PDF ဖိုင်ကို Converter နဲ့ Zawgyi font ကို ပြောင်းယူပြီး တင်ထားလို့ တချို့ စာလုံးတွေ ဖတ်ရခက်နေတာလေး ရှိပါတယ်။ သည်းခံပြီးဖတ်ပါဗျာ။
၁။ ခြေထောက်များရင် မကောင်းဘူး
တိရစ္ဆာန်တစ်စု ဝိုင်းဖွဲ့ စားသောက်နေကြသည်။ အာသွက် လျှာသွက် ဖြစ်နေကြသဖြင့် စကားဝိုင်းသည် စိုပြည်လှသည်။ အရက်ကုန်သွားသဖြင့် အရက်ထပ်ဝယ်ရန် ဆုံးဖြတ်လိုက်ကြသည်။ သို့နှင့် လိပ်ကို အရက်ဝယ်ရန် လွှတ်လိုက်ကြသည်။ တစ်နာရီ၊ နှစ်နာရီ ကြာသွားသည်။ လိပ် ပေါ်မလာချေ။ တိရစ္ဆာန်များထဲမှ လိပ်ကို ကျိန်ဆဲသံများ ပေါ် ထွက်လာသည်။ မနီးမဝေး ချုံထဲမှ လိပ်ထွက်လာပြီး စိတ်ဆိုးစွာ ပြောသည်။
ဓကျွန်တော့်ကွယ်ရာမှာ အခုလို အတင်းပြောရင် ကျွန်တော် မသွားတော့ဘူးဗျာဓ
မတက်နိုင်။ လိပ်အစား ကင်းခြေများကို အဝယ်လွှတ်လိုက်ကြသည်။ ငါးနာရီကြာမှ ကင်းခြေများ ပြန်ရောက်လာသည်။ အားလုံးက ゞင်းကို ဝိုင်းအော်ကြသည်။
ဓဟေ့ကောင်။ မင်းသွားတာ ကြာလှချည့်လားကွဟေဓ
ဓအရက်ဆိုင် ဝင်ပေါက်မှာ ဘယ်ကောင်လဲ မသိဘူး။ ဆိုင်းဘုတ်တစ်ခု ချိတ်ထားလို့ဓ
ဓဘာဆိုင်းဘုတ်လဲဓ
ဓဆိုင်ထဲမဝင်ခင် ခြေထောက်ကို စင်အောင် သုတ်ပါတဲ့ဓ
၂။ တော်တော်တုံးတဲ့ဝံပုလွေ
ကိုချူချာ မြို့တက်ပြီး အမဲသား ဝယ်သည်။ အမဲသားချက်နည်း ပြုတ်နည်းကိုပါ ရေးမှတ်လာခဲ့သည်။ ရွာသို့ ခြေလျင်ပြန်လာခဲ့ရာ လမ်းခရီးတွင် အမှောက်ပျိုးလာသဖြင့် တောထဲတွင် ညအိပ်ရန် ဆုံးဖြတ်လိုက်ကြသည်။ ゞင်းအိပ်နေချိန်တွင် အမဲသားထုပ်ကို ဝံပုလွေ ဆွဲသွားသည်။ အိပ်ရာမှ နိုး၍ အမဲသားကို ဝံပုလွေ ဆွဲသွားကြောင်း သိသောအခါ ကိုချူချာ ဟက်ဟက်ပက်ပက် ရယ်သည်။
ဓဟား ဟား ဟား။ တော်တော်တုံးတဲ့ ဝံပုလွေမ။ အမဲသားကို ခိုးသွားသတဲ့။ ချက်နည်းက ငါ့ဆီမှာ ကျန်နေတာပဲ။ ဒင်း ဘာလုပ်လို့ ရမှာလဲ။ ဟဲ ဟဲ ။ဓ
၃။ မျောက်မျက်မှန်
မျောက်မသည် မျက်မှန်တစ်လက် ဝယ်ပြီး နဖူးပေါ် ချိတ်ထားလိုက်သည်။ အသိများက ゞင်းကိုဝိုင်းပြောကြသည်။
ဓမျက်မှန်ကို ဘာဖြစ်လို့ နဖူးပေါ် ချိတ်ရတာလဲ။ မျက်မှန်ဆိုတာ ပိုမြင်ရအောင် မျက်စိမှာ တပ်ရတာမဟုတ်လား။ဓ
ဓငါက မျက်စိ ပိုမြင်ဖို့ မဟုတ်ဘူး။ စိတ်ကူးစိတ်သန်း ပိုကောင်းချင်လို့။ ဒါကြောင့် နဖူးပေါ် တပ်ထားတာဟေ့။ဓ
၎။ လက်မှတ်ရောင်းပါ
မော်စကိုမြို့ ဓကူးစကီးဓ ဘူတာကြီးတွင် ဖြစ်သည်။
ရထားထွက်တော့မည် ဖြစ်ကြောင်း အချက်ပေးသံ ပေါ်ထွက်လာသည်။
