ဒီတစ်ပတ် အင်္ဂါည ကစားကြမယ့် အုပ်စု E,F,G,H တို့မှာ အုပ်စု E က ဘိုင်ယန်မြူးနစ်၊ အုပ်စု F ကချယ်လ်ဆီး၊ အုပ်စု G က ရီးယဲယ်တို့ နောက်တဆင့် တက်ဖို့ သေချာနေပြီ ဖြစ်ပြီး အုပ်စု H တစ်ခုသာ နောက်တစ်ဆင့် တက်မယ့် ၂ နေရာ အတွက် အသင်း ၃ သင်း လုရမယ့် အနေအထား ဖြစ်နေပါတယ်။ ရှေ့က အုပ်စု ၃ ခုမှာ အုပ်စု ပထမ နေရာကိုပါ ကျန်အသင်းတွေ ရဖို့ သိပ်မလွယ် တော့ဘဲ အုပ်စု ဒုတိယ နေရာနဲ့ နောက်တဆင့် တက်နိုင်ဖို့သာ အဓိက မျှော်လင့်ကြရ မှာပါ။ နောက်တစ်ဆင့် မတက်ရင်တောင် တတိယ နေရာနဲ့ ယူရိုပါလိဂ် ၀င်ခွင့်ရအောင် ကြိုးပမ်းရ မှာမို့ အသင်းလတ်တွေ အကြိတ်အနယ် ရှိကြမယ့် သီတင်းပတ်ပါ။
ရိုးမား - ဘိုင်ယန်မြူးနစ်
ကစားမည့် နေ့ရက် - ၂၄-၁၁-၂၀၁၀ (ဗုဒ္ဓဟူးနေ့)
ကစားမည့် အချိန် - ၂း၁၅ (မြန်မာ စံတော်ချိန်)
ကစားမည့်ကွင်း - အိုလံပီကို
နောက်ဆုံး ကစားခဲ့သည့် (၅)ပွဲ ရလဒ်
ရိုးမား - W W W D W
ဘိုင်ယန်မြူးနစ် - W W D W D
ခန့်မှန်းရလဒ်
ရိုးမား ၂-၁ ဘိုင်ယန်မြူးနစ်
ပွဲသုံးသပ်ချက်
၂ သင်း စလုံးဟာ နောက်ဆုံး ၅ ပွဲမှာ ရှုံးပွဲ မရှိခဲ့ကြ သူတွေ ဖြစ်ပါတယ်။ ရိုးမား အနေနဲ့ ဂျာမန်မြေမှာ ပထမ အကျော့ တွေ့ဆုံစဉ်က ရှုံးနိမ့်ခဲ့ပြီး ဒုတိယ နေရာ အတွက် ဘေဆယ်၊ ကလုဂ်ျ တို့ရဲ့ ခြိမ်းခြောက်မှုကို ခံနေရ ပါတယ်။ ရိုးမား အသင်း အနေနဲ့ ၄ ပွဲ ကစား အပြီး သွင်းဂိုး ၆ ဂိုးနဲ့ ပေးဂိုး ၈ ဂိုးဆိုတဲ့ အနေအထားဟာ စိုးရိမ်ဖွယ်ရာပါ။ ဘိုင်ယန်ကတော့ နောက်တဆင့် တက်ဖို့ သေချာသွားပြီ ဖြစ်ပြီး အုပ်စု ပထမ နေရာ အတွက်ပါ သေချာသလောက် ဖြစ်နေလို့ ဒီပွဲကို သိပ်အလေး ထားမယ် မထင်ပါဘူး။ ဂိုမက်ဇ် ခြေစွမ်းပြ ဂိုးတွေ သွင်းပေး နေလို့ တိုက်စစ် ထက်မြက်နေတဲ့ ဘိုင်ယန်ကို ရိုးမားတို့ ခက်ခက်ခဲခဲ ရင်ဆိုင်ရနိုင် ပါတယ်။ ဒါပေမယ့် ဒီပွဲ ရလဒ် ကောင်းမှ နောက်တစ်ဆင့် အတွက် အခြေအနေ ကောင်းမှာမို့ အိမ်ရှင် ရိုးမားတို့ အနည်းဆုံး သရေ တစ်မှတ် ရအောင် ကစားပါ လိမ့်မယ်။
ချယ်လ်ဆီး - ဇီလီနာ

