းမှာ လူတိုင်းကြိုက်အောင် လုပ်ပေးလို့ မရဘူး ဆိုတာကို နားလည်ထားကြပါတယ်။ လိုအပ်ရင် ငြင်းဆန်ရဲကြပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရဲကြပါတယ်။ ကြင်ကြင်နာနာနဲ့ မျှမျှတတဖြစ်အောင် ကြိုးစားတတ်ကြပြီး သူတစ်ပါး စိတ်မချမ်းမြေ့စရာ လုပ်လိုက်ရတယ်ဆိုရင် ခံရသူ ကျေနပ်အောင် ကြိုးစားတတ်ကြပါတယ်။

၇။ အထိန်းအကွပ်မဲ့ မိုက်မိုက်မဲမဲ စွန့်စားတာမျိုး မလုပ်ကြပါဘူး။ ချင့်ချိန်ပြီး စွန့်စားရမှာကိုတော့ မကြောက်ရွံ့ကြပါဘူး။ ကြီးမားတဲ့ ဆုံးဖြတ်ချက်ကို မချမှတ်ခင်မှာ စွန့်စားရတာနဲ့ ရလာမယ့် အကျိုးတွေကို အချိန်ယူပြီး တွက်ချက်တတ်ကြပါတယ်။ လက်တွေ့ မလုပ်ခင်မှာ ကျဆုံးနိုင်ချေကို ကြိုတင်တွက်ဆ ထားတတ်ကြပါတယ်။

၈။ ကျဆုံးခဲ့ရင် လက်မြောက်ပြီး အရှုံးမပေးကြပါဘူး။ မဖြစ်မနေ၊ မရမနေ ကြိုးစားချင်စိတ် ရှိကြပါတယ်။

၉။ ပြီးခဲ့တာတွေကို တွေးတောရင်း အချိန်မဖြုန်းကြပေမယ့် အတိတ်ကိုတော့ အသိအမှတ် ပြုကြပါတယ်။ အတိတ်ကနေ သင်ယူကြပါတယ်။ အဖြစ်ဆိုးတွေကို အမြဲ ပြန်တွေးမနေကြပါဘူး။ ရွှေရောင်နေ့စွဲတွေကို အမြဲ ပြန်တမ်းတနေတာမျိုးလည်း မရှိကြပါဘူး။ ပစ္စုပ္ပန်ကို လက်တွေ့ကျကျ ရင်ဆိုင်ပြီး အနာဂတ်အတွက် ပြင်ဆင်ကြပါတယ်။

၁၀။ ကိုယ်လုပ်တာကို ကိုယ်တာဝန်ယူကြပါတယ်။ အမှားကနေ သင်္ခန်းစာ ယူကြပါတယ်။ အဲ့ဒီတော့ အမှားတစ်ခုကို ထပ်တလဲလဲ မမှားကြတော့ပါဘူး။ အနာဂတ်အတွက် ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ကြပါတယ်။

၁၁။ ရလိုမှုနဲ့ မမျှော်လင့်ကြပါဘူး။ ဦးစားပေး ခံချင်တာမျိုး မရှိကြပါဘူး။ အခွင့်အလမ်းကို ကြိုးစားမှုနဲ့ ရင်းပြီးမှ ယူတတ်ကြပါတယ်။

၁၂။ အထီးကျန်မှုကို ခံနိုင်ရည် ရှိကြပါတယ်။ တစ်ကိုယ်တည်း တွေးတောကြံဆနေဖို့ ၀န်မလေးကြပါဘူး။ တစ်ကိုယ်ရေ တစ်ကာယ ဘ၀ကို နှစ်သက်တတ်ပြီး သူတစ်ပါးအပေါ် မမှီခိုတတ်ကြပါဘူး။ ဖျော်ဖြေရေးတွေ သိပ်မလိုအပ်ကြပါဘူး။

၁၃။ နေရာတကာမှာ ငါသိ ငါတတ် ငါကသာ ငါမှမြတ်၊ ငါလုပ်မှ ဖြစ်မယ်၊ ငါပါမှ ရမယ်၊ ငါ့ကိုပဲ ဆရာတင်ရမယ် . . . ဆိုတာမျိုး ကိုယ့်ဆန္ဒကိုသာ ရှေ့တန်းတင်ပြီး လူတွင်ကျယ် မလုပ်ကြဘဲ သူတစ်ပါးရဲ့ အသေးငယ်ဆုံး အစွမ်းအစကိုတောင်မှ တလေးတစား အသိအမှတ်ပြုပြီး နေရာပေးလေ့ ရှိကြပါတယ်။

၁၄။ ကိုယ့်ကိုယ်ကိုယ် ရှိတာထက် ပိုပြီး မမြင်တတ်ကြပါဘူး။ မပြတတ်ကြပါဘူး။ ဘ၀င် မမြင့်တတ်ကြပါဘူး၊ မကြွားဝါတတ်ကြပါဘူး။

၁၅။ သူတစ်ပါးရဲ့ အောင်မြင်မှုကို လေးစားတန်ဖိုးထားကြပါတယ်။ မနာလိုတိုရှည် မရှိတတ်ကြပါဘူး။ ကိုယ့်ထက်သာသူ အပေါ်မှာ ကလိမ်ကကျစ် မလုပ်တတ်ကြပါဘူး။ ကြိုးစားရင် အောင်မြင်တယ်လို့ လက်ခံထားပြီး အများနည်းတူ အောင်မြင်မှု ရရှိဖို့ ကြိုးစားတတ်ကြပါတယ်။

ဒါတွေဟာ ရင့်ကျက်မှုကို တိုင်းတာဖို့ ပြီးပြည့်စုံတဲ့ စံတွေဖြစ်တယ်လို့ မဆိုနိုင်ပေမယ့် ငြင်းလို့တော့ မရတဲ့ စံတွေ ဖြစ်ပါတယ်။ ဒီစံတွေအရ . . . စိတ်ဓာတ်တွေ ဘယ်လောက် ရင့်ကျက်ခဲ့ကြပြီလဲ။ ရင့်ကျက်ဖို့ ဘယ်လောက် လိုပါသေးသလဲ။

:)
ရှင်အာစာရ
(ခေတ္တ စိုင်ပြင်ရွာ)

-----
ရည်ညွှန်း -
http://www.lifehack.org/articles/communication/13-things-mentally-strong-people-dont.html
ဆက်ဖတ်ရန်

Monday, May 25, 2015

ကလေး စည်းကမ်း နှင့် လူကြီး ဒေါသ

မေး။ ။ “ကလေးတွေ စည်းကမ်းမရှိလို့ ဒေါသဖြစ်ရတာ ခဏခဏပဲ။ ကလေးဆိုပေမယ့် စည်းကမ်းရှိဖို့ လိုတယ် မဟုတ်လား။ ကလေးတွေအပေါ် ဒေါသမဖြစ်ဘဲ ကလေးတွေ စည်းကမ်းရှိအောင် ဘယ်လိုသွန်သင်ရမလဲ။”