လက်မှတ်အရောင်းကောင်တာသို့ ကိုချူချာ ကသောကမြောပြေးလာပြီး ပြောသည်။
ဓကျွန်တော့်ကို လက်မှတ်တစ်စောင် အမြန်ဆုံး ရောင်းစမ်းပါဓ
ဓဘယ်ကို သွားမလို့ပါလဲဓ
ဓဘယ်သွားသွား ခင်ဗျားနဲ့ မဆိုင်ပါဘူး။ လက်မှတ်သာ ရောင်းစမ်းပါ။ နို့မဟုတ်ရင်
ကျွန်တော် ရထားနောက်ကျသွားလိမ့်မယ်ဗျဓ
၅။ မယ်ဒလင်ဆရာ
ညအချိန်ဖြစ်သည်။
အရှိန်နှင့် မောင်းလာသော ဓမော်စကိုဗစ်ခ်ျဓ ကားကို ယာဉ်ထိန်းရဲ တားလိုက်သည်။
ကားထဲကြည့်လိုက်သောအခါ ဒရိုင်ဘာ အပါအဝင် စုစုပေါင်း လူ ၁၆-ယောက်
လိုက်ပါလာသည်ကို တွေ့ရသည်။ ပြီးတော့ အားလုံး ဓထွေဓ နေကြသည်။
လေးယောက်စီးကားထဲ ၁၆-ယောက်တိတိြွပတ်သိပ်ပြီး လိုက်လာသည်ကို ကြည်ပြီး
ယာဉ်ထိန်းရဲ အကြီးအကျယ် အံ့ဩသွားသည်။ ကိုယ့်မျက်စိ
ကိုယ်မယုံနိုင်အောင်ဖြစ်သွားသည်။ ဒဏ်ရိုက်ရန် ဖြစ်သော်လည်း မရိုက်ဘဲ မနက်ဖြန်
ဆယ်နာရီတိတိတွင် ဤ လူအတိုင်း ကားနှင့် ပြန်လာကြရန် မှာလိုက်သည်။
နောက်နေ့မနက်တွင် သူငယ်ချင်းများကားထဲ ဝင်ကြသည်။ ၁၅-ယောက်
ကားထဲရောက်သွားကြသည်။ တစ်ယောက်သာ ဘယ်လိုဘဲ ကြိုးစား ကြိုးစား ဝင်မရဘဲ
ဖြစ်နေသည်။ ဒရိုင်ဘာက ပြောသည်။
ဓဟေ့ကောင်။ မနေ့က မင်းတို့နဲ့ မပါဘူးထင်တယ်ဓ
မဝင်နိုင်သူ မကျေမနပ် ပြန်ပြောသည်။
ဓမပါဘူး။ ဟုတ်လား။ ကားထဲမှာ မင်းတို့ကို မယ်ဒလင် တီးပြီး ဖျော်ဖြေတာ ဘယ်သူလဲကွ
ဟေဓ
၆။ ကုဘိ မောင်တို့ လည်ပုံများ
ကိုဘမောင် တက္ကစီ စီးပြီး အိမ်သို့ ပြန်လာသည်။ အိမ်ရှေ့သို့ ရောက်သောအခါ
စကားတစ်ခွန်းမှ မပြောဘဲ ကားထဲမှ ထွက်သည်။ ထို့နောက် အိတ်ထောင်ကို နှိုက်သည်။
ရှပ်အင်္ကျိင်္ီအိတ်၊ တိုက်ပုံအိတ်တိုကို တစ်ခုချင်း နှိုတ်သည်။ ကားဆရာ ゞင်းကို ကြည့်နေသည်။
ပိုက်ဆံထွက်မလာချေ။ ကုဘိ မောင် စိတ်ပျက်သံဖြင့်ပြောသည်။
ဓအက်ဖ်အီးစီတစ်ရာ ကားထဲကျနေတယ် ထင်တယ်ဓ
ဤစာကားကို ကြားသည်နှင့် ကားဆရာသည် လီဗာကို တအားနင်းပြီး တစ်ရှိန်ထိုး
မောင်းထွက်သွားတော့သည်။
ထွက်သွားသော ကားကိုကြည့်ပြီး ကျေနပ်သော အမူအရာဖြင့် ကိုဘမောင် အိမ်ခန်းထဲ
လှမ်းဝင်လိုက်လေသည်။
၇။ ဒီတစ်ခါတော့ ခံလိုက်ရတယ်
လမ်းမတော်အိမ်ရှေ့မှ နေ၍ အငှားကားကို ကိုဘမောင် လက်ပြ တားလိုက်ရသည်။
ကိုဘမောင် ကားထဲဝင်ထိုင်ရုံရှိသေးသည်။ ကားစက် ရုတ်တရက် ရပ်သွားသည်။ ဘယ်လို
နှိုးနှိုး စက်ပြန်မနိုးလာချေ။ ကားဆရာက ပြောသည်။
