zaw: ဓါတ်ပုံသေးသေးလေးတွေကိုပုံကြီးချဲ.ကြည်.တဲ.ဟာက ဘယ်လိုလုပ်၇တာပါလဲ။ဒေါင်းလိုက်တော့real playerထဲေ၇ာက်သွားပြီး ဖွင်.လို.လဲမ၇ဘူး။ဘယ်လိုသုံး၇ပါသလဲ ၇ှင်းပြပေးပါလား။အားလုံးပျော်နိုင်ကြပါစေ။
cbox မှာ ကိုဇော်မေးထားတာကို ပြန်ကြားပေးခြင်းဖြစ်ပါတယ်။
မိမိတို့ရဲ့ ပုံတွေ သေးငယ်နေရင် အကြီးချဲ့ ကြည့်တဲ့ ဆော့(ဖ)၀ဲ လေးပါ။ ပုံကို ၀ါးမသွားအောင် ပြန်လည်ပြုပြင် ချိန်ညှိပေးပါတယ်။
အဲဒီ ဆော့(ဖ)၀ဲ လေးကို ဒီနေရာလေးမှာ ပို့စ် တင်ပေးပြီးဖြစ်ပါတယ်။ အရင်ဆုံး ဒေါင်းလိုက်ပါ။ (ဥပမာ ထိပ်ဆုံးက Mediafire လင့်မှ)။ .rar ဖိုင်လေး ရရှိလာပါမယ်။ အဲဒါကို Double Click လုပ်လိုက်ပါ။
ပြီးရင် ပေါ်လာတဲ့ PhotoZoom_Pro_Portable_4.0.6_Multilingual ဆိုတဲ့ ဖိုလ်ဒါလေးကို Double Click လုပ်ပါ။ ဆက်ပြီးတော့ PhotoZoomPortable.exe ဆိုတဲ့ ဖိုင်လေးကို ဖွင့်ပါ။
ဒါဆိုရင် အဲဒီ ဆော့(ဖ)၀ဲလေး ပွင့်လာပါမယ်။ မိမိဖွင့်လိုတဲ့ ဖိုင်ကို File-->Open ဖြင့် မီနူးမှ ဖွင့်ယူပါ။

ကျွန်တော်တို့ ပုံကို ၄ဆ ချဲ့ ကြည့်ပါမယ်။ New size မှာ မူလ 100.0 ရာနှုန်းအစား 400.0 လို့ ပြင်ရိုက်ပေးလိုက်ပါ။ (အနီနဲ့ ၀ိုင်းပြထားပါတယ်)။

ဒါဆိုရင် ပုံလေးဟာ ၀ါးမသွားပဲ ၄ဆ ကြီးလာပါမယ်။ ကျန်တဲ့အပိုင်းတွေကို ဆက်လက် စမ်းသပ်ကြည့်ပါ။

ပျော်ရွှင်ပါစေ။ :)