ဖြေ။ ။ “ကလေးတွေလည်း စည်းကမ်းရှိဖို့ လိုတာပေါ့။ တရားသေ တိကျတဲ့ နည်းလမ်းတော့ မရှိနိုင်ပါဘူး။ ကလေးတွေဆိုတော့ . . . စည်းကမ်းက ဘာအတွက် ချမှတ်ထားတဲ့ ဘယ်လို စည်းကမ်းလဲလို့ ပြန်မေးရပါလိမ့်မယ်။ ဘယ်လိုစည်းကမ်း ဘာစည်းကမ်းပဲဖြစ်ဖြစ် ကလေး ဖြစ်နေတော့ စည်းကမ်းကို နားလည်ဖို့၊ စည်းကမ်းရဲ့ တန်ဖိုးကို သိနိုင်ဖို့ အသိဥာဏ် နည်းအုံးမယ်၊ ထိန်းချုပ်ရတဲ့ စည်းကမ်းမျိုးအတွက် ထိန်းချုပ်နိုင်စွမ်း နည်းအုံးမယ်။ ဒီတော့ ကလေးတွေအတွက် ချွင်းချက်တော့ ရှိသင့်ပါတယ်။ အပြည့်အ၀ မလိုက်နာနိုင်လို့ စည်းကမ်းဖောက်ဖျက်မိတာမျိး ဆိုရင်တော့ ကလေးတွေကို သည်းခံခွင့်လွှတ်ရပါလိမ့်မယ်။ ကလေးတွေ နားလည်အောင် ရှင်းပြဖို့လိုသလို အပြည့်အ၀ မလိုက်နာနိုင်သေးရင် အချိန်ယူ စောင့်ဆိုင်းဖို့လည်း လိုအပ်ပါတယ်။

ဘယ်လိုစည်းကမ်းလဲ ဆိုတဲ့ ပြန်လှန်မေးခွန်းနဲ့ ပတ်သက်လို့ . . . ကလေးတွေ လိုက်နာရတဲ့ အိမ်တွင်းစည်းကမ်း ကျောင်းတွင်းစည်းကမ်းဖြစ်တယ် ဆိုပါစို့။ အဲ့ဒီလို စည်းကမ်းဟာ ကလေးတွေရဲ့ ကောင်းကျိုးနဲ့ ဆက်စပ်နေဖို့ လိုအပ်ပါတယ်။ အဲ့ဒီ စည်းကမ်းကို ကလေးတွေ လိုက်နာရတယ် ဆိုတာလည်း သူတို့အတွက် အကျိုးရှိရပါမယ်။ မလိုက်နာနိုင်တဲ့ အခါမှာ လူကြီးမိဘ ဆရာသမားက ငါချမှတ်ထားတဲ့ စည်းကမ်းကို ဒင်းက မလိုက်နာရကောင်းလားရယ်လို့ စည်းကမ်းပျက်တဲ့ ကလေးကို ဒေါသထွက်တာမျိး မဖြစ်သင့်ပါဘူး။ ကိုယ့်အတ္တက ရှေ့တန်းရောက်သွားတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ကလေးတွေ အလေ့အကျင့်ကောင်း ရစေချင်တဲ့ဆန္ဒ ပြဌာန်းထားဖို့ လိုပါတယ်။ အလေးအနက် စဉ်းစားသင့်တာက . . . ကိုယ့်ဒေါသက ကလေးတွေ အလေ့အကျင့်ကောင်းရဖို့ အထောက်အကူ ဖြစ်ပါသလား။

ဒေါသနဲ့ ဟိန်းလိုက်ဟောက်လိုက်လို့၊ ရိုက်လိုက်နှက်လိုက်လို့ ကလေးက စည်းကမ်းလိုက်နာတယ် ဆိုပါစို့။ ရလဒ်တန်ဖိုးကို တွက်ကြည့်သင့်ပါတယ်။ ကိုယ့်ဒေါသကြောင့် ကလေး စည်းကမ်းလိုက်နာတာ ဘယ်လောက်တန်ဖိုးရှိသလဲ။ ဘယ်လောက် ရေရှည်ခံမလဲ။ လိုလိုလားလား လိုက်နာတာလောက်တော့ တန်ဖိုးရှိမယ် မထင်ပါဘူး။ ကြောက်လို့ လိုက်နာရတယ်ဆိုရင် မကြောက်ရတဲ့ အခါ (ဥပမာ မမြင်ကွယ်ရာ)မှာ စည်းကမ်းရှိနိုင်ပါ့မလား။

စည်းကမ်းချမှတ်တဲ့သူကို ကြောက်လို့ စည်းကမ်းလိုက်နာရတာထက် စည်းကမ်းချမှတ်သူကို ယုံကြည်တဲ့စိတ်၊ လေးစားတဲ့စိတ်၊ အားကိုးတဲ့စိတ်၊ အထင်ကြီးတဲ့စိတ်နဲ့ လိုက်နာတာက ပိုကောင်းပါတယ်။ ဘယ်ကလေးက ဘယ်သူ့မှ ကြောက်တယ် ဆိုတာမျိုးဟာ ဘယ်သူ့အတွက်မှ မကောင်းပါဘူး။
 
နောက်တစ်ခုက ကလေးအပေါ် ဒေါသထွက်ခြင်းရဲ့ ဆိုးကျိုး ဖြစ်ပါတယ်။ ဒေါသကြောင့် ကလေးရဲ့စိတ်မှာ ဒဏ်ရာရသွားနိုင်ပါတယ်။ အကြောက်တရား လွှမ်းမိုးသွားနိုင်ပါတယ်။ ဒေါသထွက်တတ်တဲ့ အကျင့်က ကလေးဆီ ရောက်သွားနိုင်ပါတယ်။ ကလေးဆိုတာ လူကြီးဆီက သင်ယူတာ သဘာဝပါ။ ကလေးတွေ ကြီးလာရင် . . . သူတို့ငယ်ငယ်က ဒေါသထွက်ခံခဲ့ရတဲ့အတိုင်း . . . သူတို့အောက်က ကလေးတွေကို ပြန်ပြီး ဒေါသထွက်ပါလိမ့်မယ်။ လူကြီးဆိုတာ ဒေါသထွက်ရတယ်၊ ဆူရတယ်၊ ကြိမ်းရတယ်၊ ရိုက်ရနှက်ရတယ်လို့ ကလေးတွေ သင်ယူမှတ်သားသွားရင် မကောင်းတော့ပါဘူး။
ကလေးတွေအပေါ်မှာ မေတ္တာထားနိုင်ဖို့ အရေးကြီးပါတယ်။ သူစိမ်းတရံတွေမှ မဟုတ်ဘဲ။ ကိုယ့်တပည့် ကိုယ့်သားသမီး ကိုယ့်တူ ကိုယ့်ညီ ကိုယ့်မောင် . . . ကိုနဲ့ နီးကပ်ဆက်စပ်နေသူတွေ၊ ကိုယ့်ကိုမှီခို ကိုယ့်ကိုအားကိုသူတွေ ဖြစ်နေတာ . . . မေတ္တာထားနိုင်ရမှာပေါ့။”

မေး။ ။ “စည်းကမ်းပျက်တယ်ဆိုတာ . . . ရှောင်ရန်ဆောင်ရန်တွေတင် မကဘဲ မတန်မရာ တောင်းဆိုတာမျိုးလည်း . . . . .။”

