အများအမြင်လေးတစ်ခု
ပိုင်ရှင် ပိုင်ရှင် .နဲ့ ရှင်တွေအကြောင်းလေ
အကြွားတွေ အများတွေကြား တရားသဘော အတွေးတစ်ခုနဲ့
ဘယ်သူကစပြီး မိုက်တွင်းနက်စွာရိုက်သွင်းသွားပါလိမ့်နော်
တိုက်ရှင် ကားရှင် မြေပိုင်ရှင်
ဟော..သားရှင် သမီးရှင် လင်ရှင် မယားရှင်နဲ့
အဖေရှင် အမေရှင်တွေပါမကျန် သားမက်ရှင် ချွေးမရှင်လည်း
ပါလိုက်သေးတယ်..အဲဒီရှင်တွေအကြောင်း..ဘယ်လိုပဲအမည်ပြောင်းပြောင်း
တို့များအပါအ၀င် တနေ့နေ့ တချိန်ချိန်
ရှင်တွေအားလုံး လယ်ဝေးရောက် ထိန်ပင်ရောက်
နောက်ဆုံး မြေကြီးထဲ ရောက်မှာပဲမဟုတ်လား..အဲဒီတော့မှ
ရှင်တကာ့ရှင် ဘယ်ပိုင်ရှင်က အမြတ်ဆုံးရယ်လို့ ဆုံးဖြတ်ရမယ်ဖြင့်
ကိုကိုယ့်ကိုယ်သာ အသာလေးနိုင်းပါရစေလား
မသာရှင် ဖြစ်ခဲ့စေအုံး
ဘယ်သူတွေက မသာရှင်ရယ်လို့ နာမည်ခံရအုံးမယ်ပါ့နော်
အဲဒီတော့မှ မသာရှင်ရယ်လို့
ကျမ မသာကသာလျှင် အမြတ်ဆုံးပါတကားလို့.
***ဧကရီ***