ကစားမည့်ကွင်း - စတန်းဖို့ဒ် ဘရစ်ဂ်ျ
နောက်ဆုံး ကစားခဲ့သည့် (၅)ပွဲ ရလဒ်
ချယ်လ်ဆီး - W L W L L
ဇီလီနာ - L W W W L
ခန့်မှန်းရလဒ်
ချယ်လ်ဆီး ၂-၀ ဇီလီနာ
ပွဲသုံးသပ်ချက်
ဇီလီနာဟာ ဒီအုပ်စုမှာ အားအနည်းဆုံး အသင်း ဖြစ်နေသလို ယူရိုပါ မျှော်လင့်ချက်တောင် မရှိသလောက် ဖြစ်နေတဲ့ အသင်းပါ။ နောက်တစ်ဆင့် တက်သွားပြီ ဖြစ်တဲ့ ချယ်လ်ဆီး အနေနဲ့ ဒီပွဲမှာ အဓိက ကစားသမား လူစုံမထုတ် ခဲ့ရင်တောင် ၃ မှတ်အပြည့် ရနိုင်ပါတယ်။ နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲ ရှုံးထားတဲ့ ချယ်လ်ဆီးတို့ ဒီပွဲ အနိုင် ကစားပြီး ဖိအား လျော့သွားအောင် ဖန်တီးပါ လိမ့်မယ်။
အေဂျက် - ရီးယဲယ်

ကစားမည့်ကွင်း - အမ်စတာဒမ်
နောက်ဆုံး ကစားခဲ့သည့် (၅)ပွဲ ရလဒ်
အေဂျက် - L L W L D
ရီးယဲယ် - D W W W W
ခန့်မှန်းရလဒ်
အေဂျက် ၂-၂ ရီးယဲယ်
ပွဲသုံးသပ်ချက်
ဟော်လန် ပြည်တွင်းလိဂ်မှာ အခြေအနေ သိပ်မကောင်းတဲ့ အေဂျက်ဟာ ချန်ပီယံလိဂ် မှာလည်း အုပ်စု အောက်ဆုံးကို ရောက်နေပါတယ်။ နောက်တဆင့် တက်ဖို့ မျှော်လင့်ချက် မကုန်သေးဘူး ဆိုပေမယ့် ၄ ပွဲမှာ ၁ ပွဲသာ နိုင်ထားတဲ့ သူတို့ ခြေစွမ်းနဲ့ ကတော့ ခက်ခဲ နိုင်ပါတယ်။ ရီးယဲယ်က နောက်တဆင့် တက်ပြီလို့ ဆိုနိုင်ပေမယ့် အုပ်စု ပထမ နေရာအတွက် ရာနှုန်းပြည့် မသေချာ သေးပါဘူး။ ဒီပွဲမှာ အနိုင်ရသွားရင် နောက်ဆုံးပွဲ ဘယ်လို ရလဒ် ထွက်ထွက် အရေးမပါ တော့ပါဘူး။ ဒါကြောင့် ခြေစွမ်း အထွဋ်အထိပ် ရောက်နေတဲ့ ရီးယဲယ်တို့ အေဂျက်ကွင်းမှာ အနည်းဆုံး သရေ တစ်မှတ် ရအောင် ယူပါလိမ့်မယ်။
ဘရာဂါ - အာဆင်နယ်

ကစားမည့်ကွင်း - အက်စတာဒီယို AXA
နောက်ဆုံး ကစားခဲ့သည့် (၅)ပွဲ ရလဒ်
ဘရာဂါ - D L D L L
အာဆင်နယ် - L L W W L
ခန့်မှန်းရလဒ်
ဘရာဂါ ၀-၂ အာဆင်နယ်
ပွဲသုံးသပ်ချက်
ဘရာဂါ အသင်းဟာ အုပ်စု ပထမ နေရာ အထိအောင် မျှော်လင့်ချက် ရှိနေသေး ပေမယ့် လတ်တလော ခြေစွမ်းက တော်တော်လေး ယိမ်းယိုင် နေပါတယ်။ ပြည်တွင်းလိဂ်မှာ အဆင့် ၁၀ ထိအောင် ရောက်နေပြီး နောက်ဆုံး ၅ ပွဲ နိုင်ပွဲမရခဲ့ ပါဘူး။ နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲ ရှုံးထားတဲ့ အာဆင်နယ် အနေနဲ့လည်း ဒီပွဲကို အနိုင်မရ ခဲ့ရင် အုပ်စု ပထမ နေရာ သာမက အုပ်စု တက်ရေး အတွက်ပါ စိုးရိမ်စရာ အနေအထား ရှိပါတယ်။ ဘရာဂါ ကွင်းမှာ ဖြစ်ပေမယ့် အာဆင်နယ် အတွက် အရေးကြီး နေတဲ့ အချိန် ဖြစ်တာကြောင့် ဧည့်သည် အသင်းပဲ အနိုင်ရအောင် ညှစ်ကစား သွားပါလိမ့်မယ်။
အခြားပွဲစဉ် ခန့်မှန်းချက်များ
စပါးတပ် - မာဆေးလ် (ကလောင်ရှင် အကြိုက် - မာဆေးလ်)
ဘေဆယ် - ကလုဂ်ျ (ကလောင်ရှင် အကြိုက် - ဘေဆယ်)
အော်ဇေး - မီလန် (ကလောင်ရှင် အကြိုက် - မီလန်)
ပါတီဇန် - ရှက်တာဒိုးနတ် (ကလောင်ရှင် အကြိုက် - ရှက်တာဒိုးနတ်)

credit soccermyanmar