ဖြေ။ ။ “သဘောပေါက်ပြီ။ ပစ္စည်းအကောင်းစား လိုချင်တာမျိုး၊ အစားကောင်းကောင်း စားချင်တာမျိုး၊ တစ်ဘက်သတ် အသားစီး ရချင်တာမျိုးကို ဆိုလိုတာ မဟုတ်လား။ အကန့်အသတ် ရှိရမှာပေါ့။ ကလေးတွေအပေါ် မေတ္တာထားရမယ်ဆိုတာ သူတို့တောင်းဆိုသမျှ ဖြည့်ဆည်းပေးရမယ်လို့ ပြောတာ မဟုတ်ပါဘူး။ ဆိုပါစို့။ ကလေးက မူလတန်း။ အိုင်ဖုန်း ပူဆာတယ်။ ပူဆာတိုင်း ၀ယ်ပေးလို့ ဘယ်ဖြစ်မလဲ။ လိုတာမရတဲ့အခါ ဖြစ်ပေါ်တတ်တဲ့ စိတ်မကျေနပ်မှုကို ခံနိုင်ရည်ရှိအောင် လေ့ကျင့်ပေးရမှာပေါ့။ မိဘမို့ ဆရာသမားမို့ အရာရာ လိုက်လျောပေးနေတယ်ဆိုရင် အကျင့်ဆိုး ရသွားမှာပေါ့။ ငယ်ဘ၀မှာ မိဘဆရာသမားက လိုက်လျောနိုင်ပေမယ့် အရွယ်ရောက်လာရင် ပတ်ဝန်းကျင်က လိုက်လျောမှာ မဟုတ်တော့ပါဘူး။ သုံးသင့်တာ သုံးတတ်ဖို့၊ စားသင့်တာ စားတတ်ဖို့၊ သွားသင့်ရာ သွားတတ်ဖို့ မေတ္တာနဲ့ လမ်းညွှန်ပေးရမှာပေါ့။ 

ဆောင်ရန်ရှောင်ရန် စည်းကမ်းနဲ့ ပတ်သက်တာ ပြန်စရရင် . . . နှစ်ဘက်ယှဉ်ပြိုင်ရတဲ့ ကစားနည်း တစ်ခုခုကို ကစားခိုင်းတာဟာလည်း ကလေးတွေ စည်းကမ်းရှိအောင် သွန်သင်ဆုံးမခြင်း တစ်မျိုးဖြစ်ပါတယ်။ ဆုပေးဒဏ်ပေးနည်း တစ်မျိုးဖြစ်ပါတယ်။ စည်းကမ်း လိုက်နာတတ်ဖို့တင် မကဘဲ . . . တရားသဖြင့် ယှဉ်ပြိုင်တတ်ဖို့၊ အနိုင်အတွက် အားထုတ်ဖို့၊ ရှုံးခဲ့ရင် အရှုံးကို လက်ခံရင်ဆိုင်တတ်ဖို့ အစရှိတဲ့ စရိုက်ကောင်းတွေ ရှိလာအောင် လေ့ကျင့်ပေးရာလည်း ရောက်ပါတယ်။ စည်းကမ်းရှိဖို့ ဆူပူကြိမ်းမောင်း ရိုက်နှက်ပုတ်ခတ်ပြီး ဆုံးမတာထက် အများကြီး သာတဲ့နည်း ဖြစ်ပါတယ်။ ကစားရင်းနဲ့ ပြိုင်ဘက်ကို ညစ်ပတ်ပြီး အနိုင်ယူရာကနေ အနိုင်ရဖို့ ညစ်ပတ်တဲ့အကျင့် ပါမသွားအောင်တော့ ထိန်းကွပ်ဖို့ လိုတာပေါ့။
လိုရင်းကတော့ . . . ဒေါသအဆိပ်အတွက် ဖြေဆေးဖြစ်တဲ့ မေတ္တာတရား ဖွံ့ဖြိုးအောင်လုပ်ဖို့နဲ့ စိတ်ရှည်ရှည်ထားပြီး . . . နားလည်အောင် ရှင်းပြခြင်းအားဖြင့် ကလေးတွေ စည်းကမ်းရှိလာအောင် သွန်သင်ပေးဖို့ အကြံပြုချင်တာပါ။ ကလေးရဲ့ စရိုက်အပေါ် မူတည်ပြီး နားလည်အောင်ရှင်းပြဖို့ မလွယ်တာမျိုးလည်း ကြုံရနိုင်ပါတယ်။ စိတ်မရှည်နိုင်လောက်အောင် ခဏခဏ ပြောနေရတာမျိုးလည်း ရှိမှာပါ။ ဘာပဲဖြစ်ဖြစ် . . . ကိုယ့်အတ္တကို ရှေ့တန်းမတင်မိဖို့နဲ့ သူ့တို့ကောင်းကျိုး ဦးတည်ထားနိုင်ဖို့ပါပဲ။

:)
ရှင်အာစာရ

ဆက်ဖတ်ရန်

Thursday, August 14, 2014

လက်ထပ်စရိတ်


သားသား။   ။ "သား တစ်ခု မေးစရာ ရှိလို့ပါ ဖေဖေ။"

ဖေဖေ။   ။ "ဘာလဲ။ မေးပါ။"

သားသား။    ။ "သား အိမ်ထောင်ပြုဖို့ ငွေစုနေတာ . . .။ ဖေဖေတို့ မေမေတို့ လက်ထပ်တုန်းက စရိတ် ဘယ်လောက် ကုန်တာလဲ သိချင်လို့ပါ။"

ဖေဖေ။     ။ "မပြောတတ်သေးပါဘူး သားရယ် . . .။ ဖေဖေ ခုထိ ပေးနေရတုန်း ရှိသေးတယ်။"
ဆက်ဖတ်ရန်

Wednesday, July 9, 2014

ခရီးပြန်မှတ်တမ်း

ဂျူလိုင် ခုနစ်ရက်ထိတိုင် သီတင်းတစ်ပတ်စာ ဒေသစံတော်ချိန်ကိုက် နာရီများ အာလုံးလိုလို အဆင်ပြေစွာ လည်ပတ်ခဲ့ပြီးနောက် တနင်္လာနေ့ ဒေသစံတော်ချိန် ၁၅:၃၅၌ စင်္ကာပူမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာခဲ့သော Y5 234 လေယဉ်သည် ဦးတည်ရာမြို့သို့ ဆိုက်ရောက်သည်နှင့် တစ်ပြိုင်နက် ခရီးသည်များနှင့်အတူ အဆင်မပြေမှု အချို့ကိုပါ လေယာဉ်ပေါ်မှ လှဲကျင်းသွန်ချလိုက်သည်။

