ဒီနေ့မနက် ဧကရီမရှိလို့ ပျင်းနေတာနဲ့ google streetview လေးဖွင့်ပြီး လျှောက်ကြည့်မိတယ်။အခုဆို
streetview က နိုင်ငံတချို့ကို ကြည့်လို့ရနေပါပြီ။အမေရိကန်၊သြစတေးလျ၊ဂျပန်၊တောင်အာဖရိကနဲ့
ဥရောပတိုက်က နိုင်ငံတော်တော်များများကို ကြည့်လို့ရနေပါပြီ။ကိုယ်မရောက်ဖူးတဲ့ နိုင်ငံကို ကိုယ်တိုင်ရောက်ရှိသွားသလို လှည့်ပတ်ကြည့်ရှုနိုင်ပါတယ်။သိပြီးတဲ့သူများလဲ သိပြီးဖြစ်မှာပါ။မသိသေးတဲ့သူတွေ ကြည့်လိုက်နော်။နိုင်ငံတစ်ခုရဲ့ ယဉ်ကျေးမှု၊လှုမှုဘ၀မြင်ကွင်းတွေကို ရှင်းရှင်းလင်းလင်း မြင်သိရတာပေါ့။
ပထမဆုံး http://www.google.com/intl/en_us/help/maps/streetview/ ဆိုတဲ့ လင့်လေးကိုဖွင့်လိုက်ပါ။
Try Street View on Google Maps ဆိုတာလေးကို နိုပ်ပေးလိုက်ပါ။အောက်ပုံအတိုင်း ကြည့်ချင်တဲ့ နေရာများကို ကြည့်နိုင်ပါပြီ။အောက်ကပုံက လန်ဒန်မြို့က ပုံလေးတပုံပါ။