ဓနောင်ကြီး။ ဘယ်လိုမှ မအောက်မေ့ပါနဲ့။ ကားကို နည်းနည်းတွန်းပေးပါဗျာဓ
ကိုဘမောင် ကားထဲမှ ထွက်ပြီး နောက်ကနေ တွန်းသည်။ ကားဆရာကလည်း
ဆင်းတွန်းသည်။ တော်တော်ဝေးဝေးကို ရောက်သွားသည်။ စက်မနိုးချေ။
ဓနောင်ကြီး။ တွန်းပါဦးဓ
ကိုဘမောင် လုံချည်ကို တိုတိုလေး ပြင်ဝတ်လိုက်သည်။ တုကိပုံအင်္ကျီကို ချွတ်သည်။
ထို့နောက် ကားကို အားနှင့်တွန်းသည်။ အရှိန်ရလာသည်။ ဘီးလိမ့်ရာနောက်
အပြေးလိုက်သည်။ သို့သော် ကားစက်သည် ဘယ်လိုမှ နိုးမလာချေ။
ဓတွန်းပါဦး နောင်ကြီးရာဓ
ဆက်တွန်းသည်။ မနိုး။
ရှိသမျှအားဖြင့် ဆက်တွန်းသည်။ အချိန် အတော်ကြာသွားသည်။ ဘယ်လိုမှ မနိုးပြန်ချေ။
ဓနောင်ကြီး နိုးတော့မှာပါ။ တွန်းပေးပါဦးဗျာဓ
နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ပြီး ကိုဘမောင် တွန်းသည်။
ကုန်းဆင်းတစ်နေရာသို့ရောက်သည်။ အရိနှ်ရလာသော ကားနောက်မှနေ၍ ကိုဘမောင်
ကျန်သမျှအားနှင့် တွန်းလိုက်ရာ ဓဝူးဓ ကနဲ ကားစက်နိုးသွားတော့သည်။
အသက်ကို အနိုင်နိုင် ရှူလျက် ကိုဘမောင် ကားထဲ ဝင်ထိုင်လိုက်သည်။ ကားဆရာက
ပြောသည်။
ဓကျေးဇူးပဲ နောင်ကြီးရာ။ နောင်ကြီး ဘယ်ကို သွားချင်သလဲပြော။ ကျွန်တော် အခမဲ့
လိုက်ပို့ပေးပါမယ်။ဓ
လမ်းဘေးတွင် စိုက်ထားသော ဓထောက်ကြန့်ဓဆိုသည့် ဆိုင်းဘုတ်ကို လှမ်းကြည့်ရင်း
ကိုဘမောင်က ပြောသည်။
ဓရန်ကုန်ကို ပြန်ပို့ပေးဗျာဓ
၈။ွှုဗြှုဃ
အတ္တလန်တိတ်သမုဒ္ဒရာတွင် အလွန်ကြီးမားသော ဇိမ်ခံသင်္ဘောကြီး ခုတ်မောင်းနေသည်။
သင်္ဘောပေါ် လိုက်ပါလာကြသည့် ခရီးသည်များမှာ အထက်တန်းစား သူဋ္ဌေး သူဓဘိုးတိုင်ဓ
နှင့်၊ မိန်းမတွေက ပွဲနေ ပွဲထိုင်သွားသည့် အကောင်းစား ဂါဝန်တွေနှင့်။
သူတို့အားလုံး သင်္ဘောဧ။် ဧည့်ခန်းကြီးထဲတွင် ရောက်ရှိနေကြသည်။ ဝီစကီ၊ မာတီနီ။
ရှမ်ပိန်ခွက်တွေ ကိုယ်စီ ကိုင်ထားကြသည်။ သင်္ဘောကပ္ပတိန်အခန်းထဲ ဝင်လာပြီး
အားလုံးကြားအောင် အော်ပြောသည်။
]သတင်းနှစ်ခု ကြေညာစရာ ရှိပါတယ်။ တစ်ခုက ကောင်းတဲ့သတင်း။ နောက်တစ်ခုက
မကောင်းသတင်းပါ။ ဘယ်သတင်းက စပြောရမလဲ ခင်ဗျာ}
ပရိသတ်အားလုံးသံပြိုင် တောင်းဆိုလိုက်ကြသည်။
]သတင်းကောင်းကို အရင်ပြောပါ}
]ဟုတ်ကဲ့၊ ကျွန်တော်တို့ ]အော်စကာ} ဆယ့်တစ်ဆု ရပါတယ်။
၉။ လက်မှတ်စစ်
(ရုရှားနိုင်ငံရှိ ညအိပ်ရထားများ၌ တွဲတိုင်းတွင် တွဲစောင့် ရှိသည်။ အများအားဖြင့်
