ဒီမနက်..ဧကရီ သိပ်နေမကောင်းတာနဲ့ ဘာလုပ်စားရမလဲ လို့ စဉ်းစားရင်း
ကော်ဖီတစ်ခွက်စာလောက်ကို ကော်ဖီနှပ်အိုးလေးထဲ ထည့်နှပ်နေတုံး စိတ်က
မနက်စာလေးကို ဘာလုပ်စားရရင် ကောင်းနိုးနိုးပေါ့..:P
ဒါနဲ့ မီးဖိုထဲ အရံသင့်ရှိနေတဲ့ ပေါင်မုန့်လေးကို ကင်စက်လေးနဲ့ ကင်နေရင်း
sandwish လေး လုပ်စားဖြစ်လိုက်တယ်လေ..:D
ဧကရီ ရဲ့ မတတ်တခေါက်လက်ရာလေးဖြစ်တဲ့ လုပ်နည်းလေးလည်း မျှဝေချင်တာနဲ့ ရေးပေးလိုက်တယ်နော်.
ပထမဆုံး ပေါင်မုန့်လေးကို အနေတော် အချပ်လေး လှီးရပါမယ်.။
ပေါင်မုန့်ရဲ့ ဘေးနုတ်ခမ်းသားတွေ ကို လေးတောင့်ကျကျ လေးလှီးလိုက်မယ်။
နောက် ပေါင်မုန့် မီးကင်စက်လေးနဲ့ ကင်လိုက်မယ်။
နောက် လိုအပ်တဲ့ ပစ္စည်းလေးဖြစ်တဲ့ mayonnaise လေးကို ဟင်းခပ်ဇွန်းတစ်ဇွန်းစာလောက်ကို
ဟင်းပန်းကန်လေးထဲ ခပ်ထည့်ပြီး မြန်မာပါးစပ်နဲ့ ကိုက်ညီအောင် ဘာတွေထည့်မလဲဆိုတော့
ကြက်သားမှုန့် အနည်းငယ်..ငရုပ်ကောင်းမှုန့် လေးအနည်းငယ် ထည့်ရပါ့မယ်။
နောက် budder ကို ဓါးပါးပါးလေးနဲ့ ခပ်ယူ ပြီး ပေါင်မှုန့်မီးကင်လေးမှာ နေရာအနှံ့ သုတ်
လိမ်းပေးရပါ့မယ်။အဆီဗူး နဲ့ မဟုတ်ဘဲ အချပ်လေးတွေနဲ့ ထည့်လည်းရပါတယ်။
နောက်တမျိုးက ပေါင်မှုန့်ကို မီးမကင်ပဲ အဖြူထည်လုပ်စားရင်လဲ ရပါတယ်။
ပေါင့်မှုန့် အပြားလေးတွေမဟုတ်ပဲ အလုံးလေးတွေဆိုရင်တော့ အလျှားလိုက်
ပေါင်မှုန့်ရဲ့ ၀မ်းပိုက်သား အလည်လောက် ကနေလှီးပေးရပါ့မယ်။
နောက် ကြက်သားပြုတ်လေးကိုဆားနဲ့နယ်ပြီးအမွှားလေးဖြစ်အောင်. နွှာပေးရပါ့မယ်။
နောက် အရံသင့်လုပ်ထားတဲ့ mayonnaise ပန်းကန်ထဲထည့်ပြီးနှံ့အောင် မွေပေးပြီး
ထောပတ်ဆီ သုတ်ထားတဲ့ ပေါင်မှုန့်လေးပေါ်မှာ ဓါးပြားလေးနဲ့ ခပ်ယူပြီး ပါးပါးလေး
ညီနေအောင် တင်လိုက်ပါမယ်။
အလွယ်ရချင်ရင်တော့ အသားပြားလေးတွေ မီးကင်ပြီးထည့်ရင်လဲရပါတယ်။
အဲဒီနောက်...ရေဆေးထားတဲ့ သခွားသီး.ခရမ်းချဉ်သီး. တို့ကို ပါးပါးလှီးပြီး ပေါင်မှုန့်လေးပေါ်မှာ ပေါင်မှုန့် နုတ်ခမ်းသားလေးနဲ့ အပိုအလိုမရှိ အောင်ညီနေအောင် စီလိုက်ပြီး ဆလပ်ရွက် လေးကို
ထပ်လိုက်ပါမယ်။
ဒီလိုလေး နှစ်ထပ်လောက်လုပ်ပေးပြီး စင်းနှီးတုံးပေါ်လေးမှာ တင်လိုက်မယ်။နောက် သွားကြားထိုးတံ
လေးနှစ်ချောင်းကို ပေါင်မှုန့်ရဲ့ ဘယ်ညာ တစ်ဖက်စီ နှစ်ချောင်းထိုးပေးရပါ့မယ်။
နောက်ပြီး တြိဂံ ပုံလေး အရံသင့် လုပ်ထားတဲ့ မှုန့်ကို လက်လေးနဲ့ အသာဖိပြီး လှီးပေးပါမယ်။
ဒါက ပေါင်မှုန့် အချပ်လေးတွေနဲ့ လုပ်စားရင် လှီးရတာပေါ့။
တကယ်လို့ ပေါင်မှုန့် အလုံးလေးနဲ့ပဲ လုပ်ရင်တော့ လှီးစရာလိုဘူးလေ။..)
နောက် ဆော့ ကြိုက်တဲ့ သူတွေ ခရမ်းချဉ်သီးဆော့လေး အနည်းငယ် ထည့်စားနိုင်ပါတယ်။
ဒါဆိုရင် အရံသင့်ဖြစ်ပြီမို့ စားချင်စဖွယ်..sandwish လေး ပြီးပါပြီ..။
ကော်ဖီ အိုဗာဒင်း ဟောလစ် မိုင်လို တစ်ခုခုဖျော်ပြီး မနက်စာအဆာပြေလေး လုပ်စားကြမလား.
ညနေစာ အဆာပြေ အပျင်းပြေလေး ဖြစ်ဖြစ် အချိန်အခါမရွေး လုပ်စားကြတာပေါ့နော်......:D
ကိုဧကရာဇ် စားနေသည်
***ဧကရီ***