http://www.messengerfx.com
မြန်မာနိုင်ငံမှ ကွန်နက်ရှင်းကြောင့် gtalk ဖွင့်မရသူများ၊ gtalk ကို ၀က်ဆိုဒ်မှ သုံးလိုသူများအတွက်
ဒီဆိုဒ်လေးက အဆင်ပြေမယ်ထင်ပါတယ်။တခြားဆိုဒ်တွေ လဲ အများအပြားရှိပါတယ်။ဒီဆိုဒ်လေးမှာ
တစ်ခုထူးခြားတာက ၀က်ကမ်ချက်ပါ သုံးလို့ရတာပါဘဲ။အခုချိန်မှာတော့ ကျွန်တော်နဲ့ ဧကရီတို့အတွက်
ဒီဆိုဒ်လေးက အဆင်ပြေအောင် လုပ်ပေးနေပါတယ်။ဧကရီက ဒီဆိုဒ်လေးဝေမျှပေးလိုက်ပါလို့
တောင်းဆိုနေလို့ သုံးပုံသုံးနည်း အဆင့်ဆင့်ကို ဓာတ်ပုံနဲ့တကွ တင်ပေးလိုက်ပါတယ်။
အားလုံးဘဲ အဆင်ပြေကြပါစေ။၁။ဒီပုံကတော့ စပြီးဖွင့်လိုက်တာနဲ့ ရွေးခိုင်းပါလိမ့်မယ်။gtalkကိုရွေးပေးလိုက်ပါ။
၂။ဒီပုံထဲက အတိုင်း မိမိမေးလ်အကောင့်ကိုထည့်ပေးလိုက်ပါ(@gmail.comပါထည့်ပေးပါ)
၃။ပုံထဲကအတိုင်း အကောင့်ဝင်သွားပါလိမ့်မယ်။ကိုယ်ချက်ချင်တဲ့သူရဲ့အကောင့် ညာဘက်က မြှားလေးကို ကလစ်ပေးလိုက်ပါ။
၎။ပုံထဲကအတိုင်းပေါ်လာတဲ့ဘောက်လေးထဲမှ send message ကိုရွေးပေးလိုက်ပါ။
၅။စတင်ပြီးချက်နိုင်ပါပြီခင်ဗျာ။