တွဲစောင့်သည် အမျိုးသမီး ဖြစ်လေ့ရှိသည်။)
ယောကျာ်းဖြစ်သူ နယ်ခရီးထက်ရာမှ ပြန်လာသည်။ တစ်ကိုယ်လုံးပေရေနေသည်။
ဝတ်ထားသော ကုတ်အင်္ကျီ စုတ်ပြဲနေသည်။ မျက်နှာမှာလည်း ဒဏ်ရာဒဏ်ချက်တွေ
အပြည့်နှင့် ဖြစ်နေသည်။ ခါးထောက်ပြီး စိုက်ကြည့်နေသော မိန်းမကို ゞင်းက ရှင်းပြသည်။
]တွဲပေါ်ကို လက်မှတ်စစ် တက်လာတယ်။ ငါ့ဆီမှာ လက်မှတ် မပါဘူး။ ဒါနဲ့ပဲ တွဲပေါ်က
ခုန်ဆင်းလိုက်ရတယ်။}
] ဒဏ်ငွေဆောင်လိုက်ပါတော့လား။ ဘာဖြစ်လို့ ရထားပေါ်က ခုန်ဆင်းရတာလဲ။
မသေကောင်း မပျောက်ကောင်း }
] ဘယ်ဖြစ်မလဲ။ လက်မှတ်စစ်က တွဲစောင့် အမျိုးသမီးရဲ့ ယောကျာ်းကွ}
၁၀။ အသက်မပါတော့ဘူး
]ကျွန်တော်တို့ဆီက မင်းသား မင်းသမီးတွေ ချစ်ခန်းကြိုက်ခန်း ရိုက်ရာမှာ ဘာဖြစ်လို့
အသက်မပါတော့တာလဲ}
]သူတို့အချင်းချင်း ညားကုန်ကြလို့}
၁၁။ ပို့စ်မော်ဒန်
] ပို့စ်မော်ဒန်ဆိုတာ ဘာလဲဟင် }
] စားစရာ မရှိရတဲ့အထဲ အရေမရ။ အဖတ်မရတွေကို မစဉ်းစားအားဘူးဟေ့။ }
၁၂။ မျှော်လင့်ချက်
စာရေးဆရာပေါက်စက အယ်ဒီတာကို မေးသည်။
ဓ ကျွန်တော့် ဝတ္တုကို လူကြီးမင်းတို့ရဲ့ မဂ္ဂဇင်းမှာဖော်ပြပေးမယ့် အလားအလာ
နည်းနည်းဖြစ်ဖြစ် ရှိတယ်ဆို ကျေနပ်ပါပြီ။ ကျွန်တော် မျှော်လင့်နိုင်တယ်မဟုတ်လား ခင်ဗျာ
ဓ ဟာ၊ မျှော်လင့်နိုင်ပါတယ်။ ကျုပ် တစ်နေ့ကျ သေမှာပဲ ဥစ္စာ ဓ
၁၃။ တစ်ခုခုဝယ်စမ်းပါ
ဈေးထဲတွင် ဖြစ်သည်။
ဓ နောင်ကြီး။ ကြောင်တစ်ကောင် ဝယ်သွားပါလားခင်ဗျာ ဓ
ဓ ဟင်းအင်း။ ကျွန်တော့်အတွက် လိုအပ်တဲ့ ပစ္စည်း မဟုတ်ဘူး ဓ
ဓ အဲဒါဆို ဟောဒီ ဓ
ဓ ဓ
ဓ အဲဒါဆို ကြောင်ကိုဝယ်။ ကြောင်က ဓ
၁၄။ ခြားနားချက်
ဓအင်္ဂလိပ်စားသောက်ဆိုင်နဲ့ ရုရှားစားသောက်ဆိုင်ဘာကွာသလဲဓ
ဓအင်္ဂလိပ်စားသောက်ဆိုင်မှာ လူတွေ စားနေကြတာကို မြင်နေရတယ်။ သူတို့ပြောတာကို
ကြားရတယ်။ ရုရှားစားသောက်ဆိုင်မှာ လူတွေ စကားပြောတာကို မြင်နေရတယ်။ သူတို့
စားတာကို ကြားရတယ်ဓ
၁၅။ ရှားပါးစာအုပ်
စာကြည့တိုက်တွင်ဖြစ်သည်။
ဓကိုယ့်ကိုယ်ကို သတ်သေတဲ့အကြောင်း စာအုပ်ကို ကျွန်တော် ဘယ်မှာ ရှာလို့ ရမလဲဟင်ဓ
ဓညာဘက်က စာအုပ်စင်ရဲ့ တတိယအဆင့် လက်ဝဲဘက်မှာ ရှာကြည့ပ်ါဓ
ဓအဲဒီမှာ စာအုပ်တစ်အုပ်မှ မတွေ့ပါလားဓ
ဓဟုတ်တယ်။ အဲဒီစာအုပ်ကို ဘယ်သူမှ ပြန်မပေးတော့ဘူးလေဓ
၁၆။ လွဲသွားမှဖြင့်
စိတ်ရောဂါကု ဆေးရုံတွင် လူနာနှစ်ယောက် စကားပြောနေကြသည်။
