ဒီဖြစ်စဉ်လေးက ဗြိတိန်သတင်းစာတစ်စောင်မှာဖော်ပြထားတာပါ။မြန်မာပြည်မှာလဲ ဒီလိုဖြစ်စဉ်လေးတွေ
အလုပ်ရှင်က ကျွန်မရဲ့ ကာမကို ရယူဖို့ ကြိုးပန်းနေခြင်းနဲ့ ပတ်သက်ပြီး အကြောင်းအမျိုးမျိုးပြကာ ငြင်းဆန်ရှောင်တိမ်း နေရပါတယ်။ အခုလို ရှောင်တိမ်းနေလို့ အလုပ်ဖြုတ်ခံရမှာကိုလည်း ကျွန်မ စိုးရိမ်နေရပါတယ်။ ကျွန်မဟာ အသက် ၁၉ နှစ် ရှိပြီးတော့ လုပ်သက် တစ်နှစ် ရရှိထားတဲ့ ၀န်ထမ်းမလေး ဖြစ်ပါတယ်။ ကျွန်မရဲ့ ချစ်သူနဲ့ ကျွန်မတို့တွေဟာ အချိန်ကာလ တစ်ခုအထိ ငွေစုဆောင်းပြီးတာနဲ့ အတူတကွ အလုပ်လုပ်နိုင်တဲ့ အလုပ်ကလေး တစ်ခုကို ထူထောင်ကြတော့မှာ ဖြစ်ပါတယ်။ ရှိမယ်ထင်လို့ဗဟုသုတအတွေ့အကြုံလေးရအောင်တင်ပြခြင်းဖြစ်ပါသည်။
လက်ရှိ လုပ်နေတဲ့ အလုပ်ကိုလည်း ကျွန်မ အလွန်နှစ်သက်သလို အလုပ်ရှင်ကလည်း အလုပ်သမားတွေအပေါ် ကောင်းမွန်စွာ ဆက်ဆံတတ်သူ ဖြစ်ပါတယ်။ အလုပ်ရှင်က ကြည့်ကောင်းတဲ့ အမျိုးသားတစ်ဦး ဖြစ်ပြီးတော့ အလုပ်ထဲက မိန်းကလေး တော်တော်များများကလည်း သူနဲ့အတူ ရင်းနှီုးကျွမ်းဝင် ကာမ စပ်ယှက်ချင်သူတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် အလုပ်ရှင်ရဲ့ အာရုံစိုက်မှုကတော့ ကျွန်မ တစ်ယောက်ထဲကိုဘဲ ဆန္ဒရှိနေခဲ့ပါတယ်။ နေ့တိုင်း အကြောင်း တစ်မျိုးမျိုးနဲ့ သူ့အနားကို ရောက်ရှိလာနေစေနိုင်တဲ့ ကော်ဖီယူခိုင်းတာမျိုး ရုံးခန်းထဲမှာ နှစ်ယောက်ထဲ အတူရှိနေတဲ့ အခြေအနေမျိုးဖြစ်အောင် မကြာခဏ ဖန်တီးပါတယ်။
ကျွန်မရဲ့ ချစ်သူကို အလွန်ချစ်ပါတယ်။ သူ့ကို သစ္စာဖေါက်ဖို့ ဆိုတာ အိပ်မက်တောင် မမက်မိပါဘူး။ ကျွန်မရဲ့ အလုပ်ရှင်ကိုလည်း ကျွန်မချစ်သူကို ကျွန်မ ဘယ်လောက်ချစ်ကြောင်း နောက် ၂ နှစ်အကြာမှာ အတူတကွ လက်ထပ်ပြီး နေထိုင်တော့မှာ ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ ဒီလိုပြောတဲ့ အခါ အလုပ်ရှင်က ရယ်မောရုံ သက်သက်နဲ့ ဘာမှ အသိအမှတ်မပြုခဲ့ပါဘူး။
သူအရေးမစိုက်တာကိုတော့ ကျွန်မက ဂရုမစိုက်ပါဘူး။ ဒါပေမယ့် သူဆန္ဒကိုတော့ လိုက်လျောပေးဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ အကြိမ်တိုင်းမှာလည်း ကျွန်မ ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့ပါတယ်။ ပထမတစ်ကြိမ်တုန်းက မလိုက်လျောနိုင်ကြောင်း ကျွန်မရဲ့ ငြင်းဆန်ချက်ကို သူက ရပါတယ် လို့ တုန့်ပြန်ခဲ့ပေမယ့် လွန်ခဲ့တဲ့ အပတ်က စပြီးတော့ သူ့ကို ကြည့်ရတာ ကျွန်မ ငြင်းဆန်မှုနဲ့ ပတ်သက်ပြီး အလွန်စိတ်ဆိုးလာတဲ့ပုံစံ ပေါ်လာပါတယ်။ ကျွန်မကို အလုပ်ထုတ်ပစ်ဖို့အတွက် အကြောင်းအရင်းတွေလဲ အပြစ်ရှာလာပါတယ်။ ကျွန်မ အလုပ်တည်မြဲရေး အတွက် သူ့အလိုကို လိုက်လျောရမလား၊ ဘာလုပ်ရမလဲ ဆိုတာကို မသိတော့ပါဘူး။ ကျွန်မဟာ အလုပ်ကို ကောင်းကောင်းမွန်မွန် လုပ်နိုင်သူ ဆိုတာ သေချာပါတယ်။
ပြန်လည် ဖြေကြားခြင်း။
ခင်ဗျားရဲ့ အလုပ်ရှင်ဟာ အခုဆိုရင် သဘောပေါက် နားလည်ပြီး ရှက်ရမ်းရမ်းနေခြင်း သက်သက်သာ ဖြစ်ပြီး သူတည်ငြိမ်သွားတဲ့ အချိန်မှာ သူ့ရဲ့ မသင့်တော်တဲ့ လုပ်ဆောင်မှုကို နားလည် သဘောပေါက်ရင်းလက်လျော့ သွားပါလိမ့်မယ်။ ခင်ဗျားရဲ့ ရပ်တည်ချက်ကိုသာ မယိမ်းယိုင်အောင် ခိုင်ခိုင်မာမာ ရပ်တည်ထားပြီး သူ့ကို လုံးဝ အခွင့်အရေး မပေးမိပါစေနဲ့။ ဒါဆိုရင် အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စဟာ သီးခြားစီ ဖြစ်တယ်ဆိုတာကို ခင်ဗျားရဲ့ အလုပ်ရှင် သဘောပေါက် နားလည် လာပါလိမ့်မယ်။
ဒီမတိုင်ခင် အချိန်မှာတော့ ခင်ဗျားရဲ့ အလုပ်ကို ဂရုတစိုက် အာရုံစိုက်ပြီးသာ ကြိုးစားပါ။ အထူးသဖြင့် အမှား မကျူးလွန်မိအောင် ပိုမိုဂရုစိုက်ပေးပါ။ အကယ်၍ သူ့ရဲ့ ကမ်းလှမ်းချက်အပေါ် အနည်းငယ် ယိမ်းယိုင်တာများ တွေ့မြင်ခဲ့မယ်ဆိုရင် သူဟာ ရုပ်ဆိုး အကျည်းတန်လောက်အောင် ရှေ့ဆက် တိုးလာပါလိမ့်မယ်။