13 Jan 11, 12:43 PM
မမ: ကျွှန်မချစ်သူနဲံ့အမြန်ဆုံးလက်ထပ်ချင်တယ် သူချစ်လားမချစ်လားဆိုတာသိရအောင်ဘယ်လိုလုပ်ရမလဲရှင်မမ: သူက၀န်ထမ်းပါ အမြဲတမ်းမတွေ့ဖြစ်ပါဘူး ယုံရပါ့မလားရှင်
...........................................................................................................................................................
မမ မေးထားတဲ့လူမူ့ရေးမေးခွန်းလေးကို ဧကရီ သိသလောက် ဥာဏ်မှီသလောက်ဖြေပေးလိုက်ပါတယ်နော်။
မမမေးတဲ့မေးခွန်းက လွယ်မလိုလိုနဲ့ ဘ၀တစ်ခုလုံးနဲ့ဆိုင်တဲ့ ကိစ္စမို့ ရှေးစကားအဆိုတစ်ခုလည်းရှိတယ်လေ။
အိမ်ထောင်မှူ့ ။ဘုရားတည်။ ဆေးမှင်ကြောင်စုပ်ထိုး ထိုသုံးမျိုး ချက်မပိုင်လျှင် နောင်ခါပြင်မရ တဲ့။
ဒီစကားလေးဟာ အဓိက က မိန်းခလေးတွေအတွက် တကယ့်ကို ချင့်ချိန်စဉ်းစားရမယ်ဆိုတဲ့သဘောပါပဲ။
အကြံပေးကောင်းလို့ ဧကရီကြောင့် ဆိုရင်တော့ ပြေးပေါက်မှားမှာလဲစိုးရိမ်ရသေးတယ်လေ...:D
မမ: ကျွှန်မချစ်သူနဲံအမြန်ဆုံးလက်ထပ်ချင်တယ် သူချစ်လားမချစ်လားဆိုတာသိရအောင်ဘယ်လိုလုပ်ရမလဲရှင်
အဖြေ..
ဒီမေးခွန်းက မမက မမချစ်သူကို အမြန်ဆုံးလက်ထပ်ချင်တယ်ဆိုတော့ ချစ်သူတစ်ယောက်ကို နှစ်ဦးနှစ်ဖက်မိဘ
အသိုင်းအ၀ိုင်းကိုသေချာ လေ့လာပြီးပြီ။သူကလည်း ကိုယ့်အပေါ်လိုလိုလားလားရှိမယ် မိသားဖသားပိပိ တောင်းရမ်းပြော
ဆိုပြီးပြီ ဆိုရင်တော့ လက်ထပ်လိုက်ပါနော်။တကယ်လို့ အဲလိုမှမဟုတ် အခြေအနေအရပ်ရပ်ကြောင့် ဆိုရင်တော့
မမ ကိုယ်တိုင်ပဲစဉ်းစားဆုံးဖြတ်သင့်ပါတယ်။
သူချစ်လားမချစ်လားဆိုတာသိရအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့မေးခွန်းကျတော့ ..
ခက်တော့အခက်သား..လူတစ်ယောက်ရဲ့  အချစ်ကို သိအောင်လုပ်ရမယ်တာက မမရယ်..
လျှာ မှာအရိုးမှမပါတာ မချစ်တာကိုချစ်တယ်ပြောလို့လဲရတယ်..မမုန်းတာကို မုန်းတယ်ပြောလို့လဲရတယ်လေ။မေ့နေတာကို
လွမ်းလိုက်တာ ချစ်ရယ်..စားမ၀င်အိပ်မပျော်ဖြစ်နေတယ်လို့ ပလိပြောပြီးပြောရင်လည်းရတာပဲလေ..
တစ်ခုတော့ အကြံပေးချင်ပါတယ်မမ .သူချစ်မချစ်သိချင်ရင် စကားထဲက ဇာတိပြ ဆိုတဲ့စကားပုံလေးလိုပေါ့
သူကိုယ့်အပေါ်ဘယ်လိုတန်ဖိုးထားလဲ ဘယ်လောက်အထိရည်ရွယ်ပြီးချစ်သလဲဆိုတာသိအောင်လုပ်ချင်ရင်တော့.
မမ ချစ်သူနဲ့ မမစကားများများပြောပေးပါ..အချစ်အကြောင်း နောင်ရေးအကြောင်းတိုင်ပင်ကြည့်ပါ..
မမ ချစ်သူနဲ့ မမစကားများများပြောပေးပါ..အချစ်အကြောင်း နောင်ရေးအကြောင်းတိုင်ပင်ကြည့်ပါ..
မမ ချစ်သူရဲ့  အမူအရာနဲ့ ပြောဆိုပုံက မမအပေါ် ပေါ့ပျက်ပျက်ဆိုရင်တော့ သူမချစ်လို့ဆိုတာ သိလိုက်ပါမမ..
ဒီနည်းလေးက လူကဲခတ်နည်းလေးပေါ့...မမှားနိုင်ပါဘူးမမ..