ရှေးဦးစွာ လေယာဉ်မယ်က ခရီးသည်တို့ သိရမည့် အချက်များကို အင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့် ရေးသားထားသော စာရွက်များကို တစ်ချက်ပြီးတစ်ချက် တစ်ရွက်ပြီးတစ်ရွက် ဖတ်ကြားကြေငြာသည်။ မန္တလေးသို့ ဆက်လက်ထွက်ခွာမည့် ခရီးသည်များ နောက်ဆုံးမှ ဆင်းရန်ကြေငြာချက် ပါဝင်သည်ဖြစ်၍ စောင့်ရမည်။ ဆက်လက်ထွက်ခွာမည့် ရန်ကုန်-မန္တလေး လေယဉ်မှာ စင်္ကာပူ-ရန်ကုန် လေယာဉ်ပင် ဖြစ်သော်လည်း ခရီးသည်များ အားလုံးဆင်းပေးရမည်။ လေယဉ်ကို သန့်ရှင်းရေး လုပ်ရမည်ဖြစ်သောကြောင့်ဟု ဆို၏။ စနစ်ကျပုံရသည်။ လေယာဉ်မှ ဆင်း၍ လေယာဉ်ကူးပြောင်းဂိတ်သို့ သွားရမည်။ ဆင်းသက်ထားသော လေယာဉ်နှင့် လေယာဉ်ကူပြောင်း စောင့်ဆိုင်းဂိတ် မဝေးသော်လည်း ကားနှင့် ပို့ပေးသည်။ စနစ် မဆိုးပြန်သေး။ ကြိုပို့ကားမှာ ရန်ကုန်ဂိတ်ဆုံး ခရီးသည်များကို အရင်ပို့သည်။ မန္တလေးသို့ဆက်မည့် ခရီးသည်များ စောင့်ရသေးသည်။ သည်းခံရသည့် စနစ်ဖြစ်သော်လည်း စောင့်ရချိန် မကြာလှ၍ တော်သေးသည်။ စောင့်ဆိုင်းဂိတ်သို့ ကားရောက်၍ ဆင်းသည်နှင့် အဆင်မပြေမှု ရှိနေသည်။ စောင့်ဆိုင်းဂိတ် သော့ပိတ်ထားသည်ဖြစ်၍ အုတ်အုတ်ကျက်ကျက် ဖြစ်သွားသည်။ အလွန်အကျွံ အရေးကြီးသည်ဟုကား ၀န်ထမ်းတို့က ယူဆကြဟန် မတူပေ။ သော့ (သို့) သော့ကိုင်သူကို ရှာကြသည်။ ဂိတ်မှားခြင်းလေလော။ ကူးပြောင်းစောင့်ဆိုင်းဂိတ် မည်မျှ ရှိသည် မသိပေ။ အခြေအနေကို အတိအကျ မသိရသော်လည်း ဂိတ်မပွင့်သည်မှာ သေချာ၏။ ဘယ်လိုမှ မပွင့်တော့ပေ။

နောက်ဆုံး၌ ၀န်ထမ်းတစ်ယောက်က “ဘိုးဒင်းဘက် ပို့လိုက်ကွာ”ဟု ပြောသည်။ တိုက်ရိုက်ထွက် ခရီးသည်များ ရှိရာသို့ ပို့ရန် ညွှန်ကြားသည်။ ကူးပြောင်းခရီးသည်များသည် ထွက်ခွာမည့် ခရီးသည်များနှင့်အတူ စောင့်ရမည်။ မန္တလေး ခရီးသည်များ ကားပေါ်သို့ ပြန်တက်ကြရန် ကြေငြာသည်။ ခရီးသည် ဆယ်ရောက်သာ ရှိသည်ဖြစ်၍ သတင်းပေးရန် လွယ်ကူသည်။ စင်္ကာပူမှ တရုတ်လင်မယားတို့ နားမလည်၍ ကားဆီသို့ လက်ညှိုးထိုးလျက် ကျောကိုတွန်းကာ ကားပေါ်တင်ပေးသည်။ ခရီးသည်များ ငြိမ်ဝပ်စေလိုဟန် တူ၏။

ကူးပြောင်းခရီးသည်များ မိနစ်လေးဆယ်ခန့် စောင့်ရမည် ဆိုသောကြောင့် ငေးရင်းမောရင်း အချိန်ဖြုန်းရန် ပြင်ဆင်ကြသည်။ သို့သော် ငါးမိနစ်ခန့်ကြာသော် ကူးပြောင်းခရီးသည်များကို ပြန်ခေါ်ပြန်သည်။ ကူးပြောင်းခရီးသည်များ “ဘိုးဒင်းဂိတ်”၌ နေရန် အဆင်ပြေဟန် မတူပြန်ပေ။ အပြေးအလွှား လိုက်လံ၍ လက်တို့ကာ သတင်းပေးရသည်။ လူဆယ်ရောက်ကို ပြန်စုရာ တစ်ယောက်လိုနေသဖြင့် လူသားစွမ်းအင်ကို အသုံးပြု၍ အမောတကော လိုက်ရှာကြပြန်သည်။ လူစုံသည်နှင့် ကြိုပို့ကား ပြန်ထွက်သည်။ “လေယာဉ်ထဲ ထည့်ထားလိုက်ကွာ။”

လေယာဉ် သန့်ရှင်းရေး လုပ်ငန်းစဉ်များ မပြီးဆုံးသေးလျှင် ကားပေါ်မှာပင် ထိုင်စောင့်ရမည်ဟု ထင်မိလိုက်သော်လည်း စောင့်ရတော့မည် မဟုတ်ပေ။ သန့်ရှင်းရေး လုပ်သားများ လေယာဉ်ပေါ်မှ ပြန်ဆင်းလာသည်ကို ကားပေါ်မှ လှမ်းမြင်လိုက်ရသည်။ မန္တလေး ခရီးသည်များ လေယာဉ်ထဲသို့ စောစီးစွာ ပြန်ဝင်ရန် ရှိသောကြောင့် သန့်ရှင်းရေး လုပ်ငန်းများ မပြီးသေးမီ သန့်ရှင်းရေး လုပ်သားတို့ မောင်းထုတ်ခံလိုက်ကြရဟန်တူ၏။ သန့်ရှင်းရေး မပြီးသေးသည်မှာ ဖြစ်နိုင်ကြောင်း သဲလွန်စ ပြနေသော သိကြားလုံးအခွံ တစ်ချို့ကို သတိထားမိသည်။

နောက်ဆုံး၌ လေယဉ်ထွက်ခွာရန် တံခါးပိတ်လိုက်ပြီးနောက် တံခါးပြန်ဖွင့်ရသည်။ လူကြုံ ပစ္စည်းကမ်းလိုက်စရာ ရှိသေးသည်။ ခဏစောင့်ရမည်။ အမှန်ပင် ခဏသာ ကြာသည်။ ထို့နောက် ထွက်ခွာသည်။ လေယာဉ်ဖြစ်သောကြောင့် ရထားကဲ့သို့ ဥသြဆွဲစရာ မလိုပေ။ ဂျုံးဂျုံး ဂျက်ဂျက် . . . . .။

