ပါးလှပ်ပြီး ရှည်မျှောမျှောသဏ္ဍန်ရှိသည့် အရာဝထ္ထု တစ်ခုကို တရုတ်ပြည်၏ တစ်စိတ်တဒေသ ဟု ပြောဆိုနိုင်သည့် မွန်ဂိုးလီးယား အတွင်းပိုင်း ဒေသရှိ ဘူတီးဒေသနှင့် နှစ်မိုင်အကွာတွင် ပျံဝဲနေခဲ့သော ပုဂံပြားပျံ တစ်ခုကို တွေ့ရှိခဲ့သည်ဟု ဆန်းသတင်းစာအရ သိရသည်။
အလွန်အံ့အားသင့် နေသည့် တာဝန်ရှိသူများက ပြောကြားခဲ့ရာ ပုဂံများပျံ၏ အလင်းတန်းများကြောင့် လေဆိပ်ဝန်းကျင် တစ်ခုလုံးသည် ရုတ်တရက် ကွယ်ပျောက် သွားခဲ့သဖြင့် လေယာဉ်ခရီးစဉ် ၃ ခုနှင့်အတူ တရုတ်ပြည် မြို့တော်၏ လေဆိပ်ကြီးများ ဖြစ်ကြသော ဘေဂျင်း၊ ရှန်ဟိုင်း နှင့် အနီးနား ၀န်းကျင်မှာ လေဆိပ်များမှ ခရီးစဉ်များကိုလည်း ရပ်ဆိုင်းခဲ့ရသည်။
ယခုကဲ့သို့ တွေ့ကြုံခြင်းသည် တစ်နှစ်အတွင်း တတိယမြောက် ကြုံတွေ့ရခြင်း ဖြစ်ပြီး တစ်ရုတ်ပြည်၏ လေဆိပ်များကို အကြိမ်တိုင်း ယခုကဲ့သို့ ပိတ်ခဲ့ရပြီး ဖြစ်သည်။ ဇွန်လိုင်လ အစောပိုင်းက ပုဂံပြားပျံ တွေ့မြင်ခဲ့ရသူများ၏ ပြောကြားချက်တွင် ရုပ်ဆိုးဆိုး ပုံစံ၊ မှိတ်တုတ် မှိတ်တုတ် အရာင်တောက်တောက်တွေနဲ့ တွေ့မြင်ခဲ့ရကြောင်း ဟောင်ကောင်းမြို့နေသူ တစ်ဦးကပြောကြားခဲ့သည်။ ယခုနောက်ဆုံး တွေ့ရှိခဲ့ရသော ပုဂံပြားပျံသည် မွန်ဂိုလီးယား၏ မြို့တော် ဟု ရှိ ရေဒါမှတဆင့် လုံခြုံရေး အချက်ပေးချက်များ ပေးပို့ခဲ့ပြီး ဟောင်ဟောင်းအထိ ဆက်လက် ပျံသန်းသွားကြောင်း သိရသည်။ ပြောရေး ဆိုခွင့် ရှိသူတစ်ဦးက အခုလို ယာဉ်ပျံ တစ်ခုရောက်လာခြင်းဟာ မြေပြင်စခန်းရဲ့ သတင်းအချက်အလက် ပေးပို့မှုတွေကို လုံခြုံရေးတွေကို အတားအဆီး ဖြစ်စေပြီး လမ်းချော်မှုတွေ လေယာဉ်တိုက်မှုတွေ ဖြစ်ဖို့အတွက် ဦးတည် လာနိုင်ပါတယ်။
ဒါ့ကြောင့်လဲ လွန်ခဲ့တဲ့ လက တစ်နာရီလောက် လေဆိပ်တွေ ပိတ်ခဲ့ရပါတယ်။ ယခင် ကာကွယ်ရေး ၀န်ကြီးဌါနမှ စုံစမ်းစစ်ဆေးသူ Nick Pope က "ပုဂံများပျံနှင့် ပတ်သက်ပြီး ဘယ်သူတွေ ဘယ်လိုဘဲ ထင်ထင် အမျိုးသား လုံခြုံရေးကို ဆိုးဆိုးရွားရွား ချိန်းခြောက်နိုင်ပြီး ကြိုတင်ပြင်ဆင် မှုတွေကိုလည်း ထုတ်ပြန်ရမယ့် အခြေအနေ ရှိနေပါတယ်" ဟုပြောကြားခဲ့သည်။