ဓဟေ့ကောင်။ မင်းရဲ့ခေါင်းထဲကို ၂-လက်မသံ တစ်ချောင်း ငါရိုက်သွင်းပေးမယ်။
ဘယ်နှယ့်လဲဓ
ဓမင်းရူးနေသလား။ ဦးထုပ်ကို ချော်ပြီး ရိုက်မိရင် ဘယ့်နှယ့်လုပ်မလဲဓ
၁၇။ နှိုးခပဲယူမယ်
ဓ ခွဲစိတ်မှုမစခင် မေ့ဆေးဆရာဝန်က ပြောသည်။ ဓ
ဓ ဒီနေ့မေ့ဆေးပေးတဲ့အတွက် ပိုက်ဆံမယူဘူး။ သတိပြန်ရအောင် လုပ်ခပဲ ယူမယ်။
၁၈။ အားတက်အောင်ပြော
ဆေးရုံတက်နေရသော မိတ်ဆွေကို ကိုဘမောင် လူနာသွားကြည့်ရန် ပြင်သည်။
ゞင်းမိတ်ဆွေဧ။် အခြေအနေသည် အလွန်ဆိုးရွားကြောင်း၊ မျက်နှာမသာမယာနှင့် လာသည်ကို
တွေ့လျှင် ယောကျာ်းဖြစ်သူဧ၊် အခြအနေ ပိုဆိုးသွားနိုင်ကြောင်း မိတ်ဆွေဧ၊်
မိန်းမပြောသည်ကို သတိရသည်နှင့် ကိုဘမောင်သည် လူနာဧ၊် အခန်းထဲဝင်ဝင်ချင်း မြူး
ဓ ဘယ့်နှယ့်လဲ။ သေမင်းခေါ်တဲ့နောက် ကောက်ကောက်ပါအောင် လိုက်တော့မယ်ပေါ့လေ။
ဟုတ်လား ဓ
၁၉။ မမြင်ရဘူး ဒေါက်တာ
ညာဘက်မျက်လုံး အတုတပ်ထားသော လူတစ်ယောက် မျက်စိဆရာဝန်ထံ ရောက်လာသည်။
ဆရာဝန်က နံရံတွင်ချိတ်ထားသော အက္ခရာများကို ကြီးစဉ်ငယ်လိုက် ပြထားသော
စက္ကုပြားကို ထောက်ပြပြီးပြောသည်။
ဓ ကိုင်း၊ ညာဘက်မျက်လုံးကို ပိတ်ပြီး အပေါ်ဆုံးလမ်းကြောင်းကနေ ဖတ်ပြပါ ဓ
ဓ ဒေါက်တာ၊ ကျွန်တော့် ညာဘက်မျက်လုံးဟာ အတုခင်ဗျ ဓ
ဓ အဲဒါဆို ဘယ်ဘက်မျက်လုံးကို ပိတ်ပြီး ဖတ်ပါ ဓ
၂၀။ ဒါကိုပဲ မေးနေကြတယ်
တရားသူကြီးက တရားခံကို မေးသည်။
ဓ မောင်မင်းဟာ စတိုးဆိုင်ကြီးကို ဖောက်ထွင်းရာမှာ ဈေးမကြီးတဲ့ ပစ္စည်းတွေကိုပဲ ယူတယ်။
အဲ၊ ငွေစက္ကူတွေရှိတဲ့ဘက်ကို အနားတောင် ကပ်မသွားဘူး။ ဘာဖြစ်လို့လဲ ဓ
ဓ တရားသူကြီးမင်းကလည်း ဒါကိုဘဲ သိချင်တာကိုး ကျွန်တော့်မိန်းမ ဒီမေးခွန်းနဲ့
ကျွန်တော်ကို နှိပ်စက်နေတာကြာပါမကောဗျာ ဓ
၂၁။ လုပ်ဖော်ကိုင်ဖက်
ဓ တရားလိုပြသက်သေ။ အခု တရားခံကို သိပါသလား ဓ
ဓ ဟုတ်ကဲ့။ ကျွန်တော်တို့ဘဏ်မှာ အတူတူ အလုပ်လုပ်ခဲ့ကြပါတယ်။
ဘယ်တုန်းကလဲ ဓ
ဓ လွန်ခဲ့တဲ့ ၂-လကပါ။ ကျွန်တော့်စိတ်အထင် မနက်လေးနာရီလောက်မှာပါ ဓ
၂၂။ ပိုင်ပြီ
ဓ ပန်းချီကားချပ်ကို ခင်ဗျားခိုးတာ မဟုတ်ဘူးလို့ ရုံးတော်က ကောက်ချက်ချတယ်။
ခင်ဗျားကို တရားသေလွှတ်လိုက်ပါတယ်။ ဓ
ဓ ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ပန်းချီကားကို ကျွန်တော်အိမ်မှာ ချိတ်ထားလို့ရတယ်ပေါ့နော်
ဓ
၂၃။ သတင်းစကား