တံတားဦးလေဆိပ် ဆင်းကာနီးသောခါ လေယာဉ်မယ်က သိမှတ်စရာများကို ဖတ်ကြားကြေငြာပြန်သည်။ စင်္ကာပူမှ ထွက်ခွာလာခဲ့သော ခရီးသည်များ လ၀က အရာရှိတို့ထံ နိုင်ငံကူးလက်မှတ် အစစ်ခံရမည်ဖြစ်၍ ရန်ကုန်-မန္တလေး ခရီးသည်များ ဆင်းပြီးချိန်ထိ စောင့်ဆိုင်းကြရန် ကြေငြာသည်။ ဆက်လက်ထွက်ခွာကြရာ လ၀က အရာရှိများက ရဟန်းတော်များကို ဦးစားပေး၍ အမြန်စစ်ပေးသည်။ ခရီးသည် သိပ်မများသော်လည်း ကောင်တာခွဲ၍ စစ်ဆေးသောအခါ ရုံးတံဆိပ်တုံး မလုံမလောက် ဖြစ်နေဟန် တူ၏။ ဤမှာဘက် ကောင်တာမှ အရာရှိသည်“တုံးရပြီ”ဟု ဟစ်အော်ရင်း တံဆိပ်တုံးကို ဟိုမှာဘက် ကောင်တာသို့ ကြင်နာစွာ လှမ်းပေးသည်။ တံဆိပ်တုံးကို မျှဝေသုံးစွဲကြ၏။ Caring and Sharingဟု ဘာသာပြန်ရမည် ဖြစ်သည်။

ခရီးဆောင်အိပ်များ ယူရန် ရှိသေးသည်။ ပစ္စည်းများ သည်ဆောင်လာသော စက်ခါးပတ် လည်နေစဉ် ခါးပတ်ပေါ်မှ အိပ်များကို ရှာရသည်။ လေဆိပ်ဝန်ထမ်း တစ်ယောက်ကလည်း ကြင်နာစွာ ကူညီသည်။ “tag ကလေးတွေ ထားခဲ့ပြီး အပြင်က အေးအေးဆေးဆေး စောင့်နေပါဘုရား။ တပည့်တော် ရွေးပြီး ယူလာပေးပါ့မယ် ဘုရား။” “ဟုတ်ပါ့မလား။ ငါ့တို့တောင် ကိုယ့်အိပ်ကိုယ် ရှာရတာ မလွယ်ဘူး . . .။” “အဆင်ပြေပါတယ် ဘုရား။ tagမှာပါတဲ့ နံပါတ်နဲ့ တိုက်ပြီး ယူခဲ့ပါမယ် ဘုရား။ ကြွ ကြွ . . .။”

ငြင်းရန် မသင့်တော့ပေ။ အပြင်မှ စောင့်နေလိုက်ကြသည်။ စောင့်ရသည်မှာ ကြာမြင့်လှသည်။ မျှော်လင့်ထားသည်ထက် နာရီဝက်ခန့် ပိုကြာသည်အထိ အိပ်များရောက်မလာသေး၍ မစောင့်နိုင်တော့သဖြင့် အတွင်းသို့ ပြန်ဝင်လိုက်သည်။ မည်သူမျှ မတားမြစ်ပေ။ ကူညီပါရစေဟု တောင်းပန်သည့် ၀န်ထမ်းသည် အိပ်ကို ရှာနေဆဲ ဖြစ်သည်။ အိပ် တွေ့ပါပြီ။ ခါးပတ်ပေါ်မှာ အပတ်ရေမည်မျှ လည်ခဲ့ရသည် မသိပေ။

ကားကြိုဖြင့် တံတားဦးမှ မန္တလေးသို့ ခရီးဆက်ကြပြန်သည်။ မန္တလေး ခရီးသည် ရဟန်းနှစ်ပါးတို့ ပြန်မည့်နေရာများမှာ မြို့၏ အရှေ့ထိပ်နှင့် အနောက်ထိပ် တစ်ခြားစီဖြစ်နေပြီး အနောက်သို့ အရင်သွားသည်။ အနောက်ကျောင်း ရောက်သည်နှင့် အချိန်အနည်းငယ် အတွင်း၌ ကိုးနာရီ ထိုးသည်ဖြစ်၍ ညမထွက်ရအမိန့် ရှိနေသေးသဖြင့် အရှေ့ကျောင်းသို့ သွားချိန်မရတော့ပေ။ အရှေ့ကျောင်းနေ ရဟန်းသည် အနောက်ကျောင်းမှာပင် အာဂန္တုက အဖြစ် တစ်ညကုန်ရန် စီစဉ်ရတော့သည်။ အနောက်ကျောင်း ရဟန်းမှာ အိပ်ရာမှန်ဖြစ်၍ တစ်ညတာ အဆင်ပြေမည် ဖြစ်သော်လည်း အာဂန္တုက ရဟန်းအတွက် အိပ်ရာနေရာ အသားမကျမှု အခက်အခဲ ရှိနိုင်သည်။

အာဂန္တုရဟန်း၏ အိပ်တစ်ဝက် နိုးတစ်ဝက် ညချမ်းသည် ကျောင်းအနီးရှိ ကျူးကျော်ရပ်ကွက်မှ အမူးသမား၏ ဆဲသံဆူသံ စိန်ခေါ်သံတို့ကြောင့် စိုစိုစည်စည် ရှိနေ၏။ အာဂန္တုက ရဟန်းသည် ညမထွက်ရအမိန့် ထုတ်ပြန်သကဲ့သို့ ညမဆူရအမိန့် ထုတ်ပြန်လျှင် ကောင်းလိမ့်မည်ဟု စဉ်းစားရင်း . . . . .။


:)
ရှင်အာစာရ
 (30-6-2014 to 7-7-2014)
ဆက်ဖတ်ရန်

Saturday, June 21, 2014

တရားမင်းသခင် - ၂၉။ ဖခင်တည်းဟူသော ချစ်ခြင်းဖြင့်


(. . . . . မှ အဆက်)

ဘုရားရှင်သည် ယသောဓရာကို နှုတ်ဆက်ပြီးနောက် သာဝကကြီးနှစ်ပါး ခြံရံလျက် ဆွေတော်မျိုးတော်တို့ ဆောက်လုပ်လှူဒါန်းထားသည့် နိဂြောဓာရုံကျောင်းတော်သို့ ပြန်ကြွတော်မူ၏။ ယသောဓရာသည် နန်းဆောင်လေသာပြတင်းပေါက်၌ ရပ်လျက် နန်းတော်မှ ထွက်ခွာတော်မူသည့် ဘုရားရှင်ကို ငေးကြည့်နေ၏။ သူ့၏ အနီး၌ ရှိနေသော ရာဟုလာကိုပင် သတိမထားမိတော့ပေ။ သုဒ္ဓေါဒနမင်းကြီးနှင့် မှူးမတ်တို့ ဘုရားရှင်ကို ဗဟိုနန်းမဆောင်အထိ လိုက်ပို့ကြပြီး ထိုနေရာ၌ နေရစ်ခဲ့ကြသည်ကို ယသောဓရာ မြင်နေရ၏။ အတည်ငြိမ်ဆုံး အအေးချမ်းဆုံး အမူအရာဖြင့် ပြန်ကြွတော် မူနေသည့် ဘုရားရှင်ကိုလည်း မြင်နေရ၏။

လေအေးတစ်ချက် တိုက်ခတ်လိုက်သည်။ နေမင်းသည် အနောက်ကောင်းကင်၌ ကျဝင်လျက် ရှိနေ၏။ ထိုအခိုက်အတန့်အတွင်း လမ်းများပေါ်၌ လူသူကင်းဆိတ်နေ၏။

