၁။ ဒီဝတ်စုံလေးကတော့ ခါးအကျပ်အစည်း ဂါဝန်ကို ဇာပွင့်ဖတ် အဆုပ်ဆုပ်လေးတွေ ဖြစ်အောင် ခေတ်ဆန်ဆန် အလှဆင်ထားတဲ့ သတို့သမီး ဝတ်စုံလေးပါ။ အပေါ်ပိုင်းက ကြိုးပျောက်မို့ မဝတ်ရဲရင် ဇာပါဝါလေး တင်လို့ရပါတယ်။
၂။ နောက်တစ်စုံကတော့ ဂါဝန်ပွပွကြီးတွေ မကြိုက်သူတွေအတွက်ပါ။ အဖြူရောင် ပိုးသားဂါဝန်ရှည်ပေါ်မှာ ဇာပါးပါးလေး တစ်ထပ် ထပ်အုပ်ထားတာဟာ တည်ငြိမ် ခေတ်ဆန်ပြီး အမြင်မှာ ကျော့ရှင်းနေစေမယ့် ဝတ်စုံလေးပေါ့။ အပေါ်ပိုင်းကိုတော့ ဇာပန်း အကပ်လေးတွေနဲ့ အလှဆင်ထားပါတယ်။
၃။ ဒီဂါဝန်လေးကတော့ ပုံပြင်ထဲက စနိုးဝှိုက် မင်းသမီးလေး ထွက်လာတယ်လို့ ထင်ရလောက်အောင် ချစ်စရာကောင်းမယ့် ဝတ်စုံလေးပါ။ မြင်တွေ့နေကျ စနိုးဝှိုက်ပုံစံ ဂါဝန်လေးကို ဇာပန်း အလွှာပါးလေးတွေ အထပ်အထပ်ဖြစ်အောင် ဆင်ထားတဲ့ ဝတ်စုံလေးက ငယ်ငယ်ရွယ်ရွယ် ညီမလေးတွေနဲ့ အင်မတန်ကို လိုက်ဖက်မှာ အမှန်ပါပဲ။
၎။ ဒီဂါဝန်ကတော့ အတော်လေး ဘေးဘက်ကို ကားတဲ့ဂါဝန်ပါ။ အပေါ်ပိုင်း ခေတ်ဆန်တဲ့ ဒီဇိုင်းနဲ့ ရှေးဆန်တဲ့ ဂါဝန်ကို ပေါင်းစပ်ထားသလိုမျိုးပေါ့။ ပေါ့ပေါ့ပါးပါး ပုံစံမျိုး မဟုတ်တဲ့ အခမ်းအနားကြီးတွေနဲ့ သင့်တော်ပြီး သတို့သမီးကို မြင်သူငေးရမယ့် ဝတ်စုံမျိုးပါ။
၅။ အနားအတွန့်တွေ အများကြီးနဲ့ လှပတဲ့ ဇာအပါး ဂါဝန်ပေါ်မှာ ဇာအထူ ပန်းကပ်တွေကို တစ်လွာထပ်အုပ်လိုက်တာဟာ ရှေ့ပိုင်း အကပ် နဲ့ နောက်ပိုင်း အပွ ပုံစံနဲ့ အမြင်ဆန်းပြီး ပြီးပြည့်စုံတဲ့ သတို့သမီးဝတ်စုံလေး ဖြစ်သွားပါတယ်။
၆။ ဒီဝတ်စုံလေးကလည်း ပေါ်ပိုင်း လည်ပင်းအတိလေးကို ဇာပန်းလေးနဲ့ လက်ပုံစံလုပ်ထားပြီး အောက်ဘက်ကတော့ သိပ်လည်းမကပ် သိပ်လည်း မပွတဲ့ ပုံစံပါ။ အပေါ်ပိုင်းနဲ့ ဂါဝန်အောက်ခြေမှာ ကပ်ထားတဲ့ ပန်းထိုးတွေဟာ ဝတ်စုံ တစ်ခုလုံးကို အဆင့်အတန်းမြင့်မြင့် ပုံစံမျိုးနဲ့ ဆွဲဆောင်မှု ရှိအောင် စွမ်းဆောင် ထားနိုင်ပါတယ်။
၇။ ဒီဝတ်စုံကတော့ ၁၉ ရာစုက အင်္ဂလန်က ရှေးဝတ်စုံ ဒီဇိုင်းလေးကို ပြန်လည်ဆန်းသစ်ပြီး ချစ်စဖွယ် အသွင်ပြောင်းထားတာပါ။ ဇာအနားတွန့်လေးတွေပါတဲ့ လည်ပင်းပေါက်နဲ့ လက်ရယ်၊ ဇာပန်းအလွာပါးလေး တစ်ထပ်အုပ်ထားတဲ့ ဂါဝန်ရယ်ဟာ တိုင်တန်းနစ် ရုပ်ရှင်ထဲက ရိုစ့် ဝတ်တဲ့ ဂါဝန်ဒီဇိုင်းလိုပါဘဲ။ ငယ်ရွယ်တဲ့ သတို့သမီးလေးတွေနဲ့ ပြောစရာမရှိအောင် လိုက်ဖက်မယ့် ပုံစံပေါ့။
အခုတစ်ခေါက်တော့ ဒီလောက်နဲ့ဘဲ နားကြစို့ရယ်။ နောက်တစ်ခေါက်မှာတော့ ခေတ်ဆန်ဆန် ဝတ်စုံဒီဇိုင်းလေးတွေ စုဆည်းဖော်ပြပေးပါဦးမယ်။