ယောကျာ်းပျောက်သွားသည့်အတွက် ကူညီ ရှာဖွေပေးပါရန် ရဲစခန်းသို့ မိန်းမဖြစ်သူ
လာပြောသည်။ ယောကျာ်းဧ၊် ပုံပန်းသဏ္ဍာန်ကို မေးမြန်းစုံစမ်းပြီးနောက် ရဲအရာရှိက
အမျိုးသမီးကို ပြောသည်။
ဓ ကောင်းပြီလေ။ ကျွန်တော်တို့ ကြိုးစားရှာပေးပါ့မယ်။ ဒါနဲ့ ခင်ဗျားရဲ့ ယောကျာ်းကို
တွေ့ရင် ဘာပြောပေးရမလဲ ဓ
ဓ ပြောလိုက်ပါ။ ကျွန်မအမေ ကျွန်မတို့အိမ်မှာ လာနေမယ့် အစီအစဉ်ကို
ဖျက်သိမ်းလိုက်တယ်လို့ ဓ
၂၄။ မင်းသမီး
နာမည်ကြီး မင်းသမီး ပါဝင်ရိုက်ကူထားသော ရုပ်ရှင်ကားကို ဝေဖန်ချက်ရေးရာတွင်
ဆောင်းပါးရှင်က မင်းသမီးကို ]ဝက်မ} နှင့် ခိုင်းနှိုင်း သုံးနှုန်းထားသဖြင့် ရုပ်ရှင်မင်းသမီး
ဒေါဖောင်းကာ ဝေဖန်ရေးဆရာကို တရားစွဲသည်။
အမှုကို စစ်ဆေးသည့်နေ့တိုင်း ရုံးခန်းတစ်ခုလုံး ပရိသတ် များဖြင့် ပြည့က်ျပ်နေသည်။
နောက်ဆုံးတွင် သက်သေအထောက်အထား ခိုင်လုံသဖြင့် ရုပ်ရှင်မင်းသမီးအား
ဆောင်းပါးရှင်က လူသိရှင်ကြား တောင်းပန်ရန် သို့မဟုတ်ပါက
ဒဏ်ငွေဆောင်(လျော်ကြေးပေးရန်) တရားရုံးက ဆုံးဖြတ်လိုက်သည်။
ထုံးစံအတိုင်း အမှုရှုံးသူကို နောက်ဆုံးစကား ပြောခွင့်ပြုရာ ဝေဖန်ရေးဆရာ နေရာမှ ထပြီး
ပြောသည်။
ဓ တရားသူကြီးမင်းခင်ဗျာ။ ကျွန်တော်ရဲ့ အနာဂတ် ဝေဖန်ရေးလုပ်ငန်းအတွက် အင်မတန်
အရေးကြီးတာဖြစ်လို့ သေချာအောင်ထပ်မေးပါရစေ။ မင်းသမီးကို ဝက်မလို့
မခေါ်နိုင်ဘူးနော်။ ဟုတ်လား ဓ
ဓ ဟုတ်တယ်။ ထပ်ခေါ်ရင် နောက်တစ်ခါ တရားရုံးကို ရောက်အုံးမှာပဲ ဓ
ဓ တကယ်လို့ဝက်မကို မင်းသမီးလို့ ခေါ်ရင်ကော တရားဥပဒေနဲ့ ငြိစွန်းမလား ဓ
ဓ မငြိစွန်းပါဘူး ဓ
ဓ ဝက်မကို မင်းသမီးလို့ ခေါ်ရင် ကျွန်တော်မှာ အပြစ် မရှိဘူးပေါ့ ဓ
ဓ မရှိပါဘူး ဓ
ဝေဖန်ရေးဆရာသည် တရားလိုဘက်လှည့်ပြီး ပြောသည်။
ဓ ဒီအမှုမှာ အနိုင်ရသွားတဲ့အတွက် ခင်ဗျားကို ချီးကျူးပါတယ် မင်းသမီး ဓ
၂၅။ ဓာတ်ဘူးဝယ်တဲ့ကိုချူချာ
ကိုချူချာ စတိုးဆိုင်ကြီးထဲ ဝင်လာသည်။
မမြင်ဘူးသော ပစ္စည်းတစ်ခုကို ညွှန်ပြပြီး အရောင်းစာရေးမကို မေးသည်။
ဓ အဲဒါဘာလဲဟင် ဓ
ဓ ဓာတ်ဘူး ဓ
ဓ သူ့ကို ဘယ်လိုအသုံးချသလဲ ဓ
ဓ အပူဓာတ်နဲ့ အအေးဓာတ်ကို အချိန် အတော်တော်ကြာကြာထိန်းထားဖို့အတွက် ဓ
ကိုချူချာ ဓာတ်ဘူးကို ဝယ်လိုက်သည်။ နောက်နေ့တွင် ဓာတ်ဘူးကို ယူလာပြီး
တစ်ရုံတည်းသားများကို
ဓ ငါ ဝယ်လာတဲ့ ဓာတ်ဘူးအသစ်ကွ။ ပူတဲ့ပစ္စည်း တစ်နေကုန်ပူနေမယ်။