ထိုစဉ် ဘုရားရှင်၏ လက်တော်ကို ဆွဲကိုင်လျက် ဘုရားရှင်၏ နောက်တော်သို့ လိုက်ပါနေသည့် ကလေးတစ်ယောက်ကို ယသောဓရာ ရုတ်တရက် လှမ်းမြင်လိုက်ရ၏။ ချက်ချင်းပင် နောက်ပြန်လှည့်၍ ကြည့်လိုက်သည်။ ရာဟုလာ မရှိတော့ပေ။ ယသောဓရာ တုန်လှုပ်ချောက်ချားသွား၏။ အခြွေအရံ အစေခံများကို ဟစ်အော်မြည်တွန်ရင်း နန်းဆောင်အပေါ်ထပ် တစ်ခုလုံးနှံ့အောင် ရာဟုလာကို လိုက်ရှာ၏။ နန်းဆောင်အပေါ်ထပ်၌လည်းကောင်း အောက်ထပ်၌လည်းကောင်း ရာဟုလာကို မတွေ့ရပေ။ နန်းတော်ဝင်းထဲ၌လည်း ရာဟုလာ မရှိပေ။ ယသောဓရာသည် နန်းဆောင်ပေါ် ပြန်တက်ပြီး ပြတင်းပေါက်မှနေ၍ ကြည့်ပြန်၏။ ဘုရားရှင်၏ လက်တော်ကို ဆွဲကိုင်လျက် ဘုရားရှင်၏ နောက်တော်သို့ လိုက်ပါနေသော ကလေးမှာ ရာဟုလာပင်ဖြစ်ကြောင်း တပ်အပ်သေချာ သိလိုက်သည်။ ချက်ချင်းပင် ကျွန်မခုဇ္ဇုတ္တရာကို ခေါ်၍ သုဒ္ဓေါဒနမင်းကြီးထံသို့ ပြေးလေ၏။

ယသောဓရာသည် မင်းကြီး၏ ရှေ့တော်မှောက်၌ စကားမပြောနိုင်ဘဲ ရှိနေ၏။ ယသောဓရာ ပူရပြန်လေပြီ။

“သမီးတော် . . .။ ဘာဖြစ်တာလဲ”ဟု မင်းကြီးက အလန့်တကြား မေး၏။

“ခမည်းတော် . . . ခမည်းတော် . . . ရာဟုလာ မရှိတော့ဘူး။”

သုဒ္ဓေါဒနမင်းကြီးလည်း ထိတ်လန့်တုန်လှုပ်သွား၏။

“ပြောစမ်းပါ သမီးတော်။ ရာဟုလာ ဘာဖြစ်တာလဲ။ မတော်တဆ တစ်ခုခု ဖြစ်သလား။”

“ခမည်းတော် . . .။ ရာဟုလာက သမီးတော် မသိလိုက်ခင်မှာ ဘုရားရှင်နောက် လိုက်သွားတာ . . .။ ခု သူ့အဖေရဲ့ လက်ကိုဆွဲပြီး နောက်ကလိုက်နေတယ်။ ခမည်းတော် . . . ရာဟုလာကို ပြန်ခေါ်နိုင်တာ ခမည်းတော် တစ်ယောက်ပဲ ရှိပါတယ် ဘုရား . . .။”

ဘုရားရှင်သည် ရာဟုလာကို ကျောင်းတော်သို့ခေါ်သွားပြီး ခေါင်းတုံးတုံး သင်္ကန်းဝတ်စေကာ ရှင်ပြုပေးလိုက်နိုင်သည်ဟု တွေးမိပြီး သုဒ္ဓေါဒနမင်းကြီး ရုတ်ချည်းပင် စိုးရိမ်စိတ် ဖြစ်မိ၏။ ဤသို့ တွေးမိပြီးနောက် အရွယ်ကြီးရင့်ပြီဖြစ်သော မင်းကြီးသည် သောကဖြင့် ရူးသွပ်သည်ဖြစ်၍ သူ၏ ခန္ဓာကိုယ် အခြေအနေကို သတိမမူမိတော့ဘဲ နန်းရှေ့ကွင်းပြင်သို့ ထွက်သွား၏။ ဘယ်သူ့ကိုမှ ဘာမှအမိန့်မပေးဘဲ တောင်ဝှေးထောက်လျက် တစ်ယောက်တည်း ထွက်သွားခြင်းဖြစ်သည်။

မင်းကြီးကို မြင်လိုက်ရသူတို့ အံ့သြတုန်လှုပ်သွားကြ၏။ ဘယ်တုန်းကမှ မင်းကြီးတစ်ပါးတည်း လမ်းပေါ်ထွက်မလျှောက်သည်ကို တိုင်းသူပြည်သားများ သိထားပြီး ဖြစ်ကြ၏။ သောကသည် မင်းကြီးသည် ဘယ်သူ့ကိုမှ ဂရုမစိုက်နိုင်ဘဲ ဒယီးဒယိုင် ပြေးသွားရင်း အမောတကော ဖြစ်နေ၏။ နောက်မှ လိုက်လာသည့် ကာဠုဒါယီ သူ့ကို မမီသေးခင်မှာပင် မင်းကြီး ဆက်၍ မသွားနိုင်တော့ပေ။ ရပ်တန့်၍ အမောဖြေနေရ၏။ ကာဠုဒါယီသည် မင်းကြီး၏ အနီးသို့ ရောက်သောအခါ မြင်းပေါ်မှ ဆင်းလိုက်ပြီး မင်းကြီးကို တိုးလျှိုးတောင်းပန်၍ မြင်းပေါ်တင်ပေးလိုက်၏။

“အို . . . ကာဠုဒါယီ . . . ကာဠုဒါယီရယ် . . .။ ငါ့လောက် ကံဆိုးတဲ့ အဖေမျိုး ဒီ ကပိလ၀တ်မှာ ရှိမယ် မထင်ပါဘူး . . .။ ငါ့စိတ် နာကျင်လှပြီ။ ငါ့စိတ်ဟာ တုတ်နဲ့ထိုးဆွခံရတဲ့ အနာလို၊ ခဲနဲ့ ပစ်ပေါက်ခံရတဲ့ အနာလို ဖြစ်နေပါပြီ။ ကာဠုဒါယီ . . . ငါ့မှာ မျှော်လက်ချက် တစ်ခုပဲ ရှိတာ . . .။ အဲဒီ မျှော်လင့်ချက်သာ ဆုံးသွားရင်တော့ ငါလည်း သွားပါပြီ။”

