၂ဝဝ၉ ခုနှစ် အတွက် မြန်မာ့ ရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲ အခမ်းအနားကို နေပြည်တော် စည်ပင်သာယာရေး ကော်မတီ၊ နေပြည်တော် မြို့တော် ခန်းမရှိ ကဇာတ်ရုံ စင်မြင့်တွင် ယနေ့ ကျင်းပမည် ဖြစ်ကြောင်း နေပြည်တော် စည်ပင် သာယာရေး ကော်မတီမှ သိရသည်။ ၂ဝဝ၉ ခုနှစ် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုများ အတွက် ၂ဝဝ၉ ခုနှစ်တွင် ရုံတင် ပြသ ခဲ့သော မြန်မာ ရုပ်ရှင် ဇာတ်ကား ၁၆ ကားကို ရွေးချယ် ထားပြီး စိစစ် အကဲဖြတ်လျက် ရှိကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ သိရသည်။ အဆိုပါ ၂ဝဝ၉ ရုံတင် ဇာတ်ကား ၁၆ ကားမှ ရုပ်ရှင် ထူးချွန် အကယ်ဒမီ ဆုများ အတွက် တန်းဝင်သော ရုပ်ရှင် ဇာတ်ကား များကို ပဏာမ အဖြစ် ရွေးချယ် ထားပြီး ၄င်းတို့ အနက် ပရိသတ် အကြိုက် ရိုက်ကူး ထားသော ဟာသ ဇာတ် ကား များလည်း ပါဝင်ကြောင်း၊ ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ရိုက်ကူး ထားမှု၊ သရုပ်ဆောင်များ၏ သူ့နေရာနှင့်သူ အံဝင်ခွင်ကျ ပီပြင်စွာ သရုပ်ဆောင်မှုများ အပြင် အခြား ရုပ်သံ ဖန်တီးမှု များကို လည်း အကဲ ဖြတ်ရေး အဖွဲ့မှ စိစစ် ရွေးချယ် အကဲဖြတ် နေကြောင်း သိရသည်။ ၂ဝဝ၉တွင် ရုံတင် ပြသခဲ့သော ရုပ်ရှင် ကားများမှာ ရှော့ရှိတဲ့ အချစ်၊ ဝါဆို ဖယောင်းတိုင်၊ မာမီရှိန်း၊ သူငယ်ချင်း ယောက္ခမ၊ ဟော့ရှော့ ၂၊ ချစ်လို့ စတာ၊ ယောက္ခမနှင့် တစ်ထောင့်တစ်ည၊ ဇော်က ကနေသည်၊ ချစ်ကံပွင့်နှင့် မချော လေးဆယ်၊ အတိတ်၏ အရိပ်၊ ကျောက်စက်ရေ၊ မိုးည အိမ်မက်မြူ၊ ပင်လယ်ကို ဖြတ်၍၊ ကြိုးကြာ တောင်ပံ ခတ်သံ၊ အတည်ပေါက်နဲ့ နောက်တဲ့လူ၊ အချစ်ဟု အဓိပ္ပာယ် သက်ရောက်ခြင်း မရှိစေရ စသည့် ရုပ်ရှင် ဇာတ်ကားများ ဖြစ်ကြောင်း သိရသည်။
အွန်လိုင်းမှ ကြည့်ချင်သူများ http://burmeseclassic.com/ တွင် မြန်မာစံတော်ချိန်ညနေခြောက်နာရီမှစတင်ကြည့်ရှူနိုင်ပါပြီခင်ဗျာ။