မိမိတို့ရဲ့ ဘလော့(ဂ်) ပို့စ်တွေမှာ နောက်ခံပုံလေးတွေ ထည့်သွင်းနိုင်ပါတယ်။ ပို့စ် တစ်ခုနဲ့ တစ်ခု မတူအောင်လည်း ထည့်နိုင်ပါတယ်။ ဒီလိုလုပ်ပါ-
(၁) မိမိပို့စ်ရဲ့ ထိပ်ဆုံးမှာ ရေးဖို့က
<div style="background:url(http://people.ucsc.edu/~mgalarz1/nature.gif) no-repeat;">
ဖြစ်ပါတယ်။ ကွင်းစ၊ ကွင်းပိတ်ထဲမှာ မိမိထည့်သွင်းလိုတဲ့ ပုံရဲ့ လိပ်စာထည့်ပါ။ ပုံက သေးနေလို့ ထပ်ခါတလဲလဲပေါ်စေချင်ရင်တော့ no-repeat ဆိုတဲ့စကားလုံးအစား repeat ဆိုတဲ့စကားလုံးကို ရေးပါ။
(၂) မိမိပို့စ် ရဲ့ အောက်ဆုံးမှာ ဒါကိုရေးပါ-
</div>
ဒါဆိုရင် မိမိပို့စ်မှာ နောက်ခံပုံလေး ပေါ်လာပါမယ်။
သတိပြုဖို့က နောက်ခံပုံရဲ့ အရောင်တွေနဲ့ မိမိပို့စ် စာသားတွေရဲ့ အရောင်တွေ ကွဲကွဲပြားပြားဖြစ်မှ ဖတ်ရလွယ်ပါမယ်။
ပျော်ရွှင်ပါစေ။ :)