“အရှင်မင်းကြီး . . . ဘာမှ မဖြစ်ပါဘူး။ ဒီလောက်ထိလည်း စိုးရိမ်ကြောင့်ကြတော် မမူပါနဲ့ ဘုရား။ ရာဟုလာဟာ ကျောင်းတော်မှာ မင်းသားဝတ်လေးနဲ့ ရှိနေမယ် ထင်ပါတယ် ဘုရား။ မင်းသားလေးဟာ သွေးသားဆက်စပ်မှုနဲ့ ချစ်ခင်မြတ်နိုးမှုကြောင့် ဘုရားရှင်နောက် လိုက်သွားတာ ဖြစ်မှာပါ ဘုရား။ သနားကရုဏာပြည့်ဝပြီး အနှောင်အတွယ်ကင်းတဲ့ ဘုရားရှင်ရဲ့ မျက်နှာတော်ကို ထိပ်တိုက်ရင်ဆိုင် ဖူးတွေ့လိုက်ရသူဟာ ဘုရားရှင်ကို ကျောမခိုင်းနိုင်တော့ပါဘူး ဘုရား”ဟု ကာဠုဒါယီက ဖြေသိမ့် လျှောက်ထား၏။

“ကာဠုဒါယီ . . . ငါ တော်တော်ကြီးကို စိုးရိမ်ကြောက်ရွံ့နေတာ။ ငါ့သားတော်ဘုရား မွေးလာကတည်းက ရခဲ့တဲ့ စိုးရိမ်ကြောက်ရွံ့မှုဟာ ငါ့ကို နှိပ်စက်နေတယ်။ သုံးဆယ့်ခုနစ်နှစ်လုံးလုံး ငါ ဆင်းရဲပင်ပန်းလာခဲ့တာ။ ငါ့သားတော်က သူ့သာသနာအတွက်ပဲ သူ စဉ်းစာတယ်၊ ငါ့နေပြည်တော်အတွက် မစဉ်းစားဘူးလို့ ငါ ယူဆတယ်။”

“အဲဒီလိုလည်း မဟုတ်ပါဘူး . . . အရှင်မင်းကြီး . . .။ မင်းသားလေး သာသနာ့ဘောင် ၀င်ရောက်ဖို့ ဘုရားရှင်က ဖိအားပေးလိမ့်မယ်လို့ ကျွန်တော်မျိုးဖြင့် နည်းနည်းလေးမှ မတွေးမိပါဘုရား။ ဘုရားရှင်ဟာ သားသမီးနဲ့ ဇနီးမယားတွေ စိုးရိမ်ပူဆွေးရအောင် အိမ်ထောင်သည် ယောက်ျားတွေကို ရဟန်းပြုပေးတဲ့သူ မဟုတ်ပါဘုရား။ ဘုရားရှင်ဟာ အားလုံးအပေါ်မှာ တရားမျှတပါတယ် ဘုရား . . .။”

“မဟုတ်ဘူး။ ကာဠုဒါယီ . . . ရာဟုလာက သူ့သားဖြစ်နေတော့ ကလေးကို သူ ရှင်ပြုပေးလိုက်လိမ့်မယ်လို့ ငါ ထင်တယ်။

မြန်မြန်လုပ်ပါ ကာဠုဒါယီ . . .။ မြင်းကို မြန်မြန်မောင်းစမ်းပါ။”ဟု မင်းကြီးက အော်၍ အမိန့်ပေး၏။

၎င်းတို့နှစ်ဦးသား ကျောင်းတော်အနီးသို့ ရောက်ကြလေပြီ။

ရှေးဦးစွာ ကာဠုဒါယီသည် မြင်းပေါ်မှ ဆင်းလိုက်ပြီး မင်းကြီးကို မြင်းပေါ်မှ ချပေး၏။ ထို့နောက် မင်းကြီးသည် တောင်ဝှေးထောက်လျက် ကျောင်းတော်ဆီသို့ ဒယီးဒယိုင် လျှောက်သွားလေသည်။

ဘုရားရှင်သည် ကျောင်းတော်အတွင်း၌ ရှိနေ၏။ သူ့အတွက် သီးခြား ပြင်ဆင်ထားသည့် ညောင်းစောင်း၌ နေ့သန့်စင်တော်မူနေ၏။ ရာဟုလာကိုကား မတွေ့ရပေ။ မင်းကြီး ထိတ်လန့်သွား၏။ အလန့်တကြား ဟစ်အော်လိုက်သည်။

“သားတော်ဘုရား။ မြေးတော်လေး ရာဟုလာ ဘယ်မှာလဲ။”

မင်းကြီးသည် ပြောပြောဆိုဆိုနှင့် ကြမ်းပြင်ပေါ် လှဲချလိုက်၏။

“ခမည်းတော် . . .။ ရာဟုလာ ရှိပါတယ်။”ဟု ဘုရားရှင်က ပြန်လည် ဖြေကြားတော်မူ၏။

“အို . . . သားတော်ဘုရား။ ဘာဖြစ်လို့များ ခမည်းတော်ရဲ့ ဒဏ်ရာဟောင်းကို ပိုဆိုးအောင် ဆွရတာလဲ။ အို . . .  နတ်ဒေ၀ါတို့ . . .။ ဒီအဖိုးကြီးကို နှစ်သိမ့်နိုင်မယ့်အရာ မရှိတော့ဘူးလား။ ခမည်းတော်ဟာ သားတော် ရဟန်းပြုလေမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ နှစ်ဆယ့်ကိုးနှစ်လုံးလုံး စိတ်ဒဏ်ရာ ရခဲ့တာပါ။ သားတော် ကပိလ၀တ် ပြန်မလာမချင်း သောကသည်ကြီး ဖြစ်နေခဲ့တာပါ။ သားတော်ကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်လိုက်ရပြီးတဲ့နောက် စိတ် အနယ်ထိုင်အောင် ကြိုးစားနေရတုန်းပါ။ ခမည်းတော်ရဲ့ ဖခင်မေတ္တာဟာ ခမည်းတော်ရဲ့ အသားစိုင်ထဲ၊ သွေးကြောတွေထဲ၊ အရိုးတွေထဲ၊ ရိုးတွင်းခြင်ဆီထဲထိ စိမ့်ဝင်ပြန့်နှံ့နေတာပါ။ ခမည်းတော် ဆင်းရဲပင်ပန်းလွန်လှပါတယ် သားတော်ဘုရား . . .။ သားတော်ဘုရား . . . ရာဟုလာကို ပြန်ပေးပါ။ မင်းဆက်မပြတ်အောင် ကာကွယ်ပေးပါ့မယ်လို့ သားတော် ကတိပေးထားတာပဲ။ အောက်ထစ်ဆုံး ဒီ ကတိတော့ တည်ပါဦး။ သားတော်ဘုရား . . . ရာဟုလာဟာ ငယ်ပါသေးတယ်။ ခမည်းတော်ရဲ့ မျှော်လင့်ချက်တွေ အားလုံးဟာ သူ့ဆီမှာ ရှိတာပါ။ ရာဟုလာကို ပြန်ပေးပါ။ အို . . .  ရာဟုလာကို ပြန်ပေးပါ”ဟု မင်းကြီးက တိုးလျှိုးတောင်းပန်၏။