အေးတဲ့ပစ္စည်းဆိုလည်း တစ်နေကုန် အေးနေမယ်ကွ ဓ
ဓ ဓာတ်ဘူးထဲမှာ အခု မင်းဘာထည့်ထားသလဲ ဓ
ဓ မိန်းမဖျော်ပေးလိုက်တဲ့ ကော်ဖီပူပူနှစ်ခွက်နဲ့ ရေခဲမုန့် ဓ
၂၆။ လှေကား
ညာဘက်လက်ကို အပေါ်သို့ မြောက်လျက်၊ ဘယ်ဘက်လက်ကို အောက်သို့
ချလျက်အနေအထားဖြင့် လူတစ်ယောက် လျှောက်လာသည်။ ゞင်းဧ၊်နောက် မလှမ်းမကမ်းမှ
ဒုတိယလူတစ်ယောက်သည်လည်း ရှေ့ကလူဧ၊် အနေအထားအတိုင်း လိုက်လျှောက်လာသည်။
လမ်းသွားလမ်းလာများက ゞင်းတို့ကို ထူးဆန်းစွာ ကြည့်သည်ကို သတိထားမိသဖြင့်
ရှေ့ကလူသည် နောက်ကလူကို လှမ်းကြည့်သသည်။ ထို့နောက် ကိုယ့်ကိုယ်ကို
အပြစ်တင်သံဖြင့် အော်ပြောသည်။
ဓဟေ့ကောင်။လှေကားကို တို့မေ့လာပါပကောကွဓ
၂၇။ ဆရာမပြနည်းမကျ
ဋ္ဋာနမှူးက ယနေ့မှ အလုပ်ဝင်လာသော လူငယ်ကို ပြောသည်။
ဓကိုင်း၊ အစ အနေနဲ့ ကြမ်းတိုက်ပါဓ
လူငယ်က ဒေါသကို ထိန်းထားရဟန်ဖြင့် ပြန်ပြောသည်။
ဓကျွန်တော်ဘွဲ့ရပါခင်ဗျာဓ
ဓဪသာ် ဟုတ်လား။ ဒီလိုဆိုရင် ကြမ်းကို ဘယ်လိုတိုက်ရတယ်ဆိုတာ ငါပြမယ်။
သေသေချာချာ ကြည့ထ်ားဓ
၂၈။ လျှော့အော်
လူငယ်က အထက်အရာရှိကို ပြောသည်။
ဓကျွန်တော်ဟာ အန်ကယ်တို့ ရုံးမှ အချိန်ပိုင်းအလုပ်သမားသာဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော့်ကို အော်ရင် အသံကို လျှော့အော်ပါခင်ဗျာဓ
၂၉။ ကြော်ငြာကိုယ်စားလှယ်
ကြော်ငြာကိုယ်စားလှယ်က ゞင်းကံကောင်း၍ အလုပ်မပြုတ်ရပုံအကြောင်းကို
ဤသို့ပြောပြသည်။
ဓအခု ကျွန်တော် ပြောပြမယ့်အကြောင်းက အာရပ်နိုင်ငံတစ်ခုမှာ ဖြစ်ခဲ့တာပါ။
ကိုးဒ်ဒရင့်ကြော်ငြာဆိုင်းဘုတ်တစ်ခုကို အပိုင်းသုံးပိုင်း ခွဲပြီး စိုက်ထူဖို့ ကျွန်တော်
ဆုံးဖြတ်လိုက်တယ်။ ပထမပိုင်းကို သဲကန္တရထဲ ရေငတ်ပြီး သေလုမြောပါးဖြစ်နေတဲ့ လူရဲ့
ပုံကို ပန်းချီဆရာက ဆွဲထားတယ်။ ဒုတိယပိုင်းမှာတော့ အဲဒီလူပဲ ကျွန်တော် ကြော်ငြာတဲ့
ကိုးဒ်ဒရင့်ကို သောက်နေတဲ့ပုံ။ အဲ တတိယပိုင်းမှာတော့ အဲဒီလူကျေနပ်စွာ ပြုံးနေတဲ့ပုံ။
ဒါပေမယ့် အရေးကြီးဆုံးကို ကျွန်တော်မေ့သွားတယ်။ အာရပ်လူမျိုးတွေ စာကို နောက်ကနေ
ရှေ့ကို ဖတ်ကြတယ်ဆိုတဲ့ အချက်ပဲဗျို့။ဓ
၃၀။ မသိတာချင်းတူသော်လည်း
အိုင်ယာလန်နိုင်ငံ ဒပ်ဗလင်မြို့။
ကုမ္ပဏီကြီးတစ်ခုသို့ အုငိယာလန်သားနှင့် အမေရိကန်သားတို့ အလုပ်တစ်ခုကို
ပြိုင်တူလျှောက်ကြသည်။ မကြာမီ အရည်အချင်းကို စစ်ဆေးရန်အတွက် ゞင်းတို့နှစ်ဦးကို