ဒီနည်းလေးက လူကဲခတ်နည်းလေးပေါ့...မမှားနိုင်ပါဘူးမမ..
မမ: သူက၀န်ထမ်းပါ အမြဲတမ်းမတွေ့ဖြစ်ပါဘူး ယုံရပါ့မလားရှင်
အဖြေ..
မမ ချစ်သူက၀န်ထမ်း အမြဲမတွေ့ဖြစ်ဘူး ယုံရပါ့မလား ဆိုတော့ အမှန်ပြောရရင်...
စကားပုံတစ်ခုပြန်ထောက်ပြအုံးမယ်နော် မမ..
ကိုယ့်ဒူးကိုတောင် မယုံနဲ့ တဲ့..အဲလိုပဲဧကရီ အကြံပြုချင်တာကတော့..
အချစ်ရေးထက် အိမ်ထောင်ရေးကိုတော့ မျက်စိနဲ့မရွေးပဲ နားနဲ့ရွေးစေချင်ပါတယ်
မမဖက်က မမေးရပဲ မမချစ်သူဖက်ကနေပဲတကယ်လို့ ကိုယ်က မိဘတွေကိုဖွင့်ပြောဖို့နောက် လက်ထပ်ဖို့ငွေစုဖို့
အဖြေ..
မမ ချစ်သူက၀န်ထမ်း အမြဲမတွေ့ဖြစ်ဘူး ယုံရပါ့မလား ဆိုတော့ အမှန်ပြောရရင်...
စကားပုံတစ်ခုပြန်ထောက်ပြအုံးမယ်နော် မမ..
ကိုယ့်ဒူးကိုတောင် မယုံနဲ့ တဲ့..အဲလိုပဲဧကရီ အကြံပြုချင်တာကတော့..
အချစ်ရေးထက် အိမ်ထောင်ရေးကိုတော့ မျက်စိနဲ့မရွေးပဲ နားနဲ့ရွေးစေချင်ပါတယ်
ယုံရပါ့မလားဆိုတာက မမ အနေနဲ့ မမချစ်သူကို ရှေ့ရေးများများပြောကြည့်
သူ့ဘက်က ကိုယ့်အပေါ် တကယ်တန်ဖိုးမထားဘူးဆိုရင် ကိုယ်ဆွေးနွေးတာကိုအလေးမထားလုပ်လိမ့်မယ်။
အချိန်ရွေ့ နေမယ် ဟိုအကြေင်းပြ ဒီအကြောင်းပြလုပ်နေမယ်ဆိုရင်တော့ သိပ်မယုံရတော့ပါဘူး...
မမဖက်က မမေးရပဲ မမချစ်သူဖက်ကနေပဲတကယ်လို့ ကိုယ်က မိဘတွေကိုဖွင့်ပြောဖို့နောက် လက်ထပ်ဖို့ငွေစုဖို့
နောက်လက်ထပ်ရင်ဘယ်လိုလက်ထပ်မယ်ဘယ်အချိန်လောက်မှန်းထားတာတွေ
အဲဒါတွေမေးလာမယ် ပြောလာမယ်ဆိုရင် သူ့ကိုတစ်ဝက်လောက်ယုံလို့ရပါပြီ မမ
အဓိက ကတော့ မမအပေါ်ထားတဲ့ သူရဲ့ ရည်မှန်းချက်နဲ့တကယ်ကိုယ်နဲ့လက်ထပ်ဖို့သေချာဆွေးနွေးလာတယ်ဆိုရင်တော့ ဒါသူကိုယ့်အပေါ်တန်ဖိုးထားတယ်လို့ ဆုံးဖြတ်လို့ရပါတယ်
အကောင်းဆုံးက အချိန်ကိုအရမ်းလဲမလွန်စေနဲ့ဆန္ဒလဲမစောနဲ့သင့်တော်ပြီထင်မှလက်ထပ်ပါ
စိတ်မချလို့ဇွတ်လုပ်ရင်တစ်သက်လုံစိတ်မချဖြစ်ရမှာသူတကယ်ချစ်ရင် ဝေးနေလဲ ချစ်နေမှာဘဲ
ဘယ်လောက်ဝေးဝေး အချစ်နဲ့နီးနေပါလိမ့်မယ်
ဆန္ဒမစောစေချင်ပါဘူး..
အဓိက ကတော့ မိဘတွေစိတ်ချမ်းသာ ဖို့လည်းထည့်စဉ်းစားရင်း ချစ်သူနှစ်ဦး အမြန်ဆုံးနီးနိုင်ပါစေလို့
ဧကရီ ဆုတောင်းပေးနေပါ့မယ်.....
***ဧကရီ***
အဓိက ကတော့ မိဘတွေစိတ်ချမ်းသာ ဖို့လည်းထည့်စဉ်းစားရင်း ချစ်သူနှစ်ဦး အမြန်ဆုံးနီးနိုင်ပါစေလို့
ဧကရီ ဆုတောင်းပေးနေပါ့မယ်.....
***ဧကရီ***