“ခမည်းတော် . . . သားတော်က ရာဟုလာကို ခေါ်ခဲ့တာ မဟုတ်ပါဘူး။ ရာဟုလာဟာ သူ့အမေတောင် မသိလိုက်ဘဲ ထွက်လာခဲ့ပြီး သားတော်ကို မီအောင်လိုက်လာခဲ့တာပါ။ ခမည်းတော် . . . သားတော်က ခရီးတစ်ခု စထွက်လိုက်ပြီဆိုရင် နောက်ပြန်မလှည့်ပါဘူး။ ဒါကြောင့် ကျောင်းတော်ကို တန်းပြန်လာခဲ့တာပါ။ သားတော်ဟာ ကလေးတွေကို အဓမ္မ သိမ်းပိုက်ပြီး မိဘတွေ ပူပင်ရအောင် လုပ်တဲ့သူ မဟုတ်ပါဘူး။ ရာဟုလာဟာ ရဟန္တာအရှင်မြတ် ရှင်သာရိပုတ္တရာနဲ့အတူ ရှိနေပါတယ်။ ရာဟုလာကို ဘုရား တရား သံဃာဆိုတဲ့ သရဏဂုံ သုံးပါးပဲ ဆောက်တည်ပေးထားလိုက်ဖို့ ရှင်သာရိပုတ္တရာကို သားတော် ပြောထားပါတယ်။ ခမည်းတော် . . . ရာဟုလာကို ပြန်ခေါ်သွားနိုင်ပါတယ်။ သူအရွယ်ရောက်လို့ သူ့ဆန္ဒအတိုင်း သာသနာ့ဘောင်မှာ ရှင်ရဟန်း ပြုချင်တယ် ဆိုရင်တော့ သားတော်အနေနဲ့ ဒီလိုမျိုး ရပ်တည်နိုင်မှာ မဟုတ်တော့ပါဘူး။ ခမည်းတော် . . . မျက်ရည်တွေ သုတ်လိုက်ပါ။ လုပ်ပါ . . . ခမည်းတော်။ ထလိုက်စမ်းပါ”ဟု ဘုရားရှင်က မိန့်တော်မူ၏။

သုဒ္ဓေါဒနမင်းကြီး ပျော်ရွှင်သွား၏။ ၀တ်ရုံစ အစွန်းတစ်ခုဖြင့် မျက်ရည်သုတ်ရင်း မတ်တတ် ရပ်လိုက်သည်။

“အို . . . သားတော်ဘုရား . . .။ ခမည်းတော်ဖြင့် လန့်ဖျပ်သွားတာပဲ . . .။ ခမည်းတော် ကျေနပ်နှစ်သက်အောင် လုပ်ပေးတဲ့အတွက် သားတော် ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းပါရစေ သားတော်ဘုရား . . .။ သားတော် . . . ယသောဓရာလည်း သူ့သားအတွက် ငိုနေရှာတာ။ ရာဟုလာကို ခေါ်ပြီး ပြန်ပါတော့မယ်။ ရာဟုလာကို ခေါ်ပေးပါ သားတော် . . .။”

မင်းသားလေး ရာဟုလာသည် ရဟန္တာအရှင်မြတ် ရှင်သာရိပုတ္တရာ၏ သင်္ကန်းစွန်းကို ဆွဲလျက် လိုက်ပါလာ၏။ မင်းကြီးက လက်နှစ်ဘက် ဆန့်တန်း၍ ရာဟုလာကို ကြိုလေရာ ရာဟုလာသည် ရှင်သာရိပုတ္တ၏ သင်္ကန်းစကို လွှတ်ကာ ဘုရားရှင်၏ ညောင်စောင်း နောက်ကွယ်သို့ သွားရောက်၍ ပုန်းလေ၏။

မင်းကြီးမှာ ပြုံးရမလိုလို မဲ့ရမလိုလို ဖြစ်သွားပြီး အကူအညီ တောင်းသည့်အနေဖြင့် ဘုရားရှင်၏ မျက်နှာတော်ကို ကြည့်လိုက်၏။

ဘုရားရှင်သည် ရာဟုလာကို ခေါ်တော်မူ၏။

“ရာဟုလာ . . . ငါ့ရှေ့ လာခဲ့ပါ။”

ရာဟုလာသည် ဘုရားရှင်၏ ရှေ့တော်မှောက်သို့ ထွက်လာခဲ့ပြီး ငိုနေ၏။

“ရာဟုလာ . . . ကလေးကို ရှာမတွေ့လို့ ကလေးအမေ ငိုနေပြီ။ ကလေး . . . ကလေးအမေဆီ သွားလိုက်ပါဦး။ ဘိုးဘိုးကြီးက ကလေးကို လာခေါ်တာ။ လိုက်သွားလိုက်ပါ။ မျက်ရည်တွေ သုတ်လိုက်ပါဦး။”

“ဘဘ ဘုန်းဘုရား . . .။ ဘုန်းဘုရားရဲ့ အရိပ်က အေးချမ်းပါတယ် ဘုရား။ ဘုန်းဘုရားရဲ့ အရိပ်ကို ခိုနေပြီး ဘုန်းဘုရား ဘယ်သွားသွား ဘုန်းဘုရားရဲ့ လက်ကိုဆွဲပြီး နောက်ကလိုက်နေချင်ပါတယ် ဘုရား။”

“မဟုတ်သေးဘူး ရာဟုလာ။ ကလေးကို ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့တဲ့ ကလေးအမေရဲ့ အရိပ်က ပိုအေးရမှာ . . .။ ကလေးက ငယ်လွန်းသေးတယ်။ ပြုစုစောင့်ရှောက်မှုတွေ လိုအပ်နေသေးတယ်။”

“ဘဘ . . . သားလည်း လူကြီးဖြစ်လာမှာပဲပေါ့။”

“ဟုတ်ပါတယ် ရာဟုလာ။ ကလေးလည်း တစ်နေ့နေ့မှာ လူကြီး ဖြစ်လာမှာပေါ့။”

“ဘဘ ဘုန်းဘုရား . . . ဒါဆိုရင် . . . သား လူကြီးဖြစ်လာတော့ အေးချမ်းတဲ့ ဘုန်းဘုရားရဲ့ အရိပ်ကို လာခိုလို့ ရမလား။”

“ရာဟုလာ . . .။ အဲဒါတော့ ကလေးရဲ့ သဘောပေါ့။”

မင်းသားလေး ရာဟုလာသည် အဘိုးဖြစ်သူ သုဒ္ဓေါဒနမင်းကြီး၏ လက်ကိုဆွဲလျက် လိုက်ပါနေရင်း ဘုရားရှင်ဆီသို့ မကြာခဏ ပြန်လှည့်၍ ကြည့်နေ၏။ ဘယ်ဘက်လက်ဖြင့် မင်းကြီး၏ လက်ကို ဆွဲကိုင်ထားပြီး အဝေးမှာ ကျန်ရစ်ခဲ့သော ဘုရားရှင်ကို ညာဘက်လက်ဖြင့် ဝှေးရမ်းနှုတ်ဆက်လျက် ရှိနေလေ၏။

 (ဆက်ရန် . . . . .)

:) 
ရှင်အာစာရ


Portrait of the Buddha (from a Novelist's Pen) by Jayasena Jayakody, English Translation by K. D. de Lanerolle. FOR FREE DISTRIPUTION - NOT FOR SALE.
(ပုံနှိပ်မှတ်တမ်း အပြည့်အစုံ မတွေ့ရပါ။)
ဆက်ဖတ်ရန်