၂၀၀၂ ခုနှစ်က ဂူဂျာရပ်ပြည်နယ်အတွင်း ရထားမီးရှို့ခဲ့တဲ့ အမှုနဲ့ ပတ်သက်လို့ ပြစ်မှုထင်ရှားသူ မွတ်ဆင်ဘာသာဝင် (၁၁) ယောက်ကို အိန္ဒိယ တရားရုံးက ဒီနေ့ သေဒဏ်ပေးလိုက်ပါတယ်။ အိန္ဒိယ သမိုင်းမှာ လူအစုလိုက် အများဆုံး သေဒဏ်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ တစ်ခြား လူ(၂၀)ကိုတော့ တစ်သက်တာထောင်ဒဏ် ပေးလိုက်ပါတယ်။ ပြစ်ဒဏ် ကျခံရသူတွေအတွက် ရက်ပေါင်း (၉၀)အတွင်း ခုခံလျှောက်လဲနိုင်တယ်လို့ ဆိုပါတယ်။
အဲဒီ ရထားမီးရှို့မှုမှာ ဟိန္ဒူဘာသာဝင် (၆၀) သေခဲ့ပါတယ်။ စုစုပေါင်း လူ(၁၀၀၀)လောက် သေဆုံးခဲ့ပြီး သေဆုံးသူ အများစုဟာ မွတ်ဆလင် ဘာသာဝင်တွေ ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် ဗြိတိန်ဆီကနေ အိန္ဒိယ လွတ်လပ်ရေး ရပြီးတဲ့နောက်ပိုင်း ကာလမှာ အဆိုးဝါးဆုံး ဘာသာရေး အကြမ်းဖက်မှု ဖြစ်ပါသတဲ့။
ကြောက်စရာကြီးပါလား။
ကြောက်စရာကြီးပါလား။
Ref (1 March 2011):
http://www.forbes.com/feeds/ap/2011/03/01/general-as-india-religious-riots_8331397.html