ဆင့်ခေါ်လိုက်သည်။ မေးခွန်း ဆယ်ခုပါသော မေးခွန်းစာရွက်ကို ゞင်းတို့အား ပေးပြီး
စားပွဲတစ်ခုစီတွင် ထိုင်ခိုင်းကာ ဖြေစေသည်။ နှစ်ယောက်စလုံး နံပါတ် (၆) မေးခွန်းကို
မဖြေနိုင်ကြချေ။
ကုမ္ပဏီမန်နေဂျာက အိုင်ယာလန်သားကို ပြောသည်။
ဓကျွန်တော်တို့ ကုမ္ပဏီမှာ အလုပ်လုပ်ချင်တဲ့ ဆန္ဒရှိကြောင်း သိရတဲ့အတွက်
ဝမ်းသာပါတယ်။ ဒါပေမယ့် လစ်လပ်တဲ့ ရာထူးမှာ အမေရိကန်သားကို ခန့်ဖို့ ကျွန်တော်တို့
ဆုံးဖြတ်လိုက်ပါတယ်ဓ
အိုင်ယာလန်သား မကျေမနပ်သံဖြင့် စောဒကတက်ရန် ကြိုးစားသည်။
ဓဘာဖြစ်လို့လဲ ။ ကျွန်တော်တို့ နှစ်ယောက်စလုံး မေးခွန်း ကိုးခုကိုပဲ ဖြေနိုင်တာပဲ။ ဒီနိုင်ငံက
အိုင်ယာလန်နိုင်ငံ။ ကျွန်တော်က အိုင်ယာလန်နိုင်ငံသား။ ဒီ အလုပ်ကို ကျွန်တော်
ပိုမရသင့်ဘူးလား။ဓ
ဓကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်ဟာ အဖြေမှန်တွေအပေါ်မှာ မတည်ပါဘူး။ ခင်ဗျားတို့
နှစ်ယောက်စလုံး မဖြေနိုင်ကြတဲ့ မေးခွန်းပေါ်မှာ တည်ပါတယ်။ဓ
ဓနေပါဦး။ မမှန်တဲ့ အဖြေတစ်ခုဟာ တခြားမမှန်တဲ့ အဖြေတစ်ခုထက် ဘာများ
ထူးခြားနိုင်မှာ မို့လိုလဲဓ
ဓထူးခြားတာ ပြောပြမယ်လေ။ အမေရိကန်သားက နံပါတ်(၆) မေးခွန်းကို ]မသိပါ} လို့
ဖြေတယ်။ ခင်ဗျားက ]ကျွန်တော်လည်း မသိပါ} တဲ့။ဓ
၃၀။ စေတနာအကျိုးပေး
ဦးကပ်စေး ကွယ်လွန်သောအခါ တာသတိံသာသို့ ရောက်လာသည်။ သိကြားမင်းနှင့်
ゞင်း၏လက်ထောက် ဦးကပ်စေးကို လက်ခံ တွေ့ဆုံသည်။
လူတွေအကြောင်း အပြည့်အစုံ ရေးထားသော မှတ်တမ်းစာအုပ်ကို သိကြားမင်းဖွင့်သည်။
ဦးကပ်စေးအကြောင်း ကောင်းတာတခုမှ ရေးထားတာ မတွေ့ချေ။ သိကြားမင်းက မေးသည်။
ဓလူ့ဘဝမှာတုန်းက ကောင်းတစ်ခုခု လုပ်ခဲ့တာ ရှိသလား။ ပြန်စဉ်းစားစမ်းပါဓ
ဦးကပ်စေး အတန်ကြာ စဉ်းစားပြီး ဖြေသည်။
ဓဟုတ်ကဲ့။ ဆင်းရဲ့တဲ့ အဘွားကြီးတစ်ဦးကို ကျွန်တော် ပိုက်ဆံငါးပြား ပေးဖူးပါတယ်ဓ
ဓစဉ်းစားစမ်းပါဦး။ နောက် ကောင်းမှုတစ်ခုခု လုပ်ခဲ့ဖူးသေးသလားလို့ဓ
ဓကျွန်တော် သိပ်တော့ မသေချာဘူး။ နောက်တစ်ယောက်ကိုလည်း
ပိုက်ဆံငါးပြားပေးဖူးတယ် ထင်တာပဲဓ
သိကြားမင်းနှင့် ゞင်း၏လက်ထောက်တို့ တစ်ယောက်ကို တစ်ယောက် အပြန်အလှန်
ကြည့မိကြသည်။ လက်ထောက်ကပြောသည်။
ဓဒီလူကို ဘယ်ပို့ရင် ကောင်းမလဲဓ
ဓသူ့ပိုက်ဆံဆယ်ပြားကို ပြန်ပေးပြီးပြိတ္တာတွေကြား သွားနေပစေဓ