ပထမဆုံး http://www.metacafe.com/ ကိုသွားပါ။အပေါ်ဒေါင့်မှာ register ဆိုတာရှိပါတယ်။ဖွင့်လိုက်ပါ။
ဒါကတော့ register ဖေါင်လေးပါ။လိုအပ်တာလေးတွေ ဖြည့်ပေးလိုက်ပါ။ဖြည့်ပြီးရင် create Account
ကို ကလစ်ပေးလိုက်ပါ။
ဒါက ဖေါင်ဖြည့်ပြီးလို့ ကိုယ်ဖြည့်လိုက်တဲ့အီးမေးလ်အစစ်အမှန်ဟုတ်မဟုတ်စစ်ဆေးဖို့ပါ။resend လုပ်
ပေးလိုက်ပါ။
ပြီးရင် ကိုယ်မေးလ်ကိုသွားပြီးတော့ စစ်ဆေးပြီး ပေးထားတဲ့ လင့်လေးကို ဖွင့်လိုက်ပါ။
ဒါက သူပေးထားတဲ့လင့်ကို ဖွင့်လိုက်တာနဲ့ ကိုယ့်အကောင့်က အော်တို sign in ဖြစ်နေမှာပါ။
အခုသုံးပုံသုံးနည်းရှင်းပြပါမယ်။မိမိ channel မှာ ဘယ်လို ဗီဒီယိုတွေ တင်ရမလဲဆိုတာ ပြပေးပါမယ်။
ပထမဆုံး မိမိအကောင့်နာမည်ရဲ့ဘေးက မြှားလေးကို ကလစ်လိုက်ရင် My channels,Account Settingsစတာတွေ ပေါ်လာပါမယ်။My channels ကိုသွားလိုက်ပါခင်ဗျာ။ဒါက ပထမဆုံးစသုံးတဲ့ သူအတွက်ပါ အခု ဘာမှ တင်မထားပါဘူး။Submit New Videos ကနေ ကိုယ်တင်ချင်တဲ့ ဗီဒီယိုဖိုင်ကို တင်ပေးလိုက်ပါ။ဒီနည်းနဲ့မသုံးရင်လဲ မိမိအကောင်းနာမည်ဘေးက Upload ဆိုတာလေး နိုပ်ပြီး တင်လို့ရပါတယ်။
ဒါက My channels ပုံလေးပါ။အောက်က ပုံကတော့ မိမိတင်ချင်တဲ့ ဖိုင်ကို ရွေးချယ်ခိုင်းတာပါ။
Choose a Video File to Upload ဆိုတာလေးကို နိုပ်ပြီး ကိုယ်တင်ချင်တဲ့ဖိုင်ကိုရွေးချယ်တင်နိုင်ပါပြီ။
ဒါကတော့ မိမိတင်တဲ့ဖိုင်အတွက် နာမည်နဲ့ထည့်ချင်တာလေးတွေ ထည့်ပေးဖို့ပါ။ထည့်ပြီးရင် Save လုပ်လိုက်ပါ။
တင်လိုက်ပြီဆိုရင် Submitted ထဲကို ရောက်သွားပါလိမ့်မယ်။မိမိchannel ထဲကို ထည့်ချင်ရင် Add to Channels ကို နိုပ်ပေးလိုက်ပါ။
မိမိChannels ကိုသပ်သပ်ကြည့်ချင်တယ်ဆိုရင်တော့ အပေါ်က View Channel As other see it ကို နိပ်ပေးလိုက်ပါ။
မသိသေးတဲ့သူများအတွက် အဆင်ပြေပါစေခင်ဗျာ။