ဂျာမနီနိုင်ငံ ဘာလင်မြို့တော်တွင် နှစ်စဉ် အောက်တိုဘာလအတွင်း ကျင်းပလေ့ရှိသော မီးထွန်းပွဲတော် (The Festival of Lights) ကာလအတွင်း မီးရောင်စုံများဖြင့် လှပနေသော ဘာလင်မြို့တော်ရှိ ထင်ရှားသော နေရာများနှင့် အထင်ကရ အဆောက်အအုံများကို မြင်တွေ့ရသည်။
ကမ္ဘာလည့် ခရီးသွားများကြားတွင် အထင်ရှားဆုံးဖြစ်သော ဘာလင် မီးထွန်းပွဲတော်ကို သီတင်း နှစ်ပါတ်ကြာ ကျင်းပလေ့ရှိပြီး ခရီးသွားဧည့်သည်များ သန်းနှင့်ချီ၍ လာရောက်လေ့ရှိသည်။ ယခုနှစ် မီးထွန်းပွဲတော်ကို အောက်တိုဘာ ၁၃ ရက်နေ့မှာ ၂၄ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ညစဉ်လာရောက်ကြည့်ရှုသူ ၃သိန်းခန့်ရှိသည်ဟု သိရသည်။