Cache memory (ကက်ရှ် မှတ်ဥာဏ်) ဆိုတာကတော့ ကွန်ပျူတာ တစ်လုံးရဲ့  CPU လို့ခေါ်တဲ့ အဓိက တွက်ချက်မှု ချစ်ပ်ကြီး နဲ့ RAM လို့ခေါ်တဲ့ ယာယီမှတ်ဥာဏ် တို့ကြားမှာ ဒေတာ အချက်အလက်များ ပေးပို့ တွက်ချက်မှုနှုန်းကို ပိုမြန်လာအောင် သူတို့နှစ်ခုကြားမှာ ထည့်ပေးထားတဲ့ မြန်နှုန်းမြင့် မှတ်ဥာဏ်တစ်ခု ဖြစ်ပါတယ်။ CPU ပရော်ဆက်ဆာကြီးနားမှာ ထားရှိပါတယ်။ ကက်ရှ် မှတ်ဥာဏ် အဆင့် (၃)မျိုးရှိပါတယ်။
(၁) L1 ကက်ရှ် ဟာ အမြန်ဆုံးဖြစ်ပြီး CPU ထဲမှာ တခါထဲ ထည့်သွင်းတည်ဆောက်ထားပါတယ်။ မှတ်ဥာဏ် ပမာဏက 8KB မှ 64KB ထိရှိပါတယ်။ မြန်နှုန်းမြင့် SRAM (static RAM) နည်းစနစ်ကို အသုံးပြုပါတယ်။ (အဓိကမှတ်ဥာဏ် သုံးတဲ့စနစ်က DRAM - dynamic RAM နည်းစနစ်ပါ။ သူက ပိုနှေးပြီး ကုန်ကျစရိတ် ပိုနည်းပါတယ်)။ Intel Celeron processor က 16KB L1 cache နှစ်ခု အသုံးပြုပါတယ်။ တစ်ခုက instructions ညွန်ကြားခိုင်းစေချက်များ အတွက် ဖြစ်ပြီး အခြားတစ်ခုကတော့ ဒေတာ data အတွက် ဖြစ်ပါတယ်။
(၂) L2 ကက်ရှ် ကို L1 နဲ့ RAM ကြားမှာ ထားရှိပါတယ်။ (processor-L1-L2-RAM) L1 ကက်ရှ် ထက်ပိုကြီးပါတယ်။ ပုံမှန်အားဖြင့် 64KB မှ 4MB ထိရှိပါတယ်။
(၃) L3 ကက်ရှ် က အခုခေတ်မှာ မသုံးတော့ပါဘူး။ သူ့ရဲ့ အလုပ်တွေကို L2 ကက်ရှ် ကအစားထိုးသွားပါပြီ။ L3 ကက်ရှ်ဟာ မားသားဘုတ်ပေါ်မှာ တည်ရှိပြီး RAM နဲ့ L2 ကက်ရှ် ကြားမှာ ရှိပါတယ်။
ကွန်ပျူတာ တစ်လုံးမှာ အချက်အလက်များ ရယူဖို့ အရင်ဆုံး L1 မှာ ရှာပါတယ်။ အဲဒီမှာ မရှိရင် L2 မှာရှာတယ်။ L2 မှာမရှိရင် L3 မှာ ရှာတယ်။ L3 မှမရှိရင် RAM မှာရှာပါတယ်။ မကြာခဏ အသုံးပြုနေရတဲ့ အချက်အလက်တွေကို L1 L2 ထဲမှာ ခေတ္တသိမ်းဆည်းထားခြင်းဖြင့် မြန်နှုန်းမြင့်အောင် ဖန်တီးထားတဲ့ မှတ်ဥာဏ် နည်းစနစ် ဖြစ်ပါတယ်။
ပျော်ရွှင်ပါစေဗျာ...